Birthday Present [XiuChen]

By Helen_Fighter_Hnin

5.6K 603 49

Title: Birthday Present AU!: MCAHH* AU Pairing: XiuChen (CB, HH, SL, KS, KT) Genre: Slight-comedy, fluff Sum... More

Birthday Present - Part One

Birthday Present - Part Two

2.5K 311 37
By Helen_Fighter_Hnin

Part Two


Min Seok တစ်​​ယောက်​ ပန်းခြံခုံတန်းလျား​ပေါ် ကုပ်​​ကာ ငြိမ်​​နေသည်​။ နာရီစင်​က အသံကိုလည်း မကြားတစ်​ချက်​၊ ကြားတစ်​ချက်​။ နာရီက ဘယ်​နှချက်​ထိုးသွားတာလဲ မသိ​တော့​အောင်​ ​ခေါင်းက ရီ​ဝေ​ဝေ ဖြစ်​​နေ​လေသည်​။

"Min Seok Hyung!"

အ​ဝေးကြီးက အသံကိုကြားတာနှင့်​ တစ်​ပြိုင်​နက်​တည်း Min Seok ​ငေါက်​ခနဲ ထထို်​င်​မိလိုက်​သည်​။ ​ခေါင်း​တောင်​ကြည်​ချင်​သလိုလို ဖြစ်​သွားမိ၏။ ဒါ Jongdae အသံ မဟုတ်​လား...

"Hyung... ​သောက်​ထားတာလား။"

"အင်​... အင်း..."

Min Seok ထင်​သွားတာ သူခုနက ​ခေါင်း​တွေကြည်​သွားတယ်​လို့ပါ။ တကယ်​က ​ခေါင်းက ကြည်​မှမကြည်​လာပဲ! Jong Dae က သူ့မျက်​လုံးထဲ နှစ်​ကိုယ်​ခွဲသုံးကိုယ်​ခွဲ​တွေ ဖြစ်​​နေသည်​မို့်​ မျက်​လုံးကို ပွတ်​ကာကြည့်​​နေရသည်​။

"Hyung? ရရဲ့လား..."

"ငါ​သောက်​လာတာ... များသွားတယ်​ ထင်​တယ်​။"

Min Seok ​ပြောရင်း​​ပြောရင်းနဲ့ ဘာမှမသိ​တော့။

အဲ... ပတ်​ဝန်းကျင်​မှာ အေး​​နေတယ်​ဆိုတာနဲ့ သူ့​ဘေးနားမှာရှိတဲ့ ​ကောင်​​လေးရဲ့ကိုယ်​က ​နွေး​နေတယ်​ဆိုတာက လွဲရင်​​ပေါ့။

~•❆ ❆ ❆•~

Minseok နိုးလာ​တော့ အပြင်​ဘက်​က အလင်း​ရောင်​​​တွေ ပွင့်​အန်​လုလု ​ကောင်းကင်​က အ​ရောင်​​ဖျော့​ဖျော့ဖြစ်​​နေပြီ။ မနက်​... မနက်​​တောင်​ ​ရောက်​သွားပြီ။ Min Seok အိပ်​ရာကထဖို့ လုပ်​​ပေမဲ့ သူ့ခါးကိုတွယ်​ထား​သော တစ်​စုံတစ်​ရာ​ကြောင့်​ မထနိုင်​ခဲ့။

"Hyung နိုးပြီလား..."

Jong Dae က ​ခေါင်း​လေး​ထောင်​လာသည်​။ သူ့ဆံပင်​​ခွေ​ခွေ​​​တွေက ပုံမှန်​အတိုင်း​ ​ခေါင်း​ပေါ်မှာ ရှုပ်​ပွလျက်​။ ဆွယ်​တာအဖြူ​ရောင်​​လေး​​ကြောင့်​လားမသိ၊ Jong Dae မျက်​နှာက ခါတိုင်းထက်​ ပိုဝင်း​လက်​နေသည်။

"အင်း... ဟို..."

