ချစ်တယ် Hyung ရယ်

By jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-6

3K 300 2
By jargiido_1215

တစ်စုံတစ်ယောက်အနားမှ ရှိနေတာဟာ ကျွန်တော့်ကို ပျော်ရွှင်မှု ရင်ခုန်မှု စိတ်လှုပ်ရှားမှုတွေဖြစ်စေတယ်ဆိုတာ အခုခံစားဖူးနေမိပြီ။ ခံစားဖူးကြတယ်မှတ်လား။ ကိုယ့်ချစ်တဲ့သူကိုယ့်အနားမှာရှိနေတယ်ဆို ရင်တွေအခုန်လွန်ပြီး အမှားအယွင်းတွေဖြစ်တာမျိုး စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ခေါ်မကြားအော်မကြားဖြစ်တာမျိုး ဖြစ်ဖူးကြတယ်မှတ်လား ။တကယ်ဆိုကျွန်တော် KyungSoo Hyung ကိုချစ်နေမိတာကို အဲ့တုန်းကမသိခဲ့သေးဘူး။ ဒီအတိုင်း စိတ်လှုပ်ရှားတာ မရင်းနှီးသေးလို့ အနေခက်တာ လို့ပဲ တွေးခဲ့မိတာပါ။ တကယ်တော့ ကျွန်တော့်ရင်ထဲ တဖြည်းဖြည်းနဲ့ အဲ့တုန်းကထဲဝင်လာတယ်ထင်ပါရဲ့ ။

♡♡♡♡♡♡♡♡♡♡♡♡♡♡

ဆိုင်တစ်ခုလုံးလဲတိတ်ဆိတ်လို့ နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီဆီက စက္ကန့်သံ တစ်ချက်ချက်နဲ့တောင်ကြားနေရတဲ့ တိတ်ဆိတ်မှုနဲ့ ငြိမ်သက်နေလေရဲ့။ ဆိုင်ထဲမှာသက်ရှိလူသားတွေမှရှိရဲ့လားမေးရအောင် အခြေအနေက ဆိတ်ငြိမ်လွန်းတယ် ။

ကျွန်တော်ဆိုင်ထဲရောက်နေတာတစ်နာရီခွဲလောက်ရှိနေပေမယ့် တစ်ကမ္ဘာလောက်တောင်ထင်မိတယ်။ ကြည့်အုံးလေ။ ကျွန်တော့်ရှေ့မှာထိုင်ပြီးဖုန်းကိုသာ စိတ်ဝင်တစားနဲ့ကြည့်နေတာ။ သူ့ရှေ့မှာကျွန်တော်ရှိတယ်ဆိုတာတောင် မေ့နေပြီလားမသိဘူး ။Baekhyun Hyung တို့ကလဲခုထိကိုမလာသေးဘူး ။KyungSoo Hyung ပြောတာတော့ ဂေဟာမှာ လိုအပ်တာတွေကို Chanyeol နဲ့ Baek နှစ်ယောက်သားသွားဝယ်ကြတယ်တဲ့။ ဒီကပဲသူတို့ကိုစောင့်နေဖို့ မှာသွားလို့ ကျွန်တော်တို့နှစ်ယောက်ထိုင်စောင့်နေကြရတာ။ ပစ္စည်းတွေသွားဝယ်ရင်းတစ်အိုးတစ်အိမ်များထူထောင်နေကြလားမသိဘူး။ ကြာလိုက်တာစောင့်ရတဲ့သူတွေစိတ်တိုစရာဗျာ။ ဘာတွေများဒီလောက်ဝယ်နေကြတာလဲမသိဘူး နှစ်ယောက်သား ။

ရှိတာမှလူလေးကနှစ်ယောက်ထဲ ။KyungSoo Hyung ကလဲ coffee သောက်ပြီးတာနဲ့ ဖုန်းကိုသာအဖော်ပြုနေတော့တာ။ ကျွန်တော်နဲ့စကားပြောဖို့အဆီအစဉ် သူ့မှာရှိပုံမရ။ ကျွန်တော်လဲ ကိုယ့်ဖုန်းကိုယ်ထုတ်ပြီး game တွေသာနှိပ်နေလိုက်တာ ကြာတော့ မျက်လုံးညောင်း ခါးသာညောင်းလာတယ် ။ဟိုနှစ်ယောက်ကမရောက်သေး။ ကျွန်တော်တကယ်ပဲပျင်းလာမိတာ ။

