Idiot Seme Complete

Por chittulay

68.4K 4.8K 636

My first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ်... Más

Idiot Seme 1
Please
Idiot Seme 2
Idiot Seme 3
Idiot Seme 4
Idiot Seme 5
Idiot Seme 6
Idiot Seme 7
Idiot Seme 8&9
Idiot Seme 10&11
Idiot Seme 12 to 15
Idiot Seme 16-17
Idiot Seme 18-19
Happy Birthday &Idiot Seme 20-21
Idiot Seme 22-23 & Happy Birthday
Idiot Seme 24-25
Idiot Seme 26-27
Idiot Seme 28-29
Idiot Seme 30-31
Idiot Seme 32-33
Idiot Seme 34-35
Idiot Seme 36-37
Idiot Seme 38-39
Idiot Seme 40-41
Idiot Seme 😂😂😂😂
Idiot Seme 42-43
Sorry for update
Idiot Seme 44
Idiot Seme 45-46-47
Just Birthday Gift
😝ဆင်တုတ်ကွေး ချစ်သူများအတွက် 😝
Idiot Seme 47 ဆက် 😂
အသိပေး
38-39
40-41
42-43
44-45
46-47
48-49
50-51
52-53
54-55
56-57
58-59
60-61
62-63
64-65 သိမ်း
အပိုင်း တစ်
နှစ် -သုံး
လေး ~~~ ငါး
ခြောက်~~~ခုနစ်
ရှစ်~~~~ကိုး
တဆယ်~~~~တစ်ဆယ့်တစ်
၁၂ ~~၁၃~~၁၄~~၁၅
၁၆~~~၁၇
၁၈~~~၁၉
၂၂~~~၂၃
၂၄~~~၂၅
၂၆---၂၇
၂၈~~~~၂၉
30~~~~31
32~~~~33
34~~~35
36~~~~37
ရွေးပေးပါ

၂၀-~~~၂၁

2 0 0
Por chittulay


Happy Birthday to you
Happy Birthday to you
Happy Birthday my dear sis
Happy Birthday to you

Happy Birthday ပါ မမ ကြီး ရေ
爱死你了 啊😘

🌧😘😘🌧😘😘🌧
😘😘😘😘😘😘😘
😘😘😘😘😘😘😘
🌧😘😘😘😘😘🌧
🌧🌧😘😘😘🌧🌧
🌧🌧🌧😘🌧🌧🌧

💖雨For 雨💖
💝20。8💝

✨🌟💗🌟💜🌟✨
🌟💗💜💜💜💜🌟
🌟💗💜💜💜💜🌟
🌟✨💜💜💜✨🌟
🌟✨✨💜✨✨🌟
✨🐬✨🐬✨🐬✨
🌊🌊🌊🐬🌊🌊🌊

💋💋💋💋💋💋💋💋💋💋💋💋

Idiot Seme 20-21

စားပွဲထိုးလေးက အလွယ်တကူ လုပ်လို့၇တဲ့ အစားအစာတွေကို ယွမ်ဆွေဖုန်း တို့အခန်းထဲ လာချပေးတယ်။ ယွမ်ဆွေဖုန်း ကအစားအစာ အရမ်းရွေးတော့ မစားမဖြစ်မို့လို့ မတတ်သာပဲ စားတယ်ဆိုရုံ နည်းနည်းတော့ စားလိုက်ပြီး ရေနွေးကြမ်းသာ ဖိသောက်နေလေတယ်။

"ရှောင်ယွမ်... ရှောင်ယွမ်.. ဟင်း ဟင်း ဟင်း ငါတို့ ဒီတခါတော့ တကယ့်ကို လီအယ်ကို အတူသွား ကယ်နိုင်ပြီပေါ့နော် "
ပါးစပ်က အစားအသောက်တွေကို အလုပ်ကြီးကြီး စားရင် ဗလုံးဗထွေး နဲ့ ယွမ်ဆွေဖုန်း ကို ကျောက်ယွင်ချီ ပြောလေတယ်။

ကျောက်ယွင်ချီ ရဲ့ ဒီပုံကို မြင်ပြီး ယွမ်ဆွေဖုန်း လစ်လျူရှုထားလိုက်တယ်။ ဒါပေမယ့် ထူးဆန်းစွာ ကိုယ့်ဘာသာကိုယ်တောင် မသိလိုက်ခင်မှာပဲ ယွမ်ဆွေဖုန်း နှုတ်ကနေ စကားတခွန်း ထွက်သွားတယ်။

"ဘာလို့လဲ ?"