Min Seok စကားစဖို့်​ ပါးစပ်​ဟလိုက်​တုန်းမှာပဲ Jong Dae မျက်​နှာက စူပုပ်​ပုပ်​ သဏ္ဌာန်​ဖြစ်​သွားကာ ​အိပ်​ရာက ထထိုင်​လိုက်​သည်​။

"မ​ခေါ်နဲ့၊ Hyung ကို မုန်းတယ်။ မ​ခေါ်ဘူး။"

ပြောပြီးပြီးချင်း ​နေရာက​နေ ​ပျောက်​သွားပြန်​သည်​။ အခုမှ မ​နေ့ကဘာဖြစ်​ခဲ့လဲ့ ပြန်​သတိရလာကာ Min Seok ​​ကြောင်​​တောင်​​တောင်​နဲ့လှဲ​နေရာက​နေ ​ငေါက်​ခနဲထကာ ထိုင်​မိလိုက်​သည်​။ ပြီး​တော့ ဆံပင်​နက်​ပြာ​ရောင်​တို့ကို ဆွဲဖွမိသည်​။

သူ့မှာ Jong Dae ကို ​ချော့စရာ ​မွေး​နေ့လက်​​ဆောင်​ မရှိပါ။

~•❆ ❆ ❆•~

"မ​နေ့က Ruhan နဲ့ Sehun Hyung တို့က ကျွန်​​တော့်​ကို ​မှော်​ပစ္စည်း​တွေ လက်​​ဆောင်​​ပေးတယ်​။ Chan Yeol နဲ့ Baek Hyun က ကျွန်​​တော့်​အတွက်​ ကိတ်​မုန့်​​ဖုတ်​​ပေးထားတယ်​။"

Min Seok တစ်​​ယောက်​ မနက်​စာစားပွဲတွင်​ တစ်​စက်​ဆိုတစ်​စက်​​မှ မ​သောက်​ရ​သေး​သော ​ကော်​ဖီခွက်​က​လေးကို ကိုင်​ထားရင်း သူ့​ရှေ့က Jong Dae ကို အပြစ်​ရှိသလို​ငေးကြည့်​​နေမိသည်​။ ​လေးကိုင်းလိုနှုတ်​ခမ်းလှလှတို့ကို ​ငေး​နေမိ​ပေမဲ့ ​မော့ကာ မျက်​လုံးချင်းမဆိုင်​ရဲခဲ့...

"... Kyung Soo က မုန့်​လုပ်​​ပေးတယ်​။ Kai က ​မွေး​နေ့စကား​ပြောတယ်​။ Suho နဲ့ Lay က လည်း လက်​​ဆောင်​​ပေးတယ်​။ Alpha တို့ကလည်း လက်​​ဆောင်​​ပေးတယ်​။ Baek ရဲ့တပည့်​​တွေက​တောင်​ လက်​​ဆောင်​​ပေးသွားကြတယ်​။"

Jong Dae အသံက ​ပြောလက်​စမှာ ရပ်​သွားသည်​။ ခဏ​နေမှ သူနဲ့မလိုက်​ဖက်​လှစွာ​သော အသံတိုးတိုး​လေး ထွက်​လာခဲ့သည်​။

"ဒါ​ပေမဲ့ Hyung ကျွန်​​တော့်​​ ​ဘေးမှာ​တောင်​ ရှိမ​နေခဲ့ဘူး... လက်​​ဆောင်​​ပေးဖို့်နေ​နေသာသာ..."

"Dae... ငါ..."

"​တော်​ပြီ။ မုန်းတယ်​!"

Jong Dae တစ်​​ယောက်​ သူ့​ရှေ့က ​ပျောက်​သွားပြန်​သည်​။ Min Seok လက်​ထဲကခွက်​ကို ​ရှေ့ကစားပွဲ​ပေါ် စိတ်​မပါလက်​မပါချလိုက်​မိရင်း သက်​ပြင်းကြီးတစ်​ခု ချမိပြန်​၏။

"သူမ​နေ့က မျက်​နှာသိပ်​မ​ကောင်းဘူး။ တကယ်​ စိတ်​မ​ကောင်းဖြစ်​သွားတဲ့ပုံပဲ... Hyung ဘာလို့ အများကြီး​သောက်​လာရတာလဲ..."

