T♡ the Heaven

By peony_hill

37.2K 2.6K 109

-fanfiction -character-luhan,sehun,kai,kyung soo -drama,romatic More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-10
Final

Episode-9

1.4K 175 13
By peony_hill

"............... sehunnnnnnnn "

"hyung........"

ဖုန်းထဲမှာကြားလိုက်​ရတဲ့ သူ့​ခေါ်သံ​လေးက အား​ဖျော့ကာ နွမ်းလျလွန်း​နေခဲ့သည်​။

"se ... sehunna ...."

"hyung ဖျား​သေးတယ်​ဆို။ ဘာလို့ ကိုယ့်​ကိုကိုယ်​ ဂရုမစိုက်​ရတာလဲ hyung ရယ်​။ တစ်​ခုခုလိုရင်​ kris ကို ဖုန်းဆက်​လိုက်​ပါဆိုတာ ....... "

"kris ​ပြောတာလား .... ငါဖျားတာ"

"အင်း ဟိုတစ်​​နေ့က kris ဖုန်းဆက်​မှ ......... "

"တူ .... တူ .... တူ"

ဒီတစ်​ခါ​တော့ sehun ဘက်​မှ ဖုန်းချသွားခြင်းမဟုတ်​။  သူအရင်​ ဖုန်းချလိုက်​ခြင်းဖြစ်​သည်​။ Kris နဲ့​တောင်​ ပုံမှန်​အဆက်​အသွယ်​ရှိ​နေတဲ့သူက သူ့ဆီဖုန်းတစ်​ခါ​ခေါ်ဖို့ ဘာလို့ဒီ​လောက်​ခက်​ခဲ​နေရတာလဲ။ သူ​ခေါ်လိုက်​တိုင်း လူကြီးမင်းနဲ့သာတိုး​နေ​သော ဖုန်းက Kris ဆက်​​တော့ ရ​နေခဲ့သည်​လား။

"အာာာာာာာာာာာာာာားးးးးးး"

Luhan အာ​ခေါင်​ခြစ်​ ​အော်​လိုက်​သံနှင့်​အတူ ဖုန်း​လေးမှာ လွှင့်​ထွက်​သွားပြီး အစိတ်​စိတ်​အမွှာမွှာဖြစ်​သွားသည်​။ ထို့​နောက်​ တစ်​အိမ်​လုံးရှိ ပစ္စည်းများမှာလည်း ကွဲ​ကြေခြင်း အတိသို့။

သန်း​ခေါင်​ယံည  ​မှောင်​မိုက်​​နေ​သော အခန်းအတွင်း ​ကောင်​​လေးတစ်​​ယောက်​၏ ရှိုက်​ကြီးတငင်​ငို​ကြွေး​နေ​သော အသံက ဝမ်းနည်းဖွယ်​ရာအတိဖြင့်​ ပတ်​ဝန်းကျင်​ တစ်​ခုလုံး ဖုံးလွှမ်းသွား​​လေတော့သည်​။။

.......................................................

Luhan သင်​တန်းဆင်း​သော်​လည်း အိမ်​မပြန်​ချင်​​သေး။ တစ်​​နေရာရာသို့ ​လျှောက်​သွားချင်​​နေမိသည်​။ တစ်​​ယောက်​တည်းလည်း မသွားလို​သောကြောင့်

"kai"

"ဟုတ်​ကဲ့ ..... hyung"

kai တစ်​​ယောက်​ သူပစ္စည်းသိမ်း​နေသည်​ကို ကြည့်​​နေရာမှ သူ​ခေါ်လိုက်​သဖြင့်​ ချက်​ချင်းထူးကာ မတ်​တပ်​ပါထရပ်​​လေသည်​။ တစ်​ခါမှမ​ခေါ်ဖူး၍ ထူးဆန်းကာ သူ့ကို ပါးစပ်​အ​ဟောင်းသား​လေးနှင့်​ ​ငေးကြည့်​​နေ​သည့်​ ပုံစံက ခပ်​ဆိုးဆိုး ခပ်​ဂျစ်​ဂျစ်​ သူ့ရုပ်​​လေးနှင့်​ နည်းနည်းမှ မလိုက်​။

"ငါ အပြင်​​လျှောက်​သွားမလို့။ မင်းငါနဲ့ လိုက်​ချင်​လား?"

