ချစ်တယ် Hyung ရယ်

بواسطة jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do المزيد

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-7

3.2K 298 1
بواسطة jargiido_1215

ဒီနေ့ကျွန်တော့်မနက်ခင်းလေး အရမ်းကိုပြည့်စုံနေရခဲ့တယ် ။မနက်မိုးလင်းတာနဲ့ တောက်ပတဲ့အပြုံးလေးကိုမြင်လိုက်ရကထဲကိုက လူကရူးချင်ချင်ဖြစ်နေတာလေ။ အခုတော့အရသာရှိတဲ့မနက်စာကို အပြုံးပိုင်ရှင်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစားနေရတယ်ဆိုတော့ ကျေနပ်နေတဲ့ပုံစံကို ထိန်းမရနိုင်ခဲ့ ။Chanyeol Hyung ကတောင် Jongin စောစောစီးစီးဘာတွေကျေနပ်နေတာတုန်း။ အိပ်ရာထဲမှာလဲမင်းပြုံးစိစိဖြစ်နေတာ လို့မေးရတဲ့အထိ ကျွန်တော့်မျက်ဝန်းတွေပြုံးနေခဲ့တယ်လား။

ပြောလဲပြောချင်စရာပါ ။ကျွန်တော်တို့မနေ့ကပရဟိတလုပ်အပြီးမိုးအရမ်းချုပ်တာနဲ့ ကျွန်တော်အိမ်မပြန်တော့ပဲ
Chanyeol Hyung တို့အိမ်လိုက်ပြီးအိပ်ဖို့ခေါ်တာနဲ့ပါသွားခဲ့တာ။ အဲ့တော့မှသိရတာက Hyung တို့သုံးယောက်ကတစ်အိမ်ထဲအတူတူနေတယ်ဆိုတာကိုပါ။ လုံးချင်းတိုက်အိမ်လေးနဲ့ခြံဝန်းလေးကိုသုံးယောက်သားစပ်တူဝယ်ထားကြတယ်ဆိုပဲ ။ကျွန်တော်လဲ ပင်ပန်းတာနဲ့ Chanyeol Hyung ကသူ့နဲ့အိပ်ဖို့ခေါ်တော့ Chanyeol Hyung အခန်းထဲဝင်အိပ်ခဲ့တာလေ ။မနက်မိုးလင်းတော့ Chanyeol Hyung ကိုရော ကျွန်တော့်ကိုပါ KyungSoo Hyung ကလာနှိုးတယ်တဲ့လေ။ ကျွန်တော်အိပ်ရာကနိုးတော့ ကုတင်ဘေးနားရပ်ပြီးပြုံးကြည့်နေတဲ့ KyungSoo Hyung ကြောင့် ခနတောင်အသိလက်လွတ်ဖြစ်သွားရသေးတယ်။ မနက်ခင်းအိပ်ရာထကစ ရှင်းသန့်နေတဲ့မျက်နှာလေးနဲ့ ကျွန်တော့်ကိုပြုံးကြည့်နေတော့ အိပ်ချင်စိတ်တွေဘယ်ရောက်သွားမှန်းမသိ ဖြစ်ခဲ့ရတာ ။Jongin ah လို့ခေါ်လိုက်တဲ့အသံလေး ပခုံးကိုလှုပ်နှိုးလိုက်တဲ့ လက်ကလေး တစ်ခုချင်းစီတွေးပြီး ကြည်နူးနေမိတဲ့အချိန် Chanyeol Hyung ရဲ့

" မင်းကလဲ ငါဒီလောက်နှိုးနေတောင် ပြုံးစိစိနဲ့ အိပ်မက်နေသေး "

ဆိုပြီးပြောတဲ့အပြောကြောင့် ကြည်နူးမှုတွေအငွေ့ပျံတောင်သွားရတယ်လေ။ ဟုတ်တော့လဲဟုတ်ပါတယ် Chanyeol Hyung အသံနဲ့ KyungSoo Hyung အသံမှားရတယ်လို့ အိပ်ချင်မူးတူးနဲ့ မတွေးမိလိုက်တာပါ ။Jongin ah လို့ ရင်းရင်းနှီးနှီး KyungSoo Hyung ကဘယ်ခေါ်ပါ့မလဲနော် ။အဲ့အထိ ဆက်ဆံရေးမှ မရှိသေးတာလေ။ ကျွန်တော်တို့နှစ်ယောက်အကြားမှာ။

