ဘားတွင်မီးရောင်မျိုးစုံမျိုးစုံအောက်မှာ ကခုန်နေကြတဲ့ ယောက်ကျားမိန်းမများစွာရှိပြီး စိတ်မဝင်စားသော ကောင်လေးနှစ်ယောက်လည်းရှိလေသည်။
Hong_"ဟျောင့် မင်းဖားသားကြီးက ခွင့်ပေးလို့လားကွဒီကိုလာတာကို"
Est_"ခွင့်ပေးမလား ခွေးကောင်လေးရ ခိုးထွက်လာတာပေါ့လို့"
Hong_"အော်အေး မင်းဖားသားကြီးသိရင်တော့ အဆူခံရအုံးမယ် ပြန်မယ်လေဟျောင့် နောက်ကျနေပြီလို့"
Est_"အမယ် စိတ်ပူမနေပါနဲ့ ဒီချိန်အိမ်ကလူကြီးအိပ်ချိန် ငါကအိပ်ချိန်ပဲခိုးထွက်တာပါကွ"
*အေးမပြောတော့ဘူးကွာ Hongစိတ်ထဲတွင်တီးတိုးရေရွတ်လိုက်သည်*
သူတို့မသိလိုက်တာက သူတို့ကိုစောင့်ကြည့်တဲ့သူရှိတာကိုပင်
ထိုသူမှ
*"ဦးလေးသား ဒီ****ဘားမှာရောက်နေတယ် ကျွန်တော်ပြန်ခေါ်လာရမလားဗျ"*
*"ရတယ်မောင်ရင် သူပြန်လာပါစေအုံး မောင်ရင် ဦးပြောတာမမေ့နဲ့နော်"*
*"ဟုတ်ကဲ့ဗျ*"
ခပ်သွက်"ဖုန်းချလိုက်ပြီးတော့ ခုနှကနေရာကိုကြည့်လိုက်တော့ အစအနတောင်မကျန်ပျောက်သွားကြတဲ့ နှစ်ယောက်
Estအိမ်ပြန်ရောက်လာတော့ အိမ်ထဲရှိမီးတွေကပွင့်နေပြီး ဧည့်ခန်းထဲတွင်ဒယ်ဒီမှထိုင်နေလျက်"မင်းပြန်လာပြီလား"
"အာဒယ်ဒီ ဘယ်တုန်းကနိုးတာ ခုချိန်အိပ်နေရမှာမဟုတ်ဘူးလား"
"ဟေ့ကောင် မင်းအဖေကိုသွေးတိုးစမ်းပြန်ပြီ ငါ့ဘာသာအိပ်"မအိပ်"ပေါ့"
"မသိပါဘူးဟွန်"
"တော်"မင်းနဲ့လဲကြာရင်ငါအသက်တိုလိမ့်မယ် မနက်ဖြန်ကြဧည့်သည်တစ်ယောက်လာမယ် ရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်နဲ့"
"အာ သိပါပြီ ခန"မပြောပါနဲ့''
"မင်းသွား"အိပ်တော့ "
*Est အဖေလဲ သူ့သားကိုပြောင်းလဲပေးမှရပေလိမ့်မည် သူ့အမေဆုံးပြီးထဲက နွဲ့ဆိုး"နေခဲ့တာလေ*
မနက်နိုးနိုးချင်း မနက်စာစားတဲ့နေရာမှာ လူတစ်ယောက်ရှိနေခဲ့သည် ထိုသူမှသူ့ကို မချိမဲ့ ပြုံးပြနေတယ်လို့ ခံစားရသဖြင့် ကိုယ့်နေရာကိုဝင်ထိုင်ကာ မနက်စာစားနေတော့တယ်။
"ကဲကဲ မိတ်ဆက်ပေးရအုံးမယ် ဒါကWilliamမင်းကိုထိန်းပေးမယ့်သူ"
"အဟွတ်" ထမင်းစားနေရင်းပြောသောကြောင့် သီးသွားရလေသည်။
"ဒယ်ဒီသားကထိန်းစရာမလိုတော့အောင် အရွယ်ရောက်နေပါပြီ ပြီး....
