Unicode
" ပိတောက်တစ်ခက် ချစ်တစ်သက် "
သင်္ကြန်အကြိုနေ့ . . .
ရှာပုံတော် မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ
ဘယ်အရပ်ကို ဇာတိမှန်းလည်း မသိတော့ အခက်တွေ့ပြီ
မနှစ်ကပေးတဲ့ မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ
မမှတ်မိတော့ ခက်သားလှ ဒေဝီ
ဘုန်းကြီးကျောင်းက ပျံ့လွင့်လာသည့် သင်္ကြန်သီချင်းကို ကြားရသောအခါ ဝမ်းနည်းရသည်က အမှန်။ အချစ်ဦးနှင့် လွဲချော်ခဲ့ရသည့် ဟောသည် အတာသင်္ကြန်သည် ကျွန်တော့်အတွက်တော့ မုန်းတီးဖွယ် ကောင်းခဲ့သည်။ သင်္ကြန်ရောက်လျှင် ပိုပြီး မပျော်မရွှင် ဖြစ်ရသည်မှာ နှစ်အတော်ပင် ကြာခဲ့ပြီ။
တစိမ့်စိမ့် တွေးပြီး ဝမ်းနည်းရသည်ကြောင့် မျက်ဝန်းထက်တွင် မျက်ရည်များ အိုင်ထွန်းလာခဲ့၏။ ပါးပြင်ပေါ် စီးကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည်။
" မိုးဝေ "
အိမ်ပေါ်က အော်ခေါ်သည့် အသံကြောင့် အတွေးများကို ရပ်တန့်လိုက်ရသည်။
" ရွာအဝင်ရောက်နေပြီ သွားကြိုလိုက်တော့ "
" ဟုတ်ကဲ့ အမေ "
သည်နေ့လို သင်္ကြန်အကြိုနေ့မျိုးတွင် ရန်ကုန်က ဧည့်သည်တွေ ရောက်လာပြီမို့ ရွာအဝင်တွင် သွားကြိုခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုင်ကယ်ပေါ် တတ်လိုက်ကာ စက်နှိုးလိုက်တော့၏။ ဧည့်သည်ဆိုသည်မှာ တခြားလူ မဟုတ်၊
အစ်မ့ယောကျာ်း၏ ညီဝမ်းကွဲပင် ဖြစ်ချေသည်။ သို့သော် ထိုလူတွေကို တစ်ခါမှ မမြင်ဖူးချေ။
ကျွန်တော့်နာမည်က ချစ်မိုးဝေ။ ကျွန်တော့်အစ်ကိုနာမည်က ချစ်မိုးဆွေ ဖြစ်ပြီး အစ်မနာမည်ကတော့ ချစ်မိုးမေပင်။ မောင်နှမသုံးယောက်ရှိသည့်အနက် ကျွန်တော်က အငယ်ဆုံးသားပင် ဖြစ်၏။ အလုပ်အကိုင်ဟူ၍ မယ်မယ်ရရ မရှိ။ အစ်ကိုနှင့် အစ်မကတော့ အိမ်က တောအလုပ်ကိုပဲ ကူလုပ်ပေးကြ၏။ ကျွန်တော့်ကိုတော့ တစ်အိမ်လုံးက ဘာအလုပ်မှ မခိုင်းပေ။
နှစ်သစ်ကူးမှာ ပိတောက်ဝါလေးတွေ ပွင့်တော့သည်
ဥသြငှက်တွေ တွန်သံကြားရင် လွမ်းသံသရာရှည်
တေးသံကြားရာ လိုက်ရှာလည်း တို့မတွေ့ပြီ
သို့သော် သို့သော် ဘယ်နေရာမှန်း ဝေးနေပြီ
နားထဲကြားလာရသည့် သီချင်းက ခပ်ကျယ်ကျယ်။ ရွာဦးကျောင်းဘေး ရောက်လာပြီမို့ သီချင်းသံက အကျယ်ကြီးပင်။ ကျောင်းဝန်းထဲက ထန်းပင်တွင် အသံချဲ့စက်ကြီးက ရွာထဲဘက် မျက်နှာမူနေ၏။
တဖြည်းဖြည်းနှင့် ကျွန်တော့်၏ ဆိုင်ကယ်လေးသည် ရွာအဝင်ဝကို လှမ်းနေချေ၏။ ရွာဦးကျောင်းကျော်လျှင် ရွာအဝင်ကို ရောက်ပြီဖြစ်သည်။
ထန်းပင်များက ဘေးနှစ်ဖက်တွင် စီတန်းကာ ရွာအဝင်လမ်းမလေးကို ကာရံထား၏။ ထန်းပင်ကုန်းရွာ ဟူသည့် ဆိုင်းဘုတ်လေးရှေ့ ဆိုင်ကယ်ကို ရပ်လိုက်သည်။ ထိုနေရာတွင် ဧည့်သည်မပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မှီးပင် မတွေ့ရချေ။ ထို့ကြောင့် ဘုန်းကြီးကျောင်းဘက်က ပျံ့လွင့်လာသည့် သင်္ကြန်သီချင်းများကို လေလေးတချွန်ချွန်ဖြင့် လိုက်ညည်းနေမိသည်။
ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကစဥ်
လက်ခုပ်သံ စည်းချက်လိုက်မှာလား
ညီညီညာညာ ညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ
ယှဥ်ပြိုင်မှု ကကွက်မျိုးစုံနဲ့
ဖော်ရွေစွာပင် စီးလို့ ကြိုနေမယ်
ထိုစဥ် ကျွန်တော့်အနီးသို့ ဆိုက်ရောက်လာသော ကားတစ်စင်း။ ထို့နောက် ကျွန်တော့်ဘေးသို့ တဖြည်းဖြည်း နီးကပ်လာကာ။
" ညီလေးရေ . . . ဦးတင်မောင်တို့ အိမ်က ဘယ်လိုသွားရတာလဲ။ တစ်ချက်လောက် လမ်းပြပေးလို့ရမလား "
ကားမှန်ကို ချကာ အပြင်ကို ခေါင်းပြူပြီး ပြောလာသည့် ခပ်သန့်သန့်လူတစ်ယောက်။ ခပ်ဝါဝါဆံပင်အရောင်များနှင့် ခပ်သြသြအသံကို ပိုင်ဆိုင်ထားသေးသည်။ စုတ်ချွန်းချွန်းမျက်နှာထားက ပြီတီတီဖြင့်။
" ဟုတ်ကဲ့။ ဦးတင်မောင် ဆိုတာ ကျွန်တော့်အဖေကို ရန်ကုန်က လာတဲ့ ဧည့်သည်တွေ ထင်တယ်။ ကျွန်တော့်နောက်က မောင်းခဲ့ . . . ကားကိုတော့ ရွာဦးကျောင်းမှာ ထားခဲ့ရမယ်ထင်တယ်ဗျ "
ကျွန်တော်လည်း ပြောပြီးပြီးချင်း ရွာဦးကျောင်းဘက်ကို ဦးတည်မောင်းလာလိုက်လေသည်။ ရွာဦးကျောင်းအနီးရောက်သောအခါ သင်္ကြန်သီချင်းက နားထဲ ခပ်သဲ့သဲ့ တိုးဝင်လာ၏။ နောက်က ကားအနက်လေးကလည်း ဖုန်တလုံးလုံးကြားထဲတွင် အရှိန်ဖြင့် လှိမ့်နေ၏။
လမ်း၏ တစ်ချို့နေရာတွင် ကျောက်စရစ်ခဲများဖြင့် ဖြန့်ခင်းထားသောကြောင့် ကားလေးက တစ်ချက် တစ်ချက် ခုန်တတ်သွားသေးသည်။
ရွာဦးကျောင်းရှေ့က ပိတောက်ပင်တွင် ပန်းတွေတောင် မဝေသေးပေ။
သြော် တစ်နှစ်တစ်ခါသာ ပွင့်ကြတဲ့ ပိတောက်တွေတောင် သစ္စာမရှိတော့ပါလား . . .