KyungSoo Hyung ကတော့ ပျင်းမနေတဲ့အတိုင်း။ မလာသေးဘူးလားဘာလားလဲ စိတ်တိုမနေ။ အေးဆေး ကျွန်တော်ကသာ လှိပ့်ပိန့်နေအောင်ပျင်းလာတာ ။တကယ်ဆို နှစ်ယောက်သားစကားပြောနေရင် အချိန်ကကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။ ခုတော့အရုပ်ကြီးဘေးနားရှိနေသလိုပဲ ။ကျွန်တော်လဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်ချင်လာတော့တာ ။

ကျွန်တော့်အခြေအနေကိုသိတယ်ထင်ပါရဲ့။ ခနနေတော့ Hyung ဆီကနေ စကားသံထွက်လာတယ် ။

"ပျင်းနေပြီလား .. သီချင်းနားထောင်မလား "

ဒီအတိုင်းနေတာနဲ့စာရင်သီချင်းသံလေးကြားတော့အိပ်ချင်စိတ်ပြေတာပေါ့ တွေးပြီး ခေါင်းညိတ်ပြလိုက်တယ်။ Hyung က counter အနောက်ဘက်က စက်ကိုသွားဖွင့်လိုက်တယ် ။ထွက်လာတဲ့သီချင်းက Brunomars သီချင်း။ ကျွန်တော့်အကြိုက်မဟုတ်ပေမယ့် သီချင်းကမြူးတော့နားထောင်လို့တော့ကောင်းသား။ Hyung ကတော့ကြိုက်ပုံပါပဲ။ တစ်ခါတလေ လိုက်တောင်ညည်းနေသေးတယ် ။ကျွန်တော်ငြိမ်နေတာတွေ့တော့ ဒီသီချင်းမကြိုက်ဘူးလားတဲ့ ပြောင်းပေးရမလားမေးလို့ ရပါတယ်လို့တောင်ပြောလိုက်မိတယ်။

" Baek တို့ပြန်လာနေပြီ message ပို့ထားတယ် "

Hyungစကားကြောင့် နဲနဲနေသာသလိုရှိသွားတယ်။ လာမှပဲ ။နောက်ဆို အနေခက်တာရယ် ပျင်းတာရယ်နဲ့ကျွန်တော်သေတော့မှာ။သီချင်းသုံးပုဒ်လောက်အပြီးမှာ ဆူညံဆူညံအသံတွေကြားလိုက်ရတယ် ။လူမမြင်ခင်ကအသံကြားရတာ Baekhyun Hyung မဟုတ်လား ။

" Jongin ရောက်နေတာကြာပြီလား "

Chanyeol Hyung အမေးကို ကျွန်တော်အကြည့်တစ်ချက်နဲ့ပဲပြန်ဖြေလိုက်မိတယ် ကျွန်တော့်အကြည့်ကိုနားလည်တယ်ထင်ပါ့ ။

" Jongin မင်းတော့တော်တော်ပျင်းနေမှာပဲ .. ရေခဲတုံးနဲ့ အတူရှိနေတော့ sorry ကွာ ငါတို့လဲနဲနဲကြာသွားတယ် "

Chanyeol Hyung အပြောကို Hyung က ပြုံးလျက်ပဲ ငေးကြည့်နေတယ်။ ကျွန်တော်လဲ Hyung ရဲ့ပုံစံလေးကိုကြည့်ပြီးဘာရယ်မဟုတ်အားနာသလိုခံစားမိသွားတာနဲ့

" မပျင်းပါဘူး သီချင်းနားထောင်ကြတယ် .. game ဆော့တယ်လေ .. "

လို့ ဖြေရှင်းချက်ပေးမိသွားတယ်။

" KyungSoo က ခင်ဖို့ကောင်းပါတယ်ကွ .. အနေအေးတာနဲ့ စကားမများတာတစ်ခုပဲ မင်းနားညီးသက်သာတာပေါ့ "

