"Wherever u go~whatever u do~I'll be right here~waiting for you~"
အလုပ်စားပွဲရှေ့ထိုင်လိုက်ပြီးမှ…ပျံလွင့်လာတဲ့ Ringtoneသံကြောင့်…Phထားခဲ့ရာ ဧည့်ခန်းဆီ သူ ပြန်သွားရပြန်တယ်…
"Yeobasyorr"
"hello…Luhan"
"imm…ပြော…Baekhyun…ဒီနေ့…
Chanyeolပြန်လာမှာ မဟုတ်လား…"
"အေး…ဟုတ်တယ်…အဲဒါ ငါသွားကြိုမလို့…"
"ပျော်နေတယ်ပေါ့…"
"ဒါပေါ့…အဲဒါ ငါသူ့ကိုသွားကြိုပြီး…
နက်ဖြန်မှ မင်းဆီလာခဲ့မယ်…နော်"
"imm…ပါ"
"imm…imm…အဲဒါလှမ်းပြောတာ…ဒါပဲ…ငါ လေဆိပ်ကိုသွားနေပြီ"
"hmm…မစောဘူးလား…လေယာဉ်က ညနေမှဆို"
"awwz…စောလည်းဘာမှမဖြစ်ပါဘူးကွာ…
နောက်မကျဖို့ပဲ အဓိက…"
"အေးပါ…အေးပါ…အဲဒါဆို ဒါပဲ"
Baekhyunအသံများ…ရွှင်မြူးလို့…
အင်းလေ…သူလည်း Chanyeol အလုပ်ကိစ္စနဲ့ နိုင်ငံခြားသွားတာ တစ်လနီးပါး…ရှိပြီကိုး
ကျွန်တော်ရယ် Chanyeolရယ်…Baekhyunရယ်
ကျောင်းတုန်းက ဗိသုကာပညာကို Majorယူခဲ့သလို
ကျောင်းပြီးတော့လည်း သုံးယောက်သား… အစုစပ်လုပ်ငန်းသဘောလေး…လုပ်ဖြစ်ကြတယ်…
ကျွန်တော်က အိမ်တွင်းပုန်း ဒီဇိုင်းတွေဆွဲပြီး…
Chanyeolကတော့…လက်တွေ့ကျကျ လုပ်ငန်းခွင်ထဲသွားပြီး…ကြီးကြပ်ပေးတယ်…
Baekhyunကတော့…သူ့ စကားပြောကျွမ်းကျင်မှုကို အားသာချက်ယူ့ပြီး…အလုပ်တွေတစ်ခုပြီးတစ်ခု ချိတ်ဆက်…စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒိုင်ခံစကားပြောပေါ့…
ကျွန်တော်က တစ်ခါတစ်လေ…Baekhyunနဲ့ လိုက်သွားတတ်ပေမယ့် အများအားဖြင့်တော့…
ဒီအိမ်လေးမှာပဲနေပြီး…သူတို့လိုချင်တဲ့ ဒီဇိုင်းကို…ဆွဲပေးတာပဲ များပါတယ်…
သူငယ်ချင်းသုံးယောက် ကတ်ကတ်သပ်သပ် မတွက်တတ်တာကပဲ…အကျိုးပေးတယ် ပြောရမှာပေါ့…
လုပ်ငန်းလေးက အတော်အတန်အောင်မြင်လာတယ်…
အလုပ်စားပွဲရှေ့ပြန်ထိုင်မိတော့…စားပွဲထောင့်က…
photo frameလေးဆီ ကျွန်တော့်အကြည့်က ရောက်သွားမိရဲ့
ဓာတ်ပုံထဲမှာ…ကောင်လေး လေးယောက်…ပြုံးပျော်လို့
သွားတွေအများကြီးပေါ်အောင် ရယ်ပြုံးတတ်တဲ့ Chanyeolက မျက်လုံးမပေါ်အောင် ရယ်နေတဲ့ Baekhyunပုခုံးကိုဖက်လို့…
ကျွန်တော်ကလည်း
အားရပါးရ စိတ်လွတ်လက်လွတ်ရယ်မောလို့…
ကျွန်တော့်ကို နောက်က သိုင်းဖက်ထားတာက…သူ…
အရမ်းကာရော မပြုံးပေမယ့်…မျက်ဝန်းတွေမှာတော့…
ပျော်ရွှင်မှုတွေက…အရောင်လက်လို့…
အဲဒီတုန်းက…
Flash Back starts~
"Hun…ah…ဒါလေး ဝတ်ခဲ့ရင် ကောင်းမလား"
"Imm…အဲဒါလေးက မဆိုးပါဘူး"
သူက ကျွန်တော့်ကိုယ်နဲ့ကပ်ပြတဲ့…အင်္ကျီကို…
တစ်ချက်လှမ်းကြည့်ရင်း…သူ့အင်္ကျီသူဆက်ရွေးနေတယ်
"ဘာလဲ??အဲဒီ ရှပ်အင်္ကျီဝတ်မလို့လား…"
"အင်းလေ…"
"ရိုးရိုး T-shirtပဲ ဝတ်ပါ…
ဒီနေ့က ကစားကွင်းတို့ဘာတို့ပဲ သွားမှာပဲဟာ…ဘယ်လိုဖြစ်တာလဲ?အရင်ကတော့
T-Shirtတွေ ဝတ်ရတာ ကြိုက်ပြီး…ခုမှ…"
"အင်းနော်…ဘာလို့ ဒါကြီး ကောက်ကိုင်မိပါလိမ့်?
