တော်ဝင်ပန်းမို့ မနမ်းထိုက်ပါ

By EXFINITEYEOLLIES

3.2K 295 18

A Jihope Fanfiction Author: EXFINITEYEOLLIES More

တော်ဝင်ပန်းမို့ မနမ်းထိုက်ပါ
Boy in Luv(EPI-1)

Boy in Luv (EPI-2)

847 98 11
By EXFINITEYEOLLIES

Hyorin ရဲ့ စကားကြောင့် HoSeok ဆွံ့အသွားမိသည်။

သူမ ဒီလိုပြောလိမ့်မယ်လို့ လုံးဝထင်ထားခဲ့တာ

HoSeok: No..noona

သူမကို ကြည့်လိုက်တော့ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းတွေနှင့်

Police: ရဲစခန်းကို လိုက်ခဲ့ပေးပါ

အဲဒီနေ့က ကျွန်တော်အပျော်ဆုံးနေ့လို့ ထင်ခဲ့တာ

ကျွန်တော် အရမ်းဖြစ်ချင်တဲ့ Idolဖြစ်ခွင့်ရမယ့်နေ့

ဒါပေမယ့် ခုလိုအဖြစ်မျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ

စခန်းရောက်တော့ အမှုဖွင့်ပြီး စစ်ဆေးခဲ့တယ်။

တစ်ဦးတည်းသော သက်သေဖြစ်တဲ့ အတိုက်ခံရတဲ့
ကောင်မလေးက မသေဘူးတဲ့

ဒါပေမယ့် side effect အနေနဲ့ comaဖြစ်သွားတယ်

တရားရင်ဆိုင်တော့

ကျွန်တော့် နားတောင် ကျွန်တော် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။

Noona

ဟုတ်ပါတယ် ကျွန်တော့်ရဲ့ Noona

ကျွန်တော်အရမ်းချစ်တဲ့ Noona

အမြဲ ချိုသာတဲ့စကားတွေပြောခဲ့တဲ့ Noonaရဲ့ နှုတ်ခမ်းက မုသားဆိုတဲ့ အဆိပ်ထက်ပြင်းတဲ့ စကားလုံးတွေ ပြောထွက်ခဲ့တယ်။

မဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို လုပ်ကြံဖန်တီးပြီး ပြောနိုင်လောက်တဲ့အထိ ဘာတွေကများ Noonaကို ပြောင်းလဲစေခဲ့တာလဲ။

ကျွန်တော်အစက မသိခဲ့ပါဘူး။

အဲဒီနောက် ကျွန်တော့် ဘဝတစ်ခုလုံး ပြောင်းလဲစေမယ့် ကိစ္စကြီး ကျရောက်လာခဲ့တယ်

နစ်နာသူဘက်က တရားစွဲလိုက်တာပါ

မကျူးလွန်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ပေးဆပ်ရတော့မှာလား

ဒါထက် ပိုပြီးခံပြင်းစရာကောင်းတာက အမှုရဲ့ မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့သူက ဘယ်သူလဲ သိရဲ့လား။

Noona ကျွန်တော့်ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ Noona

အားလုံးပြီးဆုံးသွားတဲ့တော့ ကျွန်တော် ထောင်ကျခဲ့တယ်

စိတ်ဓာတ်ပါ ဟိုးအောက်ဆုံးထိ ကျခဲ့တာပါ

ပြန်ဖျက်မရတဲ့ အမည်းစက်ကြီး စွန်းထင်းသွားခဲ့ပြီလေ

အသက်ရှင်ချင်စိတ်တောင် မရှိတော့တဲ့ အခြေအနေထိ ရောက်ခဲ့တယ်

တနေ့မှာ Noonaရောက်လာတယ်

ကျွန်တော့်မှာကျန်တဲ့ နောက်ဆုံးလက်ကျန်အင်အားနဲ့ ထွက်တွေ့ခဲ့တယ်လေ

Noonaကို ပြန်တွေ့တော့ သူမ အရင်လို မဟုတ်တော့ဘူး

အရင်လို ဖြူစင်ရိုးသားတဲ့ Noonaမဟုတ်တော့ဘူး

လုံးဝ အဆင့်အတန်းရှိတဲ့ ladyတစ်ယောက်အသွင်နဲ့

အရင်လို မျက်ဝန်းထဲမှာ ဖြူစင်မှုတွေအစား လိုချင်တပ်မက်မှုတွေနဲ့

ဒါပေမယ့် ကျွန်တော့် နှလုံးသားက သူ့ကိုမြင်လိုက်တော့ အလိုလို ခွင့်လွှတ်ပေးချင်နေသည်။

