CHERYMPACA

Por kheera_nway

5 0 0

where two blooms become one စိုင်းင်္လကာစံ+သော်တနွယ် Más

1

5 0 0
Por kheera_nway

Ti..Ti..Ti....

နှိုးစက်သံကြားသည်နှင့် နာရီကြည့်မိတော့ ၃နာရီထိုးနှင့်နေပြီ။စောသေးတာနဲ့ မထလို့လဲမရ ဒီနေ့ သူငယ်ချင်းများနှင့်တောင်တက်ဖို့ချိန်းထားလေသည်။မျက်နှာသစ်သွားတိုက် အဝတ်စားလဲကာ အိမ်ရှေ့တွင်ထိုင်၍ စောင့်နေလိုက်သည်။
ထိုင်ပြီးမကြာခင်လေးတွင် ကားဖြင့်တောင်တူတူတက်မည့် သူငယ််ချင်းတစ်သိုက်ရောက်လာခဲ့လေသည်။
" ဟေ့ရောင် သော်တ မြန်မြန်လာတက် ဟိုကောင်အာကာနိုင့်အိမ်ဝင်ခေါ်ရဦးမှာ"
"ငါ့ကိုနောက်ဆုံးမှဝင်ခေါ်မယ်ထင်တာ"
"အေးအဲ့လိုလုပ်မလို့ပဲ ဟိုကောင့်အိမ်က ပုပ္ပါးမြို့အထွက်မှာဆိုတော့ တစ်ခါတည်းလမ်းသင့်တာနဲ့သူ့ကိုနောက်ဆုံးမှခေါ်မလို့"
တောင်တက်မည့်အဖွဲ့မှာကျွန်တော်တို့သူငယ်ချင်း ငါးယောက်ဖြစ်သည်။ကျောက်ပန်းတောင်းနှင့် ပုပ္ပါးဆိုတာ နီးကပ်လှ၍ ခဏတိုင်းတောင်တက်ဖြစ်ကြသည်။သည်လိုနှင့်နောက်ဆုံးကျန်သည့်သူကိုဝင်ခေါ်ကာ ပုပ္ပါးဘက်သို့ထွက်ခဲ့လိုက်သည်။

"ဒီနေ့တောင်ပေါ်မြူဝေမယ်ထင်တယ် ချမ်းစိမ့်စိမ့်နဲ့"
"အေးကွာ ငါတို့တက်မယ်ဆိုမှညတုန်းကမိုးဖွဲဖွဲက ကျရတယ်လို့ ဒါနဲ့ သော်တ မင်းပြောတော့ နောက်နေ့ပုဂံသွားမလို့ဆို"

"အေးဟုတ်တယ် နောက်သုံးရက်နေမှပါကွာ ကပ်ရင်တော့ငါလဲ မလိုက်နိုင်ဘူး"
"ငါလဲ မန္တလေး အမေ့ဆေးပြလိုက်ပို့ရမှာကွာ မင်းတို့လူအကုန်စုံမယ်ဆိုလို့သာ လိုက်လာတာ"
"ပိုင်ပိုင် မင်းအမေခုထိ ဆေးပြရတုန်းလား"
"ဒီလိုပါပဲ နေတော့ကောင်းပေမယ့် ဆေးရုံက၅လတစ်ခါလောက်ပြန်ချိန်းတော့ သွားနေရတာ"
"ဒီနေ့တော့ တောင်မကြီးထိပဲမလား မှန်ပြတောင်ထိသွားကြဦးမှာလား"

"မင်းတို့လဲသွားစရာတွေရှိတာ တောင်မကြီးတက်ပြီး ပြန်ကြတာပေါ့"ဟုဆိုပြီး အာကာနိုင််မှ ဝင်ပြောလိုက်သည်။

ကျွန်တော်တို့အုပ်စုတွင် ဝေယံနိုင်၊ဝေယံပိုင်၊အာကာနိုင်၊ပိုင်ယံမင်း ကျွန်တော်အပါဝင်ငါးယောက်ဖြစ်ရာ ဝေယံပိုင်နှင် ဝေယံနိုင်မှာ အမွှာများဖြစ်ကြသည်။သိပ်မဝေးလှသည်မို့ စကားများပြောရင်း တောင်ခြေကိုရောက်လာကြသည်။

