ချစ်တယ် Hyung ရယ်
By jargiido_1215
74.4K 5.9K 126
Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More
Intro
Ep-1
Ep-2
Ep-3
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-4
3.6K 340 3
By jargiido_1215
အဲ့နေ့က Hyung စကားလေးတစ်ခွန်းပြောခဲ့တယ်။ ကျွန်တော် ဘယ်တော့မှမေ့လို့မရခဲ့ဘူး ။Hyung ရဲ့ စကားကိုနားထောင်ရတာ Hyung ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာ ကျွန်တော်နားလည်ပေးလို့ရနေခဲ့တယ် ။Hyung အကြောင်းတွေပိုသိလိုက်ရတော့  Hyung ကိုကာကွယ်ပေးချင်စိတ်တွေ ပေါ်လာရတယ် ။ကျွန်တော် ကာကွယ်ပေးရမယ်။
Hyung ကျွန်တော့်ရင်ခွင်ထဲ ငိုရှိုက်ရင်း လေသံသဲ့သဲ့လေးနဲ့ ပြောတယ် ။ တိုးပေမယ့် ကျွန်တော်ပီပီသသ ကြားလိုက်ပါတယ်။
" လူတွေငါ့ကိုအထင်သေးမှာကြောက်တယ် Baek ရယ် လူတွေငါ့အကြောင်းသိသွားရင် .. ငါ ဟာ bisexual တစ်ယောက်ဆိုတာ .. ငါဟာ normal မဟုတ်ဘူးဆိုတာ .. ငါဟာ gay တစ်ယောက်ဆိုတာ လူတွေသိသွားရင် ငါဘယ်လိုနေရမလဲတွေးပြီး ငါကြောက်တယ် Baek ရယ် "
ကျွန်တော့် ရင်ထဲ ဘာဖြစ်သွားမှန်တောင်မသိဘူး။ 
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
Hyung ရဲ့စကားကိုကြားပြီးကျွန်တော် အရမ်းအံ့အောသွားရတယ် ။ Hyung မူးနေလို့ပြောတဲ့စကားများလား။ ဘယ်လောက်မူးမူး ဒီလိုတော့မပြောလောက်ဘူးထင်တယ်နော် ။ ပြောတဲ့စကားကလဲ bisexual တဲ့။ သူကတဲ့ ။Hyung ကတဲ့  ။အတွေးပေါင်းများစွာနဲ့ Hyung ကိုကြည့်လိုက်တော့ အငိုတိတ်ပြီး ကျွန်တော်ရင်ခွင်ထဲမှာ အိပ်ပျော်နေလေရဲ့ ။ကျွန်တော်သာ Hyung ပြောသွားတဲ့စကားကို  အထပ်ထပ်ပြန်ကြားနေရတဲ့အဖြစ်။
" Kyung Soo ya "
အော်ခေါ်သံလေးကြားလိုက်ရလို့ ကျွန်တော်လှမ်းကြည့်လိုက်တော့ အမောတကောပြေးလာတဲ့ လူနှစ်ယောက် ။ ကျွန်တော်အနားရောက်တာနဲ့ တစ်ယောက်က ကျွန်တော့်ရင်ခွင်ထဲက Hyung ကို ဆွဲထုတ်ပြီးသူ့ပေါ်မှီထားလိုက်တယ် ။ ဘယ်သူတွေလဲ မေးတော့ Hyung သူငယ်ချင်းတွေတဲ့ ။ Hyung ကဖုန်းဆက်ခဲ့တယ်ဆိုပဲ ။ ဘယ်တုန်းကဆက်လိုက်ပါလိမ့် ။ကျွန်တော်အမူးပြေဆေးသွားဝယ်တုန်းက ဆက်လိုက်တာနေမယ် ။မူးသာမူးတာ ဖုန်းတော့ဆက်တတ်သား။