*Est စကားတောင်မဆုံးလိုက်*"တော်"ငါပြောတဲ့အတိုင်းမလုပ်ရင် မင်းကိုအမွေဖြတ်ပဲ ပြီးတော့ရှိသေးတယ် မင်းကဒီမှာနေရမှာမဟုတ်တော့ဘူး William ခေါ်တဲ့နောက်ကိုလိုက်သွားရမှာ"
"ဖူးးး ဒီတစ်ခါတော့တကယ်လန့်သွားပြီး ရေထွေးလိုက်တာရှေ့တည့်"ကသူဆီသွားမှန်လေရဲ့
"သားWilliamအဆင်ပြေလား သွား"ဟိတ်ကောင် လိုက်ပို့လိုက် ရေချိုးခန်းကို ငါလဲမင်းနဲ့သွေးတိုးတော့မယ်Estရေ....
Estလဲထိုလူကိုလိုက်ပို့ပြီး ထမင်းစားဝိုင်းကိုပြန်လာခဲ့လေသည်။
"ဒယ်ဒီ ဒယ်ဒီကလေသားကို ယောက်ျားနောက်ခိုးရာလိုက်ပြေးခိုင်းနေသလိုကြီးနော်"
"ဟိတ်ကောင်တိုး"ပြော မင်းနဲ့လဲငါသေချင်တော့တာပဲ တစ်နေ့"ငါခေါင်းမီးမတောက်ရင်မနေနိုင်တာလား"
"ဟွန်း"
"ဘာမှဟွန်းမနေနဲ့ ငါပြောသလိုလုပ် မဟုတ်ရင်~~
"သိပါတယ်"အမွေဖြတ်မှာဒါပဲမလား ဒယ်ဒီ့ဟာက ဟုတ်ကိုဟုတ်မနေတာပါ"
တစ်လမ်းလုံးစကားမပြောဘဲ ထို့လူ့နောက်သို့လိုက်ခဲ့လိုက်သည်။အဲ့ဒီ့သူမှ "မင်းပြောင်းလဲဖို့ ဦးလေးကကြိုက်တဲ့နည်းသုံးလို့ရတယ်တဲ့"
"ဒယ်ဒီပြောတာနဲ့ပဲ လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့ဟွန့်"
*နှာခမ်းစူပြီးတိုးတိုး"နဲ့ပြောနေသောသူကြောင့်Williamတစ်ယောက်အသဲယားနေတော့တယ်*
"Williamသူ့အိမ်သို့ရောက်၍ဘေးသို့လှည့်ကြည့်လိုက်တော့ အိပ်နေသောသူ တကယ်လှရက်လွန်းတယ် လူကစွာတာကလွဲလို့*အာ ငါဘာတွေတွေးနေတာလဲ ငါ့ရဲ့အလုပ်က သူပြောင်းလဲအောင်လုပ်ပေးရမှာလေ*
အဲ့လိုနဲ့ပဲကားပေါ်ကသူ မနိုးအောင်ချီလျက် အိမ်ထဲသို့ဝင်သွားလေသည်။
သူ့ကိုအိမ်ခန်းထဲသို့ထားသိပ်လိုက်ပြီး ဝင်လာတဲ့ဖုန်းကိုကိုင်လိုက်တော့
*'ဟယ်လို ငယ်လေးခုဘယ်မှာလဲ အဆင်ပြေလား phiတို့စိတ်ပူနေတာကို'*
*'စိတ်မပူပါနဲ့p'nut ငယ်လေးအဲ့မိန်းမကြီးနဲ့တစ်အိမ်ထဲမနေနိုင်လို့ပါ ပါးပါးကလဲ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး အမြဲတမ်းသူ့မိန်းမဘက်ကပဲ'*
*'ခုထိငယ်လေး အိမ်ပေါ်ကဆင်းတာကိုပါးပါးကဒေါသထွက်နေတုန်းနော် အဆင်ပြေရင်လာတောင်းပန်တာကောင်းမယ်'*
