" Santa .... Santa ရေ !!!!! "
အလောတကြီးနဲ့ အကိုကဘာလို့ပြေးလာတာလဲ
အလန့်တကြားရှိလိုက်တာ
" ဘာဖြစ်လာတာလဲ အကို ..... "
" ဟို .... ဟို ..... "
ပြေးလာလွန်းလို့မောပြီး စကားကဆက်မပြောနိုင်
တော့ဘူး
" ဘာဖြစ်တာလဲ .... "
" မင်း ... မင်း အရွေးခံလိုက်ရပြီ "
" ဟင် ... ဘာကိုလဲ "
" အရွေးခံလိုက်ရတယ်လို့ Casting .... "
လန့်သွားလို့ မျက်လုံးတွေတောင်ပြူးထွက်လာမိတယ်
" အကို ဘာပြောလိုက်တာလဲ ... တကယ်ဟုတ်လို့လား .... "
" တကယ်ပေါ့ .... အခုပဲအကို့ဆီကိုဖုန်းဝင်လာ
တာ ... "
ကိုကသာ ပျော်လွန်းလို့ခုန်ပေါက်မတတ်ဖြစ်နေပေမယ့် .... Santa မျက်နှာက ပျော်နေပုံမပေါက်ဘူး
" Santa ... ဘာဖြစ်လို့လဲ ... မင်းမပျော်ဘူးလား
ငါတောင်ဒီလောက်ပျော်နေတာကို .... "
" P Fei ရုံးခန်းမှာရှိလား .... "
" CEO ကိုဘာလို့လဲ .... "
" ရှိလား .... "
" အင်း ... ခုနကထိတော့ "
မပြောမဆိုနဲ့ ဘယ်ကိုထွက်သွားပြန်တာလဲ
ဘာဖြစ်ရတာလဲ .... အခြေအနေကအရမ်းကောင်းနေ
တာကို သူဘာဖြစ်ရတာလဲ
" CEO ... Khon Santa ကအရေးကြီးကိစ္စနဲ့တွေ့
ရမယ်လို့ ပြောနေတယ် .... "
" ဝင်လာခိုင်းလိုက်လေ .... "
" ဟုတ်ကဲ့ .... "
အတွင်းရေးမှူးလေးထွက်သွားပြီးတာနဲ့ Santa ကအ
လောတကြီး အခန်းထဲဝင်လာခဲ့တယ်
" ဂုဏ်ပြုပါတယ် ... သတင်းကြားတယ် "
Santa ကိုမော့တောင်မကြည့်ပဲ သူ့လက်ပ်တော့တစ်လုံးနဲ့ပဲ အလုပ်ရှုပ်နေရင်း အေးစက်စက်ပဲပြောလိုက်
တယ်
" ဘာလို့ ကျွန်တော်ကအရွေးခံရတာလဲ ... "
အဲ့တော့မှ သူမက Santa ကိုလှမ်းကြည့်လိုက်တယ်
" ဘာလို့ဆိုတာကို ငါ့ကိုမေးခွန်းထုတ်နေတာလား
လူရွေးပွဲအကဲဖြတ်က ငါမဟုတ်ဘူးလေ "
" P Perth ကရွေးချယ်ခံရသင့်တဲ့သူ .... ဒါပေမယ့် ဘာလို့ကျွန်တော်လဲ "
" Santa .. ငါနားမလည်နိုင်တော့ဘူး
မင်းအရမ်းပါဝင်ချင်တဲ့ရုပ်ရှင်ကို ပါလိုက်ရတာကို ...
အခု ဘာလို့မကျေမနပ်ဖြစ်နေရပြန်တာလဲ
Perth ကိုအနိုင်ယူဖို့ ဒါကိုဝင်ပြိုင်ခဲ့တာမဟုတ်ဘူးလား ... "
ငါက P Perth ကိုအနိုင်ယူချင်တာတဲ့လား ....
