လေဒီရှူးအနီနဲ့... ကောင်မလေး

By rebacca_effy_89

194K 8.3K 1.3K

ကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပ... More

Episode 1 (Z+U)
Episode 2 (Z+U)
Episode 3 (Z+U)
Episode 4 (Z+U)
Episode 5 (Z+U)
Episode 6 (Z+U)
Episode 7 (Z+U)
Episode 8 (Z+U)
Episode 9 🚨 (Z+U)
Episode 10 🚨🚨 (Z+U)
Episode 11 (Z+U)
Episode 12 (Z+U)
Episode 13 (Z+U)
Episode 14 🥰 (Z+U)
Episode 15 (Z+U)
Episode 16 (Z+U)
Episode 17 🚨🚨🚨 (Z+U)
Episode 18 (Z+U)
Episode 19 (Z+U)
Episode 20 🚨 (Z+U)
Episode 21 (Z+U)
Episode 22 (Z+U)
Episode 23 (Z+U)
Episode 24 (Z+U)
Episode 25 (Z+U)
Episode 26 (Z+U)
ကြော်ငြာတာ 🥰
Episode 27 (Z+U)
Episode 28 (Z+U)
Episode 30 (Z+U)
Episode 31 (Z+U)
Episode 32 (Z+U)
Episode 33 (Z+U) 🚨
Episode 34 (Z+U)
Episode 35 (Z+U)
Episode 36 (Z+U)
Episode 37 (ဇာတ်သိမ်း) (Z+U)
Extra 🔥🔥🔥

Episode 29 (Z+U)

3K 201 26
By rebacca_effy_89

(Zawgyi code)

"MD မိုးႏွင္းေ၀က ကိစၥရွိလို႔ ေရေ၀းသုသာန္ကို သြားပါတယ္ရွင့္... ဘာကိစၥမ်ားရွိလို႔လဲ မသိဘူးေနာ္"

မိုးရဲ့ Company က ျပဴငွာေသာ ၀န္ထမ္းေလးရဲ့ စကားေတြကို သူမ ၾကားတစ္ခ်က္၊ မၾကားတစ္ခ်က္။

မိုးက ဘာအတြက္ ေရေ၀းသုသာန္ကိုသြားရတာလဲ?

ဘာကိစၥရွိလို႔လဲ?

အခုခ်ိန္ေလာက္လိုက္မယ္ဆိုရင္ မီွေလာက္တယ္လို႔ေတာ့ မထင္ဘူး။

"သူ သြားတာၾကာၿပီလား?"

"မၾကာေသးဘူးရွင့္... ဆယ္မိနစ္ေလာက္ပဲရွိဦးမယ္"

"ေအာ္... ဟုတ္လား... ေက်းဇူးေနာ္..."

ရွည္ရွည္ေ၀းေ၀းမစဥ္းစားပဲ သူမ မိုးရွိရာ ေရေ၀းဆီလိုက္ဖို႔ဆံုးျဖတ္လုိက္တယ္။

ဦးခန္႔ေအာင္ သူမနဲ႔အတူ ပါမလာတာကိုပဲ စိတ္ထဲ ေက်နပ္မိေသးတာ။

မဟုတ္ရင္ ဟိုအေၾကာင္းျပ၊ ဒီအေၾကာင္းျပနဲ႔ သူမကို တားေနဦးမယ္ေလ။

သူမက ပူပန္စိတ္နဲ႔ေမာင္းတာမို႔ ကားအရွိန္က သာမာန္ထက္ေတာ့ အနည္းငယ္ျမန္ေနလိမ့္မယ္။

ဒါမဲ့ ဘယ္တတ္ႏုိင္မလဲ။

မိုးကိုေတြ႕ခ်င္ေနတာကိုး။

တကယ္ဆို လူေတြက မေက်နပ္လို႔ မ်က္စိစုံမွိတ္ၿပီး ျငင္းခ်င္လို႔သာ ျငင္းေနၾကတာ၊ ကိုယ္တကယ္ခ်စ္တဲ့လူနဲ႔ ပတ္သတ္ရင္ အေသးစိတ္ေလးကအစ အကုန္မွတ္မိ၊ သတိထားမိေနတာမ်ဳိး။

သူမရဲ့ပါတီကို မိုးလာတဲ့ညက မိုးေမာင္းလာတဲ့ ၿပိဳင္ကားအနက္ေလးကုိ သူမ ေကာင္းေကာင္းႀကီး မွတ္မိေနတာ။

ေရေ၀းသုသာန္ထဲကားေမာင္း၀င္လာရင္း ဟိုဟိုဒီဒီ လွမ္းရွာစရာကိုမလိုတာ။

သူမ မိုးရဲ့ၿပဳိင္ကာေလးကို လွမ္းေတြ႕တယ္။

သၿဂဳိလ္စက္နားမွာေတာ့ ငိုယုိေနၾကတဲ့လူေတြနဲ႔ စ်ာပနေတြရွိေနလိမ့္မယ္။

ဒါမဲ့ သူမ အဲ့ဒီဖက္လည္း လွည့္မၾကည့္အား။

မိုးရဲ့ၿပိဳင္ကားေလးဆီ အေျပးသြားၿပီးေနာက္ မိုးမ်ား ကားထဲရွိေနမလားၾကည့္မိေသးတယ္။

သူ႔ကိုမေတြ႕ေတာ့ ေဘးဘီ၀ဲယာ လွမ္းၿပီးမ်က္စိကစားၾကည့္လိုက္ေတာ့ အုတ္ဂူေတြၾကား ဟိုးတေနရာမွာ မိုးက လူတစ္ေယာက္နဲ႔ မတ္တပ္ရပ္ၿပီး စကားေျပာေနတာ။

