*Love Me Right Alarm Ringtone*
"ဝါး.........."
Jinyoung's P.O.V :
တကယ်တော့ ကျွန်မ ဒီ alarm သံ မမြည်ခင်ကတည်းက နိုးနေခဲ့တာပါ
ဘာဖြစ်လို့လဲ ???~~~
တကယ်တော့ ဒီကနေ့ဟာ ကျွန်မအတွက် အရမ်းကို အရေးကြီးတဲ့နေ့
ကျွန်မရဲ့ အရေးကြီးဆုံးသော အလုပ်ကို ပထမဆုံး စလုပ်မယ့်ရက်
ကျွန်မ ကုတင်ဘေးမှာ ရှိတဲ့ အုတ်နံရံမှာ ကပ်ထားတဲ့ စာတန်းကြီးနဲ့ ဓာတ်ပုံတွေကို ကြည့်ရင်းပြုံးလိုက်တယ် ဓာတ်ပုံထဲက သူကတော့ Exo မှ Park Chanyeol
"Oppa..... Oppa ကို လိုက် stalk ဖို့အတွက် ခု Jinyoung လာပြီ သိလား"
ပြောပြောဆိုဆိုနဲ့ ဓာတ်ပုံလေးကို အနမ်းပေးပြီး အိပ်ခန်းထဲကနေ Camera ကိုင် ခုန်ပေါက် ထွက်လာခဲ့တယ်
"Park Jinyoung ဒါက ဘယ်လဲ"
အိမ်ရှေ့ ဧည့်ခန်းက Appa ၏ ဆီးကြိုအော်မှုကြောင့် အပျော်ကြီး ပျော်နေတဲ့ ကျွန်မ တုန်တက်သွားတယ်
"အပြင်သွားမို့လေ"
"အပြင်ကတော့ နင်ပြောမှလား နေရာအတိအကျပြောတာ"
"Appa ကို အသေးစိတ် ပြောဖို့လိုလို့လား"
"လိုတာပေါ့ နင်က သမီး ငါက အဖေ"
Appa ရဲ့ စကားကြောင့် ကျွန်မ နှုတ်ခမ်း တစ်တောင်လောက် ထော်သွားတယ်
"ဒီနားလေးတင်......"
"ဘယ်သူနဲ့လဲ"
"BamBam လည်းပါတယ် အာ.... ဘာလို့ သမီးကို ပလိပ်စစ် စစ်နေရတာလဲ"
"မသွားနဲ့"
"Wae????"
"ခဏနေရင် JaeBum လာမှာ"
"သူလာမှာနဲ့ သမီးနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်တယ် နင်နဲ့သူက သဘောတူထားတာလေ"
"သမီးမှ ခုထိ လက်မခံသေးတာ"
"နင် လက်ခံခံ မခံခံ ငါတို့က ကောင်းသလို စီစဉ်တာ"
"Appa တို့ လုပ်ချင်တာလုပ် သမီးလည်း လုပ်ချင်ရာ လုပ်မယ် သွားပြီ....!!!"
"Park Jinyoung ...... !#$/^&*+×÷=%_€£¥......!!!!"
ဖွင့်ပြန်ပြီ ဒီ ဓာတ်ပြားဟောင်းကြီး ကျွန်မ ဒါတွေကို နားထောင်နေခဲ့ရတာ နှစ်တော်တော် ကြာခဲ့ပြီ
ကျွန်မ ဒါတွေကို မခံစားချင်တော့ဘူး
ခု ရှင်က ကျွန်မ ဘဝတင် မက ကျွန်မရဲ့ ကိုယ်ပိုင် အလုပ်ကိုပါ ဝင်နှောင့်ယှက်တော့မယ်ပေါ့
မဖြစ်စေရဘူး Im Jae Bum
ကျွန်မချစ်တဲ့သူက Park Chanyeol တစ်ယောက်ပဲ ရှိတယ်
ကျွန်မ အိမ်ဘေးမှာ သော့ခတ်ထားတဲ့ စက်ဘီးလေးကို တွန်းပြီး ထွက်လာခဲ့တယ် တကယ်တော့ ကျွန်မ စက်ဘီး မစီးတတ်ပါဘူး ကျွန်မရဲ့ သူငယ်ချင်း BamBam ကပဲ အမြဲနင်းရတာ ကျွန်မက စက်ဘီးစိုက်တယ် BamBam က လူအားစိုက်တယ် ဟုတ်တော့ ဟုတ်နေတာပါပဲလေ ....