Baek Hyun က ပခုံး​ပေါ် လက်​​လေးတစ်​ဖက်​လာတင်​ရင်း ​မေးသည်​။ Min Seok လက်​​တွေထဲ မျက်​နှာအပ်​လိုက်​မိပြန်​သည်​။

"ဘာလုပ်​ရမလဲ... Baekhyun... ငါဘာလုပ်​ရမလဲ?"

Baek Hyun လည်း သက်​ပြင်းချလိုက်​သည်​။ အမှန်​အတိုင်း​ပြော​ကြေးဆို Chen ကို စာတစ်​​စောင်​ ​ပေး​စေချင်​တာပါ။ လက်​​ရေးနဲ့​ရေးတဲ့စာဆိုတာ ရှား​နေပါပြီဆိုတဲ့​နောက်​ စာ​ရေး​ပေးတာဆိုတာ ဘယ်​​လောက်​ အဖိုးတန်​လိုက်​ပါသလဲ​နော်​... Chanyeol က ဘာလို့်​ အဲ့ဒါကို out of date ဖြစ်​​နေတယ်​​ပြောလဲမသိ...

"Hyung... ကျွန်​​တော့်​မှာ အကြံတစ်​ခု​တော့ရှိတယ်​... ဒါ​ပေမဲ့ အဲ့ဒီ့အကြံက နည်းနည်း​တော့ ရယ်​​စရာ​ကောင်းတယ်​။ ပြီး​တော့ နည်းနည်း​ရှော့ရှိတယ်။"

"အဲ..."

Min Seok အလန့်​တကြား ​ခေါင်း​ထောင်​လာသည်​။

"ဘာလဲ... Jong Dae ကစားဖို့ သရဲတစ်​​ကောင် ​သွားဖမ်း​ပေးရမှာလား။"

Baek hyun တစ်ချက် ​​ရယ်​လိုက်​မိသည်​။

"ဘာလို့ Hyung တို​ Chanyeol တို့ ဒီိ​လောက်​ထူးဆန်းရတာလဲ... ​ပေါက်​ကရ​တွေပဲ​တွေးတယ်​။ တကယ်​က ဒီလို..."

Baek Hyun ​ဘေးက ခုံတစ်​ခုံ​ပေါ် ဝင်​ထိုင်​လိုက်​သည်​။

"ပထမဆုံး congratulations လုပ်​ချင်​တယ်​ Hyung."

"ဟမ်​... ဘာလို့..."

"Hyung က... ခဏ​နေဆိုရင်​ plural ဖြစ်​​တော့မယ်​​လေ"

"ဟမ်​...?"

~•❆ ❆ ❆•~

"Jong Dae..."

"အွင်း... ဝင်​ခဲ့​လေ။"

Chanyeol အခန်းထဲဝင်​သွား​တော့ ဂိမ်းကစား​နေ​သော Jong Dae ကိုမြင်​လိုက်​ရသည်​။

"​ပေးလိုက်​လား... လက်​စွပ်​ပေးလိုက်​တယ် မ​ဟုတ်​လား။"

"အင်း..."

"Yes!!! ဟားဟားဟား... အဲ့ဒါ​ကြောင့်​ မင်းတို့ကို ချစ်​​နေရတာ။ ​တော်​တယ်​မဟုတ်​လား ငါ?"

Jong Dae ​အော်​ရယ်​​တာမြင်​​တော့ Chan Yeol က ပြုံးသည်​။

"ဟုတ်​ပါတယ်​။ ​တော်​ပါတယ်​၊ ဉာဏ်​ကြီးရှင်ရယ်​။ မင်းအခု သူ့ကိုချစ်​သူပြန်​​တော်​ရ​တော့မယ်​​လေ။ ​​တော်​တာ​ပေါ့။ ဒါ​ပေမဲ့ အသံပြဲနဲ့​အော်​မ​နေနဲ့။ Min Seok ကြားသွားရင်​ ပြန်​ထွက်​​ပြေး​နေဦးမယ်။"

Jong Dae ကချက်​ချင်းငြိမ်​ကျသွားသည်​။ ဒါ​ပေမဲ့ ပြုံး​နေဆဲပင်​။

"မင်း... မှတ်​ဉာဏ်​​နည်းနည်းစီ ပြန်​ရ​နေပြီဆိုတာကို သူ့ကို​ပြောပြမှာလား..."

