လမ်းပေါ်တွင်
JKး V ရေ V Kim V
Jung Kook တျောက် လမ်းပေါ်တွင် အော်ခေါ်၍ ပြေးလွှားကာ လိုက်ရှာနေသည်
မကြာမီ
ဟော တွေ့ပါပြီ V တျောက် လမ်းပေါ်တွင် Hug Me သီချင်းကို Keyboard ဖြင့် တီးခတ်ကာ သီဆိုနေသည်
JKး တိန် ဒါ ငါ့ Keyboard ကြီးပါလား ဘယ်ကနေ ဘယ်လို ရှာတွေ့သွားတယ်မသိ ပြီးတော့ လမ်းပေါ်မှာ သီချင်းလာဆိုနေရတယ်လို့ ရူးများ ရူးသွား
Jung Kook စကားမဆုံးမီ သူမ ရှေ့တွင် ဦးထုပ်ကလေးတစ်လုံးအား ပက်လက် လှန်ထားသည်ကို တွေ့ရသည်
JKး အင် သူ သူ ………
Jung Kook တျောက် V ဘာလုပ်နေသည်ကို ကောင်းကောင်းကြီး သဘော ပေါက် သွားလေပြီ
JKး အင်း Fairy စုတ် V ကျေးဇူးနဲ့တော့ ကောင်းကောင်း စားရချည်သေးရဲ့
Jung Kook V မရိပ်မိအောင် ဖြည်းဖြည်းချင်း အနားကို သွားကာ V ၏ နောက်တွင် ရပ်နေလိုက်သည်
JKး Omo သူ သီချင်းဆိုတာ အရမ်းကောင်းတာပဲ သူ အဲ့လောက် အဆိုကောင်းမယ်လို့ ထင်တောင် မထားဘူး
Jung Kook လည်း V ၏ သီဆိုမှုတွင် နစ်မြောနေ၏
ှုသီချင်းဆုံးသော် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ လက်ခုပ်တီးလိုက်မိလေသည်
Vး အမငီး လန့်ထှာ Jung Kook ရယ် ဘယ်တုန်းကတည်းက ရောက်နေတာလဲ
JKး သိပ်မကြာသေးပါဘူး နင်သီချင်း ဆိုတာ အရမ်းကောင်းတယ် သိလား
Vး Jinja? Gomowo
V Jung Kook အား ပြေးဖက်လိုက်သည်
JKး ဟဲ့ ဟဲ့ လမ်းပေါ်မှာ လူတွေ ရှိတယ်လေ
Vး အေး ဟုတ်သား Miya
V ဖက်နေရင်း လွှတ်လိုက်သည်
Vး ငါ သီချင်းဆိုတာကို ကောင်းတယ်လို့ ပြောဖူးတဲ့သူ ဘယ်သူမှ မရှိလို့ပါဟာ ဒါပေမယ့် ဟိုးအရင် ဘ၀တုန်းကတော့ တစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်
V မျက်နှာလေး ညှိုးကျသွားသည်
JKး ဒါနဲ့ နင် အေးနေမှာပေါ့
Jung Kook ပြောရင်းဆိုရင်း သူ့ ကုတ်အင်္ကျီကို ချွတ်၍ ခြုံပေးလိုက်သည်
Vး ဟာ ရပါတယ် ငါက Fairy ပဲဟာကို
JKး ဟင်း Fairy မို့ ရပါတယ်သာ ပြောတယ် ချမ်းလွန်းလို့ မေးချင်းရိုက်နေပြီမလား စကားမများနဲ့ ၀တ်ဆို ၀တ်ထားလိုက်
V ဘာမှ ဆက်မပြောတော့ချေ
JKး ကဲ ကဲ ဦးထုပ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ကျိရအောင် Wow များကြီးပဲ နင်တကယ်တော်တာပဲ
V ပြုံးရုံသာ ပြုံးပြလေသည်
JKး လာ Keyboard ကို ငါသယ်ခဲ့မယ် ဆိုင်တစ်ဆိုင်ဆိုင် ၀င်ပြီး တစ်ခုခု စားကြတာပေါ့ Khaja
စားမည် ဟူသော အသံကြားသည်နှင့် ခုနက V ၏ ညှိုးနေသော မျက်နှာမှာ ချက်ချင်း လင်းလက်သွားလေသည်