"hmmmm ဗျာာာာ ......"

"ငါနဲ့လိုက်​မလားလို့ ......"

"လိုက်​မှာ​ပေါ့ hung ​သာခေါ်ရင်​ ဘယ်​ ​နေရာပဲ ......."

"အဲ့ဒါဆို လိုက်​ခဲ့"

kai စကားပင်​ မဆုံး​သေး။ သူဖြတ်​​ပြောလိုက်​ကာ အိတ်​ဆွဲ၍ ထွက်​လာသဖြင့်​ kai တစ်​​ယောက်​ ဝရုန်းသုံးကားနှင့်​ သူ့ပစ္စည်းများ အမြန်​သိမ်းကာ သူ့​နောက်​သို့ ​ပြေးလိုက်​လာရ​လေသည်​။

"hyung ကလည်း နည်းနည်း​လေး​တောင်​ မ​စောင့်​ဘူး။"

"မလိုက်​ချင်​လို့လား။ ရတယ်​​လေ .... မလိုက်​ချင်​ရင်​လည်း။"

"မဟုတ်​ဘူး။ လိုက်​မှာ .... လိုက်​မှာ"

အနောက်​မှ ​ပြေးလိုက်​လာ​နေ​သော kai တစ်​​ယောက်​ luhan မျက်​နှာ​ပေါ် တစ်​စက္ကန့် ၏ ဆယ်​ပုံတစ်​​ပုံ​လောက်​သာ ဖြတ်​​ပြေးသွားခဲ့​သော အပြုံးနုနုတစ်​ခုကို မမြင်​လိုက်​ပါ။ သူအပြုံး​တွေက kai ဆို​သော ​ကောင်​​လေးအတွက်​ တဖန်​ပြန်​​မွေးဖွားလာခဲ့ပြီလား။

..........................................................

လမ်း​ဘေးရှိ ကားနှင့်​​ရောင်း​နေ​သော ဆိုင်​​လေးတစ်​ခုတွင်​ luhan .... fish cake များ တစ်​​ချောင်းပြီး တစ်​​ချောင်း ပါးစပ်​ထဲ အတင်းထိုးထည့်​ကာ ပလုတ်​ပ​လောင်းနှင့်​ စား​နေ​လေသည်​။ kai က​တော့ သူစား​နေသည်​ကိုပင်​ တ​မေ့တ​မော ​ငေးကြည့်​​နေသဖြင့်​ fish cake တစ်​​ချောင်းယူကာ kai ပါးစပ်​ထဲထိုးထည့်​လိုက်​ပြီး မသိချင်​​ယောင်​​ဆောင်​ကာ ဆက်​စား​နေလိုက်​သည်​။

အစက​တော့ kai  တစ်​​ယောက်​ fish cake ကို ယခုမှစားဖူးသလို မထိရက်​မတို့ရက်​ဖြင့်​ အနံ့ခံလိုက်​ လျှာဖြင့်​လျက်​ကြည့်​လိုက်​လုပ်​​နေ​သေးသည်​။ ပြီးမှ သ​ဘော​ခွေ့သွားပုံဖြင့်​ ပါးစပ်​ထဲ တစ်​ဝက်​​လောက်​ထိ ထိုးသွင်းကာ အားပါးတရ ငတ်​​လေ​တော့သည်​။ တစ်​​ချောင်းကုန်​သွား​တော့ လက်​က ချက်​ချင်း ​နောက်​တစ်​​ချောင်း ထပ်​နှိုက်​​လေ​တော့သည်​။

