ချစ်တယ် Hyung ရယ်
By jargiido_1215
74.5K 5.9K 126
Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More
Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-5
3.5K 320 2
By jargiido_1215
လူတစ်ယောက်ရဲ့ရယ်နေတဲ့ပုံစံကကြည့်ကောင်းချင်ကြည့်ကောင်းလိမ့်မယ် အဆန်းမဟုတ်ပေမယ့် အဲ့ဒိလူရဲ့ ရယ်တဲ့ပုံစံကို အသက်ရှုဖို့မေ့လောက်အောင်ကြည့်နေမိမယ်ဆိုတာ ကျွန်တော်ဘယ်တုန်းကမှမတွေးဖူးခဲ့တဲ့အရာပါ ။ရယ်နေတဲ့ပုံစံ မျက်လုံးတွေကအရောင်တဖျတ်ဖျတ်လတ်နေသလိုပဲ။ ရယ်လိုက်တော့ပါးနှစ်ဖက်ကမို့တတ်သွားတယ် ။ဖောင်းနေတာကိုး။ နှုတ်ခမ်းက heart shape ပုံစံဖြစ်သွားတာ အထင်အရှား ။သူ့ကိုကြည့်ရင်း ကြည့်နေတဲ့သူပါသူ့အပျော်တွေသူ့အရယ်တွေကူးစက်လာအောင် ဆွဲဆောင်မှုရှိလွန်းနေတာ။ တစ်ခါမှ အဲ့လိုအားရပါးရရယ်တာကိုမမြင်ဖူးမိလို့ မျက်တောင်မခတ်မိအောင်ကျွန်တော်စိုက်ကြည့်နေမိတာထင်ပါရဲ့ ။
ကျွန်တော်ဘယ်လောက်တောင်စိုက်ကြည့်နေမိလဲမသိ ရယ်နေရင်းမှ ကျွန်တော်ဘက်ကိုရုတ်တရပ်လှည့်ကြည့်လိုက်တော့ ကဗျာကယာ မျက်နှာလွဲလိုက်ရပြီးမကြည့်သလိုနေလိုက်ရတယ် ။
အားးးးး ။Kim Jongin။ ဘယ်တုန်းကယောက်ျားတစ်ယောက်ကိုအဲ့လောက်ထိစိုက်ကြည့်ဖူးလို့တုန်း။ အလုပ်ထဲစိတ်နှစ်ထားစမ်း အလုပ်ကိုပဲတွေးစမ်း ။ကိုယ့်ကိုကိုယ် အားပေးလိုက်ရပေမယ့် ကျွန်တော့်စိတ်တွေက အဲ့အပြုံးဆီမှာပဲတဝဲလည်လည် ။
ကျွန်တော့်ကို ကျွန်တော်လဲ တော်တော်ထူးဆန်းနေတယ်လို့ထင်မိတယ်။ အခုတလော ကျွန်တော် အဖွဲ့မှုး Do KyungSoo ကိုပဲ အာရုံစိုက်နေမိတာကိုပါ။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ coffee ဆိုင်မှာတွေ့ပြီးကတည်းက ကျွန်တော် စိတ်တွေတစ်မျိုးဖြစ်နေခဲ့တယ် ။မဟုတ်ဘူး တကယ်တော့ သူတို့နဲ့မတွေ့ခင်ကထဲက ထူးဆန်းနေခဲ့တာ ။အားငယ်စိတ်နဲ့ငိုနေတဲ့ မျက်ဝန်း၊ အားကိုးတကြီးရင်ခွင်ထဲဝင်လာပြီး ရှိုက်ငိုနေတဲ့အသံ၊ အဲ့ဒါတွေကကျွန်တော့်စိတ်ထဲကနေဖျောက်လို့မရဘူးဖြစ်နေခဲ့တာ ။
