Find Our Way Back To Love

By baekyeolC24

81.9K 4.3K 80

Translated chanbaek fic from aff with the same name ^^ More

Intro
A/N
Chapter-1(1)
Chapter-1(2)
Chapter-1(3)
Chapter-1(4)
Chapter-1(5)
Chapter-1(6)
Chapter-2(1)
Chapter-2(3)
Chapter-2(4) (Rated-M)
Chapter-3(1)
Chapter-3(2)
Chapter-3(3)
Final
T/N

Chapter-2(2)

3.7K 253 4
By baekyeolC24

Chanyeol ႏွင့္ Heeran တို႔ကေတာ့ကာတြန္းကားၾကည့္ရင္း game ကစားရင္းျဖင့္တစ္ေန႔တာကိုကုန္ဆံုးလ်က္ရွိသည္။ ေန႕လည္စာစားခ်ိန္ေရာက္ေတာ့ Heeran ကို spaghetti ေကြ်းရင္း Heeran ေျပာသမွ်ေက်ာင္းအေၾကာင္း.သူငယ္ခ်င္းမ်ားအေၾကာင္းကို Chanyeol နားေထာင္ေပးလ်က္ရွိသည္။
" တို႔ေတြ ငါးျပတိုက္သြားၾကမလား Heeran-ah ? သမီးေလး ငါးေတြၾကည့္ရတာႀကိဳက္တယ္ဟုတ္ .Nemo နဲ႕တူတဲ့ငါးေလးကိုေလ"
" လြန္ခဲ့တဲ့သံုးရက္ကပဲ သြားျပီးျပီ daddy ေပ်ာ္ဖို႕ေကာင္းတယ္ သမီးထပ္သြားခ်င္ေသးတယ္"
"Oh ေမေမနဲ႕သြားတာလား"
ထိုေပ်ာ္စရာေန႔ေလးအေၾကာင္းျပန္စဥ္းစားမိေတာ့ Heeran မ်က္ႏွာေလးေတာက္ပလာသည္။
" Nae daddy ေမေမရယ္ အန္ကယ္ Jongin ရယ္နဲ႕သြားတာ" ကမ႓ာတစ္ခုလံုး Chanyeol အေပၚျပိဳက်လာသလိုသူခံစားလိုက္ရသည္။ စိုးရြံ႕မႈအနည္းငယ္သူ႕ကိုလႊမ္းျခံဳေနသလို..
"အန္ကယ္ Jongin??"
သူမေဖေဖ၏အေျခအေနကိုမရိပ္မိေသာ Heeran ေလးမွာ daddy ကသူမခ်စ္ရပါေသာ uncle Jongin ကိုစိတ္ဝင္စားသည္ဟုအထင္မွားမိေလသည္။
"ဟုတ္တယ္ ေဖေဖ သူကေမေမ့သူငယ္ခ်င္း ..သမီးကိုအရုပ္ေတြေပးတယ္..သမီးနဲ႕ေမေမ့ကိုညစာလည္းအျပင္မွာေခၚေကြ်းတတ္တယ္ ..တစ္ခါတစ္ေလ သမီးကိုအိမ္စာလဲဝိုင္းလုပ္ေပးေသးတယ္ ..သမီးသူ႔ကိုသေဘာက်တယ္....ဒါေပမယ့္ daddy ကသမီးရဲ႕ No.1 daddy ပဲ"

ဒီလိုခံစားရတာကိုး အစားထိုးခံရတာကိုေၾကာက္မိျခင္းႏွင့္နာက်င္ရျခင္းဆိုတာ...

