Cheer Up!Teacher Jong

By fireflyskylight

128K 13.7K 678

KaiSoo;KADI More

Cheer Up! Teacher Jong
Cheer Up!Teacher Jong
Cheer Up!Teacher Jong
****Part 3*****
*****Part 5 *****
****** Part 6*****
*****Part 7 ******
******Part 8******
*****Part 9*****.
*****Part 10*****
*****Part 11 *****
*****Part 12 ******
******Part 13******
*****Part 14 ******
*****Part 15*****
*****Part 16 ******
*****Part 17******
****Part 18****
Part 19
*****Part 20 ******
Final

*****Part 4 *****

5.8K 652 14
By fireflyskylight

Cheer Up ! Teacher Jong

ခင်​ဗျား က ဘာလို့ လာ​ပြော​နေတာလဲ ကျွန်​​တော့်​ ကို ဘယ်​သူ မှ ခုလို ဂရု မစိုက်​ ဘူးဘူး ဆိုတဲ့ အ​မေး ​ကြောင့်​ သူ ပြုံးကာ

မင်း ကို အရင်​ က ဘယ်​သူ ဂရိုက်​ စိုက်​ မစိုက်​စိုက်​  ငါ ဂရု စိုက်​မယ်​ မင်း နားမှာ ငါ အမြဲ ရှိ​နေမယ်​ မင်း ထင်​ရာ စိုင်းပြီး ​လျောက်​လုပ်​ ​နေတာ ​တွေ ငါ မမြင်​ချင်​ဘူး အဲဒါ ဘာလို့လည်း ဆိုပြီး ငါ့ ကို မ​မေး ပါနဲ့ ငါလည်း တကယ်​ မသိဘူး ဒါ​ပေမယ့်​လည်း မင်းကို ငါ ​နွေး​ထွေတဲ့ ​မေတ္တာ​တွေ နဲ့ ဂရု စိုက်​ပါရ​စေ...

¥¥¥¥¥¥¥

Jongin တစ်​​ယောက်​ သူအမ လာချ​ပေးတဲ့ ​ကော်​ဖီနဲ့  Cake ကို အသာ ယူပြီး ​ကော်​ဖီ ကို ​ဘေးမှာ အ​အေး ခံကာ Cake ကို​တော့ ဇွန်း​သေး​သေး ​လေးနဲ့ အတုံး ​လေး​တွေ တုံးပေး​နေမိသည်​........ သူ့မျက်​၀န်း​ထောင့်​မှာ​တော့ Kyung Soo က သူ့ကို တအံ့တသြ ကြည့်​​နေတယ်​ ဆိုတာ သူ ​သေချာ မကြည့်​ ​ပေမယ့်​လည်း ​ကောင်း​ကောင်းသိ​နေပါသည်

စား​လေ ဘာ​ကြောင်​ကြည့်နေတာလဲ ခွံ့ ပါ ​ကျွေးရဉီး မလား ဆိုပြီး သူ ​မေးလိုက်​​တော့

Kyung Soo က ​ခေါင်းယမ်း ပြကာ ကိတ်​​တွေကို  ပါးစပ်​ထဲ ပလတ်​ပ​လောင်း ထည့်​စား ​နေ​လေသည်

ဒီလို ကျ​တော့လည်း Kyung Soo ပုံစံ​လေးက တကယ်​ က​လေး​လေး အတိုင်းပါ

ရော့ ​ကော်​ဖီ​ရော ​သောက်​ ဆိုပြီး သူ ဂရု တစိုက်​နဲ့ ​မွှေ​ပြီး​ပေး​တော့ Kyung Soo က သူ့လက်​ထဲက ​ကော်​ဖီ ခွက်​ကို ယူကာ တစ်​ချက်​တည်း ​မော့ချ လိုက်​သည်​..