အခုလက်ရှိကျွန်တော်တွေ့နေရတဲ့ အဖွဲ့မှုးပုံစံ နဲ့ ဟိုတစ်နေ့ကကျွန်တော့်ရှေ့မှာ ငိုခဲ့တဲ့ ပုံစံ လုံးဝခြားနားနေခဲ့တယ် ။အလုပ်မှာတော့တကယ်ကို တော်တဲ့အဖွဲ့မှုးတစ်ယောက်ပါ ။တခြားအဖွဲ့က ဝန်ထမ်းတွေရဲ့လေးစားမှုလဲခံရတဲ့အပြင် အဖွဲ့မှုးအချင်းချင်းထဲမှာလဲ အရည်အချင်းရှိတယ်လို့ သတ်မှတ်ခံထားရတဲ့သူတစ်ယောက်ပါ။ အေးအေးနေတတ်ပြီး အရယ်အပြုံးလဲနဲတယ်လို့လဲ မှတ်ချက်ပေးကြတယ်။ ဟုတ်တော့လဲဟုတ်တယ် ။အလုပ်ကိစ္စကလွဲလို့ အလုပ်အကြောင်းအရာတွေကလွဲလို့ ဘယ်သူနဲ့မှ ရယ်ပြုံးပြီးစကားပြောတာမရှိဘူး။ အနေအရမ်းတည်တဲ့ပုံစံလဲမဟုတ်ပြန်ဘူး။ အနေအေးတယ်ပဲပြောရမှာပါ။ အားလုံးနဲ့လိုက်လျောညီအောင်နေတတ်ပေမယ့် ဖော်ရွေလွန်းတဲ့ပုံမဟုတ်တာကသူ့ရဲ့ စွဲဆောင်မှုပြောရမလား ။
ဒါပေမယ့် သူ့သူငယ်ချင်းဖြစ်တဲ့ Chanyeol တို့ Baekhyun တို့ နဲ့စကားပြောရင်တော့ အရင်ကပုံတွေနဲ့ခြားနားစွာ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နဲ့လေ ။
အခုလဲ Chanyeol တစ်ယောက် အလုပ်က္စိစနဲ့လာရင်း စကားလက်စုံကျနေတယ်ထင်ပါရဲ့ ။စကားတွေပြောရင်းရယ်နေလိုက်ကြတာ ကျွန်တော်ငေးကြည့်နေတာကိုတောင်သတိမထားမိဘူးထင်ပါရဲ့။ ကျွန်တော်လဲကြည့်ကောင်းကောင်းနဲ့ သတိလက်လွတ်ကြည့်နေမိတာလေ။ တကယ်ပါ ။ကျွန်တော့် Hyung ရယ်ရင်အရမ်းချစ်ဖို့ကောင်းတာအဲ့ဒိနေ့ကသိလိုက်ရတယ်။ အမြဲရယ်နေရင်ကောင်းမှာပဲ ။အမြဲရယ်နေနိုင်အောင် လုပ်ပေးချင်မိတဲ့စိတ်တွေဝင်လာမိတာကိုတော့ငြင်းမရခဲ့ဘူး ။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡
တဖြည်းဖြည်းနဲ့ကျွန်တော်အလုပ်မှာနေသားကျလာခဲ့တယ်။ ကျွန်တော်ရဲ့သွက်လက်မှု ။ရိုသေမှု ။ကြိုးစားမှု။ အားလုံးနဲ့လိုက်လျောညီထွေနေတတ်မှုတွေက အလုပ်ထဲမှာ သဘောကောင်းသောကောင်လေး စိတ်ထားကောင်းသောကောင်လေးဟုမှတ်ချက်ပေးကြရလောက်အောင် အလုပ်နဲ့ကျွန်တော်အံဝင်ခွင်ကျဖြစ်နေခဲ့တယ် ။လူချစ်လူခင်ပေါ်လာတယ်ပေါ့ဗျာ ။