ကျောင်းထဲကို ဝင်သွားလိုက်ပြီး ဆရာတော်ဘုရားအား ကားထားဖို့အရန် အတွက် လျှောက်တင်လိုက်သည်။ ကျောင်းထဲတွင်လည်း ဥပုသ်သီလယူကြမည့် သူများဖြင့် ရှုပ်ရှက်ခပ်နေသည်။ မုန့်ဟင်းခါးအာဟာရ ကျွေးမွေးသည်မို့ ပိုပြီး လူရှုပ်နေသည်။
" မောင်လေး အိမ်ကိုပဲ ခေါ်သွားလိုက်တော့နော် ဒီမှာ လူအရမ်းရှုပ်လို့ "
" အင်းအင်း "
ဗေဒါရောင်ထဘီဝမ်းဆက်ဝတ်ဆင်ထားပြီး ယဥ်ယဥ်လေးနှင့် ဆံပင်တစ်ပတ်လျှိုထုံးထားသည့် ကျွန်တော့်၏ အစ်မ ချစ်မိုးမေ။ အိမ်ထောင်သည်တစ်ယောက်ဖြစ်သောကြောင့် ဆင်ယင်ထုံးဖွဲ့မှုတို့ ရှိမနေတော့။
>>>>>>>>>
" အမေ ဧည့်သည်တွေ ပါလာပြီ "
အမေ့အား အသိပေးပြီးနောက် အခန်းထဲသို့သာ ဦးတည်လိုက်တော့သည်။ အကြိုနေ့ဖြစ်သော်လည်း ရွာထဲက ကလေးများက ရေပတ်လိုက်သောကြောင့် အင်္ကျီလဲရဦးမည်။
" သားရေ ဒီကို ခဏလာဦး "
အိမ်ရှေ့ ကွက်ပစ်ပေါ်တွင် အဝတ်အစားထုတ်များဖြင့် ထိုင်နေကြသော မြို့က လူတစ်ချို့။
" ဟိုဘက်က လူဇော်တဲ့ မင်းယောက်ဖညီဝမ်းကွဲ "
ထိုလူကိုကြည့်လိုက်တော့ ဆံပင်အဝါနှင့် ကျွန်တော့်ကို လမ်းမေးခဲ့တဲ့တစ်ယောက်။ သွားဖြဲပြလာသောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
" ညာဘက်က သူ့သူငယ်ချင်း ဝေယံအောင် "
ဟင် ဝေယံအောင် . . . ။
မြို့မှာ ဘော်ဒါဆောင်လိုက်တုန်းက အသည်းအသန် နှစ်နှစ်ကာကာချစ်ခဲ့ရသူ . . . ။
တစ်နည်းအားဖြင့် ကျွန်တော့်၏ အချစ်ဦး . . . ။
အံ့သြဝမ်းနည်းမှုများသည် လှိုက်တတ်လာကာ . . . ။
အကြောင်းအရင်းမရှိ ဖြတ်ချထားခဲ့ပြီး အခုမှ ဘာလို့ ပြန်ပေါ်လာခဲ့ရတာလဲ?
" ထပ်တွေ့ပြန်ပြီနော် "
သူ့ဘက်က ဆိုလာသော စကားတစ်ခွန်းတွင် ကျွန်တော်ခွန်းတုံ့မပြန်မိ။ ငြိမ်ကျသွားပြီး မျက်ရည်တွေပင် ဝေ့လာသလို။ သည်နှစ်သင်္ကြန်သည်လည်း ကျွန်တော့်အတွက် မပျော်ရွှင်ရတော့ပါ။
သင်္ကြန်မှာ မပျော်မရွှင် ဖြစ်ခဲ့ရသည်က အတော်ပင် ကြာခဲ့ပြီ။
" သားတို့က သိနေကြတာလား "
" မဟုတ် မဟုတ်ဘူး အမေ။ စောစောက လမ်းမှာ တစ်ခေါက်တွေ့ခဲ့လို့ပါ "
" သြော် အေးပါ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီး နေကြနော် "
" ဟုတ် ဟုတ်ကဲ့ "
>>>>>>>>>
သင်္ကြန်အကျနေ့ . . .