သူမ စီးထားတဲ့ ဖိနပ္က ေဒါက္ဖိနပ္။ ဒါ့ေၾကာင့္ မိုးရွိေနတဲ့ေနရာကို လိုက္သြားခ်င္ေပမယ့္ အခ်ိန္တန္ မိုးကားနားကို ျပန္ေရာက္လာမွာပဲဆိုတဲ့ အေတြးနဲ႔ သူမက ၿပိဳင္ကားေလးနားမွာပဲ ေစာင့္ေနလိုက္မိတယ္။

မိုးနဲ႔စကားေျပာေနတဲ့ လူက ေျပာစရာေတြၿပီးလို႔နဲ႔တူပါတယ္။

သူမရပ္ေနရာဆီေလွ်ာက္လာတာကို ေတြ႕လိုက္ရတယ္။

မိုးကားနားမွာရပ္ေနတဲ့ သူမကိုျမင္ေတာ့ ျမင္ဖူးတယ္ဆိုတဲ့ မ်က္လံုးေတြနဲ႔ သူမကို လွမ္းၾကည့္ေသးတာ။

အေတာ္ပဲေပါ့။ ထိုလူသာ သူမကို မသိသလိုဆက္ေလွ်ာက္သြားရင္မိုးနဲ႔ ဘာေတြေျပာေနလဲဆိုတာကို သိခ်င္ရက္နဲ႔ ေမးမိဦးမွာ မဟုတ္ဘူး။

ဒါေပမဲ့ ထိုလူက ၾကည့္လာတဲ့ေနာက္ေတာ့ သူမ အၿပံဳးတစ္ခုနဲ႔ မိတ္ဆက္ရင္း စကားစဖို႔ လြယ္ကူသြားခဲ့တယ္ေလ။

"ေနေကာင္းတယ္ေနာ္..."

"ဗ်ာ... ဟို... ဟုတ္... ဟုတ္ကဲ့..."

သူမ စၿပီးႏႈတ္ဆက္လိုက္တာကို ထိုလူက တအံ့တၾသျဖစ္သြားရွာတယ္။ မ်က္လံုးေတြေတာင္ျပဴးက်ယ္လို႔။

"ဟို မိုးႏွင္းေ၀နဲ႔က အသိေတြလား?"

သူမသိခ်င္တာကို ဒဲ့ေမးေတာ့ ထိုလူက မိုးဖက္ကို တစ္ခ်က္လွည့္ၾကည့္ေသးတာ။

"အသိေတြမဟုတ္ပါဘူး။ ေကာင္မေလးက သနားစရာပါဗ်ာ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ႏွလံုးေရာဂါခံစားေနရတာ။ သိပ္ၾကာၾကာမေနရေတာ့ဘူးတဲ့။ အဲဒါ သူ႔အတြက္ သၿဂႋဳလ္ဖို႔ေျမေနရာ လာ၀ယ္ေနတာေလ... အသက္ေလး ငယ္ေပမယ့္ တရားေတာ့ ရွိရွာတယ္..."

ထိုလူ ၀မ္းပန္းတနည္းေျပာမႈက သူမကို ငိုခ်င္တဲ့စိတ္ကို ထိုးဆြလိုက္သလို။

၀မ္းနည္းမႈက ရင္ဘတ္ထဲ သိသိသာသာထိုးထြင္း၀င္ေရာက္လာခဲ့တယ္။

ၿပီးေတာ့ သူမလည္း ထိုလူနဲ႔ စကားဆက္မေျပာခ်င္တာေၾကာင့္ ၿပံဳးျပေခါင္းဆတ္ရင္း ႏႈတ္ဆက္စကားေျပာၿပီး ကားဆီသို႔ ျပန္လာခဲ့လိုက္မိတယ္။

ဒီအထိေတာင္လိုက္လာၿပီးမွ ဘာမွမေျပာပဲ ျပန္ဖို႔ ရည္ရြယ္လိုက္တဲ့ သူမရဲ့ စိတ္အေျခအေနကိုလည္း နားမလည္ခ်င္ေတာ့ျပန္။

"မင္းထက္သာလြန္..."

ကြဲအက္အက္ေခၚသံက သူမရဲ့ေက်ာဖက္မွ တည္တည္ၿငိမ္ၿငိမ္ေလးထြက္ေပၚလာတာ။

ကားတံခါးကို လွမ္းကိုင္ဖို႔ လက္ကမ္းမိရင္းမွ သမင္လည္ျပန္လွည့္ၾကည့္လုိက္ေတာ့ သူမကို တည္တည္ၿငိမ္ၿငိမ္စိုက္ၾကည့္ေနတဲ့ မိုးႏွင္းေ၀။

"ဘယ္ကိုလာတာလဲ?"

"ဟို အသိတစ္ေယာက္..."

