Though We Are Different (Ep-8)
............................................................................
" ဟင်း... ပျင်းဖို့ကောင်းလိုက်တာ.. ..
ဒီအိမ်ကြီး ထဲ ရောက်နေတာ.. သုံးလေးရက်ရှိပြီ...
ဘယ်မှ မသွားရ.မလာရ.. ဘာမှ မလုပ်ရနဲ့၊ ဘယ်ချိန်ထိ.. ဒီလိုနေရဦးမယ်. မသိဘူး... "
Changmin က ငြီးတွား ရင်း ပြောလေသည်။..
"Changmin ah.., ဘာလို့ အဲ့လောက်တောင် ငြီးနေရတာလဲကွာ... ငါတို့တော့ ဘာမှ မဖြစ်ပါဘူး.."
Junsu က ခပ်အေးအေး ပဲ ပြောလိုက်သည်။....
"ဟွန်း...... ဘယ်ပျင်းနိုင်မလဲ သူတို့က အတွဲ ကိုယ်စီ နဲ့ ပြုံးပျော်နေလိုက်ကြတာ.. "
Chnagmin က မကျေ မနပ်ပြောလိုက်သည်။..
သူပြောလည်း. ပြောချင် စရာပင်... Yunho နဲ့ Yoochun တို့ နှစ်ယောက် ဒီကို ရောက်လာကတည်းက.. Jaejoong ရော.. Junsu ရော က တတွဲတွဲ နဲ့ အဆင်ကို ပြေနေကြသည်။..
Jaejoong ဆိုလည်း ကြည့်...
Yunho မရောက်လာခင် တုန်းက.ဆို အခန်းက အခန်းပြင် မထွက်လို့.. Changmin ခမျာ နည်းအမျိုးမျိုး နဲ့ ကြိုးစားတာတောင် မရတာ... အခုတော့.. Yunho ဘေးမှာ ပြုံးလို့ ပျော်လို့...
Junsu ကလည်း.. သိပ်မကွာလှ... အစက တော့ ကြည့်မရလို့ဆိုပြီး တကျက်ကျက် ရန်ဖြစ်နေတဲ့နှစ်ယောက် .
ခုကျတော့ ဘယ်လို ဘယ်လို ပြန်ပြီးအဆင်ပြေနေလဲ မပြောတတ်...
...............................
"Yunho..ah.., ဒီမှာ တစ်ယောက်တည်း ထိုင်ပြီး ဘာတွေ စဉ်းစားနေတာလဲ... "
Yoochun က တစ်ကိုယ်တည်း ငေးမောပြီး.. ထိုင်နေတဲ့ Yunho နားကို သွားရင်း မေးလိုက်သည်။..
" ငါတို့ .. ဘယ်ချိန်ထိ. ဒီလို ပုံစံမျိုးနဲ့ နေရဦးမလဲ. မသိဘူး.. "
Yunho က ပြောလိုက်ရင်း.. သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။...
" အချိန် တစ်ခု တော့ စောင့်ရမှာပေါ့ကွာ...
မင်းက ဘာဖြစ်လို့လဲ.... "
" ငါကြောက်လာပြီ......
" မင်းက ဘာကို ကြောက်တာလဲ... "
" Jaejoong အပေါ် ငါထားတဲ့ စိတ်က ရိုးသားနိုင်ပါတော့ မလား မသိဘူး....
သူနဲ့ အနေနီးလာလေလေ.... ငါ သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ စိတ်က ပိုပို လေးနက်လာတယ် .
ကြာလာရင်.. ငါ့စိတ် ငါ မထိန်းနိုင်တော့မှာ ကြောက်တယ်..."
ငါတို့ နှစ်ယောက်ရဲ့ ကံကြမ္မာ ကလည်း.. ဘယ်လိုမှ နီးစပ်လို့ မရတဲ့ ကံကြမ္မာ မျိုးဆိုတော့.. ငါ ရှေ့ဆက် မတိုးချင်ဘူး.."