Vး အင်း Khaja
♥♥♥♥♥♥♥♥♥
စားပြီး သောက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့လေသည် ညအချိန်လည်း ရောက်လေပြီ
အိမ်သို့ ရောက်သော်
JKး V နင် ရေမချိုးရသေးဘူးမလား
Vး အာ ငါက Fairy လေ ဘယ်လိုလုပ် ရေချိုးဆှာ လိုမှာလဲ
JKး အေး ဟုတ်သားပဲ ဒါဆို ပြီးရော
Jung Kook အခန်းထဲသို့ ၀င်မည်ပြုရာ
Vး ဟင် အိပ်တော့မို့လား
JKး အင်းလေ
Vး ငါကရော ဘယ်မှာ အိပ်ရမှာလဲ
JKး နင်က Fairy ပဲဟာ ကြိုက်တဲ့ နေရာမှာ အိပ်ပေါ့
Vး Fairy တော့ Fairy ပေါ့ ဒါမယ့် အစွမ်းတွေကို ငါ့အတွက်ငါ သုံးလို့ မျဝူးလို့ အစကတည်းက ပြောထားတယ်လေ
JKး အဲ့ဒါဆိုလည်း အိမ်ရှေ့မှာပဲ ကျိအိပ်လိုက်
ပြောဆိုပြီး Jung Kook အခန်းထဲ ၀င်သွားလေသည်
V povး တော်တော် ကိုယ်ချင်းစာတရားမဲ့တဲ့ လူကြီး အဲ့လောက် အေးတာကို စောင်မပါ အိပ်ရာ မပါနဲ့ ဘယ်လို သွားအိပ်ရမှာလဲ ဖူးးးး
♥♥♥♥♥♥♥♥♥
@2:00 am
Jung Kook တျောက် ရေဆာသောကြောင့် တစ်ရေးနိုးလာသည် ထို့ကြောင့် ရေသောက်ရန် အပြင်ဘက် ထွက်လာခဲ့သည်
JKး Aigoo အိမ်ထဲ နေတာ တောင် အေးတယ်
JK povး ဟင် V ချမ်းလို့လား မသိဘူး အိပ်တာ ကွေးကွေးလေးပါလား
ကြမ်းပြင်တွင် ကွေးကွေးလေး အိပ်နေသော V အား တွေ့လိုက်လေသည်
JK povး မဖြစ်သေးပါဘူး သူတစ်ခုခု ဖြစ်သွားရင် ငါ့စောင့်ရှောက်မယ့်သူ မရှိ ဖြစ်နေဦးမယ်
Jung Kook ကုတင်မှ အိပ်ရာခင်းကို ဆွဲယူလာကာ အိမ်ရှေ့တွင် ဖြန့်ခင်းလိုက်သည် ထို့နောက် V အား ပွေ့ချီကာ ထို အိပ်ရာခင်းပေါ်သို့ တင်လိုက်ပြီး ထမင်းလိပ် လိပ်သလို လိပ်ထားလိုက်လေသည်
JK povး အင်း ဒီလိုဆို နွေးနိုင်ကောင်းပါရဲ့
V ကတော့ တစ်ချက်တောင် မနိုးရှာ အိပ်နေသည်မှာ သိုးလို့ ဟောက်မြဲ ဟောက်ဆဲပင်
Jung Kook လည်း ရေသောက်ကာ အိပ်ရာပြန်ဝင်သွားလေသည်
♥♥♥♥♥♥♥♥♥
@6:00 am
*Alarm Ringing*
Jung Kook တျောက် Alarm သံ မမြည်ရင်တောင် ဒီအချိန်ဆို နိုးနေကြ တျောက်တည်းနေတဲ့ သူမို့ သူ့ တစ်ကိုယ်စာ Breakfast ပြင်ဆင် ရမည် မဟုတ်ပါလား
JKး အင်းဟင်းဟင်းဟင်း
Jung Kook ပျင်းကြောဆန့်လိုက်ပြီး အိပ်ရာမှ ထကာ မျက်နှာသစ်ရန် အခန်းပြင် ထွက်လာခဲ့သည်
အခန်းပြင်မရောက်ခင်ပင်
ဟတ်ချိုးးးးးးးးးးးးးးး
Jung Kook လန့်၍ ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်လဲလေသည်
JKး အားးးးးး သေပါပြီ
V ပြေးလာထူလေသည်
Vး အယ် ဘာမှလည်း ချော်လဲဆှာမရှိဘဲ အခြောက်တိုက် ချော်လဲရတယ်လို့
