တော်ဝင်ပန်းမို့ မနမ်းထိုက်ပါ

EXFINITEYEOLLIES tarafından

3.2K 295 18

A Jihope Fanfiction Author: EXFINITEYEOLLIES Daha Fazla

တော်ဝင်ပန်းမို့ မနမ်းထိုက်ပါ
Boy in Luv (EPI-2)

Boy in Luv(EPI-1)

1K 100 7
EXFINITEYEOLLIES tarafından

South Korea

HEAVEN ဆိုတဲ့ မိဘမဲ့ ဂေဟာလေးက Seoulမှာ ရှိတာပါ။

မြို့စွန်မှာဖြစ်လို့ တချို့ကတော့ သိပ်မသိကြပါဘူး။

Jung Min Jaeဆိုတဲ့ အမျိုးသမီးက မိဘမဲ့ကလေးတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားတာပါ။

ထိုဂေဟာလေးရဲ့ နောက်ဘက်မှာ တောအုပ်စိမ်းစိမ်းလေး တစ်ခုရှိတယ်။

တောအုပ်လေးထဲက သစ်ပင်ကြီးတစ်ပင် အောက်မှာတော့...

ဆယ့်ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်နဲ့ ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်

HoSeok: အား စပ်တယ် ဖြည်းဖြည်းလုပ်ပါ noona

Hyorin: Miyan

Hyorin လို့ခေါ်တဲ့ ကောင်မလေးက HoSeok ဆိုတဲ့ကောင်လေးကို ဆေးထည့်ပေးနေတာပါ။

Hyorin: အာ့ကြောင့် ဘာလို့ရန်ဖြစ်ရတာလဲ

HoSeok: သူတို့က noona ကို အနိုင်ကျင့်ဖို့ကြိုးစားနေတာကို

Hyorin: အဲဒါ မင်းနဲ့ဘာဆိုင်လို့လဲ

HoSeok: ဗျာ အဲ အဲဒါက

Hyorin: အဲဒါက ဘာဖြစ်လို့လဲ

HoSeok: ကျွန်တော် noonaကို သဘောကျလို့

Hyorin: ဘယ်လို

HoSeok: ဟုတ်ပါတယ် noonaကတော့ သိမှာမဟုတ်ဘူး noonaပီယာနို တီးတဲ့အချိန်တိုင်း အမြဲချောင်းနားထောင်ခဲ့တာ

Hyorin: ပီယာနိုကို သဘောကျတာလား ငါ့ကိုလား

HoSeok: ဗျာ ဟဲဟဲ နှစ်ခုစလုံးပဲ

Hyorin: ခ်ခ် ဒါနဲ့ မင်းကိုအရင်က မတွေ့မိပါဘူး

HoSeok: ဘယ်တွေ့ပါ့မလဲ noonaက အပြင်မှာသိပ်မထွက်တာကို

Hyorin: အာ့ကိုလဲ သိနေတာလား

HoSeok: Nae ဟီးဟီး

Hyorin: ဒီကိုရောက်နေတာ ကြာပြီလား

HoSeok: မွေးကတည်းက ရောက်နေတာလို့ အုပ်ချုပ်ရေးမှူးက ပြောတာပဲ

Hyorin: aww နာမည်ဘယ်လိုခေါ်လဲ
ငါ့နာမည်က...

HoSeok: Hyorin ဟုတ်တယ်မလား ကျွန်တော်က HoSeok ပါ

Hyorin: Gudae

HoSeok: နောက်ဆို အနိုင်ကျင့်ခံရမှာ စိတ်မပူနဲ့တော့နော် ကျွန်တော်ကာကွယ်ပေးမယ်

Hyorin: Jinja?