အမေက ဧည့်သည်တွေကို ရွာအနှံ့လိုက်ပို့ခိုင်းသော်လည်း ဘေးအိမ်က ကလေးတွေနဲ့ ရေကစားဦးမည် ဟု ရှောင်လွှဲချက် ပေးထားသည်ကြောင့် မိုးဝေ ကလေးတွေရဲ့ မဏ္ဍပ်ကို ရောက်နေသည်။
ဘာတဲ့။ မိုက်ခဲ ရေသဘင်မဏ္ဍပ် တဲ့။ မိုက်လိုက်တဲ့ နာမည်။
ဆော့ကစားနေကြသည်မှာ ပျော်စရာကြီးပင်။
" ဟျောင့်တွေ ကိုကြီးချစ်မိုးဝေ လာပြီ ရေပတ်ကြမယ်ဟေ့ "
အမြဲတမ်း အိမ်တွင်းပုန်းလုပ်တတ်သည့် ကျွန်တော့်ကို ကလေးတွေက ဘယ်ချိန်တည်းက ရေပတ်ရန် ချောင်းနေသည် မသိ။ ကလေးတစ်ယောက်က ရေပုံးကြီး မလာကာ ကျွန်တော့်အား ပြေးပတ်တော့သည်။ ခပ်မြန်မြန်ပြေးလာသည်မို့ ကျွန်တော့်မှာ ရှောင်ချိန်ပင် မရ။
" ဗွမ်း "
ထို့နောက် တစ်သီကြီးပါလာသော ကလေးတစ်သိုက်။ တစ်ချို့က ရေပြွတ်သေနတ်ကြီးကိုင်ကာ မျက်ခွက်ကိုပဲ ပတ်နေသည်။ ကျွန်တော်လည်း စိတ်မရှည်သည်မို့ ရေပေပါထဲက ဖလားကို ပြေးယူကာ ရေမထည့်ဘဲ ဖလားချည်းသက်သက်ဖြင့် ဒေါင်ခနဲ မြည်အောင် ခေါက်လိုက်သည်။
သို့သော် ကလေးတွေက မငိုဘဲ ရယ်မြဲ ရယ်နေကြသည်။ ကျွန်တော့်ဆီလည်း အပျော်တွေ ကူးစက်လာကာ သူတို့နှင့် ထပ်တူ ရယ်မောနေမိသည်။ နောက်က ဖွင့်ထားသည့် DJ သီချင်းခပ်မြူးမြူးကြောင့် ကလေးတွေနှင့်ရောကာ ကနေမိသည်။
လောင်းလိုက်တော့ ချမ်းချမ်းချမ်း
ရင်မှာ တုန်တုန်တုန်
တီးပါ ဗုံဗုံဗုံ
ရေစိုစို တန်ခူးလမှာ
" ဟဲ့ သြော် မိုးဝေကတော့ ကလေးတွေနဲ့ ပြိုင်ဆော့နေတာပဲ "
သူကြီးကတော်ဒေါ်သူဇာက ဘုန်းကြီးကျောင်းကနေ ကျွန်တော်တို့ မဏ္ဍပ်ရှေ့က ပြန်လာသည်။ ထို့ကြောင့် ကျွန်တော်လည်း ဒေါ်သူဇာကြီးအား ရေလောင်းလိုက်သည်။
" သင်္ကြန်ပါဆိုမှ ဒေါ်သူဇာကြီးကလဲ "
" ငါက သီလယူလာလို့ ပြောတာဟဲ့ "
စိတ်တိုတိုဖြင့် ရှေ့က ထွက်သွားလေပြီ။ ဖြူစင်လွန်းလှသည့် ကလေးတွေနှင့် ရေကစားရသည်မှာ တကယ် ပျော်စရာကောင်းသည်။
တဖြည်းဖြည်းနေ့လည်သို့ ကျရောက်လာသည်မို့ နေပူရှိန်က အလွန်ပြင်းသည်။ ထို့ကြောင့် ကလေးတွေကို ကိုယ့်အိမ်ကို ပြန်ကြဖို့ရန် ဆော်သြော်လိုက်၏။
>>>>>>
အိမ်ကို ပြန်ရောက်သည့်အခါ ဝေယံအောင်က အိမ်ရှေ့ကွက်ပစ်တွင် ထိုင်နေသည်ကို တွေ့ရသည်။ ကျွန်တော်လည်း ခပ်တည်တည်ပဲ ခြံထဲ ဝင်လာလိုက်၏။
" ကလေး ကလား ရေဆော့နေ။ တော်ကြာ ဖျားနေဦးမယ် "
" ဖျားတော့ ယီးဖြစ်လား "
ကျွန်တော်သည် ငြိမ်ခံတတ်သည့်အထဲတွင် မပါ။ စကားနဲ့တင်ကို အနိုင်ယူလိုက်ရမှ ကျေနပ်သည်။ ကျွန်တော့်၏ ဆဲသံကြောင့် ထိုလူမှာ ခပ်ဟဟကလေး ရယ်နေပါ၏။
ကျွန်တော်လည်း လျစ်လျူရှုလိုက်ကာ ရေစိုအင်္ကျီများကို လဲရန် အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်ထဲက အခန်းထဲသို့ ဦးတည်သွားလိုက်သည်။ အမေနှင့် မမတို့ကိုလည်း မတွေ့ရ။
" အင့် "
အင်္ကျီချွတ်ဖို့ ပြင်ကာရှိသေး ခပ်နွေးနွေးလက်တစ်စုံက ကျောပြင်ကို ကျရောက်လာသည်မို့ လန့်သွားရသည်။
" လွှတ်နော် အမေတို့ရှိ "
" ပြွတ် "
ဂုတ်ပိုးလေးကို အနမ်းခံရသည်မို့ ကျွန်တော့်၏ စကားပင် မဆုံးလိုက်။
" လွမ်းနေခဲ့တာ "
" ဖယ် "
" အန်တီတို့ မရှိဘူး ဟိုကောင်တွေနဲ့ ရွာထဲ သွားကြတယ် "
အရင်တုန်းက နာကျင်ခံစားရမှုများက ပြန်ခေါ်လာကာ မျက်ရည်တွေ ဝေလာသည်။
" မငိုပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ် မိုးဝေရယ် "
" ဟင့်အင်း ဖယ်ပါ "
ကျွန်တော် အတိုင်းမသိ ငိုမိခဲ့သည်။ အတင်းရုန်းထွက်နေသော်ငြား ထိုလူက လွှတ်မပေးခဲ့။ တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော် နာကျင်ခဲ့ရတာတွေကို ခွင့်လွှတ်ပေးလိုက်သင့်လား။
>>>>>>>>>>
လွန်ခဲ့သော သုံးနှစ်ခန့်က သင်္ကြန်အကြတ်နေ့ . . .
