♡ဖူးစာ၏လှည့်ကွက်♡
(ဇာတ်သိမ်းပိုင်း)
လင်းညို့ကားကိုခြံကြီးတစ်ခု၏ရှေ့တွင်ရပ်လိုက်ပြီး ကားဟွန်း၂ချက်မျှတီးလိုက်သည်။မကြာလိုက် အထဲကနေလူကြီးတစ်ယောက်ကတံခါးလာဖွင့်ပေး၏။ လင်းညို့ကားကိုအထဲသို့မောင်းဝင်ဝါးပြီးတစ်နေရာတွင်ရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်လာခဲ့သည်။
ဧည့်ခန်းထဲ၌လူကြီးတစ်ယောက်ထိုင်နေလေသည်။
''ဟို မင်္ဂလာပါဗျ..နွေဦးသော်တာရှိလားခင်ဗျ''
''အော် မင်းကလင်းညို့ရှင် ထင်ပါရဲ့''
''ဟုတ်ပါတယ်ဗျ နွေဦးဆီလာတာဘာ''
''အင်းအင်း လာ ဒီမှာထိုင်အုံး၊ အန်ကယ်ကနွေဦးရဲ့အဖေဦးဒေါနဘာ''
''ဟုတ်ကဲ့ဗျ၊ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကလင်းညို့ရှင်ပါ''
''အင်း နွေဦးတို့ခနနေဆင်းလာလိမ့်မယ်''
''ဟုတ်''
မကြာခင် နွေဦးနဲ့အတူ နွေဦးရဲ့အမေနဲ့အမတို့ဘာလိုက်ပါပြီးဆင်းလာခဲ့ကြသည်။
နွေဦးကိုမြင်တာနဲ့လင်းညို့ထိုင်နေရာမှထရပ်လိုက်မိ၏။
''နွေဦး!''
နွေဦးလင်းညို့ကိုမြင်ပြီးအံ့သြနေသည်ထင်၏။
''အစ်ကို ဒီကိုဘယ်လိုဖြစ်ပြီး''
''သမီး လာထိုင်၊ မိန်းမမင်းရောဝင်ထိုင် ထိုင်ကြ''
နွေဦးရော မေမေတို့ဘာနေရာတွင်ဝင်ထိုင်လိုက်ကြသည်။
အင်း ထိပ်တိုက်ရှင်းယုံပဲရှိတော့တာပေါ့၊ဘယ်တတ်နိုင်မလဲ။
အားလုံးကထိုင်ပြီးကြပေမဲ့ မည်သူမျှစကားမဆိုကြ၊တိတ်ဆိတ်နေကြ၏။တိတ်ဆိတ်မှုကို လင်းညို့ကအရင်ချိုးဖောက်လိုက်သည်။
''ကျွန်တော်နွေဦးကိုလာပြန်ခေါ်တာဘာ''
လင်းညို့၏စကားအဆုံးတွင် နွေဦးအမေ၏မျက်နှာသည်တိတိသာသာတင်းမာလာသည်။
''မရဘူး၊ မင်းလို...''
