"အချစ်..."
"Joong... "
"အချစ်ကိုယ်မြောက်ဖျားပိုင်းကိုစစ်တိုက်ထွက်ရမှာမို့အချစ်နဲ့ခဏခွဲနေရဦးမယ်"
"ဘယ်နေ့ထွက်ရမှာလဲjoongကျနော်ဖြင့်joongကိုလွမ်းနေရဦးမှာပေါ့"
"နောက်အပတ်လောက်ဖြစ်မယ်ထင်တယ်အချစ်"
"ဒီလောက်မြန်မြန်ကြီးလားjoongရယ်"
"မောင်တော်တို့စစ်အမှုထမ်းတွေဟာစစ်ရန်ပွဲတွေဖြစ်လာရင်မင်းကြီးကတိုက်ဆိုတိုက်ရမှာပဲလေအချစ်ရဲ့"
Phuwinလဲသူ့ရဲ့ချစ်သူဟာစစ်သူကြီးတစ်ယောက်ပေမို့မသွားခိုင်းစေချင်ပေမဲ့လဲအရှင်မင်းကြီးရဲ့အမိန့်မို့မလွန်ဆန်ရဲပေ
"Joongဒီတစ်ခါစစ်ပွဲကဘယ်လောက်ကြာမြင့်မလဲဟင်"
"မောင်တော်မပြောတက်ဘူးအချစ်ရဲ့ဒါပေမဲ့စိတ်ချပါအချစ်ရဲ့မောင်တော်ဒီစစ်ပွဲကိုဘေးကင်းစွာပြန်လာပါ့မယ်ပြီးရင်မင်းကြီးဆီလျှောက်တင်ပြီးအချစ်ကိုတင့်တင့်တယ်တယ်လက်ထပ်ယူပါ့မယ်"
"တကယ်လားjoongပျော်လိုက်တာဟီးjoongပြန်လာတဲ့အချိန်ကိုဘယ်အချိန်ထိဖြစ်ဖြစ်ကျနော်စောင့်နေပါ့မယ်"
ကလေးလေးလိုပျော်ရွှင်နေသောကောင်လေးကိုကြည့်ကာjoongအသဲတွေယားနေသည်ဒီကလေးကိုသူငယ်စဥ်ထဲကအရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတာပင်
"မိုးတွေအုံ့နေပြီအချစ်မိုးရွာတော့မယ်ထင်တယ်အိမ်ကိုလိုက်ပို့ပေးမယ်လာ"
"ဟင့်အင်းမပြန်ပါဘူးjoongနဲ့အတူမိုးရေချိုးချင်တာဟီး"
"အချစ်ရယ်မိုးရေမိပြီးဖျားရင်ဖြင့်မောင်တော်ရင်ကျိုးရချည်ရဲ့အချစ်ကိုမောင်တော်အထိအခိုက်မခံတာသိတယ်မလား"
"မသိဘူးဖျားရင်joongကိုယ်တိုင်ဂရုစိုက်ပေးလေနော်ဟောပြောရင်းမိုးပေါက်တွေကျလာပြီလာjoong ကျနော်နဲ့မိုးရေအတူချိုး"
တဖြည်းဖြည်းနဲ့အသည်းအသန်ရွာလာတဲ့မိုးရေထဲမှာကောင်လေး၂ယောက်အတူလက်ဆွဲကာပျော်ရွှင်စွာပြေးလွှားနေကြတဲ့ပုံရိပ်လေးဟာကြည်နူးစရာအတိပင်
"Joongဟိုနားကကြာပန်းခူးပေး"
"အချစ်သဘောပါဗျာအချစ်ဒီနားကစောင့်နေနော်မောင်တော်ခူးခဲ့မယ်"
"ဟုတ်ဟုတ်"
Phuwinကိုကမ်းစပ်နားမှာစောင့်ခိုင်းကာကြာပန်းသွားခူးပြီးခဏနေတော့ကြာပန်းအစည်းလိုက်ဖြင့်
"သခင်လေးအတွက်ပါဗျာကျေနပ်တော်မူရဲ့လား"