HoSeok: Nae I'm your hope

တောအုပ်လေးတခွင်မှာ ဖြူစင်တဲ့ ကလေးလေးနှစ်ယောက်ရဲ့ ရယ်သံလေးတွေ ပျံ့လွင့်သွားသည်။

HoSeok pov:

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေး စခဲ့တာပါ။

ဂေဟာက လူတော်တော်များများက ကျွန်တော်တို့နှစ်ယောက် တပူးတွဲတွဲနေတာကို သဘောမကျကြဘူး။

ကျွန်တော့်ကိုတော့ ကောင်းပေမယ့် Noonaကို သိပ်မကြိုက်ကြဘူး။

ဒီလို သဘောထားနူးညံ့တဲ့ noonaကို ဘာလို့ ဒီလို ဆက်ဆံကြလဲဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး။

ကျွန်တော် အပျော်ဆုံးအချိန်က Noonaရဲ့ piano တီးသံလေးကို နားထောင်ရတဲ့ အချိန်ပါပဲ။

Noonaရဲ့ အကြည့်တွေ အပြုံးတွေ ကြားမှာ ပျော်ဝင်ခဲ့တာလည်း ကြာပါပြီ။

ဂေဟာရဲ့ အရိပ်အောက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး ဖန်တီးခဲ့ကြတယ်။

ကျွန်တော် မိုးကောင်းကင်ကြီးကို သက်သေတည်ပြီး ပြောလိုက်ပါ့မယ်။

ကျွန်တော့်ရဲ့ နှလုံးသားကို ပထမဆုံးသိမ်းယူခဲ့တဲ့ မိန်းကလေးက Noonaပါပဲ။

Noonaက တစ်ကိုယ်ကောင်းဆန်ပေမယ့် တကယ်တော့ စိတ်ထားကောင်းပါတယ်

တခါတလေ တဇွတ်ထိုးဆန်ပြီး လုပ်ချင်တာ လုပ်တတ်တာက လွဲလို့ပေါ့

ငယ်ငယ်ထဲက မိဘမေတ္တာကို မရရှိခဲ့တဲ့ ကျွန်တော့်ကို Noonaက တခါမှမရခဲ့ဘူးတဲ့ မေတ္တာတွေပေးတယ်လေ။

ဒါကြောင့် Noonaကို ချစ်တယ်

ဘာတွေပဲ ဖြစ်ဖြစ် ချစ်သွားမယ်

Jung HoSeok ဆိုတဲ့ ကောင်လေးက Noonaအတွက်ပါပဲ။

♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥ ♡ ♥

Six Years later,

ခုဆို ကျွန်တော်က အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်နေပြီ။

Seoul အနုပညာကျောင်းမှာ scholar တက်နေတာလေ။

Dance majorကို အဓိက ယူထားတာပေါ့။

ကရတာကိုလည်း တကယ်ဝါသနာပါ ပါတယ်။

ကျောင်းမှာလဲ Dancing machine ဆိုတဲ့ နာမည်ပြောင်တောင် ရနေပြီ။

ဒီနေ့လည်း ကျောင်းကပြန်ရောက်တော့...
လွယ်အိတ်တောင် မချနိုင်ပဲ...
ထုံးစံအတိုင်း သစ်ပင်ကြီးအောက်ကို အပြေးလေး သွားမိသည်။