''တော်ပါတော့မိန်းမရယ်၊ မင်းအတ္တလည်းနည်းနည်းပါးပါးလျော့အုံးမှပေါ့ ဘယ်ချိန်ထိလိုက်နှောက်ယှက်နေတော့မှာလဲ''
''ရှင်ကဒီလိုလူနဲ့ ကျွန်မသမီးကိုထည့်လိုက်ဖို့ပြောနေတာလား ဦးဒေါနဟုတ်လား''
''အင်း ကိုယ့်သမီးကိုသူ့ချစ်တယ်၊ကိုယ့်တို့သမီးကလည်းသူကိုချစ်တယ် ဘာလိုသေးလဲကွယ်၊ မင်းကဒီလိုလိုက်တားပြီးခွဲနေရင်ရော သူတို့ကပြန်ပြီးမဆက်သွယ်ပဲနေမတဲ့လား၊ မင်းကဘယ်ချိန်ထိလိုက်တားနိုင်မှာတဲ့လဲ ဟမ်''
ဦးဒေါန၏ပြောစကားကြောင့် ဒေါ်ဝတ်ရည်တစ်ချက်တွေဝေသွားသည်။ နောက်နွေဦးကိုတစ်လှည့်၊လင်းညို့ကိုတစ်လှည့်ကြည့်ပြန်သည်။အခြေအနေကိုအကဲခတ်ကာ ဦးဒေါနကပဲစကားပြန်ဆက်သည်။
''အခုပဲကြည့် ဇိုးတစ်ယောက်ဆေးရုံကိုရောက်နေပြီ၊ လူဆိုတာဘာကိုမှကြိုပြီးမမြင်နိုင်ဘူးဝတ်ရည်၊ လက်ရှိကိုယ်အသက်ရှင်နေတဲ့ကာလအတွင်းမှာကိုယ့်ချစ်ရတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပျော်ပျော်ပါးပါးလေးဖြတ်သန်းပြီး ဘုရားရိပ်တရားရိပ်မှာနားခိုရတော့မယ်၊ ကိုယ်သေပြီးရင်လက်ရှိဒီဟာတွေဟာလည်း ကိုယ်နောက်ပါလာမှာလဲမဟုတ်ဘူး ဟောမင်းချစ်လှပါတယ်ဆိုတဲ့မင်း၊သမီးတွေကိုရောမင်းခေါ်သွားလို့ရသလား၊ မွေးတုန်းကလဲတစ်ယောက်ထဲ သေတော့လဲတစ်ယောက်ထဲပဲ၊ မည်သူမျှလိုက်ပါမပေးနိုင်ကြဘူး 'တွေ့ကြုံဆုံကွဲ' ဆိုတော့သဘောတရားကိုမင်းနားလည်ဖို့လိုတယ်ဝတ်ရည် ကလေးတွေပျော်ရွှင်ပါစေကွယ်၊ ကလေးအဖေဖြစ်တော့ရော ကိုယ့်သမီးကိုမချစ်နဲ့လို့တားလို့ရပါအုံးမလား အားလုံးက'ကံ'၏သဘောအတိုင်းဖြစ်လာတာတွေကြီးပဲ မင်းနားလည်စမ်းဘာ''
ဦးဒေါန၏စကားအဆုံးတွင်ဒေါ်ဝတ်ရည်၏အတ္တများနှင့်မာနများသည်လေထဲ၌လွှင့်စင်သွားသကဲ့သို့ပျောက်ကွယ်သွားလေရာ..
''အင်း...ကျွန်မသမီးဇောနဲ့ဘာကိုမှမတွေးနိုင်၊မစဥ်းစားနိုင်ပဲဖြစ်သွားတာပဲ''
အသံတိုးတိုးလေးနဲ့ပြောလိုက်ပေမဲ့ ဧည့်ခန်းထဲရှိလူများအကုန်ကြားလိုက်ရသည်။
''အင်း ဘယ်တတ်နိုင်မလဲ၊သားက'လင်းညို့ရှင်'နော်''
လင်းညို့ဘက်ကိုလှည့်ကာစကားဆို၏။
''ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်'လင်းညို့ရှင်'ပါ''
''အင်းကွယ် အန်တီဘက်ကမှားတာရှိလည်းသည်းခံပေါ့ကွယ်၊အန်တီလည်းသမီးဇောနဲ့မို့ဘာ..အင်း မင်းသာအန်တီသမီးကိုတစ်ကယ်ချစ်ပြီးသားမက်မက်၊မယားမက်မက်ပေါင်းပါ့မယ်လို့ရောကတိပေးနိုင်လား''
''ဗျာ..ပေး ပေးနိုင်ပါတယ်ဗျာ၊ကျွန်တော်နွေဦးကိုတစ်ကယ်ချစ်တာဘာ ရင်နှင့်အမျှချစ်ခဲ့ရတာဘာ၊ နွေဦးကိုမျက်ရည်တစ်စက်မပြောနဲ့သူ့ကိုဝမ်းနည်းစေမဲ့ကိစ္စမှန်သမျှကိုရှိမလာအောင်ကျွန်တော်ကထားပေးပါ့မယ် တစ်ကယ်ဘာ''
''အင်း ဒီလိုဆိုလဲအန်တီတို့ဘက်ကလည်းငြင်းဆန်စရာမရှိတော့ပါဘူးလေ၊ မင်္ဂလာဆောင်ကိစ္စကိုရောဘယ်မှာစီစဥ်မှာလဲ''
''နွေဦးသဘောဘာ၊ သူ့စိတ်ကြိုက်နေရာကိုရွှေးခိုင်းပြီးကျွန်တော်ဘက်ကအကုန်စီစဥ်ပေးပါ့မယ်''.