Chanyeol Hyung , Baekhyun Hyung တို့နဲ့တောင်တော်တော်ခင်လာတယ်ပြောရမယ်။ Chanyeol Hyung နဲ့က အလုပ်ထဲမှာအမြဲတွေ့နေကြမို့ တစ်ခါတလေ နေ့လည်စာစားတဲ့အချိန်တွေမှာပါတိုးရင် အတူတူစားဖြစ်ကြတယ်။ Hyungလဲပါတာပေါ့လေ။ ဒါမယ့်ကျွန်တော်နဲ့ Chanyeol Hyung သာစကားတွေပြောတာပါ ။Hyung ကတိတ်ဆိတ်လို့ ။
Baekhyun Hyung ကတော့ ကျွန်တော်နဲ့ KyungSoo Hyung စတွေ့ခဲ့တဲ့ coffee ဆိုင်လေးက Baekhyun Hyung ရဲ့ဆိုင်ဖြစ်နေတော့ အလုပ်လာတဲ့မနက်ခင်းတိုင်း ထိုcoffee ဆိုင်ထဲက coffee နဲ့cake အမြဲဝင်စားတတ်တဲ့ကျွန်တော်နဲ့ ဆိုင်ပိုင်ရှင် Baekhyun Hyung တို့ အလိုလိုကိုခင်လာတော့တာလေ ။
ကျွန်တော်နဲ့ ထိုနှစ်ယောက်ခင်မင်မှုနက်ရှိုင်းလာပေမယ့် KyungSoo Hyung နဲ့ကျွန်တော်ကတော့ အထက်လူကြီးနဲ့ ဝန်ထမ်းလက်အောက်ငယ်သား ဆက်ဆံရေးမှလွဲပြီးရှေ့ဆက်ဖို့အတွက်ကအခုထိဝေးကွာလွန်းနေသေးတယ် ။
ကျွန်တော်တကယ်ပဲ KyungSoo Hyung ကို အရမ်းကိုခင်မင်ချင်မိခဲ့တာပါ။ Chanyeol Baekhyun Hyung တို့လိုမျိုးပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ ရယ်ရယ်မောမောအတူတူရှိချင်ခဲ့မိတာပါ။ Baek Hyung တို့ပြောပြလို့ KyungSoo Hyung ရဲ့ စိတ်သဘောထားဘယ်လောက်ကောင်းကြောင်း အမူအကျင့်တွေ သိလိုက်ရတဲ့အချိန် ပိုတိုးပြီးတောင်ခင်မိချင်ခဲ့တာပါ ။
ဒါမယ့် ဒါဟာကျွန်တော်ရဲ့တဖက်သတ် ဖြစ်ချင်စိတ်သာဖြစ်ပြီး KyungSoo Hyung ဘက်က ဘာမှထူးခြားမလာတဲ့အခါ ဝမ်းနည်းစိတ်ဝင်မိတာက ဘာအတွက်မှန်းကျွန်တော်မသိခဲ့ဘူး ။Baek Hyung ပြောပြတာကတော့ အရင်ကလူတိုင်းကို ခင်မင်တတ်ပေမယ့် အတိတ်မှဖြစ်ခဲ့တာတစ်ခုကြောင့် လူတိုင်းကိုခင်မင်ဖို့ကြောက်ရွံ့သွားခဲ့တာတဲ့။ အဲ့အတိတ်ကိုကျွန်တော်အရမ်းသိချင်နေပေမယ့် KyungSoo Hyung ရဲ့ချစ်သူငယ်ချင်းတွေပီပီ လုံးဝနှုတ်ပိတ်နေခဲ့ကြတာလေ။
♡♡♡♡♡♡♡♡♡♡♡♡♡♡
တစ်ရက်မှာပေါ့ ။