"မလိမ္နဲ႔... ဘာအသိတစ္ေယာက္မွ မဟုတ္ဘူး။ က်မဆီကို လိုက္လာတာ။ က်မရဲ့အတြင္းေရးမွဴးက ဖုန္းဆက္ၿပီး လွမ္းေျပာၿပီးၿပီ"

ပိုင္ပိုင္ႏုိင္ႏုိင္ေျပာရင္း မိုးက သူမေရွ႕ဆီသို႔ ဦးတည္ေလွ်ာက္လာတယ္။

၁ ေပေလာက္ အကြာေရာက္မွ ေျခလွမ္းေတြကို ရပ္တယ္။ ၿပီးေတာ့ သူမကို ေစ့ေစ့စိုက္ၾကည့္ျပန္တယ္။

"ဘာကိစၥမ်ား အေရးတႀကီးရွိလို႔လဲ မင္းထက္သာလြန္..."

"မင္းဘာျဖစ္ေနတာလဲ ႏွင္းဆီ... ေအာ္... ဟို မိုးႏွင္းေ၀..."

အရင္နာမည္ေဟာင္းပဲ ႏႈတ္ဖ်ားမွာ ေခၚေလ့ရွိေနေတာ့ မနည္းႀကီး မိုးႏွင္းေ၀လို႔ ေခၚႏုိင္ဖုိ႔ သတိထားေနရတာက သူမအတြက္ အလုပ္တစ္ခု။

အခုလို စိုးရီမ္မႈေတြနဲ႔ နပန္းလံုးေနရခ်ိန္ဆို ပိုဆိုးတယ္။

"က်မ ဘာမွမျဖစ္ပါဘူး မင္းထက္သာလြန္... က်မ အကုန္အဆင္ေျပေနပါတယ္..."

"မင္းက လိမ္ရတာကို ၾကိဳက္တာလား ဟုတ္လား... အခုေလးတင္ မင္းကုေနတဲ့ ဆရာ၀န္ဆီက တို႔ျပန္လာတာ။ မင္း... မင္းမွာ ႏွလံုးေရာဂါရွိေနၿပီဆို... မင္းဘာျဖစ္ေနတာလဲ မိုးႏွင္းေ၀..."

သူမ စိုးရိမ္တႀကီးေမးရင္း မ်က္ရည္ေ၀့ေတာ့ မိုးက တအံ့တၾသနဲ႔ စိုက္ၾကည့္တယ္။ ၿပီးေတာ့ နားမလည္သလို ဆတ္ခနဲ ၿပံဳးခ်လိုက္တယ္။

"ေနပါဦး ေဒၚမင္းထက္သာလြန္ရယ္... ေနပါဦး။ က်မ ဘာမွနားမလည္ေတာ့ဘူး။ ေဒၚမင္းထက္သာလြန္ကေရာ ဘာျဖစ္ခ်င္ေနာလဲ..."

"ဘာကိုေမးတာလဲ မင္းက?"

"ေအာ္ ရွင္းပါတယ္။ က်မဘာသာ ႏွလံုးေရာဂါကမလို႔ ေက်ာက္ကပ္ပဲ ပ်က္စီးပ်က္စီး... အဲဒါ မင္းထက္သာလြန္နဲ႔ ဘာမ်ားပတ္သတ္လု႔ိလဲ မသိဘူး... ေအာ္... ဘာလဲ ေဒၚမင္းထက္သာလြန္က ႏွလံုးအစားထိုး စက္ကိရိယာေတြ ထုတ္လုပ္တဲ့ ကုမၸဏီလည္း တည္ေထာင္ထားလို႔ အခု မာကတ္တင္းလာဆင္းေနတာလား?"

"မင္း... ႏွင္းဆီ... ေတာက္..."

မခန္႔ေလးစားပံုနဲ႔ မိုးရဲ့ တုန္႔ျပန္မႈက သူမရဲ့ေဒါသကို ဆြေနသလိုပါပဲ။

မိုးဘာၾကားခ်င္ေနတယ္ဆိုတာ သူမသိတယ္။ ဒါေပမဲ့ သူမလည္း ထိုစကားကို မေျပာခ်င္ဘူး။

ေျပာခြင့္လည္းမရွိဘူးထင္တယ္။

"ဘာေတြမ်ားဒီေလာက္ ေဒါသထြက္ေနတာလဲ မင္းထက္သာလြန္။ က်မရဲ့ေရာဂါဟာ ခင္ဗ်ားနဲ႔ ဘာမ်ားဆုိင္လို႔လဲ? က်မေတာ့ မဆိုင္ဘူးထင္တာပဲ။ ဥပမာေပါ့... က်မသာ ရွင့္ေနရာမွာဆိုရင္ေလ... ကိုယ္မခ်စ္ေတာ့တဲ့... ကိုယ္ဘာဖီလင္မွမရွိေတာ့တဲ့ လူတစ္ေယာက္ ဘာေရာဂါပဲျဖစ္ေန ျဖစ္ေန... ဘယ္လိုအေျခအေနပဲ ေရာက္ေန ေရာက္ေန... က်မေတာ့ စိတ္၀င္စားမွာ မဟုတ္ဘူး သိလား?"

"မင္း... မင္း... မင္း လူ႕ေလာကမွာ ေနဖို႔ အခ်ိန္ သိပ္မက်န္ေတာ့ဘူးဆိုတာ တကယ္လား?"