နှစ်ယောက်ထဲက အရပ်ရှည်ရှည်နဲ့တစ်ယောက်က ကျွန်တော့်ကိုမေးတယ်။ ဘယ်လိုဖြစ်ရတာလဲအကြောင်းစုံပေါ့ ။ ကျွန်တော်လဲ လိုရင်းကိုရှင်းပြလိုက်တယ် ။ အဲ အရပ်ရှည်ရှည်နဲ့တစ်ယောက်က ကျွန်တော်တို့ကုမ္ပဏီကဆိုပဲ။ Hyung လိုပဲ အဖွဲ့မှုးတဲ့ ။ ပြန်ကြားရေးဌာနကတဲ့ ။နာမည်က Chanyeol တဲ့။ကျွန်တော့်ကို လိပ်စာကဒ်ပေးပြီး မိတ်ဆက်တယ် ။ ကျွန်တော်လဲ ကိုယ့်အထက်လူကြီးဆိုတော့ ရိုရိုသေသေပဲ ပြန်နှုတ်ဆက်လိုက်တယ် ။Hyung ကို ဖက်ထားတဲ့သူက Baekhyun တဲ့ ။တစ်ခါထဲမိတ်ဆက်ပေးတယ်  ။အော် Hyung  ကျွန်တော်နဲ့မှားနေတဲ့တစ်ယောက် Baek ဆိုတာသူကိုး ။
" Chanyeol  ပြန်ကြမယ်လေ .. KyungSoo အိပ်ပျော်နေပြီ "
Baekhyun စကားကြာင့်  Chanyeol က Hyung ကိုကုန်းပိုးလိုက်တယ် ။ ကားပါလာတယ်တဲ့။ကျွန်တော့်ကိုလဲ လိုက်ပို့ပေးမယ်ပြောပြီး အတင်းခေါ်လာတာနဲ့ကျွန်တော်လဲ လိုက်ခဲ့မိတယ်။ ဒီအချိန် taxi လဲမလွယ်တော့ဘူးလေ။
ကားကိုတော့ Chnayeol ကမောင်းတာပါ ။ကျွန်တော်လဲ ရှေ့ခန်းမှာဝင်ထိုင်လိုက်တယ် ။နောက်ခန်းမှာက Hyung နဲ့ Baekhyun ကထိုင်တယ် ။ Baek ပခုံးပေါ်မှာ Hyung ကမှီလို့။ ငိုထားတော့ပင်ပန်းသွားတယ်ထင်ပါရဲ့ ။ကျွန်တော့်အိမ်ကိုအရင်လိုက်ပို့ပေးကြတယ် ။အိမ်မရောက်ခင်လမ်းမှာပဲ Hyung အကြောင်း Hyung သူငယ်ချင်းတွေရဲ့အကြောင်း သိခဲ့ရတယ် ။
" KyungSoo ကအရက်လုံးဝသောက်လို့မရဘူး သူ့မှာ allergic  သဘောမျိုးပဲ တစ်ဇွန်းလောက်ဝင်တာတောင်  တစ်ပုလင်းလုံးသောက်တဲ့အတိုင်းမူးတတ်တယ် အာ့ကြောင့်သူအရက်လုံးဝမသောက်ဘူး .. ကြည့်ရတာ ကြိုဆိုပွဲမှာတစ်ယောက်ယောက်နောက်လိုက်တယ်ထင်တယ် .. ပြီးတော့မှ KyungSoo ပျောက်သွားလို့ စိတ်ပူပြီးငါတို့ကိုဖုန်းလှမ်းဆက်တာ .. ဒီနေ့မှ ငါလဲ Baek နဲ့အလုပ်ကိစ္စရှိလို့ အဲ့ပွဲကိုမသွားဖြစ်တာ .. လိုက်ရှာနေတာကြာပြီ.. တော်သေးတယ် .. KyungSoo ဖုန်းဆက်လို့ .. နောက်ဆို မင်းလဲဘယ်ပို့ရမှန်းမသိဘူးမှတ်လား .. KyungSoo ကိုစောင့်ရှောက်ပေးထားတာကျေးဇူးတင်တယ်ကွာ ... အချိန်ရရင်ကျေးဇူးဆပ်ပါ့မယ်  "
Chanyeol ရဲ့ ရှည်လျားတဲ့စကားအဆုံး ကျွန်တော်  မဟုတ်တာ တွေဘာတွေထပြောရတယ် ။နဲနဲတော့ စိတ်ရှုပ်ပေမယ့် အရမ်းမူးပြီး ဒုက္ခပေးခဲ့တာမျိုး မရှိဘူးလေ ။ကျေးဇူးဆပ်တာတွေဘာတွေကျွန်တော် လက်မခံချင်ဘူးရယ်။
" KyungSoo ငိုထားတယ်ထင်တယ် "
Baekhyun အမေးကိုကြားတော့ကျွန်တော်နောက်ခန်းဘက်လှည့်ကြည့်မိတယ် ။ Hyung ကအိပ်ပျော်နေပေမယ့်  ရှိုက်သံက တစ်ချက်တစ်ချက်ထွက်နေတုန်း ။ ငိုထားတဲ့အရှိန်ရော မူးနေတဲ့အရှိန်ပါပေါင်းပြီး မျက်နှာကရဲနေတုန်း။ 
" ဟုတ်ကဲ့ကျွန်တော်အမူးပြေဆေးတိုက်တာမသောက်ချင်ဘူးဆိုပြီးငိုထားတာ "