"မင်းသေချာ စဉ်းစားဖို့ လိုနေပြီ လို့ ငါထင်တယ်.Yunho.. "
"စဉ်းစားရမယ်....?
ငါကဘာကို စဉ်းစားရမှာလဲ..... "
"ဘယ်ဟာ ရှိရဦးမှာလည်း... Jaejoongကို ပေါ့...
ငါက တော့ စဉ်းစားပြီးလို့..အားလုံးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီ...."
Yoochun စကားကို ကြာတော့.. Yunho က နားမလည်နိုင်စွာနဲ့.. Yunchun ကို ကြည့်လိုက်သည်။...
" ငါ.. Junsu ကို ချစ်တယ်....
အဲ့ကိစ္စ နဲ့ ပတ်သက်လို့ လည်း.. ငါသေသေ ချာချာ စဉ်းစားပြီးပြီ....
အခု ကိစ္စ တွေ အားလုံး ပြီးလို့ အေးချမ်းသွားတဲ့ အချိန် ရောက်ရင်.. ငါ ဒီ Angel ဆိုတဲ့ ဘဝ ကို စွန့်လွတ် လိုက်တော့မယ်..
ပြီးရင်.. ငါချစ်ရတဲ့ သူနဲ့ ပဲ အေးအေးချမ်းချမ်း ဖြတ်သန်းတော့ မယ်... "
Yoochun က ပြောလိုက်ရင်း.. ကြည်နူးစွာ ပြုံးလိုက်မိသည်။..
Yoochun စကား ကို ကြားတော့.. သူ တွေ ဝေသွားမိသည်။...
သူမှာသာ.. ဘာလုပ်ရမှန်းမသိဝေဝါးနေပေမယ့်.. Yoochun က တော့ ပြတ်ပြတ် သားသား ဆုံးဖြတ် ချက် ချနိုင်ခဲ့သည်။... အချစ် အတွက်ဆိုပြီး... အားလုံးကို စွန့်လွှတ်ရဲ တဲ့ Yoochun ကို လည်း သူ အားကျသည်။....
ဒါပေမယ့်.. သူ Yoochun လို လုပ်နိုင် ပါ့ မလား လို့ သူ တွေးမိသည်။..
သူ ငယ်ငယ် လေးထဲ က စိတ်ကူး ယဉ် ခဲ့ ရတဲ့ အိမ်မက် က ဒီလောက မှာ...စွမ်းအား အမြင့် ဆုံးဆိုတဲ့ Angel တစ်ဦး ဖြစ်ချင်ခဲ့တာ.... အဲ့ဒါ ကြောင့်လည်း. သူ အခုလို..Double Half လိုက်ရှာဖို့ ဆိုတဲ့ တာဝန်မျိုးရအောင် သူကြိုးစားခဲ့. ဒီနေရာ မျိုးရောက်ဖို့ ဆိုတာ..သိပ်တော့ လွယ်တာ မဟုတ်...., Angel တိုင်းရနိုင်တာ မဟုတ်...
သူ အပင်ပန်းခံ ပြီး ငယ်ငယ်ထဲက ကြိုးစားလို့သာ.. ဒီအခြေအနေ ရောက်လာခဲ့တာ......
" ငယ်ငယ်တည်းက.. တစ်ညမှ မပျက်ဘဲ.. အမြဲ စိတ်ကူးယဉ်ခဲ့ရတဲ့ အိမ်မက်ကို.. မကြာသေးခင်လောက်က မှ တွေ့ရှိခဲ့ တဲ့... အချစ်ဆိုတဲ့ အရာက ပျက်စီးပစ်နိုင်လို့လား.. "
" အဲ့ဒါက မင်း ဘာသာ စဉ်းစားကြည့်လေ....
ဘယ်အရာ က မင်း ဘဝ အတွက် အရေးပါလဲ ဆိုတာ...."
" မင်းလဲ သိတာ ပဲ.. မင်းနဲ့ က အိမ်မက်တူ လို့ ဒီနေရာမှာ အတူတူ ရှိနေတာ ပေါ့... , ဒါပေမယ့်.