ညေနခင္း၏ေနေရာင္ျခည္ေလးမ်ားကျပတင္းေပါက္မွက်ေရာက္လ်က္ရွိသည္။ Heeran ကေတာ့ ဆိုဖာေပၚတြင္ငိုက္ျမည္းလ်က္ရွိသည္။ သူမအိပ္ေပ်ာ္သြားေသာအခါျငိမ္သက္လ်က္ရွိသည္။ လႈပ္ရွားမႈဆိုလို႔အသက္ရွဴလိုက္တိုင္းနိမ့္ျမင့္လ်က္ရွိေသာသူမရင္ဘတ္ကေလးပင္။ ႏိုးေနလ်ွင္ဤအခန္းတစ္ေလွ်ာက္ဟိုဟိုသည္သည္ေျပးလႊားေနတတ္ေသာကေလးမမွာယခုအိပ္ေနေသာသူႏွင့္တစ္ေယာက္တည္းဟုေျပာရန္ပင္ခက္လွသည္။ သူမအိပ္ေပ်ာ္ေနသည္မွာနတ္သမီးေလးအတိုင္းပင္..သူမအသားအေရကႏွင္းစက္လို..။
Heeran ကို Baek လာႀကိဳရမည့္အခ်ိန္ပင္ေရာက္လုျပီ။ Heeran ဒီထက္ပိုၾကာၾကာေနလွ်င္ေကာင္းမည္ဟု Baek ေတြးမိသည္။ မတတ္ႏိုင္ပါေလ..သူပိုင္ဆိုင္ထားခဲ့ျပီးေသာအရာကိုသူကိုယ္တိုင္ပင္လႊတ္ေပးလိုက္ျခင္းျဖစ္သည္။ လူေခၚေခါင္းေလာင္းသံၾကားေတာ့ Chanyeol သူ႔လက္ပတ္နာရီကိုၾကည့္လိုက္မိသည္။ ဒီေန႕ Baek နည္းနည္းေစာသည္ပဲ။သူတံခါးဖြင့္ေပးရန္သြားလိုက္သည္။

သို႔ေသာ္ Baek အစား Kyungsoo ကတံခါးဝတြင္ရွိေနခဲ့ေလသည္။

"ငါနင့္ကိုလြမ္းေနတာ Chanyeol-ah"
Chanyeol သက္ျပင္းခ်မိသည္။ "ငါနင့္ကိုေျပာခဲ့ျပီးျပီေလ..ငါတို႔မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ..ငါနင့္ကိုမခ်စ္ဘူး..ျပီးေတာ့ နင္လဲငါ့ကိုမခ်စ္တာျဖစ္ႏိုင္တယ္"
"ငါ့ကိုအထဲေပးမဝင္ေတာ့ဘူးလားဟင္ ..ခ်စ္တယ္ Chanyeol ရယ္" Chanyeol လက္ကိုလွမ္းဆြဲရင္းKyungsoo ေျပာသည္။
"မရဘူး Kyungsoo..Heeran အထဲမွာရွိေနတယ္..ငါတို႔ဒီထက္ပိုျပီးေျပာစရာမရွိေတာ့ဘူး"
Kyungsoo.မ်က္ခံုးအနည္းငယ္တြန္႔လိုက္ကာ
" အဆင္ေျပပါတယ္ ဘယ္လိုပဲျဖစ္ျဖစ္ငါကသူ႔မိေထြးျဖစ္လာမွာပဲေလ ဟုတ္တယ္ေနာ္ Chanyeol?.ငါတို႔သူ႔ကိုအတူပ်ိဳးေထာင္ၾကမယ္ေလ ေနာ္  Yeol ရယ္ဒီလိုပံုႀကီီးမေနပါနဲ႕ "
ေျပာရင္းႏွင့္ Kyungsoo တစ္ေယာက္ေျခဖ်ားေထာက္ကာ Chanyeol ႏႈတ္ခမ္းေလးကိုနမ္းလိုက္သည္။

Chanyeol တစ္ေယာက္အငိုက္မိသြားေလသည္။ ထို႔ေနာက္ Kyungsoo ကိုသူတြန္းထုတ္လိုက္ကာေဒါသထြက္လာမိသည္။ ထိုေဒါသက ခဏအတြင္းေပ်ာက္ကာ ထိတ္လန္႔တုန္လႈပ္မႈအျဖစ္ေျပာင္းလဲသြားေတာ့သည္။

ထိုအခိုက္အတန္႔ေလးတြင္Baekhyun ရွိေနခဲ့ျခင္းျဖစ္သည္။Baek အားလံုးျမင္သြားခဲ့ျပီျဖစ္သည္။ Baek မ်က္ႏွာကခံစားခ်က္ကင္းမဲ့လ်က္ ..Heeran ႏွင့္သူအိမ္ကထြက္သြားမည္ကို Chanyeol ကိုေျပာတုန္းကကဲ့သို႔ပင္။