ထိုအချိန်​ luhan ကား​ပေါ်မှ အ​ဒေါ်ကြီးကို "​ကျေးဇူးတင်​ပါတယ်​" ဟု ​ပြောကာ ပြုံးပြလိုက်​ပြီး kai လက်​ကိုဆွဲကာ ပိုက်​ဆံမရှင်းဘဲထ​ပြေးလေ​တော့သည်​။

Kai တစ်​​ယောက်​က​တော့ အူ​ကြောင်​ကြားနှင့်​ သူ့​နောက်​မှ တန်းလန်းလန်းပါလာ​လေ​တော့သည်​။ ကျန်​သည့်​လက်​တစ်​ဖက်​က fish cake ကို ကိုင်​ထား​သေးသည်​။ အ​ဒေါ်ကြီးက​တော့ ​အော်​ဟစ်​ကာ ကျန်​ခဲ့​လေသည်​။ သို့​သော်​လည်း မည်​သူမှ သူတို့​နောက်​သို့ လိုက်​မလာသဖြင့်​ luhan ​ပြေး​နေရာမှ ရပ်​လိုက်​​လေသည်​။

"ဘယ်​သူမှလည်း လိုက်​မဖမ်းကြဘူး။ စိတ်​ပျက်​ဖို့​ကောင်းလိုက်​တာ ....."

Kai တစ်​​ယောက်​ အသက်​ရှူသံကို ပုံမှန်​ပြန်​ဖြစ်​​အောင်​ ကြိုးစားရင်း သူ့ကိုပြန်​​ပြော​လေသည်​။

"လိုက်​လာလို့ မိပြီး ရဲစခန်း​ရောက်​သွားမှ နှစ်​​ကောင်​လုံး ဟုတ်​​ပေ့ဖြစ်​​နေမယ်"

"မင်းမိဘ​တွေ လာထုတ်​ခိုင်း​ပေါ့"

"ကျွန်​​တော့်​ မိဘ​တွေ ဒီမှာ မရှိဘူး။ hyung ကလည်း တစ်​​ကောင်​ကြွက်​ဆို​တော့ အာမ လာခံ​ပေးမယ့်​သူ ဘယ်​သူမှာရှိမှာ မဟုတ်​ဘူး။ ​အောင်​မယ်​​လေး ဘုရား ... ဘုရား မိသွားလို့က​တော့ အနည်းဆုံး နှစ်​လပဲ။"

kai ​တစ်​​ယောက်​တည်း ​ရေရွတ်​သလို လုပ်​ရင်း သူ့ကို​ပြော​နေသည်​ကို ကြည့်​၍ luhan ရယ်​ချင်​လာသည်​။ သို့​သော်​ ......

"မင်းက ငါ တစ်​​ကောင်​ကြွက်​မှန်း ဘယ်​လိုသိလဲ။ သင်​တန်းမှာလည်း ငါ့အ​ကြောင်း သိတဲ့လူ တစ်​​ယောက်​မှ မရှိပါဘူး။"

luhan ​​ရုတ်​တရက်​​ ကောက်​​မေးလိုက်​သည့်​ ​မေးခွန်း​ကြောင့်​ထင်​ kai တစ်​​ယောက်​ မျက်​နှာအနည်းငယ်​ပျက်​သွားသည်​။ သို့​သော်​ စက္ကန့်ပိုင်း​လေးပင်​ ချက်​ချင်းပြန်​ပြုံးလာပြီး ..............

"hyung ပုံစံက ဒီ​လောက်​အထီးကျန်​​နေမှန်​သာ သိသာလွန်းတယ်​​လေ ..... "

luhan ဘာမှ ထပ်​မ​မေး​တော့ပဲ လမ်းကိုသာ အာရုံစိုက်​​လျှောက်​ရင်း သူ့ကိုယ်​ပိုင်​အ​တွေးကမ္ဘာထဲနစ်​​မျောသွားပြန်​သည်​။ kai က​တော့ luhan ကို အကဲခတ်​ရင်း ​ဘေးမှ ​ဖြေး​ဖြေးချင်း​လျှောက်​လာ​လေသည်​။

.......................................................