ယွမ်ဆွေဖုန်း က သူ့ကို ကျောပေးပြီး စကားပြောတာ မြင်တော့ ကျောက်ယွင်ချီ စိတ်ထဲမပျော်ဘူး။ ဒါကြောင့် စားလက်စ ပန်းကန်ကိုချပြီး ယွမ်ဆွေဖုန်း ရှေ့သွားကာ စပ်ဖြဲဖြဲ ရယ်ပြပြီး
"ငါ့အဖေက ငါ့ကို အမြဲ ပြောတယ်။ လူဆိုတာ လောကမှာနေရင် အမြဲ အပေါင်းအဖော်ရှိ၇မယ်။ သူတို့နဲ့လည်း စည်းစည်းလုံးလုံး နေ၇မယ်တဲ့။ ပြီးတော့ အဒေါ်ကလဲ(ယိလီ မိခင်) ငါနဲ့ ယိလီကို ညီအကိုတွေ သွေးဝမ်းမကွဲ စေဖို့ အမြဲဆးုံမတယ်။ ပြီးတော့ ငါ့အဒေါ်ထပ်ပြောသေးတာက လင်မယားဆိုတာ စိတ်တူကိုယ်တူ စည်းလုံး၇မယ်တဲ့။ ဒါတွေက ရွှေ ထက်အဖို့တန်တယ်တဲ့။ ငါထင်တာက လင်မယား စိတ်တူကိုယ်တူ ရှိတာက ညီအကိုတွေ စိတ်တူကိုယ်တူ ရှိတာထက် ပိုအဖိုးတန်တယ် ထင်တယ်။ (ဝမ်းနည်းစွာပဲ ဒီနေရာမှာ နားမလည်ဘူး ) ဒါကြောင့် ရှောင်ယွမ်... နင်က ငါ့မိန်းမ လေ... နင်နဲ့ငါက အခုဆို လီအယ် ကိုအတူ သွားကယ်မယ်ဆိုရင် သေချာပေါက် အဲ့ဒီ လူဆိုးတွေ အကုန်ထွက်ပြေးကုန်မှာ အမှန်ပဲ 😊"

"ဖူး 🌬"
ဒီစကားကို ရေနွေးသောက်နေတဲ့ ယွမ်ဆွေဖုန်း လဲကြားရော သနားစရာ ကောင်းစွာ ရေနွေးသီးသွားရှာတယ်။ ဆွေဖုန်း ရေနွေးသီးတာလဲမြင်ရော ကျောက်ယွင်ချီ ရဲ့ နှလုံးသားလေးက သနားလို့ တုန်လှုပ်လာတယ်။ သူ ဆွေဖုံးကို ကတိပေးထားတဲ့ ထဲကတချက်အပါအဝင် ဖြစ်တဲ့ ဆွေဖုန်း အနား မကပ်၇ဆိုတာကို သူလေး မေ့သွားရှာတယ်။ ချက်ချင်းပဲ ယွမ်ဆွေဖုန်း ကျောနောက်ကို ရောက်သွားပြီး သူ့သတ်မှတ်ထားလေတဲ့ သူ့ဇနီးလေး ရဲ့ ကျောကို ဖွဖွလေး ပုတ်ပေးရှာတယ်။ ယွမ်ဆွေဖုန်း သီးလို့ မျက်နှာလေးနီရဲနေတာလဲ မြင်တော့ ကျောက်ယွင်ချီ သနားလွန်းလို့ သူ့မျက်နှာပါ ပျက်လာတယ်။

"မင်း.... မင်း... လအကြီး 😡"

ယွမ်ဆွေဖုန်း တဖက်က ချောင်းတွေ အသေဆိုးနေပြီး တဖက်ကလဲ အပြစ်ကင်းစင်တဲ့ ပုံဖမ်းထားတဲ့ ကျောက်ယွင်ချီ ကို ဆူနေတယ်။ ကျောက်ယွင်ချီ ကတော့ သူ့ကိုဆူနေတာကို ခေါင်းလေးငုံ့ ပြီး ခိုးပြုံးနေရှာတယ်။ ယွင်ချီ တွေးတယ်။
:::အခု သူတို့နှစ်ယောက် ပုံစံက တကယ့်လင်မယား အတိုင်းပဲ 😊😊:::