စား​သောက်​ပြီး​တော့ သူ Kyung Soo လက်​ကို ဆွဲရင်း ​ကျောပိုး အိတ်​ကိုလည်း သူကိုင်​​ပေးကာ ​ကျောင်းကို ဉီးတည်​ခဲ့သည်​...​ကော်​ဖီ ဆိုင်​ထဲက သူ့အမ သူ့ကို တအံ့ တသြ ကြည့်​​နေတာကိုလည်း သူ ဂရု မစိုက်​အား

Kyung Soo ကို အတန်း​ရှေ့ ထိ ပို့​ပေးပြီး

Kyung Soo  ပုခုံး​သေး​သေး ​လေး​တွေ ကိုင်​ကာ

Kyung Soo Ah...ဘယ်​မှ မသွားနဲ့ ​နော်​ အတန်းထဲမှာဘဲ ရှိ​နေ​နော်​ ဆိုပြီး သူ တစ်​ချက်​ ​ပြောလိုက်​​တော့

Kyung Soo က ဘာမှ ပြန်​မ​ပြော​ပေမယ့်​ ​ခေါင်းတစ်​ချက်​​တော့ ငြိမ့်​ပြ​လေသည်​ ...

ဂျစ်​ကန်​ကန်​ က​လေး​လေးးးးးလူကြီး က ​မေး​နေတာကို ​ပါးစပ်​ က​တော့ ​ဖြေသင့်​တာ​ပေါ့ ဆိုပြီး သူခပ်​တိုးတိုး ရွတ်​မိသွားသည်

¥¥¥¥¥¥¥

သူ Teacher Room မှာ ထိုင်​​နေတုန်း Teacher Sohee ရဲ့

ဒီ​နေ့ မိုး​တွေ ရွာမှာ အ​သေ အချာ Kyung Soo အတန်း တက်​တယ်​​တော်​ ဆိုတဲ့ အ​ပြောကြောင့်​ သူ နှုတ်​ခမ်း ​လေး ​ကွေး​နေ​အောင်​ မသိမသာ ပြုံးမိသွားသည်

¥¥¥¥¥¥¥

ည​နေ ​ကျောင်းဆင်းချိန်​မှာ​တော့

သူ Kyung Soo တို့အတန်းဘက်​က လှည့်​ပြန်​​ပေမယ့်​ Kyung Soo ကို မ​တွေ့ တာ​ကြောင့်​ သူ သက်​ပြင်း ချမိသည်​ ဒီ​ကောင်​​လေး ဘယ်​​ရောက်​သွားပါလိမ့်​ စာသင်​ ရမှာကို

¥¥¥¥¥¥¥¥¥

Jongin လည်း ​နောက်​ဆုံး Kyung Soo ကို ရှာမ​တွေ့ တာနဲ့ အိမ်​ကို တန်းပြန်​ခဲ့သည်​....ဖုန်း​ခေါ်တာလည်း မကိုင်​​တော့ သူ ​နောက်​ဆုံး Minho ဆီ တချက်​​ခေါ်လိုက်​တော့

Jongin ~  Minho Ahh..ငါ Kyung Soo ကို မ​တွေ့ ဘူး သူ့ဆီ ဖုန်း​ခေါ်​နေတာလည်း မကိုင်​ဘူး ဒီ​နေ့ Guide ရှိတာကို

Minho ~ ဒီ​နေ့ တစ်​ရက်​​တော့ သူ့ကို ခွင်​​ပေး လိုက်​ပါ သူ အခုချိန်​ဆို သူ့ Omma ဆီ သွား​နေ​လောက်​ပြီ

Jongin ~ Omma ဆီ

Minho ~ ဒီ​နေ့ သူ့ Omma နှစ်​ပတ်​လည်​​လေ

ဆိုတဲ့ အ​ပြော​ကြောင့်​ Jongin အရမ်း အံ့သြသွားမိသည်​..ဒါဆိုရင်​ Mr.D.O. နဲ့ အတူ ရှိ​နေတာက သူ့ မိ​ထွေးလား ဆိုပြီး သူ တအံ့တသြ​မေးလိုက်​​တော့

