‼️ဤ story တွင်ပါဝင်သောအကြောင်းအရာပါသည် အပြင်က Idol image ကိုထိခိုက်လိုခြင်းအလျဥ်းမရှိပါ‼️
______________
မီးရောင်စုံတွေတဖျတ်ဖျတ်နဲ့သီချင်းသံတွေဆူညံနေပြီး နိုင်ငံရဲ့Topသူဌေးတွေ အကောင်ကြီးကြီးသားသမီးတွေရဲ့ပျော်စံရာနေရာ တစ်နည်းအားဖြင့် ပိုက်ဆံရှိလူတန်းစားတွေရဲ့ ပိုက်ဆံဖြုန်းတီးနေကျနေရာ ဆိုးလ်မြို့ရဲ့နာမည်အကြီးဆုံး LJ club ...။
Clubအတွင်းရှိလူများမှာလည်း Brand တံဆိပ်ပေါင်းစုံတွေနဲ့ အပြိုင်အဆိုင်ဝတ်စားထားကြပြီးသောက်စားပျော်ပါးကြကာ အချို့သောသူများမှာလည်း ယိုသူမရှက်မြင်သူရှက်ဆိုတဲ့စကားအတိုင်း ဖက်ယက်နမ်းရှုံနေကြသေးသည်။
club ရဲ့ ထောင့်ဆုံးကျတဲ့ဝိုင်းမှာမျက်နှာထားတင်း"နဲ့ထိုင်နေတဲ့လူတစ်ယောက်။ Black leather jacket ကိုဝတ်ဆင်ထားပြီး မျက်နှာကအပြုံးအရယ်မရှိတည်တံ့နေတာတောင် ချောမောနေတဲ့ရုပ်ရည်က Club အတွင်းရှိ မိန်းမငယ်လေးများသာမက ယောက်ျားလေးများ၏အာရုံများကိုပါဖမ်းစားထားနိုင်သည်။
ထိုအချိန်အနားသို့ရောက်လာသောမိန်းကလေးတစ်ယောက်...။ သူမကလီအိုထိုင်နေတဲ့ကောင်တာနားထိလာပြီး လီအိုသောက်လက်စ ဝီစကီခွက်ကိုယူသောက်လိုက်သည်။ သူမရဲ့ရဲတင်းတဲ့အပြုအမူတွေကြောင့် လီအိုနည်နည်းတော့အလိုမကျဖြစ်သွားပေမယ့် မျက်နှာအမူအရာမပြောင်းလဲပဲတည်ထားစဲ။
"..."
"ရှင်က LEE GROUPရဲ့ တစ်ဦးတည်းသောသား Leo မလား ပြီးတော့ နောက်အပတ် LEE GROUP နှစ်ပတ်လည်မှာ LJ လုပ်ငန်းစုကိုဦးဆောင်တော့မယ့် CEO ပေါက်စလေး ဟင်းးဟင်းး"
လီအိုဘာမှပြန်မပြောပဲ တစ်ချက်ကြည့်လိုက်မိသည်။ ပုရိသယောက်ျားတွေအကြိုက် ရင်ပြတ်အင်္ကျီနဲ့စကပ်ပေါင်တိုအားတွဲဝတ်ထားကာ သူမ၏ရင်နှစ်မြွှာအား လေလံတင်သလိုပြသထားသည်။ မမြင်သင့်တာကိုမြင်လိုက်ရလို့ လီအိုစိတ်ပျက်စွာကျစ်ခနဲစုတ်သပ်လိုက်ရင်း မျက်နှာပြန်လွှဲကာစကားတစ်ခွန်းတည်းပြောလိုက်သည်။
"အဲ့တော့"
"ဟုတ်နေတာပဲ..တွေ့ရတာဝမ်းသာပါတယ် ကျွန်မက Park Jiyun ပါ PARK လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသမီး"
သူ့ကိုယ်သူဘယ်သူဘယ်ဝါဆိုတာ မိတ်ဆက်ပြီးတာနဲ့ Bartender ကို စောနလီအိုသောက်နေတဲ့ ဝီစကီကိုပဲမှာလိုက်သည်။
"မှာထားတာရပါပြီ"
Bartenderလာချပေးသွားတဲ့အရက်ခွက်ကိုကိုင်ပြီး လီအို့လက်ထဲသို့ထည့်ပေးကာ သူမကစောနကလီအိုဆီကယူသောက်ထားတဲ့ခွက်ကိုကိုင်ပြီး...