*'ဆောရီးပဲphiဒီတစ်ခါတော့မရတော့ဘူး အဲ့မိန်းမကြီးနဲ့ကိုတစ်အိမ်ထဲတူတူမနေနိုင်တာ'*
William ပြောနေရင်းဖြင့်ဟိုတစ်ယောက်နိုးလာသောကြောင့် "ဟုတ်phiဒါပဲနော်ငယ်လေးလုပ်စရာရှိသေးလို့" P'Nut ပြန်ပြောတာတောင်မစောင့်တော့ဘူး ဖုန်းချလိုက်တော့သည်။
"ဟမ်း ဒါဘယ်နေရာလဲ"
"မှန်းကြည့်လိုက်လေ"
"ဘာမင်း"မဟုတ်တရုတ်တွေလုပ်ဖို့မကြံနဲ့နော်"ဆိုပြီး စောင်ကိုသူ့ကိုယ်ပေါ်မှာကပ်ပြီးပြောနေပုံကတစ်ကယ်အသဲယားစရာပင်
"စတာပါ ဒါကျွန်တော့်အိမ် ဟမ်းပြီးတော့ရှိသေးတယ်ဒီမှာနေရင် အလကားနေလို့ရမယ်မထင်နဲ့နော် အလုပ်လုပ်ရမယ် ပိုက်ဆံကလေထဲကရနေတာမဟုတ်ဘူး"
"လုပ်ပါမယ်" ခုတော့ဘယ်မှာရေချိုးရမှာလဲ ပူကပူနဲ့"
"ဟိုမှာလေ"*William ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ အိမ်ရှေ့ကရေစည်ပိုင်းကိုတွေ့ပြီး
"ဟ မင်းဟာက ရေချိုးမှာပါဆိုနေ ရေချိုးခန်းသီးသန့်ဘာညာမရှိဘူးလား"
"ပြောထားတယ်လေ ဒီမှာနေရင် ဒီလိုပဲ သူများတွေလဲ ဒီလိုပဲချိုးကြတာ ဂျီးထူမနေပါနဲ့ခဗျားရာ"
"ဟွန်း လူကိုများဂျီးထူတယ်ဘာညာနဲ့ ပေး"ဆိုပြီးWilliamလက်ထဲမှ သဘက်ကိုယူကာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် အိမ်ရှေ့သို့ထွက်လာလိုက်သည်။
"ကဲ ဒီညတော့အေးဆေးနေပေါ့ မနက်ကြရင်ခဗျားခြံထဲလိုက်ခဲ့ရမယ်"
"အင်းပါ"မပြောနဲ့တော့ ဒါနဲ့ငါကဘယ်မှာအိပ်ရမှာ"
"ဒီကြမ်းပြင်မှာလေ"
"ငါမှမအိပ်တတ်တာ ငါကြမ်းပြင်မှာအိပ်ရရင်မင်းလဲလိုက်အိပ်ရမယ်ဒါပဲ"
"သူအိမ်နဲ့ကိုယ့်အိမ် အလစ်တဲ လေးလွဲနေသလိုပဲ"
"စတာပါလို့ ဒီမှာကုတင်မှာအိပ်ရမှာခဗျားက ကျွန်တော်က ကြမ်းပြင်မှာအိပ်မှာ"
"အင်း"ပြီးတာပဲ"
"မနက်စောစော ဖုန်းအလမ်းမြည်သံကြောင့် Estတစ်ယောက်"ဟာ ဘယ်ခွေးကောင် ဖုန်းကိုအလမ်းပေးထားတာလဲလို့ အိပ်ကောင်းတုန်းကို"
"ကျွန်တော်လေ ခုထရတော့မှာ နောက်ကျတော့မယ် ခြံထဲသွားဖို့က မြန်"ပြင်ဆင်တော့ မနက်စာလုပ်ထားပြီးပြီ"
"ငါ့ကိုထူ" ဆိုပြီး သူ့လက်လေးကို ဆန့်ပြီးလုပ်နေပုံက ကလေးလေးနဲ့ပင်ပိုတူနေလေရဲ့ *စိတ်ထိန်းWilliamရေ ငါ့စိတ်ကိုလဲ ကွင်းထဲပို့ထားမှရတော့မယ်*