လင်းညို့၏အသံသည်စိတ်လှုပ်ရှားမှုတို့ကြောင့်အနည်းငယ်တုန်ယင်နေသည်။
''ဟို..နွေဦး အစ်ကို့ခြံထဲမှာဘဲဲပြန်လုပ်ချင်တယ်၊မပြီးပြတ်လိုက်တဲ့မင်္ဂလာပွဲကိုအဲ့နေရာမှာပဲ ပြီးပြတ်သွားတဲ့အထိပြန်လုပ်စေချင်တယ်''
နွေဦး၏စကားကြောင့် လင်းညို့ပြုံးလိုက်မိသည်။
တစ်သက်မှာတစ်ခါဒီမျှလောက်ကြည်နူးမှုမျိုးသူမရရှိခဲ့၊ သူ့တို့၏မိသားစုထဲတွင်နောက်ထပ်သူ့ချစ်ရပါတယ်ဆိုတဲ့အမျိုးသမီးလေးထပ်ရောက်ရှိလာတော့မည်ကိုအတိုင်းမသိဂုဏ်ယူမိသည်။
မျက်နှာကကျေနပ်ပီတိို့ကြောင့် ပြုံးနေမိတာ၊ ရင်ထဲလှိုက်ဖိုမှုတို့ကအပြည့်
''ကောင်းပါပြီ နွေဦး၊ဒီတစ်ခါတော့ ကိုယ့်ဘက်ကသေချာလေးပိုပြီးကောင်းအောင်စီစဥ်ပေးပါ့မယ်''
.....
ဇိုးခေါင်းတွေမူးနောက်ကာအမြင်အာရုံကဝေဝါးနေ၏။
လက်တွေကိုကြိုးစားပြီးလှုပ်ကြည့်ပေမဲ့မလှုပ်နိုင်။
အားယူကာမျက်လုံးများကိုဖွင်ကြည့်လိုက်ကာ...
''ဆေးရုံမှာလား..ငယ်ရော...''
သတိရရခြင်းပထမဆုံးတမ်းတမိသူ။
လက်ကနွေးနေသလိုခံစားမိလာသည်။
အိပ်ယာပေါ်ကိုခေါင်းတင်ပြီးသူ့လက်တစ်ဖက်ကိုအပိုင်သိမ်းကာဆုပ်ကိုင်ပြီးအိပ်ပျော်နေတဲ့ အနမ်းကိုတွေ့လိုက်ရတော့ ရင်တွေခုန်မြန်လာရပြန်၏။
အိပ်မောကျနေတဲ့ကလေးတစ်ယောက်လို၊ဖြူစင်စွာအိပ်ပျော်နေတဲ့ပုံလေးကိုကြည့်ပြီးသူ့မှာအချစ်တွေတိုးရပြန်၏။
ခေါင်းထဲမှနာကျင်မှုကိုတောင်မေ့လျော့သွားသည်အထိ အချစ်ကစွမ်းအားကြီးလှသည်။
''ငယ်..''