"ခင်မင်မှုအထိမ်းအမှတ်"
သူမပေးတဲ့ ဝီစကီခွက်ကိုယူပြီး လီအိုတစ်ချက်ပြုံးလိုက်ကာ..
"မင်းနဲ့ငါဘယ်တုန်းကခင်သွားလို့ ခင်မင်မှုအထိမ်းအမှတ်ဖြစ်သွားတာလဲ"
ပျက်သွားတဲ့သူမရဲ့ဆေးဆိုးပန်းရိုက်မျက်နှာကိုတစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးကာနေရာမှထွက်လာခဲ့လိုက်သည်။ နောက်မှာကျန်နေခဲ့တဲ့ ပတ်ဂျီယွန်ကမျက်စိပျက်မျက်နှာပျက်ဖြစ်ကာ ခဏအကြာသူမ၏အကြံအစည်ကိုဘယ်လိုအကောင်အထည်စဖော်ရမလဲဆိုတာ စဥ်းစားမိသွားတာမို့လို့ ချက်ချင်းလုပ်ဆောင်ရန်တစ်စုံတစ်ယောက်ဆီဖုန်းခေါ်လိုက်တော့သည်။
---―-―-――――――
တစ်ဖက်တွင်
"အာ....ရှင်းရှင်းကဘယ်ရောက်သွားပြန်ပြီလဲ"
ကျန်းကျားဟောက်တစ်ယောက် သူ့ရဲ့ညီလေးကသူငယ်ချင်းမွေးနေ့အဖော်လိုက်ခဲ့ဆိုပြီး ခေါ်လာလို့ Club ကိုရောက်လာခဲ့ပေမယ့် Toilet ခဏဟုဆိုကာ မွေးနေ့ပွဲအတွင်း၌သာထားခဲ့ပြီးအခုထိပြန်ရောက်မလာသေးတာကြောင့် ကိုယ်တိုင်ထွက်ရှာရတဲ့အထိဖြစ်သွားသည်။
"ဖုန်းတော့ပါသွားလောက်မှာပါနော်"
ချက်ချင်းဖုန်းထုတ်ကာရှင်းရှင်းလို့ content မှတ်ထားတဲ့နံပါတ်ကိုခေါ်လိုက်သည်။
"Hello..."
"ကျိုးအန်ရှင်း!!!...ငါ့ကိုထားခဲ့ပြီးဘယ်ရောက်သွားတာလဲ"
"အာ...ဟောက်ကော ကျွန်တော်...."
"Hello...ရှင်းရှင်း Hello"
――――
"hello ဟောက်ကော ကျွန်တော်ပြောတာကြားရလား Hello...တီ!!"