"ခြင့္ျပဳပါဦး " Baek ကဆိုရင္း Chanyeol ႏွင့္ Kyungsoo ကိုျဖတ္ေလွ်ာက္လိုက္သည္။
"အပ်က္မ" Kyungsoo တီးတိုးေရရြတ္လိုက္ေပမယ့္ Baek ၾကားမိႏိုင္ေလာက္ေအာင္ေတာ့က်ယ္ေသးသည္။
Baek မ်က္ႏွာရုတ္တရက္တင္းမာလာသည္။Baekရင္ထဲတြင္သိမ္းထားေသာေဒါသအရွိန္ျဖင့္လက္ေျမွာက္ကာ Kyungsoo ပါးကိုခပ္ျပင္းျပင္းရိုက္ခ်လိုက္သည္။ Baek ၏ရုတ္တရက္ေပါက္ကြဲမႈကိုအသားမက်ေသးေသာ Kyungsoo နားကပ္ကာ Baek တီးတိုးေျပာလိုက္သည္။

" နင့္ကိုလူေတြေခၚေနတဲ့နာမည္ကို နင့္ကိုယ္နင္ေျပာလိုက္တာလား? အမွန္ကိုဝန္ခံလိုက္တာေပါ့? "

" နင္ !" Kyungsooသူ၏နီရဲေနသာပါးျပင္ကိုကိုင္လ်က္တန္ျပန္ရိုက္ရန္လက္ကိုေျမွာက္လိုက္ေသာ္လည္းChanyeol ကသူ႔လက္ကိုဆြဲကာတားလိုက္ေလသည္။

"သြားေတာ့ Kyungsoo" Chanyeol ကေျပာေတာ့ Baek ႏႈတ္ခမ္းေထာင့္စြန္းေလးေကာ့ေအာင္ခပ္ေထ့ေထ့မဲ့ျပံဳးေလးျပံဳးလိုက္မိသည္။

"မလိုပါဘူးေလ ငါကဒီမွာ Heeran ကိုပဲလာႀကိဳတာ ..၂ မိနစ္ေလာက္ပဲေစာင့္ ..ျပီးရင္နင္တို႔လုပ္မယ့္ဟာဆက္လုပ္ၾကေပါ့ ..ေႏွာင့္ယွက္မိတဲ့အတြက္ sorry ပဲ" Baek သူေျပာခ်င္ရာေျပာျပီးဘာကိုမွဂရုမစိုက္ဘဲတံခါးမွဝင္ကာ Heeran ကိုသြားႏႈိးလိုက္သည္။

" ေမေမ သမီးမျပန္ခ်င္ေသးဘူး" Heeran ေလးရႈိက္ငိုလ်ပ္ Baek လက္ကိုေနာက္သို႔ျပန္ဆြဲထားျပီး ၾကမ္းျပင္တြင္ေျခကုပ္ထားေလသည္။

" ဒါသမီးတို႔အိမ္ပဲေလ ဘာလို႔ျပန္ရမွာလဲ" ေျပာရင္းသူမ Chanyeol ကိုအကူအညီေတာင္းသလိုလွည့္ၾကည့္လိုက္သည္။
" daddy သမီးမျပန္ခ်င္ဘူး"
ပထမဆံုးအေနျဖင့္ Baek တစ္ေယာက္ Heeran ကိုအသံျမွင့္၍ေျပာလိုက္သည္။

"Heeran နားေထာင္စမ္း !ဒါ ငါတို႔အိမ္မဟုတ္ဘူး..အရင္တုန္းကပဲဟုတ္တယ္ အခုမဟုတ္ေတာ့ဘူး..ျပန္ရေအာင္ Heeran ေနာက္က်ေနျပီ"
Heeran ကေတာ့ Chanyeol ဆီသို႔ေျပးသြားျပီးကိုယ္ေနာက္တြင္ပုန္းကာ Chanyeol ေဘာင္းဘီစကို ဆုပ္ကိုင္ထားသည္။

"Heeran ငါေနာက္ဆံုးတစ္ေခါက္ေျပာမယ္ေနာ္" မ်က္ရည္မ်ား Baek မ်က္ႏွာေပၚစတင္က်ဆင္းလာျပီျဖစ္သည္။ သူ႕လက္သီးဆုပ္ ျဖဴသြားသည္အထိ လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။
" သမီးကေမေမ့ကိုခ်စ္တဲ့ ကေလးအလိမၼာေလးပါ..ေမေမနဲ႕ျပန္လိုက္ခဲ့ပါ"