ငါက တစ်ခါမှအဲ့စိတ်မရှိခဲ့ဘူး
" P Fei မှားနေပြီ .... ကျွန်တော့်အတွက် P Perth
ကရန်သူမဟုတ်ဘူး .... ဒီတိုင်း ... ဒီတိုင်း ကျွန်တော်
က ... P Perth ရဲ့အရိပ်အောက်လွတ်မြောက်ချင်ရုံလေးပါ .... ဒါပေမယ့် အခုကထူးဆန်းနေတယ်
P Perth ရသင့်တဲ့နေရာကို .... ကျွန်တော်အလွယ်လေး
ရလိုက်တာ ထူးဆန်းတယ် "
" မဟုတ်မှလွဲရော ... ငါကမင်းပါဝင်နိုင်အောင်
လုပ်ထားတယ်ထင်နေတာလား .... ငါကဘာလို့လုပ်ရမှာလဲ ... ဒီနေရာကို အစထဲက Perth ကိုပေးချင်ခဲ့တာ မသိဘူးလား ....
ဒါကကလေးကစားနေတာမဟုတ်ဘူး .... ငါကစီးပွါး
ရေးလုပ်နေတာ .... မင်းတို့ရန်ပွဲကြားမှာငါမနေဘူး
ကျေနပ်ပြီလား .... ထွက်သွားလို့ရပြီ "
Santa ကထွက်သွားဖို့ပဲ တံခါးဝကိုဦးတည်လိုက်တယ်
" ရိုက်ကူးရေးက .... ၆ လလောက်ကြာနိုင်တယ်
ပြောတယ် ... လိုအပ်တာအကုန် မန်နေဂျာလုပ်ပေး
လိမ့်မယ် .... "
Santa လဲခါးကိုကိုင်းပြီး အရိုအသေပေးပြီးပဲထွက်လာခဲ့တယ်
အဝတ်အစားတွေထည့်နေရင်း မန်နေဂျာကမှိုင်တွေနေတဲ့ Santa ကိုပဲလှမ်းလှမ်းကြည့်နေခဲ့တယ်
" Santa .... တခြားဘာလိုအပ်သေးလဲ ....
၆ လလောက်ကြာမှာဆိုတော့ ... "
" အကိုပဲအဆင်ပြေသလိုလုပ်လိုက်ပါ .... "
အားအင်ချိနဲ့နေတဲ့ Santa ရဲ့အသံကြောင့် အနားကိုသွားလိုက်မိတယ်
" Santa .... မင်း ... ငိုနေတာလား "
" မဟုတ်ပါဘူး "
အခုလေးတင်မျက်ရည်သုတ်လိုက်တာကို လိမ်နေတာပဲ
" Santa .... အကိုကမင်းဒီလောကထဲကိုစဝင်ထဲက မင်းကိုကြည့်လာတဲ့သူပါ .... မင်း တစ်ခုခုရင်ဖွင့်
ချင်ရင် ရပါတယ် .... အကိုကနားထောင်ပေးမှာပေါ့ ...
Perth ကိုသတိရလို့လား.... "
ဘေးကနှစ်သိမ့်ပေးတဲ့သူကြောင့် မျက်ရည်တွေကထပ်ပြီးစီးကျလာခဲ့တယ်
" သတိရရင် တွေ့လို့ရတာပဲလေ .... လွမ်းရင်
လွမ်းကြောင်း ပြောလို့ရတာပဲလေ .... "
Santa ကငိုရင်းပဲ ခေါင်းကိုဆက်တိုက်ခါလိုက်တယ်
" ကျွန်တော့်ကြောင့် .... P Perth က အများကြီး
ပင်ပန်းခဲ့ရပြီးပြီ .... အသေးအမွှားလေးကအစ ....
သူကအဆင်ပြေအောင်လုပ်ပေးပေမယ့် .... ကျွန်တော်
ကကောင်းကောင်းအသက်ရှူလို့မရဘူး အက်ို "
" အဲ့ဒါက .... သူကမင်းကိုအရမ်းချစ်လို့ပါ "
" ကျွန်တော်လဲချစ်ပါတယ် ... ဒါပေမယ့် ....
ဒါရိုက်တာကြီးကိစ္စကြောင့် အခုထိ သတင်းတွေက ...
မတည်ငြိမ်သေးဘူး .... ကျွန်တော်ကြောင့် ....