*သွေ့ပုချီပါ ကောကောရယ် နောက်မှကောကောဆူတာခံပါ့မယ်*
"ဘေဘီ့အစ်ကိုလား..ဘာပြောလဲ"
ဟောက်ကောပါမှ မွေးနေ့ပွဲသွားရမယ် ဆိုသည့် အိမ်ကမိဘနှစ်ပါးကြောင့် ကောကိုမရမကပြောကာခေါ်လာရတာဖြစ်သည်။ တကယ်ကမွေးနေ့ပွဲလာတာမဟုတ်ပဲ ကိုကို့ကိုတွေ့ချင်လာတာပေမယ့် တစ်ချိန်လုံးကိုယ့်ကိုကလေးလို့ပဲသတ်မှတ်ထားတဲ့ ဟောက်ကောကိုမပြောရဲတာမို့ လိမ်ခေါ်လာတာဖြစ်သည်။
"ဟီး..လိုင်းမကောင်းဘူးလို့ပြောပြီး ဖုန်းချလိုက်ပြီ"
"အဆိုးလေးကွာ..လာပါဦး ဒီအဆိုးလေးကိုနမ်းချင်သေးလို့ ပြွတ်စ်ပြွတ်စ်"
"ဟာကိုကို!! ခဏလေး...ဟောက်ကောသနားပါတယ် သူကဒီလိုနေရာတစ်ခါမှလာဖူးတာမဟုတ်ဘူး"
"ဘာမှမဖြစ်ပါဘူး ဘေဘီရာ...ဘေဘီ့ကောကောကလူကြီးဖြစ်နေပြီ သူ့ဟာသူကြည့်လုပ်လိုက်မယ်"
"မဟုတ်ဘူးလေ ကိုကိုကလည်း"
"ဟုတ်ပါတယ်ကွာ..ကိုကိုနမ်းချင်သေးတယ် နမ်းမယ်နော် ပြီးရင် စကားတွေအကြာကြီးပြောကြမယ် နော်နော်..နော်လို့ ဘေဘီ"
"အာ...ချစ်စရာလည်းမကောင်းပဲလာချွဲနေတယ် ဘာကောင်ကြီးလဲမသိဘူး"
"ဘာပြောတယ် ချစ်စရာမကောင်းဘူးပေါ့ ဟုတ်လား..ဟမ်..ဟမ်"
"အာားးးကိုကို ယားတယ်..ယားတယ်လို့ ရားးးးအီဆန်းဝန်း!!!"
LJ club အရှေ့ကားလမ်းဘေးမှာရှိနေတဲ့ ကားလေးတစ်စီးအတွင်းမှာတော့ ချစ်သူနှစ်ယောက်ရဲ့ ကျီစားသံနဲ့ရယ်မောသံလေးတွေပျံ့လွှင့်နေလျက်ရှိပါသည်။
―――――――――――――――――――――
"Hello အမ်..ဖုန်းကျသွားပြီ...ဘာလဲ? Club ကအကောင်းစားဆိုပြီးတော့လိုင်းကျမကောင်းဘူးလား"
"ဟွန့် Club စုတ်ကြီး"
ကျားဟောက်ဖုန်းကိုအိတ်ထဲထည့်ပြီးတာနဲ့ Toilet ဘက်ကိုထွက်လာခဲ့လိုက်သည်။ လုပ်စရာရှိတာလုပ်ပြီးလက်ဆေးနေတုန်း Toilet ထဲသို့လူနှစ်ယောက်ဝင်လာကိုမျက်လုံးထောင့်ကနေတွေ့လိုက်ရသည်။
ကျားဟောက်လက်ဆေးနေတုန်းမှာ စောနဝင်လာတဲ့နှစ်ယောက်က အနားလာရပ်ပြီး...