"မဟုတ္ဘူး... လိမ္တာ... က်မ ရွင့္ထက္ေတာင္ အသက္ရွည္ရွည္ေနဦးမွာ... ကဲ ေက်နပ္လိုက္ေတာ့..."

"မင္းလိမ္ျပန္ၿပီ..."

"ဘာကိုလဲ... ဘာကိုလဲ ေဒၚမင္းထက္သာလြန္ရယ္..."

"မင္းဒီတစ္ခါေတာ့ တို႔ကို မလိမ္ပါနဲ႔ မိုးႏွင္းေ၀ရယ္... မင္း တို႔ကို မလိမ္ပဲ ေနာက္ဆံုးတစ္ေခါက္ ႐ိုးသားေပးလို႔မရဘူးလား?"

"ေအးေလ... ေျပာေလ... ဘာကို ႐ိုးသားေပးရမွာလဲ? ႐ိုး႐ိုးသားသားေျဖလည္း ခင္ဗ်ားက က်မကို ယံဳမွာမို႔လို႔လား?"
"မင္း... မင္း လူ႔ေလာကမွာ... လူ႔ေလာကမွာ..."

ေျပာရင္း သူမအားအင္တို႔ ကုန္ခမ္းသြားသလို ထိုနားမွာတင္ ထိုင္က်သြားမိတယ္။

ထိုအခါမိုး ျပာယာခတ္ၿပီး သူမကို ေျပးေပြ႕တယ္။

"ဟာ... ခင္ဗ်ား ေဇာေခၽြးေတြ ပ်ံေနတာကိုး။ ၾကည့္ပါဦး ရႊဲနစ္ေနတာပဲ... လာ... လာ... ကားေပၚတက္ေနာ္... အဲကြန္းဖြင့္ေပးမယ္..."

မိုး အႏူးညံ့ဆံုး သူမကို ဆြဲထူရင္း ကားေပၚတင္ကာ၊ မိုးလည္းကားေပၚ ခပ္သြက္သြက္တက္ၿပီး စက္ႏႈိးကာ အဲကြန္းဖြင့္လိုက္တယ္။

ၿပီးေတာ့ ခ်က္ခ်င္းပဲ ကားေပၚမွာအသင့္ေဆာင္ထားတဲ့ တစ္႐ွဴး ၅ရြက္ေလာက္ကို ခပ္သြက္သြက္ဆြဲယူၿပီး သူမ ေက်ာျပင္ရွိ ေခၽြးေပါက္ေတြနဲ႔ လည္တိုင္ေတြ၊ မ်က္ႏွာနဲ႔ နဖူးမွာရွိတဲ့ ေခၽြးေပါက္ေတြကို တတ္ႏိုင္ သေရြ႕ သုတ္ေပးမိတယ္။

"ေရေသာက္လိုက္ေနာ္... MD... ေရေသာက္လိုက္ေနာ္..."

ျပာယာခတ္စြာျဖင့္ သူမအတြက္ ေရသန္႔ဗူးကို ဖြင့္ၿပီး ေပးမိတယ္။ သူမလက္ေတြ ေလးလံေနလို႔ မိုးကိုယ္တိုင္ပဲ ႏႈတ္ခမ္းတြင္ ေတ့ၿပီး ေမာ့တိုက္ေပးမိတယ္။

"နဲနဲပဲေသာက္... သီးမွာစိုးလို႔... အင္း ျဖည္းျဖည္းမ်ဳိခ်ေနာ္... အင္း ဟုတ္ၿပီ... ျဖည္းျဖည္း... အိုေက... ခု ေနာက္ကို မွီထားလိုက္ေနာ္... က်မ ထိုင္ခံုကို ေနာက္နဲနဲေလး လွန္ေပးမယ္... ကဲ ရေလာက္ၿပီေနာ္... ၿငိမ္ၿငိမ္ေလးေန... မလႈတ္နဲ႔..."
"ႏွင္းဆီ..."

"ရွင္... ရွင္ MD"

တခါေခၚၿပီး သူမျပန္ၿငိမ္သြားလို႔ မိုးအၾကိမ္ၾကိမ္ျပန္ထူးေနမိေသးတာ။

"တို႔အခုန စကားကို ႏႈတ္ကေတာင္ မထြက္၀ံ့ဘူး။ အဲ့ေတာ့ တို႔ၾကားလာတာ အမွန္လားဟင္?"

"MD ပဲေျပာတယ္ေလ... ႏွင္းဆီကို မလိမ္နဲ႔ေတာ့ဆို..."

"ဟာ... ဒါဆို အဲဒီသတင္းဆိုးႀကီးက အမွန္ေပါ့ေနာ္... ႏွင္းဆီရယ္..."

သူမ မ်က္လံုးေတြကို ၀မ္းနည္းစြာ မွိတ္ခ်လိုက္တဲ့တခဏ မ်က္ရည္ေပါက္ႀကီးေတြ စီးက်လာခဲ့တယ္။

မိုးရဲ့ရင္ဘတ္က အက်ႌကို လွမ္းဆြဲကိုင္လိုက္ခ်ိန္ မိုးက အလိုက္သင့္ ခါးကိုင္းေပးလိုက္ေတာ့ သူမ မက္ေမာစြာျဖင့္ မိုးရင္ခြင္ထဲ မ်က္ႏွာအပ္ရင္း သည္းထန္စြာ ငိုေကၽြးမိသြားတယ္။

"မင္း အရမ္း အႏိုင္ပိုင္းလြန္းတယ္ ႏွင္းဆီရယ္... မင္းေလ တို႔ကို ဘယ္ေတာ့မွ တို႔အဆင္သင့္ျဖစ္တဲ့အခ်ိန္တစ္ခု မေပးခဲ့တာေနာ္... အခုလည္း... အခုလည္း..."