ကျွန်တော့်ကြောင့် .... သူအဲ့လိုဖြစ်ရတာ "
" အခု ... မင်း လွတ်လပ်သွားပြီ .... ဒီစီးရီးပေါက်ရင်ပိုနာမည်ရလာမှာ ... ဒါပေမယ့် အဲ့ဒါကပျော်ရွှင်
မှူအစစ်ဟုတ်ရဲ့လား Santa "
" ကျွန်တော်စိတ်ထဲအရမ်းထင့်နေတဲ့အရာတစ်ခုရှိတယ် .... P Perth ကဘာလို့အရွေးမခံရတာလဲ "
" Santa .... ဒါကလူအများရွေးချယ်တာလေ
မင်းကပိုလိုက်ဖက်နေတာလဲ ဖြစ်နိုင်တယ်လေ ....
ဘာလို့အဲ့လောက်ထိတွေးနေတာလဲ "
" ဒါပေမယ့် .... "
" အဲ့ဒါတွေထားလိုက် .... အခု ... မနက်ဖြန်ဆိုရင်မင်းသွားရတော့မယ် .... Perth နဲ့မတွေ့ဘူးလား
မတွေ့ပဲ တကယ်သွားမှာလား .... "
Santa ကသွေးအေးအေးပဲခေါင်းခါလိုက်တယ်
" တွေ့ဖြစ်ခဲ့ရင် ... လွှတ်ပေးနိုင်မှာမဟုတ်လောက်ဘူး .... အဲ့အစား မတွေ့တာကမှ ဒဏ်ရာတွေ
ကိုကုသနိုင်ပါသေးတယ် "
အဲ့လိုသာပြောခဲ့ပေမယ့် လေဆိပ်ရောက်တာနဲ့ P Perth များရောက်လာမလားလို့ လိုက်ရှာမိသေးတယ်
အကြည့်တွေကို ပတ်ဝန်းကျင်ဆီကနေမခွါနိုင်ဘူး
အစောကြီးရောက်နေပြီး အချိန်အကြာကြီးလိုက်ရှာခဲ့မိပါတယ်
ဒါပေမယိ့ သူ့ရဲ့အရိပ်အယောင်ကိုတော့မတွေ့ခဲ့ရဘူး
" Santa ... သွားရအောင် "
အနောက်ကိုပဲလှည့်ကြည့်နေရင်းနဲ့ .... နှုတ်ဆက်ခဲ့မိ
တယ်
{ ကောင်းကောင်းရှင်သန်ပါ ... P Perth }
" မင်္ဂလာပါ Perth .... "
" မင်္ဂလာပါ .... အမ "
တီဗီလိုင်းကနေပြနေတဲ့ အင်တာဗျူးအစီစဉ်မှာ ဒီနေ့
အတွကိဧည့်သည်က Perth ပဲ ...
" မတွေ့တာကြာပြီ Perth .... ဒီနေ့ပရိတ်သတ်
တွေမေးတဲ့ မေးခွန်းထဲကရွေးချယ်ထားပြီး ဖြေပေးရမှာပါ .... "
" ဟုတ်ကဲ့ .... "
" Perth ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုလေး "
" ကျွန်တော်စီးရီးအသစ်ရိုက်ကူးနေပါတယ် ....
ကြေငြာတစ်ချို့နဲ့ ... Runway ပွဲတစ်ချို့လဲရှိပါတယ်"
" ဟုတ်ကဲ့ .... Santa လဲနိုင်ငံခြားမှာရိုက်ကူးရေး
စနေပြီလို့ ကြားထားတယ် .... Santa နဲ့ရောအဆက်
သွယ်ရှိကြလားဆိုတာ အရမ်းသိချင်နေကြပါတယ် "
" ညီလေးနဲ့ အဆက်သွယ်အမြဲရှိပါတယ် ....
ကျွန်တော်တို့က ပါတနာတွေဆိုပေမယ့် .... တစ်ယောက်နဲ့တစ်ယောက်က အရမ်းခင်ကြပါတယ် "
နားနေခန်းထဲရောက်တာနဲ့ သက်ပြင်းချပြီးပဲဆိုဖာပေါ်
မှီရင်း မျက်လုံးသာစုံမှိတ်ထားလိုက်တော့တယ်
" Perth .... ဟိုလေ "
" အမ ဘယိလိုအစီစဉ်ကိုလက်ခံလိုက်တာလဲ...