ကျွန်တော်တို့အလုပ်နားတဲ့ရက်ပေါ့ Baekhyun Hyung က အလုပ်နားရက်မှာ ပရဟိတလုပ်ဖို့ကျွန်တော်ကို ခေါ်တယ် မိဘမဲ့ဂေဟာကိုသန့်ရှင်းရေးတို့ ဆေးသုတ်တာတို့ ပြုပြင်စရာရှိတာတွေပြုပြင်ဖို့ပေါ့ ။သူတို့တွေကတော့ အချိန်ရရင်ရသလို သွားနေကြတဲ့လေ။ ကျွန်တော့်ကိုလိုက်မလားခေါ်တော့ကျွန်တော်လဲစိတ်ဝင်စားတာနဲ့ လိုက်ဖြစ်သွားတယ် ။မနက်စောစော ရေချိုးပြင်ဆင်ပြီး ပေါ့ပေါ့ပါးပါးရှပ်အကျီင်္နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်လာလိုက်တယ် ။
Baek Hyung coffee ဆိုင်မှာပဲ စုံဖို့ချိန်းထားကြတာမို့ ကျွန်တော် coffee ဆိုင်ရှိရာ ထွက်လာခဲ့လိုက်တယ် ။
coffee ဆိုင်လေးဖွင့်ထားတာကိုတွေ့တော့ Baek Hyung တို့ရောက်နေပြီထင်တယ် ကျွန်တော်တွေးပြီး ဆိုင်တံခါးကိုတွန်းဖွင့် အသံကျယ်ကျယ်နဲ့ Baekhyun Hyung ဝီရိယကောင်းလှချည်လား ပြောပြီးဝင်လာလိုက်တယ် ။
ကျွန်တော့်အသံတွေရပ်တန့်သွားရတယ် ဆိုင်ထဲရှိနေတာ Baekhyun မဟုတ်ဘဲ မျက်လုံးပြူးပြူးလေးကကြိုဆိုနေတာတွေ့တော့ ကျွန်တော့် အသံတစ်ဝက်တပြတ်နဲ့ရပ်သွားရတယ်။ လျှောက်နေတဲ့ခြေလှမ်းတွေပါတုံ့ဆိုင်းသွားတယ် ။
" Jongin လဲလိုက်မှာလား "
မေးသံကြားမှသတိဝင်သွားမိတယ် ။ဟုတ်ကဲ့တောင်မဖြေမိ။ ခေါင်းကိုပဲညိတ်လိုက်မိတယ်ထင်ပါ့ ။
" ထိုင်လေ ဘာစားပြီးပြီလဲ "
Hyung အမေးကိုပါးစပ်ကသေချာမဖြေလိုက်ရပေ။ ဗိုက်ကဂွီကနဲအသံပေးလိုက်တာအကျယ်ကြီး။
ရှက်တာ။ မနက်လင်းတာနဲ့ဆာတတ်တဲ့ကျွန်တော်ဗိုက်ကိုဒီတစ်ခါတော့အပြစ်တင်မိတယ်။ ထိုင် မနက်စာလုပ်ပေးမယ်လို့ပြောပြီး bar အနောက်ဖက်ဝင်ကာ coffee ဖျော်နေတဲ့Hyung ကို ကျွန်တော် bar နဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်ပြီး ကြည့်နေမိတယ် ။
coffee ကိုသေသေချာချာနှပ်ဖျော်နေပြီး ပန်ကိတ်လုပ်နေတဲ့ Hyung ပုံက ထူးခြားနေတယ် ။အပြင်သွားမှာမို့ ပေါ့ပေါ့ပါးပါး တီရှပ်အဖြူလေးပေါ်မှာရှပ်အကျီင်္ အကွက် နက်ပြာလေးထပ်ဝတ်ထားပြီးဂျင်းဘောင်းဘီအကျပ်အနက်ရောင်လေးနဲ့ Hyung ပုံက အေးအေးချမ်းချမ်းရှိနေတယ် ။အမြဲတမ်းကုတ်အကျီင်္ necktie တွေနဲ့ပဲတွေ့နေရတော့ အခုပုံလေးက Hyung ကိုပိုနုနယ်သွားစေတယ်။ ကလေးလေးနဲ့တူလိုက်တာနော် လို့ကျွန်တော်တွေးမိတော့ ရင်ထဲတစ်မျိုးလေးခံစားလိုက်ရတယ် ။