ကားပေါ်မှဆင်းပြီး ကျော်ပိုးအိတ်များလွယ်ကာတောင်တက်ရန်စတင်လိုက်ကြသည်။မနက်မိုးမလင်းချိန်ဖြစ်၍ မှောင်မဲကာတိတ်ဆိတ်လွန်းလှသည်။ပုပ္ပါးတောင်တက်ချိန်မဟုတ်၍ တောင်တက်သူသည် ကျွန်တော်တို့အဖွဲ့သာရှိသည်။

တောင်ခြေမှတက်လာလိုက်တာ တောင်တစ်ဝက်ပင်ရောက်လာလေပြီ။မောလှပေမယ့် တက်လို့ကောင်းလှသည်။ညက မိုးလဲဖွဲဖွဲကျထားတော့ မြေသင်းနံ့မွှေးမွှေးဖြင့် စိတ်အလွန်ကြည်ဖို့ကောင်းလှသည်။

တောင်လယ်နားရောက်သည့်ချိန်တွင်တော့ အာကာနိုင့်စကားအတိုင်းမြူတွေဝေကာ တော်တော်လှလေသည်။ထိုအချိန်တွင်

"မင်းကလဲဟုတ်ရောဟုတ်လား ရောက်ကောရောက်မှာလား အဲ့ကြောင့်ဒီလိုချိန်နယ်ခံကိုလမ်းပြခေါ်ခဲ့ပါဆို"
"ငါတစ်ခါတက်ဖူးပါတယ်ကွာ ရောက်ခါနီးပြီ ရေဆာရတဲ့ကြားထဲမင်းကိုပြန်ဖြေနေရတာပိုမောတယ်"

တစ်ခြားနယ်မှလာတက်သည့် သူများဖြစ်ပုံရသည်။လမ်းကျွမ်းသည့်ပုံလဲမရ တောင်တက်ချိန်မဟုတ်၍ တောင်တက်သည့်လူမရှိလေရာ အဝေးမှလာသူများသည် နယ်ခံလမ်းပြတစ်ယောက်တော့ခေါ်ကာတက်လေ့ရှိသည်။

"ယံပိုင်ရာ မင်းကလဲ တစ်လမ်းလုံး ငါ့ဖိနပ်ပဲတက်နင်းလာတာ ငါဟက်ထိုးလဲကျတော့မယ်"

"ငါလဲရှေ့ကြည့်လျှောက်နေတာ မင်ကနှေးနှေးသွားတော့ ငါလဲနင်းမိတာပေါ့"
ဝေယံပိုင်နှင့် အာကာနိုင်မှာအမြဲမတည့် ကြောင်နှင့်ကြွက်ဖြစ်လေသည်။အမြွှာအကို ဝေယံနိုင်မှာ အေးသလောက် ဝေယံပိုင်မှာ စွာစိလန် ယွပိုးထိုး ပါလေရာငပိချက်ဖြစ်လေသည်။

"ဟို အကိုတို့ခင်ဗျ အကိုတို့လဲတောင်တက်မယ့်အဖွဲ့မလားဗျ"

"ဟုတ်ပါတယ် အကိုတို့သူငယ်ချင်းတွေ စုတက်ကြတာ"
သွက်လက်လှသည့် ယံပိုင်မှဝင်ပြောလိုက်သည်။
"ကျွန်တော့်နာမည် စိုင်းစံမင်းရှိန်ပါ ဒါကကျွန်တော့် ညီဝမ်းကွဲ စိုင်းလင်္ကာစံပါ ကျွန်တော့တို့နှစ်ယောက်တည်း လမ်းပြမပါပဲ တက်လာမလို့ အကိုတို့နဲ့တူတူသွားလို့းမလား"

"ရတယ် ရတယ် အဖော်ရတာပေါ့ကျွန်တော်တို့လဲ ၅ယောက်ပဲ သွားရင်းမိတ်ဆက်ကြတာပေါ့"
ပိုင်ပိုင်နှင့် ယံပိုင်မှဦးဆောင်ခေါ်သွားသည်။အာကာနိုင်ကတော့ ဆူပုတ်ကာ ယံပိုင့်ဘေးမှလိုက်သွားလေ၏။တူတူပါလာသော ညီဝမ်းကွဲဆိုသူကိုကြည့်လိုက်မိရာ ထိုသူသည်လဲ သူ့ကိုစိုက်ကြည့်နေသည်နှင့်ကြုံလေ၏။ အလင်းမှုန်မှုန်ကြား နှုတ်ခမ်းပါးပါးအောက်မှမှဲ့လေးသည် ထင်းနေရာ တစ်မျိုးလေးဆန်းလှသည်။