ကျွန်တော်အဖြေကိုနှစ်ယောက်စလုံးကျေနပ်ပုံမရ ။ ကျွန်တော်လဲ နှုတ်ပိတ်နေလိုက်မိတယ် ။မူးပြီး စကားမှားတာလဲဖြစ်နိုင်တယ်လေ။ မသေချာမရေရာဘဲ ကျွန်တော်သူများကို အထင်မမှာချင်ဘူးလေ။ ကားထဲမှာစကားသံကတော့တိတ်ဆိတ်သွားခဲ့တယ် ။သုံးယောက်လုံး အတွေးကိုယ်ဆီနဲ့ငြိမ်သွားကြတာ ။Hyung ကတော့ အိပ်ပျော်လို့ ရှိုက်သံလေးက တစ်ချက်တစ်ချက် ထွက်နေလျက် ။
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ကျွန်တော်တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။ အတွေးပေါင်းများစွာနဲ့ပေါ့ ။ ကျွန်တော် ကိုပြန်ပို့ပေးပြီးသူတို့ကားပြန်ထွက်သွားကထဲက ကျွန်တော့်စိတ်တွေ Hyung နဲ့အတူပါသွားခဲ့တယ် ။ Hyung ရဲ့စကားသံ၊ ငိုရှိုက်သံ ၊ တောင်းပန်သံ ၊ အားငယ်နေတဲ့ မျက်ဝန်း ၊ တုန်ရီနေတဲ့အသံတွေ ၊ စကားလုံးတွေ  တစ်ခုချင်းဆီ ပြန်မြင်ယောင်ပြန်ကြားနေရတယ် ။ကိုယ့်ကိုကိုယ်လဲ ပြန်ဆန်းစစ်မိတယ်။ ဘာလို့ဒီလိုဖြစ်နေရတာလဲလို့ ။အဖြေရှာမရခဲ့ဘူး ။ကျွန်တော်စိတ်ထဲမှာ တစ်ခုခုကို သိချင်နေစိတ် ၊တစ်ခုခုကို သနားစိတ် ၊တစ်ခုခုကို နှမျောနေမိသလိုစိတ် ။တစ်ခုခုကို ကာကွယ်ပေးချင်စိတ်  စိတ်ပေါင်းများစွား ရှုပ်ထွေးနေရတာ ခေါင်းတွေတောင်မူးလာတဲ့အထိ ။ ငါလဲ မသောက်ဘဲနဲ့မူးနေပြီ ထင်တယ် ။ တွေးရင်း တွေးရင်း အိပ်ရာထဲမှာလူးလိမ့်ပြီး ကျွန်တော်မိုးသာလင်းသွားတယ်။ ရှင်းသွားတာမျိုးမရှိ ။ မိုးလင်းပြီဆိုတော့ အလုပ်သွားရမှာပေါ့ ။ သွားရမလားမသွားရဘူးလား။ ကျွန်တော်ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ ။ ဘာရယ်မဟုတ် ။ကျွန်တော်အလုပ်သွားရမှာတွန့်ဆုတ်နေမိတယ်  ။နေပါအုံး အမှားလုပ်ထားတာမဟုတ်ဘဲ ကျွန်တော်ဘာလို့ဒီလိုဖြစ်နေပါလိမ့် ။
ဟားးးး ။တစ်ညထဲနဲ့ရူးသွားတာလား Kim Jongin  ။
နောက်ဆုံးတော့လဲ အလုပ်ထဲကျွန်တော်ရောက်နေပါပြီ ။ Hyung ကတော့ နောက်ကျမှရောက်လာလေရဲ့။ မနေ့ကအရှိန်သိပ်ပြေသေးပုံမရ  ။သိပ်မလန်းတဲ့ပုံ ။ ကျွန်တော်သာ Hyung ကိုလိုက်ကြည့်မိနေတာ။ Hyung ကအေးဆေးပဲ။
ဘာလဲ ။မနေ့က အဖြစ်အပျက်တွေမမှတ်မိဘူးလား။  ကျွန်တော့်ကို စကားပြောဖို့နေသာ အကြည့်တောင်မရောက် ။ တကယ်ဆို ကျေးဇူးတင်စကားလေးပြောဖို့ ကောင်းတယ်မှတ်လား။ သူ့သူငယ်ချင်းတွေမလာခင်အထိကျွန်တော်စောင့်ရှောက်ထားတာလေ။ဖုန်းအပွန်းခံပြီး  အမူးပြေဆေးတောင်ဝယ်တိုက်ခဲ့တာ။ နဲနဲမှမမှတ်မိဘူးလား။ ကျွန်တော့်ရင်ခွင်ထဲမှ ငိုခဲ့တာတွေ gay တစ်ယောက်ပါလို့ ပြောခဲ့တာတွေ တစ်ခုမှ မမှတ်မိဘူးထင်ပါရဲ့။ကောင်းရော ။