ငါက တော့. ငါ့ အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို ရွေးချယ်လိုက်တာဘဲ...
ငါ ရဲ့ တာဝန်ကို ငါ ပြီးအောင် ဆောင်ရွက်မယ်... ငါ Angel တစ်ယောက်အနေနဲ့ လုပ် ပေးနိုင်သမျှ လုပ်ပေးခဲ့မယ်.. ဒါ.. ငါရဲ့.. အခု အိမ်မက် အသစ်ပဲ...."
" တကယ်လို့.. မင်း က မင်းရဲ့ အရင် အိမ်မက်ကို ပဲ.. ဆက် မက်မှာ ဆိုရင် တော့.. မင်း. Jaejoong နဲ့ အခုလို ရင်းရင်း နှီးနှီးနေတာကို ဆင်ခြင်သင့်တယ်... မင်း သူ့ကို .. အိမ်မက်တွေ မပေးသင့်ဘူး.....
"အေးပါ.. ငါ စဉ်းစား ကြည့်လိုက်ပါမယ်...
...................................................
"Jaejoong.., မင်းရဲ စွမ်းအားတွေ က ခုတလော.. ဘာမှ မထူးခြားသလိုပဲ.. ထူးထူးခြားခြား. ဖြစ်တာတို့ ခံစားရတာ တို့ကော.. မဖြစ်ဘူးလား.."
Junsu က တစ်ယောက်တည်း ထိုင်နေသော Jaejoong ဘေးနားသို့ ဝင်ထိုင်ရင်း မေးလိုက်သည်။..
" ဒီရက်ပိုင်း.. ဘာမှ မထူးပါဘူး.Junsu ရာ...
အရင်ကမှ.. နည်းနည်းပါးပါး သုံးလို့ ရသေးတယ်... အခုရက်ပိုင်း.. ဘာအစွမ်းမှကို ပေါ်မလာတော့ဘူး....
ငါကို ငါတောင် .. Double Half အစစ် ဟုတ်ပါ့မလားလို့တောင် သံသယ ဝင်ချင်လာတယ်...."
Jaejoong က စိတ်ပျက်လက်ပျက်နဲ့ ပြောလေသည်။
"ငါတော့.. ဒီကိစ္စကို မြန်မြန် ပြီးစေချင်ပြီ...
မင်း လည်း.. အစွမ်း တွေ အပြည့်ဝ ဆုံး အချိန် မြန်မြန်ရောက်.. Hyung တွေ လည်း တာဝန် မြန်မြန် ပြီးစေချင်ပြီ... "
" မင်း က ဘာလို အဲ့လောက်လောနေရတာလဲ... အချိန်တန်ရင်
ပြီးသွားမှာပေါ့.... "
" ဟဲ.... ဘာလို့လဲ ဆိုတော့....အဲ့ဒီ့ အချိန် ရောက်မှ Chunnie နဲ့ ငါ နဲ့ အတူတူ နေလို့ရမှာလေ.... "
"Chunnie.... ?
Jaejoong က နားမလည်သည့် ဟန်နဲ့ မေးလိုက်သည်။..
" Yoochun hyung ကို ပြောတာလေ....
သူက ငါကို ချစ်ခွင့်ပန်ထားတယ်........
" ဘယ်လို...!
Junsu စကားကြောင့် Jaejoong မှာ မယုံကြည်နိုင်လာက်အောင် တအံတသြ ဖြစ်ရတော့သည်။... စစ သိကတည်းက တကျက်ကျက် ရန်ဖြစ်နေခဲ့ တဲ့ နှစ်ယောက် မဟုတ်လား..., ဒီ အိမ်ကို ရောက်တဲ့ နောက်ပိုင်းမှာတော့ နှစ်ယောက်သား ရင်းရင် နှီးနှီး ရှိလာတယ် ဆိုတာ သတိထားမိပေမယ့်.. ဒီလောက် ထိ မြန်မြန်ဆန်ဆန်ကြီး.. ဖြစ်သွားလိမ့်မယ် လို သူ မထင်ခဲ့......