လမ်းထိပ်ရောက်တော့
"Jinyoung ah....!!! ဘာဖြစ်လို့ ဒီလောက် နောက်ကျနေရတာလဲ"
ကြည့်လိုက်တော့ BamBam ရဲ့ နှုတ်ခမ်းက ရှေ့မှာ တစ်တောင်လောက်
အဲ့နှုတ်ခမ်းကြီးကိုက ချစ်ဖို့ကောင်းနေတာ BamBam ပေါ့
"ထုံးစံအတိုင်းပေါ့ဟာ အိမ်က ပွမ်နေတာ"
"ဘာလား ဘာကိစ္စ ပွမ်တာလား"
"ဘာမှ မဟုတ်ပါဘူး"
"ဘာမှ မွှတ်ရင်လည်း အဲ့ ပွမ်တာကို အိမ်မှာပဲ ထားခဲ့တော့ airport သွားတာ မမှီဘဲနေအူးမြယ် နင့် စက်ဘီးပေး နောက်ကတက်"
စကားကသာ ပြောနေတုန်း လူက နင်းဖို့ အသင့်ဖြစ်နေပြီ အတော် စိတ်မြန် လက်မြန် ရှိတဲ့ BamBam ပင် .....
ဒီလိုနဲ့ အားကောင်းမောင်းသန် ရှိလှတဲ့ BamBam မှာ စိတ်အားထက်သန်စွာ နင်းလေတော့တယ်
Park Jinyoung ဆိုတဲ့ ကျွန်မက မနေ့တနေ့ကမှ အထက်တန်းအောင်ထားတာ
K fan တစ်ဦးပေါ့
Ent တွေထဲမှာဆို SM stan
Exo က Chanyeol ကိုတော့ အသဲစွဲ အသေရရ အရှင်ရရ
ကျွန်မငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်ရတာကို အရမ်းဝါသနာပါခဲ့တယ်
ဒါကြောင့် ဝါသနာနဲ့ fangirling နဲ့ ရောပြီး fansite တစ်ခု ထောင်ခဲ့တယ်
Fansite ဆိုပေမယ့် အလုပ်တစ်ခုလို မဟုတ်ဘဲ အပျော်သဘောဆို ပိုမှန်နေမလားပဲ
Fansite နာမည်က HappyVirusYeollie
ကျွန်မမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်
ဒါပေမယ့် သူ့လောက် မခင်တာတော့အမှန်ပါ
သူဆိုတာက ကျွန်မ ရင်းရင်းနှီးနှီးပေါင်းတဲ့ သူငယ်ချင်းလေး
သူ့ နာမည်က BamBam
ဒါပေမယ့် သူက Korea တော့ မဟုတ် Thai လူမျိုးတစ်ဦး
သူလည်း ဓာတ်ပုံရိုက်တာကို ဝါသနာပါတယ်
ဝါသနာတူချင်း စုကြတယ်ဆိုပါတော့
သူလည်း K fan တစ်ဦးပဲ
မတူတာကတော့ သူက JYP stan
JYP ဆို Former artist GOD ကနေ Currnet Day6 Twice အထိ အကုန် stan သူပါ
Former Trainee ဖြစ်တဲ့ Sistar က Hyorin, BTS က JHope, MonstaX က Shownu အစရှိသဖြင့် သူတို့တွေကိုပါ stan တာ
သူ့မှာလည်း fansite ရှိတယ်
ဒါပေမယ့် fansite ကိုတော့ တစ်ယောက်တည်း အတွက်ပဲ ထားတယ်