Heeran မ်က္ရည္ေပါက္ႀကီးမ်ားက်လ်က္ပို၍က်ယ္က်ယ္ေအာ္ငိုလိုက္သည္။
" အေမနဲ႕အေဖ ႏွစ္ေယာက္လံုးကိုသမီးခ်စ္တယ္ ဘာလို႔အျမဲသမီးကိုေရြးခ်ယ္ခိုင္းရတာလဲ ..ႏွစ္ေယာက္လံုးကိုခ်စ္လို႔မရဘူးလား? တစ္အိမ္ထဲမွာအတူေနလို႔မရဘူးလား? ေမေမ့ကို မုန္းတယ္..ေဖေဖ့ကိုလဲမုန္းတယ္ အီးးဟီးး ဟီးး"

Baek တစ္စကၠန္႔ေလးမွ်သည္းမခံႏိုင္ေတာ့..ကားဆီသို႔သြားကာကားစက္ႏႈိူးလိုက္သည္။ Chanyeol လဲ Heeran ကိုခ်ီကာသူ႔ကားေပၚသူတက္လိုက္ေတာ့ Kyungsoo တစ္ေယာက္တည္းေက်ာက္ရုပ္လို အိမ္ျပင္တြင္က်န္ခဲ့ေလသည္။ ဤအိမ္ထဲတြင္သူ႔အတြက္ေနရာဘယ္ေတာ့မွမရွိခဲ့သည္ကိုေတာ့ Kyungsoo နားလည္လိုက္မိပါသည္။

ယံုၾကည္မႈဆိုတာ လက္ေဆာင္တစ္ခုျဖစ္ႏိုင္သလို

လက္နက္တစ္ခုလဲျဖစ္ႏိုင္ပါတယ္

ဒိုင္းတစ္ခုလဲျဖစ္ႏိုင္သလို

က်ည္အျပည့္နဲ႕ေမာင္းတင္ထားတဲ့ေသနတ္တစ္လက္လဲျဖစ္ႏိုင္ပါတယ္

အခ်စ္ဆိုတာတစ္စံုတစ္ေယာက္ကို ေကာင္းကင္ဘံုသို႔

ပို႔ေပးႏိုင္သလို

ငရဲကိုလဲေခၚေဆာင္သြားႏိုင္ပါတယ္

တစ္စံုတစ္ေယာက္ကိုယံုၾကည္မႈေသနတ္ကိုေပးျပီးထိုေသနတ္ေရွ႕
မွာရပ္ဖို႕ဆိုတာ အႏၲရယ္ရွိတဲ့စေတးခံမႈလိုပါပဲ

ဒိုင္းဖ်က္ဆီးခံရျပီးတစ္စံုတစ္ေယာက္ကေသနတ္ ခလုတ္ကိုစဆြဲလိုက္ျပီဆိုတာနဲ႕

ေျပာစရာဆိုလို႔ နာက်င္မႈ သာရွိပါေတာ့တယ္

                                   *****

*C24*
ျမန္ျမန္ update ေပးမယ္ေျပာျပီးမွေနာက္က်သြားလို႔ sorry ပါေနာ္..
next chapter is a surprise!
Thanks for reading,voting and adding to reading lists.
             


Chapter-2(2)