ဘာပဲဖြစ်ဖြစ်ပါလေ ။ဒီမနက်ခင်းလေးကတော့ ကျွန်တော့်အတွက် ထူးခြားခဲ့တယ်ပြောရမှာပေါ့ ။အလုပ်ကိုလဲ KyungSoo Hyung နဲ့နှစ်ယောက်ထဲသွားခဲ့ရတယ် ။Chanyeol Hyung တို့ကောင်းမှုလေ ။သူတို့က အစောကြီးသွားစရာရှိတယ်ဆိုပြီးနှစ်ယောက်သား ထွက်သွားကြတာ။ ကျွန်တော့်ကိုတော့ KyungSoo နဲ့သွားဆိုပြီးထားပစ်ခဲ့ကြတာ။ အဲ့ဒါနဲ့ပဲ KyungSoo Hyung ကားပေါ်ပါလာရတယ်ဆိုပါတော့လေ ။

ကားထဲဝင်လိုက်တာနဲ့ KyungSoo Hyung ဆီက ရတဲ့အနံ့လိုမျိုးလေးရလိုက်တယ်။ ဒီအနံ့ကိုကျွန်တော် တော်တော်ရင်းနှီးနေပါပြီ။ ရေမွေးနံ့ ၊Shampoo နံ့၊ lotion နံ့ ၊ကိုယ်သင်းနံ့ စတဲ့အနံ့ပေါင်းစုံ ရောထွေးထားတဲ့အနံ့မျိုး သင်းသင်းလေးဖြစ်နေတာ ။အဲ့ရနံ့ ကို ဘယ်နေရာမှာပဲရရ ကျွန်တော် KyungSoo Hyung ကိုပဲ တွေးမိရလောက်တဲ့အထိ စွဲလန်းနေမိနေတာ ။ကားပေါ်မှာလဲ နှစ်ယောက်သား အလုပ်အကြောင်းပဲပြောဖြစ်ခဲ့ကြတယ် ။နဲနဲတော့ ရင်းနှီးမှုပိုလာတယ်ပြောရမလား။ အရင်ကထက်စာရင် စကားနဲနဲပိုပြောဖြစ်လာတယ်ပေါ့နော်။ မရင်းနှီးလို့လဲမရဘူးလေ။ အိမ်မှာလဲတစ်ညလိုက်အိပ်ပြီးပြီပဲဟာ။ ရှေ့လျှောက်ဒီထက်ပိုရင်းနှီးဖို့မျှော်လင့်မိတာတော့အမှန်ပါ။ KyungSoo Hyung ကိုလဲ Baekhyun Hyung တို့လို စကားတွေအများကြီးပြောပြီး Hyung အကြောင်းတွေ အများကြီးသိချင်နေမိသေးတာ အလုပ်ရောက်လို့ကားပေါ်ကအဆင်း Hyung ရဲ့စကားသံလေးကြားလိုက်ရတော့ မနက်ခင်းပိုလှသွားရတယ် ။

" လက်ကဒဏ်ရာကိုဂရုစိုက်အုံးနော် "