သူ Noonaကို ချစ်နေပါသေးတယ်

Noonaသူ့ကို ချစ်ရဲ့လားလို့ မေးလိုက်တယ်

သူမ ပြောလိုက်တဲ့ စကားက သူ့မျှော်လင့်ချက်တွေအကုန် ရိုက်ချိုးလိုက်သည်။

Noonaသာ ပျော်မယ်ဆို အကုန်စွန့်လွှတ်ဖို့ အသင့်ဖြစ်နေသူပါ

အာ့ကြောင့်လဲ ဘာမှမဖြေရှင်းပဲ အကုန်ခေါင်းခံပြီး ဝန်ခံခဲ့တာ မဟုတ်လား။

တကယ့်အဖြစ်မှန်ကို ဘယ်သူမှမသိပါစေနဲ့တဲ့
သူအခု ဘဝသစ်မှာနေ နေပြီမို့လို့ လွှတ်ပေးပါတော့တဲ့
ဘယ်တုန်းကမှ မသိခဲ့တဲ့သူတွေလို နေရအောင်တဲ့

သူလက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။

Arnyi ကျွန်တော်က ဘာလို့အဲ့လို လုပ်ပေးရမှာလဲ

အဲ့လို ပြောလိုက်ချင်ပေမယ့် ကျွန်တော့ နှုတ်ဖျားက ထွက်မလာခဲ့ဘူးလေ

ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ သံတိုင်တွေကြားက ကျွန်တော့် အခန်းဆီ ပြန်သွားခဲ့တယ်

ရက်စက်လိုက်တာ Noonaရယ်

အဲ့နောက်ပိုင်းကစပြီး ကျွန်တော့် ခံစားချက်တွေ ပြင်းထန်လာခဲ့တယ်

အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့

အရမ်းချစ်လွန်းလို့ ရူးမတတ်မုန်းနေရတယ်

မုန်းတယ်

အရမ်းမုန်းတယ်

ကျွန်တော့် ဘဝတစ်ခုလုံးသုံးစားမရအောင် လုပ်လိုက်တဲ့ Noonaကို မုန်းတယ်

သူတဖြည်းဖြည်း monster တစ်ကောင်လို အသွင်ပြောင်းလာတာကို သူလည်းခံစားမိတယ်

အချိန်တွေက ကုစားမပေးပဲ အမုန်းတရားကိုပဲ ပိုတိုးစေသလား

"Kim Hyorin စောင့်ကြည့်လိုက်ပါ
ခင်ဗျား ဘယ်လောက်ကြာကြာပျော်နိုင်မလဲဆိုတာ
သူများဘဝကို နင်းခြေပြီး နတ်စည်းစိမ်ခံစားနေတာလား
သိပ်မကြာတော့ပါဘူး ငရဲထက်ဆိုးတဲ့ဘဝ မြည်းကြည့်စေရမယ်"

✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂

10 years Later,
Now...

ဟန်မြစ်ကမ်း တံတား

ညနေခင်းလေးဖြစ်၍ ရာသီဥတုသာယာပြီး လေတွေတဖြူးဖြူး တိုက်ခတ်နေသည်။

လေတစ်ချက်ဝေ့ပြီး တိုက်ခတ်တိုင်း ရေမျက်နှာပြင်ပေါ်မှာ လှိုင်းကြပ်ခွပ်လေးတွေ ထသွား၏။

ကောင်းကင်ကြီးက အရင်ထက်ပိုကြည်လင်နေပြီး တိမ်တိုက်တွေက ပြေးလွှားနေကြ၏။

တံတားပေါ်မှာတော့ ကောင်လေးတစ်ယောက်

ပြေပြစ်တဲ့ မျက်နှာအချိုးအစား

ချွန်ထက်နေတဲ့ jaw line

တိကျပြတ်သားတဲ့ နှုတ်ခမ်းပါး

အရာအားလုံးက Perfect

အဖြူရောင် တီရှပ်ပေါ်မှာ အနက်ရောင်ဂျာကင်နှင့် ဂျင်းpantကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။