ဟန်​မြစ်​​ဘေးရှိ လူပြတ်​​သော တံတား​အောက်​တွင်​ Luhan နှင့်​ kai ထိုင်​​နေကြသည်​။ luhan ​ရောက်​ရာ​ပေါက်​ရာသို့ ​လျှောက်​ရင်း၊ kai က ​ဘေးမှ ကုပ်​​ချောင်း​ချောင်းနှင့်​ လိုက်​ရင်းဖြင့်​ ထို​နေရာသို့  ​ရောက်​လာကြခြင်းဖြစ်​သည်​။ ​ရောက်​ကတည်းက စကားတစ်​ခွန်းမှ မ​ပြောကြဘဲ ထိုသို့ထိုင်​​နေသည်​မှာ နှစ်​နာရီ​လောက်​ ရှိ​တော့မည်​ ထင်​သည်​။ luhan က kai ဘက်​သို့ လှည့်​မကြည့်​ဘဲ မြစ်​ကိုပင်​ ကြည့်​​နေရင်း စကားစ​လေသည်​။

"kai မင်းအ​ကြောင်း​ ငါ့ကို​ပြောပြ။"

"hmmmmn?"

luhan စကားသံကြားပြီး kai တစ်​​ယောက်​ အိပ်​မက်​မက်​​နေရာမှ အသိပြန်​ဝင်​လာသလို ​ယောင်​တီး​ယောင်​နဖြင့်

"ကျွန်​ .... ကျွန်​​တော့အ​ကြောင်း?"

"အင်း .... "

"ကျွန်​​တော့်​မိဘ​တွေက စ​ကော့တလန်​မှာ ဝိုင်​ချက်​တဲ့ လုပ်​ငန်းလုပ်​တာ။ ကျွန်​​တော့်ကိုလည်း စ​ကော့တလန်​မှာပဲ ​မွေးတာ။ ဒါ​ပေမဲ့ ကိုးရီးယားမှာ အဘိုး အဘွား​တွေရှိ​​သေးတော့ ငယ်​ငယ်​​လေးထဲက ကိုးရီးယား ကို တစ်​နှစ်​တစ်​ခါလာလည်​ဖြစ်​တယ်​။ အခု​တော့ အဘိုးနဲ့ အဘွားလည်း ဆုံးသွားပါပြီ။"

"အမ်​ .... ဒါပဲလား"

"ဘာကျန်​​သေးလို့လဲ"

"မင်း​ကျောင်းတက်​တာတို့ .... အခု ကိုးရီးယား မှာ ဘာလာလုပ်​တာလဲ တို့​ပေါ့"

"​အော်​ ​ကျောင်းက စ​ကော့တလန်​မှာပဲ​နေခဲ့တာ။ ​ကောလိပ်​ကို​တော့ half-schorlar နဲ့ LSE မှာ တက်တယ်​ အခုဆို ယနှစ်​​ရောက်​ပြီ။

LSE? Sehun လည်း အခု LSE မှာ တက်​​နေတာပဲ။

"ကျောင်းဖွင့်​နေတုန်းကြီး မဟုတ်​ဘူးလား အခုက။ ဒီမှာ ဘာလာလုပ်​​နေတာလဲ။"

"အင်း .... နည်းနည်း ပြဿနာ​လေး​တွေရှိလို့ ​ကျောင်းတစ်​နှစ်​နားလိုက်​တာ။ အ​ဖေနဲ့ အ​မေဆီလည်း မပြန်​ချင်​တာနဲ့ ကိုးရီယားလာခဲ့တာ။ ဒီမှာ အဘိုးနဲ့ အဘွားကျန်​ခဲ့တဲ့ တိုက်​ခန်းလည်းရှိတယ်​။ ကျွန်​​တော့်​အတွက်​ လုပ်​​ပေးထားခဲ့တဲ့ ဘဏ်​စာအုပ်​လည်း ရှိ​တယ်​​လေ"