နဲနဲတော့စိတ်ထဲတစ်မျိုးဖြစ်သွားရတယ် ။ကျေးဇူးတင်ခံချင်လို့မဟုတ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ ။ တော်တော်နားလည်ရခက်တဲ့ အဖွဲ့မှုးကြီးလို့ ကျွန်တော်တွေးပြီး အလုပ်ထဲပဲစိတ်နှစ်ထားလိုက်တော့တယ် ။
နေ့လည်စာစားချိန်ရောက်တော့ ကျွန်တော် ဆီကိုဖုန်းတစ်ခုဝင်လာပါတယ် ။ နံပါတ်ကအစိမ်းမို့ ဘယ်သူလဲကျွန်တော်မေးတော့။ ကျွန်တော့်ကိုတွေ့ချင်လို့ ထမင်းစားချိန်လေးခနထွက်ခဲ့ပါဆိုပြီး တောင်းဆိုတဲ့ တစ်ဖက်ကဖုန်းပြောသူတွေကို သိရတော့ကျွန်တော်အံ့အော်သွားမိပြန်တယ် ။ သူတို့တွေနဲ့တွေ့ဖို့ ကျွန်တော် ကုမ္ပဏီရှေ့က ကော်ဖီဆိုင်လေးထဲဝင်လာခဲ့လိုက်တယ် ။
ဟော ။တွေ့ပါပြီ ။ဒီရုပ်တွေ ညကမှမြင်ထားတာ ဘယ်သူတွေမှန်းသိတာပေါ့။ ကျွန်တော်တို့အဖွဲ့မှုးရဲ့ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်ပေါ့ ။ ကျွန်တော့်ကိုတွေ့ချင်လို့ အချိန်ပေးပါဆိုပြီးတောင်းဆိုခဲ့ကြတာ ။ မေးစရာလေးပြောစရာစကားတွေရှိလို့ပါတဲ့ လေ ။ ကျွန်တော်ရောက်တာနဲ့ ဘာသောက်မလဲ မှာပေးကြတယ် ။ကျွန်တော်လဲ သောက်နေကြ ကော်ဖီပဲမှာလိုက်တယ် ။ နှစ်ယောက်သားကျွန်တော်ကို စကားပြောချင်တယ်လို့ ခေါ်ထားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြောရမလားမပြောရဘူးလားတွေဝေနေကြပုံပဲ  နောက်ဆုံးတော့ Baekhyun ဆိုတဲ့တစ်ယောက်ထံမှ စကားသံထွက်လာခဲ့တယ် ။
" KyungSoo ညကအမှားလုပ်မိသေးလား "
ဘာကိုဆိုလိုချင်တာပါလိမ့် ။ အမှားတော့မလုပ်မိပါဘူး ။အမှားပြောရမလား။ ကျွန်တော့်အပေါ်ဘာအမှားမှမလုပ်မိပေမယ့် သူ့ကိုယ်သူတော့အမှားတစ်ခုလုပ်မိတယ်
်ထင်မိတာပဲ ။လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်မိခဲ့တယ်လေ မူးမူးနဲ့ ။
ကျွန်တော်စဉ်းစားနေပုံကိုကြည့်ပြီး သူတို့တွေအားမလိုအားမရဖြစ်သွားကြတယ်။ သိချင်စိတ်တွေ အပြည့်နဲ့ ကျွန်တော့်ကိုစိုက်ကြည့်နေကြသည်မှာကျွန်တော်အရည်ပျော်တော့မယ့်အတိုင်း။  Chanyeol ဆိုသူကပွင့်ပွင့်လင်းလင်းပဲ ပြောလာပါတယ် ။
" အကိုတို့ကိုပွင့်ပွင့်လင်းလင်းပြောပြပေးပါ ..  ညက KyungSoo ဘာတွေဖြစ်ခဲ့လဲ ဘာတွေပြောခဲ့လဲဆိုတာ အမှန်အတိုင်းပြောပြပေးပါ.. အကိုတို့သူ့အကြောင်းသိတယ် .. သူတစ်ခုခုဖြစ်ခဲ့တယ် .. ဒါမယ့်သူဘာမှမမှတ်မိဘူး  ဒါသူဖြစ်နေကြပဲ .. သူကမူးရင် သူ့ရင်ထဲဖြစ်ပျက်နေတာတွေကိုထုတ်ဖော်ပြောတတ်တယ် .. သူဘာတွေပြောခဲ့လဲဆိုတာ သိချင်တယ် "