"ဒီကညီလေးအဖော်မပါဘူးလား ဒီနေရာကမင်းလိုလှလှလေးတွေအတွက်အန္တရာယ်များတယ် "
"တစ်ယောက်တည်းအဖော်မရှိရင်အစ်ကိုတို့နဲ့လာပေါင်းလို့ရတယ်နော်...ပျော်သွားစေရမယ်"
ပြောလာတဲ့ရိသဲ့သဲ့စကားတွေကြောင့် ကျားဟောက်မျက်မှောင်ကြုတ်ကာ
"မလိုပါဘူး အပြင်မှာကျွန်တော့်ညီပါတယ်...ကျေးဇူးပြုပြီးလမ်းလေးဖယ်ပေးပါ"
"အိုး..ခဏလေးပါကွာ ဒီလိုအလှလေးကိုလွှတ်ပေးလိုက်မှာဘယ်လောက်နှမြောစရာကောင်းလဲ..လာပါကွာ အစ်ကိုတို့နဲ့တစ်ညလောက်လိုက်ခဲ့နော်"
ပြောပြီးတာနဲ့ကျားဟောက်ရဲ့လက်ကိုလာကိုင်တော့တယ်။ ကျားဟောက်ကယောက်ျားလေးတစ်ယောက်ပေမယ့်နဂိုတည်းချူချာတဲ့သူမို့ သာမန်ယောက်ျားလေးများထက်အားနည်းနေတာတော့အမှန်ပင်။ ဒါပေမယ့် သူ့ကိုဆွဲလားရမ်လားလုပ်နေတဲ့နှစ်ယောက်က သူ့ထက်ပိုပြီးလူကောင်ကြီးတာမို့လို့ ကျားဟောက်အခက်တွေ့လေသည်။
"ဒီမှာလွှတ်လို့ပြောနေတယ်နော် ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး ဒီလိုအလိုမတူပဲအတင်းဆွဲလားရမ်းလားလုပ်နေတာက ဥပဒေနဲ့မကိုက်ညီဘူး"
ကျားဟောက်ပြောလိုက်တော့ အရှေ့ကနှစ်ယောက်ကကြောက်စရာကောင်းအောင်ထရယ်ကြသဖြင့် ကျားဟောက်မှာကိုယ်လေးတုန်သွားရသည်။
"ဟားးးဟားးးဟားး Club ကိုလာပြီး တရားဥပဒေအကြောင်းလာပြောနေတာတဲ့ မင်းကလှသလောက်ဟာသတွေပြောတတ်တာပဲ"
ထိုလူနှစ်ယောက်အချင်းချင်းမျက်စပစ်ပြပြီး ကျားဟောက်ကိုအတင်းဆွဲခေါ်ကြသည်။ ကျားဟောက်ရုန်းပေမယ့် အင်အားမမျှတာကြောင့်မတတ်နိုင်ပေ။ ကျားဟောက်မှာအခုဆိုရင်ခြင်္သေ့ခံတွင်းဝထဲယုန်လေးပမာ ထိုလူနှစ်ယောက်ရဲ့ဆွဲခေါ်နေရာသို့ရုန်းရင်းဆန်ခတ်ပါသွားတော့သည်။
"ခင်ဗျားတို့ ကျွန်တော့်ကိုလွှတ်လို့...လွှတ်ပါဆို...ကယ်ကြပါ..ကယ်ကြပါဦး"
"မင်းအသားမနာချင်ရင်ပါးစပ်ပိတ်နေတာကောင်းမယ်နော်..ဒီမှာမင်းကိုကူညီမယ့်သူဘယ်သူမှမရှိဘူး"
ကျားဟောက်မှာငိုချမိသွားသည်။ ဒီလူတွေလက်ထဲကနေသူ့ကိုကယ်တင်ပေးမယ့်သူမရှိတော့ဘူးလား..ဒီနေရာကအရမ်းကြောက်ဖို့ကောင်းတယ် တစ်ယောက်ယောက်လာကယ်ပေးကြပါ။
"Hey...တစ်ယောက်နဲ့နှစ်ယောက်ဆိုတော့ ဘယ်ညီမျှပါ့မလဲ ငါရောဝင် join လို့ရလား?"
နံရံအကွယ်ကနေထွက်လာတဲ့ လူတစ်ယောက်ရဲ့အသံကြောင့်ထိုလူနှစ်ယောက်ရဲ့ခြေလှမ်းတွေရော ကျားဟောက်ပါခြေလှမ်းတွေတုံ့ခနဲရပ်သွားသည်။
"မင်းကဘယ်သူလဲ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ မသိချင်ယောင်ဆောင်ပြီးလမ်းဖယ်ပေးလိုက်ရင်ပိုကောင်းမယ်"
အရှေ့ကလူကဟက်ခနဲရယ်လိုက်ပြီး
"ငါ့ပိုင်နက်ထဲကိုလာပြီး ဒီလိုလုပ်ရပ်မျိုးလာလုပ်ရဲရလောက်တဲ့အထိအရမ်းသတ္တိရှိနေကြတယ်ထင်တယ်"
"အီ..အီလီအို"
"ဟင်?"