" ငါတို့လမ်းခွဲရအောင် ချစ်မိုးဝေ "
နှစ်ဦးသားလုံး မဏ္ဍပ်တကာမှာ အပီကဲလာသမျှ အဆောင်ရှေ့ မရောက်ခင် ပိတောက်ပင်အိုကြီးအောက်တွင် လမ်းခွဲစကားဆိုလိုက်သည်။
" ဘာလို့လဲ ငါ့ကို အကြောင်းပြချက်လေး ပေးလို့ရမလား "
" ဒီတိုင်းပဲ မင်းကို ငါစိတ်ကုန်နေမိလို့ "
တစ်ခါတလေ အဖြူရောင်မုသားတွေ သုံးရတာ ရင်နာရတယ် မိုးဝေရယ်။ ငါ့မေမေက ငါတို့ နှစ်ယောက်အကြောင်းကို သိသွားပြီကွ။ ငါတို့ကို လမ်းခွဲရမယ်တဲ့။ အဲ့လိုမှ မဟုတ်ရင် မင်းကို တစ်ခုခုလုပ်မယ်တဲ့ကွ။ တကယ်လို့ နောက်ငါးနှစ်လောက်ကြာခဲ့လို့ ဒီကြားထဲ ငါအိမ်ထောင်မကျသေးရင် မင်းနဲ့ကိစ္စကို စဥ်းစားပေးမယ်တဲ့။ ငါဘာမှ မတတ်နိုင်ခဲ့ဘူး မိုးဝေရယ်။ အမေ့ရဲ့ အပြောကိုပဲ ငါလက်ခံရတာပေါ့။ မင်းကောင်းစားဖို့အတွက်ပဲ ငါရင်အကွဲခံပါရစေ။
" မင်း ငါ့ကို မချစ်တော့ဘူးလား "
" ဟင့်အင်း "
ရင်ထဲက စကားတွေနှင့် ကွဲလွဲစွာ ဆိုမိသည်။ မျက်ရည်များစွာကျချင်နေသည်ကို စိတ်ထိန်းနေရသည်။
ငါတို့ ခဏတော့ ဝေးကြရအောင် ချစ်မိုးဝေ . . .
>>>>>
အကြောင်းစုံကို ရှင်းပြပြီးတော့ ကျွန်တော့်အချစ်လေးက မယုံသလိုလိုဖြင့်။
" ဟို မင်းမယုံရင် ငါနဲ့ ရန်ကုန်လိုက်ခဲ့ မေမေနဲ့ စကားပြောကြည့်လေ "
" တော်ပါပြီ ဟွန့် "
" မငိုနဲ့တော့နော်။ သင်္ကြန်ပြီးအောင်ထိ စောင့်နေ ငါမင်းကို လာတောင်းမှာ "
" အယ် "
" ဘာ အယ်လဲ ကိုယ့်ကို မချစ်တော့ဘူးလား "
" မချစ်ဘူး "
" တကယ်နော်။ မေမေက ကောင်မလေးတွေနဲ့ ပေးတွေ့တာတောင် လက်ခံခဲ့တာ မဟုတ်ဘူးနော်။ ဒီလိုသစ္စာရှိတဲ့လူမျိုးကို အချစ်လေးက မယူချင်ဘူးပေါ့ "
" ငါမင်းကို မယုံသလို ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ဝေယံရယ် "
" ရပါတယ်ကွာ အမှန်ဆို ငါပဲ မှားခဲ့တာပါ "
" ချစ်တယ် ဝေယံ "
" ငါလည်း မင်းကို ချစ်တယ် မိုးဝေ "
ဒီနှစ်သင်္ကြန်တော့ ကျွန်တော်ပျော်ရွှင်ရတော့မှာပေါ့။ နောက်နှစ်သင်္ကြန်တွေမှာလည်း ပျော်ရွှင်ရဖို့သာ ရှိတော့သည်။
အများကြီးချစ်တယ် ကိုကို . . .
#12:01 PM ::: MON 15.4.2024
နှစ်သစ်မှာ ကိုယ်စိတ်ကျန်းမာချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပါစေနော်။ အချစ်နဲ့ဘဝဟာလည်း အားလုံးထပ်တူကျကြပါစေနော် 🤎
Zawgyi
" ပိေတာက္တစ္ခက္ ခ်စ္တစ္သက္ "
သၾကၤန္အႀကိဳေန႕ . . .