ကျွန်တော်ကို နှစ်ယောက်လုံးကသေချာနေတဲ့ရုပ်တွေနဲ့ အတင်းအကျပ်ကိုမေးနေတာ ။ကျွန်တော်လဲလိမ်စရာတော့မရှိပေမယ့် ဒီအကြောင်းအရာပြောရရင်ကောင်းမလား စဉ်းစားနေမိတာ။  သိချင်မိပါတယ် ကျွန်တော်လဲ အဖွဲ့မှုးအကြောင်းကို ။ ကျွန်တော်ပြောပြလိုက်တယ်  ။Hyung က သူ့ကိုသူ bisexual တစ်ယောက်ဆိုပြီး ဝန်ခံခဲ့တယ်လို့ ။
ကျွန်တော်စကားအဆုံးသူတို့နှစ်ယောက်လုံးမျက်နှာမှာ ဝမ်းနည်းရိပ်လေးတွေထင်သွားကြတယ် ။
"  ထင်တယ် ဒီကောင်မူးပြီးပြောတော့မယ်ဆိုတာ "
Baek ကမချင့်မရဲ ပြောပြီး တဆက်ထဲကျွန်တော့်ကို တောင်းဆိုသလိုကြည့်တယ်  လျှို့ဝှက်ထားပေးပါတဲ့ ။
နှစ်ယောက်လုံးက ကျွန်တော့်ကို ဒီကိစ္စ ဘယ်သူကိုမှ မပြောဖို့ တောင်းဆိုကြတယ်။ ကျွန်တော်လဲပြောဖို့စိတ်ကူးမရှိပါဘူး။ ကျွန်တော့်ကိုဘယ်လိုများထင်နေကြလဲ။ ကျွန်တော်သူများအားနည်းချက်ကို လိုက်ဖော်ထုတ်မယ့်သူများထင်နေကြလားမသိဘူး ။
" ကျွန်တော် ဒီလောက်အောက်တန်းမကျပါဘူး "
မကျေမနပ်နဲ့ကျွန်တော်ပြောတော့ နှစ်ယောက်လုံးပြာပြာသလဲတောင်းပန်ကြတယ်။ Chanyeol က ကျွန်တော့်ကို သေသေချာချာတောင်းပန်ပြီး သူတို့ဖြစ်ချင်တာကို သေချာပြောပြကြတယ် ။
" အဓိက က KyungSoo မသိဖို့ ဘယ်သူမှလဲမသိဖို့ KyungSoo သာ သူbisexual တစ်ယောက်ဆိုတာ Jongin သိနေတယ်လို့ သိသွားတဲ့တစ်နေ့ အရင်လိုပြန်ဖြစ်သွားမှာ ... KyungSoo က သူ့ကိုယ်သူ gay တစ်ယောက်ဆိုတာကိုမေ့ထားပြီး ဒီလိုအခြေအနေရောက်အောင်မနည်းပြန်လည်ထူထောင်ထားရတာ ... KyungSoo မှာ အရမ်းနာကျည်းဖို့ကောင်းတဲ့ အတိတ်ဘဝကိုပြန်မသွားစေချင်တော့ဘူး "
ဆိုပြီး ကျွန်တော့်ကိုသာ ဘယ်သူမှမသိစေဖို့ ဘယ်သူမှကိုမပြောဖို့ ကတိတွေအထပ်ထပ် တောင်းဆိုကြတယ်။ကျွန်တော် သူတို့ပြောတဲ့ KyungSoo Hyung ရဲ့ အတိတ်တွေ နာကျည်းတယ်ဆိုတာတွေမသိနားမလည်ပေမယ့်  ကျွန်တော် ကတိပေးခဲ့ပါတယ် ။ဘယ်သူမှကိုမပြောဖို့ပါ ။
ကျွန်တော့်ကိုကျေးဇူးတင်စကားတွေအထပ်ထပ်ပြောနေတဲ့ထိုနှစ်ယောက်ကိုကျွန်တော်ကြည့်ပြီး  KyungSoo Hyung ရဲ့ အတိတ်ဆိုတာကိုသိချင်လာသလိုလို ပဲ။
Continue Reading
You'll Also Like
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.2M 64.3K 50
105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...