he he…"
ကျွန်တော် တစိခါတစ်ခါ အူကြောင်ကြောင်နိုင်လွန်းတဲ့ သူ့ကို မျက်စောင်းတစ်ချက်ခဲရင်း ခေါင်းယမ်းပြလိုက်တယ်…
"ဒါနဲ့…လူကြီးက အဲဒီ ဘောင်းဘီတို ဝတ်မို့လား"
"မတိုပါဘူး…ဒူးခေါင်းလောက်လေ…ဘာဖြစ်လို့လဲ?
လွတ်လွတ်လပ်လပ်ရှိတာပေါ့"
"မဝတ်နဲ့…ကလေးလေးနဲ့ တူတယ်"
ကျွန်တော် ဝတ်မလို့ တင်ထားတဲ့ ဘောင်းဘီကို ဆွဲယူပြီး ချေပစ်တယ်…
"Oh Sehun…ဘာဖြစ်နေတာလဲ??
ငါ…ဝတ်မလို့ပါဆို…ကြေမွကုန်ပြီကွာ"
"မဝတ်နဲ့…အရှည်ပဲဝတ်…အတူတူသွားရင်…ကျွန်တော်ကလေးကို ကစားကွင်းခေါ်လာတယ် ထင်နေကြမယ်"
"ဒါလေးတောင် လိုက်ပိတ်ပင်နေတာလား…
ငါ့စိတ်နဲ့ငါတောင် ဝတ်ခွင့်မရှိတော့ဘူးလား…
မသွားတော့ဘူးကွာ…အဲဒါဆိုရင်လည်း…မင်းဘာမင်းပဲ သွားတော့"
"ဘာဖြစ်တာလဲ?? Hyungကလဲ…နောက်တဲ့ဟာ"
ကုတင်ပေါ်ထိုင်ချလိုက်တဲ့ ကျွန်တော့်ဘေးနား လေသံဖျော့ဖျော့လေးနဲ့ လာကပ်တယ်
"Hyungရယ်…စိတ်မဆိုးနဲ့နော်…
ကျွန်တော်ကလေ ချစ်လို့ စတာပါ…"
လာပါပြီ…လေပြေအေးနဲ့…တတ်သမျှ စကားကုန်သုံးပြီး
ကျွန်တော့်ကို ကျေနပ်အောင် သူချော့တော့မှာ…
"Hyungက အဲဒီလိုမျိုးလေး ဝတ်ထားရင် အရမ်းချစ်ဖို့ကောင်းတော့ လူတွေအများကြီးက ဝိုင်းကြည့်ကြမှာ…
ကျွန်တော်က ကျွန်တော့်ချစ်သူကို ဘယ်သူကမှ မျက်စိအရသာခံတာ မခံစားနိုင်ဘူး…Hyungရ…နော်"
"အပိုတွေ ပြောမနေနဲ့…မင်း ချစ်သူ ငါက မိန်းကလေး မဟုတ်ဘူး"
ကျွန်တော့်လက်တစ်ဖက်ကို သူ့လက်လေးနဲ့…သွယ်ယှက်ပွတ်သပ်နေပြီး…
ပွစိပွစိနဲ့…သူပြောတာတွေ
ကျွန်တော် လက်ခံလာအောင် ဆွဲယူနေလေရဲ့…
"မိန်းကလေး မဟုတ်တော့ ပိုလို့ခက်တာပေါ့…
Hyungရယ်…ကျွန်တော့်မှာ မိန်းကလေးတွေ Hyungကို ကြည့်တော့လည်း အူတိုရ…ယောက်ျားတွေ ကြည့်ပြန်တော့လည်း ဒေါသထွက်ရ…ကျွန်တော့်အပူတွေ Hyungနားမလည်ပါဘူး"
"ဖယ်"
ဘေးနားလာပြီး ပကျိ ပကျိလုပ်နေတဲ့သူ့ကို တွန်းဖယ်လိုက်တယ်…
"ဘာ…ဘာဖြစ်လို့လဲ?"
