ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ Suvarnabhumi Airp။
Mandarin Oriental, Bangkok Hotelစီသို့ခြေဦးတည့်လိုက်သည်...။
ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်တာမလို့ အတော်လေးစိတ်ဝင်စားနေသည်..။
မာတင်က ဓာတ်ပုံဆရာတစ်ယောက်ပါ ဒီတစ်ခေါက်ရွေးချယ်တဲ့နိုင်ငံက ထိုင်းနိုင်ငံကိုပင် အကြောင်းကတော့ ရိုးရာဓလေ့နဲ့ကို ဦးစားပေးမှတ်တမ်းတင်ချင်တာကြောင့် ရွေးချယ်လိုက်ရခြင်းပင်..။
ပုံမှန်မဟုတ်တဲ့ထိုင်းနိုင်ငံရဲ့ရာသီဥတုက ဒီနေ့မှာလည်း မိုးရွာနေပြန်သည်..။
တဖွဲဖွဲရွာသွန်းနေတဲ့ မိုးရေစက်တွေကြားထဲမှာ ဘန်ကောက်မြို့ရဲ့ လမ်းမတွေက ပုံမှန်ထက် ပိုပြီးတော့ ရှုပ်ထွေးလို့နေ..။
ကနေဒါနိုင်ငံရဲ့ အေးစိမ့်လှတဲ့ ဆောင်းရာသီ ရာသီဥတုနဲ့ ရိုးအီနေခဲ့တဲ့ မာတင် အတွက်တော့ ဒီလို ပူအိုက်စိုစွတ်လှတဲ့ ထိုင်းနိုင်ငံရဲ့ မိုးရာသီက အသားမကျသေးတဲ့ စိန်ခေါ်မှုအသစ်တစ်ခုလိုပါပဲ။
ကနေဒါသားပီပီ အရပ်အမောင်း မြင့်မားကျန်းမာပြီး အချိုးအစားကျတဲ့ ခန္ဓာကိုယ်၊ စူးရှပေမယ့် ညို့ဓာတ်ပြင်းတဲ့ မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားတဲ့ မာတင်ဟာ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး Research လုပ်ဖို့အတွက် ဘန်ကောက်မြို့ကို ခေတ္တရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုးကလည်း တော်တော်နဲ့ စဲမယ့်ပုံမပေါ်တာကြောင့် မာတင်တစ်ယောက် လမ်းဘေးက ဆွဲဆောင်မှုရှိပြီး အေးအေးလူလူရှိမယ့် ကော်ဖီဆိုင်လေးတစ်ဆိုင်ထဲကို အမြန်ပဲ တိုးဝင်လိုက်ရတော့တယ်။ ဆိုင်ထဲကို ခြေချလိုက်တာနဲ့ သင်းပျံ့လာတဲ့ ကော်ဖီစေ့လှော်နံ့သင်းသင်းလေးက မာတင်ရဲ့ မိုးရေထဲမှာ မောပန်းလာတဲ့ စိတ်အာရုံကို ချက်ချင်းပဲ လန်းဆန်းသွားစေခဲ့ပါတယ်။
"Welcome ဘာမှာယူမလဲခင်ဗျာ..."