M.Y.J အဖွဲ့မှ Kim Yugyeom အတွက်ပဲတဲ့
သူ့ fansite နာမည်ကတော့ MaknaeGyeommie
ကျွန်မတို့ ၂ယောက်လုံးရဲ့ အခြေအနေက သိပ်လည်း မဆင်းရဲသလို သိပ်လည်း မချမ်းသာ
စားနိုင်သောက်နိုင် ကောင်းကောင်းသုံးနိုင်ရုံလောက်ပဲ
ကျွန်မတို့ ၂ယောက်က အချစ်ဆုံး သူငယ်ချင်းတွေဆိုပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် အရမ်းကြီး သိကြတယ်လို့တော့ မဟုတ်
ကျွန်မကိုယ်တိုင်က ကိုယ့်အိမ်တွင်းရေးကို သူများကို သိပ်မပြောတတ်တာလဲ ပါလိမ့်မယ်
သူကလည်း သိပ်စိတ်မဝင်စား မစပ်စုတတ်ဘူး
ကျွန်မ ပြောရင်သာ နားထောင်ပေးတတ်တာ
မသိစေချင်တာကို အတင်းမမေးတတ်ဘူး ဒါဟာလည်း ကျွန်မနဲ့သူ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်
၂ယောက်လုံး နေတဲ့နေရာကတော့ Incheon ဘက်
တစ်လမ်းထဲမှာပဲ နေကြတာ
Korea ရဲ့ အဓိက လေဆိပ်ဖြစ်တဲ့ Incheon လေဆိပ်နဲ့ အလွန်နီးတာမို့ စက်ဘီးနဲ့ပဲ သွားဖြစ်တယ်
အမှန်တကယ် ပြောရလျှင် ဒီကနေ့က ကျွန်မတို့ရဲ့ ပထမဆုံး လိုက် stalk တဲ့နေ့..~~~
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
ကျွန်မတို့ Airport ကိုရောက်တော့ လုံးဝ နောက်မကျသေးဘူးဆိုတာကို ကျွန်မ နာရီက သက်သေပြနေပါတယ် ဒါပေမယ့် fansite က senior မမများက ဘယ်တုန်းကတည်းက ဇွဲကောင်းကောင်းနဲ့ ရောက်နေကြတယ်မသိ
"ဟဲ့ ဒီအတိုင်းဆို ဓာတ်ပုံရိုက်ဖို့ နေနေသာသာ မြင်တောင် မြင်လိုက်ရပါ့မလားဟယ်"
ကျွန်မရဲ့ အပြော ကို BamBam ကလည်း ခေါင်းတဆတ်ဆတ် ညိမ့်ရင်း ထောက်ခံရှာတယ်
"Saeng က Jinyoung မလား"
အဲ့ဒီ အချိန်မှပဲ Unnie တျောက်၏ အမေးကို ဖြေဖို့ လှည့်ကြည့်လိုက်မိတော့
"Omo... Eunji Unnie...!!"
Eunji ဆိုတာကတော့ ကျွန်မတို့တွေရဲ့ fansite ဖြစ်လာဖို့အတွက် အတော်ကို ထောက်ပံ့ပေးခဲ့သူ မသိတာ မှန်သမျှ က ကနေ အ အထိ သူ့ကို အကုန်မေးခဲ့ရတယ် မေးသမျှလည်း ဖြေပေးတဲ့ ချစ်စရာ Senior မမ တစ်ယောက် ဒီ fansite တွေ unnie ရဲ့ အကူအညီမပါလျှင် ဖြစ်ကို ဖြစ်မလာနိုင်တာ.........