"ဘောင်းဘီတစ်ထည် ထပ်ထုတ်မို့ "
"………"
"မင်းက ဘာရောင်ဝတ်မှာလဲ?"
"Jeanအမည်း"
ကျွန်တော့်အဝတ်ဗီရိုထဲသွားပြီး…အပေါ်ဆုံးမှာရှိတတ်တဲ့…Jeanအနက်ကို ဆွဲထုတ်လိုက်တယ်…
"Hyungက ကျွန်တော်နဲ့ ဆင်တူ ဝတ်မို့လား"
"imm…နားငြီးလို့"
"yayyyy……ဒါမှ ငါ့လူကြီးကွ…
တအားချစ်ဖို့ကောင်းတာပဲ…"
*mwah mwah…*
"တီ……တီ"
"ဟော…ဟိုမှာ Chanyeolတို့ရောက်နေပြီထင်တယ်
ဖယ်…ဖယ်…မင်း လုပ်တာနဲ့ အဝတ်အစားကိုလဲတဲ့ဆီ မရောက်သေးဘူး"
"Hyungကလည်း…ချစ်လို့ဟာကို"
ကျွန်တော်လည်း အမြန်လဲ သူလည်း အမြန်လဲရတယ် အောက်က ကိုယ်တော်နှစ်ယောက်က
ဟွန်းကို ဆောင့်တီးပြီးကို ခေါ်နေတော့တာ…
"လာပြီဟေ့…လာပြီဟ…ဘာလို့ စွတ်တီးနေလည်း မသိဘူး…အဲဒီ Double Dateလုပ်ဖို့ အကြံထွက်လာတဲ့ ခေါင်းတော့ ရွှေချထားရမယ်…"
ကျွန်တော် အကျင့်အတိုင်း ဘယ်သူ နားထောင်ထောင် မထောင်ထောင် တစ်ယောက်တည်း ရေရွတ်ပြီး…ရှေ့က ဆင်းနှင့်တယ်…Sehunက မီးတွေဘာတွေ သေချာစစ်ပြီး သော့ခတ်လိမ့်မပေါ့…
သူနဲ့ ကျွန်တော်ရဲ့ ချစ်သူသက်တမ်းနှစ်လပြည့်မှာ…
သူ့ကိုယ်သူ ချစ်သက်လက်ဆောင်ဆိုကာ…
မျက်နှာပြောင်ပြောင်ပဲ အထုပ်ဆွဲပြီး
ကျွန်တော့်အိမ်ပေါ် တက်လာခဲ့ပါတယ်…
ဒီလိုနဲ့ပဲ အတူနေဖြစ်တယ်ဆိုပါတော့…
အတူနေချစ်သူတွေဆိုပေမယ့် သူနဲ့ကျွန်တော့်ကြားမှာ…နားလည်မှုနဲ့ စည်းလေးတွေတော့ ထားခဲ့ကြတယ်…
သူက…ကျွန်တော့်ကို အပြည့်အဝ နားလည်ပါတယ်
ကျွန်တော် ကံကောင်းတာပေါ့နော်
ကားထဲမှာတော့ Byun Baekhyunနဲ့ Park Chanyeolရဲ့ အပျော်တွေနဲ့ ပေါက်ပေါက်ဖောက်နေသံက…ဆူညံလို့နေတယ်
"ဟိုမှာ…ဓာတ်ပုံရိုက်မယ်…Yeol ah…
ငါ အော်နေတဲ့ပုံ ဓာတ်ပုံရိုက်ပေးနော်…
Rollar Coasterလည်း စီးမယ်~"
"arrnyi…Luhanကို ရိုက်ခိုင်းလေ
ငါလည်း မင်းနဲ့တူတူစီးမှာပေါ့"
"ဟုတ်သား…မေ့သွားတာ…he he"
(awwz…ကောင်းပါ့)
"Hyung…ကျွန်တော် ရောက်ပြီ"
ကားတံခါးကိုဖွင့်ပြီး ဝင်လာမှပဲ
"ok…ဒါဆို သွားကြမယ်"
ကျွန်တော် Sehunနား ကပ်ပြီး ထိုင်လိုက်တယ်…
"Hun ah…ဟိုမှာ မြင့်တဲ့ဟာတွေ မစီးဘူးနော်"
"အင်းပါ…Hyungကြောက်တယ်မလား "
"မကြောက်ပါဘူး…မကြိုက်တာ"
"အင်း…အင်း…ဟုတ်ပါပြီ…
ခေးကို အာတာပူစီ ဝယ်ကျွေးမယ်"