"ဟင်​... ဟင့်​အင်း။ မ​ပြောပြဘူး။"

Jong Dae မတ်​တပ်​ထရပ်​ရင်း ပြတင်း​ပေါက်​ဆီ ​လျှောက်​သွားလိုက်​သည်​။ ပြီး​တော့ တစ်​ချက်​ပြုံးသည်​။ သူ့အပြုံးက မဲ့ပြုံး။

"ငါ့ကို အရင်​က Jong Dae လို့ မထင်​စေချင်​​တော့ဘူး... အမြင်​သစ်​နဲ့မြင်​တာကို လိုချင်​တာ။ သူ့မိသားစု​တွေကို သတ်​ခဲ့တဲ့ Jong Dae ​နေရာမှာ ငါကိုယ့်​ကိုယ်​ကို အစားထိုးလိုက်​မှာပါ၊ Chan Yeol... သူ့အ​ပေါ်မှာ အပြစ်​မရှိတဲ့ Jong Dae အဖြစ်​..."

"​တော်​​တော့ Jong Dae. ဒီ​နေ့က မင်း​မွေး​နေ့​လေ။ ဒါ​တွေ​တွေးမ​နေနဲ့"

Jong Dae ရယ်​လိုက်ရင်း ​ခေါင်းဆတ်​လိုက်​သည်​။

"​အင်းပါ။ Gomawo."

Jong Dae အပြင်​ကို ပြန်​ကြည့်​လိုက်​ပြန်​သည်။ ပြီး​တော့ ဆု​တောင်းမိပြန်​သည်​။ ဒီတစ်​ည... သူမှန်းထားသလိုပဲ ဖြစ်​လာပါ​စေလို့...

~•❆ ❆ ❆•~

Jong Dae အခန်းထဲ အသာဝင်​သွားလိုက်​သည်​။ Baek Hyun ​ပြောထားမှာပါ၊ Min seok သူ့ကို... ​သေချာပါတယ်​။

ဒါ​ပေမဲ့ အံ့ဩစရာ​ကောင်းစွာပဲ Jong Dae အခန်းထဲဝင်​လိုက်​​တော့ လူကိုမမြင်​ရ။ အဲ့ဒီ့အစား ကတ်​ထူပုံး အကြီးကြီးတစ်​ခုကိုပဲ...

"Happy birth... အာ့!"

*ဗုန်း*

ဖြစ်​ပုံက ကတ်​ထူပုံးကြီးလဲသွားကာ Min Seok ထွက်​လာတာပဲ ဖြစ်​သည်​။ ဒါ​ပေမဲ့ သူမထွက်​ရ​သေးခင်​ ကတ်​ထူပုံးလဲသွားတာမို့ Min seok တစ်​​ယောက်​ ကြမ်းပြင်​​ပေါ် ဝမ်းလျား​မှောက်​လျက်​ကြီး။

Jong Dae ပါးစပ်​အ​ဟောင်းသားနဲ့​ရှေ့က မြင်​ကွင်းကိုကြည့်​​နေမိသည်​။ ပြီး​တော့ ပါးစပ်​ကိုအုပ်​ကာ ရယ်​လိုက်​မိသည်​။ ဒါ​တောင်​မှ မျက်​ဝန်းအစွန်​မှာ မျက်​ရည်​​တွေအိုင်​လာလုလု...

"Hyung..."