"ရှေ့ဆိုတောင်ထိပ်ရောက်ပြီ ညကမိုးကျထားတော့ ပတ်ဝန်းကျင်တော့သေချာမမြင်ရလောက်ဘူး ဒီလိုမြူဝေနေတာကလဲ vibe တစ်မျိုးရတယ်လေ"

"ဟုတ်တယ်အကိုရ အရင်တစ်ခါကျွန်တော်လာတုန်းက တောင်တက်ချိန်ဆိုတော့လူလဲများ ရာသီဥတုလဲသာတော့ အဆင်ပြေတာ"

"မင်းတို့က ရှမ်းတွေလား စိုင်းဆိုတော့ ရှမ်းလားလို့"

"ဟုတ်တယ် ကျွန်တော်တို့က တောင်းကြီးက ပုဂံဘက်အလုပ်ကိစ္စလေးရှိလို့လာရင်း လက်ာကလဲ တောင်မကြီးပေါ်တက်ချင်တယ်ပြောတာနဲ့ လာလိုက်တာ"
ပြောရင်းဖြင့်တောင်ထိပ်သို့ရောက်လာကာ စုဝိုင်းထိုင်ရင်း စကားဆက်ပြောနေလို့ကြ၏။

"ပုဂံလား သော်တတောင် ပုဂံသွားမယ်ပြောတာ "
"ဟာဟုတ်လားအကိုသော်တ ကျွန်တော်တို့လဲနောက်နှစ်ရက်နေရင်သွားမလို့ အကိုဘယ်ရက်သွားမှာလဲ"
"သောကြာနေ့သွားမှာ အလုပ်ကိစ္စနဲ့ဆိုတော့ နှစ်ရက်လောက်တော့နေဖြစ်မယ်ထင်တယ်"
"အဲ့လိုကျွန်တော်တို့နဲ့တူတူသွားပါ့လား ဟိုတယ်လဲမပူနဲ့ ကျွန်တော်တို့ ဟိုတယ်မှာတည်းလေ"
ထိုဖိတ်ခေါ်မှုကြောင့်မထင်မှတ်ပဲ စိုင်းလင်္ကာစံဆိုသူကိုကြည့်လိုက်လေသည်။ထိုသူသည် စကားဝိုင်းအပေါ်တွင် အာရုံမရှိ ဖုန်းတစ်လုံးဖြင့် မှတ်တမ်းတင်နေသည်။
စိုင်းစံမင်းရှိန်မှသတိထားမိသွားကာ

"လင်္ကာ ဒီမှာ အကိုသော်တက ပုဂံသွားစရာရှိတာ ငါတို့နဲ့တူတူသွားအောင်အဖော်ခေါ်နေတာ မင်းသဘောကကော"
"ငါကပြေတယ် မင်းသဘော"
ထိုသူမှာ ခပ်အေးအေးနေတတ်ပုံပေါ်လှသည်။
"လိုက်ခဲ့ပါဗျာ အဖော်ရတာပေါ့ အကိုက ဘာကိစ္စနဲ့သွားတာလဲ"

"အကိုက photographer လေ ပုဂံမှာလဲstudioတစ်ခုရှိတာ pre-wedding တွက် သွားရိုက်ပေးရမှာ"

"ကျွန်တော်တို့ကပုဂံမှာဖွင့်ထားတဲ့ Hotel တစ်နှစ်တစ်ခါစားရင်းလာစစ်တာ လက်ာလဲကျောင်းပိတ်တုန်း အဖော်ရအောင်တူတူလိုက်လာတာ"

