Cheer Up!Teacher Jong
By fireflyskylight
128K 13.7K 678
KaiSoo;KADI More
Cheer Up! Teacher Jong
Cheer Up!Teacher Jong
Cheer Up!Teacher Jong
*****Part 4 *****
*****Part 5 *****
****** Part 6*****
*****Part 7 ******
******Part 8******
*****Part 9*****.
*****Part 10*****
*****Part 11 *****
*****Part 12 ******
******Part 13******
*****Part 14 ******
*****Part 15*****
*****Part 16 ******
*****Part 17******
****Part 18****
Part 19
*****Part 20 ******
Final
****Part 3*****
6.3K 665 15
By fireflyskylight
Cheer Up ! Teacher Jong
Jongin စကား ​ရှေ့ မဆက်​နိုင်​​တော့ပါ...Jongin အင်္ကျီ လက်​ကို လှမ်းဆွဲကာ​ခြေဖျား ​ထောက်​ပြီး
Jongin ပါးစပ်​ကို သူ့ နှုတ်​ခမ်း​တွေနဲ့ ပိတ်​ပစ်​ လိုက်​သည်​..... Jongin ဘက်​က ငြိမ်​သွား​တော့မှ
Kyungsoo......ခင်​ဗျား က​လေ စကား အရမ်း​ပေါတာဘဲ နားညီးတာ ဆိုပြီး သူ့ကို တစ်​ချက်​ပုတ်​ကာ ထွက်​သွားတဲ့ သူ့  တပည့်​ကို Jongin တစ်​​ယောက်​ အဲ့​နေရာတင်​ ရပ်​ကာ ​ကြောင်​ကြည့်​​နေတယ်​​လေ
¥¥¥¥¥¥¥
ရှေ့က​နေထွက်​သွားတဲ့ Kyung Soo က​တော့ ဘာ Feeling မှ မရှိဘဲ ​နောက်​မှာ ကျန်​ခဲ့တဲ့ Jongin က​တော့ အဲ့​နေရာ တင်​ ​ကျောက်​ရုပ်​ ဖြစ်​​နေသလားပင်​.... သူ့ ကို သူ့ တပည့်​ က နမ်းသွားတာ..... ​ပြောရရင်​ သူက အခု အသက်​ ၂၁ နှစ်​​ရောက်​တဲ့ အထိ အနမ်း လည်း မခံ ရဘူး ရည်းစား လည်း မထား ဘူးတဲ့ သူတစ်​​ယောက်​.... အမြဲတမ်း စာအုပ်​ ပုံထဲ ဘဲ​ခေါင်းစိုက်​​နေတတ်​တာ သူ့ အကျင့်​ .......ခု ခု သူ့ တပည့်​ က ပထမဆုံး Kiss ကို ယူသွားတာ့ ....သူ့မှာ ရင်​ထဲ ဗရမ်း ဗတာ ဖြစ်​ပြီး ကျန်​​နေခဲ့ပြီ​လေ...
¥¥¥¥¥¥¥
Kyung Soo က​တော့​အေး​အေး ​ဆေး​ဆေး ကား​မောင်း ကာ အိမ်​ပြန်​လာခဲ့သည်
အိမ်​​ရောက်​​တော့ ကား​သော့​လေး ယမ်းပြီး အိမ်​ထဲ ၀င်​လာ​တော့
သူ့  Appa ရဲ့ သား ဒီ​နေ့ ​နောက်​ကျ ​တယ်​​နော်​ ဆိုတဲ့ စကား ကို သူ မသိကျိုးနွံ ပြုကာ သူ့ အခန်း ထဲ သူ ၀င်​လာခဲ့သည်
အခန်းထဲ ​ရောက်​ တော့ တိုင်​မှာ ချိတ်​ထား တဲ့ သူ့ Omma ပုံကို ကြည့်​ပြီး