နှစ်ကိုယ်ကြားအသံဖြင့်တိုးလျစွာခေါ်လိုက်သည်။
''ဟင်..ကိုကို ကိုကိုသတိရလာပြီလား ဟုတ်လား၊ဘယ်နားနာသေးလဲဟင် ငယ်ဆရာဝန်သွားခေါ်လိုက်မယ်''
ပြောချင်တာတွေဆက်တိုက်ပြောပြီးထထွက်မဲ့သူကြောင့် ဇိုးလက်ကိုလှမ်းဆွဲထားရသည်။
''ဟိတ် ဘယ်သွားမှာလဲ၊ကိုကို့နားမှာပဲနေ ''
''ကိုကိုကမနာဘူးလား၊ ဒဏ်ရာတွေအများကြီးရထားတာ နေပါငယ်သွားခေါ်လိုက်ပါ့မယ်''
''ကျစ် ကိုယ့်နားမှာပဲနေပါဆိုကွာ၊ ဘာမှမဖြစ်ဘူး ငယ့်မျက်နှာမြင်တာနဲ့တင်ပျောက်တယ် သိလား''
''ဟွန့် အပိုတွေပြောပြန်ပြီ၊ဒီမှာကဖြစ်စိတ်ပူလို့ရူးတော့မှာကိုရောသိရဲ့လား''
''စိတ်ပူတယ်ပေါ့''
''မပူပဲနေမလား၊ ရှင်မရှိမှတော့ဟောဒီကကလေးကိုဘယ်သူထိန်းပေးမှာလဲပြော''
ပြောရင်း ဗိုက်ကိုလက်ဖြင့်ဖွဖွလေးပုတ်ကာ ခပ်ဆတ်ဆတ်လေးပြောလိုက်သည်။
''ဟာ ဟုတ်သားပဲ၊ ကိုယ့်တို့ဘေဘီလေးကိုမေ့နေတာ ကလေးအမေကိုပဲအာရုံရနေတော့ကျန်တာအားလုံးမေ့သွားတာ ဆောတီးဘာ ဖေဖေကလေးငယ်ရေ''
''ရှင်နော် တအားတွေပိုပြမနေနဲ့၊ အခုရောသက်သာပြီလား''
''အင်း နမ်းပါအုံး၊မြန်မြန်သက်သာရအောင်''
''ဟွန့် အသားယူနေတာ''
''ချစ်လို့ပါဗျာ....''
.......
''နွေဦး နေပူထဲမထွက်နဲ့လေ၊ သွား အထဲမှာနေ''
လင်းညို့တို့ရဲ့ခြံဆီနွေဦးနဲ့မီးငယ်လေးတို့နဲ့အတူ ပြန်ရောက်လာခဲ့ကြသည်။ထပ်ပြီး တွေ့နိုင်ပါ့မလာလို့စိုးရိမ်ခဲ့ပေမဲ့ အခုတော့လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီ။
နွေဦးတို့ရဲ့မပြီးပြတ်လိုက်တဲ့မင်္ဂလာဆောင်ကို ထပ်ပြီးကျင်းပရပါတော့မည်။အရင်ကပြင်တင်မှုထက်ပိုပြီးတော့လှပနေကာ အရောင်အဝါကလင်းလက်နေသည်။
ခြံကြီး၏မြေကွက်လပ်တစ်ခုပေါ်တွင်....နေကြာပန်းများနှင့်အလှဆင်ထားသောမင်္ဂလာဆောင်အခမ်းအနားတစ်ခုအားတွေ့မြင်နိုင်သည်။
သတို့သမီး လျှောက်လမ်းကိုအဖြူရောင်ကော်ဇောကိုခင်းထားကာ ထိုကော်ဇော်၏ဘေးလမ်းတစ်လျှောက်တွင်နေကြာပန်းများကိုအစီအရီချထားသည်။