ဘာလို့ Santa အကြောင်းတွေထည့်မေးတာလဲ ....
ဇာတ်ညွှန်းထဲမှာ မပါနေဘူးလေ !!!!! "
Perth ဒေါသထွက်ပြီးအော်လိုက်တာ လန့်တောင်လန့်
တယ်
" အမလဲမေးလိုက်တော့မှ သိရတာ .... အစက
မပါဘူး .... စိတ်မပူနဲ့ ... အမရှင်းလိုက်မယ် "
" ထားလိုက်တော့ ... နောက်ကျရင်အင်တာဗျူး
အစီစဉ်တွေလက်မခံပါနဲ့ .... ကျွန်တော်မကြိုက်ဘူး "
" ဒါနဲ့ .... Santa နဲ့အဆက်သွယ်မရဘူးလား
ထွက်သွားတာ ၃ လကြာပြီမလား .... "
" ကျွန်တော်တို့မှာ ပြောစရာစကားမှမရှိတော့တာ
ဘာလို့ဆက်သွယ်နေတော့မှာလဲ ... ဒါပြီးရင် ဘာလုပ်စရာရှိသေးလဲ ...မရှိရင် ကျွန်တော်ပြန်နားတော့မယ်"
အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာထဲကဘီယာဘူးကို
ချက်ချင်းဖွင့်သောက်လိုက်မိတယ်
မူးနေမှ ... ကောင်းကောင်းအိပ်ပျော်နိုင်မှာလေ
၃ ဘူးလောက်သောက်ပြီးတာနဲ့ အိပ်ရာပေါ်ချက်ချင်းလှဲချလိုက်ပြီး .... ဖုန်းထဲက Santa ရဲ့ဓာတ်ပုံတွေကိုတစ်ပုံချင်း ကုန်သွားတဲ့ထိ ကြည့်နေမိတယ်
ဘယ်လောက်ကြာကြာကြည့်ရလဲဆိုရင် ... ဓာတ်ပုံတွေကများလွန်းလို့ မကုန်နိုင်ဘူးပဲ
" သတိ ... ရနေတာပါ "
သူ့ပုံလေးပါနေတဲ့ဖုန်းကို ရင်ဘတ်ထဲထည့်ပိုက်ထားရင်း ... မျက်ရည်တစ်စက်စီးကျရင်း အိပ်မောကျသွားမိ
တယ်
စာရွက်စာတမ်းကိုတွေ့ပြီး Santa ကအံ့ဩနေမိတယ်
" စာချုပ်လား .... "
" အင်း ... မင်းလိုတော်တဲ့သူကိုငါတို့ Entertainment ကမြေတောင်မြှောက်ပေးချင်တာလေ
အနုပညာကြေးလဲပိုထည့်ပေးထားတယ် .... ဒီတိုင်း
Fei ကိုစွန့်ပြစ်ပြီး ... DM Media ကိုစွန့်ပြစ်ပြီး
ငါတို့နဲ့ အလုပ်တွဲလုပ်ကြရအောင် .... "
Mishell ကစာချုပ်အသစ်ကိုကမ်းလှမ်းလာပေမယ့်
ငါက P Fei ကိုစွန့်လွှတ်ရမယ်တဲ့လား
ဒါကို ဘယ်လိုဆုံးဖြတ်ရမလဲ
P Fei အခန်းထဲကိုလက်ထောက်ကောင်မလေးက ဝင်လာခဲ့တယ်
" CEO ..... ဒါကနောက်ဆုံးအဆင့်ကိုအောင်မြင်ထားတဲ့ Actor အသစ်ပါ .... "
" အင်း .... ပါတနာလဲရှိပြီးသားဆိုတော့ စီးရီး
ကောင်းကောင်းလေး ရွေးချယ်သင့်ပြီထင်တယ် "
" CEO .... အဲ့ဒါကလေ ... Love You Teacher
ဆိုတဲ့ဇာတ်လမ်းကို မရိုက်ကူးသေးဘူးလားလို့ စာရေး
ဆရာမကမေးနေပါတယ် ... ဝယိထားတာလဲကြာပြီဆို
တော့ ... အဲ့ဒါကိုသုံးရမယ်ထင်ပါတယ် "