နောက်တခါဆိုရင် ကျောက်ယွင်ချီ ရဲ့စကားကိုဆို ဘယ်တော့မှ စိတ်ထဲမှာ မထားဖို့ ယွမ်ဆွေဖုန်း သူ့ကိုယ်သူ အထပ်ထပ်အခါခါ သတိပေးနေတယ်။ ဒါမှသာ ကျောက်ယိလီကို ကယ်ပြီးတဲ့အထိ သူအသက်ရှင် နေနိုင်မှာ။ မဟုတ်ရင်
ကျောက်ယွင်ချီ ကြောင့် ဒေါသပေါက်ကွဲပြီး
သူ စောစောသေနိုင်တယ်။

ကျောက်ယွင်ချီ ရဲ့ လက်ကို ယွမ်ဆွေဖုန်း ပုတ်ထုတ်လိုက်စဉ် အဲ့ဒီ ကျပ်မပြည့်တဲ့ကောင်ရဲ့ ခပ်တိုးတိုး ညည်းသံကို ကြားလိုက်၇တယ်။ အဲ့ဒီ အချိန်မှ ကျောက်ယွင်ချီ ရဲ့ ကိုယ်မှာ ဒဏ်ရာ တွေရှိမှန်း ယွမ်ဆွေဖုန်း သတိ၇မိတော့တယ်။ ပြီးတော့ ဒီကိုရောက်တဲ့အထိ ခရီးလမ်းတလျှောက် မြင်းကို အပြင်းနှင်လာ၇တာကြောင့်လဲ ယွင်ချီရဲ့ ဒဏ်ရာတွေက တဖန်ကွဲထွက်ပြန်ပြီထင်ရဲ့။ ဒီတခါ နာနေပေမယ့် အော်ငြီးသံမကြား၇လေတော့ သူ့စိတ်ထဲ မှာ ကျောက်ယိလီ ကိုပဲ ပိုစိတ်ပူနေလို့ထင်တယ်။ မဆိုးဘူး သူ့ညီကိုတော့ ချစ်သားပဲ။ (😂အဟမ်း သူကမင်းနဲ့ မလိုက်၇မှာစိုးလို့ မညည်းတာ 😆)

ယွမ်ဆွေဖုန်း စိတ်ထဲကနေပြီး ဒီ ကျပ်မပြည့်တဲ့ကောင်ကို ဂရုမစိုက် မိဖို့ အတန်တန် ကိုယ့်ကိုကိုယ် သတိပေးနေပေမယ့် ကျောက်ယွင်ချီ က သူ့နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ပြီး ကြိတ်ခံနေတာလဲတွေ့ရော ကျောက်ယွင်ချီ အပေါ်ထားတဲ့ မရှိမဲ့ရှိမဲ့ စိတ်ကောင်းလေး ထွက်လာတယ်။ ဒါကြောင့်ပဲ စားပွဲထိုးလေးကို ရေနွေးပူပူ တဇလုံ တောင်းပြီး ကျောက်ယွင်ချီ ရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးဖို့ပြင်တယ်။

သူအစကတော့ ကျောက်ယွင်ချီကို သန့်ရှင်းရေး လုပ်ခိုင်းပြီးမှ ဒဏ်ရာတွေကို ဆေးထည့်ပေးမလို့ပဲ။ ဒါပေမယ့် စားပွဲထိုးလေးရဲ့ ရေနွေးပူပူကို မြင်မှ အရေပြားပေါ်မှာ ဒဏ်ရာ၇ရင် ရေမထိ၇ဘူးဆိုတာ အမှတ်၇မိတယ်။ ဒီလိုနဲ့ပဲ သူက ကျောက်ယွင်ချီ ကို ဆေးထည့်ဖို့ ဆေးပုလင်းလေး ပစ်ပေးလိုက်ပြီး ကိုယ့်ဘာသာကိုယ် ဆေးထည့်စေတယ်။ သူကတော့ အဲ့ဒီ ရေနွေးပူပူတွေကို အခန်းထဲက ရေချိုးခန်းထဲ သယ်ယူသွားပြီး ရေစိမ်ကာ ဇိမ်ယူဖို့ပြင်တယ်။