"ဘဝ​တွေများ ကွာလိုက်​တာ"

"hmmmn ဘာ ... ဘာကိုလဲ"

"ဘာမှ မဟုတ်​ဘူး။ ဒါနဲ့မင်း ...... hmmm ထားလိုက်​ပါ​တော့။"

Sehun အ​ကြောင်း ​မေးမလို့ စဉ်းစားလိုက်​​သေး​သော်​လည်း အခုမှ​တွေ့​သော သူတစ်​​ယောက်​အား ​မေးဖို့ မဝံ့မရဲဖြစ်​​နေသလို။ ထို့အပြင်​ "hyung နဲ့ sehun နဲ့ ဘယ်​လိုပတ်​သတ်​​နေတာလဲ" ​မေးလာလျှင်​လည်း ​ပေးရန်​​အ​ဖြေသူ့မှာ မရှိ​တော့။ သူကိုယ်​တိုင်​ပင်​ sehun နှင့်​ သူ၏ ပတ်​သတ်​မှုကို စတင်​ ယုံကြည်​မှု ကင်းမဲ့​နေပြီ မဟုတ်​လား။

"မင်း​ရေကူးတတ်​လား"

"ကူး ... အင်း ... မကူး .... မကူးတတ်​ပါဘူး .... ဘာလို့လဲ"

luhan ဘာမှ ပြန်​မ​ဖြေဘဲ တစ်​မိနစ်​၏ ဆယ်​ပုံ တစ်​ပုံပင်​ မရှိ​သော စက္ကန့်​အပိုင်းအခြား ​လေးတွင်​​ရေထဲ ​ပြေးဆင်းသွားလိုက်​သည်​။

အေးစက်​​နေ​သော သိပ်​သည်းဆ​ကြီးသည့်​ မြစ်​​ရေထုက သူ့အားဆီးကြို​နေသည်​။ ​ရေမကူးတတ်​သူ တစ်​​ယောက်​သည်​ ​ရေထဲတွင်​ မည်​သို့ ကိုယ်​ကို​ဖော့ကာ ​နေရမည်​ကို နားလည်​မည်​ မဟုတ်​သလို အသက်​ရှူ​အောင့်​၍ ကြာကြာလည်း ​နေနိုင်​လိမ့်​မည်လည်း​ မဟုတ်​ပါ။

မြစ်​​ရေက သူ့အား ​ရေနက်​ပိုင်းသို့ တစတစဆွဲချ​နေသည်​။ အသက်​ရှူရန်​ကြိုးစားလိုက်​​သော တဒင်္ဂ၌ နား​ခေါင်းထဲ ပါးစပ်​ထဲ နားထဲသို့ ​ရေများက အလုအယက်​တိုးဝင်​လာကြသည်​။ တဖြည်းဖြည်းနှင့်​ အသက်​ရှူပိုပိုကြပ်​ကာ တစ်​ကိုယ်​လုံး​လေးလံလာသည်​။

မျက်​ခွံများက ကြိမ်းစပ်​၍ ဖွင့်​ရန်​ခက်​ခဲလာပြီး တဖြည်းဖြည်းနှင့်​ အ​မှောင်​ထုကသာ ကြီးစိုးလာသည်​။ ဒီတစ်​ခါ​တော့ သူတကယ်​ ​သေရ​တော့မည်​ဟု ထင်​လိုက်​သည်​။ ​နောက်​ဆုံး သူ့အာရုံထဲတွင်​ ​ပေါ်လာ​သော sehun မျက်​နှာက ပြုံးရယ်​ခြင်း ကင်းမဲ့​နေခဲ့သည်​။

...................................................................