ရွာပုံေတာ္ မင္းသားႀကီး မ႑ပ္တကာေရာက္ခဲ့ၿပီ
ဘယ္အရပ္ကို ဇာတိမွန္းလည္း မသိေတာ့ အခက္ေတြ႕ၿပီ
မႏွစ္ကေပးတဲ့ မင္းလိပ္စာ ေရေတြစိုလို႔ ပ်က္ကုန္ၿပီ
မမွတ္မိေတာ့ ခက္သားလွ ေဒဝီ
ဘုန္းႀကီးေက်ာင္းက ပ်ံ့လြင့္လာသည့္ သၾကၤန္သီခ်င္းကို ၾကားရေသာအခါ ဝမ္းနည္းရသည္က အမွန္။ အခ်စ္ဦးႏွင့္ လြဲေခ်ာ္ခဲ့ရသည့္ ေဟာသည္ အတာသၾကၤန္သည္ ကြၽန္ေတာ့္အတြက္ေတာ့ မုန္းတီးဖြယ္ ေကာင္းခဲ့သည္။ သၾကၤန္ေရာက္လွ်င္ ပိုၿပီး မေပ်ာ္မ႐ႊင္ ျဖစ္ရသည္မွာ ႏွစ္အေတာ္ပင္ ၾကာခဲ့ၿပီ။
တစိမ့္စိမ့္ ေတြးၿပီး ဝမ္းနည္းရသည္ေၾကာင့္ မ်က္ဝန္းထက္တြင္ မ်က္ရည္မ်ား အိုင္ထြန္းလာခဲ့၏။ ပါးျပင္ေပၚ စီးက်လာေသာ မ်က္ရည္မ်ားကို လက္ဖမိုးျဖင့္ ဖိသုတ္လိုက္သည္။
" မိုးေဝ "
အိမ္ေပၚက ေအာ္ေခၚသည့္ အသံေၾကာင့္ အေတြးမ်ားကို ရပ္တန့္လိုက္ရသည္။
" ႐ြာအဝင္ေရာက္ေနၿပီ သြားႀကိဳလိုက္ေတာ့ "
" ဟုတ္ကဲ့ အေမ "
သည္ေန႕လို သၾကၤန္အႀကိဳေန႕မ်ိဳးတြင္ ရန္ကုန္က ဧည့္သည္ေတြ ေရာက္လာၿပီမို႔ ႐ြာအဝင္တြင္ သြားႀကိဳခိုင္းျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ဆိုင္ကယ္ေပၚ တတ္လိုက္ကာ စက္ႏွိုးလိုက္ေတာ့၏။ ဧည့္သည္ဆိုသည္မွာ တျခားလူ မဟုတ္၊
အစ္မ့ေယာက်ာ္း၏ ညီဝမ္းကြဲပင္ ျဖစ္ေခ်သည္။ သို႔ေသာ္ ထိုလူေတြကို တစ္ခါမွ မျမင္ဖူးေခ်။
ကြၽန္ေတာ့္နာမည္က ခ်စ္မိုးေဝ။ ကြၽန္ေတာ့္အစ္ကိုနာမည္က ခ်စ္မိုးေဆြ ျဖစ္ၿပီး အစ္မနာမည္ကေတာ့ ခ်စ္မိုးေမပင္။ ေမာင္ႏွမသုံးေယာက္ရွိသည့္အနက္ ကြၽန္ေတာ္က အငယ္ဆုံးသားပင္ ျဖစ္၏။ အလုပ္အကိုင္ဟူ၍ မယ္မယ္ရရ မရွိ။ အစ္ကိုႏွင့္ အစ္မကေတာ့ အိမ္က ေတာအလုပ္ကိုပဲ ကူလုပ္ေပးၾက၏။ ကြၽန္ေတာ့္ကိုေတာ့ တစ္အိမ္လုံးက ဘာအလုပ္မွ မခိုင္းေပ။
ႏွစ္သစ္ကူးမွာ ပိေတာက္ဝါေလးေတြ ပြင့္ေတာ့သည္
ဥၾသငွက္ေတြ တြန္သံၾကားရင္ လြမ္းသံသရာရွည္
ေတးသံၾကားရာ လိုက္ရွာလည္း တို႔မေတြ႕ၿပီ
သို႔ေသာ္ သို႔ေသာ္ ဘယ္ေနရာမွန္း ေဝးေနၿပီ
နားထဲၾကားလာရသည့္ သီခ်င္းက ခပ္က်ယ္က်ယ္။ ႐ြာဦးေက်ာင္းေဘး ေရာက္လာၿပီမို႔ သီခ်င္းသံက အက်ယ္ႀကီးပင္။ ေက်ာင္းဝန္းထဲက ထန္းပင္တြင္ အသံခ်ဲ့စက္ႀကီးက ႐ြာထဲဘက္ မ်က္ႏွာမူေန၏။
တျဖည္းျဖည္းႏွင့္ ကြၽန္ေတာ့္၏ ဆိုင္ကယ္ေလးသည္ ႐ြာအဝင္ဝကို လွမ္းေနေခ်၏။ ႐ြာဦးေက်ာင္းေက်ာ္လွ်င္ ႐ြာအဝင္ကို ေရာက္ၿပီျဖစ္သည္။
ထန္းပင္မ်ားက ေဘးႏွစ္ဖက္တြင္ စီတန္းကာ ႐ြာအဝင္လမ္းမေလးကို ကာရံထား၏။ ထန္းပင္ကုန္း႐ြာ ဟူသည့္ ဆိုင္းဘုတ္ေလးေရွ႕ ဆိုင္ကယ္ကို ရပ္လိုက္သည္။ ထိုေနရာတြင္ ဧည့္သည္မေျပာႏွင့္ ေခြးတစ္ေကာင္ ေၾကာင္တစ္မွီးပင္ မေတြ႕ရေခ်။ ထို႔ေၾကာင့္ ဘုန္းႀကီးေက်ာင္းဘက္က ပ်ံ့လြင့္လာသည့္ သၾကၤန္သီခ်င္းမ်ားကို ေလေလးတခြၽန္ခြၽန္ျဖင့္ လိုက္ညည္းေနမိသည္။
ယိမ္းႏြဲ႕ကာ တီးကြက္နဲ႕အတူ ကစဥ္
လက္ခုပ္သံ စည္းခ်က္လိုက္မွာလား
ညီညီညာညာ ညွင္းသြဲ႕သြဲ႕ ေလေျပမွာ ယိမ္းႏြဲ႕ကာ
ယွဥ္ၿပိဳင္မႈ ကကြက္မ်ိဳးစုံနဲ႕
ေဖာ္ေ႐ြစြာပင္ စီးလို႔ ႀကိဳေနမယ္
ထိုစဥ္ ကြၽန္ေတာ့္အနီးသို႔ ဆိုက္ေရာက္လာေသာ ကားတစ္စင္း။ ထို႔ေနာက္ ကြၽန္ေတာ့္ေဘးသို႔ တျဖည္းျဖည္း နီးကပ္လာကာ။
" ညီေလးေရ . . . ဦးတင္ေမာင္တို႔ အိမ္က ဘယ္လိုသြားရတာလဲ။ တစ္ခ်က္ေလာက္ လမ္းျပေပးလို႔ရမလား "
ကားမွန္ကို ခ်ကာ အျပင္ကို ေခါင္းျပဴၿပီး ေျပာလာသည့္ ခပ္သန့္သန့္လူတစ္ေယာက္။ ခပ္ဝါဝါဆံပင္အေရာင္မ်ားႏွင့္ ခပ္ၾသၾသအသံကို ပိုင္ဆိုင္ထားေသးသည္။ စုတ္ခြၽန္းခြၽန္းမ်က္ႏွာထားက ၿပီတီတီျဖင့္။
" ဟုတ္ကဲ့။ ဦးတင္ေမာင္ ဆိုတာ ကြၽန္ေတာ့္အေဖကို ရန္ကုန္က လာတဲ့ ဧည့္သည္ေတြ ထင္တယ္။ ကြၽန္ေတာ့္ေနာက္က ေမာင္းခဲ့ . . . ကားကိုေတာ့ ႐ြာဦးေက်ာင္းမွာ ထားခဲ့ရမယ္ထင္တယ္ဗ် "
ကြၽန္ေတာ္လည္း ေျပာၿပီးၿပီးခ်င္း ႐ြာဦးေက်ာင္းဘက္ကို ဦးတည္ေမာင္းလာလိုက္ေလသည္။ ႐ြာဦးေက်ာင္းအနီးေရာက္ေသာအခါ သၾကၤန္သီခ်င္းက နားထဲ ခပ္သဲ့သဲ့ တိုးဝင္လာ၏။ ေနာက္က ကားအနက္ေလးကလည္း ဖုန္တလုံးလုံးၾကားထဲတြင္ အရွိန္ျဖင့္ လွိမ့္ေန၏။
လမ္း၏ တစ္ခ်ိဳ႕ေနရာတြင္ ေက်ာက္စရစ္ခဲမ်ားျဖင့္ ျဖန့္ခင္းထားေသာေၾကာင့္ ကားေလးက တစ္ခ်က္ တစ္ခ်က္ ခုန္တတ္သြားေသးသည္။
႐ြာဦးေက်ာင္းေရွ႕က ပိေတာက္ပင္တြင္ ပန္းေတြေတာင္ မေဝေသးေပ။
ေၾသာ္ တစ္ႏွစ္တစ္ခါသာ ပြင့္ၾကတဲ့ ပိေတာက္ေတြေတာင္ သစၥာမရွိေတာ့ပါလား . . .