*****

ယွမ်ဆွေဖုန်းက ရေချိုးခန်းထဲက ရေချိုးတဲ့ ဲ့သစ်သားစည်ပိုင်း ကြီးကြီးတခုထဲ ထိုင်နေတယ်။ ံစည်ပိုင်း ထဲမှာတော့ သူခုနက ယူလာခဲ့တဲ့ ရေနွေးပူပူရယ် ရေအေးစပ်ပြီး လက်ထဲက ကိုယ်တိုက်ဖို့ အဝတ်စတခုနဲ့ ကျောနဲ့ခေါင်းကတော့ စည်ပိုင်းကိုမှီရင်း မျက်လုံး မှိတ်ထားတယ်။ သူ အရာအားလုံးကို စိတ်ထဲကထုတ်ပြီး အနားယူနေတယ်။

သူ့နား နားက လေနွေးနွေးတွေကို မခံစားမိခင် အချိန်အထိ သူဘယ်လောက်ကြာကြာ ရေစိမ်နေမိမှန်း မသိတော့ဘူး။ သူ့ နားဘေးက လေနွေးငွေ့လဲ ခံစားမိတော့ မျက်စိဖွင့်ကာ ခေါင်းထောင်ကြည့်မိတယ်။ ကျောက်ယွင်ချီရဲ့ မျက်နှာက သူ့မျက်နှာနားလေးမှာ 😧
::ဝါး ခါး ဘယ်အချိန်ထဲက သူ့အနား ရောက်နေတာလဲ::

မကြာသေးခင်ကပဲ အပြင်မှာ သူ့ဘာသာသူ ဆေးလိမ်းနေရှာတဲ့ ကျောက်ယွင်ချီ က သူ့အနား ရောက်နေတယ်! ပြီးတော့ မျက်ဝန်းတွေကလဲ ရေအောက်ထဲမှာရှိတဲ့ ယွမ်ဆွေဖုန်း ရဲ့ခန္တာကိုယ်ကို ငေးကြောင်ကြည့်နေတယ်။ နှုတ်ခမ်းတွေက တလှုပ်လှုပ်နဲ့ အားကျနေတဲ့ မျက်ဝန်းတွေ ။
ပြီး သူ့ရဲ့ အတွေးတွေကလဲ တဖက်စွန်း ရောက်ချင်နေပြီ။

"ဘာကြည့် နေတာလဲ? 😡"

ယွမ်ဆွေဖုန်း ရှက်သွားတယ်။ သူ့ကို ဘယ်လိုကြီး ကြည့်နေတာလဲ 😕။ သူ ကျောက်ယွင်ချီ ကို အထင်သေးတယ် ဆိုပေမယ့် သူ့ကို တချိန်လုံး ကျပ်မပြည့်တဲ့ ကလေးတယောက်လို့ပဲ သတ်မှတ်ထားတာလေ။ ဒါကြောင့်မို့လဲ သူ့ကို နာဘူးတယောက်လို ကျောက်ယွင်ချီ ကြည့်လိမ့်မယ်လို့ ယွမ်ဆွေဖုန်း တခါမှ မတွေးဖူးဘူး။

သူ ရုတ်တရက် ဒေါသထွက်လွန်းလို့ ဓားကိုသွားယူပြီး ကျောက်ယွင်ချီ ကို ခုတ်ဖို့ တွေးတယ်။ ကံမကောင်းစွာပဲ ကျောက်ယွင်ချီ က သူ့နောက်ကို ပြေးလာပြီး ကိုယ်ကိုကိုင်းကာ သူ့နောက်ကျောကနေ ဖက်ထားလိုက်ပြီး သူ့တကိုယ်လုံးကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်နေတယ်။ ဒီအခြေအနေက ယွမ်ဆွေဖုန်း အတွက် နေမထိထိုင်မသာ ကိုးယို့ကားယား ဖြစ်စေတယ်။ ဒါကြောင့်ပဲ သူရေထဲက မထဖြစ်ဖူး။

"အိုး... ယိုး.... ရှောင်ယွမ်ရဲ့ ခန္တာကိုယ် ကလဲ ရှောင်ယွမ် မျက်နှာလေးလိုပဲ ဖြူဖြူဖွေးဖွေး လေးနော်။ ငါနဲ့ လုံး၀ မတူဘူး။ 🤔"