Chanyeol နှင့် Heeran တို့ကတော့ကာတွန်းကားကြည့်ရင်း game ကစားရင်းဖြင့်တစ်နေ့တာကိုကုန်ဆုံးလျက်ရှိသည်။ နေ့လည်စာစားချိန်ရောက်တော့ Heeran ကို spaghetti ကျွေးရင်း Heeran ပြောသမျှကျောင်းအကြောင်း.သူငယ်ချင်းများအကြောင်းကို Chanyeol နားထောင်ပေးလျက်ရှိသည်။
" တို့တွေ ငါးပြတိုက်သွားကြမလား Heeran-ah ? သမီးလေး ငါးတွေကြည့်ရတာကြိုက်တယ်ဟုတ် .Nemo နဲ့တူတဲ့ငါးလေးကိုလေ"
" လွန်ခဲ့တဲ့သုံးရက်ကပဲ သွားပြီးပြီ daddy ပျော်ဖို့ကောင်းတယ် သမီးထပ်သွားချင်သေးတယ်"
"Oh မေမေနဲ့သွားတာလား"
ထိုပျော်စရာနေ့လေးအကြောင်းပြန်စဉ်းစားမိတော့ Heeran မျက်နှာလေးတောက်ပလာသည်။
" Nae daddy မေမေရယ် အန်ကယ် Jongin ရယ်နဲ့သွားတာ" ကမ႓ာတစ်ခုလုံး Chanyeol အပေါ်ပြိုကျလာသလိုသူခံစားလိုက်ရသည်။ စိုးရွံ့မှုအနည်းငယ်သူ့ကိုလွှမ်းခြုံနေသလို..
"အန်ကယ် Jongin??"
သူမဖေဖေ၏အခြေအနေကိုမရိပ်မိသော Heeran လေးမှာ daddy ကသူမချစ်ရပါသော uncle Jongin ကိုစိတ်ဝင်စားသည်ဟုအထင်မှားမိလေသည်။
"ဟုတ်တယ် ဖေဖေ သူကမေမေ့သူငယ်ချင်း ..သမီးကိုအရုပ်တွေပေးတယ်..သမီးနဲ့မေမေ့ကိုညစာလည်းအပြင်မှာခေါ်ကျွေးတတ်တယ် ..တစ်ခါတစ်လေ သမီးကိုအိမ်စာလဲဝိုင်းလုပ်ပေးသေးတယ် ..သမီးသူ့ကိုသဘောကျတယ်....ဒါပေမယ့် daddy ကသမီးရဲ့ No.1 daddy ပဲ"

ဒီလိုခံစားရတာကိုး အစားထိုးခံရတာကိုကြောက်မိခြင်းနှင့်နာကျင်ရခြင်းဆိုတာ...

ညနေခင်း၏နေရောင်ခြည်လေးများကပြတင်းပေါက်မှကျရောက်လျက်ရှိသည်။ Heeran ကတော့ ဆိုဖာပေါ်တွင်ငိုက်မြည်းလျက်ရှိသည်။ သူမအိပ်ပျော်သွားသောအခါငြိမ်သက်လျက်ရှိသည်။ လှုပ်ရှားမှုဆိုလို့အသက်ရှူလိုက်တိုင်းနိမ့်မြင့်လျက်ရှိသောသူမရင်ဘတ်ကလေးပင်။ နိုးနေလျှင်ဤအခန်းတစ်လျှောက်ဟိုဟိုသည်သည်ပြေးလွှားနေတတ်သောကလေးမမှာယခုအိပ်နေသောသူနှင့်တစ်ယောက်တည်းဟုပြောရန်ပင်ခက်လှသည်။ သူမအိပ်ပျော်နေသည်မှာနတ်သမီးလေးအတိုင်းပင်..သူမအသားအရေကနှင်းစက်လို..။
Heeran ကို Baek လာကြိုရမည့်အချိန်ပင်ရောက်လုပြီ။ Heeran ဒီထက်ပိုကြာကြာနေလျှင်ကောင်းမည်ဟု Baek တွေးမိသည်။ မတတ်နိုင်ပါလေ..သူပိုင်ဆိုင်ထားခဲ့ပြီးသောအရာကိုသူကိုယ်တိုင်ပင်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ လူခေါ်ခေါင်းလောင်းသံကြားတော့ Chanyeol သူ့လက်ပတ်နာရီကိုကြည့်လိုက်မိသည်။ ဒီနေ့ Baek နည်းနည်းစောသည်ပဲ။သူတံခါးဖွင့်ပေးရန်သွားလိုက်သည်။

သို့သော် Baek အစား Kyungsoo ကတံခါးဝတွင်ရှိနေခဲ့လေသည်။

"ငါနင့်ကိုလွမ်းနေတာ Chanyeol-ah"
Chanyeol သက်ပြင်းချမိသည်။ "ငါနင့်ကိုပြောခဲ့ပြီးပြီလေ..ငါတို့မဖြစ်နိုင်တော့ဘူးဆိုတာ..ငါနင့်ကိုမချစ်ဘူး..ပြီးတော့ နင်လဲငါ့ကိုမချစ်တာဖြစ်နိုင်တယ်"
"ငါ့ကိုအထဲပေးမဝင်တော့ဘူးလားဟင် ..ချစ်တယ် Chanyeol ရယ်" Chanyeol လက်ကိုလှမ်းဆွဲရင်းKyungsoo ပြောသည်။
"မရဘူး Kyungsoo..Heeran အထဲမှာရှိနေတယ်..ငါတို့ဒီထက်ပိုပြီးပြောစရာမရှိတော့ဘူး"
Kyungsoo.မျက်ခုံးအနည်းငယ်တွန့်လိုက်ကာ
" အဆင်ပြေပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ငါကသူ့မိထွေးဖြစ်လာမှာပဲလေ ဟုတ်တယ်နော် Chanyeol?.ငါတို့သူ့ကိုအတူပျိုးထောင်ကြမယ်လေ နော် Yeol ရယ်ဒီလိုပုံကြီီးမနေပါနဲ့ "
ပြောရင်းနှင့် Kyungsoo တစ်ယောက်ခြေဖျားထောက်ကာ Chanyeol နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။