သူမ တကယ့္ကို သည္းသည္းထန္ထန္ ငိုေကၽြးတာ။

မိုးလည္း ေတာင့္ေတာင့္ႀကီး ၿငိမ္ေနရင္းမွ သူမငိုတာကိုၾကည့္ရင္း အခုန တင္းထားသမွ် စိတ္က ေျပေလ်ာ့က်ရင္း ပါးျပင္ေပၚသို႔ မ်က္ရည္ေတြစီးက်လာခဲ့ရၿပီေလ။

-------------------------------------------------------

ဆက္ရန္

-------------------------------------------------------

(Uni code)

"MD မိုးနှင်းဝေက ကိစ္စရှိလို့ ရေဝေးသုသာန်ကို သွားပါတယ်ရှင့်... ဘာကိစ္စများရှိလို့လဲ မသိဘူးနော်"

မိုးရဲ့ Company က ပြူငှာသော ၀န်ထမ်းလေးရဲ့ စကားတွေကို သူမ ကြားတစ်ချက်၊ မကြားတစ်ချက်။

မိုးက ဘာအတွက် ရေဝေးသုသာန်ကိုသွားရတာလဲ?

ဘာကိစ္စရှိလို့လဲ?

အခုချိန်လောက်လိုက်မယ်ဆိုရင် မှီလောက်တယ်လို့တော့ မထင်ဘူး။

"သူ သွားတာကြာပြီလား?"

"မကြာသေးဘူးရှင့်... ဆယ်မိနစ်လောက်ပဲရှိဦးမယ်"

"အော်... ဟုတ်လား... ကျေးဇူးနော်..."

ရှည်ရှည်ဝေးဝေးမစဉ်းစားပဲ သူမ မိုးရှိရာ ရေဝေးဆီလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဦးခန့်အောင် သူမနဲ့အတူ ပါမလာတာကိုပဲ စိတ်ထဲ ကျေနပ်မိသေးတာ။

မဟုတ်ရင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ သူမကို တားနေဦးမယ်လေ။

သူမက ပူပန်စိတ်နဲ့မောင်းတာမို့ ကားအရှိန်က သာမာန်ထက်တော့ အနည်းငယ်မြန်နေလိမ့်မယ်။

ဒါမဲ့ ဘယ်တတ်နိုင်မလဲ။

မိုးကိုတွေ့ချင်နေတာကိုး။

တကယ်ဆို လူတွေက မကျေနပ်လို့ မျက်စိစုံမှိတ်ပြီး ငြင်းချင်လို့သာ ငြင်းနေကြတာ၊ ကိုယ်တကယ်ချစ်တဲ့လူနဲ့ ပတ်သတ်ရင် အသေးစိတ်လေးကအစ အကုန်မှတ်မိ၊ သတိထားမိနေတာမျိုး။

သူမရဲ့ပါတီကို မိုးလာတဲ့ညက မိုးမောင်းလာတဲ့ ပြိုင်ကားအနက်လေးကို သူမ ကောင်းကောင်းကြီး မှတ်မိနေတာ။

ရေဝေးသုသာန်ထဲကားမောင်းဝင်လာရင်း ဟိုဟိုဒီဒီ လှမ်းရှာစရာကိုမလိုတာ။

သူမ မိုးရဲ့ပြိုင်ကာလေးကို လှမ်းတွေ့တယ်။

သဂြိုလ်စက်နားမှာတော့ ငိုယိုနေကြတဲ့လူတွေနဲ့ စျာပနတွေရှိနေလိမ့်မယ်။

ဒါမဲ့ သူမ အဲ့ဒီဖက်လည်း လှည့်မကြည့်အား။

မိုးရဲ့ပြိုင်ကားလေးဆီ အပြေးသွားပြီးနောက် မိုးများ ကားထဲရှိနေမလားကြည့်မိသေးတယ်။

သူ့ကိုမတွေ့တော့ ဘေးဘီဝဲယာ လှမ်းပြီးမျက်စိကစားကြည့်လိုက်တော့ အုတ်ဂူတွေကြား ဟိုးတနေရာမှာ မိုးက လူတစ်ယောက်နဲ့ မတ်တပ်ရပ်ပြီး စကားပြောနေတာ။

သူမ စီးထားတဲ့ ဖိနပ်က ဒေါက်ဖိနပ်။ ဒါ့ကြောင့် မိုးရှိနေတဲ့နေရာကို လိုက်သွားချင်ပေမယ့် အချိန်တန် မိုးကားနားကို ပြန်ရောက်လာမှာပဲဆိုတဲ့ အတွေးနဲ့ သူမက ပြိုင်ကားလေးနားမှာပဲ စောင့်နေလိုက်မိတယ်။