ယွမ်ဆွေဖုန်း ကို ဖက်ထားရုံကလွဲပြီး ယွမ်ဆွေဖုန်း ရဲ့အတွေးထဲက တခြားသည်းမခံနိုင်တဲ့ အပြုမှု တွေကို ကျောက်ယွင်ချီ မလုပ်ဘူး။ ကျောက်ယွင်ချီ က ခေါင်းငုံ့ပြီး သူ့ရဲ့ ဂျုံရောင်အသားအရေကို ကြည့်လိုက် ယွမ်ဆွေဖုန်းရဲ့ ဖြူဖွေးနုနှစ်နေတဲ့ အသားအရေတွေကို ကြည့်လိုက်နဲ့ နှိုင်းယှဉ်နေတယ်။
နောက်တော့ ခပ်အအ ပြုံးပြီး မျက်ဝန်း တောက်တောက်နဲ့
" ဘယ်လိုပဲပြောပြော ရှောင်ယွမ်ရဲ့ အသားဖွေးဖွေး တွေက ပိုတောင်လှသေးတယ်။ "

ယွမ်ဆွေဖုန်း ဒေါသထွက်လွန်းလို့ သွေးတောင် အန်မိတော့မယ်။ ယွမ်ဆွေဖုန်း သိုင်းပညာ သင်တာက ခက်ခဲပြီး ပင်ပန်းပေမယ့် သူက ဆေးဝါးကောင်းတွေနဲ့ပဲ ဆေးစိမ်ချိုးတော့ သူ့ရဲ့ အသားအရေတွေက ထင်မထားလောက်အောင် ဖြူဖွေးပြီး နူးညံ့လွန်းတယ်။ ဘယ်လောက်တောင် လဲဆိုရင်တော့ သူ ဓားအမြဲကိုင်ပြီး တိုက်ခိုက်နေတဲ့ လက်တွေတောင်မှ အမာရွတ် တစက်မှ မရှိဖူး။

ဒီလိုပုံစံကို သူကိုယ်တိုင်တောင် သဘောမကျဘူး။ ယောကျ်ား မပီသဘူးလို့ သူထင်တယ်။ ဒါတွေက သူ့ဆရာရဲ့ ဆေးတွေကြောင့်။ သူ့ရဲ့ ဆရာ ထျန်းရွှမ်း က သိုင်းပညာတင် ကျော်ကြားတာ မဟုတ်ဘူး။ သူ့ရဲ့ ဆေးပညာကလဲ ပြိုင်စံရှားသေးတယ်။ သာမာန်အချိန်ဆိုရင် ယွမ်ဆွေဖုန်းရဲ့ ဒီချို့ယွင်းချက်ကို ဘယ်သူမှမသိဘူး။ အခုတော့ ကျောက်ယွင်ချီ သိနေပြီ။ ယိလီတောင်မှ မသိတဲ့ သာမာန်လူများ နဲ့ မတူတဲ့ အသားအရေတွေကို လေ။

ကျောက်ယွင်ချီ ကတော့ သူ့ဇနီးလေးရဲ့ သာမာန်လူတွေနဲ့ မတူညီတဲ့ အသားအရေတွေကို လဲမြင်ရော ဘယ်ဖက်ကလှည့်ကြည့်လိုက် ညာဖက်က လှည့်ကြည့်လိုက်နဲ့ တအံ့တဩ ကြည့်မဝဘူး ဖြစ်နေတယ်။ ပြီးတော့ စိတ်မထိန်းနိုင်စွာပဲ လက်ကိုထုတ်လို့ ယွမ်ဆွေဖုန်း ကို ထိတွေ့ ပွတ်သပ် လိုက်ရင် ၇ရှိလာမယ့် ခံစားချက်ကို သိချင်စိတ်ပြင်းပျစွာ ဆွေဖုန်းရဲ့ ခန္တာကိုယ် တလျောက် ထိတွေ့ ပွတ်သပ်ဖို့ကြိုးစားနေတယ်။

"ဖျောင်း... 👋" မျက်စိရှေ့မှာတင်ပဲ သူ့ကိုထိတွေ့ဖို့ ကြိုးစားနေတဲ့ ကျပ်မပြည့်တဲ့ ကောင်လေးကို မြင်တော့ ယွမ်ဆွေဖုန်း စဉ်းတောင် မစဉ်းစားတော့ဘဲ ရိုက်ချလိုက်တယ်။ ပြီး အားနာမှု နည်းပါးစွာပဲ တွန်းချလိုက်ပြန်တယ်။ တဖက်သားက သူ့အတွက် အဝတ်အစားတွေကို ခေါင်းငုံ့ပြီး လက်နှစ်ဖက်နဲ့ လှမ်းပေးနေတာ မမြင်မိရင်တော့ သူ နောက်ထပ် အနည်းဆုံး နှစ်ချက်လောက် ချပြီးပြီ။