"ခေါ်သာ ခေါ်ရတာ ဟုတ်မှ ဟုတ်ပါ့မလားလို့"
"ဟုတ်ပါတယ် ခေါ်သာခေါ်ပါ"
"အဲ ဒါက Eunji unnie ဆိုတာလား unnie ကို အပြင်မှာ တွေ့ချင်နေခဲ့တာ"
BamBam ကလည်း ဘုမသိ ဘမသိ ဝင်ယောင်သေးတယ်
"ယောင်ဟေ့ ယောင်ဟ"
ကျွန်မရဲ့ အပြောကို သဘောကျသွားတယ် ထင်တယ် BamBam ခမျာ ရယ်နေတာ မရှိတဲ့ မျက်လုံးတောင် မပွင့်တော့ဘူး အင်း... ဒါလည်း ချစ်သယ်ရင်းရဲ့ ဆွဲဆောင်မှု တစ်မျိုးပေပဲကိုး~
"Unnie နေရာ ရထားတာ ရှိတယ် လာလေ"
"Jinja Gamsanida unnie!!!!!"
ကျွန်မနဲ့ BamBam နျောက်သား ပြိုင်တူ အော်လိုက်ပြီး Eunji unnie နောက်ကနေ ကုတ်ချောင်းကုတ်ချောင်းနဲ့ လိုက်သွားပါတော့တယ် ~
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
မကြာမီ လာပါပြီ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရတဲ့ E.X.O ရဲ့ ကား
သူတို့ရဲ့ Japan ခရီးစဉ် Airport fashion တွေကို မှတ်တမ်းတင်ဖို့ fansite တွေကလည်း အသင့်အနေအထား Camera ကိုင်ပြီး စောင့်နေကြတယ်
ကျွန်မတို့လည်း ယောင်လည်လည်နဲ့ သူများတွေလို Camera ကိုင်ပြီး အသင့်စောင့်နေတယ် စိတ်တွေလည်း အရမ်းလှုပ်ရှားနေရင်းပေါ့
တချို့သော Fansite မမတွေရဲ့ Camera တွေကတော့ လူရိုက်သတ်ရင် သေနိုင်တဲ့ ဧရာမ Camera ကြီးတွေ
မတော်လို့ ရန်ဖြစ်ရင် အာ့ကြီးနဲ့ ထုလိုက် ပွဲချင်းပြီးပဲ
ကိုယ့် Camera လေး ပြန်ကြည့်လိုက်တော့ အဲ့ဒီ Camera တွေ ကြားမှာ တော်တော် မျက်နှာငယ်နေတဲ့ ဒီဇိုင်းလေးနဲ့
မိ Jinyoung ရေ နင်တော်တော်ကို လိုသေးတာ -_-
မကြာခင်မှာပဲ ကားပေါ်က ဆင်းလာတဲ့ EXO member တွေကို မှတ်တမ်းတင်ခြင်း လုပ်ငန်း စတင်ပါတော့တယ်
တဖျက်ဖျက်နဲ့ လင်းနေတဲ့ camera flash မီးတွေရဲ့ အောက်မှာ fashion တွေ style တွေကလည်း ထင်းလို့
ကျွန်မကလည်း ကျွန်မ Chanyeol ကို မှတ်တမ်းတာပေါ့
BamBam ကလည်း ကျွန်မကို ကူညီသောအားဖြင့် Camera တစ်လုံးကိုင်ပြီး Chanyeol ပုံတွေကို လိုက်ရိုက်ပေးနေတယ်~ ချစ်စရာ သယ်ရင်းလေး
Fansite တွေက အတော်တော့ စည်းကမ်းရှိတယ်
တိုးဝှေ့လုရက်ခြင်းမရှိ
ရရာ နေရာမှာပဲ အကောင်းဆုံး ဖြစ်အောင် ရိုက်ကြတယ်
ဒါကတော့ လုံးဝ ချီးကျူးစရာ.....~~~
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