မိုးနဲ့စကားပြောနေတဲ့ လူက ပြောစရာတွေပြီးလို့နဲ့တူပါတယ်။

သူမရပ်နေရာဆီလျှောက်လာတာကို တွေ့လိုက်ရတယ်။

မိုးကားနားမှာရပ်နေတဲ့ သူမကိုမြင်တော့ မြင်ဖူးတယ်ဆိုတဲ့ မျက်လုံးတွေနဲ့ သူမကို လှမ်းကြည့်သေးတာ။

အတော်ပဲပေါ့။ ထိုလူသာ သူမကို မသိသလိုဆက်လျှောက်သွားရင်မိုးနဲ့ ဘာတွေပြောနေလဲဆိုတာကို သိချင်ရက်နဲ့ မေးမိဦးမှာ မဟုတ်ဘူး။

ဒါပေမဲ့ ထိုလူက ကြည့်လာတဲ့နောက်တော့ သူမ အပြုံးတစ်ခုနဲ့ မိတ်ဆက်ရင်း စကားစဖို့ လွယ်ကူသွားခဲ့တယ်လေ။

"နေကောင်းတယ်နော်..."

"ဗျာ... ဟို... ဟုတ်... ဟုတ်ကဲ့..."

သူမ စပြီးနှုတ်ဆက်လိုက်တာကို ထိုလူက တအံ့တသြဖြစ်သွားရှာတယ်။ မျက်လုံးတွေတောင်ပြူးကျယ်လို့။

"ဟို မိုးနှင်းဝေနဲ့က အသိတွေလား?"

သူမသိချင်တာကို ဒဲ့မေးတော့ ထိုလူက မိုးဖက်ကို တစ်ချက်လှည့်ကြည့်သေးတာ။

"အသိတွေမဟုတ်ပါဘူး။ ကောင်မလေးက သနားစရာပါဗျာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါခံစားနေရတာ။ သိပ်ကြာကြာမနေရတော့ဘူးတဲ့။ အဲဒါ သူ့အတွက် သင်္ဂြိုလ်ဖို့မြေနေရာ လာဝယ်နေတာလေ... အသက်လေး ငယ်ပေမယ့် တရားတော့ ရှိရှာတယ်..."

ထိုလူ ၀မ်းပန်းတနည်းပြောမှုက သူမကို ငိုချင်တဲ့စိတ်ကို ထိုးဆွလိုက်သလို။

၀မ်းနည်းမှုက ရင်ဘတ်ထဲ သိသိသာသာထိုးထွင်းဝင်ရောက်လာခဲ့တယ်။

ပြီးတော့ သူမလည်း ထိုလူနဲ့ စကားဆက်မပြောချင်တာကြောင့် ပြုံးပြခေါင်းဆတ်ရင်း နှုတ်ဆက်စကားပြောပြီး ကားဆီသို့ ပြန်လာခဲ့လိုက်မိတယ်။

ဒီအထိတောင်လိုက်လာပြီးမှ ဘာမှမပြောပဲ ပြန်ဖို့ ရည်ရွယ်လိုက်တဲ့ သူမရဲ့ စိတ်အခြေအနေကိုလည်း နားမလည်ချင်တော့ပြန်။

"မင်းထက်သာလွန်..."

ကွဲအက်အက်ခေါ်သံက သူမရဲ့ကျောဖက်မှ တည်တည်ငြိမ်ငြိမ်လေးထွက်ပေါ်လာတာ။

ကားတံခါးကို လှမ်းကိုင်ဖို့ လက်ကမ်းမိရင်းမှ သမင်လည်ပြန်လှည့်ကြည့်လိုက်တော့ သူမကို တည်တည်ငြိမ်ငြိမ်စိုက်ကြည့်နေတဲ့ မိုးနှင်းဝေ။

"ဘယ်ကိုလာတာလဲ?"

"ဟို အသိတစ်ယောက်..."

"မလိမ်နဲ့... ဘာအသိတစ်ယောက်မှ မဟုတ်ဘူး။ ကျမဆီကို လိုက်လာတာ။ ကျမရဲ့အတွင်းရေးမှူးက ဖုန်းဆက်ပြီး လှမ်းပြောပြီးပြီ"

ပိုင်ပိုင်နိုင်နိုင်ပြောရင်း မိုးက သူမရှေ့ဆီသို့ ဦးတည်လျှောက်လာတယ်။

၁ ပေလောက် အကွာရောက်မှ ခြေလှမ်းတွေကို ရပ်တယ်။ ပြီးတော့ သူမကို စေ့စေ့စိုက်ကြည့်ပြန်တယ်။

"ဘာကိစ္စများ အရေးတကြီးရှိလို့လဲ မင်းထက်သာလွန်..."

"မင်းဘာဖြစ်နေတာလဲ နှင်းဆီ... အော်... ဟို မိုးနှင်းဝေ..."

အရင်နာမည်ဟောင်းပဲ နှုတ်ဖျားမှာ ခေါ်လေ့ရှိနေတော့ မနည်းကြီး မိုးနှင်းဝေလို့ ခေါ်နိုင်ဖို့ သတိထားနေရတာက သူမအတွက် အလုပ်တစ်ခု။

အခုလို စိုးရီမ်မှုတွေနဲ့ နပန်းလုံးနေရချိန်ဆို ပိုဆိုးတယ်။

"ကျမ ဘာမှမဖြစ်ပါဘူး မင်းထက်သာလွန်... ကျမ အကုန်အဆင်ပြေနေပါတယ်..."