ပျာယာခတ်နေတဲ့ ကော်ဖီဆိုင်လေးရဲ့ ကောင်တာနောက်ကနေ ထွက်ပေါ်လာတဲ့ လန်းဆန်းတက်ကြွပြီး နူးညံ့လှတဲ့ အသံလေးကြောင့် မာတင်ရဲ့ အကြည့်တွေက ကောင်တာဆီကို အလိုအလျောက် ရောက်ရှိသွားခဲ့ပါတယ်။ ကောင်တာနောက်မှာ ရပ်နေတာကတော့ ဆိုင်အင်္ကျီ အေပရွန်လေးကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ ရွှေအိုရောင်ဆံပင်နဲ့ကောင်လေးတစ်ယောက်ထွက်လာတယ်..၊ ထိုလူကတော့ James သာ...။
ဂျိမ်းက မာတင်နဲ့ ယှဉ်လိုက်ရင် သိသိသာသာကို လူကောင်သေးငယ်ပြီး ပုခုံးကျဉ်းကျဉ်းလေးနဲ့ မြင်ရသူကို အလိုလိုနေရင်း ထည့်ပြီး ကာကွယ်စောင့်ရှောက်ပေးချင်စိတ် ပေါက်လာစေလောက်အောင် ဖြူစင်တဲ့ အငွေ့အသက်တွေ ရှိနေတဲ့ကောင်လေးပါ။
အထူးသဖြင့် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မာတင်ကို မော့ကြည့်ပြီး ပြုံးပြလိုက်တဲ့ နှုတ်ခမ်းဖူးဖူးလေးက မာတင်ရဲ့ ရင်ဘတ်ထဲကို လှိုင်းလုံးတစ်ခုလို အပြင်းအထန် လာရောက်ရိုက်ခတ်သွားသလို ခံစားလိုက်ရတယ်။ ကနေဒါမှာတုန်းက ဘယ်သူ့ကိုမှ စိတ်မဝင်စားဘဲ အေးဆေးပဲ နေခဲ့တဲ့ မာတင်တစ်ယောက် ဒီကောင်လေးရဲ့ အပြုံးလေးတစ်ခုတည်းနဲ့တင် ရင်ဘတ်ထဲမှာ ဗြောင်းဆန်သွားရတာ ကမ္ဘာ့အဆန်းကြယ်ဆုံး ဖြစ်ရပ်တစ်ခုလိုပါပဲ။
တွေ့တွေ့ချင်းအချစ်ကို ခုမှ မာတင်နားလည်လိုက်သည် ခုမှမြင်ဖူးတဲ့သူက သူ့ကို ဒီလောက်ဆွဲဆောင်တာကို ငေးမောနေမိရင်း တစ်ဖက်လူမေးတာကို မကြားမိတော့ပေ..။
"အမ်း ဘာလေးများ သုံးဆောင်မလဲခင်ဗျာ..၊"
"အာ... Ice Americano တစ်ခွက်ပေးပါ"
မာတင်က ချက်ချင်းသတိဝင်ကာ အလျင်အမြန်ပင် အင်္ဂလိပ်လိုပဲ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ရသည်..။
ဂျိမ်းရဲ့ မျက်နှာလေးကနေ အကြည့်မလွှဲနိုင်အောင် ဖြစ်နေရပါတယ်။ ဂျိမ်းကလည်း မာတင်ရဲ့ နိုင်ငံခြားသားဆန်တဲ့ ရုပ်ရည်နဲ့ အရပ်အမောင်းကို မော့ကြည့်ရင်း ခဏလောက် ငေးသွားမိပေမယ့် ချက်ချင်းပဲ သတိဝင်လာပြီး ပါးချိုင့်လေးတွေ ပေါ်အောင် ပြန်ပြုံးပြလိုက်တယ်။
"ဟုတ်ကဲ့ပါခင်ဗျာ၊ ခဏလေး စောင့်ပေးပါနော်"
လို့ အင်္ဂလိပ်လို ပြန်ပြောတဲ့ ဂျိမ်းရဲ့ အသံလေးက မာတင်အတွက်တော့ ပိတိတစ်ခုထပ်တိုးသလိုထိဖြစ်သွားခဲ့ရသည်အထိ..။
ဂျိမ်းက ကော်ဖီဖျော်နေရင်းနဲ့လည်း တစ်ချက်တစ်ချက် သူ့ကို ခိုးခိုးကြည့်နေတဲ့ မာတင်ရဲ့ အကြည့်တွေကို သတိထားမိတာကြောင့် ပါးပြင်လေးတွေဟာ ပန်းရောင်သန်းပြီး ရှက်သွေးဖြာလို့ နေပါသည်..။
လူကောင်သေးသေးလေးနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ဂျိမ်းရဲ့ ပုံစံလေးက မာတင်ရဲ့မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်မှာ အချစ်ရဆုံး သတ္တဝါလေးတစ်ခုလို အလွန်ပဲ ချစ်စရာ ကောင်းနေခဲ့တာပေါ့။