" Chunnie. ပြောတယ်...., ဒီ ကိစ္စ အားလုံးပြီးရင်.. သူက အားလုံကို စွန့်လွှတ်ပြီး. ငါနဲ့ အတူတူ နေချင်တယ်တဲ့.... "
" အဲ့ဒီ့တော့.. နင်က ဘာပြန်ပြောလိုက်လဲ..., နင်က ရော.. နင့်ရဲ့ Deavil စွမ်းအင်တွေကို စွန့်လွှတ် နိုင်မှာလား... "
" မင်းကလည်း.. သူလို့ Pure တစ်ယောက်က တောင် စွန်လွှတ်ရဲသေးတာ...ငါ့လို ဘာမဟုတ်တဲ့ မဆိုသလောက် အစွမ်းရှိတဲ့ Half တစ်ယောက်က ဘာ မစွန့်လွှတ်ရဲ စရာ ရှိလဲ...... , "
"အဲ့ဒါဆို.. မင်းတို့ နှစ်ယောက်ရဲ့.. အခု အခြေအနေက ဘယ်လိုလဲ.... "
" သူ့ ရဲ့ တာဝန် တွေ မပြီးသေးခင် အချိန်ထိ ငါ တို့ နှစ်ယောက် ရိုးရိုး သားသား နဲ့ နေသွားကြဖို့ စိတ်ကူးထားတယ်...
အဲ့ဒါကြောင့်မလို့.. မင်းကို. စွမ်းအားတွေ မြန်မြန် ပြည်အောင်လုပ် ပြီးရင်..မင်းအစွမ်းကို.. Angel တစ်ယောက်ယောက်ကို မြန်မြန် လွဲ ပေးလိုက်တော့..... "
"Hmmm..... ငါက ငါ့ရဲ့ စွမ်းအားတွေကို Yoochun Hyung ကို လွဲ ပေးမယ် စိတ်ကူးထားတာ...
"
"ဘာ..! ဘာပြောတယ်...
Jaejoong စကားကြောင့် Junsu မှာ အလန့်တကြား ထ အောင်ရင်း...
" Yaah ! မင်းဘာသာ ကြိုက်တယ် Angel မက လို့ Devil ကို ပေးချင်ရင် ပေး.. ငါ့ရဲ့ Yoochun ကို တော့ မပေးပါနဲ့ကွာ... ! ငါတို့ နှစ်ယောက် တစ်သက်လုံး ဝေးသွားရပါဦးမယ်.....
Jaejoong က Junsu ထိတ်ထိန်လန့် လန့်  ဖြစ်နေတဲ့ ပုံကို ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။..
" Haa Haaa..., အေးပါကွာ..... , ငါက နောက်တာပါ.. မင်းဘယ်လောက်ထိ လန့်သွားမလဲ သိချင်လို့ပါ.... "
" ဟူး... နောက်တာဆိုရင်တော့ တော်သေးတာပေါ့... "
"ဒါနဲ့ မင်းတို့ နှစ်ယောက်ရဲ့ အခြေအနေကရော.. ဘယ်ထိရောက်နေပြီလဲ...."
Junsu က Jaejoong ကို ပြန်မေးလိုက်သည်။..
"ငါတို့နှစ်ယောက်က ရိုးရိုးသားသားပါဘဲ... , မင်းတို့လို့ မဟုတ်ပါဘူး... "
" ဒါပေမယ့်.... မင်းက Yunho Hyung ကို ကြိတ်ကြွေနေတာ မဟုတ်လား... "
"Yah! ဘာ လို့ မဟုတ်တာတွေ လျှောက်ပြောနေတာလဲ...
ငါ က သူ့ကို ရိုးရိုးသားသား အစ်ကို တစ်ယောက်လိုပဲ အားကိုးတာပါ...