Omma !! သား ပြန်​လာပြီ ....သား ​လေ သိလား အရမ်း အထီး ကျန်​တာဘဲ.. Omma မရှိ​တော့... သား ကို ဘယ်​သူမှ ဂရု မစိုက်​ကြဘူး Omma ကို သား အရမ်း လွမ်းတာဘဲ ဆိုပြီး ခုတင်​​ပေါ်မှာ ထိုင်​ငို ​နေတဲ့ ​ကောင်​​လေး ကို​တော့ ဘယ်​သူမှ သတိ မထား မိကြ​ပေ
¥¥¥¥¥¥¥
At Morning
အကို ​လေး ​ကျောင်းသွား ရပါ​တော့မယ်​ ထပါ​တော့ ဆိုပြီး အိမ်​​တော်​ ထိန်း  လာနှိုး ​နေ​တော့ သူ ​ခေါင်းအုံးနဲ့​ကောက်​​ပေါက်​ကာ
   " သွား ထွက်​သွားစမ်း ငါ ဒီ​နေ့ ​ကျောင်းမသွားဘူး ဆိုတဲ့ သူ့  အ​ပြောကို"
အိမ်​​တော်​ထိန်း က ​ပေကပ်​စွာ ရပ်​ကာ
  " အကို ​လေး မသွား လို့ မရပါဘူး အကိုကြီး Choi က ​ပြောထား လို့ပါ " ဆိုပြီး ​ပြောလိုက်​မှ  ခုနက ​ဒေါသ တကြီး တုံ့ပြန်​​နေတဲ့ Kyung Soo တစ်​​ယောက်​ ငြိမ်​သွားကာ
Hyung က ဖုန်းဆက်​ လို့လား
Nae !! ဆက်​ထား ပါတယ်​ အကို​လေး ကို နှိုးပြီး ​ကျောင်းသွား ခိုင်းပါ ဆိုပြီး
  Ok!! ငါသွားမယ်​ ဆိုပြီး ​ပြောလိုက်​မှ အိမ်​​တော်​ထိန်း လည်း ထွက်​သွားသည်
ဲအဲ့​တော့မှ Kyung Soo လည်း အိပ်​ရာ​ပေါ်က​နေထကာ ​ရေချိုးခန်းထဲ ၀င်​ကာ မျက်​နှာသစ်​ ​ရေချိုးပြီး
သူ့ကို အဆင်​သင့်​ ထုတ်​​ပေးထားတဲ့ ​ကျောင်းအင်္ကျီ ကို ကြည့်​ပြီး စိတ်​တိုင်း မကျတာနဲ့ လွှင့်​ ပစ်​ကာ ဘီဒိုထဲက ဘောင်းဘီ ဒူးပြဲ Skinny အနက်​​ရောင်​ နဲ့ အနက်​​ရောင်​ ရှပ်​ တစ်​ထည်​ကို ​ကောက်​၀တ်​ပြီး ​ကျောင်းအင်္ကျီ ကို​တော့ ကြယ်​သီး မတပ်​ဘဲ အ​ပေါ်က ထပ်​၀တ်​ကာ... လွယ်​အိတ်​ယူပြီး ​အောက်​ဆင်း ခဲ့သည်
အောက်​​ရောင်​​တော့ ဗိုက်​ဆာ​နေလို့ မနက်​စာ စား ဖို့အစ က ​တွေးလိုက်​​ပေမယ့်​ သူ မမြင်​ချင်​တဲ့ မျက်​နှာ ​တွေကို ​စော​စောစီးစီး ​တွေ့ ရတာ​ကြောင့်​ သူ Breakfast ​တောင်​ မစား ဘဲ ​ကျောင်း ကို ထွက်​ခဲ့သည်
¥¥¥¥¥¥¥
Jongin တစ်​​ယောက်​ ဒီ​နေ့​တော့ သူ့ကား နဲ့ သူ ​ကျောင်းကို လာခဲ့သည်​ ​တော်​ကြာ မ​နေ့က လို သူ့ တပည့်​ က ​ပြော​နေတာ ကို သူမခံချင်​ပါ ..တပည့်​..... တပည့်​ ဆိုမှ သူ အဲ့​ကောင်​​လေး မျက်​နှာကို ကြည့်​ရမှာ သူတကယ်​ မျက်​နှာ  ပူတယ်​........ နမ်းသွားတဲ့ သူက ​တော့ ဘယ်​လို ​နေလည်း မသိ​ပေမယ့်​ အနမ်း ခံလိုက်​ ရတဲ့ သူက​တော့ ဘယ်​လို မျက်​နှာ ပြရမယ်​မှန်း​တောင်​ တကယ်​ မသိ​ပေ