အဖြူ​ရောင်​ ​လေဟာပြင်​ကြီးထဲတွင်​ သူတစတစ လွှင့်​​မြော​နေရာမှ တဖြည်းဖြည်းနှင့်​ ​​အေးစက်​​သော ​လေထုအထိအ​တွေ့ကိုခံစားလာရသည်​။ သူ့​ကျောပြင်​မှ မာ​ကျော​ကာ ​အေးစက်​​နေသည်​ကိုလည်း ခံစား​နေရသည်​။ ထိုနည်းတူ သူ့တစ်​ကိုယ်​လုံးမှာလည်း ​အေးစက်​ကာ တုန်​ယင်​​နေသည်​ဟု သူထင်​သည်​။

သို့​သော်​ သူ့နှုတ်​ခမ်းသား တစ်​စုံမှာ ပူ​နွေးပြည့်​ကျပ်​​နေသလို။ မျက်​လုံးများကို အားယူကာ ဖွင့်​ကြည့်​လိုက်​​သော ​အညို​ရောင်​မျက်​ဝန်းတစ်​စုံနှင့်​ ရင်​ဆိုင်​လိုက်​ရသည်​။ သူချက်​ချင်းပင်​ တွန်းဖယ်​ကာ ထထိုင်​လိုက်​သည်​။

"အဟွတ်​ .... အဟွတ်​" ဆို​သော ​ချောင်းဆိုးသံနှင့်​ ​ရေပူတစ်​ချို့ သူ့နှုတ်​ခမ်းမှ စီးကျလာသည်​။

"မင်း​ပြော​တော့ ​ရေမကူးတတ်​ဘူးဆို"

"အဲ့ ... အဲ့ဒါ ကျွန်​​တော်​​ရေကူးတတ်​တယ်​ ​ပြောလိုက်​ရင်​ hyung ကျွန်​​တော့်​ ကွယ်​ရာ​ရောက်​မှ တစ်​ခုခု သွားလုပ်​​နေမှာ စိုးလို့ပါ။"

luhan စကားပြန်​မ​ပြောနိုင်​ခင်​မှာပင်​ လည်​​ချောင်းထဲမှ သီးကာ တဟွတ်​ဟွတ်​နှင့်​ ​ရေများအန်​ချချင်​လာပြန်​သည်​။

"hyung ရရဲ့လား" ဆိုကာ Kai တစ်​​ယောက်​ သူ့​ကျောကုန်းကို ခပ်​ဖွဖွ​လေးထု​ပေး​နေသည်။ သူလက်​ကာပြလိုက်​ပြီး သူ့ရင်​ကို သူထုကာ ​ရေအချို့ထပ်​အန်​လိုက်​သည်​။ အ​တော်​​လေး ​နေသာထိုင်​သာ ရှိသွား​သော်​လည်း သူ့​တစ်​ကိုယ်​လုံးမှာ အားမရှိသလို ​ပျော့​ခွေယိုင်​​နေသည်​။

Kai က ကုန်းပိုးကာ သူ့အိမ်​​ခေါ်သွားမည်​ဟု ​ပြော​သော်​လည်း luhan သူ့အိမ်​ကိုပင်​ ပြန်​ပို့​ပေးရန်​​ပြောလိုက်​မိသည်​။ သူ kai အိမ်​လိုက်​သွား ရ​လောက်​​အောင်​ သတ္တိမ​မွေးနိုင်​​သေးပါ။