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ခင်မင်မှုသက်တမ်းကြာလာတော့ အနေအေးလွန်းတဲ့ Hyung နဲ့တောင် ရင်းနှီးမှုပိုလာရပါပြီ ။ကျွန်တော့်ကိုတွေ့ရင် ပြုံးပြတာမျိုး စကားပြောတာမျိုး တစ်ခါတလေ နေ့လည်စာအတူတူ Chanyeol Hyung ပါပါတယ်ပေါ့လေ။ စားတာမျိုးလေတွေရှိလာရတယ် ။ပြီးတော့ အလုပ်အားရက်မနက်တိုင်း သူတို့သုံးယောက်နဲ့အတူတူ စက်ဘီးစီးထွက်တာတို့ လမ်းလျှောက်တာတို့ ပြေးတာတို့ လုပ်တဲ့အခါ ကျွန်တော်ပါ ပါလာဖြစ်တယ်ပေါ့။ KyungSoo Hyung နဲ့ Chanyeol Hyung တို့ကလေ့ကျင့်ခန်းလုပ်ရတာကိုသဘောကျပေမယ့် Baekhyun Hyung ကတော့ အိပ်ရာထဲကနေအတင်းကိုဆွဲထူလာရတာ။ ကျွန်တော်လဲ အတူတူပါပဲ ။အအိပ်မက်တဲ့ကျွန်တော့်အတွက် ပိတ်ရက်ထပြေးဖို့ဆိုတာ SM audition အောင်ဖို့ခက်ခဲသလိုမျိုး အကြိမ်ကြိမ်ကြိုးစားပြီး အိပ်ရာကနေမနည်းထခဲ့ရတာလေ။ အခုလဲပိတ်ရက်တစ်ရက်ရောက်လာပြန်တော့တယ် ဝကျွန်တော်တို့ လေးယောက် ဟန်မြစ်ကမ်းဘေးလမ်းလေးအတိုင်း လမ်းလျှောက်လိုက်ပြေးလိုက်နဲ့ပေါ့။ ကျွန်တော်တို့လိုပဲ ပြေးနေသူတွေလမ်းလျှောက်နေသူတွေရော စက်ဘီစီးနေသူတွေပါ အများအပြား ။ပြေးတယ်သာပြောတာပါ။ ထိထိမိမိလဲမပြေးရဘူး ။နဲနဲပြေးလိုက် Baekhyun Hyung ရဲ့မောတယ်ကွာနားအုံးမယ်ဆိုလို့ ခနနားလိုက်နဲ့။ပြေးရတာသွေးတောင်မပူဘူ။ ဒါပေမယ့်လဲ Baekhyun Hyung ရဲ့ ပစ်ချွဲချွဲ တောင်းဆိုသံနဲ့ ချစ်ဖို့ကောင်းတဲ့ puppy eye တွေအောက်မှာ ကျွန်တော်တို့သူ့ဆန္ဒအတိုင်း နားလိုက်ပြေးလိုက်နဲ့ပါပဲ ။ခုလဲမြက်ခင်းပေါ်မှာလေးယောက်သားခြေပစ်ထိုင်ရင်း အမောဖြေနေတာပေါ့ ။Baekhyun Hyung ကတော့ ညောင်းတယ်ဆိုပြီး မြက်ခင်းပေါ်ကျောခင်းနေလေရဲ့။ ပါးစပ်ကလဲ ice coffee ဝယ်ပေး ဘယ်သူဝယ်ပေးမှာလဲ သောက်ချင်တယ် တတွတ်တွတ်ညီးနေတော့တာ။ KyungSoo Hyung ရဲ့ ငါသွားဝယ်ပေးမယ်ဆိုတဲ့ စကားသံအဆုံးကျွန်တော် KyungSoo Hyung ကိုတားရင်း ။

" maknae ကဝယ်ပေးရမှာပေါ့ "

ကျွန်တော်ထလိုက်တော့ KyungSoo Hyung ကလှမ်းဆွဲထားတယ် ။သူပဲသွားမယ် ကျွန်တော်ကို အေးဆေးနားနေပြောပြီးအထ ဖုန်းသံလေးမြည်လာလို့ KyungSoo Hyung မသွားသေးပဲ ဖုန်းကိုကိုင်လိုက်တယ်။

Chanyeol Hyung ကတော့ Baek ရဲ့ ခိုင်းစေမှုနဲ့ Baekhyun Hyung ခြေထောက်ကိုနှိပ်ပေးနေလေရဲ့ ။ဒီလောက်အနှိပ်ခံနေရတာတောင် ညောင်းတယ်ကွာ ညာတယ်ကွာနဲ့ အော်နေသေးတာ။ ဒီနားလေးနှိပ်အုံး ဟိုနားလေးနဲနဲပိုနှိပ် နဲ့ Chanyeol Hyung ကလဲ မငြီးမငြူ နှိပ်ပေးရှာပါတယ်။ ကျွန်တော်သူတို့နှစ်ယောက်ကို ပြုံးကြည့်နေတာမို့ KyungSoo Hyung ဖုန်းပြောနေတာကိုဂရုမစိုက်မိလိုက်ဘူး ။ကျွန်တော်တင်မဟုတ်ပါဘူး Chanyeol Hyung တို့လဲ ဂရုမစိုက်မိလိုက်ကြပါဘူး။ ဒီအတိုင်း ရိုးရိုးဖုန်းလာတယ်ပဲထင်လိုက်မိကြတယ်လေ။ ကျွန်တော်သတိထားမိတဲ့အချိန်မှာ KyungSoo Hyung ကိုလှည့်ကြည့်လိုက်တော့ ဖုန်းကိုလက်ထဲမှာကိုင်ထားရင်း အသိစိတ်မရှိတဲ့သူလို ငေးမောနေတာကိုတွေ့လိုက်ရတယ် ။