" လုပ်မနေပါနဲ့ Kim Jaejoong ရာ... ,
မင်းပုံစံ က အသိသာကြီးပဲ ကို.... "
Jaejoong က လည်းJunsu နဲ့ အပြိုင် ငြင်းလို့ မရနိုင် တော့တဲ့ အဆုံး ဝန်ခံလိုက်ရတော့သည်။....
"ငါ ဘက်က တဖက်သက်ပါ... , သူက ငါ့အပေါ်မှာ.. ဘာခံစားချက်မှ ရှိပုံ မရပါဘူး... ,
ခုတလော.. ပိုတောင် ဆိုးသေးတယ်.. ငါ့ကို ဆိုရှောင်ရှောင်နေတယ်... နှစ်ယောက်တည်း ဘယ်တော့ မှ အတွေ့ မခံဘူး... "
" အဲ့ထဲက သူ မရိုးသားတာ ပေါ့..., တကယ်တမ်း သး ရိုးသားရင်.. ဘာလို့ ရှောင်နေဖို့လိုမှာလဲ... , အခုလို ရှောင်နေတယ် ဆိုတည်းက မင်းနဲ့ ပတ်သက်ပြီး.. သူ့စိတ်ထဲ မှာ တစ်ခုခု ဖြစ်နေလို့ပဲ...."
" ငါတော့ နားမလည် နိုင်တော့ပါဘူး.. Junsu ရာ....
ဘာပဲ ဖြစ်ဖြစ် ငါ မင်းတို့ နှစ်ယောက်ကိုတော့ တကယ်အားကျတယ်...."
.........................................................................
" Hyung...., ခုတလော.. ကျွန်တော့်ကို ရှောင်နေသလိုပဲ....
" မရှောင်ပါဘူး.. Jae ရဲ့.. ကိုယ်က ဘာကိစ္စ နဲ့ မင်းကို ရှောင်းရမှာလဲ.... "
" ဒါပေမယ့်.. Hyung ရဲ့ ပုံစံ က အရင် နဲ့ မတူတာ တော့ အမှန်ပဲ.... "
" ထင်လို့ပါ... ကိုယ် အရင်တိုင်းပါဘဲ... "
Yunho က Jaejoong ရဲ့ အမေးကို စိတ်မပါ သည့်ဟန် နဲ့ ပြန်ဖြေလိုက်သည်၊.....
" Hyung.., ကျွန်တော် ခု ချိန်... လူတစ်ယောက်ကို ချစ်လို့ ရမလား.... "
Jaejoong က Yunho မျက်နှာ ကို သေချာ စေ့စေ့ ကြည့်၍ မေးလိုက်သည်။..
" ဟင့်အင်း.... မင်းမှာ. ချစ်ခွင့် မရှိဘူး... , မင်း ချစ်တာကို ကိုယ်ခွင့်မပြုနိုင်ဘူး...., မင်းရဲ့ Double Half စွမ်းအားကို စောင့်ရှောက်ဖို့ ငါ့မှာ တာဝန်ရှိတယ်.. ဒီစွမ်းအားတွေကို. ဘယ်လို နည်းနဲ့မှ... အလကားသပ်သပ် အဆုံးရှုံး မခံနိုင်ဘူး....."
" Hyung သာ.. ကျွန်တော့ နေရာမှာ ဆိုရင်ကော... ဘယ်လို စဉ်းစားမှာလဲ...."
" ကိုယ် သာ မင်းနေရာမှာဆိုရင်...သူ့ကို ဘယ်လောက်ပဲ ချစ်နေမိ ချစ်နေမိ... ဖြစ်သင့်တာ ကို ပဲ ဦးစားပေးမယ်... , အချစ်ဆိုတာထက် တခြားဦးစားပေး စဉ်းစား ရမှာတွေ အများကြီးပါ... "
>>> ကိုယ်.. မင်းကို ဘယ်လောက်ပဲ ချစ်နေမိပါစေ.... မင်းကို ပိုင်ဆိုင်ရဖို့ ဘယ်တော့မှ မစိတ်ကူးဘူး ., အတတ်နိုင်ဆုံး.. ဒီချစ်ခဲ့ မိတဲ့ စိတ်ကို ဖျောက်ဖျတ်နိုင်ဖို့ ကြိုးစားမှာပါ.... မင်းလည်း..ကိုယ့် အပေါ်မှာ ထားတဲ့ စိတ်ကို အတတ်နိုင်ဆုံး ဖျောက်ဖျက် ပစ်လိုက်ပါ.. Kim Jaejoong... >>
...................................