"yrrrr…Oh Sehun"
"Hyungကလည်း…ချစ်လို့စတာလေးကို"
~~••~~••~~••~~••~~••~~••~~••~~••~~••~~
အဲဒီနေ့က…Chanyeolတို့နှစ်ယောက်ရဲ့ ကိုးယိုးကားယား…အော်နေကြတဲ့…ပုံတွေရော…
ပေါက်တက်ကရ…poseတွေရော…
ကျွန်တော်တို့နှစ်ယောက် ဒိုင်ခံ Camera man
လုပ်ပေးခဲ့ကြတာလေ…
Double Dateမို့ အနည်းငယ် စိတ်ကျဉ်းကျပ်စရာကောင်းမယ်လို့ ထင်ထားမိတဲ့
ကျွန်တော့်ကို သူက တစ်လျှောက်လုံး စိတ်လက်ပေါ့ပါးမှုတွေ ဖြစ်နေစေခဲ့တာ
ရာသီဥတုပူတာမို့ ရေခဲမုန့်ဝယ်စားရင်း…
မြက်ပင်စိမ်းတွေကြား…ခုံတန်းလေးနား ထိုင်မိကြတော့
ကျွန်တော် ဟိုးဝေးဝေးမှာ ကလေးတွေ ပြေးလွှားကစားနေတာကို ကြည့်နေခဲ့မိတယ်…
"Hyung"
"hmm?"
"ကျွန်တော်တို့လည်းလေ တစ်နေ့နေ့မှာ"
"imm…"
"မြက်ပင်စိမ်းလေးတွေရှိတဲ့ ခြံဝန်းနဲ့ သီးသန့်အိမ်လေး တစ်လုံးနဲ့ နေကြရအောင်"
ကျွန်တော် ပြုံးပြီး
"imm…စိတ်ကူးတွေ ယဉ်မိပြန်ပြီပေါ့"
"ဟင့်အင်း…တကယ်ပြောနေတာ…
အဲဒီမှာ ကျွန်တော်တို့နှစ်ယောက်နေမယ်…
မြက်ပင်စိမ်းလေးပေါ်မှာ ပန်းကလေးတွေလည်း ပွင့်နေကြမယ်…ကလေးတွေတော့ မရှိပေမယ့်…"
ဆက်ပြီးပြောဖို့ ဆွံ့အသွားတဲ့ သူ့ကိုကြည့်ရင်း
"မွေးစားကြမယ်လေ…Hunက ကလေးချစ်လို့လား"
"imm…အရမ်းတော့ မဟုတ်ပါဘူး
Hyungက ချစ်တယ်ထင်လို့"
"ဒါဆိုရင်…Hyungတို့နှစ်ယောက်အတွက်
ကလေးထက်…အခြား ကြောင်လေးပဲ ဖြစ်ဖြစ် မွေးကြတာပိုကောင်းမယ်"
"Wae?ဘာလို့လဲ"
"ကလေးဆိုရင် Hyungတို့နှစ်ယောက်အတွက်နဲ့
သူ ကြီးလာရင် အပေါင်းအသင်းတွေကြား အနေရခက်မှာပေါ့"
"အင်း…နော်…ဟုတ်သားပဲ"
အတွေးကိုယ်စီနဲ့ ငြိမ်သက်နေပြီးမှ
"hak hak"
ကျွန်တော်တို့နှစ်ယောက် ရှက်ပြုံးကိုယ်စီနဲ့… ထရယ်ဖြစ်ကြတယ်…
ချစ်သူသက်တမ်း နုနုမှာပဲ အနာဂတ်အတွက် ကြိုပြီး တွေးထားခဲ့ကြတာ…
ကျွန်တော်နဲ့ သူ့ကြား ဘယ်သောအခါမှ ရှိမလာနိုင်တဲ့
ရင်သွေးလေးအတွက်လည်း ရူးမိုက်စွာပဲ… ကြိုတင်တွေးပူတတ်ခဲ့တာ…
ဒါတွေဟာ အချစ်တစ်ခုကို တန်ဆာဆင်ဖို့ အပေါ်ယံတွေ မွမ်းမံနေခဲ့ကြတာ မဟုတ်မှန်း…ကျွန်တော်တို့
နှလုံးသားအစုံနဲ့ ထွင်းဖောက်မြင်နိုင်ခဲ့ကြပါတယ်
~~••~~••~~••~~••~~••~~••~~••~~••~~••~~