Noonaကတော့ သစ်ပင်ရဲ့ ပင်စည်ကို မှီထိုင်ပြီး စာအုပ်ဖတ်နေတယ်လေ

ဒီတိုင်းလေးနေတာကိုက ကျွန်တော့်အတွက် နတ်သမီးလေးလိုပါပဲ

ကျွန်တော် ချက်ချင်းပြေးသွားပြီး လှဲချကာ Noonaပေါင်ပေါ်မှာ ခေါင်းအုံးလိုက်သည်။

Hyorin: Hobie ပြန်ရောက်ပြီလား

HoSeok: Nae noona စောင့်နေတာကြာပြီလား

Hyorin: ဟင့်အင်း စာအုပ်ဖတ်နေတာဆိုတော့ ကြာမှန်းမသိလိုက်ဘူး

HoSeok: ဒါနဲ့ ပြောစရာရှိတယ်ဆို

Hyorin: အင်း ဝမ်းသာစရာသတင်း

HoSeok: တကယ်လား ပြောပါဦး

Hyorin: ဒါပေမယ့် သတင်းဆိုးနဲ့ သတင်းကောင်း ရှိတယ် ဘယ်ဟာ အရင်ပြောရမလဲ

HoSeok: immmm ကောင်းတာ အရင်ပြော

Hyorin: Noona Big Hit Entertainment မှာ အလုပ်ရပြီ

HoSeok: Jinja? Wow!!!! Daebak
အရမ်းကောင်းတာပဲ noona chukahae

Hyorin: Gomawo hobie-ah

HoSeok: ဒါဆို သတင်းဆိုးကရော

Hyorin: Noona ဂေဟာကနေ ထွက်သွားတော့မယ်

HoSeok: ဗျာ

သူလှဲအိပ်နေရာက ထ ထိုင်လိုက်သည်။

HoSeok: တကယ်လား noona

Hyorin: အင်း

HoSeok: ဒါဆို noonaနဲ့ မတွေ့ရတော့ဘူးပေါ့နော်

Hyorin: Noonaအလုပ်လုပ်တဲ့ဆီ လာလည်ရင် ရတာပဲလေ

HoSeok: ဒါပေမယ့်လဲ မသွားလို့မရဘူးလား noona ရယ်

Hyorin: မရဘူး Noonaသွားရမယ် ဂေဟာမှာပဲ noonaဘဝကို အဆုံးမသတ်ချင်ဘူး

HoSeok: Noona ရယ်

Hyorin: မင်းလည်း အောင်မြင်တဲ့ dancerတစ်ယောက်ဖြစ်အောင် ကြိုးစားပေါ့ တနေ့ငါတို့ ဂုဏ်ယူဝံ့ကြွားစွာ ပြန်တွေ့ကြမယ်

သူ့ပါးပြင်ပေါ်မှာ နွေးခနဲ ခံစားလိုက်ရသည်။

သူမျက်ရည်တွေကျနေတာလား။

HoSeok: Noona

Hyorin: မငိုနဲ့လေ Noona ဘာပြောထားလဲ ယောက်ျားဆိုတာ မျက်ရည်မကျရဘူးလို့

HoSeok: Nae noona ဒါပေမဲ့ ဒီနေ့တစ်ရက်လေးတော့ ငိုခွင့်ပေးပါ noonaရယ်

သူ သူမ ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေမိသည်။

၆နှစ်လောက် သံယောဇဉ်တွယ်ပြီးမှ ခုလို ရုတ်တရက်ခွဲရမယ်ဆိုတော့ ဝမ်းနည်းသင့်ပါတယ်လေ။

• • • • • • • • • •

နောက်နေ့ရောက်တော့...

အထုပ်အပိုးတွေအကုန်ထည့်ပြီး သွားဖို့ အဆင်သင့်ဖြစ်နေလေပြီ။

ဂေဟာက လူတွေကတော့ နှုတ်ဆက်ပြီး ပြန်ဝင်သွားကြသည်။

သူသာ ကားနားထိလိုက်ပို့သည်။

Hyorin: noona သွားတော့မယ် ကောင်းကောင်းနေခဲ့နော် Hobie-ah

HoSeok: သတိရတိုင်းဖုန်းဆက်မှာနော် noona

Hyorin: အင်းပါ အာ မေ့နေတာ ခဏ

သူမ အနွေးထည် အိပ်ကပ်ထဲကို နှိုက်လိုက်သည်။

သော့ချတ်လေးတစ်ခု

ကျောက်စိမ်းကို အသည်းပုံလေး ထွင်းထားသည်။

အသည်းလေးထဲမှာမှ စာလေးထွင်းထားသည်။

H♥H

Hyorin: Noonaပေးတဲ့လက်ဆောင် သိမ်းထားနော်

HoSeok: Nae noona

သူနောက်ဆုံးအနေနဲ့ သူမကို ဖက်လိုက်သည်။
ဘယ်အချိန်ပဲဖြစ်ဖြစ် Noonaရင်ခွင်က နွေးထွေးပါတယ်လေ။