Exo member တွေလည်း ဟိုး airport အတွင်းထဲထိ ဝင်သွားတော့မှ fansite တွေလည်း ဓာတ်ပုံရိုက်တာ ရပ်လိုက်တော့တယ်
"အာ့ဆို unnie သွားတော့မယ်နော်"
ဘေးက Eunji unnie က ကျွန်မတို့ကို လာနှုတ်ဆက်တယ်
"Unnie ချက်ချင်း ပြန်တော့မလို့လား"
"အင်း အလုပ်လေးတွေ ရှိနေသေးလို့"
"Nae unnie ကောင်းကောင်း ပြန်နော် see ya"
"See ya"
Eunji unnie ထွက်သွားတော့ ကျွန်မကိုယ်တိုင် ရိုက်ထားတဲ့ Camera ထဲက ပုံလေးတွေ ပြန်ကြည့်နေမိတယ်
"ဘယ်လိုလဲ အဆင်ပြေလား ရိုက်ရတာ"
အနားနား ကပ်ပြီး မေးလာတဲ့ BamBam ရဲ့ အမေးကို မဖြေသေးဘဲ Camera ကိုပဲ preview ဆက်ကြည့်နေမိတယ်
ဓာတ်ပုံတွေက အရမ်းကောင်းတယ်လို့ မပြောနိုင်ပေမယ့်လည်း ယခုမှ စ ရိုက်တဲ့ ဝါသနာရှင် တစ်ယောက် အနေနဲ့တော့ မဆိုးရွားလှပါ
"မဆိုးပါဘူး"
ကျွန်မ တက်တက်ကြွကြွနဲ့ ပြုံးပြီး ဖြေလိုက်တယ်
"မဆိုးရင်လည်း မုန့်တစ်ခုခုသွားစားရအောင် ငါဗိုက်ဆာနေပြီ"
BamBamရဲ့ အပြောကို ကျွန်မရဲ့ ဗိုက်က ထောက်ခံနေပြီ
*ဂြီ .......*
"အေးဟယ် ငါလည်း ဇောနဲ့ ရိုက်နေတော့ ဗိုက်ဆာလို့ ဆာနေမှန်းတောင် မသိဘူး လာ သွားစားကြစို့"
ပြောပြောဆိုဆိုနဲ့ပဲ ၂ယောက်သား Sushi ဆိုင်ကို ဦးတည်လာခဲ့တယ်....~~
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
@Sushi House
*Promise Ringtone*
ကျွန်မ ဖုန်းကို ကောက်ကိုင်ကျိလိုက်တယ်
"Nightmare Im Jae Bum"
ကျွန်မ မဲ့ပြုံးပြုံးလိုက်တယ် လာပြီ နှောင့်ယှက်သူကြီး
"ဘယ်သူမို့လို့ မဲ့ပြုံးပြုံးရတာလဲ Jinyoung ah"
"Arnyiya"
ကျွန်မ ဒီလို ပြောလိုက်တာနဲ့ သူသဘောပေါက်ပြီ
ဆက်မမေးတော့
သူများတွေ အမြင်မှာတော့ သူငယ်ချင်း အချင်းချင်း လျှိုတယ် ထင်ကောင်း ထင်ကြလိမ့်မယ်
ဒါပေမယ့် ကျွန်မတို့ ၂ယောက်အတွက်ကတော့ ဒါဟာ နေသားကျနေပြီမို့....~
ဖုန်းကလည်း လာနေဆဲ
စိတ်ရှိတိုင်းသာဆို ကျွန်မ သိပ်ကြိုက်တဲ့ promise သီချင်းလေးပဲ နားထောင်ပြီး မကိုင်ဘဲ နေလိုက်ချင်ရဲ့
ဒါပေမယ့် မကိုင်လို့လည်း မရ
ဒီအချိန် သူက ကျွန်မအိမ်မှာ ရှိနေမှာ သေချာသလောက်
ကျွန်မ သူ့ဖုန်းကို မကိုင်လိုက်ရင် Appa ကိုယ်တိုင် ဆက်တော့မှာ
ဆက်ရင် အကုန်ရှုပ်ကုန်လိမ့်မယ်
မကိုင်ချင်ပေမယ့်လည်း ဝတ္တရားအရ ကိုင်လိုက်ရတယ်
"Yeoposayo..."