မျက်ဝန်းတွေက ရှေ့ကိုကြည့်နေပေမယ့် အရှေ့မှာဘာရှိနေလဲသိပုံမရအောင်အကြည့်တွေကသေလွန်းနေတယ်။ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းနဲ့ ဖုန်းကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတဲ့လက်တွေက အနည်းငယ်တုန်ရီနေသလိုပဲ ။ဘာဖုန်းမို့လို့လဲ ။ဘာတွေကြားလိုက်ရလို့လဲ။ ကျွန်တော် အရမ်းသိချင်မိသွားတယ် ။ခုနကထိတောင်အေးအေးချမ်းချမ်းရှိနေသူက ရုတ်တရပ်ဒီလိုဖြစ်စရာအကြောင်းမှမရှိတာ ။Baekhyun Hyung တို့ပါ သတိထားမိပုံရသွားတယ် ။

" KyungSoo ဘာဖြစ်လို့လဲ .. ဘယ်ကဖုန်းလဲ "

Baekhyun ရဲ့မေးသံကြားမှ အသိပြန်ဝင်လာသူလို ကျွန်တော်တို့ဘက်ကိုလှည့်ကြည့်တယ် ။လှည့်ကြည့်တဲ့မျက်ဝန်းတွေက အရည်လဲ့နေသလိုထင်လိုက်ရတော့ ကျွန်တော်စိုးရိမ်သွားမိတယ် ။

" ငါ အအေးသွားဝယ်လိုက်အုံးမယ် "

အနည်းငယ်တုန်နေတဲ့စကားသံနဲ့ KyungSoo Hyung ထရပ်လိုက်တယ်။ ပြီးတော့တစ်လှမ်းချင်း လျှောက်သွားတယ်။

" Jongin ဘယ်သူ့ဖုန်းလဲ ဘယ်ကလဲမင်းသိလိုက်လား .. ဘာဖုန်းမို့လို့ KyungSoo မျက်နှာပျက်နေရတာလဲ .. "

Baekhyun ရဲ့အမေးကို ကျွန်တော်မဖြေနိုင် ။KyungSoo Hyung ကိုပဲ လိုက်ကြည့်နေမိတယ် ။လမ်းသာလျှောက်နေရပေမယ့် တကယ့်ကိုအသိစိတ်ကင်းနေတဲ့သူလို ခြေလှမ်းတွေကတွန့်ဆုတ်နေတာမြင်ရတော့ ကျွန်တော်ထရပ်လိုက်မိတယ် ။တစ်ယောက်ထဲလွှတ်လို့မဖြစ်တဲ့အနေအထားလေ။  
" ကျွန်တော်လိုက်သွားလိုက်အုံးမယ် "