ကျွန်တော့်ရှေ့ coffee နဲ့ ပန်ကိတ်ကိုချပေးပြီးမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။
" ကြိုက်ပါ့မလားမသိဘူး အဆင်မပြေရင်ပြောနော်ပြန်ပြင်ပေးမယ် "
ကျွန်တော် coffee ခွက်ကိုကိုင်ကာတစ်ငုံသောက်လိုက်မိတယ်။ ကောင်းလိုက်တာဗျာ ။ခါးသက်သက်လေးနဲ့ ဆိမ့်နေတဲ့အရသာ။ ကျွန်တော်သောက်ဖူးသမျတွေထဲမှာအကောင်းဆုံးပဲ ။ပန်ကိတ်ကလဲ ဘယ်လိုစားကောင်းမှန်းကိုမသိတာ ။ကျွန်တော်အရသာတွေ့နေမိတာမှ ခနလေးအတွင်း coffee ရောပန်ကိတ်ကောပြောင်သလင်းခါသွားတယ်။ ကျွနတော်အားရပါးရစားနေတာကို Hyung က ကျေနပ်နေတဲ့မျက်နှာလေးနဲ့ကြည့်နေတယ်လေ ။
" စားကောင်းလိုက်တာ , Baekhyun Hyung ဆီက coffee ဖျော်တာသင်ထားတာလား "
ကျွန်တော်မေးတော့ Hyung တစ်ချက်ပြုံးလိုက်တယ် ။ဒီလောက်နီးနီးကပ်ကပ်အခြေအနေနဲ့ Hyung ပြုံးတာကိုတစ်ခါမှ မမြင်ဖူးတော့ကျွန်တော်ငေးသွားရတယ် ။
ရင်ထဲတစ်ချက်ထခုန်တော့ သတိမနဲပြန်ထားလိုက်ရတယ်။ ဘာလဲကွ Kim Jongin ။မင်းရင်ခုန်တာတွေရင်ထဲတစ်မျိုးဖြစ်တာတွေများနေပြီ။ မင်းရှေ့ကယောက်ျားလေးလေ။ ယောကျာ်းတစ်ယောက်ပြုံးတာကိုရင်ခုန်တယ်ဆိုတော့ ဘာလဲ ။မင်းဘာလဲ။ သတိထားစမ်း ။ကိုယ့်ကိုကိုယ် အားပေးပြီး အရှေ့မှာရှိနေတဲ့ Hyung ကိုတောင်ရဲရဲမကြည့်ဝံ့တော့ဘူး ။
တကယ်တော့ ကျွန်တော်ရင်ခုန်နေတတ်တာအခုမှမဟုတ်ပါဘူး။ ဒီအတောအတွင်း Hyung အပြုံးကိုတွေ့တိုင်း Hyung ကျွန်တော့်ကိုကြည့်တိုင်း ကျွန်တော့်ရင်တွေ လှုပ်ရှားနေတတ်တာ ကြာပါပြီ ။ဘာကြောင့်လဲ။ ဘယ်အချိန်ကစခဲ့လဲကျွန်တော်မသိဘူး။ ကိုယ့်ကိုကိုယ်လဲထူးဆန်းနေတယ်လို့ခံစားခဲ့မိတာအခါခါ။ ကျွန်တော်ဘာတွေဖြစ်နေလဲဆန်းစစ်မိတာအကြိမ်ကြိမ် အဖြေကတော့ Do KyungSoo ဆိုတဲ့လူနဲ့ပတ်သက်မိနေတယ်ထင်ပါရဲ့ ။
Continue Reading
You'll Also Like
397K 11.3K 28
တော်ဝင်ဂုဏ် + ရှေးဆန်သူ
1.9M 90.8K 57
1.1M 25.8K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
241K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...