အညိုရောင် ဆံပင်တို့က လေထဲမှာ စည်းချက်ကျကျ ဝဲပျံနေ၏။

စူးရှတဲ့ မျက်လုံးအကြည့်တို့က လက်ထဲက သတင်းစာခေါင်းစီးအပေါ်မှာ

Bullet Company CEO Park Hyun Wooနှင့် Director Kim Hyorin တို့၏ သားလေး သုံနှစ်ပြည့် မွေးနေ့မင်္ဂလာကို ခမ်းနားစွာကျင်းပ

အပြစ်ပြောစရာမရှိသော နှုတ်ခမ်းပါးတို့ကို ကွေးညွတ်အောင် မဲ့ပြုံးလိုက်ပြီး...

ဂျာကင်အိပ်ကပ်ထဲက မီးခြစ်ကို ထုတ်ကာ သတင်းစာအစွန်းကို မီးစွဲစေလိုက်သည်။

ထို့နောက် တဖြည်းဖြည်းလောင်ကျွမ်းနေသော သတင်းစာကို အေးစက်စွာပြုံးရင်း လွှတ်ချလိုက်သည်။

ထို့နောက် အနက်ရောင်BMWကားလေး တစ်စီး မြို့စွန်သို့ ဦးတည်လျက် တရွေ့ရွေ့ ထွက်ခွာသွား၏။

.         .         .          .        .         .          .

HEAVEN Orphanage

ကားလေးတစ်စီး ဂေဟာအတွင်းသို့ ထိုးဝင်လာသည်။

သူ ဒီနေရာကို ပြန်ရောက်ခဲ့ပြီ

အရာအားလုံးက ဘာမှမပြောင်းလဲသေးပေ

ဂေဟာကို မရောက်ဖြစ်တာ ဆယ်နှစ်လောက် ရှိပြီပေါ့

ကားစက်သတ်ပြီး အုပ်ချုပ်ရေးမှူးကို တွေ့ဖို့သွားတော့...

အနုပညာခန်းရှေ့က ဖြတ်သွားရသည်။

သူ့ကိုယ်သူတောင် သတိမထားမိလိုက်ပဲ ရပ်တန့်နေမိ၏။

♪ ♬ ♪ ♬ ♪ ♬ ♪
♬ ♪ ♬ ♪ ♬
♪ ♬ ♪ ♬
♬ ♪ ♬

ရုတ်တရက် ပီယာနိုသံ ထွက်ပေါ်လာသည်။

သီချင်းသံကြားလိုက်တော့ အချိန်တွေ ရပ်တန့်သွားသလို

ချိုမြိန်လိုက်တဲ့ စန္ဒရားသံလေးပါလား

ဆွေးဆွေးမြေ့မြေ့လေးတီးခတ်နေတာက သူ့စိတ်အာရုံကို ဖမ်းစားထားသလို

အရင်နားထောင်ခဲ့ဖူးတဲ့ သီချင်းသံတွေနဲ့ကို မတူတာပါ

သူ့ မျက်လုံးတွေမှိတ်လိုက်ပြီး တံခါးကို မှီကာ နားဆင်နေမိသည်။

သီချင်းလေး ဆုံးသွားတော့ ရင်ထဲမှာ ဟာနေသလို ခံစားရ၏။

သူ သိချင်စိတ်နဲ့ တံခါးလေးကို အသာတွန်းဖွင့်လိုက်သည်။

ခုံပေါ်မှာ သူ့ကို နောက်ကျောပေးထိုင်နေတဲ့ ကောင်မလေး တစ်ယောက်

ခုံပုလေးတွေပေါ်မှာတော့ ကလေးလေးတွေ

သူမ စန္ဒရားသံဆုံးတော့ ကလေးတွေ အားရဝမ်းသာ လက်ခုပ်တီးကြသည်။

သူမလည်း ခုံကနေထပြီး ကလေးတွေထိုင်တဲ့ ခုံပုလေးမှာ ဝင်ထိုင်လိုက်သည်။

တံခါးကနေပဲ ရပ်ကြည့်နေတဲ့ သူ့အတွက်ကတော့ သူမရဲ့ ဘယ်ဘက်ခြမ်းကိုသာ မြင်နေရတာပေါ့

မျက်နှာကို သေချာမမြင်ရပေမယ့်လည်း ဘေးကကြည့်ရတာတောင် ကလေးဆန်တဲ့ မျက်နှာပိုင်ရှင်မှန်း သိသာသည်။