ယွမ်ဆွေဖုန်း က စည်းပိုင်းထဲက ထွက်ပြီး အဝတ်အစား တွေကို အလောတကြီး ဝတ်လိုက်တယ်။ စည်ပိုင်း ထဲကထွက်စဉ် ခန္တာကိုယ်ကို ရေမသုတ်မိတော့ စိုစိစိနဲ့ တမျိုး အနေ၇ခက်စေတယ်။ ဒါပေမယ့် ဒီခံစားချက်မျိုး က ကျောက်ယွင်ချီ သူ့ကိုကြည့်နေတဲ့ အကြည့်လောက်တော့ ခံ၇ မခက်စေဘူး။

ကျောက်ယွင်ချီ က ယွမ်ဆွေဖုန်း ရဲ့ အဝတ်အစားတွေက ရေနဲ့ ကိုယ်မှာကပ်နေတဲ့ ပုံစံလေး ကိုမြင်တော့ လက်ခုပ်တီးကာ တချက်ခုန်လိုက်ပြီး ခပ်ပြုံးပြုံးနဲ့
"ရှောင်ယွမ်... ရှောင်ယွမ်.... နင် ဒီလိုပုံစံနဲ့ အရမ်းလှတာပဲ။ နောက်ဆိုလဲ ဒီလို ခန ခန ရေချိုးဖို့သင့်တယ်။ ဟေး... ဟေး... 👏ဒါဆိုရင် ဒီလိုပဲ ရှောင်ယွမ် က အမြဲ လှနေ...... 😍"

စကားမဆုံးခင်မှာပဲ ကျောက်ယွင်ချီ ရဲ့ ပါးကို ယွမ်ဆွေဖုန်း ရဲ့လက်လေးက နမ်းသွားရှာတယ်။ ဆိုလိုတာက ယွမ်ဆွေဖုန်း ကျောက်ယွင်ချီ ကို ပါးရိုက်လိုက်တာ။ ယွမ်သူရဲကောင်းလေးက အတွင်းအားသုံးပြီး မရိုက်လိုက်ပေမယ့် ကျောက်ယွင်ချီ ရဲ့ မျက်ခမ်းထောင့်စွန်းမှာ ချက်ချင်းကိုပဲ အစိမ်းရောင် လွင်ပြင်လေး ဖြစ်သွားရှာတယ်။

ရေစိုနေလို့ အင်္ကျီ ကိုယ်ကပ်နေရှာတဲ့ ယွမ်ဆွေဖုန်း ကို ဘယ်လိုပဲ ကြည့်ကြည့် ကြည့်လေ ပိုသဘောကျလေ ဖြစ်နေတဲ့ ကျောက်ယွင်ချီ ကတော့ အင်္ကျီအောက်က ယွမ်ဆွေဖုန်း ရဲ့ခန္တာကိုယ်ကို ကြည့်ပြီး ခပ်အအ ပြုံးပြသေးတယ်။

ဒီ သေဖို့သင်တဲ့ ကျပ်မပြည့်တဲ့ကောင်။ သူက တကယ့်ကို အ နေတာလား???။ ဒါမှမဟုတ် အ ချင်ယောင်ဆောင်နေတာလား??? 🙄

ယွမ်ဆွေဖုန်းရဲ့ ဦးနှောက်ထဲ အထက်ပါ အတွေးတွေ ရုတ်တရက် ဝင်ရောက်လာတယ်။ ဒါပေမဲ့ သူက ကျောက်ယွင်ချီ ရဲ့ ခန္တာကိုယ် ပေါ်က ဒဏ်ရာတွေ တဖန်ကွဲထွက်လာလို့ အတွင်းသားတွေကို မြင်ရော
::ဒါ သူခုနက သူ့ကိုရိုက်လိုက်တုန်းက ထပ်ဖြစ်သွားတာလား? ::