"မင်းတို့သွားဖို့နောက်မှတိုင်ပင်ကွာ နေလဲထွက်လာပြီဆိုတော့ ရှုခင်းကြည့်ရင်းအပန်းဖြေလိုက်ရအောင်"
အာကာနိုင်မှဝင်ပြောလိုက်သည်။
ထိုအခါမှ ဖုန်းထုတ်ခါဓာတ်ပုံရိုက်သူကရိုက် ဟိုနားဒီနားလမ်းလျှောက်ကာ ရှုခင်းကြည့်ရင်း တောင်တက်အမောကိုဖြေကြတော့သည်။

ပုပ္ပားတောင်သည် 4980ftရှိကာမန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိသည်။ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။မိတ္ထီလာ၊ကျောင်းပန်းတောင်း၊ပုဂံ၊တောင်သာ၊မြင်းခြံမြို့များဖြင့်နီးကာ လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်းလှသည်။

ပုပ္ပါးတောင်ဆိုသည်မှာ အညာ၏မီးငြိမ်းတောင် စကားဝါတို့ပျော်ပါးရာတောင်လဲဖြစ်သည်။စိမ်းစိုနေသောတောင်တန်း ဖုံးအုပ်နေသော တိမ်စိုင်များဖြင့် ပုပ္ပါးတောင်သည် အညာဒေသ၏ အိုအေစစ်ပင်ဖြစ်သည်။ရွှေနှင့်ရိုးမှားပန်းစကားကဗျာမှာမသိသူမရှိလောင်ပင်ဖြစ်သည်။ထိုကဗျာသည် ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထပ်မှစတင်ပေါ်ပေါက်ခဲ့လေရာ သိုးကလေဟူသော အာလုတ်စကားဖြင့်အစတည်ကာ ပုပ္ပါးသူ မယ်ဝဏ္ဏနှင့် စကားဝါပန်းကို နေ့စဉ်ခူး ပုဂံနန်းတော်သို့ နေ့စဉ်ဆက်သရသော ပုဂံသူရဲကောင်းဗြတ္တတို့ကြားချစ်ကြွမ်းဝင်ကာ မိန်းမပျိုလေးမှ မိမိအကြောင်းကို မိမိယုံကြည်ကိုးကွယ်ရသော မင်းမဟာဂီရိနတ်မင်းထံတိုင်တည်ဟန် ရေးဖွဲ့ထားလေသည်။ပုပ္ပါးမှ ပုဂံသို့သွားရာလမ်းကိုလဲ ဗျတ္တပန်းဆက်လမ်းဟု ယခုတိုင်အမည်တွင်နေဆဲဖြစ်လေသည်။

အေးအေးချမ်းချမ်းသလာဝနှင့်ထိတွေ့ချင်သးတွေကိုတော့ တောင်မကြီးကိုပဲတက်စေချင်သည်။တောင်ကလပ်ကတော့ မျောက်တွေအရမ်းများကာ အပေါ်ရောက်လေလှေကားတွေမှာမက်စောက်သောကြောင့် အမြင့်ကြောက်တက်သူများမတက်စေလို။
(A/N အမြင့်ကော မျောက်ကောကြောက်လို့ တောင်ကလပ်တစ်ခါပဲတက်ဖူးတယ် ခြေတွေယားတာတအား)

Seguir leyendo

También te gustarán

866K 72.1K 52
TOP 2 IN INDIA (23/08/2026 TOP 1 IN INDIA (23/08/2026 TOP 3 IN INDIA (24/08/2026) He was fire. She was the wind. And together, they could either dest...
10.6M 532K 43
|| Featured FREE story with exclusive paid chapters - previously a paid story || When Haley discovers the truth behind Xavier, whose silence holds a...
1.8M 105K 69
"အကယ်၍ ကလေးနဲ့ မွေးဖခင် တစ်ယောက်‌ယောက်ကိုသာ ရွေးချယ်ရမယ်ဆိုရင်....." "နှစ်ယောက်လုံး! ဘာမှမဖြစ်ရဘူး!! နှစ်ယောက်လုံးကို အသက်ရှင်အောင်ကယ်! တစ်ယောက်ယောက်...
2.5M 121K 56
ဒီ ရပ်ဝန်းလေးကို နှစ်သက်မိသွားပြီ.... ဒါဆို ဒီနေရာ ဒီရပ်ဝန်းလေးမှာလိုလိုလားလား ငါရဲ့အချိန်တွေကိုဖြုန်းလိုက်တော့မယ်.... ...
Wattpad App - Desbloquea funciones exclusivas