William ထူ၍ထလာပြီးမှ မျက်စောင်းလေးတစ်ချက်ထိုးလာပြီး ပါးစပ်ကလဲလဲပွစိ"နဲ့တစ်ယောက်ထဲရေရွတ်နေလေရဲ့
"ကဲလာသွားမယ်"
William တို့လျှောက်လာရင်းဖြင့် ခြံဝန်းတစ်ခု အနည်းငယ်ကျယ်ဝန်းပြီးတော့ ခြံရဲ့နာမည်လေးကလဲ:ပျော်ရွှင်စရာ ပန်းရိပ်မြုံလေးကနေကြိုဆိုပါတယ်တဲ့: ခြံထဲက ပန်းတစ်ပင်ချင်းဆီကို Estတစ်ယောက်လိုက်ကြည့်နေခဲ့ပြီး သူမမြင်ဘူးတဲ့ပန်းတွေရောစုံပလုံစိနေတာကိုပါတွေ့ခဲ့ရလေသည်။
"Liam ပြန်လာပြီလား"(ခြံမန်နေဂျာp'tuiမှမေးလိုက်ခြင်းသာ)
"ဟုတ်p'tui ဒီဘက်အခြေအနေကောင်းတယ်မလား"
"အေးကောင်းပါတယ် ဒါနဲ့သူက မင်းခိုးပြေးလာတာလားကွ"
"ဟာမဟုတ်တာ phiရာပေါက်"ရှာ"
အဲ့လိုပြောလိုက်သောကြောင့်Williamနောက်မှEstလဲ အနည်းငယ်ရှက်သွားပြီး လက်လေးနှစ်ဖက်ကိုပွတ်တိုက်နေလေရဲ့
William တစ်ယောက်p'tuiကိုတစ်နေရာသို့လက်ဆွဲခေါ်၍ ရှင်းပြရတော့သည်။
"ဒါဆိုဘာတုန်း"
"သူကEst အဆိုးလေးမို့ သူ့မိဘတွေက ကျွန်တော့်ဆီအပ်ထားတယ်ဆိုပါစို့"
"ဟာမင်းကလဲ သူ့ကြည့်ရတာဆိုးမဲ့ပုံမထင်ရပါဘူး"
"phiစိတ်ထင်လို့ပါ"
William မှEstရှိရာသို့ပြန်လာပြီးတော့ "p'tuiကအဲ့လိုပဲ သူကသိသိမသိသိအဲ့လိုပြောတတ်တယ် စိတ်ထဲထားမနေနဲ့''
"ငါထားတယ်လို့ ဘယ်သူပြောလဲ"ဆိုပြီး မျက်ခုံးပင့်ကာပြောလာတော့
"ဟုတ်"ခဗျား စိတ်အနှောက်အရှက်ဖြစ်မှာဆိုးလို့ပြောတာပါ ကိုယ်ကဆရာမလုပ်ရသေးဘူး သူကြီးပဲ"
William ကခြံထဲမှအပင်တွေကိုဘယ်လိုမြေဩဇာကျွေးရလဲရယ် ဘယ်လိုရှင်အောင်ပျိုးရမလဲဆိုတာ အသေးစိတ်ရှင်းပြလေသည်။
အရင်ရက်တွေကလို williamနဲ့သိပ်မတည့်သေးပေမယ့် သူကတစ်ခါတစ်လေ စိတ်ကောင်းဝင်တတ်သည်လို့လဲထင်လာခဲ့ရသည်။
Estနေ့တိုင်းအလုပ်လေးတွေလုပ်ပြီး နေရသည်ကိုပင်ပျော်လာသဖြင့် သူ့အိမ်တောင်မပြန်ချင်ဘဲရှိနေလေရဲ့ ဒါမယ့်လဲ အချိန်တန်ရင်ကိုယ့်အိမ်ကကိုယ့်အိမ်ပါပဲ
အတွေးထဲနစ်မြှုပ်နေတုန်းwilliamခေါ်သံကြားမှ ပတ်ဝန်းကျင်ကိုသတိထားမိလေသည်။
"ခဗျား ကျွန်တော်ပြောတာကြားလား ခဗျားက အရင်ကလိုလဲမဆိုးတော့ဘူး အဲ့တာဘယ်ချိန်အိမ်ပြန်တော့မလဲ လိုက်ပို့ဖို့မေးတာ"