Chanyeol တစ်ယောက်အငိုက်မိသွားလေသည်။ ထို့နောက် Kyungsoo ကိုသူတွန်းထုတ်လိုက်ကာဒေါသထွက်လာမိသည်။ ထိုဒေါသက ခဏအတွင်းပျောက်ကာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်ပြောင်းလဲသွားတော့သည်။

ထိုအခိုက်အတန့်လေးတွင်Baekhyun ရှိနေခဲ့ခြင်းဖြစ်သည်။Baek အားလုံးမြင်သွားခဲ့ပြီဖြစ်သည်။ Baek မျက်နှာကခံစားချက်ကင်းမဲ့လျက် ..Heeran နှင့်သူအိမ်ကထွက်သွားမည်ကို Chanyeol ကိုပြောတုန်းကကဲ့သို့ပင်။

"ခွင့်ပြုပါဦး " Baek ကဆိုရင်း Chanyeol နှင့် Kyungsoo ကိုဖြတ်လျှောက်လိုက်သည်။
"အပျက်မ" Kyungsoo တီးတိုးရေရွတ်လိုက်ပေမယ့် Baek ကြားမိနိုင်လောက်အောင်တော့ကျယ်သေးသည်။
Baek မျက်နှာရုတ်တရက်တင်းမာလာသည်။Baekရင်ထဲတွင်သိမ်းထားသောဒေါသအရှိန်ဖြင့်လက်မြှောက်ကာ Kyungsoo ပါးကိုခပ်ပြင်းပြင်းရိုက်ချလိုက်သည်။ Baek ၏ရုတ်တရက်ပေါက်ကွဲမှုကိုအသားမကျသေးသော Kyungsoo နားကပ်ကာ Baek တီးတိုးပြောလိုက်သည်။

" နင့်ကိုလူတွေခေါ်နေတဲ့နာမည်ကို နင့်ကိုယ်နင်ပြောလိုက်တာလား? အမှန်ကိုဝန်ခံလိုက်တာပေါ့? "

" နင် !" Kyungsooသူ၏နီရဲနေသာပါးပြင်ကိုကိုင်လျက်တန်ပြန်ရိုက်ရန်လက်ကိုမြှောက်လိုက်သော်လည်းChanyeol ကသူ့လက်ကိုဆွဲကာတားလိုက်လေသည်။

"သွားတော့ Kyungsoo" Chanyeol ကပြောတော့ Baek နှုတ်ခမ်းထောင့်စွန်းလေးကော့အောင်ခပ်ထေ့ထေ့မဲ့ပြုံးလေးပြုံးလိုက်မိသည်။

"မလိုပါဘူးလေ ငါကဒီမှာ Heeran ကိုပဲလာကြိုတာ ..၂ မိနစ်လောက်ပဲစောင့် ..ပြီးရင်နင်တို့လုပ်မယ့်ဟာဆက်လုပ်ကြပေါ့ ..နှောင့်ယှက်မိတဲ့အတွက် sorry ပဲ" Baek သူပြောချင်ရာပြောပြီးဘာကိုမှဂရုမစိုက်ဘဲတံခါးမှဝင်ကာ Heeran ကိုသွားနှိုးလိုက်သည်။

" မေမေ သမီးမပြန်ချင်သေးဘူး" Heeran လေးရှိုက်ငိုလျပ် Baek လက်ကိုနောက်သို့ပြန်ဆွဲထားပြီး ကြမ်းပြင်တွင်ခြေကုပ်ထားလေသည်။