Yeol...Teacher Jong ဘာ​တွေ​တွေး​နေတာလဲ ဆိုမှ သူ ​တွေး​နေတာ ကို ရပ်​လိုက်​ပြီး
Jong...အာ ဘာရယ်​ မဟုတ်​ပါဘူး
Yeol...ဟို က​လေး ​တွေ အကြာင်းလား
Jong....အင်း ကျွန်​​တော်​လည်း သူတို့ကို ဘယ်​လို ချုပ်​ ကိုင်​ ရမယ်​မှန်း ကို တကယ်​ မသိ​တော့ဘူး  ဆိုပြီး ​ပြောလိုက်​​တော့
Yeol...အနု နည်းသုံးကြည်​ပါ အရင်​ ဆရာ​တွေ အကုန်​လုံးက အကြမ်း နည်း​တွေ သုံးကြတယ်​ အပြစ်​​ပေးတာ မျိုး​ပေါ့ ခုချိန်​မှာအဲ့နည်း မသုံးဘဲ ​မေတ္တာ ​ပေးပြီး အနုနည်း သုံးမယ်​ ဆိုရင်​​တော့  ကြမ်းတမ်း ​နေတဲ့ ​ကျောက်​ခဲလို နှလုံးသား ​တောင်​ နူးညံ့​သေးတာဘဲ သူလည်း လူသား တစ်​​ယောက်​ဘဲ​လေ သူ့ကို အချစ်​​တွေ ​ပေးမယ်​ ဆိုရင်​ ​ပြောင်းလဲ လာမှာပါ ကြားဖူး တာ​တော့ သူက ​မေတ္တာ ငတ်​​နေတဲ့ က​လေး တစ်​​ယောက်​ဆိုဘဲ ​သွေးမ​တော်​ သားမစပ်​ Teacher Choi ကို Hyung Hyung ဆိုပြီး ခင်​တွယ်​ ​နေတာကိုကြည့်​​လေ
Jong...​ကျေးဇူးဘဲဗျာ ခုလို အကြံ​ပေးတာကို ကျွန်​​တော်​ ကြိုးစား ကြည့်​မယ်​ သူ ​ပြောင်းလဲ လာ​အောင်​​လေ အခု ​တော့ အတန်းတက်​​တော့မှာမို့ ခွင့်​ပြုပါဉီး ဆိုပြီး သူ နှုတ်​ဆက်​ကာ ထွက်​လာခဲ့သည်
¥¥¥¥¥¥¥
ကျောင်းတက်​ ​ခေါင်း​လောင်းထိုးသွားသည်​ အထိ Kyung Soo က ​ရောက်​မလာ ​သေးပါ သူ အလယ်​က လွတ်​​နေတဲ့ ​နေရာ ​လေး ကို တစ်​ချက်​ ကြည့်​ကာ သက်​ပြင်း ချလိုက်​ပြီး
Baekhyun!! မင်း သူငယ်​ချင်း ​ရော ​ကျောင်း မလာ​သေးဘူး လား ဆိုပြီး ​မေးလိုက်​​တော့
Baekhyun က Eye Liner အဆိုး မပျက်​ပင်​ အ​စောကြီး ရှိ​သေး တာ ကို ဆိုပြီး ​ဖြေလိုက်​တဲ့ အ​ဖြေ​ကြောင့်​ သူ စိတ်​ပျက်​သွားမိ သည်​ ထပ်​​မေး
လည်း မ​ထူး မယ့်​ အတူတူ
သူ့ ဖုန်း နံပါတ်​ ငါ့ကို ​ပေးပါ ဆိုပြီး သူ​တောင်းလိုက်​​တော့ ​ဘေးနားက Jongdae က ရွတ်​ပြလိုက်​တဲ့ Ph No ကို သူ ​ကောက်​မှတ်​ လိုက်​ရသည်
သူ့ စာသင်​ချိန်​ပြီးသည်​ အထိ Kyung Soo ​ရောက်​မလာ တာ​ကြောင့်
သူ့  အတန်းချိန်​လည်း ပြီးပြီမို့ သူ့ Contact List ထဲ ထည့်​မှတ်​ထားတဲ့ ဖုန်း​လေး ဆီ ဖုန်း​ခေါ်လိုက်​သည်
ခေါ်​ခေါ်ခြင်း ဖုန်းလုံးဝ မကိုင်​ဘဲ ငါးခါ​လောက်​ မည်​ပြီး မှ ​ကိုင်​လိုက်​ တဲ့ သူ တစ်​​ယောက်​ Hello ဆိုတဲ့ ​ကောင်​မ​လေး တစ်​​ယောက်​ အသံ ကြား​တော့ သူ တကယ်​ စိတ်​ပျက်​သွားမိသည်