Baek အပြောကြောင့် KyungSoo Hyung
Baek Hyung ခေါင်းကိုလှမ်းပုတ်လိုက်တာမြင်လိုက်ရတယ်။ တော်တော့ဆိုတဲ့သဘော။ မသိရင် ကျွန်တော်နဲ့ KyungSoo Hyung ကခုမှတွေ့ဖူးနေသလိုလို ။KyungSoo Hyung နဲ့ပတ်သက်ပြီးမှ ထိုနှစ်ယောက်နဲ့ သိရပေမယ့် Hyung ထက်တော့ ထိုနှစ်ယောက်နဲ့ရင်းနှီးနေတာတော့အမှန်။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ခလွမ်းးးးး ။

အားးးး သွားပြီ ။KimJongin တို့ပန်းကန်တစ်ချက်ခွဲလိုက်မိပြန်ပြီ။ ကျွန်တော်ဒီနေ့တစ်နေ့လုံးစိတ်နဲ့ကိုနဲ့မကပ်ဘူးဖြစ်နေခဲ့တယ် ။အခုလဲကြည့်လေ။ အမှားလုပ်မိပြန်ပြီ ။ကျကွဲသံကြားတော့ အနားမှာရှိတဲ့ KyungSoo Hyung ပြေးလာတယ်။ ပန်းကန်အကွဲတွေကောက်နေတဲ့ကျွန်တော်ကိုကြည့်ပြီး လက်ထိသွားသေးလားမေးတော့ သူမေးမှပဲ ပန်းကန်အကွဲကလက်ကိုရှသွားလေရဲ့။ သွေးတွေရဲတက်လာတော့ KyungSoo Hyung ကဗျာကရာကျွန်တော်လက်ကိုဆွဲယူလိုက်တယ် ။အနီးအနားက စားပွဲပေါ်မှာရှိတဲ့ tissue နဲ့ သွေးတိတ်အောင်သေချာလေးသုတ်ပေးနေတဲ့ Hyung ကိုကြည့်ရင်း ကျွန်တော်ရင်တွေခုန်လာပြန်ပါပြီ။ရင်တွေခုန်လက်တွေတုန်နေလို့ ကျွန်တော်အမှားတွေလုပ်မိနေတာ။ ကိုယ့်ကိုကိုယ်လဲဘာဖြစ်လို့ဖြစ်မှန်းမသိတော့ပါဘူး ။ဘာကိစ္စပဲဖြစ်ဖြစ် သေချာလုပ်တတ်တဲ့ ကျွန်တော်ဒီနေ့ကျမှ အလွဲလွဲအချော်ချော်တွေဖြစ်နေတော့တာ။ Hyung က ကျွန်တော့်လက်က ရှရာကိုသေချာအရက်ပျံနဲ့ဆေးပေးပြီး ပလာစတာကပ်ပေးလိုက်တယ် ။

" တော်ပြီ ဖုန်တွေကိုင်ရမယ့်ဟာတွေမလုပ်နဲ့တော့ .. ရေလဲမကိုင်နဲ့တော့ ဒဏ်ရာကသေးပေမယ့် ပိုးဝင်သွားရင်ပိုဆိုးမယ် "

တတွတ်တွတ်နဲ့ပြောနေတော့တာလေ ။အစ်ကိုကြီးတစ်ယောက်က ညီလေးတစ်ယောက်ကိုပြောနေသလိုမျိုးခံစားရတော့ ရင်ထဲကျေနပ်ချင်းတွေကအပြည့် ။

ကျွန်တော်ဘယ်လိုပဲ ရတယ်ပြောပြော ကျွန်တော်ကို Hyung က အလုပ်တွေမခိုင်းတော့ပါ။ ကလေးတွေကိုအဖော်လုပ်ပေးနေတဲ့ Baekhyun Hyung နဲ့ နေရာချင်းလဲခိုင်းပြီး Baekhyun ကို သူနဲ့ကူပေးဖို့ခေါ်ထားတော့ ကျွန်တော့်မှာကလေးတွေနဲ့ဆော့ပေးနေရတယ်လေ ။Baekhyun Hyung ကတော့ ပွစိပွစိနဲ့ သိပ်မကျေနပ်။ သူကအသက်သာဆုံးကို ရွေးပြီးယူထားတာမှတ်လား ။KyungSoo Hyung ကိုမလွန်ဆန်ဘဲ ပန်းကန်တွေကိုဆူပုတ်ပုတ်နဲ့ဆေးနေတော့ ကျွန်တော်ရယ်မိရသေးတယ်။ ကလေးတွေနဲ့သာဆော့နေပေမယ့် ကျွန်တော့်စိတ်တွေက မီးဖိုချောင်ကိုသာရောက်နေတာကိုတော့ ကျွန်တော်တစ်ယောက်ထဲသိပါလိမ့်မယ်။