Jong Dae သူ့ကို ဆွဲမလိုက်​​တော့ လက်​ထဲ အလဲလဲအပြိုပြိုပါလာသည်​။ သူ့ကြည့်​ရတာ မတ်​တပ်​တောင်​ ​ကောင်း​ကောင်းမရပ်​နိုင်​ဘူးထင်​သည်​။ ပြီး​တော့ ရှက်​​နေတာမှ ပါး​တွေ​တောင်​ နီရဲလျက်​ရှိသည်​။ Min Seok ရဲ့ ကိုယ်​ကို ​ခေါင်းအစ​ခြေအဆုံး လှပနွဲ့လျစွာ ရစ်​ပတ်​ထားသည်​က ဖဲကြိုးအဖြူ​ရောင်​တစ်​စ...

"အင်း... ဟို... Happy birthday ပါလို့။"

Min Seok က​ပြောရင်း သူ့​ဘောင်းဘီအိတ်​ထဲက တစ်​စုံတစ်​ရာကို နှိုက်​ယူရန်​ပြုသည်​။ သို့​သော်​ ကိုယ်​နှင့်​ကပ်​ကာ​ လက်​ပါအစည်းခံထားရ၍ မရ။ Jong Dae ရယ်​ရင်း သူ့​ဘောင်းဘီအိတ်​ကပ်​ထဲ လက်​နှိုက်​ကာ စမ်းမိ​သော အရာကို ဆွဲထုတ်​လိုက်​သည်​။

အနီ​ရောင်​ကတ္တီပါဘူးတစ်​ဘူး ထွက်​လာ​ပေမဲ့ သူမအံ့ဩမိ​တော့။ Jong Dae သိ​နေတယ်​​လေ... သိမှာ​ပေါ့။ ဒီအထဲကလက်​စွပ်​ကို Min Seok လက်​ထဲ​ရောက်​​အောင်​ သူ​ခေါင်းပူခံခဲ့ရတာပဲကို။ Chan Yeol ကို မရရ​အောင် ပြဿနာရှာခိုင်းခဲ့ရသည်။ ပြီး​တော့ Min seok ဘယ်​​နေရာ​ရောက်​​နေလဲ စုံစမ်းကာ​​​​​ Kai ကို Min seok အရက်​ထဲ အရက်​ပြင်း​​ရော​ခိုင်းရသည်​။

"Hyung ကဘာလဲ... ကျွန်​​တော့်​ကို လက်​ထပ်​ခွင့်​​တောင်းမလို့လား..."

ချစ်​ခွင့်​ပန်​ဖို့မှန်း သိသိ​ကြီးနဲ့ (သိမှာ​ပေါ့... Baek ကို အကြံ​ပေးခိုင်းတာသူ​လေ) ​နောက်​ကာ​ မေး​တော့ Min Seok က မျက်​နှာ​ကြီးနီရင်း ​အောက်​ကို ငုံ့သွားသည်​။

"ဟို... မင်းကလက်​ထပ်​ဖို့အတွက်​ ငယ်​​မ​နေ​သေးဘူးလား။ ​စေ့​စပ်​ဖို့​လောက်​ပဲ..."

*​ဒေါက်​*

Min Seok ထဲမှ မထင်​မှတ်​ဘဲ ထွက်​လာ​သော စကား​ကြောင့်​ Jong Dae လက်​ထဲက ကတ္တီပါဘူး​လေး ​မြေ​ပေါ်ပြုတ်​ကျသွား​လေသည်​။

"​စေ့စပ်​ထားကြတာ​ပေါ့။ မင်းက တကယ့်​အသက်​နဲ့တွက်​ရင်​ ငယ်​ပါ​သေးတယ်​။ ​နောက်​ဆို စိတ်​​ပြောင်းချင်​​ပြောင်းမှာဆို​တော့ ဒီအသက်​နဲ့ လက်​ထပ်​ထားဖို့ မသင့်​​တော်​.... အွတ်​..."

Jong dae ၏ ကြုံးဖက်​တာကို ခံလိုက်​ရတာ​ကြောင့်​ Min Seok အ​တောင့်​လိုက်​ လန့်​သွားရသည်​။

"Dae..."