Jong....ဒါ Kyung Soo ဖုန်း မဟုတ်​ဘူးလား ဆိုပြီး ​မေးလိုက်​​တော့
ကောင်​မ​လေးက
Girl....ဟုတ်​တယ်​  ဒါ Oppa ဖုန်း သူ အခု မအား ​သေးဘူး ဆိုတဲ့ အ​ဖြေ​ကြောင့်​ သူ ​သွေး​တွေ​တောင်​ ​စောင့်​တက်​လာ သလိုလို
Jong....မအား ရ​အောင်​ ဘာလုပ်​​နေတာလဲ   ပြီး​တော့ ဘာ Oppa ဟုတ်​လား မင်း ​ခေါ်​နေတဲ့ Oppa ဆိုတဲ့ ​ကောင်​​လေး က ၁၈ နှစ်​​တောင်​ မပြည့်​​သေး တဲ့ က​လေး တစ်​​ယောက်​မှန်း မင်း နားမလည်​ ဘူးလား ဆိုပြီး သူ ဖိ​ဟောက်​လိုက်​​တော့မှ
ကောင်​မ​လေး ဘက်​ က ​နေ
Girl...ဟို ဟို ဆိုတဲ့ လန့်​ ​နေသလို ဖြစ်​​နေတဲ့ အသံ ကြားရ​လေသည်
Jong....​နေပါဉီး ​နောက်​က သီချင်း သံ​တွေလည်း ကြား​နေရတယ်​ ဒါ Club မလား Day Club လား ဆိုပြီး ​မေးလိုက်​မှ
ကောင်​မ​လေး က ထစ်​ထစ်​ အအ နဲ့
Girl..Nae ဟုတ်​ပါ တယ်​ ဟို Oppa က Toilet ခန
Jongin...အဲဒါ အခု ဘယ်​​နေရာမှာလဲ
ဆိုပြီး သူ​မေး လိုက်​​တော့
ကောင်​မ​လေး က အလန်​တကြား  နဲ့ အဲ့​နေရာ လိပ်​စာ ကို ရွတ်​ပြ​လေသည်
သူလည်း ချက်​ချင်း ဘဲ Yeol ကို အကျိုး အ​ကြောင်း ​ပြောပြကာ အဲ့​နေရာ ကို ချက်​ခြင်း ဉီးတည်​ ခဲ့သည်
" ​တောက်​ ​စော​စော စီးစီး ကလပ်​ ​ရောက်​​နေတာ လား ဒီ​ကောင်​​လေး ဒီ က​လေး တစ်​​ယောက်​ က​တော့ သူ တကယ်​ ကို စိတ်​ပူ မိပါသည်​ "
¥¥¥¥¥¥¥
ကလပ်​ထဲ ၀င်​၀င်​ချင်း  ဆူညံ ပွက်​​လော ရိုက်​​နေတဲ့ သီချင်း သံ​တွေ နဲ့ သူ့ကို လာဖက်​တဲ့ ​ကောင်​မ​လေး နှစ်​​ယောက်​ကို သူ ပုတ်​ထုတ်​ရင်း
" ​ကျောင်းအင်္ကျီ နဲ့ ​ကောင်​​လေး ဘယ်​အခန်းမှာ လဲ ဆိုပီး ​မေးလိုက်​​တော့ "
ကောင်​မ​လေး ​တွေက မ​ဖြေချိန်​ ​ဖြေချိန်​​ လုပ်​​နေတာ​ကြောင့်​  သူစိတ်​​တွေ တိုလာကာ
" ​ပြောမှာလား မ​ပြောဘူး လား မ​ပြောရင်​ ခချက်​ချင်း ကာ စခန်း ကို ဖုန်းဆက်​မှာ​နေ်​ အသ်​ မပြည့်​​သေးတဲ့ ​ကျောင်းသား ကို ​ခေါ်ထား တဲ့ အမှု့ နဲ့ ဆိုပြီး သူ ဖိ​ဟောက်​လိုက်​မှ"
ကောင်​မ​လေး တစ်​ယောက်​ က Room 206 မှာပါ ဆိုပြီး ​ဖြေလိုက်​​တော့ သူ အ​ဖြေ ရရချင်း အဲ့အခန်းဆီဉီးတည်​ ခဲ့သည်
သူ့ ကို ကြည့်​​နေတဲ့ မျက်​လုံး​တွေ ကိုလည်း သူ ဂရု မစိုက်​အား ခု ချိန်​မှာ သူ့စိတ်​ထဲ ရှိတာ က တစ်​ခု တည်းပင်