Hyung! Hyung! .လုပ်ပါဦး.. Jae... ဘာဖြစ်တာလဲ မသိဘူး..
ညသန်းခေါင်းယံကြီး မှာ.. ရုပ်တရက် ထွက်ပေါ်လာတဲ့ .Junsu ရဲ့ စိုးရိမ်တကြီး အော်လိုက်တဲ့ အသံကြောင့် တအိမ်လုံးနိုးသွားပြီး... Jaejoong တို့ အခန်းဆီ ပြေးသွားကြလေသည်။..
Jaejoong နဲ့ Junsu က အပေါ်ထပ်မှာ ရှိတဲ့ နှစ်ယောက်ခန်းမှာ.. အတူတူ အိပ်ကြသည်။..သူတို့ ဘေးအခန်းမှာတော့ Changmin က အိပ်သည်။.. Yunho နဲ့ Yoochun က တော့ အိမ်အောက်ထပ်မှာ ပဲ အိပ်သည်။...
" Junsu ah.., ဘာဖြစ်လို့လဲ.... "
" Jaejoong .. ဘာဖြစ်တာလဲ မသိဘူး.. တကိုယ်လုံး ချွေးစေးတွေ ထွက်နေပြီး.. ညဉ်းပဲ ညဉ်းနေတယ်.... , နိုးကြည့်တော့လည်း.. သတိမလည်လာဘူး.... သူ့ကြည့်ရတာ.. တစ်ခုခု ဖြစ်နေသလိုပဲ.... "
Yunho တို့ရောက်လာပြီး.. Jaejoong ကို ကြည့်လိုက်တော့လည်း.. Jaejoong မှာ Jumau ပြောသည့် အတိုင်ပင်..., ဝေဒနာ တစ်ခုခု ကို ပြင်းပြင်းထန်ထန် ခံစားနေရသည့် ပုံစံ...
"Jaejoong....! Jaejoong..!
Yunho က Jaejoong ဘေးကို သွားရင်.. အသာအယာ လှုပ်နိုးကြည့်လိုက်တော့... သူ့ မျက်လုံးကို ဖြည်းဖြည်း ချင်းဖွင်ကြည့်လိုက်ရင်း.....
"H..y..u..n...g......."
တုန်ရီ နေတဲ့.. အသံနဲ့.... အရမ်းနာကျင်နေတဲ့ ပုံစံပေါက်နေတဲ့.. သူ့မျက်နှာကို မြင်ရတာ နဲ့တင်.. သူရင်ထဲ စူးခနဲ ဖြစ်သွားရသည်။...
"Jae... ah..., ဘယ်လို ဖြစ်တာလဲ..ခုဘယ်လိုနေလဲ....."
"မ.သိ..ဘူး..., တကိုယ်လုံး.. ပူလောင်ပြီး.. နာကျင်နေတာ...
ဘယ်လို..မှ. နေလို့မရဘူး.. "
" ကျွန်တော့် အထင်တော့ .. Jaejoong Hyung.. စွမ်းအားတွေ ပြည့်ဝတော့မယ့်.. အချိန် ရောက်တော့မယ်ထင်တယ်..."
Changmin က Jaejoong ပုံစံကို ကြည့်ပြီး ပြောလိုက်သည်။.
"သူ့ ခန္ဓာကိုယ် ထဲမှာ ရှိတဲ့စွမ်းအားတွေက အရမ်းမြင့်လွန်ပြီး..စွမ်းအား နှစ်ခုကလည်း ဆန်ကျင်ဘက်ဆိုတော့.. သူ့ ခန္ဓာကိုယ်ထဲ ကပြောင်းကပြန်တွေ ဖြစ်နေတာ ထင်တယ်....."