"မင်းက လိမ်ရတာကို ကြိုက်တာလား ဟုတ်လား... အခုလေးတင် မင်းကုနေတဲ့ ဆရာဝန်ဆီက တို့ပြန်လာတာ။ မင်း... မင်းမှာ နှလုံးရောဂါရှိနေပြီဆို... မင်းဘာဖြစ်နေတာလဲ မိုးနှင်းဝေ..."

သူမ စိုးရိမ်တကြီးမေးရင်း မျက်ရည်ဝေ့တော့ မိုးက တအံ့တသြနဲ့ စိုက်ကြည့်တယ်။ ပြီးတော့ နားမလည်သလို ဆတ်ခနဲ ပြုံးချလိုက်တယ်။

"နေပါဦး ဒေါ်မင်းထက်သာလွန်ရယ်... နေပါဦး။ ကျမ ဘာမှနားမလည်တော့ဘူး။ ဒေါ်မင်းထက်သာလွန်ကရော ဘာဖြစ်ချင်နောလဲ..."

"ဘာကိုမေးတာလဲ မင်းက?"

"အော် ရှင်းပါတယ်။ ကျမဘာသာ နှလုံးရောဂါကမလို့ ကျောက်ကပ်ပဲ ပျက်စီးပျက်စီး... အဲဒါ မင်းထက်သာလွန်နဲ့ ဘာများပတ်သတ်လို့လဲ မသိဘူး... အော်... ဘာလဲ ဒေါ်မင်းထက်သာလွန်က နှလုံးအစားထိုး စက်ကိရိယာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း တည်ထောင်ထားလို့ အခု မာကတ်တင်းလာဆင်းနေတာလား?"

"မင်း... နှင်းဆီ... တောက်..."

မခန့်လေးစားပုံနဲ့ မိုးရဲ့ တုန့်ပြန်မှုက သူမရဲ့ဒေါသကို ဆွနေသလိုပါပဲ။

မိုးဘာကြားချင်နေတယ်ဆိုတာ သူမသိတယ်။ ဒါပေမဲ့ သူမလည်း ထိုစကားကို မပြောချင်ဘူး။

ပြောခွင့်လည်းမရှိဘူးထင်တယ်။

"ဘာတွေများဒီလောက် ဒေါသထွက်နေတာလဲ မင်းထက်သာလွန်။ ကျမရဲ့ရောဂါဟာ ခင်ဗျားနဲ့ ဘာများဆိုင်လို့လဲ? ကျမတော့ မဆိုင်ဘူးထင်တာပဲ။ ဥပမာပေါ့... ကျမသာ ရှင့်နေရာမှာဆိုရင်လေ... ကိုယ်မချစ်တော့တဲ့... ကိုယ်ဘာဖီလင်မှမရှိတော့တဲ့ လူတစ်ယောက် ဘာရောဂါပဲဖြစ်နေ ဖြစ်နေ... ဘယ်လိုအခြေအနေပဲ ရောက်နေ ရောက်နေ... ကျမတော့ စိတ်ဝင်စားမှာ မဟုတ်ဘူး သိလား?"

"မင်း... မင်း... မင်း လူ့လောကမှာ နေဖို့ အချိန် သိပ်မကျန်တော့ဘူးဆိုတာ တကယ်လား?"

"မဟုတ်ဘူး... လိမ်တာ... ကျမ ရှင့်ထက်တောင် အသက်ရှည်ရှည်နေဦးမှာ... ကဲ ကျေနပ်လိုက်တော့..."

"မင်းလိမ်ပြန်ပြီ..."

"ဘာကိုလဲ... ဘာကိုလဲ ဒေါ်မင်းထက်သာလွန်ရယ်..."

"မင်းဒီတစ်ခါတော့ တို့ကို မလိမ်ပါနဲ့ မိုးနှင်းဝေရယ်... မင်း တို့ကို မလိမ်ပဲ နောက်ဆုံးတစ်ခေါက် ရိုးသားပေးလို့မရဘူးလား?"

"အေးလေ... ပြောလေ... ဘာကို ရိုးသားပေးရမှာလဲ? ရိုးရိုးသားသားဖြေလည်း ခင်ဗျားက ကျမကို ယုံမှာမို့လို့လား?"
"မင်း... မင်း လူ့လောကမှာ... လူ့လောကမှာ..."

ပြောရင်း သူမအားအင်တို့ ကုန်ခမ်းသွားသလို ထိုနားမှာတင် ထိုင်ကျသွားမိတယ်။

ထိုအခါမိုး ပြာယာခတ်ပြီး သူမကို ပြေးပွေ့တယ်။

"ဟာ... ခင်ဗျား ဇောချွေးတွေ ပျံနေတာကိုး။ ကြည့်ပါဦး ရွှဲနစ်နေတာပဲ... လာ... လာ... ကားပေါ်တက်နော်... အဲကွန်းဖွင့်ပေးမယ်..."