Minho~ အင်း ဟုတ်​တယ်​  အခု Mr.D.O. နဲ့ ရှိ​နေတာ က သူ့ မိ​ထွေး......တကယ်​​တော့ Kyung Soo ဘ၀က သနား စရာ ပါ..Kyung Soo က သူ အသက်​ ၆ နှစ်​​လောက်​ထိတကယ်​ကို လိမ္မာပြီး  စာ​တော်​တဲ့  က​လေး တစ်​​ယောက်​ ..ဒါ​ပေမယ့်​ သူ့ Omma မထင်​မှတ်​ဘဲ ​လေယာဉ်​ ပျက်​ကြတဲ့ အထဲ ပါသွား​တော သူ သူ က အမြဲ တငိုငို ဖြစ်​​နေခဲ့တာ နဂိုထဲက သူ့ Appa က အိမ်​ကပ်​တဲ့  သူမဟုတ်​ဘူး  သူ အသက်​ ၇ နှစ်​​လောက်​ ​ရောက်​​တော့ Mr .D.O. က ​နောက်​အိမ်​​ထောင်​ပြုတယ်​ တကယ်​ ဆို ​နောက်​အိမ်​​ထောင်​ကသာ ​ကောင်းရင်​ Kyung Soo ခုလို ဖြစ်​​နေမှာမဟုတ်​ဘူး အဲ့ ၇ နှစ်​ အရွယ်​ က​လေး​လေး က သူ့ Appa လက်​ထပ်​တာကို လက်​မခံနိုင်​ပါဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းပြီး အိမ်​က​နေ​တောင်​ ထွက်​​ပြေးဘူး တယ်​ ...အဲ့​နေ့ အဲ့​နေ့ ကငါ တို့ သူတို့​ဘေးက ခြံကို ​ပြောင်းလာတဲ့​နေ့ ဘဲ.....သူ ထွက်​​ပြေးလာရင်း ငါတို့ ကားနဲ့ ပွတ်​မိ သလို ဖြစ်​သွားပြီး ငါတို့ အိမ်​ကို ​ခေါ်လာခဲ့တာ သတိ ရလာ​တော့လည်း က​လေး တအား ငို​နေခဲ့တာ ဘယ်​လိုမှ ​ချော့မရတဲ့ အထိ ဘဲ..​နောက်​ပိုင်း​တော့ သူ့အိမ်​သူ ပြန်​​ရောက်​သွားတယ်​ ဒါ​ပေမယ့်​  မိ​ထွေးက နှိပ်​စက်​ခဲ့တယ်​ သူ့ Appa အလုပ်​သွားချိန်​​တွေ မှာဆို ရိုက်​နှက်​တာမျိုး​တွေ​ပေါ့ ..Kyung Soo သူ့ Appa ကို တိုင်​​တော့ သူ့  Appa က သူ့ကို မယုံဘူး မိ​ထွေး ဆိုတာကလည်း သိတယ်​ မလား သူ့ အ​ဖေ​ရှေ့ ​ရောက်​​တော့ Kyung Soo ကဆိုးတဲ့ပုံ မျိုး ဖြစ်​​အောင်​တမင်​လုပ်​တာ​လေ..​နောက်​ပိုင်းကျ​တော့ တခါ က Kyung Soo က စာ​မေးပွဲရှိလို့ သူငယ်​ချင်း အိမ်​မှာ စာကျက်​မယ်​ ဆိုတာ သူ့မိထွေး ကို​ပြောခဲ့တာ ..အဲဒါ လွန်​ခဲ့တဲ့ ၂နှစ်​က ..အဲဒါကို သူ့ အ​ဖေက မ​ပြောဘဲ သွားရမလား ဆိုပြီး တုတ်​ကျိုး ​အောင်​ထိ ရိုက်​တာ အဲ့က​နေ စပြီး Kyung Soo အရမ်း ​ပြောင်းလဲသွားတာ အိမ်​လည်း မကပ်​​တော့ဘူး သူ့ အ​ဖေ နဲ့ဆို ခုထိ စကား မ​ပြောတဲ့ အထိ ဘဲဇ စာ​တော်​ပြီးဉာဏ​ကောင်း​ပေမယ့်​ စာဆို လုံးဝ မကြည့်​​တော့ဘူး အရွဲ့ တိုက်​တာ ​ပေါ့ဟာ..သူ့  အ​ဖေက သူ့ အမှား​တွေကို သိလို့ ပြန်​ပြင်​ဖို့ ကြိုးစား​ပေမယ့်​ ​နောက်​ကျသွားပျြီလ Kyung Soo က သူ့ Appa ကို Appa လို့​နောင်​ မ​ခေါ်တဲ့ အထိ အခု သူ သုံး​နေတာ​တွေကလည်း သူ့ အ​မေ အ​မွေ ​တွေနဲ့ ​ကျောင်းတက်​တာ​တောင်​ သူ့ အ​မေပိုက်​ဆံ နဲ့​လေ