အဲ့ဇာတ်လမ်းက Perth နဲ့ Santa အတွက်သေချာရွေး
ချယ်ထားတဲ့ဇာတ်လမ်းပဲ
ဒါကြောင့် အများကြီးတွေဝေနေမိတယ်
" ဘယ်လိုလုပ်လိုက်ရမလဲ ..... CEO "
" အင်း ... သုံးသင့်တဲ့အချိန်ရောက်တော့လဲ သုံး
တာပေါ့ "
ဝုန်း ... ကျယ်ကျယ်လောင်လောင်တံခါးဖွင့်သံကြောင့်
အခန်းထဲက နှစ်ယောက်လုံးတောင်လန့်သွားမိတယ်
" Perth ..... "
" အဲ့လိုမလုပ်ပါနဲ့ အမ .... "
Perth ရဲ့မလေးမစားဆက်ဆံပုံကို လက်အောက်ငယ်
သားတွေကိုမတွေ့စေချင်ဘူး
" အပြင်မှာစောင့်နေလိုက် .... ငါတို့စကားပြော
လိုက်ဦးမယ် "
" ဟုတ်ကဲ့ CEO ..... "
" မင်း.... ငါ့ကိုအရုပ်များမှတ်နေလား
CEO အခန်းကိုမဆင်မခြင်ဝင်လာပြီး .... မလေးမစား
ပုံစံနဲ့ပြောနေတာကို .... ငါကလက်ခံစရာလား "
Perth ကအနားထိဖြည်းဖြည်းချင်းတိုးလာပြီး
" အဲ့လိုမလုပ်ပါနဲ့ အမ .... ကျွန်တော်တောင်းဆို
တာတွေများနေပြီဆိုတာသိပေမယ့် ... အဲ့ဇာတ်လမ်း
တော့မလုပ်ပါနဲ့ .... တောင်းဆိုတာပါ အမ "
" သံယောဇဉ်ထားနေတာလား ... ဘာမဟုတ်တဲ့
ဇာတ်လမ်းကိုတောင် သံယောဇဉ်ထားနေတာလား "
" ကျွန်တော်တောင်းပန်ပါတယ် အမ ...
နောက်ဆုံးတစ်ခါလောက်အနေနဲ့ပဲ .... "
" နောက်ဆုံးဆိုတာ များနေပြီ .... မင်း ....
ရွေးချယ်ခံရတဲ့နေရာတောင် Santa ကိုပေးလိုက်ပြီး
တော့.... အခုထပ်ပြီး ငါ့ကိုတောင်းဆိုနေတာလား
Perth .... ငါက .... ဘယိလောက်ထိမင်းအလိုကိုဖြည့်
ပေးနေရမှာလဲ .... မင်း Santa ကိုပေးလိုက်တဲ့နေရာက
မင်းအတွက်ဘယ်လောက်ဆုံးရှုံးမှုဖြစ်လဲသိလား
ထွက်သွားတော့ ... ငါအလုပ်များတယ် "
P Fei ကသူ့အလုပ်ကိုပဲသူဆက်လုပ်နေပေမယ့် ....
" စာချုပ်ဆက်ချုပ်ပါ့မယ် .... "
" ဘာ .... "
" စာချုပ်အသစ်ထပ်ချုပ်ပြီး .... P Fei လိုချင်တဲ့ပုံစံအတိုင်းနေပေးပါ့မယ် .... အဲ့အစား .... အဲ့ဇာတ်လမ်းလေးကိုတော့ သိမ်းထားပေးပါ .... "
P Fei ကအားရပါးရထရီလိုက်တယ် ....
" စိတ်ဝင်စားစရာကောင်းတာပဲ .... ငါ့မှာပိုကောင်း
တဲ့အပေးအယူရှိတယ် ....
မင်း .... အဲ့ဇာတ်လမ်းကိုမစွန့်ပြစ်နိုင်ရင် ... အခုအသစ်ရွေးချယ်ထားတဲ့ကောင်လေးနဲ့ .... BL လောကကို
ထပ်ဝင်မလား ....
ဘယ်လိုလဲ Perth .... မင်း .... လုပ်ကြည့်မလား "
Coming