"အော် မင်းကနှင်ထုတ်တာပေါ့"ဆိုပြီး ကုတင်ပေါ်လှဲ၍ စောင်ခြုံကာတစ်ဖက်သို့လည့်လေသည်။
*အာ ဘာလဲ စိတ်ကောက်တာလားဟ စိတ်ကောက်နေရင်ချော့တတ်တဲ့ငါနဲ့တော့တွေ့ပြီ*
"အာ ခဗျားပဲအမြဲတမ်းအိမ်ကိုလွမ်းရပါချည်ရဲ့ဆို အဲ့တာကြောင့်ပြောတာပါ"
"ငါခုမပြန်ချင်သေးဘူး"
"မပြန်ချင်သေးလဲရတယ် အလုပ်လုပ်နိုင်ရင်ရပြီလေ"
"အွန်းပါ"
ဒီနေ့နဲ့ဆိုEst William အိမ်မှာနေလာတာ တစ်နှစ်နီးပါးပင်ရှိပေတော့မည်။ပြီးတော့လူ့စိတ်ဆိုတာလဲ တစ်ရက်နဲ့တစ်ရက်ကူးပြောင်းလာတာပဲမလား မကြာလိုက်သောအချိန်တုန်းကသူနဲ့williamနဲ့ရည်းစားတွေဖြစ်ခဲ့ကြသည်။p'tuiကောင်းမှုနဲ့သူတို့အကြောင်းတစ်ရွာလုံးသိသွားသည်လေ။
"မောင်ငါပြောမယ်မနေ့က အိမ်ကိုလေ သူစိမ်းလင်မယားနှစ်ယောက်ရောက်လာတယ်"
"ဟုတ်လား အချစ် ဘယ်ချိန်တုန်းကလဲ"
"မင်းခြံထဲကပြန်မလာခင် William ရှိလားဆိုပြီးလာမေးသွားတာ သူတို့ကြည့်ရတာချမ်းသာမယ့်ပုံပဲ"
"အင်း"အချစ်အရင်အိပ်လိုက် မောင်ဖုန်းခနသွားပြောလိုက်အုံးမယ်"ဆိုပြီးEstနဖူးလေးကိုနမ်းကာ အိမ်ရှေ့ကထိုင်ခုံသို့ဖုန်းပြောရန်ထွက်လာခဲ့သည်။
*ဟယ်လို p'nut ဒီကိုပါးပါးတို့လာသွားတာလား ဟိုမိန်းမကြီးပါပါတယ်လား*
*ဟုတ်တယ်ငယ်လေးphiလဲပြောမလို့ဘဲ ပါးပါးကမင်းကိုပြန်ခါ်မလို့လာတာ*
*ပြောပြီးသားပဲ ငယ်လေးသူနဲ့လဲပြန်မလိုက်နိုင်ဘူး ပြီးတော့ငယ်လေးမှာချစ်ရတဲ့သူရှိနေပြီ*
*ဘာလဲပါးပါးတို့တွေ့ခဲ့တဲ့ ကောင်လေးမလား*
*ဟုတ်တယ်*
((William တို့နောက်ကြောင်းပြန်မယ်ဆိုရင်တော့ Williamတို့ရဲ့မားမားဆုံးတာနှစ်နှစ်ကျော်အပြီးမှာ ပါးပါးကနောက်အိမ်ထောင်ထပ်ပြုလိုက်တယ်။ဒီမီထွေးကမကောင်းမှန်းလဲသိ တစ်ခုခုဆိုWilliamကိုပဲအပြစ်လွှဲချတတ်ပြီး ပါးပါးအမြင်စောင်းအောင်လုပ်ရရင်ကိုသူကပျော်နေတတ်တာ အဲ့တာနဲ့ပဲ William သည်းမခံနိုင်တာနဲ့ အိမ်ပေါ်ကဆင်းလာခဲ့ပြီးတော့ သူစုထားတဲ့ငွေလေးနဲ့ဒီဒေါင်ပန်းရွာမှာလာနေခြင်းပင်))<<နဲနဲလေးတော့ရှုပ်သွားမယ်သဲသဲတို့>>
William ဖုန်းပြောပြီးသွားပြီးအထဲရောက်တော့ သူ့အချစ်လေးကအိပ်နေပေပြီ