ဘေးတစ်ဖက်တစ်ချက်စီတွင်ဧည့်သည်များ၏ထိုင်ခုံများရှိပြီး အဖြူရောင်ဆေးဆိုးသစ်သားအလှထိုင်ခုံတွင်ပုဝါအဝါရောင်များကိုလှပစွာစီးနှောင်ထားပြီးထိုင်ခုံ၏ဘေးအကျတွင်နေကြာပန်းအနည်းငယ်နှင့်အဖြူရောင်ပန်းပွင့်အသေးများကိုအသုံးပြုကာ အကြည်ရောင်အလှဖန်ခွက်ထဲတွင်ထည့်ထားပြီး ထိုင်ခုံနှင့်တွဲကာအလှကြိုးများဖြင့်ချည်နှောင်ထားသည်။
ထိုင်ခုံတစ်လုံးစီတိုင်းကိုထိုနည်းအတိုင်းပြုလုပ်ထားကြသဖြင့် မြင်ရသူဖို့ဒီဇိုင်းဆန်းနေကာရိုးရိုးလေးနဲ့အမြင်လှစေ၏။
သတို့သမီးလမ်းအဝင်တွင် 'ဂ'ငယ်ပုံစံလေးကိုပြုလုပ်ထားပြီးနေကြာပန်းများနှင့်တစ်ခြားအလှပန်းများကိုရောနှောကာအလှဆင်ထားသည်။သတို့သား၏ဘက်ခြမ်းတွင်ထိုပုံစံနှင့်ဆင်တူတစ်ခုကိုပြုလုပ်ထားကြပြီး အဖြူရောင်နှင့်အဝါရောင်ကိုသာအဓိကထားအသုံးပြုထားကြသည်။
ဒေါက် ဒေါက် ဒေါက်
''နွေဦး.. မပြီးသေးဘူးလား''
''အမလေး သတို့သားရေ ပြီးပါပြီနော်၊ ပြီးပါပြီ''
အထဲကနေနွေဦးကိုအလှပြင်ပေးနေသူမာမီမှစောင်းငဲ့ကာလင်းညို့ကိုပြန်ပြောလိုက်တော့ နွေဦးကြိတ်ပြီးရီနေလိုက်မိသည်။
မကြာခင် မာမီကဆံပင်ကိုအပြီးသတ်ပြုလုပ်ပေးပြီးလက်ဝတ်ရတနာများကိုတပ်ဆင်ပေးကာအပြင်သို့ထွက်သွားလိုက်သည်။
မကြာလိုက် မာမီထွက်သွားတာနဲ့လင်းညို့ဝင်လာခဲ့သည်။
အဖြူရောင်လည်ကတုံးလက်ရှည်နဲ့ အဝါနုရောင်ချည်လုံချည်ကိုဝတ်ဆင်ထားတာကြောင့် တစ်မျိုးလေးကြည့်လို့ကောင်းနေပြန်သည်။နွေဦးကအဝါရောင်ဖောက်သတို့သမီးဝတ်စုံကိုဝတ်ထားကာ အင်္ကျီရင်ဖုံတွင်ပန်းပွင့်အကြီးတစ်ခုပဲသာရှိပြီး ထိုပန်းပွင့်၏ပွင့်ချက်များဘေးတွင်အဖြူရောင်ကျောက်များကိုကပ်ထားသည်။အင်္ကျီလက်၏အရှည်တွင်လည်းကျောက်များနှင့် အင်္ကျီခါးတွင်လည်းကျောက်များကိုလှပစွာထည့်ချုပ်ထားတာကြောင့် မြင်ရတဲ့သူမှာတစ်ခါမကကြည့်ချင်နေမိသည်။မျက်နှာတွင်လည်းမိတ်ကပ်များကိုခပ်ပါးပါးသာလူးထားပြီး ဆံပင်ကိုအနောက်ကနေဆံထုံးပေးထုံးကာအလှဆံထိုးများဖြင့်ထိုးထားပြီး အရှေ့တွင်ဆံပင်အလိပ်လေးနှစ်ခုကိုချထားကာ ရိုးရိုးလေးနှင့်လှ၏။