ကလေးတွေကြားထဲမှာ ထိုင်ပြီး ပုံပြင်စာအုပ်ဖတ်ပြနေတဲ့ သူမက တကယ့်ကို ဖြူစင်လွန်းနေပါတယ်။

ဒုတ် ဒုတ် ဒုတ် ဒုတ်

ဟင် ဒါဘာလဲ

သူ ရင်ခုန်နေတာလား

သူ့နှလုံးခုန်သံတွေ ရပ်တန့်ခဲ့တာ တော်တော်ကြာပြီလေ

သူ့ခံစားချက်တွေ အေးစက်နေခဲ့တာ ကြာပြီလေ

အေးခဲနေတဲ့ နှလုံးသားတစ်စုံ ပြန်နွေးထွေးလာတာလား

HoSeok-ah

နောက်ကနေ ခေါ်သံကြားမှ သူလှည့်ကြည့်မိသည်။

Headmistress: သား ဘယ်တုန်းက ရောက်နေတာလဲ

HoSeok: အခုလေးတင်ပါပဲ

Head: aww

အခန်းထဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး

Head: အခန်းထဲမှာ စကားသွားပြောကြမလား

HoSeok: nae

သူ ထွက်မသွားခင် အခန်းထဲကို တစ်ချက်လှည့်ကြည့်လိုက်သည်။

သူမကတော့ ပုံပြောကောင်းနေဆဲ။

အုပ်ချုပ်ရေးမှူးနဲ့ အတော်ကြာတဲ့ထိ စကားတွေပြောနေပြီး မှောင်လာတာနဲ့ ပြန်ဖို့နှုတ်ဆက်လိုက်သည်။

ကျွန်တော် ကားနားရောက်မှ အုပ်ချုပ်ရေးမှူးနဲ့ ကောင်မလေးတစ်ယောက် ရောက်လာသည်။

သေချာကြည့်မိမှ ခုနကောင်မလေးပဲ။

ရှေ့က သေချာကြည့်တော့မှ တကယ့်ကို ကလေးမျက်နှာလေးပါ

Headmistress: HoSeok-ah အကူအညီတောင်းစရာ ရှိလို့ပါ

HoSeok: nae ပြောပါ

Head: ဒီကလေးမက seoulက လာတာလေ အခု ပြန်ဖို့အခက်အခဲရှိနေလို့ သားလည်းပြန်မှာဆို ခေါ်သွားပေးလို့ ရမလား

Girl: အကူအညီတောင်းပါတယ်ရှင့်

HoSeok: awwရပါတယ် လမ်းသင့်နေတာပဲ

Girl: ကျေးဇူးတင်ပါတယ်ရှင့် အုပ်ချုပ်ရေးမှူးကိုလည်း ကျေးဇူးတင်ပါတယ်

Head: ရပါတယ်ကွယ် ခုလိုကလေးတွေအတွက် လာပေးတာပဲ ကျေးဇူးတင်ရမှာပါ သွားကြလေ မှောင်တောင်နေပြီ

HoSeok: nae သွားလိုက်ပါဦးမယ်

Girl: သွားပြီနော်

ကားပေါ်မှာတော့ တိတ်ဆိတ်နေသည်။

သူလည်း ဘာမှမပြောပဲ အကဲခတ်နေလိုက်သည်။

သူမ ဘေးမှာထိုင်နေတော့ ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားသလို

ဒါပေမယ့်

သူမက တစ်စုံတစ်ယောက်လို သွယ်လျအချိုးကျတဲ့ သူမဟုတ်

ပုပုလုံးလုံးလေးဖြစ်သည်။

မျက်လုံးလေးတွေက မှေးမှေးလေး

သူမရယ်လိုက်ရင် သူတို့ကပါ လိုက်ရယ်မှာ သေချာသည်

နှာခေါင်းလေးကလည်း သေးသေးလုံးလုံးလေး

နှုတ်ခမ်းလေးကလည်း စတော်ဘယ်ရီရောင်သန်းနေပြီး ဖူးဖူးလေး

သူမက စကားစလိုက်တော့ သူ့အတွေးတွေ ပြတ်သွားသည်။

Girl: ဟို ကျွန် ကျွန်မနာမည်က jiminပါ

HoSeok's p: aww jiminတဲ့လား

HoSeok: Jhope ပါ

Jimin: nae ခုလို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်နော်

HoSeok: မလိုပါဘူး ဒါနဲ့မင်းက ဘယ်မှာနေတာလဲ

Jimin: ဂန်းနမ်မှာပါ

HoSeok: aww ဘယ်နေရာလဲ

Jimin: *******မှာပါ

HoSeok: ok

ထို့နောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

ဒီတခါ ဖြိုခွင်းလိုက်တာက

Jhope: မင်းက ဂေဟာကို လာနေကျလား

Jimin: ဟုတ် သိပ်တော့မကြာသေးပါဘူး

Jhope: aww

Jimin: ဒီနေ့လည်း အိမ်ကမသိအောင် ထွက်လာတာ

သူမကြည့်ရတာ စိတ်ရှုပ်နေတဲ့ပုံပါ

အပြစ်ကင်းစင်တဲ့ မျက်နှာလေးမှာ အလိုမကျမှုတွေက အထင်းသား

Jhope: အိမ်နဲ့အဆင်မပြေလို့လား

Jimin: တကယ်တော့ Ommaက ဆုံးသွားတာ ၄နှစ်ရှိပြီ အခု appaက နောက်အိမ်ထောင်နဲ့
ကလေးတောင် ရနေပြီလေ

သူ တစ်ချက်တော့ ကြောင်သွားသည်။

အခုမှတွေ့ဖူးတဲ့သူတစ်ယောက်ကို အိမ်တွင်းရေးတွေ ပြောပြနေတာလား။

Jhope: aww ဟုတ်လား

Jimin: ommaဆုံးသွားတာ အဲ့ကိစ္စလည်း ပါတယ်

အတော်ကြာတဲ့ထိ သူ့အကြောင်းတွေ ပြောပြနေသည်။
သူလည်း စိတ်ဝင်တစား နားထောင်နေမိ၏။

Jimin: ကလေးတွေနဲ့ရှိနေရင် စိတ်ချမ်းသာတယ် သူတို့က အပူအပင်ကင်းတယ်လေ သူတို့နဲ့နေရင် အပျော်တွေကူးစက်လာတယ်

Jhope: imm ဟုတ်တယ်

Jimin: ဟိုရှေ့နားဆို ကွေ့လိုက်ရင် ရောက်ပြီ

စကားတပြောပြောနဲ့ လာလိုက်တာ သူမ အိမ်ရှေ့တောင် ရောက်လာခဲ့သည်။

အိမ်ကြီးက အတော်ကြီးသည်။

တော်တော်လည်း ချမ်းသာပုံရသည်။

Jimin: ထပ်ပြီးကျေးဇူးတင်ပါတယ်နော် လိုက်ပို့ပေးတာရော နားထောင်ပေးတာရော

Jhope: no problem

Jimin: အိမ်ထဲမခေါ်တော့ဘူးနော်

Jhope: ရပါတယ်

သူလည်း တံခါးနားထိ လိုက်ပို့ပေးလိုက်၏။

ရုတ်တရက် တံခါပွင့်သွားပြီး မြင်လိုက်ရတဲ့ သူကြောင့် သူ့မျက်စိသူ မယုံနိုင်ဖြစ်ရပြန်၏။

Hyorin: Jimin-ah စိတ်ပူလိုက်ရတာ appaလည်း စိတ်ပူနေပြီ ဘယ်တွေသွားနေတာလဲ

.       .       .       .        .        .       .       .        .

To be continued
Jimin oppa bdမို့ ဒိတ်လိုက်တာပါ
တိုသွားရင် miyan

Continue Reading

You'll Also Like

156K 11.6K 45
"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."
1.3M 29.1K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
141K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...