ကျောက်ယွင်ချီ က ဆေးယူပြီး လက်မောင်နဲ့ သူ့နောက်ကျောက ဒဏ်ရာတွေကို မမှီ မကန်း ဆေးထည့်ဖို့ ကြိုးစားနေတာကို ယွမ်ဆွေဖုန်း က အေးစက်စက်နဲ့ စိတ်ပျက်စွာကြည့်နေတယ်။

ဒီ လူကောင်ကြီးကြီးနဲ့ ကောင်လေးကိုကြည့်ရင်း သူတွေးတယ်။ တကယ့်ကို အ လိုက်တာမှ ဝက်ဦးနှောက်လိုပဲ ။ ကြည့်လိုက်တိုင်း သနားကမားလေးနဲ့ ရုပ်နဲ့ကို မလိုက်ဘူး။ ကျောက်ယွင်ချီ ရဲ့ ခန္တာကိုယ်က ဒဏ်ရာ တွေကွဲထွက်လို့ လတ်ဆတ်တဲ့ သွေးတွေ က စိမ့်ထွက် လာပြန်တယ်။ ပြီးတော့ ကျောက်ယိလီ ရဲ့ နောကဆုံး အမှာစကားလေးလဲ တွေးမိပြန်တော့ ယွမ်ဆွေဖုန်း သက်ပြင်းတစ်ချက် မုတ်ထုတ်လိုက်တယ်။

သူက ကျောက်ယွင်ချီ ရဲ့ လက်ထဲက ဆေးကို လုယူပြီး ကျောက်ယွင်ချီ ကိုလဲ ကုတင်ပေါ် မှောက်ယက် လဲနေဖို့ အမိန့်ပေးလိုက်သေးတယ်။ သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေနဲ့ ဆေးကို ကော်ယူလိုက်ပြီး မသတီသလိုနဲ့ ကျောက်ယွင်ချီ ရဲ့ ကျောကဒဏ်ရာတွေကို မထိခလုတ် ထိခလုတ်နဲ့ ဆေးလိမ်း ပေးလိုက်တယ်။

ယွမ်ဆွေဖုန်း ဒီအသက် ဒီအရွယ်အထိ သူတပါးကို ပြုစုဖူးတာ မရှိဘူး။ ပြုလဲ မပြုစုဖူးဘူး။ သူများကို ဒီလို ဆေးလိမ်းပေးဖို့ဆို သာ ဝေးရော။ ဒါ သူရဲ့ ပထမဦးဆုံး သူတပါးကို ဆေးလိမ်းပေးတာမို့ ယွင်ချီကို အစမ်းသဘောမျိုး သတ်မှတ်ထားလိုက်တယ်။

ဒါကြောင့်ပဲ သူဆေးလိမ်းတာက တခါခါ ကြမ်းသွားလိုက် တခါခါ နူးညံ့လိုက်နဲ့။ သူ တဖြည်းဖြည်းချင်း ကျောက်ယွင်ချီ ရဲ့ ဒဏ်ရာ တွေကို ခပ်သွက်သွက်တိုက်ရင်း ဆေးလိမ်းပေးနေတယ်။ တချက်ချက် ကြမ်းသွားမိရင်တော့ ကျောက်ယွင်ချီ ရဲ့ နှုတ်က ညည်းသံတချို့ ထွက်ကျ လာတတ်တယ်။

ကြာတော့ ယွမ်ဆွေဖုန်း စိတ်ထဲမှာ သံသယ နည်းနည်း ဝင်လာတော့ ဆေးကို ဆက်မလိမ်းပဲ ရပ်တန့်လိုက်တယ်။ သူက အောက်မှာ မှောက်နေတဲ့ လူကောင်ကြီးကြီး ကိုကြည့်ပြီး မျက်နှာ က တဖြည်းဖြည်း မဲလာတယ်။

ကျောက်ယွင်ချီ ဦးနှောက် ကကျပ်မပြည့်ပေမယ့် ခန္တာကိုယ်ကတော့ အရွယ်ရောက်ပြီး ယောကျ်ားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သန်စွမ်းမှုတွေ ရှိတယ်။ ပြီးတော့ အဲ့ဒီ လူက ယွမ်ဆွေဖုန်း ကို အစောကြီး ကတည်းက စွဲလန်းနေတဲ့ လူတယောက်။