အနက်ရောင်ကားလေးကတော့ တရွေ့ရွေ့ ထွက်ခွာသွားလေပြီ။

HoSeok: Saraghae noona တနေ့ပြန်တွေ့ကြရအောင်

° ° ° ° ° ° ° ° ° ° °

အဲ့နေ့က စပြီးNoonaကို မတွေ့ရတာပါ။

အစကတော့ ဖုန်းပြောဖြစ်ပေမယ့် နောက်ပိုင်း ကျွန်တော့်ဖုန်းကို မကိုင်တာကြာပြီလေ။

တွေ့ချင်လွန်းလို့ လိုက်သွားတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လာခဲ့ရသည်။

အရမ်းလွမ်းတာပဲ Noonaရယ်

သတိရလွန်းလို့ ရူးတော့မယ်ထင်တယ်

ဒီနေ့ဆို noonaနဲ့ မတွေ့တာ တစ်နှစ်တောင်ရှိပြီ

Noonaမရှိတာကလွဲလို့ အရာရာက အရင်တိုင်းပါပဲ။

ဒီနေ့လည်း လေးလံတဲ့ခြေလှမ်းတွေနဲ့ ကျောင်းထဲဝင်လာခဲ့သည်။

ဟေ့ Dancing Machine ဆိုတဲ့ ခေါ်သံနဲ့အတူ နောက်ကလှမ်းပုတ်လိုက်မှပဲ သတိပြန်ဝင်ပြီး ကြည့်လိုက်တော့

Rapping majorက Hoya

Hoya: ဟျောင့် ခေါ်မကြားအော်မကြားနဲ့ကွာ

HoSeok: Miyan အတွေးလွန်သွားလို့ပါကွာ

Hoya: Notice Boardကို သွားကြည့်လိုက်ဦး

HoSeok: ဘာလို့လဲကွ

Hoya: ကွကိုသွားကြည့်ပေါ့ကွာ Btw Chukahae

Hoyaတစ်ယောက် ပြောပြီးပြေးသွားလေသည်။

HoSeok: ဟိတ် နေဦးလေ

သူလည်း ဘာမှန်းမသိ ညာမှန်းမသိနဲ့ Notice Boardဆီသွားကြည့်သည်။

Big Hit Entertainment ၌ Audition အောင်သူများစာရင်း

(1) Jung HoSeok
(2) Park Si Won
(3) Lee Min Na

သူမျက်လုံးပြူးသွားလေသည်။

ငါ အိပ်မက်မက်နေတာလား။

Big Hitက audition အောင်တယ်။

သူ့ပါးသူ ဆိတ်ဆွဲလိုက်သည်။

HoSeok: အားးး ommaနာတယ် ဒါဆို တကယ်ပေါ့ အောင်ပြီကွ Yayyyyyy!!!!!!!!!

သူ ထိုနေရာမှာပင် ထ,ကလေသည်။

HoSeok: အာ ဟုတ်သားပဲ Noonaကို ဖုန်းဆက်ရမယ် သူသာသိရင်တကယ်ဝမ်းသာမှာ Yehet noonaနဲ့ Ent တစ်ခုတည်းမှာ လုပ်ရတော့မယ်ကွ

တူ တူ တူ တူ
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်
Sorry....

HoSeok: အစည်းအဝေးလုပ်နေလို့များလား ညမှပဲ အေးဆေးပြောပြတော့မယ်

☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺
At midnight,

Ring))Ring))Ring))

I need u girl))))))))

သူငယ်ချင်းတွေနဲ့ ပါတီလုပ်နေတုန်း ဖုန်းဝင်လာသည်။

Screen ကို ကြည့်လိုက်တော့....

♥Noona♥ >>>>>>>>

သူ ထခုန်မတတ် ဝမ်းသာသွားသည်။

HoSeok: Noona!!!!