"Hyung ကို ချစ်​တယ်​ Hyung... ကျွန်​​တော်​... မသိ​တော့ဘူး... ချစ်​တယ်ဆိုတာပဲ... "

Jong Dae သူ့ကို တင်းတင်းဖက်​ထားလိုက်​သည်​ကို ခံစားမိတာနဲ့ Min Seok ရင်​ထဲ​ပေါ့ပါးသွားရသည်​။ သူ့ရဲ့Jong Dae... သူ့အ​ပေါ် စိတ်​ဆိုးမ​နေ​တော့ဘူး​လေ။ ဒါထက်​ ဘာကမှ စိတ်​​ပေါ့ပါးစရာမရှိ​တော့ဘူး မဟုတ်​လား။

"အဟက်​... Hyung က ဖဲကြိုး​တွေထဲမှာ ချစ်​ဖို့​ကောင်းတယ်​... Chan Yeol က တကယ့်​ kink ​ကောင်​ပဲ..."

"ဟမ်​... Chanyeol က... ဘာ?"

"ဘာမှမဟုတ်​ဘူး... Hyung ​ချောတယ်​လို့။ ဒီ​မွေး​နေ့လက်​​ဆောင်​ကို ကျွန်​​တော်​အရမ်းချစ်​တယ်​။"

"အင်း... ငါ..."

"​တကယ်​​စေ့စပ်​ရမှာ​နော်​။"

"အင်းပါ.."

"တကယ်​​နော်​.. တကယ်​​ကြီး​နော်​။"

"အင်း..."

"ဟားဟား"

Jong Dae ရယ်​ရင်း Min Seok ကို ဖက်​လိုက်​ပြန်​သည်​။

*​Chanyeol Baekhyun ​မောင်​မင်းကြီးသား​တွေ ကျန်းမာချမ်းသာကြပါ​စေဗျား...*

~•❆ ❆ ❆ ❆•~

#Behind the scene

"ကျွတ်​... ကတ္တီပါဘူးကို ဖွင့်​လိုက်​ရမှာ​နော်​။ အဲ့လိုသာဆိုရင်​ Jong Dae ငိုပါငိုသွားမှာ။"

"ဟင်​... ဘာလို့လဲ"

"ဟီး... လက်​စွပ်​နဲ့ ကြက်​သွန်​နဲ့ ​ပြောင်းထည့်​​ပေးထားတာ​လေ။ ပြီး​တော့ MinSeok ကို အာမခံလိုက်​​သေး​တယ်​၊ Jongdae ရင်​ထဲထိရုံမက ငိုပါငို​စေရမယ်​လို​...."

"ဟားဟား... Baek က သိပ်​​တော်​တာပဲ။ အဲ့ဒါ​ကြောင့်​ ချစ်​ရတာ..."

"PARK CHANYEOL BYUN BAEKHYUN ငါကြားတယ်​​နော်​! လက်​စွပ်​ပြန်​​ပေးစမ်း!"

"မ​ပေးတာ..."

"YAH! >.<"

~•❆ ❆ ❆ ❆ ❆ ❆•~

#HappyChenDay! <3

생일축하해요, 종대형!
사랑해! ㅋㅋㅋ

21st September 2015
[8:35 PM]
H_F_H
H.HOL

Continue Reading

You'll Also Like

61.9K 2.7K 59
Wang yibo.. "ဟက်**ရှောင်းကျန့်:::ကျုပ် ဘယ်လိုများလုပ်ရပါ့မလည်းးးးကျုပ်ဆိုတဲ့ လူကတခြား Alpha တွေလိုမျိုးအလှတရားကို ခံစားရတာထက်ဖျက်စီးရတာကိုပိုနှစ်သက်တ...
169K 15.9K 59
මහ මෙරක් තරම් මා ඔබ හා බැදි ප්‍රේමයෙන් අපි යලි යලිත් මුණගැහෙයි. -ආත්මා 01- ආයූධීර කෘතිය ජාතික පුස්තකාල හා ප්‍රලේඛන සේවා මණ්ඩලය මගින් රෙජිස්තාර් කර IS...
5.6M 549K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
28K 2K 29
Please, just... don't leave me. But.............. Perthsanta ~ Myanmar Fanfic
Wattpad App - Unlock exclusive features