ပြောပြီး ထွက်လာခဲ့လိုက်တယ် ။

KyungSoo Hyung ကတော့မြက်ခင်းပြင်ကိုကျော်ပြီးလမ်းပေါ်တောင်ရောက်နေပြီလေ။ ကျွန်တော်လဲ သူ့ကိုမှီအောင်ခြေလှမ်းတွေကိုသွက်သွက်လှမ်းလိုက်တယ်။ အဲ့ဒိအချိန် အဝေးကနေ အရှိန်ပြင်းပြင်းမောင်းလာတဲ့ စက်ဘီးတစ်စီး။ KyungSoo Hyung ကလမ်းလယ်ကောင်မှာ စက်ဘီးက Hyung ဆီကိုတည့်တည့်ဝင်လာနေပြီ။ စက်ဘီးကလဲဘဲလ်ကိုအဆက်မပြတ်တီးလာနေတယ် ။လမ်းကလဲ ကုန်းဆင်းပိုင်းဆိုတော့ရုတ်တရပ် စက်ဘီးသမားလဲအရှိန်ထိန်းမရ ။ကျွန်တော် အလန့်တကြားHyung လို့ခေါ်လိုက်ပေမယ့် Hyung ကြားပုံမရ။ ဒီအတိုင်းဆိုတိုက်တော့မယ် ။ကျွန်တော် ကမမ်းကတမ်း Hyung ဆီပြေးသွားပြီး Hyung လက်ကို လှမ်းဆွဲလိုက်တယ် ။သီသီလေးပါပဲ။ ကျွန်တော်ဆွဲလိုက်တာမြန်သွားတာ။ စက်ဘီးက Hyung ဘေးကနေ ကပ်ပြီးဖြတ်သွားတယ် ။ကျွန်တော်လဲ ပြေးရာကနေ လှမ်းဆွဲလိုက်တာဆိုတော့ အရှိန်ကမထိန်းနိုင် ။Hyung ခန္ဓာကိုယ်က ကျွန်တော်ဆီပစ်ဝင်လာတော့ လှမ်းထိန်းလိုက်ပေမယ့် မရ ။နှစ်ယောက်သာလုံးထွေးပြီးပြုတ်ကျသွားတော့ ကျွန်တော်က အောက်က KyungSoo Hyung ကကျွန်တော်အပေါ်ထပ်လျက်သား ။ကျွန်တော့်ညာဘက်လက်က မြက်ခင်းနဲ့ လမ်းကိုဘောင်ခတ်ထားတဲ့ သံတိုင်ကိုရိုက်မိသွားတယ် ။ရိုက်မိတဲ့အရှိန်ပြင်းတော့ အသဲခိုက်အောင်နာသွားတာမို့ အားလို့တောင်အသံထွက်သွားရတယ်။
ကျွန်တော့်အသံကြားတော့မှ Hyung အသိစိတ်ပြန်ဝင်သွားပုံရတယ်။ ကျွန်တော်ကိုယ်ပေါ်ကလူးလဲထပြီး ကျွန်တော်ကိုထူလိုက်တယ် ညာလက်က လုံးဝလှုပ်မရ အရမ်းကိုနာလွန်းနေလို့ ကျွန်တော်မျက်ရည်တောင်ဝဲမိတယ် ကျွန်တော့်တို့အခြေအနေကိုမြင်လို့ Chanyeol Hyung တို့အပြေးအလွှားရောက်လာကြတယ် ။လူတွေလဲဝိုင်းလို့ ကျွန်တော်နာနေတဲ့ လက်ကို ကျန်လက်နဲ့ ထိန်းကိုင်ရင်း KyungSoo Hyung ထိခိုက်မိသွားလားကြည့်မိတယ် ။ကျွန်တော် ထိခိုက်သွားပေမယ့် KyungSoo Hyung ထိခိုက်မှာကိုမလိုလားဘူးလေ ။

" Hyung ဘယ်နားထိသွားသေးလဲ ဘာဖြစ်သွားသေးလဲ "

ကျွန်တော်ကိုယ်တိုင်တောင်သတိမထားမိဘဲ Hyung လို့ခေါ်မိသွားတယ်လေ။ Hyung ကိုကျွန်တော့်ကို စိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ လက်ကိုလဲ ဆုပ်ကိုင်ရင်း

" လက်ထိသွားတာလား ရိုက်မိသွားတာမလား Baek ဆေးရုံးကားခေါ် မြန်မြန်ခေါ် ... Jongin ah အရမ်းနာနေလား ... ဘာလို့ လှမ်းဆွဲရတာလဲ  "

တတွတ်တွတ်ပြော ကျွန်တော်လက်ကိုလဲ မလွတ်ဘဲ မျက်ဝန်းတွေကလဲ မျက်ရည်တွေခိုတွဲလို့ ။ကျွန်တော် လက်ကနာတာထက် Hyung ရဲ့ Jongin ah လို့ခေါ်တဲ့အသံလေးကို ပိုဂရုစိုက်နေမိတယ်ဆိုရင် ကျွန်တော် ရူးသွားပြီထင်တယ်နော်။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