အဲဒီနေ့က…ကျွန်တော့်အတွက် ပြည့်စုံခဲ့တဲ့ အမှတ်တရ double dateလေးပါပဲ
အမှတ်တရအနေနဲ့ စားပွဲပေါ်တင်ထားပြီး မကြာခဏ ကြည့်နေတတ်တဲ့…ဒီပုံလေးကို အကြောင်းပြုပြီး…
Baekhyunနဲ့ ကျွန်တော်လည်း စကားများ ရန်ဖြစ်ခဲ့ဖူးတယ်…
"Luhan…ah…မေ့လိုက်ပါတော့ကွာ…
အချိန်တွေလည်း ကြာခဲ့ပြီပဲ…"
"သူ ပြန်လာမယ်ပြောထားတယ်လေ…
ငါ စောင့်နေရမှာပေါ့"
"အဲဒါ ဘယ်တုန်းကလဲ???…Luhan…ah
လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ တစ်ခုအထိ စောင့်ပေးခဲ့ပြီးပြီ…တော်ပြီပေါ့…မင်းဘဝကိုဆက်ပြီး ရှင်သန်သင့်တယ်…ဒီလိုမျိုးကြီးမနေနဲ့တော့"
"အခု…ငါက ဘာဖြစ်နေလို့လဲ?Byun Baek…
အခုလည်း ငါရှင်သန်နေတာပဲ…
မင်းက ဘာဖြစ်လို့လိုက်ပြီး…
အဲဒီလို မျှော်လင့်ချက်မရှိသလို ပြောနေရတာလဲ?
သူပြန်လာမှာ…ငါ့ဆီ…သေချာပေါက်…သူပြန်လာမှာ"
" $ရူးရဲ့…
အဲဒီလောက် ယုံကြည်နေလည်း လိုက်ရှာလေ…
ဘာလို့လိုက်မရှာလဲ??
သူ သွားခဲ့တဲ့ USကို လိုက်ပြီးရှာလေ…
ရှာရင်တွေ့မှာပေါ့…ဘာဖြစ်လို့…အဲဒီလို…
အရူးတစ်ယောက်လို ဘဝသေသလို နေနေတာလဲ?".
"တော်တော့…Baek…တော်တော့
မပြောနဲ့တော့ တော်ပြီ"
လေသံအေးနဲ့ အသက်ဝင်နေတဲ့ စကားဝိုင်းကနေ…
ရန်ပွဲအသွင်ဆောင်လာတာမို့…Chanyeolက ဝင်ထိန်းတယ်
"သူ…သူက…ငါ့ကို မလိုချင်တော့လို့
ထားရစ်ခဲ့တာဆို ဘယ်လိုလုပ်မလဲ?"
"………"
"စောင့်နေပါလို့ ပြောထားခဲ့တာ…
သူ ဟိုမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့…အသစ်တွေ တွေ့ခဲ့ရင်
…အိမ်…အိမ်ထောင်ကျခဲ့ရင်တောင်
ငါ့ကို သတိရရင် သူပြန်လာမှာ…
အဲဒီအချိန်အထိ ငါ…ငါစောင့်နိုင်ပါတယ်…"
"Luhan…ah"
ကျွန်တော့်ကို…လာပြီးဖက်ထားလိုက်တဲ့…
Baekhyun…ကျွန်တော်သိပါတယ်…
သူကျွန်တော့်အတွက် ကရုဏာဒေါသောနဲ့ပြောမှန်း…
ဒါပေမယ့်…ဘယ်သူ ဘာပြောပြော
ကျွန်တော် Hunကို ယုံကြည်တယ်…
သူဟာ…ကျွန်တော့်ကို ဘယ်တော့မှ ပစ်ခွာသွားမယ့်သူမျိုး မဟုတ်ပါဘူး…
တစ်စုံတစ်ခုကြောင့် ပယောဂတစ်ခုခုကြောင့်…
ခေတ္တ ရှောင်ဖယ်သွားရင်တောင် သေချာပေါက် ကျွန်တော့်ဆီ ပြန်လာမယ့် သူပါ…
ကျွန်တော် သိပါတယ်…
သူ…ကျွန်တော့်ကိုချစ်တာ…
ကျွန်တော်သူ့ကို ချစ်တာထက် ပိုခဲ့မှန်း