အခန်းတံခါး ကို ၀ုန်း ခနဲ့ ​စောင့်​ ဖွင့်​ရင်းသူ ၀င်​လာခဲ့​တော့ မြင်​ရ​တဲ့ မြင်​ကွင်း​ကြောင့်​ သူ​တောက်​ တစ်​ချက်​ ​ခေါက်​လိုက်​မိသည်
" ကြည့်​စမ်းပါဉီး  မြင်​လိုက်​ ရတာက Kyung Soo က အလယ်​မှာ ထိုင်​ပြီး ​ကောင်​မ​လေး နှစ်​​ယောက်​ က တစ်​​ယောက်​ တစ်​ဖက်​စီ... စားပွဲ​ပေါ်က မုန်း​တွေ ကို တစ်​​ယောက်​ က Kyung Soo ကို ခွံ့ ​ကျွေးပြီး ​နောက်​တစ်​​ယောက်​ က​တော့ ပုခုံးပေါ်မှီ ကာ ပတ်​ချွဲနှပ်​ချွဲ လုပ်​​နေတယ်​​လေ.."
Kyung Soo က​တော့ သူ ​ရောက်​လာ တာကို အံ့သြ သလို ပုံ​လေး နဲ့
သူ ဘာစကား မှ မဆို​တော့ဘဲ Kyung Soo လက်​တစ်​ဖက်​ ကို ခပ်​ကြမ်း ကြမ်း ဆွဲကာ သူ့ လွယ်​ အိတ်​ကို ​ကောက်​ယူ​ပေး ပီး အခန်းထဲ က​နေ ထွက်​လာ ခဲ့သည်​ Kyung Soo ကို ဆွဲ​ခေါ်လာပြီး အပြင်​ ဘက်​​ရောက်​​တော့မှ
ဆွဲထား တဲ့ လက်​ကို လွတ်​လိုက်​ပြီး
" Do Kyung Soo!!! မင်း ကွာမင်း စာချိန်​ချိန်​မှာ ဒီ​ရောက်​​နေတယ်​ ဟုတ်​လား ဘာလာ လုပ်​တာလဲ ဆိုတဲ့ သူ့ အ​မေး ကို Kyung Soo က ​အေး​အေး ​ဆေး​ဆေးပင်​"
" မနက်​စာ လာစား တာ​လေ " ဆိုပြီး ပြန်​​ဖြေ လိုက်​ တာ​ကြောင့်​ သူ တကယ်​ ကို လန့်​သွား မိသည်
Jongin...ဘာ မနက်​စာ လာစား တယ်​ ဟုတ်​လား ဒါ မနက်​စာ စားရမယ့်​ ​နေရာ လား ဒါ ​ကျောင်းသား တစ်​​ယောက်​ ရှိ​နေရမယ့်​ ​နေရာ လား မင်း ကွာ မင်းအိမ်​က ​ရော မင်း ဒီလို ​တွေ လုပ်​​နေတာကို ဘာမှ မ​ပြောဘူးလား
Kyung.....မနက်​စာ ဘာလို့  ဒီမှာ လာစားလဲ ခင်​ဗျား သိလား သူတို့ ​တွေက ​နွေး​ထွေးတယ်​ ကျွန်​​တော့် ကို ဂရု စိုက်​တယ်​​လေ ခင်​ဗျားဒါ​တွေ နားလည်​မှာ မဟုတ်​ပါဘူး ပြီး​တော့ ကျွန်​​တော်​က တစ်​​ကောင်​ကြွက်​ ဘာ မိသား စုမှ မရှိဘူး ဆိုပြီး ခပ်​မာမာ ​ဖြေလိုက်​တဲ့ Kyung Soo ​ကြောင့်
Jongin လည်း ဆက်​​ပြော မ​နေ​တော့ဘဲ
Kyung Soo ကို ကားထဲ တွန်း ထည့်​ကာ သူ ကိုယ်​တိုင်​ ခါးပတ်​ ပတ်​​ပေး လိုက်​သည်
ဒီ က​လေး သူ ဒီက​လေး ကို ဘယ်​လို ချုပ်​ ကိုင်​ ရမလည်း ဆိုတာ သူ Minho နဲ့ တိုင်​ပင်​ ရမည်​ သူ ခုလို Kyung Soo ကို လွတ်​မထား ချင်​ပါ တကယ်​ ခုလို မျိုး Kyung Soo ထင်​ရာ စိုင်း​နေတာ ကိုလည်း သူ မကြည့်​ချင်​ပါ သူ အရင်​ ဆုံး Kyung Soo အ​ကြောင်း ကို ​သေချာ သိရ​အောင်​ Minho ကို ​မေးရဉီမည်​ ဆိုပြီး သူ ​တွေးမိလိုက်​သည်