အဲ့နေ့ကကျွန်တော် အရေးပေါ်ဌာနကိုရောက်ခဲ့ရတယ်လေ။ တော်သေးတယ်ပြောရမယ် ။အရိုးအက်တာလောက်ပဲဖြစ်သွားလို့ ကျောက်ပတ်တီးတော့စည်းထားရတယ် ။KyungSoo Hyung ကတော့ပွန်းပဲ့တာတောင်မရှိလို့ကျွန်တော် စိတ်အေးသွားရတယ် ။Hyung ကတော့ကျွန်တော့်ဘေးနားကကိုမခွာ ။သူ့ကြောင့်ဖြစ်ရတာဆိုပြီး မျက်နှာကလုံးဝမကောင်း ။ကျွန်တော့်ကိုတောင်းပန်တာလဲအခါခါ။ ကျွန်တော်ဘယ်လိုပဲအဆင်ပြေတယ်ပြောပြော ဝမ်းနည်းနေတဲ့ Hyung မျက်နှာကပြောင်းမသွား ။ဆေးရုံမှာ ကျွန်တော် ကုသမှုပြီးတဲ့အထိ စောင့်နေလေရဲ့။Chanyeol Hyung တို့ကလဲ အားပေးပါတယ်။

" မတော်တဆဖြစ်တာပဲလေကွာ မင်းတမင်လုပ်တာမှမဟုတ်တာ Jongin ပိုစိတ်မကောင်းဖြစ်နေအုံးမယ် "

လို့ဝိုင်းပြောမှ လက်ကဒဏ်ရာလဲ အရမ်းမဆိုးဘူး တစ်ပတ်လောက်နဲ့ ပြန်ကောင်းသွားမှာပါလို့ ဆရာဝန်ပြောစကားကြားမှ အနည်းငယ်စိတ်အေးသွားပုံပါ။ ဒါတောင်ဆေးရုံတက်ခိုင်းနေသေးတာ။ မနည်းတားပြီး အရေးပေါ်ခန်းထဲကထွက်လာရတယ်။ အိမ်မှာနားလို့လဲ ဖြစ်တာပဲလေ ။အဲ့ဒါနဲ့ပဲသုံးယောက်သား ကျွန်တော့်ကိုအိမ်လိုက်ပို့ကြတယ်။ ပထမဆုံး ကျွန်တော့်အိမ်ကိုရောက်ဖူးကြတယ်ပေါ့ ။

အမေရဲ့ စိုးရိမ်တကြီးမေးသံတွေကို Chanyeol Hyung တို့ကပဲ အေးအေးဆေးဆေး ရှင်းပြပြောပြရတယ် ။KyungSoo Hyung ကလဲ အမေ့ကိုထပ်တောင်းပန်တယ် ။အမေလဲ ဒဏ်ရာနဲ့မြင်တော့ ရုတ်တရပ်စိုးရိမ်သွားပေမယ့် အကြောင်းစုံသိရတော့ KyungSoo Hyung ကိုအပြစ်မတင်ပါ ။ကောင်းကောင်းမွန်မွန်ဧည့်ခံလို့ အမေနဲ့တောင် တရင်းတနှီးဖြစ်သွားကြတယ်လေ ။ကျွန်တော့်ဒဏ်ရာအကြောင်းပြုပြီးပေါ့ ။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

အတတ်နိုင်ဆုံးကြိုးစားထားတယ်ရှင် ။လိုအပ်ချက်တွေရှိရင် ဖြည့်ဖတ်ပေးပါနော်။ fic လေးကိုအားပေးကြတဲ့ reader တွေတစ်ယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်လို့ပြောပါရစေနော် ။

အနော် Dika photo moment လေးတွေကို Sweet memories ဆိုပြီး အသစ်တင်ထားပါတယ်လို့ moment လေးတွေကို အသားပေးပြီးရေးထားတာပါလို့ အားပေးပါအုံးနော် ။

ကျေးဇူးတင်လျက်ပါနော်
@jargiido

واصل القراءة

ستعجبك أيضاً

340K 35.4K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
489K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
482K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