ေက်ာင္းထဲကို ဝင္သြားလိုက္ၿပီး ဆရာေတာ္ဘုရားအား ကားထားဖို႔အရန္ အတြက္ ေလွ်ာက္တင္လိုက္သည္။ ေက်ာင္းထဲတြင္လည္း ဥပုသ္သီလယူၾကမည့္ သူမ်ားျဖင့္ ရႈပ္ရွက္ခပ္ေနသည္။ မုန့္ဟင္းခါးအာဟာရ ေကြၽးေမြးသည္မို႔ ပိုၿပီး လူရႈပ္ေနသည္။
" ေမာင္ေလး အိမ္ကိုပဲ ေခၚသြားလိုက္ေတာ့ေနာ္ ဒီမွာ လူအရမ္းရႈပ္လို႔ "
" အင္းအင္း "
ေဗဒါေရာင္ထဘီဝမ္းဆက္ဝတ္ဆင္ထားၿပီး ယဥ္ယဥ္ေလးႏွင့္ ဆံပင္တစ္ပတ္လွ်ိုထုံးထားသည့္ ကြၽန္ေတာ့္၏ အစ္မ ခ်စ္မိုးေမ။ အိမ္ေထာင္သည္တစ္ေယာက္ျဖစ္ေသာေၾကာင့္ ဆင္ယင္ထုံးဖြဲ႕မႈတို႔ ရွိမေနေတာ့။
>>>>>>>>>
" အေမ ဧည့္သည္ေတြ ပါလာၿပီ "
အေမ့အား အသိေပးၿပီးေနာက္ အခန္းထဲသို႔သာ ဦးတည္လိုက္ေတာ့သည္။ အႀကိဳေန႕ျဖစ္ေသာ္လည္း ႐ြာထဲက ကေလးမ်ားက ေရပတ္လိုက္ေသာေၾကာင့္ အကၤ်ီလဲရဦးမည္။
" သားေရ ဒီကို ခဏလာဦး "
အိမ္ေရွ႕ ကြက္ပစ္ေပၚတြင္ အဝတ္အစားထုတ္မ်ားျဖင့္ ထိုင္ေနၾကေသာ ၿမိဳ႕က လူတစ္ခ်ိဳ႕။
" ဟိုဘက္က လူေဇာ္တဲ့ မင္းေယာက္ဖညီဝမ္းကြဲ "
ထိုလူကိုၾကည့္လိုက္ေတာ့ ဆံပင္အဝါႏွင့္ ကြၽန္ေတာ့္ကို လမ္းေမးခဲ့တဲ့တစ္ေယာက္။ သြားၿဖဲျပလာေသာေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္သည္။
" ညာဘက္က သူ႕သူငယ္ခ်င္း ေဝယံေအာင္ "
ဟင္ ေဝယံေအာင္ . . . ။
ၿမိဳ႕မွာ ေဘာ္ဒါေဆာင္လိုက္တုန္းက အသည္းအသန္ ႏွစ္ႏွစ္ကာကာခ်စ္ခဲ့ရသူ . . . ။
တစ္နည္းအားျဖင့္ ကြၽန္ေတာ့္၏ အခ်စ္ဦး . . . ။
အံ့ၾသဝမ္းနည္းမႈမ်ားသည္ လွိုက္တတ္လာကာ . . . ။
အေၾကာင္းအရင္းမရွိ ျဖတ္ခ်ထားခဲ့ၿပီး အခုမွ ဘာလို႔ ျပန္ေပၚလာခဲ့ရတာလဲ?
" ထပ္ေတြ႕ျပန္ၿပီေနာ္ "
သူ႕ဘက္က ဆိုလာေသာ စကားတစ္ခြန္းတြင္ ကြၽန္ေတာ္ခြန္းတုံ႕မျပန္မိ။ ၿငိမ္က်သြားၿပီး မ်က္ရည္ေတြပင္ ေဝ့လာသလို။ သည္ႏွစ္သၾကၤန္သည္လည္း ကြၽန္ေတာ့္အတြက္ မေပ်ာ္႐ႊင္ရေတာ့ပါ။
သၾကၤန္မွာ မေပ်ာ္မ႐ႊင္ ျဖစ္ခဲ့ရသည္က အေတာ္ပင္ ၾကာခဲ့ၿပီ။
" သားတို႔က သိေနၾကတာလား "
" မဟုတ္ မဟုတ္ဘူး အေမ။ ေစာေစာက လမ္းမွာ တစ္ေခါက္ေတြ႕ခဲ့လို႔ပါ "
" ေၾသာ္ ေအးပါ။ ခင္ခင္မင္မင္ရင္းရင္းႏွီးႏွီး ေနၾကေနာ္ "
" ဟုတ္ ဟုတ္ကဲ့ "
>>>>>>>>>
သၾကၤန္အက်ေန႕ . . .