အီလီအိုဆိုတဲ့နာမည်ကိုလည်းပြောကာ သူ့ကိုလွှတ်ချပြီးအရှေ့ကလူကိုတောင်းပန်နေကြတာကြောင့် ကျားဟောက်မှာကြမ်းပြင်ပေါ်ပုံ့ပုံ့ကလေးထိုင်ပြီးအံ့ဩနေရသည်။
"ဒီမှာမင်းအဆင်ပြေလား"
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် စောနကလန့်တဲ့အရှိန်မပြယ်သေးတဲ့ကျားဟောက်မှာကိုယ်လေးတုန်သွားရသည်။
"..."
မော့ကြည့်လာတဲ့ ထိုကောင်လေးရဲ့မျက်ဝန်းတွေကိုမြင်တော့ လီအိုရဲ့ရင်ထဲအမျိူးအမည်မသိခံစားချက်တွေကဝင်ရောက်လာသည်။ မျက်ဝန်းဝိုင်းဝိုင်းလေးထဲ မျက်ရည်ကြည်လေးတွေကနေရာယူထားတာမို့လို့ ကြယ်လေးတွေထည့်ထားသိလိုတလက်လက်နဲ့တောက်ပနေသည်။ လှတယ်...လီအို့အတွက်တော့ စကားနဲ့ဖော်ပြလို့မရတဲ့အထိအရမ်းလှလွန်းတယ်။
"ကောကော..!!"
"ရှင်းရှင်း"
လီအိုအရှေ့ကကောင်လေးရဲ့ မျက်ဝန်းတွေထဲကရုန်းထွက်မရနိုင်ပဲ ကျောက်ရုပ်ကြီးတစ်ခုလိုရပ်ကြည့်နေစဥ် ကြားလိုက်ရသည့်အသံကြောင့်သတိရပြန်ဝင်သွားသည်။ သူ့အရှေ့ကကောင်လေးကလည်း ထိုတစ်ယောက်ကိုတွေ့တော့ ဝမ်းသာအားရနဲ့ပြေးဖက်ကာကလေးတစ်ယောက်လိုငိုချတော့သည်။
"အဟမ်း...ဒီမှာ သူကမင်းအစ်ကိုလား"
"ဟို...ဟုတ်ကဲ့"
"သူ့ကြည့်ရတာ ဒီလိုနေရာတွေကိုတစ်ခါမှရောက်ဖူးတဲ့ပုံမပေါ်ဘူး...ပြီးတော့ ဒီလိုနေရာကသူ့လိုပုံစံလေးတွေအတွက်အရမ်းအန္တရာယ်များလွန်းတယ်..မင်းတို့ရင်မကျိုးချင်ဘူးဆို နောက်ကိုသေချာဂရုစိုက်ပါ"
ထိုကလေးကခေါင်းညိမ့်ပြလိုက်သည်နှင့် သူလည်းထိုနေရာကထွက်လာလိုက်သည်။ ဟိုကောင်လေးကတော့ သူ့ရဲ့တလက်လက်တောက်ပနေတဲ့မူပိုင်မျက်လုံးလေးများနှင့်လိုက်ကြည့်နေတာကိုလည်း သူအသေချာသိတာပေါ့...။
❝နောက်မှတွေ့ကြမယ် ကောင်ငယ်လေးရေ..တွေ့ဖို့ရေစက်ရှိနေသေးရင် ကိုယ်တို့သေချာပေါက်ပြန်ဆုံတွေ့ကြမှာပါ❞
――――――――――――――――――
စာလုံးပေါင်းမစစ်ထားဘူး မှားတာရှိရင်မီယာန်နဲလ်ယို♡
နောက်လ 20ရက်နေ့ကျပြန်တွေ့ကြမယ် see ya ( ̄▽ ̄)ノ