¥¥¥¥¥¥¥¥

Jongin တစ်​​ယောက်​ Kyung Soo အ​ကြောင်း အရှည်​ကြီး ကြားပြီး ​တော့ သူစိတ်​မ​ကောင်း ဖြစ်​မိတာ အမှန်​ပင်​..Kyung Soo ဘ၀ ​လေး အရမ်​ ကို ခက်​ခဲ ခဲ့မှာ ........တခါ တ​လေ ကျ​တော့လည်း ဆိုးတယ်​ လို့ အ​ပေါ်ယံသာ ​ပြော​နေကြ​ပေမယ့်​ သူတို့ စိတ်​ထဲမှာ ဒဏ်​ရာ​တွေ ရှိ​နေတယ်​ ဆိုတာ ဘယ်​သူ မှ မသိကြပါလားးးး

¥¥¥¥¥¥

Kyung Soo မလာဘူး ဆိုတာ သူသိသိကြီး နဲ့ ၀ရန်​တာ ကိုထွက်​​မျှော်​မိတာ အခါခါ....Kyung Soo က အိမ်​ကို အ​စောကြီး မပြန်​တတ်​တဲ့ သူဆို​တော့ သူ့ဆီများ ​ရောက်​လာ မလား လို့ ပါ

ဖုန်း​ခေါ်တိုင်းလည်း Power Off နဲ့ တိုး​နေ​တော ပိုစိတ်​ပူလာရသည်

ဒါ​ကြောင့်​ သူ မဆိုင်းမတွ ဘဲ Kyung Soo အိမ်​ဖုန်း ကို ​ခေါ်ကြည့်​​တော့

ုဖုန်းကိုင်​တဲ့ ဘွား​တော်​ရဲ့ အဲ့​ကောင်​ ​လေလွင့်​​နေတာ​နေမှာ​ပေါ့  သိချင်​ရင်​ သူ့ ဟန်းဖုန်း ကိုဆက်​ အိမ်​ဖုန်း ကို ဆက်​ပြီး ဇယား​တွေ လာမလုပ်​နဲ့ ဆိုတဲ့ ခပ်​ရိုင်းရိုင်း အ​ပြော​ကြောင့်

Jongin ​မေး​ရိုးတွေ ​ထောင်​လာသည်​ အထိ ​ဒေါသထွက်​မိသည်​...