အေမက ဧည့္သည္ေတြကို ႐ြာအႏွံ႕လိုက္ပို႔ခိုင္းေသာ္လည္း ေဘးအိမ္က ကေလးေတြနဲ႕ ေရကစားဦးမည္ ဟု ေရွာင္လႊဲခ်က္ ေပးထားသည္ေၾကာင့္ မိုးေဝ ကေလးေတြရဲ႕ မ႑ပ္ကို ေရာက္ေနသည္။
ဘာတဲ့။ မိုက္ခဲ ေရသဘင္မ႑ပ္ တဲ့။ မိုက္လိုက္တဲ့ နာမည္။
ေဆာ့ကစားေနၾကသည္မွာ ေပ်ာ္စရာႀကီးပင္။
" ေဟ်ာင့္ေတြ ကိုႀကီးခ်စ္မိုးေဝ လာၿပီ ေရပတ္ၾကမယ္ေဟ့ "
အၿမဲတမ္း အိမ္တြင္းပုန္းလုပ္တတ္သည့္ ကြၽန္ေတာ့္ကို ကေလးေတြက ဘယ္ခ်ိန္တည္းက ေရပတ္ရန္ ေခ်ာင္းေနသည္ မသိ။ ကေလးတစ္ေယာက္က ေရပုံးႀကီး မလာကာ ကြၽန္ေတာ့္အား ေျပးပတ္ေတာ့သည္။ ခပ္ျမန္ျမန္ေျပးလာသည္မို႔ ကြၽန္ေတာ့္မွာ ေရွာင္ခ်ိန္ပင္ မရ။
" ဗြမ္း "
ထို႔ေနာက္ တစ္သီႀကီးပါလာေသာ ကေလးတစ္သိုက္။ တစ္ခ်ိဳ႕က ေရႁပြတ္ေသနတ္ႀကီးကိုင္ကာ မ်က္ခြက္ကိုပဲ ပတ္ေနသည္။ ကြၽန္ေတာ္လည္း စိတ္မရွည္သည္မို႔ ေရေပပါထဲက ဖလားကို ေျပးယူကာ ေရမထည့္ဘဲ ဖလားခ်ည္းသက္သက္ျဖင့္ ေဒါင္ခနဲ ျမည္ေအာင္ ေခါက္လိုက္သည္။
သို႔ေသာ္ ကေလးေတြက မငိုဘဲ ရယ္ၿမဲ ရယ္ေနၾကသည္။ ကြၽန္ေတာ့္ဆီလည္း အေပ်ာ္ေတြ ကူးစက္လာကာ သူတို႔ႏွင့္ ထပ္တူ ရယ္ေမာေနမိသည္။ ေနာက္က ဖြင့္ထားသည့္ DJ သီခ်င္းခပ္ျမဴးျမဴးေၾကာင့္ ကေလးေတြႏွင့္ေရာကာ ကေနမိသည္။
ေလာင္းလိုက္ေတာ့ ခ်မ္းခ်မ္းခ်မ္း
ရင္မွာ တုန္တုန္တုန္
တီးပါ ဗုံဗုံဗုံ
ေရစိုစို တန္ခူးလမွာ
" ဟဲ့ ေၾသာ္ မိုးေဝကေတာ့ ကေလးေတြနဲ႕ ၿပိဳင္ေဆာ့ေနတာပဲ "
သူႀကီးကေတာ္ေဒၚသူဇာက ဘုန္းႀကီးေက်ာင္းကေန ကြၽန္ေတာ္တို႔ မ႑ပ္ေရွ႕က ျပန္လာသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္လည္း ေဒၚသူဇာႀကီးအား ေရေလာင္းလိုက္သည္။
" သၾကၤန္ပါဆိုမွ ေဒၚသူဇာႀကီးကလဲ "
" ငါက သီလယူလာလို႔ ေျပာတာဟဲ့ "
စိတ္တိုတိုျဖင့္ ေရွ႕က ထြက္သြားေလၿပီ။ ျဖဴစင္လြန္းလွသည့္ ကေလးေတြႏွင့္ ေရကစားရသည္မွာ တကယ္ ေပ်ာ္စရာေကာင္းသည္။
တျဖည္းျဖည္းေန႕လည္သို႔ က်ေရာက္လာသည္မို႔ ေနပူရွိန္က အလြန္ျပင္းသည္။ ထို႔ေၾကာင့္ ကေလးေတြကို ကိုယ့္အိမ္ကို ျပန္ၾကဖို႔ရန္ ေဆာ္ေၾသာ္လိုက္၏။
>>>>>>
အိမ္ကို ျပန္ေရာက္သည့္အခါ ေဝယံေအာင္က အိမ္ေရွ႕ကြက္ပစ္တြင္ ထိုင္ေနသည္ကို ေတြ႕ရသည္။ ကြၽန္ေတာ္လည္း ခပ္တည္တည္ပဲ ၿခံထဲ ဝင္လာလိုက္၏။
" ကေလး ကလား ေရေဆာ့ေန။ ေတာ္ၾကာ ဖ်ားေနဦးမယ္ "
" ဖ်ားေတာ့ ယီးျဖစ္လား "
ကြၽန္ေတာ္သည္ ၿငိမ္ခံတတ္သည့္အထဲတြင္ မပါ။ စကားနဲ႕တင္ကို အနိုင္ယူလိုက္ရမွ ေက်နပ္သည္။ ကြၽန္ေတာ့္၏ ဆဲသံေၾကာင့္ ထိုလူမွာ ခပ္ဟဟကေလး ရယ္ေနပါ၏။
ကြၽန္ေတာ္လည္း လ်စ္လ်ဴရႈလိုက္ကာ ေရစိုအကၤ်ီမ်ားကို လဲရန္ အိမ္ထဲသို႔ ဝင္လာခဲ့သည္။ အိမ္ထဲက အခန္းထဲသို႔ ဦးတည္သြားလိုက္သည္။ အေမႏွင့္ မမတို႔ကိုလည္း မေတြ႕ရ။
" အင့္ "
အကၤ်ီခြၽတ္ဖို႔ ျပင္ကာရွိေသး ခပ္ေႏြးေႏြးလက္တစ္စုံက ေက်ာျပင္ကို က်ေရာက္လာသည္မို႔ လန့္သြားရသည္။
" လႊတ္ေနာ္ အေမတို႔ရွိ "
" ႁပြတ္ "
ဂုတ္ပိုးေလးကို အနမ္းခံရသည္မို႔ ကြၽန္ေတာ့္၏ စကားပင္ မဆုံးလိုက္။
" လြမ္းေနခဲ့တာ "
" ဖယ္ "
" အန္တီတို႔ မရွိဘူး ဟိုေကာင္ေတြနဲ႕ ႐ြာထဲ သြားၾကတယ္ "
အရင္တုန္းက နာက်င္ခံစားရမႈမ်ားက ျပန္ေခၚလာကာ မ်က္ရည္ေတြ ေဝလာသည္။
" မငိုပါနဲ႕ကြာ ကိုယ္ေတာင္းပန္ပါတယ္ မိုးေဝရယ္ "
" ဟင့္အင္း ဖယ္ပါ "
ကြၽန္ေတာ္ အတိုင္းမသိ ငိုမိခဲ့သည္။ အတင္း႐ုန္းထြက္ေနေသာ္ျငား ထိုလူက လႊတ္မေပးခဲ့။ ေတာင္းပန္ပါတယ္ ဆိုတဲ့ စကားတစ္ခြန္းနဲ႕တင္ ကြၽန္ေတာ္ နာက်င္ခဲ့ရတာေတြကို ခြင့္လႊတ္ေပးလိုက္သင့္လား။
>>>>>>>>>>
လြန္ခဲ့ေသာ သုံးႏွစ္ခန့္က သၾကၤန္အၾကတ္ေန႕ . . .