Hyorin: Ho Hobie-ah

သူ ဝမ်းသာအားရထူးလိုက်ပေမယ့် Noonaအသံတွေက တုန်ယင်ပြီး ငိုသံပါစွက်နေသည်။

HoSeok: Noona ငိုနေတာလား ဘာဖြစ်လို့လဲ noona

Hyorin: Hobie-ah ငါ ငါလေ

HoSeok: Noona ကျွန်တော် စိတ်ပူလာပြီ ဘာဖြစ်တာလဲ မြန်မြန်ပြောပါ

Hyorin: ငါ ငါ အရမ်းကြောက်တာပဲဟာ ငါ့ဆီလာခဲ့ပေးပါ

HoSeok: Noona ခု ဘယ်မှာလဲ

Hyorin: တံတားထိပ်မှာ

HoSeok: သိပြီ ခုချက်ချင်း လာခဲ့ပါ့မယ်

သူဖုန်းချပြီးတာနဲ့ သူငယ်ချင်းတွေကို တောင်းပန်ပြီး taxi ငှားကာ ချက်ချင်းထွက်လာခဲ့သည်။

HoSeok: Arjushi တံတားကို မြန်မြန်မောင်းပေးပါ

Driver: Nae

သူ ကားပေါ်မှာ ထိုင်သာလိုက်လာတာ

သူ့စိတ်တွေက ဂနာမငြိမ်

Noonaဘာမှ မဖြစ်ဖို့ကိုပဲ ဆုတောင်းနေမိသည်။

တံတားရောက်တော့ Taxiခရှင်းပြီး လျှောက်လာလိုက်သည်။

သန်းခေါင်အချိန်ဖြစ်သောကြောင့် မှောင်ပြီး လူလည်း သိပ်မရှိပေ။

သို့သော် ရုတ်တရက် တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူရှော့ခ်ရသွားသည်။

ကားဘေးမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော Noona

ကားရှေ့မှာတော့.....

သွေးအိုင်ထဲမှာလဲနေသော ကောင်မလေး တစ်ယောက်

ကားမီးထိုးထားသောကြောင့် မြင်နေရသည်။

သူ့မျက်နှာမှာ ချက်ချင်းသွေးမရှိတော့ပေ။

လူသေတစ်ယောက်လို တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

HoSeok: Noona

သူ့အသံကြားတော့ သူ့ဆီချက်ချင်းပြေးလာပြီး ဖက်ထားလိုက်သည်။

Hyorin: Hobie-ah ottokhae noonaကြောက်တယ်

သူ ဘာပြောရမှန်းတောင် မသိပဲ ကြောင်ကြောင်ကြီးရပ်နေမိ၏။

Hyorin: ဘယ်လိုလုပ်ကြမလဲ လုပ်ပါဦး တခုခု

HoSeok: Noona အရင်ဆုံး စိတ်အေးအေးထားပါ

Hyorin: စိတ်အေးအေးထားလို့ မရဘူး ဘာ ဘာဖြစ်သွားတာလဲ မသိဘူး
သေသွားရင် ဘယ်လိုလုပ်မလဲ ငါကြောက်တယ်

သွေးရူးသွေးတန်းအော်နေသော သူမကို သူဖက်သာထားနိုင်သည်။

ထို့နောက် ရဲကားသံတွေကြားရသည်။

ခဏကြာတော့ ရဲကားတွေရော ဆေးရုံကားတွေပါ ရောက်လာ၏။

HoSeok: Noonaခေါ်လိုက်တာလား

Hyorin: မသေ သေးဘူးထင်လို့

ရဲတစ်ယောက်နဲ့ စုံထောက်တွေ သူတို့ဆီကို လျှောက်လာသည်။

Police: ဘယ်လိုဖြစ်ရတာလဲ

HoSeok: ကား ကားတိုက်မှုဖြစ် ဖြစ်တာပါ

Police: ဖုန်းဆက်ခေါ်တာ မိန်းကလေးလား

Hyorin: ဟုတ်ပါတယ်

Police: ယာဉ်မောင်းသူက ဘယ်သူပါပဲ

သူမ တစ်ကိုယ်လုံး တုန်ယင်နေသည်။

HoSeok သူမလက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သို့သော်....

သူမက ဖြုတ်ချလိုက်သည်။

Hyorin: ကား ကားမောင်းတာက သူ သူပါပဲ

_______________________________________
To be continue...
ကောင်းရဲ့လားဟင်
ဖလိဘတ်လေးပေးခဲ့ရင်တော့ ကျေးဇူးတင်မိမှာပါလို့


Okumaya devam et

Bunları da Beğeneceksin

2.4M 175K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
391K 8K 9
My priority /property/privacy
214K 17.8K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...