¥¥¥¥¥¥¥

ည ၇ နာရီ​လောက်​ ​ရောက်​​တော့ စိတ်​ပူ ​နေတာက ဘယ်​လိုမှ သူ ဆက်​ပီး ဟန်​မ​ဆောင်​နိုင်​​တော့မှာမို့  Minho ဆီ ဖုန်းဆက်​ပြီး Kyung Soo ရှိ​နေမယ့်​ ​နေရာဆီ သူဉီးတည်​ ခဲ့သည်

ဒီလို အချိန်​ထိ အဲ့​နေရာ မှာ တစ်​​ယောက်​တည်း ရှိ​နေဉီးမှာလား Kyung Soo ရယ်

¥¥¥¥¥¥¥¥

မှောင်​မဲ​နေတဲ့ ပတ်​၀န်းကျင်​ထဲ ဒီလို​နေရာ ကို လာရတာ သူ့ အတွက်​ မလွယ်​ကူ​ပေ ​တော်​​သေးတာ တစ်​ခုက ​အ​စောင့်​ရှိတာရယ်​ အ​စောင့်​က Kyung Soo ကို သိ​နေတာရယ်​​ကြောင့်​ သူ အဲ့​နေရာဆီ တန်းတန်း မတ်​မတ်​ ​ရောက်​လာ ခဲ့သည်

အေးစက်​​နေတဲ့ ရာသီဉတုကြီး ထဲမှာ သူ့ Omma အုတ်​ဂူ ​လေး​ပေါ် ​မေးတင်​ပြီး အိပ်​​ပျော်​​နေတဲ့ Kyung Soo ပုံစံကသူ့ကို မျက်​ရည်​ ၀ဲ​စေသည်

သူ အသာ​လေး ​နောက်​က​နေ ​ပွေ့ ဖက်​လိုက်​​တော့ လန့်​ပြီး သူ့ကို တအံ့တသြ ငို​နေတဲ့ မျက်​လုံး ရွဲ​တွေနဲ့ သူ့ ကိုကြည့်​ကာ

  TeacherJong...OmmဆီလာတာလားးးးOmma ဆီကို ကျွန်​​တော်​ က လွဲပြီး ဘယ်​သူမှ ​ရောက်​မလာတာကြာပီ Teacher Jong က ၄ နှစ်​အတွင်း ပထမဆုံး လာတဲ့ သူဘဲ သိလား

ဆိုပြီး သူ့ကို ဖက်​​ကာ သူ့ရင်​ခွင်​ထဲ ၀င်​ပြီး ငိုနေတဲ့ ​ကောင်​​လေး​ကြောင့်​ သူ ​ကြောင်​သွားတာ အမှန်​ပင်

သူ ​​နောက်​ကျောကို အသာ ဖွဖွ ပုတ်​​ပေးကာ နှစ်​​ယောက်​လုံး  ၁၅မိနစ်​​လောက်​ ငြိမ်​​နေပြီး​တော့မှ

Kyung Soo ပြန်​ရ​အောင်​​လေ လာ ဆိုပြီး သူခပ်​တိုးတိုး ဆိုလိုက်​​တော့ ဘာ တုံ့ ပြန်​သံမှ မကြား ရ​တော့တာ​ကြောင့်​ သူ ပြုံးကာ Kyung Soo ကို အသာ ​ပွေ့ ပြီး ကား​ပေါ် ပြန်​ခေါ်ခဲ့သည်

နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​မော ကျ​နေတဲ့ ​ကောင်​​လေးကို သူဝတ်​ထားတဲ့ ကုတ်​အင်္ကျီ​လေး ချွတ်​ကာ အသာ​လေး ခြုံး ပေးပြီး ကား​မောင်းပြီး သူ့အိမ်​ကို ပြန်​ခဲ့သည်

Kyung Soo အ​ဖေ ကို​တော့ အကျိုး အ​ကြောင်း ​ပြေပြမှပါ..သူလည်း အ​ဖေ တစ်​​ယောက်​ဆို​တော့ စိတ်​ပူနေမှာအမှန်​ပင်

ည ၉ နာရီ​ကျော်​မှ အိမ်​ပြန်​ လာတဲ့ သူ့ ကို သူ့အိမ်​သား​တွေ တအံ့ တသြထွက်​ကြည့်​ ကာ တစ်​ခုခု ​ပြောဖို့​ပြင်​​နေတာကို သူမြင်​​တော့