သူ​ပြောသည့်​ အိပ်​လိပ်​စာ အတိုင်း kai လိုက်​ပို့​ပေး​လေသည်​။ ထုံးစံအတိုင်း သူ့တို့တိုက်​မှ နှစ်​ဆယ့်​သုံးနာရီပျက်​​နေ​သော ဓာတ်​​လှေကား​ကြောင့်​ kai သူ့ကို ကုန်​ပိုးလျက်​ပင်​ သူ့အခန်းရှိရာ ​လေးလွှာအထိလိုက်​ပို့​ပေး​လေသည်​။ kai ကို အားနာမိ​သော်​လည်း ယခုအချိန်​တွင်​ သူမတ်​တပ်​ပင်​ရပ်​နိုင်​ရန်​ အားမရှိ​သေးပါ။

သူ့အခန်း​ရောက်​​တော့ kai က သူ့အိပ်​ခန်း​ခေါ်သွားကာ ကုတင်​​ပေါ်တွင်​ တင်​​ပေး​လေသည်​။ ​ရေစို​နေ​သော အဝတ်​အစားများအားလဲရန်​ သူ့ဗီဒိုထဲကပင်​ အဝတ်​အစားတစ်​စုံ​ရွေးကာထုတ်​လာပြီး သူ့​ဘေးနားလာထား​ပေးသည်​။ သူ့အတွင်းခံများ ထည့်​ထား​သော အံဆွဲကို ​မွေရင်း Kai ရယ်​​နေသည်​ကို မြင်​​တော့ luhan မျက်နှာရဲသွားသည်​။

Kai က​တော့ အေး​ဆေးစွာပင်​ "hyung ဟာကလည်း ပိစိ​လေး​တွေရယ်​ ကျွန်​​တော်​နဲ့ ဘယ်​လိုမှ ​တော်​မှာ မဟုတ်​ဘူး" လို့ ​ပြော​တော့ luhan စိတ်​ဆိုးရအခက်​ ငိုရအခက်​နှင့်​။ ဟုတ်​ပါတယ်​ Kai လည်း သူ့ကိုကယ်​ခဲ့၍ တစ်​ကိုယ်​လုံး စိုရွှဲ​နေသည်​ပဲ။

luhan အသံတိုးတိုး​လေးနှင့်

"​အောက်​ဆုံးက ဗီဒိုအကန့်​ထဲမှာ မင်းနဲ့​တော်​မဲ့ အဝတ်​အစား ​တွေရှိတယ်​။ အ .. အတွင်း ခံ​ရောပဲ"

အမှန်တကယ်​ဆိုလျှင်​ sehun အဝတ်​အစားများအား မည်​သူ့ကိုမျှ သူ​ပေးမဝတ်​လိုပါ။ သို့​သော်​ kai က သူ့အသက်​ကိုကယ်​ခဲ့တဲ့သူ။ ထို့အပြင်​ sehunကို စိတ်​တိုနေ​​သော အရှိန်​နှင့်​​ပေါင်းကာ sehun ချန်​ခဲ့​သော အဝတ်​အစားများကိုပင်​ ယူဝတ်​ရန်​ပြောလိုက်​သည်​။

Kai တစ်​​ယောက်​ ဗီဒိုကိုဖွင့်​ကာ အဝတ်​အစားများနှင့်​ အတွင်းခံ တစ်​စုံထုတ်​လိုက်​ရင်း မျက်​နှာတွင်​ မဲ့ပြုံးတစ်​ခုဖြတ်​​ပြေးသွားသည်​။ သို့သော်​ သူ့ကိုဘာမှ​တော့ မ​မေးပါ။ ထို့​နောက်​ အဝတ်​အစား ယူ၍ အပြင်​သို့ထွက်​သွား​လေသည်​။ luhan လည်း kai ထွက်​သွားသည်​နှင့်​ ခုတင်​​ဘေးတွင်​ပုံထား​သော အဝတ်​အစား တစ်​စုံကို အလျင်​အမြန်​​လဲလိုက်​​သည်​။ ထို့​နောက်​ ​သဘက်​တစ်​ထည်​ကို ယိုင်​တီးယိုင်​တိုင်​ဖြင့်​ ထယူကာ ​ခေါင်းသုတ်​​​နေလိုက်​သည်​။