" ငါတို႔လမ္းခြဲရေအာင္ ခ်စ္မိုးေဝ "
ႏွစ္ဦးသားလုံး မ႑ပ္တကာမွာ အပီကဲလာသမွ် အေဆာင္ေရွ႕ မေရာက္ခင္ ပိေတာက္ပင္အိုႀကီးေအာက္တြင္ လမ္းခြဲစကားဆိုလိုက္သည္။
" ဘာလို႔လဲ ငါ့ကို အေၾကာင္းျပခ်က္ေလး ေပးလို႔ရမလား "
" ဒီတိုင္းပဲ မင္းကို ငါစိတ္ကုန္ေနမိလို႔ "
တစ္ခါတေလ အျဖဴေရာင္မုသားေတြ သုံးရတာ ရင္နာရတယ္ မိုးေဝရယ္။ ငါ့ေမေမက ငါတို႔ ႏွစ္ေယာက္အေၾကာင္းကို သိသြားၿပီကြ။ ငါတို႔ကို လမ္းခြဲရမယ္တဲ့။ အဲ့လိုမွ မဟုတ္ရင္ မင္းကို တစ္ခုခုလုပ္မယ္တဲ့ကြ။ တကယ္လို႔ ေနာက္ငါးႏွစ္ေလာက္ၾကာခဲ့လို႔ ဒီၾကားထဲ ငါအိမ္ေထာင္မက်ေသးရင္ မင္းနဲ႕ကိစၥကို စဥ္းစားေပးမယ္တဲ့။ ငါဘာမွ မတတ္နိုင္ခဲ့ဘူး မိုးေဝရယ္။ အေမ့ရဲ႕ အေျပာကိုပဲ ငါလက္ခံရတာေပါ့။ မင္းေကာင္းစားဖို႔အတြက္ပဲ ငါရင္အကြဲခံပါရေစ။
" မင္း ငါ့ကို မခ်စ္ေတာ့ဘူးလား "
" ဟင့္အင္း "
ရင္ထဲက စကားေတြႏွင့္ ကြဲလြဲစြာ ဆိုမိသည္။ မ်က္ရည္မ်ားစြာက်ခ်င္ေနသည္ကို စိတ္ထိန္းေနရသည္။
ငါတို႔ ခဏေတာ့ ေဝးၾကရေအာင္ ခ်စ္မိုးေဝ . . .
>>>>>
အေၾကာင္းစုံကို ရွင္းျပၿပီးေတာ့ ကြၽန္ေတာ့္အခ်စ္ေလးက မယုံသလိုလိုျဖင့္။
" ဟို မင္းမယုံရင္ ငါနဲ႕ ရန္ကုန္လိုက္ခဲ့ ေမေမနဲ႕ စကားေျပာၾကည့္ေလ "
" ေတာ္ပါၿပီ ဟြန့္ "
" မငိုနဲ႕ေတာ့ေနာ္။ သၾကၤန္ၿပီးေအာင္ထိ ေစာင့္ေန ငါမင္းကို လာေတာင္းမွာ "
" အယ္ "
" ဘာ အယ္လဲ ကိုယ့္ကို မခ်စ္ေတာ့ဘူးလား "
" မခ်စ္ဘူး "
" တကယ္ေနာ္။ ေမေမက ေကာင္မေလးေတြနဲ႕ ေပးေတြ႕တာေတာင္ လက္ခံခဲ့တာ မဟုတ္ဘူးေနာ္။ ဒီလိုသစၥာရွိတဲ့လူမ်ိဳးကို အခ်စ္ေလးက မယူခ်င္ဘူးေပါ့ "
" ငါမင္းကို မယုံသလို ျဖစ္ခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္ ေဝယံရယ္ "
" ရပါတယ္ကြာ အမွန္ဆို ငါပဲ မွားခဲ့တာပါ "
" ခ်စ္တယ္ ေဝယံ "
" ငါလည္း မင္းကို ခ်စ္တယ္ မိုးေဝ "
ဒီႏွစ္သၾကၤန္ေတာ့ ကြၽန္ေတာ္ေပ်ာ္႐ႊင္ရေတာ့မွာေပါ့။ ေနာက္ႏွစ္သၾကၤန္ေတြမွာလည္း ေပ်ာ္႐ႊင္ရဖို႔သာ ရွိေတာ့သည္။
အမ်ားႀကီးခ်စ္တယ္ ကိုကို . . .
#12:01 PM ::: MON 15.4.2024
ႏွစ္သစ္မွာ ကိုယ္စိတ္က်န္းမာခ်မ္းသာစြာနဲ႕ ျဖတ္သန္းနိုင္ပါေစေနာ္။ အခ်စ္နဲ႕ဘဝဟာလည္း အားလုံးထပ္တူက်ၾကပါေစေနာ္ 🤎