"Youngiee.....ဘယ်မှာလဲ"
Youngiee ???? အဲ့ဒီ အခေါ်အဝေါ်ကို ကျွန်မ သိပ်မုန်းတာ....
ရှင့်ချစ်သူကို ရှင် Youngiee လို့ ခေါ်နေကျ....
ဒါကို ကျွန်မကို လာခေါ်နေတာ ရှင်မရှက်ဘူးလား
တွေးသာ တွေးနေရပေမယ့် တကယ်တမ်းတော့ ဒီ စကားတွေ အပြင်ကို ထွက်မလာ
သူ့ Company မှာ အလုပ်လုပ်နေရတဲ့ appa မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်မလား.....
"Seoul ရဲ့ တစ်နေရာမှာပေါ့ ရှင်သိစရာ မလိုပါဘူး"
ပြောပြီး ကျွန်မ ဖုန်းချလိုက်တယ်
ကျွန်မ စိတ်ဆိုးဆိုးနဲ့ မျက်စိရှေ့က Sushi ၂ခုကို ပါးစပ်ထဲ တစ်ခါတည်း ထည့်လိုက်တယ်
"နင့်ကို ကြည့်ရတာလည်း တကယ်ပါပဲ ဘာတွေမှန်းကို မသိဘူး"
"မသိရင်လည်း မသိသလိုသာ နေလိုက်တော့"
ကျွန်မ ပြောပြီး ဟိုဘက်လှည့်လိုက်တယ်
"စိတ်ဆိုးသွားတာလား Jinyoung ah Jagiah စိတ်ဆိုးပါနဲ့ လိမ္မာပါတယ်နော် မွချိ မွချိ"
BamBam ထိုင်နေရာက ထလာပြီး ကျွန်မကို လာဖက်တယ်
ကျွန်မ BamBam ကို အာ့တွေ သိပ်ချစ်တာ~
ကျွန်မရဲ့ Aegyo Queen လေး
စိတ်ညစ် စိတ်တို စိတ်ကောက်နေတုန်း သူ့ aegyo မြင်ရင် ပျောက်သွားရော
ဒါကို သိတဲ့သူကလည်း ကျွန်မကို aegyo နဲ့ပဲ အနိုင်ယူတတ်တာ
"Aigoooo.... aegyo Queen မမ စားမှသာ စားစမ်းဘာ"
ကျွန်မ သူ့နှဖူးကို လက်ညိုးလေးနဲ့ ခပ်ဖွဖွ တွန်းလိုက်တယ်
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
"BamBam shi ငါ အိမ်မပြန်ချင်သေးဘူး"
လမ်းမှာ စက်ဘီးလေးကို မစီးဘဲ တွန်းလာရင်း ကျွန်မ ပြောလိုက်တယ်
"အာ့ဆို ပန်းခြံသွားကြမလား"
"ပန်းခြံက လူရှုပ်မယ်ဟ လူရှင်းတဲ့ နေရာ သွားချင်တာ"
"ဒါဆို ဟန်မြစ် သွားကြအောင်လေ"
"So Good... Khaja"
ကျွန်မတို့ရဲ့ ခြေထောက်အစုံက ဟန်မြစ်ဆီသို့ ......~~
To be continued...
In this fiction, Jinyoung is an EXO-L so I wil use Exo's songs as Jinyoung's ringtones but I will use GOT7's songs as others' ringtones.
Gomowo for reading
Sarahae all moi readers
မွချိ :-*