ချစ်တယ် Hyung ရယ်

By jargiido_1215

74.5K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-8

3.3K 296 3
By jargiido_1215

လက်ကိုအကြောင်းပြုပြီး အလုပ်ကိုတစ်ပတ်လောက်ကျွန်တော်နားလိုက်ရတယ်။ ချစ်လှစွာသောအဖွဲ့မှုးကလဲ ကျွန်တော့်ကိုလုံးဝအလုပ်မလာခိုင်းပေ။ သူ့တာဝန်ယူမယ်ဆိုပြီး ခွင့်တွေပေးသွားတော့တာပါပဲ ကျွန်တော်လဲ အလုပ်သွားချင်ပေမယ့် ဟိုရောက်လဲ ဘာအလုပ်မှလုပ်နိုင်မယ့်ပုံမပေါ်ဘဲ ကျွန်တော့်အတွက်ကျန်တဲ့သူတွေပါ အလုပ်ရှုပ်ကုန်မှာစိုးလို့ အိမ်တွင်းပုန်းနေရတယ်ဆိုပါတော့ ။အိမ်မှာနေတော့ အမေ့ရဲ့ ဆူညံသံနဲ့နှစ်ပါးသွားနေရတော့တယ် ။ဒါတောင်ကျွန်တော်နေမကောင်းနေတုန်းမို့ သိပ်ပူညံညံမလုပ် ။ဆေးသောက်ပြီးပြီလား TV ပဲကြည့်နေတာပဲ ဖုန်းကလက်ကမကောင်းဘဲကိုင်ပြန်ပြီလား နေသာမကောင်းတာ အငြိမ်ကိုမနေဘူး စသဖြင့် ကျွန်တော်လဲနားညီးလာတဲ့နေ့တွေဆို Baekhyun Hyung coffee ဆိုင်သွားထိုင်နေလိုက်တယ် ။တော်သေးတယ် ခြေထောက်မဖြစ်လို့ ။

Baekhyun Hyung ဆိုင်ရောက်ရင် coffeeသောက်လိုက် သီချင်းလေးနားထောင်လိုက် Baekhyun Hyung အားရင်စကားပြောလိုက် စာအုပ်ဖတ်လိုက်နဲ့ အဆင်ပြေနေတာလေ ။အကြာကြီးတော့မနေပါဘူး။ ညနေပိုင်းဆိုကျွန်တော်ရောက်ဖြစ်တယ် ။ကျွန်တော်တို့အလုပ်ဆင်းချိန်ပေါ့။ အဲ့အချိန်ဆို Chanyeol Hyung လဲပြန်လာတဲ့အချိန် ပြီးတော့ KyungSoo Hyung လဲ ဝင်လာတတ်တဲ့အချိန်ပေါ့ ။coffee လဲသောက်ရင်းစောင့်နေတဲ့သူကိုလဲမျှော်ရင်းနဲ့ပေါ့ ။အလုပ်မသွားတော့ မတွေ့ရတဲ့မျက်နှာတစ်ခုကိုလွမ်းနေမိတာကြောင့်လဲပါမှာပေါ့ ။ညဘက်ရောက်ရင် ရှိနေပြီးသား ဖုန်းနံပါတ်တစ်ခုကို ခေါ်ဖို့အကြိမ်ကြိမ်ကြိုးစားပြီး ချပစ်လိုက်ရတဲ့ ကျွန်တော့်စိတ်ကို ပြေစေချင်တာလဲပါတာပေါ့။ ပြီးတော့ သိချင်တဲ့ကိစ္စတစ်ခုကို အခွင့်ကြုံရင် Baekhyun Hyung ကိုမေးချင်တာလဲ အပါအဝင်ပါ။ ကျွန်တော်တကယ်ပဲသိချင်မိခဲ့တာပါ ။အဲ့နေ့က KyungSoo Hyung ဆီဖုန်းလာတဲ့ကိစ္စကို ။

Baekhyun Hyung အားတဲ့အချိန် ကျွန်တော်နဲ့ coffee တူတူလာသောက်တော့ကျွန်တော်မေးကြည့်မိတယ် ။သူတို့ကတော့သိမှာပဲလေ KyungSoo Hyung ကျိန်းသေပေါက်ပြောမှာပဲ ။ကျွန်တော်မေးတော့ Baek Hyung က ပြောသင့်မပြောသင့် ခနစဉ်းစားနေသေးတယ် ။ခင်မင်တာကြာလာပြီမို့ ပြောချင်နေပေမယ့် တဖက်ကလဲ သူများကိုယ်ရေးကိုယ်တာဆိုတော့ Baek Hyung တွေဝေနေတယ်ထင်ပါရဲ့ ။

"KyungSoo Hyung ရဲ့ အတိတ်နဲ့သက်ဆိုင်နေလို့လား Hyung .. "