"မောင့်ရဲ့ပြသာနာတွေဖြေရှင်းပြီးရင် မောင်ကိုကို့ကိုတင့်ကောင်းတင့်တယ်ထားနိုင်အောင်ကြိုးစားပါ့မယ်"
နောက်တစ်ပတ်နေတော့p'nutမှဖုန်းဆက်၍ ပါးပါးမွေးနေ့ကိုတော့ရောက်အောင်လာခဲ့ဖို့နဲ့ ပါးပါးကစိတ်ပြေသွားပြီဖြစ်ကြောင်းပြောလာလေရဲ့ ဒါမယ့်Williamမသွားချင်ပါ။
Estကသိသည့်အလားပင် "မောင်ရယ်သွားလိုက်ပါ မောင်တို့ဘာပြသာနာရှိ"မြန်"ဖြေရှင်းလိုက်တာကောင်းမယ် ဟိုမိန်းမကြီးက ကြားထဲကနာမည်ဝင်ယူနေတာ"
"အင်း အချစ်ပြောတာလဲ ဟုတ်တာပဲ အချစ်ပါလိုက်ခဲ့နော် မောင့်အဖေနဲ့တစ်ခါထဲ မိတ်ဆက်ပေးလို့ရတာပေါ့"
"လိုက်ခဲ့မယ်"
William ရဲ့မွေးရပ်မြေကိုပြန်သွားရတာ ဒါနောက်ဆုံးဖြစ်ချင်တော့တယ်။ပါးပါးရဲ့မွေးနေ့ပါတီမှာဧည့်သည်အများအပြားရှိနေပြီးတော့ သူကတော့ပါးပါးရှိတဲ့နေရာဆီကိုလျှောက်သွားလိုက်သည်။
"ပါးပါး ဒါကျွန်တော့်ကောင်လေး"
ပါးပါးတောင်ဘာမပြောရသေး ထိုမိန်းမမှ "တွေ့လား"ပြန်လာတာနဲ့ပြသာနာကစရှာပြီ မင်းမိဘဂုဏ်သိက္ခာကိုအဲ့လောက်ချမှကျေနပ်မှာလားဟမ်"
"အဲ့တာတွေကြောင့် ကျွန်တော်ပြန်မလာချင်တာ အမြဲတမ်း အန်တီကြီးပဲပြောနေတာ "
William အဖေမှ"သွား"မင်းထွက်သွားတော့"
သူတို့မိသားစုအော်ကြီးဟစ်ကျယ်တွေဖြစ်နေကြသောကြောင့် ပွဲရှိသူများကလဲအစုအရုန်းနဲ့ ပွဲထိုင်ကြည့်နေကြလေသည်။
p'nut တို့ကိုကိုတို့က ကျွန်တော့်ကိုဆွဲပြီး အပြင်ကိုခေါ်ထုတ်လေသည်။
"မောင် မင်းစိတ်အေးအေးထားနော်"
"ဘယ်လိုလုပ်စိတ်အေးထားလို့ရမလဲ တွေ့တယ်မလားပါးပါးကဘာမှဝင်တောင်မပြောဘူး"
"ဟုတ်ပါပြီ ပြန်ကြရအောင်"
p'nut_"ဒီကညီလေး ငယ်လေးကိုစောင့်ရှောက်ပေးပါအုံး"
"ဟုတ်phi nut"
"မောင် ငါမပြန်ချင်ပါဘူးဆိုနေ မင်းအသစ်တွေ့နေတာမလား ငါ့ကိုပြန်ခိုင်းနေတာက"
"ဖတ်"မဟုတ်တာ အချစ်ရာ မောင်ကအသစ်တွေ့စရာလား မောင့်အချစ်လေးဒီမှာနေတာနှစ်နှစ်တောင်ပြည့်တော့မယ် ယောက္ခမကြီး ခုဆိုလွမ်းနေမလားလို့ပါကွာ"
"ဟုတ်"
"ဒယ်ဒီသားပြန်လာပြီ"ဆိုပြီး သူ့ဒယ်ဒီကိုပြေးဖက်လေရဲ့
"အမလေး ငါ့သားလဲမတွေ့ရတာကြာလို့တွေ့တောင်မတွေ့ချင်တော့ဘူး"
"အာ အဲ့ဆိုရတယ်လေ William နဲ့သွားနေမယ်ဒါပဲ"ဆို၍ William လက်မောင်းကိုဖက်တွယ်ကာပြောလေသည်။