"ကြာပန်းလေးတွေကjoongခူးပေးလို့လားမသိဘူးပိုလှနေတယ်ဟီးး"
"ဟုတ်ပါပြီဗျာမိုးကတိတ်မဲ့ပုံမပေါ်တော့ဘူးအချစ်ကြာရင်ဖျားတော့မယ်လာမောင်တော်လိုက်ပို့မယ်"
"ဟွန့်joongကလဲနေချင်သေးပါတယ်ဆိုပြီးရင်joongနဲ့အကြာကြီးခွဲရတော့မှာကို"
ရင်ခွင်ထဲမှာ၀မ်းနည်းနေသောကောင်လေးအားအကြင်နာပိုကာပါးပြင်လေးအားနမ်းရှိုက်မိသည်နှုတ်ခမ်းဖူးဖူးလေးအားအကြည့်ရောက်သွားတော့အကြည့်လွဲမိသည်ဒီကလေးကိုပိုင်ဆိုင်ချင်တာမှန်ပေမဲ့ကိုယ့်အသက်ထက်မြတ်နိုးတာမို့မထိမ်းမြားခင်တော့ကိုယ့်ကိုထိန်းချုပ်ရဦးပေမည်
"အချစ်ရယ်ပြန်ရအောင်လာမောင်တော်အိမ်ရောက်ရင်လဲချက်ချင်းမပြန်သေးပဲအချစ်ကိုအဖော်ပြုဦးမှာပါ"
"တကယ်လားဟင်"
"မောင်တော်ဘယ်တုန်းကများအချစ်ကိုလိမ်ဖူးလို့လဲ"
"ဟီးဒါဆိုပြန်ကြမယ်joong"
Joongလက်ကိုဆွဲကာမိုးရေထဲပြေးရတာphuwinအလွန်ပင်နှစ်သက်လေသည်joongလိုလက်ရုံးရည်နှလုံးရည်နဲ့ပြည့်၀သောစစ်သူကြီးကိုလိုချင်နေသောမိန်းမပျိုလုလင်ပျိုတွေကြားမှသူ့လိုလူကjoongကိုပိုင်ဆိုင်ရတာသူဘယ်လောက်တောင်ကံကောင်းလိုက်သလဲ
"အချစ်အိမ်နားတောင်ရောက်နေပြီကိုယ့်မျက်နှာမှာဘာတွေရှိလို့ကြည့်ရီနေတာလဲ"
"ချောမောမှုတွေလေjoongရဲ့"
"ဟာအဲ့တာကြောင့်ကိုယ့်မှာအသဲတယားယားနဲ့ချစ်နေရတာ"
"Phuwinမင်းလာပါဦးအာစစ်သူကြီးလဲပါတာလားစစ်သူကြီးကိုဒီအမတ်အိုကြီးကဂါရ၀ပြုပါရစေ"
"အမတ်ကြီးထပါနောင်လဲအမျိုးတော်ရမှာပဲကို"
"ဒီကောင်လေးတော့စစ်သူကြီးကိုထပ်ဆိုးနေပြန်ပြီထင်ပါတယ်"
"ကျနော်အလိုလိုက်ထားတာပါအမတ်ကြီးရယ်"
"ဟုတ်တယ်joongပြောလိုက်"
"ကယ်အဖေကြီးရယ်ပြောမနေနဲ့စစ်သူကြီးကကျမတို့သားလေးကိုဘယ်လောက်ချစ်လဲရှင်မသိတာလဲမဟုတ်ဘူးကယ်ကယ်သားသွားအခန်းထဲအ၀တ်လဲပြီးစစ်သူကြီးကိုပါလဲစရာအ၀တ်တစ်ခုခုပေးလိုက်"
"ဟုတ်ကဲ့ပါလာjoong"
Joongလဲphuwinနဲ့အတူအခန်းထဲ၀င်ကာအိင်္ကျီ၀တ်ပြီးတာနဲ့တန်းအိပ်ဖို့ပြင်နေတဲ့အဆိုးလေးကြောင့်
"အချစ်လာကိုယ်ခေါင်းသုတ်ပေးမယ်တန်းမအိပ်နဲ့ခေါင်းကိုက်မယ်"
"ဟုတ်"