"ရှောင်ယွမ်... ရှောင်ယွမ်... နင့်ရဲ့ လက်တွေနဲ့ ငါ့ကို ထိတွေ့တာ အရမ်းနေလို့ကောင်းတာပဲ။ ခံစားမှုက တိမ်တွေစီနေ၇တဲ့ အတိုင်းပဲ။ ဟေး... ဟေး... အင်း ငါကိုနောက်ထပ် ပွတ်သပ် ပေးပါဦး။"

ကျောက်ယွင်ချီ ကုတင်ပေါ်မှာ မှောက်နေရင်း မျက်ဝန်းတွေက မပွင့်တပွင့်နဲ့ ခပ်သောသောရယ်ကာ ယွမ်ဆွေဖုန်း ရဲ့လက်တွေကို ဆွဲရင်းပြောတယ်။ သူ့ရဲ့ အောက်က ခန့်ညားထင်ရှားတဲ့ အပိုင်းကို လှုပ်ရွပြီးပေါ့ ။ (သဘောက ခါးနဲ့ဖင်ကို လိမ်တွန့်ရင်း ကလေးတယောက်လို ဂျစ်ကျတာ)

သူထင်တာက ယွမ်ဆွေဖုန်း သူ့ကို ထိလိုက်တဲ့ နေရာတိုင်းက သူ့အတွက် ကြွပ်ကြွပ်ရွရွလေး နဲ့ နေလို့အရမ်း ကောင်းစေတယ်။ ပြီးတော့ အနာတွေက ယွမ်ဆွေဖုန်း မထိပေးရင် သူ့အတွက် ချက်ချင်းလိုပဲ အရမ်းနာလာပြီး နေ၇ခက်စေတယ်။ ဒါကြောင့်ပဲ သူက ယွမ်ဆွေဖုန်း ရဲ့ နတ်လက်လေးနဲ့ သူ့အနာကို ဆေးထပ်လိမ်းပေးပြီး သူနေလို့ကောင်းအောင် ထပ်လုပ်ပေးစေချင်နေတယ်။

"ဖုန်း... 👣"

"အ.. "

ဒီတခါတော့ ယွမ်ဆွေဖုန်း လုံးဝမတွေဝေ၊ စိတ်မပျော့တောဘဲ ကုတင်ပေါ်မှာ မှောက်ယက်လေး လှဲနေရှာတဲ့ ကျောက်ယွင်ချီ ကို ကန်ချပစ်လိုက်တယ်။

ကျောက်ယွင်ချီ ကတော့ ငြီးတွားပြီး

ထ မလာ နိုင်ရှာတော့ဘူး။

"အား ယိုး.... ယိုး..... 🤕"

**********

💖雨for雨💖
生日快乐哦
亲爱的 雨
4132
死要生爱
💍💋💋💍💋💋💍
💋💋💋💋💋💋💋
💋💋💋💋💋💋💋
💍💋💋💋💋💋💍
💍💍💋💋💋💍💍
💍💍💍💋💍💍💍
👑👑👑👑👑👑👑
👑👑👑👑👑👑👑

🐹20。8🐹

😝😝😝😝😝😝

Seguir leyendo

También te gustarán

15.9K 1.1K 24
අශේන්❤️සහස් ( side cpoule ) " උබට වෙන එකෙක් හිටියේම නැද්ද පුතේ අගමැතිගේ පුතා එක්කම යාළු උනේ? " " මන් කලේ ආදරේ අම්මේ!! " " හොදින් හරි නරකින් හරි උබ අය...
20.4K 1.6K 22
18 + තමන්ගෙ හොදම යාළුවා එක්ක ආදරෙන් බැදුනොත් one bed no rules just us
70.5K 773 10
. «ថ្ងៃនេះសប្បាយចិត្តណាស់ណ៎ ដែលបានដៀលខ្ញុំពេញមួយថ្ងៃនេះ!» «គ្រាន់តែខ្ញុំញញឹមក៏មិនបានដែរឬ? ឬចង់ឲ្យខ្ញុំធ្វើមុខដូចគេបាញ់ចោល ដូចលោកមែនទេទើបសមចិត្...
159K 15.7K 58
ඒ ඇස් මගෙ වගේම තද කළුයි.ගැඹුරුයි.මාව කාන්දමක් වගේ ඇද ගන්නවා.මට මගෙ ඇස් ඒ ඇස් වලින් එහාට ගන්න බැරි වුනා.මං හිතන්නෙ එයත් එක දිගට මගෙ ඇස් දිහා අමුතු හැග...
Wattpad App - Desbloquea funciones exclusivas