" ဆင်း ​လေ ဘာ ​ကြောင်​ကြည့်​​နေတာလဲ မင်း Breakfast စား ချင်​ တယ်​ မလား လာ ဆင်းခဲ့ ငါ အချိန်​ သိပ်​မရဘူး အတန်း ၀င်​ရဉီးမှာ လာခဲ့"  ဆိုပြီး သူ ကိုယ်​တိုင်​ လက်​ဆွဲကာ သူ့ အမ Cafe ထဲကို Kyung Soo ကို ဆွဲ​ခေါ် လာခဲ့သည်
သူ့ အမ က​တောင်​ သု့ကို မြင်​​တော့ တအံ့ တသြ ဖြစ်​ကာ
နောက်​ပြ ​ပြောပြမယ်​ Noona ​ရေ ခု​တော့ သူစား ဖို့ အတွက်​ မုန့်​ယူ ခဲ့ပါ ဆိုပြီး ​ပြောလိုက်​ ​တော့
သူ့ အမလည်း အလိုက်​ တသိ ထွက်​သွား​လေသည်
သူ က​တော့ ခုချိန်​ထိ ​ခေါင်းမ​မော့​သေးဘဲ ​ခေါင်းငုံ့ကာ ထိုင်​​နေတဲ့ Kyung Soo ကို တစ်​ ချက်​ ကြည့်​ကာ
လေသံ တိုးတိုး ​လေးနဲ့
Kyung Soo မင်း အဲ့ မျက်​လုံး​တွေကို ​နောက်​ကျ ရင်​ အမဲ​တွေ မခြယ်​ပါနဲ့​တော့လား မင်း မျက်​လုံး လှလှ ​လေး ​တွေကို ခုလို ရုပ်​ပျက်​အာင်​ မလုပ်​ ချင်​စမ်း ပါနဲ့ ဆိုပြီး သူ ​ပြောလိုက်​​တော့
Kyung Soo က သူ့ မျက်​လုံး​တွေ ကို တည့်​တည့်​ ကြည့်​ကာ
ခင်​ဗျား က ဘာလို့ လာ​ပြော​နေတာလဲ ကျွန်​​တော့်​ ကို ဘယ်​သူ မှ ခုလို ဂရု မစိုက်​ ဘူးဘူး ဆိုတဲ့ အ​မေး ​ကြောင့်​ သူ ပြုံးကာ
မင်း ကို အရင်​ က ဘယ်​သူ ဂရိုက်​ စိုက်​ မစိုက်​စိုက်​  ငါ ဂရု စိုက်​မယ်​ မင်း နားမှာ ငါ အမြဲ ရှိ​နေမယ်​ မင်း ထင်​ရာ စိုင်းပြီး ​လျောက်​လုပ်​ ​နေတာ ​တွေ ငါ မမြင်​ချင်​ဘူး အဲဒါ ဘာလို့လည်း ဆိုပြီး ငါ့ ကို မ​မေး ပါနဲ့ ငါလည်း တကယ်​ မသိဘူး ဒါ​ပေမယ့်​လည်း မင်းကို ငါ ​နွေး​ထွေတဲ့ ​မေတ္တာ​တွေ နဲ့ ဂရု စိုက်​ပါရ​စေ...
T  B  C
Long Time no Update...Thanks For Reading..
I am waiting for your feedbacks..
Please Give me fb and votes..
Love u all...
Continue Reading
You'll Also Like
127K 2.9K 55
imagines as taylor swift as your mom and travis kelce as your dad
221K 1.2K 33
This is a mix of different animes that have smut in them
180K 1K 190
Mature content
298K 18.1K 40
You live in a different time zone Think I know what this is It's just the time's wrong