အပြန်လမ်းမှာတော့အားလုံးပင်ပန်းနေကြတော့ကားပေါ်မှာစကားတွေတောင်သိပ်မပြောဖြစ်ကြ ။Chanyeol Hyung က ကားကိုသာဂရုတစိုက်မောင်းနေပြီး Baekhyun Hyung ကလဲ ကားပေါ်စတက်ကထဲကပင်ပန်းတယ်ဆိုပြီး အိပ်နေတော့တာ။ KyungSoo Hyung ကတော့ထုံးစံအတိုင်း အသံမထွက် မျက်လုံးလေမှိတ်ပြီး ငြိမ်နေလေတော့တာ ။ကျွန်တော်လဲ တိတ်ဆိတ်နေတဲ့ ကားထဲမှာ ပြင်းလာတာနဲ့အတူ မနက်ကလဲ အစောကြီးထလာရတာဆိုတော့ မျက်လုံးက ဖွင့်မရတော့ ။ဖွင့်ထားတဲ့သီချင်းသံမကြားတစ်ချက်ကြားတစ်ချက်နဲ့ပဲ အိပ်ပျော်သွားတော့တယ်လေ။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

" Jongin ah ထတော့လေ ... Jongin ah "

နှစ်လိုဖွယ်ကောင်းတဲ့အသံနဲ့ ကျွန်တော့်ကိုလှုပ်နိုးနေတာ အမေ့အသံမဟုတ်တာတော့သေချာတယ် ။အမေဆိုရင် (Yar !!!!! Kim Jongin မထသေးဘူးလား အလုပ်သွားရမှာလေ ညဆိုတော်တော်နဲ့မအိပ်ဘူး မနက်မထနိုင်ဘူး ထ အလုပ်သွားရမှာဟာကို ထစမ်း ) စသဖြင့် ပူညံပူညံ နဲ့မထမချင်းလှုပ်နိုးနေတော့မှာ။ ဒါဘယ်သူ့အသံပါလိမ့် ။Jongin ah လို့ခေါ်နေပုံလေးကိုက နူးညံ့လိုက်တာ ။

" Jongin ah "

ကြည့်ထပ်ခေါ်ပြန်ပြီ ။နားထောင်ကောင်းကောင်းနဲ့ ကျွန်တော်တမင်မထပဲ လှုပ်ရမ်းပြီးပြန်အိပ်နေလိုက်တယ် ။ထပ်ခေါ်မယ့်အသံလေးကြားချင်နေမိလို့လေ။ ဒီတစ်ခါ ခေါ်ရုံတင်မဟုတ် ။ကျွန်တော့် ပခုံးကိုပါညင်ညင်သာသာလေးလှုပ်ရမ်းနေတော့ နွေးထွေးနေတဲ့လက်ရဲ့ အထိအတွေ့ကြောင့် ကျွန်တော်သတိဝင်သွားမိတယ်။ ကျွန်တော်ညကအိမ်မှပြန်မအိပ်တာ ။
ဟာ ။ဒါဆို နှိုးနေတဲ့သူက ။

ကျွန်တော် အလန့်တကြားအိပ်ရာထဲကနေလူးလဲထလိုက်တော့ ကုတင်ဘေးနားမှာရပ်နေတဲ့ အရိပ်တစ်ခု ။ကျွန်တော့်ကိုပြုံးပြနေတဲ့ ပုံရိပ်တစ်ခု။ နတ်သားလား လူသားလား ဝေခွဲမရအောင် ထွန်းလင်းတောက်ပနေတဲ့အပြုံးလေးနဲ့။
ဘုရားရေ ။
ကျွန်တော်ရောက်နေတာ လူ့ဘုံလား ငါဘယ်ရောက်နေတာလဲ ။

Continue Reading

You'll Also Like

214K 6.4K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
718K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
313K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
291K 16.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"