မိုး အနူးညံ့ဆုံး သူမကို ဆွဲထူရင်း ကားပေါ်တင်ကာ၊ မိုးလည်းကားပေါ် ခပ်သွက်သွက်တက်ပြီး စက်နှိုးကာ အဲကွန်းဖွင့်လိုက်တယ်။

ပြီးတော့ ချက်ချင်းပဲ ကားပေါ်မှာအသင့်ဆောင်ထားတဲ့ တစ်ရှူး ၅ရွက်လောက်ကို ခပ်သွက်သွက်ဆွဲယူပြီး သူမ ကျောပြင်ရှိ ချွေးပေါက်တွေနဲ့ လည်တိုင်တွေ၊ မျက်နှာနဲ့ နဖူးမှာရှိတဲ့ ချွေးပေါက်တွေကို တတ်နိုင် သရွေ့ သုတ်ပေးမိတယ်။

"ရေသောက်လိုက်နော်... MD... ရေသောက်လိုက်နော်..."

ပြာယာခတ်စွာဖြင့် သူမအတွက် ရေသန့်ဗူးကို ဖွင့်ပြီး ပေးမိတယ်။ သူမလက်တွေ လေးလံနေလို့ မိုးကိုယ်တိုင်ပဲ နှုတ်ခမ်းတွင် တေ့ပြီး မော့တိုက်ပေးမိတယ်။

"နဲနဲပဲသောက်... သီးမှာစိုးလို့... အင်း ဖြည်းဖြည်းမျိုချနော်... အင်း ဟုတ်ပြီ... ဖြည်းဖြည်း... အိုကေ... ခု နောက်ကို မှီထားလိုက်နော်... ကျမ ထိုင်ခုံကို နောက်နဲနဲလေး လှန်ပေးမယ်... ကဲ ရလောက်ပြီနော်... ငြိမ်ငြိမ်လေးနေ... မလှုတ်နဲ့..."
"နှင်းဆီ..."

"ရှင်... ရှင် MD"

တခါခေါ်ပြီး သူမပြန်ငြိမ်သွားလို့ မိုးအကြိမ်ကြိမ်ပြန်ထူးနေမိသေးတာ။

"တို့အခုန စကားကို နှုတ်ကတောင် မထွက်ဝံ့ဘူး။ အဲ့တော့ တို့ကြားလာတာ အမှန်လားဟင်?"

"MD ပဲပြောတယ်လေ... နှင်းဆီကို မလိမ်နဲ့တော့ဆို..."

"ဟာ... ဒါဆို အဲဒီသတင်းဆိုးကြီးက အမှန်ပေါ့နော်... နှင်းဆီရယ်..."

သူမ မျက်လုံးတွေကို ၀မ်းနည်းစွာ မှိတ်ချလိုက်တဲ့တခဏ မျက်ရည်ပေါက်ကြီးတွေ စီးကျလာခဲ့တယ်။

မိုးရဲ့ရင်ဘတ်က အကျႌကို လှမ်းဆွဲကိုင်လိုက်ချိန် မိုးက အလိုက်သင့် ခါးကိုင်းပေးလိုက်တော့ သူမ မက်မောစွာဖြင့် မိုးရင်ခွင်ထဲ မျက်နှာအပ်ရင်း သည်းထန်စွာ ငိုကျွေးမိသွားတယ်။

"မင်း အရမ်း အနိုင်ပိုင်းလွန်းတယ် နှင်းဆီရယ်... မင်းလေ တို့ကို ဘယ်တော့မှ တို့အဆင်သင့်ဖြစ်တဲ့အချိန်တစ်ခု မပေးခဲ့တာနော်... အခုလည်း... အခုလည်း..."

သူမ တကယ့်ကို သည်းသည်းထန်ထန် ငိုကျွေးတာ။

မိုးလည်း တောင့်တောင့်ကြီး ငြိမ်နေရင်းမှ သူမငိုတာကိုကြည့်ရင်း အခုန တင်းထားသမျှ စိတ်က ပြေလျော့ကျရင်း ပါးပြင်ပေါ်သို့ မျက်ရည်တွေစီးကျလာခဲ့ရပြီလေ။

-------------------------------------------------------

ဆက်ရန်

-------------------------------------------------------

Continue Reading

You'll Also Like

396K 14.2K 33
မလွှဲသာလို့ ကျမဟာ တခြားလူတစ်ယောက်နဲ့ အိပ်ဖြစ်ခဲ့ရင်တောင် ရမ္မက်ကြောင့်ဖြစ်ပေါ်လာတဲ့ ကျမရဲ့ ညည်းညူသံတိုင်းမှာ သူမရဲ့နာမည်ကို တိတ်တဆိတ်ရွတ်ဆိုနေမိမှာပါ...
1.4M 73.5K 44
အကယ်၍ အဲ့ဒီနေ့ကသာ ကျွန်မ ထွေးစကားကို နားမယောင်ဘဲ တောင်မတက်ခဲ့ဘူးဆိုလျှင် ဒီဇာတ်လမ်းဟာ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါ။ မမရီနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း...
355K 12.9K 28
ချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။
387K 23.8K 33
အချစ်ဦးက သူ ဖြစ်ခဲ့တယ် ။ သူဆိုတဲ့ နေရာကတော့ အဦးအဖျား မို့ ထူးထူးခြားခြား အမှတ်တရ ရှိနေခဲ့တယ် ။ အချစ်ဦးနဲ့ လွဲပြီးတဲ့နောက် အချစ်ဆိုတာကို အဓိပ္ပါယ် သိရ...
Wattpad App - Unlock exclusive features