ကျွန်တော်မေးမိတော့ Baekhyun Hyung က

" KyungSoo ကိုမေးကြည့်ပါလား ...
သူ့မေးကြည့်လို့သူပြောပြတာပိုအဆင်ပြေတယ် ငါတို့ကျ ကြားထဲကပြောရခက်တယ်ကွ "

Baekhyun Hyung ကိုထပ်မေးလဲပြောတော့မှာမဟုတ်တော့ပါဘူး ။ဟုတ်လဲ ဟုတ်ပါတယ်လေ။ ကာယကံရှင်ကိုမေးကြည့်တာပိုအဆင်ပြေတယ်မှတ်လား။ ခက်တာက ကျွန်တော်ဘယ်လိုမေးရမှန်းမသိတာဘဲ ။ကျွန်တော်ကို KyungSoo Hyung တစ်မျိုးမြင်သွားမှာလဲ တွေးပူနေမိတယ်။ အခွင့်အရေးယူတယ်ထင်သွားမလား ။စပ်စုလွန်းတယ်ထင်သွားမလား။ အမျိုးမျိုးစဉ်းစားမိရင် မေးဖို့မထွက်တော့ဘူးလေ ။တစ်ဖက်လဲ ကျွန်တော်သိထားတော့ Hyung ကိုကူညီပေးရာများရမလား ။Hyung အတွက်ရင်ဖွင့်ဖော်များဖြစ်မလား ။တွေးမိပြန်တော့လဲ မေးဖို့စိတ်ကူးမိပြန်သည်လေ။ အမျိုးမျိုးတွေးရင်းနဲ့မှ တစ်ရက် အဲ့နေ့က Baekhyun Hyung သူ့အမေ မွေးနေ့မို့ မိဘတွေအိမ်ခနပြန်သွားတဲ့အချိန် ။ဆိုင်ကို KyungSoo Hyung နဲ့လွှဲထားခဲ့တယ်လေ။ Chanyeol Hyung ကလဲ အလုပ်ရှိတယ်ဆိုပြီး အဲ့နေ့မလာတော့ ကျွန်တော်နဲ့ Hyung နှစ်ယောက်ထဲရယ်။ ကျွန်တော်က Hyung ကိုအများကြီးမကူနိုင်ပေမယ့် Hyung ကလဲ ကျွန်တော်ရှိနေတာကို အနှောင့်အယှက်ဖြစ်ပုံမရဘူး ဆိုတော့ ကျွန်တော်ကျေနပ်နေမိတယ် ။လူတွေလဲ အလာနည်းတော့ Hyung က စောစောစီးစီးဆိုင်ပိတ်ဖို့ပြင်လိုက်တယ်။သန့်ရှင်းရေးတစ်ယောက်ထဲလုပ်နေရတဲ့ Hyung ကိုကူညီချင်ပေမယ့် Hyung ကလက်မခံပါဘူး။ အမြဲတစေ ရှင်းနေကြဆိုတော့လဲ သိပ်ရှင်းလင်းစရာမလိုတာမို့ ကျွန်တော်လဲငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တယ် ။ဆိုင်ရှင်းပြီးရင် Hyung က ညစာလိုက်ကျွေးမယ် အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုတော့ ကျွန်တော့်ရင်ထဲပန်းတွေပွင့်နေတာပေါ့ ။

ညစာအတွက် Hyung က ကျွန်တော့်လက် မြန်မြန်ပြန်ကောင်းအောင်လို့တဲ့ အမဲသားစွပ်ပြုတ်ဝယ်ကျွေးတယ် ။အမေ့ထမင်းပဲ စားတတ်တဲ့ကျွန်တော် စွပ်ပြုတ်ကိုအိမ်ကအမေ ပြုတ်တိုက်ရင်တောင် အသဲအသန်ငြင်းတတ်တဲ့ ကျွန်တော် ကိုယ့်ကိုကိုယ်လဲအံ့အော မိတယ်။ သေသေချာချာလေး အသားဖတ်တွေရွေးထည့်ပေးနေတဲ့ Hyung ကြောင့် ဘယ်လိုဝင်လို့ဝင်သွားမှန်မသိဘူး။ ညာဘက်လက်လှုပ်လို့မရတာကြောင့်လဲ Hyung က ပြင်ဆင်ကျွေးနေတာကြောင့်လဲပါမှာပေါ့ လေ ။အိမ်မှာအမေ မနက်ကထမင်းကျွေးတုန်းကလဲ Hyung လိုပဲ ပြင်ဆင်ပြီးသေသေချာချာ ကျွေးပေမယ့် ဘာကြောင့်မှန်းမသိ ဒီစွပ်ပြုတ်ကမှ အရသာရှိနေသလိုလို။ အမေသိရင် မွေးရကျိုးမနပ်တဲ့သားလို့ အပြောခံရမှာကျိန်းသေတယ်။ အစားစားနေတုန်းမို့ Hyung ကိုမေးချင်နေတာတွေ မေးဖို့အခွင့်မသာဘူးဖြစ်နေလေရဲ့ ။အိမ်ပြန်လိုက်ပို့မှာဆိုတော့ အပြန်ကားပေါ်မှာမေးရင်ကောင်းမလား ။ခုမေးရင်ကောင်းမလား။ နှစ်ယောက်ထဲရှိချိန် မေးရတာ အဆင်အပြေဆုံးပေမယ့် ကျွန်တော့်ဘက်က တုန့်ဆိုင်းနေမိတာ ။