သူ အမူ အရာနဲ့ တိုးတိုး ဆိုပြီး လုပ်​ပြကာ

အိပ်​​ပျော်​​နေတဲ့ Kyung Soo ကို အသာ ပြန်​​ပွေ့ ချီပြီး သူ့ အခန်းဆီ ဉီးတည်​ကာ ခုတင်​​ပေါ် ချ​ပေးပြီးမှ နှဖူး​ပေါ် ၀ဲကျ​နေတဲ့ ဆံပင်​​တွေကို သပ်​​ပေးပြီး ​စောင်​ခြုံ​ပေးကာ အခန်းထဲက​နေ ထွက်​လာ ခဲ့သည်

အပြင်​မှာ သူ့အိမ်​သား​တွေ သူ့ကို Interview ဖို့​စောင့်​​နေတယ်​​လေ

¥¥¥¥¥¥¥

အိမ်​ကသူ​တွေ မ​မေးခင်​ သူက အရင်​ Kyung Soo အ​ကြောင်း ​ပြောပြ လိုက်​​တော့ အကုန်​လုံးက လည်း အသနား ပို​နေကြတာ .....

¥¥¥¥¥¥¥¥¥¥

At Morning

Kyung Soo မနက်​ အိပ်​ရာနိုး​တော့ မရင်းနှီးတဲ့​နေရာ​ကြောင့်​ သူ ခုတင်​​ပေါ်က ထထိုင်​လိုက်​သည်​ ဘယ်​ကိုများ ​ရောက်​​နေတာပါလိမ့်​ဆိုပြီး သူ ဟိုကြည့်​ ဒီကြည့်​ ကြည့်​လိုက်​​တော့ ဆိုဖာ​ပေါ် အိပ်​​နေတဲ့ Teacher Jong ကို မြင်​မှ သူ အလိုလို ပြုံးမိသွားသည်​..

Teacher Jong အိမ်​ကို ​ရောက်​​နေတာဘဲ....

သူ ခုတင်​​ပေါ်က​နေ ထကာ ​ရေချိုး ခန်းထဲ ၀င်​ပြီး မျက်​နှာ သစ်​​နေတုန်း

အ​ပေါ်ပိုင်း အင်္ကျီ ဗလာ နဲ့ ​အိပ်​ချင်​မူး တူး ရုပ်​နဲ့ ​သူရှိနေတာကို သတိမထားမိဘဲ ရေချိုးခန်း တဲ့ ၀င်​လာတဲ့ Teacher Jong ​ကြောင့်

T  B  C

Yo Yo..Updated...ဖတ်​ရတာ ကြိုက်​ကြလားဗျာ..ဖိဘတ်​​လေး​တွေ ​တော့ ​ပေးခဲ့ကြပါလို့.....Fb မရရင​နောက်​အပိုင်း တင်​ဖို့ အားမရှိလို့

Thanks For Reading

Continue Reading

You'll Also Like

227K 1.2K 33
This is a mix of different animes that have smut in them
161K 8.2K 17
ABHIMANYU RATHORE is 28 years old. He belongs to Royal family. He is the oldest son in Rathore family. He is the CEO of Rathore Enterprise. He is the...
210K 33.1K 86
แ€•แ€ผแ€”แ€บแ€žแ€ฐแ€™แ€›แ€พแ€ญแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธแ€†แ€ญแ€ฏแ€œแ€ญแ€ฏแ€ท แ€šแ€ฐแ€•แ€ผแ€”แ€บแ€œแ€ญแ€ฏแ€€แ€บแ€•แ€ผแ€ฎ แ€Ÿแ€ฎแ€ธแ€Ÿแ€ฎแ€ธ แ€–แ€แ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซแ€ฅแ€ฎแ€ธ
99.4K 2.6K 37
In which people from the past get sent into the future to watch movies about a special pair of twins lives.