အ​တော်​ကြာ​တော့ တံခါး​ခေါက်​သံ တစ်​ချက်​ကြားရပြီး kai တစ်​​ယောက်​ မုန့်​ဗန်းကိုင်​ကာ ဝင်​လာသည်​။

"ဒါ​လေးစားပြီး အိပ်​လိုက်​"

luhan ​ပေါင်​မုန့်​ကို မကင်​ဘဲ ​ထောတပတ်​သုတ်​ကာ သကြားဖြူးထား​သော ​ပေါင်​မုန်​တစ်​ချက်​ကို လှမ်းယူ၍ တစ်​ကိုက်​ကိုက်​လိုက်​ရင်း sehun ကို သတိရလာသည်​။ sehun သာဆို သူ့ကို ကျွတ်​ကျွတ်​​လေးကင်​​ပေးပြီး ယိုသုတ်​​ပေးမှာ။ ​ကော်​ဖီကို တစ်​ငုံ ငုံလိုက်​ပြန်​​တော့ sehun သာဆို သူကြိုက်​တဲ့ အ​နေခါးခါး​ဆိမ့်​ဆိမ့်​​လေး ​ဖျော်​​ပေးမည်​ဟု အမှတ်​ရရင်း ဝဲဘက်​ရင်​အုံမှ ထိုး​အောင့်​လာပြန်​​တော့သည်​။

"မင်း​ကော မစားဘူးလား။"

kai သူ့ဆံပင်များကို တဘက်​ဖြင့်​ ခပ်​ဖွဖွသုတ်​​ပေး​နေသည့်​ကြားမှ ပြန်​​ဖြေ​လေသည်​။

"ရတယ်​ အိမ်​​ရောက်​မှ စားလိုက်​​တော့မယ်​။"

"​မှောင်​​နေပြီ ဒီည ဒီမှာ အိပ်​ရင်​အိပ်​လိုက်​​​တော့လေ။"

"အမ်​ .... ​ယောက်ျား​လေးပဲကို .... အဟဲ hyung က ကျွန်​​တော့်​ကို မပြန်​​စေချင်​လို့လား?"

သူ တကယ်​ပင်​ kai ကို မပြန်​​စေချင်​​သေးပါ။ တစ်​​ယောက်​တည်း ကျန်​ရစ်​ခဲ့ရသည့်​ ခံစားချက်​မျိုးကို သူနာကျင်​ မုန်းတီလွန်းလှ​နေပြီ။

"မင်း အ​ဆင်​​ပြေလည်း ပြီးတာပဲ။"

"မ​ပြေဘူး။ မ​ပြေဘူး။ မနက်​မှပြန်​​တော့မယ်​။"

Luhan ရင်​ထဲသို့ ​နွေး​ထွေး​သော လှိုင်းတချို့ဖြတ်​စီးသွားသည်​ ထင်​သည်​။ ထိုခံစားချက်​မျိုးနှင့်​ သူ​ဝေးကွာ​နေခဲ့တာ ဘယ်​​လောက်​​တောင်​ကြာပြီလဲ။

တစ်​​ယောက်​​ယောက်​ အနားမှာ ရှိ​နေသည်​ ဟူ​သော အသိသည်​ ​နွေး​ထွေးလုံခြုံ​သော ခံစားမှုကို​ပေးသည်​။ အိပ်​မက်​ဆိုး​ပေါင်း များစွာနှင့်​ လန့်​နိုးရ​သော ညများအကြား ပထမဆုံး အကြိမ်​အဖြစ်​ Luhan နှစ်​ခြိုက်​စွာ အိပ်​​ပျော်​သွားပါ​တော့သည်​။

..................................................................





Continue Reading

You'll Also Like

6.2M 426K 57
#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖ...
3.2M 242K 73
Mini Story Boy Love , Uni Life style
5.6M 549K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
Wattpad App - Unlock exclusive features