" ဒါသမီးတို့အိမ်ပဲလေ ဘာလို့ပြန်ရမှာလဲ" ပြောရင်းသူမ Chanyeol ကိုအကူအညီတောင်းသလိုလှည့်ကြည့်လိုက်သည်။
" daddy သမီးမပြန်ချင်ဘူး"
ပထမဆုံးအနေဖြင့် Baek တစ်ယောက် Heeran ကိုအသံမြှင့်၍ပြောလိုက်သည်။

"Heeran နားထောင်စမ်း !ဒါ ငါတို့အိမ်မဟုတ်ဘူး..အရင်တုန်းကပဲဟုတ်တယ် အခုမဟုတ်တော့ဘူး..ပြန်ရအောင် Heeran နောက်ကျနေပြီ"
Heeran ကတော့ Chanyeol ဆီသို့ပြေးသွားပြီးကိုယ်နောက်တွင်ပုန်းကာ Chanyeol ဘောင်းဘီစကို ဆုပ်ကိုင်ထားသည်။

"Heeran ငါနောက်ဆုံးတစ်ခေါက်ပြောမယ်နော်" မျက်ရည်များ Baek မျက်နှာပေါ်စတင်ကျဆင်းလာပြီဖြစ်သည်။ သူ့လက်သီးဆုပ် ဖြူသွားသည်အထိ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
" သမီးကမေမေ့ကိုချစ်တဲ့ ကလေးအလိမ္မာလေးပါ..မေမေနဲ့ပြန်လိုက်ခဲ့ပါ"

Heeran မျက်ရည်ပေါက်ကြီးများကျလျက်ပို၍ကျယ်ကျယ်အော်ငိုလိုက်သည်။
" အမေနဲ့အဖေ နှစ်ယောက်လုံးကိုသမီးချစ်တယ် ဘာလို့အမြဲသမီးကိုရွေးချယ်ခိုင်းရတာလဲ ..နှစ်ယောက်လုံးကိုချစ်လို့မရဘူးလား? တစ်အိမ်ထဲမှာအတူနေလို့မရဘူးလား? မေမေ့ကို မုန်းတယ်..ဖေဖေ့ကိုလဲမုန်းတယ် အီးးဟီးး ဟီးး"

Baek တစ်စက္ကန့်လေးမျှသည်းမခံနိုင်တော့..ကားဆီသို့သွားကာကားစက်နှိုူးလိုက်သည်။ Chanyeol လဲ Heeran ကိုချီကာသူ့ကားပေါ်သူတက်လိုက်တော့ Kyungsoo တစ်ယောက်တည်းကျောက်ရုပ်လို အိမ်ပြင်တွင်ကျန်ခဲ့လေသည်။ ဤအိမ်ထဲတွင်သူ့အတွက်နေရာဘယ်တော့မှမရှိခဲ့သည်ကိုတော့ Kyungsoo နားလည်လိုက်မိပါသည်။

ယုံကြည်မှုဆိုတာ လက်ဆောင်တစ်ခုဖြစ်နိုင်သလို

လက်နက်တစ်ခုလဲဖြစ်နိုင်ပါတယ်

ဒိုင်းတစ်ခုလဲဖြစ်နိုင်သလို

ကျည်အပြည့်နဲ့မောင်းတင်ထားတဲ့သေနတ်တစ်လက်လဲဖြစ်နိုင်ပါတယ်

အချစ်ဆိုတာတစ်စုံတစ်ယောက်ကို ကောင်းကင်ဘုံသို့

ပို့ပေးနိုင်သလို

ငရဲကိုလဲခေါ်ဆောင်သွားနိုင်ပါတယ်

တစ်စုံတစ်ယောက်ကိုယုံကြည်မှုသေနတ်ကိုပေးပြီးထိုသေနတ်ရှေ့
မှာရပ်ဖို့ဆိုတာ အန္တရယ်ရှိတဲ့စတေးခံမှုလိုပါပဲ

ဒိုင်းဖျက်ဆီးခံရပြီးတစ်စုံတစ်ယောက်ကသေနတ် ခလုတ်ကိုစဆွဲလိုက်ပြီဆိုတာနဲ့

ပြောစရာဆိုလို့ နာကျင်မှု သာရှိပါတော့တယ်

*****

*C24*
မြန်မြန် update ပေးမယ်ပြောပြီးမှနောက်ကျသွားလို့ sorry ပါနော်..
next chapter is a surprise!
Thanks for reading,voting and adding to reading lists.

Continue Reading

You'll Also Like

566K 35.1K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
270K 47.4K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
97.3K 5.6K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️