ကံတရားကပဲ ကျွန်တော့်ကို ဒီအကြောင်းတွေသိစေချင်တာလားမသိ တိုက်ဆိုင်မှုလားမသိပေမယ့် ကျွန်တော့်အိမ်မရောက်ခင် လမ်းမှာပဲ Hyung ကားစက်ထိုးရပ်သွားခဲ့တယ် ။စက်ချို့ယွင်းသွားတာမို့ car service ကို ခေါ်ပြီး ပြင်ရတယ် ။ကျွန်တော့်အိမ်နဲ့လဲသိပ်မဝေးတော့တာမို့ လမ်းလျှောက်ပြီးပြန်လာခဲ့ကြတယ် ။ကျွန်တော်တစ်ယောက်ထဲရတယ်ပြောပေမယ့် Hyung ကျွန်တော်ဘေးနားပါလာခဲ့တယ် ။တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့ လေပြေ နဲ့အေးချမ်းတဲ့ ညချမ်းမှာ Hyung နဲ့အတူ လမ်းလျှောက်နေရတာ ကျွန်တော့်စိတ်တွေကိုလွတ်လပ်ပေါ့ပါးစေတယ် ။Hyung လဲကျွန်တော့်လိုပဲ ထင်ပါရဲ့ ။မျက်နှာလေးက အေးချမ်းနေတယ် ။ဒီအချိန် ကျွန်တော့်မေးခွန်းတွေဟာ Hyung အတွက် စိတ်ရှုပ်စရာတွေဖြစ်သွားမလား တွေးမိပေမယ့် သိချင်စိတ်က ပိုသွားတယ်ထင်ပါရဲ့ ။

"ဟိုနေ့က ဘယ်ကဖုန်းလာတာလဲ Hyung "

ကျွန်တော့်လက်ထိခိုက်ပြီးကထဲ ကျွန်တော် Hyung လိုပဲ ခေါ်မိခဲ့တယ်။ အလုပ်ချိန်ပြင်ပမှာပါ အလုပ်ထဲမှာတော့ အဖွဲ့မှုးပေါ့ Hyung ကလဲ ခေါ်တာကြိုက်ပုံရပါတယ် ။Hyung လို့ခေါ်တိုင်း နူးညံ့တဲ့အပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်နေတတ်တယ် ။အဲ့လိုကြည့်ရင် ကျွန်တော်လဲ ရှက်နေမိတာ။ ကျွန်တော့်အမေးကြောင့် လှမ်းနေတဲ့ Hyung ရဲ့ ခြေလှမ်းတွေရပ်သွားတယ်။ အနည်းငယ်တွေဝေနေသလို ဖြစ်သွားပေမယ့် ချက်ချင်းပဲ ပြန်ပြင်လိုက်နိုင်တယ်။ ခြေလှမ်းတွေလဲပြန်လှမ်းလိုက်တယ် ။

"ကျွန်တော်မမေးသင့်တာတွေမေးမိသွားပြီထင်တယ် တောင်းပန်ပါတယ် Hyung ကျွန်တော်မမေးခဲ့ဘူးလို့ပဲသဘောထားပေးပါ "

အနည်းငယ်တည်သွားတဲ့ Hyung ကြောင့်ကျွန်တော် အသဲအသန်တောင်းပန်မိသွားတယ် ။ရင်းနှီးကာစ Hyung နဲ့ ဘာကိစ္စနဲ့မှ ရင်းနှီးမှုကိုမပျက်စေချင်ဘူး ။အမှန်ဆို မေးကိုမမေးသင့်တာ Kim Jongin ငတုံးရလို့ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ် ။Hyung ဆီကဘာစကားသံမှထွက်မလာတာက ကျွန်တော့်ရင်ကိုပိုတင်းကျပ်စေတယ်လေ။ 

" စိတ်ဆိုးသွားတာလား Hyung .. "