"ရပါပြီခင်ဗျာ... ခါးခါးလေးနဲ့ အမောပြေစေမယ့် Americano လေးပါ"
အပြောလည်းကောင်းတဲ့ ထိုင်းကောင်လေးကို မာတင်တစ်ကယ်ပင် အသဲယားလာသည်...။
ဂျိမ်းက ကော်ဖီခွက်လေးကို လှမ်းပေးရင်းနဲ့ လက်ချောင်းချင်း အသာအယာ ထိမိသွားတဲ့အခါ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ လျှပ်စစ်စီးသွားသလို ကတုန်ကရင် ဖြစ်သွားကြရတယ်။ မာတင်က ကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း
"ကျေးဇူးပါပဲ... မင်းရဲ့ အပြုံးက ကော်ဖီထက်တောင် ပိုပြီး စိတ်ကို လန်းဆန်းစေတယ် သိလား"
လို့ ခပ်ပြုံးပြုံးလေးနဲ့ ရိုးရိုးသားသားပဲ ချီးကျူးစကား ဆိုလိုက်ပါတယ်။ အဲဒီလိုလည်း ပြောလိုက်ရော ဂျိမ်းတစ်ယောက် မျက်နှာလေးတင်မကဘဲ နားရွက်ဖျားလေးတွေအထိ ရဲတက်သွားပြီး မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ဘာပြန်ပြောရမှန်းမသိအောင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာတော့သည်..။
ဒီလိုနဲ့ မာတင်က ဆိုင်ရဲ့ ပြတင်းပေါက်ဘေးက ခုံလေးမှာ ထိုင်ရင်း မိုးရွာတာကို ငေးကြည့်ရမယ့်အစား ကောင်တာနောက်က ဂျိမ်းရဲ့ လှုပ်ရှားမှုတိုင်းကိုပဲ အသည်းယားစရာ အပြည့်နဲ့ ထိုင်ငေးကြည့်နေခဲ့မိပါတော့တယ်။
မိုးကလည်း တော်တော်နဲ့ မစဲဘဲ ညနေစောင်းအထိ သည်းသည်းမည်းမည်း ရွာနေတာကြောင့် ကော်ဖီဆိုင်လေး ပိတ်ရမယ့် အချိန်ကို ရောက်လာခဲ့တော့ဆိုင်ထဲမှာ မာတင်တစ်ယောက်ပဲ ကျန်ရှိနေတော့တာမို့ ဂျိမ်းက ဆိုင်ပိတ်ဖို့အတွက် သိမ်းဆည်းမှုတွေ စလုပ်နေတုန်း..။
မာတင်က အလိုက်သိစွာပဲ ခုံပေါ်ကထပြီး
"ငါ ကူညီပေးမယ်လေ"
လို့ ပြောရင်း ဂျိမ်းရဲ့ လက်ထဲက ပန်းကန်ပြားအချို့ကို လှမ်းယူပေးလိုက်ပါတယ်။
"အာ... အားနာစရာကြီး ဧည့်သည်ကို မခိုင်းရပါဘူး"
လို့ ဂျိမ်းက လက်ကာပြပြီး ငြင်းပေမယ့်လည်း မာတင်ကတော့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးနဲ့ ဂျိမ်းရဲ့ အနီးနားကို တိုးကပ်လာပြီး ကူညီပေးဖို့ အတင်းပဲ ဆုံးဖြတ်ထားပုံရပါတယ်။ အနီးကပ် မြင်တွေ့လိုက်ရတဲ့ မာတင်ရဲ့ ယောက်ျားပီသပြီး ချောမောလွန်းတဲ့ မျက်နှာအဆန်းတရယ်ကြောင့် ဂျိမ်းရဲ့ ရင်ခုန်သံတွေက အထိန်းအကွပ်မဲ့စွာ ကျယ်လောင်လာခဲ့ရပြီး၊ ဒီအနှောင်အဖွဲ့မရှိတဲ့ ကနေဒါသားကြီးက သူ့ရဲ့ နှလုံးသားတံခါးကို လာရောက်ပုတ်ခတ်နေပြီဆိုတာ ဂျိမ်းတစ်ယောက် ကောင်းကောင်းကြီး ရိပ်မိလိုက်ပါတော့တယ်။
_______🫧
ep 1 မှာတည်းက ကနေဒါသားတို့လက်သွက်နေသလို ထိုင်းကအသေးလေးကလည်း မြန်"ဆန်"ပါဘဲ
//ချို"လေးဘဲရေးမှာမလို့ အကြိုက်မတွေ့ရင်ကြိုပြီးဘဲတောင်းပန်ပါတယ်ရှင့်💖
[ဓာတ်ပုံဆရာလေးမာတင်လည်း တွေ့"ချင်းအချစ်တွေဖြစ်နေပြီ]
june 22.2026.
9:5