Joongလဲခေါင်းကိုသေချာစွာသုတ်ပေးပြီး
"အချစ်ဗိုက်ဆာလားကိုယ်သွားယူပေးရမလား"
"ဟင့်အင်းကျနော်အိပ်ချင်ပြီjoongရင်ခွင်ထဲမှာအိပ်မယ်နော်ဟီး"
"သဘောပါဗျာ"
Joongလဲphuwinကိုဖက်ပြီးအိပ်ပျော်သွားတော့သည်
မနက်ရောက်သော်
အခုထိအိပ်နေသေးတဲ့ကောင်လေးကိုကြည့်ကာjoongပြုံးလိုက်မိသည်နဖူးကိုစမ်းကြည့်တော့ကိုယ်နည်းနည်းပူနေသေးတာပင်
Joongလဲphuwinကိုဘေးအနည်းငယ်ရွေ့ကာဆောင်သေချာချုံပေးပြီးမီးဖိုခန်းထဲကိုထွက်လာလိုက်သည်
"အိုစစ်သူကြီးအစောကြီးနိုးနေတာလားကွယ်ဘာလိုချင်လို့လဲ"
"Phuwinကိုယ်နည်းနည်းပူနေလို့"
"အရီးလေးဆေးကျိုပြီးဆန်ပြုတ်ပြုတ်ပေးလိုက်မယ်လေ"
"ရတယ်ဗျကျနော်ကိုယ်တိုင်ဆေးကျိုလိုက်မယ်အချစ်အဲphuwinကဆေးအရမ်းခါးရင်မသောက်ချင်ဘူးဆန်ပြုတ်ကလဲသူမကြိုက်တော့ကြက်ပေါင်းရည်လေးပဲလုပ်ပေးလိုက်ပါ့မယ်"
"အမလေးသားငယ်လေးကကံကောင်းလိုက်တာနော်ဒီလိုချစ်သူလေးရှိတာ"
"ကျေးဇူးပါဗျ"
"ဒါဆိုလဲကျိုလေလိုတာရှိရင်အရီးကိုခေါ်လိုက်ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါဗျ"
Joongတစ်ယောက်မီးဖိုခန်းထဲတွင်၁နာရီလောက်အလုပ်ရှုပ်ပြီးနောက်ကြက်ပေါင်းရည်အနံ့မွှေးမွှေးလေးဟာတစ်အိမ်လုံးကိုပျံ့နှံ့နေသည်
ကြက်ပေါင်းရည်နဲ့ကျိုထားသောဆေးကိုစားပွဲပေါ်အုပ်စောင်းလေးနှင့်အုပ်ကာ
Phuwinရှိရာအခန်းဆီပြန်လာပြီး
"အချစ်ထတော့လေကွာအိပ်ပုတ်လေးရဲ့"
"ဟာjoongကလဲအစောကြီးရှိသေးတာကိုအိပ်ချင်သေးတယ်"
"အင်းပါအိပ်ချင်ရင်လဲဆက်အိပ်ဦးနော်မောင်တော်အရှင်မင်းကြီးကအခေါ်လွှတ်ထားတာမို့သွားရဦးမယ်ဆေးနဲ့ကြက်ပေါင်းရည်လေးလုပ်ပေးထားတယ်သိလားညနေမှမောင်တော်တစ်ခေါက်လာမယ်"
သူပြောနေတာကြားရောကြားရဲ့လားမသိအိပ်ချင်းမူးတူးနဲ့အွန်းအွန်းလုပ်နေသောကလေးကိုjoongတစ်ယောက်အသဲတွေယားလာကာနဖူးလေးကိုအနမ်းပေးပြီးထွက်လာလိုက်သည်အိပ်ယာထဲကကောင်လေးကတော့အပြုံးတွေနဲ့ပေါ့
...........................
Happy Gemini Day par
မတော်ရတဲ့ရည်းစားလေးGemGemမွေးနေ့အမှတ်တရ