ကျွန်တော်ထပ်မေးမိတော့ Hyung က ကျွန်တော့်ကိုမကြည့်ဘဲ ကျွန်တော်တို့အိမ်နားက ကစားကွင်းကိုငေးကြည့်နေရင်း ဟိုမှာခနထိုင်ကြရအောင်လို့ပြောလာတယ်။ Hyung ပြတဲ့နေရာက ဒန်းပုခတ် လေးတွေ ။
ပြောရင်းနဲ့မှပဲ Hyung ကို လျှောက်သွားပြီး ဒန်းတစ်ခုပေါ်မှာထိုင်လိုက်တယ်။ ကျွန်တော်ကတော့ လမ်းပေါ်မှာပဲကျန်နေခဲ့တာပေါ့။ ဒန်းကို ဖြေးဖြေးချင်းလွှဲနေရင်းမှ နူးညံ့တဲ့အပြုံးလေးနဲ့ ကျွန်တော့်ကိုလှမ်းပြုံးပြရင်း လက်ယပ်ခေါ်တယ် ။ဘေးနားကဒန်းမှာလာထိုင်ဆိုပြီးတော့ပေါ့။ ကျွန်တော်လဲ သွားထိုင်လိုက်တယ် ။လွှဲတော့မလွှဲပါဘူး ။လက်ကမှလွှဲလို့မရတာလေ အခန့်မသင့်ရင် ပြုတ်ကျလို့နောက်လက်တစ်ဖက် ကျိုးနိုင်တယ်မှတ်လား ။Hyung ကတော့ ဖြေးဖြေးချင်းလွှဲနေတာ ကလေးကျနေတာပဲ။ ကျွန်တော်မေးတာတွေ ကျွန်တော်တောင်းပန်တာတွေ ဘာတစ်ခုမှအဖြေပြန်မပေးဘဲ ခုလိုဒန်းစီးနေတာကိုကျွန်တော်နားမလည်နိုင်ပါ။ တစ်ခုခုတော့အကြောင်းရှိလို့ လုပ်နေတယ်ဆိုပေမယ့် လောလောဆယ်တော့ကျွန်တော့်ရင်ထဲမတင်မကျနဲ့လေ ။

" Jongin ah ဒီကစားကွင်းကိုခနခန လာဖူးလား ငယ်ငယ်တုန်းကလေ "

Hyung က လွှဲနေရာမှ ခြေထောက်ထောက်ရပ်လိုက်ရင်း ကျွန်တော့်ကိုလှမ်းမေးတယ် ။ရုတ်တရပ်မို့ကျွန်တော်လဲ ခနကြောင်သွားရင်းမှ ဖြေလိုက်မိတယ် ။

"အမြဲတမ်းတော့မလာပါဘူး တစ်ခါတလေ ဆော့ဖြစ်တယ် Hyung "

ကျွန်တော်ဖြေရင်းနဲ့မှ Hyung ကိုကြည့်တော့ Hyung ရဲ့အကြည့်တွေက ဟိုးအဝေးမှာ အတိတ်ကိုလှမ်းကြည့်နေတယ်ထင်ပါရဲ့။ အကြည့်တွေကနာကျင်နေသလိုလို စကားသံထပ်မကြားရတော့ဘဲ တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကြောင့် ကျွန်တော်သက်ပြင်းချမိသွားတယ်။ ကျွန်တော့်အတွက်နဲ့ Hyung နာကျင်နေရပြီထင်တယ် ။ကျွန်တော်သာမမေးခဲ့ရင် Hyung လဲ ခုလိုအတိတ်ကိုပြန်တွေးနေမိမှာမဟုတ်ဘူး ။ကျွန်တော့်ကိုပြောဖို့လဲ ကြိုးစားနေရမှာမဟုတ်ဘူး။ Hyung ရဲ့အတိတ်ကနာကျင်ဖို့ကောင်းတယ်ဆိုတာသိရက်နဲ့မေးမိတဲ့ ကျွန်တော်နောင်တရလို့မဆုံးဘူး ။ကိုယ့်ကိုကိုယ်လဲ အပြစ်တွေတင်မိတယ်။ ဘာအရေးကြီးလို့လဲ ။အဲ့အတိတ်တွေသိရတော့ရော ဘာထူးခြားသွားမှာလဲ။ လက်ရှိHyung ကိုပဲ တန်ဖိုးထားရမှာမဟုတ်ဘူးလား ။အတွေးတွေကဝင်လာတော့ ကျွန်တော် ရင်ထဲဆို့လာမိတယ်  ။ဒါပေမယ့် Hyung ပြောပြခဲ့ပါတယ်။ သူ့ အတိတ်ကိုပေါ့ ။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

Jongin ရဲ့ ငယ်ဘဝတွေ ကျောင်းသားဘဝတွေကပျော်ရွှင်ကောင်းပျော်ရွှင်နေလိမ့်မယ် Hyung ကတော့ဒီလိုမဟုတ်ခဲ့ဘူး Jongin

Continue Reading

You'll Also Like

1.3M 35.3K 61
ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ...
487K 58K 149
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
251K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...
626K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...