"လာပြန်ပြီ မင်းငါ့ကိုသွေးတိုးစမ်းတာ"
"စတာပါဒယ်ဒီကလဲ"
"အေး ငါလဲစတာ ဘယ်နှယ့် အစကတော့ဖြင့် မကြိုက်ဘူးဘာညာနဲ့ ခုတော့လင်နောက် ငါမထည့်တောင် ကောက်"ပါအောင် လိုက်တတ်နေပြီမဟုတ်လား"
"အော် ဒယ်ဒီလဲအားကျလို့လား အားကျရင်ရှာလေဗျာ"
"ဘာ မင်း" အမလေးပြန်ရောက်တာနဲ့ သွေးကိုတန်းတက်သွားတာပဲကွာ"
William မှရယ်ရုံပဲတတ်နိုင်လေသည်။
"မောင်ရင် ဦးပြောမယ် ဟမ်မဟုတ်သေးပါဘူး ဒယ်ဒီပြောမယ် မင်းဒယ်ဒီ ကုမ္ပဏီ ကိုဦးစီးလိုက်ကွာ"
"အာ ဦး မဟုတ်ဒယ်ဒီအဲ့တာကကြကျွန်တော်က မကျွမ်းကျင်ဘူးလေ"
"မဟုတ်တာ မင်းကခေတ်လူငယ်ပဲ ဖုန်းတောင်မှ ခလေးအစခွေးအဆုံး သုံးတတ်တာပဲလေ"
ကြားထဲမှEstကထရယ်လေသည်။
"ပြောချင်တာကကွာ ခနလေးသင်ရုံနဲ့တတ်တယ် ပြီးရင်မင်းက ဒယ်ဒီ့သားကိုစောင့်ရှောက်ပေးရုံပဲ ကျန်တာဘာမှမလိုဘူး"
"ဟုတ် သားဒယ်ဒီပေးတဲ့ ယုံကြည်မှုနဲ့ထိုက်တန်အောင်ကြိုးစားမှာပါ ဒယ်ဒီ့လိုလေ သားပါးပါးလဲ ယုံကြည်ပေးရင်ကောင်းမယ်"
"မောင်ရယ် မင်းအဲ့တာတွေတွေးမနေနဲ့တော့"
လတွေကူးလို့နှစ်တွေပြောင်းလာတဲ့အခါမှာ William က ရုံးတွင်ပိုင်ပိုင်နိုင်နိုင်ဦးစီးလာနိုင်ခဲ့ပြီးတော့ Est နဲ့လဲလက်ထပ်ခဲ့လေသည်။
ဒီနေ့ကသူနဲ့Estရဲ့ မင်္ဂလာ တစ်နှစ်ပြည့်နှစ်ပတ်လည်လေးဖြစ်ပြီး အိမ်တွင်သာအချိန်ကုန်ဆုံးခဲ့ကြလေရဲ့
ယောက်ျားလေးသဘာဝသို့ သိသိအတိုင်း williamမှestကိုချွဲကာ သူ့ကိုခွင့်ပြုပေးနိုင်မလားဆိုပြီးမေးနေသည်။
ဒီလိုခွေးပေါက်လေးနဲ့ကောင်လေးကိုဘယ်သူကခွင့်ပြုမပေးနိုင်မှာလဲလို့
Estခွင့်ပြုတယ်လို့ ပြောလိုက်တာနဲ့ William မှသူ့အလုပ်ကိုစတင်နေသည်။
အဲ့ညကတော့ တစ်နေကုန်အလုပ်လုပ်တဲ့ ညထက်ပိုပင်ပန်းမယ်ဆိုတာ အသေအချာပင်<(မထည့်တော့ဘူးနော် ရေးတာတွေထပ်ထပ်နေလို့🙈)>
နှစ်နှစ်ပြည့်တဲ့အခါမှာတော့Estမှာမွေးရာပါ သားအိမ်ပါပြီး ကလေးရှိလာခဲ့သည်။စစသိချင်းဒယ်ဒီဆို ပျော်လွန်းလို့ငိုလိုက်တာဆိုတာ မောင်လဲတူတူပဲ
ဒီနေ့ကတော့Estကလေးမွေးရတဲ့နေ့ဖြစ်ပြီးတော့ Estနာကျင်ပေမယ့်လဲ ဒီကလေးလေးကိုတော့ သူလိုချင်သည်လေ