''လှလိုက်တာနွေဦးရယ်၊ ကိုယ်ဖြင့်ရူးသွားမလားတောင်ဆိုးတယ်''
''အာ..အစ်ကိုကလည်း၊ဘာတွေလျှောက်ပြောနေတာလဲ ရှက်စရာကြီး''
''အော် လှလို့လှတယ်ပြောတာကိုရှက်ရသေးသလား၊ ကိုယ့်မိန်းမကရှက်ရတန်ကော''
''ဟာ...ပြောလေဆိုးလေးပဲ သူများရှက်ပါတယ်ဆို''
''ကဲ ရှက်လည်းနောက်မှရှက်တော့ဒေါ်နွေဦးရေ အရှေ့မှာအားလုံးကကိုယ့်အိမ်သူသက်ထားဇနီးမယားကိုတွေ့ချင်လွန်းလို့စောင့်နေကြပြီ၊ လာ သွားရအောင်''
နွေဦးလက်ကိုတွဲကာ.နှစ်ယောက်သားအရှေ့သို့ယှဥ်တွဲလျှောက်လာခဲ့သည်။အရှေ့တွင်စောင့်ကြိုနေသော သမီးငယ်လေးကအဖြူရောင်ဂါဝန်လေးကိုဝတ်ထားကာ ဆံပင်ကိုနှစ်ဖက်ကိုစုပြီးထုံးထားတာကြောင့်အသည်းယားကာ ကလေးကိုကောက်ချီလိုက်မိသည်။အားလုံး၏မျက်နှာထက်တွင်အတိုင်းမသိပျော်ရွှင်နေသော ကြည်နူးမှုတို့ကိုမြင်နေရသည်။
လက်ရှိသူသည်မည်သည့်အရာကိုမှမမက်မော၊ သူ၏ချစ်လှစွာသောအမျိုးသမီးလေးနှင့်သူ၏သမီးငယ်သာ အနားမှာရှိပါလျှင်အရာအားလုံးကပြည့်စုံနေလေ၏။ဒီတစ်ခေါက်သူတို့၏မင်္ဂလာပွဲသည် အပြီးထိကျင်းပနိုင်ခဲ့ပြီး မမေ့နိုင်စရာနေ့ရက်တစ်ရက်အဖြစ်သတ်မှတ်ရင်တောင်မမှားနိုင်ဘာ။ချစ်ခြင်းမေတ္တာများဖြင့်ထိုအိမ်ငယ်တွင် ရီမောခြင်းများနှင့်သာပြည့်နှက်လိုနေမည်ဖြစ်သည်။
အချစ်ကိုအချစ်နဲ့သာဖော်ပြသင့်ပြီ၊ချစ်ကြောင်းကိုလည်းဖွင့်ဟပြောဆိုတတ်ရမည်။
အချစ်နှင့်အချစ် ထပ်တူကျသည့်အခါအရာအားလုံးကလှပနေလိမ့်မည်ဖြစ်သည်။
ပြီးပါပြီ။
Marina_Mile(မိုင်း)
မိုင်း၏စာဖတ်သူများလည်းစိတ်နှလုံးအေးချမ်းပြီး၊နေ့ရက်တိုင်းပျော်ရွှင်နိုင်ပါစေနော်။နွေဦးတို့ဇာတ်လမ်းကိုဒီမှာတင်အဆုံးသတ်လိုက်ပါပြီ။လိုက်ပါပြီးဖတ်ပေးခဲ့တဲ့သူတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။
(အရေးအသားအမှားများပါရင်နားလည်ပေးပါရန်)