" ဘယ် အချိန်ထိ .သူက ဒီလို ခံစားနေရဦးမှာလဲ... "
Yumho က စိုးရိမ် တကြီးနဲ့မေးလိုက်သည်။..
"အဲ့ဒါတော့ ကျွန်တော်လည်း.. သေချာ မသိဘူး... "
"ငါတို့ ဒီတိုင်းဆက်ကြည့်နေလို့ တော့ မဖြစ်တော့ဘူး ထင်တယ်... ကြာလာရင်... Jaejoong ဒီဒဏ် မခံနိုင်တော့ မှာ စိုးရိမ်ရတယ်....."
Yoochun က ကြားက ဝင်ပြောသည်။...
" ဒီအခြေအနေ ကို ဖြတ်ကျော်နိုင်ရင်တော့.. သူ ကောင်းသွားမှာပါ.... , ဒါပေမယ့်. အဲ့ အချိန်ထိ..သူ ခံနိုင်ပါ့ မလား.ဆိုတာ မသိတော့ဘူး.. "
" ငါတော့ ဒီအတိုင်း ဆက်မကြည့် နေနိုင်ဘူး..., ဟို.. Double Half ဖြစ်ခဲ့တဲ့ အဘွားဆီ သွားမေးရင်တော့ နည်းလမ်း တစ်ခုခု သိနိုင်လောက်တယ်..., ငါ သူ့ဆီ..ခု ချက်ချင်း သွားတွေ့မှ ဖြစ်မယ် .... "
" မင်း မသွားနဲ့.... ငါပဲ သွားလိုက်မယ်...
မင်းက Jaejoong အနားမှာပဲ နေလိုက်ပါ.... "
Yoochun ကJaejoong စိတ်နဲ့ စိုးရိမ်တကြီးဖြစ်နေသော..Yunho ကို တားလိုက်သည် ။
.................
ဝေဒနာကို. ကျိတ်မှိတ်ခံစားနေရသော.. Jaejoong ရဲ့ နံဘေး.. ကို သူ ထိုင်လျှက်..Jaejoong ရဲ့ လက်ကို.. သူ့ လက်တစ်စုံ နဲ့ ဆုတ်ကိုင်လိုက်ရင်း.....
"Jae.ah...., ဒီလို ပုံစံနဲ့ တော့.. ကိုယ့်ကို ခံစားရအောင် မလုပ်ပါနဲ့ ...
မင်းက ကိုယ် အတွက် အရမ်း အရေးပါရတဲ့ သူပါ...
ဒါပေမယ့်.. Double Half ဖြစ်နေလို့.. အရေးပါးရတာမျိုး မဟုတ်ရပါဘူး...
ကိုယ် အရမ်းချစ်ရတဲ့သူမို့ပါ....
အခု အချိန်မှာ..ဒီစွမ်းအားတွေက ကိုယ်.. ဘာကိုမှ မတောင့်တတောင့်ဘူး.. မင်းရဲ့ ရှားပါးအဖိုးတန်လှတယ် ဆိုတဲ့ Double Half ကို လည်း မလိုချင်ဘူး....
မင်းရဲ့ လှပတဲ့ မျက်လုံးတွေ နဲ့ ကိုယ့်ကို ပြုံးပြတဲ့ အပြုံးကိုပဲ ကို လိုချင်တယ်........
.............TBC........................
နဂို စဉ်းစားထားတဲ့ ပုံစံတိုင်းဆို. ဒီအပိုင်းလောက်ဆို သိမ်းမလိုဘဲ...ဒါပေမယ့် plot ပြောင်းလိုက်တော့ ပိုရှည်ဦးမယ် ထင်တယ်...
ဒီတစ်ခါ နည်းနည်း ပိုရှည်အောင်ရေးပေးထားတယ်နော်...
အာ့ကြောင့် Feedback ရှည်ရှည်လေးပေးနော် :*