ခွဲခန်းရှေ့မှာတော့Williamတစ်ယောက်မထိုင်နိုင်ဘဲ ဘုရားစာကိုသာ အသေရွတ်နေလေသည်။
ခွဲခန်းမှနာစ့်တစ်ယောက်ထွက်လာပြီး "မွေးလူနာရော ကလေးရောဘေးကင်းပါတယ် ခနနေရင်ဝင်တွေ့လို့ရပါပြီရှင့်"
"ဟုတ်ကဲ့"
"William နဲ့ သူ့ဒယ်ဒီမှ ဝင်တွေ့ခဲ့ကြပြီး ဒယ်ဒီမှ"အမယ် ငါ့သားwilliamကိုဘယ်လောက်ချစ်လဲဆို မြေးကိုပဲကြည့်သူနဲ့တစ်ထပ်ထဲ"
"အယ်ဟုတ်ပါ့နော် ဟီးဟီး"(Estမှရယ်"မောမောဖြင့်ပြောလိုက်ခြင်းသာ)
"မောင်က ကိုကိုတစ်ခုခုဖြစ်မှာလဲစိုးရိမ်နေခဲ့တာ ခုဘယ်နားနာတာရှိသေးလဲ"
"မနာတော့ပါဘူး"
William တို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း ဒယ်ဒီသူ့မြေးလေးကို အသဲယားနေတာကိုထိုင်ကြည့်နေကြသည်။
ဒီနေ့ကWesleyလေးရှစ်လပြည့်တဲ့နေ့လေး သူတို့မိသားစုလိုက် ဈေးသွားကြမယ်ဆိုပြီး ခြံရှေ့ထွက်လိုက်တော့ William အဖေနဲ့တိုးလေသည်။
"သားwilliamဒါက ပါးပါးမြေးလေးလားဆိုပြီး William ချီထားတဲ့ကလေးကိုကြည့်ရင်းမေးသည်။
"ဟုတ်တယ်ဆိုပြီးestမှဝင်ဖြေလိုက်ခြင်း
"အဲ့တုန်းကအတွက်ပါးပါးတောင်းပန်ပါတယ် မင်းအန်တီခက်လဲ တောင်ပေါ်ကပြုတ်ကျလို့ဆုံးတာတစ်နှစ်ကျော်ပြီ သူလုပ်ခဲ့တဲ့အရာတွေကိုလဲ နောက်မှသိရလို့တကယ်ဝမ်းနည်းမိတယ် ပါးပါးကိုခွင့်လွှတ်နော်သား"
"ဟုတ်သားခွင့်လွှတ်ပါတယ်"
"ပါးပါးမြေးလေးကို ချီလို့ရမလား"
"ရတာပေါ့"
Wesley လေးသူ့အဘိုးလက်ထဲရောက်တော့ပြုံးပြီးကြည့်နေလေရဲ့
William ကလဲ Estကိုဖက်လိုက်ပြီး *မောင်လုပ်တာမှန်တယ်မလားဆိုတဲ့ပုံဖြင့်ပြောတော့Estမှခေါင်းညိတ်ကာပြန်ပြောလေသည်။*
ခုမှသူတို့မိသားစုစုံစုံလင်လင်ဖြင့်ရယ်မောနေကြတော့သည်။
~The End~
10.10.25
Note:ကဲဒီတစ်ပုဒ်နဲ့လဲ ပြန်လာပါပြီရှင် တစ်ပုဒ်ထဲစုရေးတဲ့အတွက်လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော် တိုသွားရင်ရော ခေါ့ထိုးနား🫶🏻နောက်တစ်ပုဒ်ကြထပ်တွေ့ကြမယ်ရှင်😗 <(ဒီနှစ်ကိုယ်တွေအိမ်ကအတွဲက ʟɪɢʜᴛɴɪɴɢ ᴄʜᴇᴇᴛᴀʜ ✨ နော် ဒီနှစ်တော့ကားယားကြီးမဟုတ်တဟုတ်ပဲကိုယ်က🤧)>စာလုံးပေါင်းစစ်မထားပါ။