JKး အာ့ မင်းကြောင့်လေ
Vး အွင့် ဘာဆိုင်လို့တုန်း
JKး မင်းနှာချေသံက လူသတ်လို့တောင် ရတယ်လေ အဲ့တော့ ငါလန့်သွားတာပေါ့
Vး အဲ့ နှာချေတာလည်း နင့်ကြောင့်လေ နင်ညက ငါ့ကို ဒီအတိုင်း ပစ်ထားတာကိုး
JKး ညက ငါမင်းကို အိပ်ရာခင်းနဲ့ ပတ်ပေးထားတယ်လေ
Vး ဟင် အိပ်ရာခင်း ?? O_o တွေ့မိပေါင်
JKး ငါညကသေချာ ခြုံပေးထားတာ မင်း ကန်ပစ်လိုက်တာ နေမှာပေါ့
Vး အာ့ဆို အစကတည်းက အိပ်ရာနဲ့ စောင်ပေးပါ့လား ဟတ် ဟတ် ဟတ်ချိုး
JKး တော်ဘီ မင်းနဲ့ စကားပြိုင်မပြောချင်ဘူး
Jung Kook မျက်နှာသစ်ရန် ရေချိုးခန်းထဲ ၀င်သွားသည်
V povး ဟင်း သူကပဲ ပြောရတယ် ရှိသေး
♥♥♥♥♥♥♥♥♥
Jung Kook မျက်နှာသစ်ပြီးနောက် မီးဖိုချောင်ထဲတွင် စားစရာ ရှာဖွေနေသည်
JKး ငင့် ညက ငါသူ့ကို ခြုံပေးထားတဲ့ အိပ်ရာခင်းက မီးဖိုချောင်ထဲ ရောက်နေပါ့လား ဘယ်လောက်ထိ ကန်ထားတယ် မသိဘူး
Jung Kook ထို အိပ်ရာခင်းကို လုံးထွေးယူလာကာ အခန်းထဲ ထားပြီး မီးဖိုချောင်သို့ ပြန်ထွက်လာ၍ စားစရာ ဆက်ရှာပြန်သည်
JKး ညက ငါတို့ စားပြီး ပြန်လာပြီး Mart မ၀င်ခဲ့မိဘူးမလား V
Vး အွင့် ဟုတ်တယ် အမငေး ဖျားရတဲ့ ကြားထဲ ဗိုက်က ဟောင်းလောင်း ဟတ် ဟတ် ဟတ်ချိုး
JKး မီးဖိုချောင်ထဲ လာမချေနဲ့ကွာ
Vး ဒါဆို တစ်ခါ ချေရင် တစ်ခါ အိမ်ရှေ့ထွက်နေရမှာလား
JKး ထွက်သင့်ရင် ထွက်ရမှာပေါ့
Vး ဟွန့်
JKး အာ့ အရေးမကြီးဘူး ခု ဗိုက်ဟောင်းလောင်းနဲ့ မနေရဖို့ အရေးကြီးတယ်
Vး အဲတော့
JKး ငါ စားစရာတွေ သွားဝယ်လိုက်ဦးမယ် မင်းက နေမကောင်းဘူးဆိုမှတော့ ငါဘဲ ၀ယ်ရတော့မှာပေါ့
V povး တော်သေးတာပေါ့ ကိုယ်ချင်းစာစိတ် နည်းနည်းလေးတော့ ရှိလို့
♥♥♥♥♥♥♥♥♥
Jung Kook လမ်းထိပ်က Mart သွား၍ စားစရာများ ၀ယ်ကာ ပြန်လာခဲ့သည်
တီ တီ တီ တီ *passcode ရိုက်သံ*
(Jung Kook က အိမ်ပေါ်က ဆင်းလာပေမယ့် Appa က သူဌေးမို့ သူ့ကို မကြည့်ရက်လို့ အိမ်ကောင်းကောင်း ၀ယ်ပေးထားတာပါ ဒါမယ့် Jung Kook ကတော့ သူ့ appa ဆီက တစ်ခါမှ ပိုက်ဆံပြန်မတောင်းဘဲ အချိန်ပိုင်း အလုပ်လုပ်ပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ် ကျောင်းတက်ပါတယ်)
ကျွီ
JKး V ရေ V လာ စားမယ်
အတော်ကြာကြာထိ V ၏ အရိပ်အယောင် မတွေ့ရသေးပါ
ကြာတော့ Jung Kook စိတ်ပူလာ၏
JKး ဘယ်ထွက်သွားပြန်တာလား နေလည်း မကောင်းဘဲနဲ့
Jung Kook အိမ်အနှံ့လိုက်ရှာရပြန်သည်
TO BE CONTINUED TO EPISODE-6
Vote လေးတွေ Feedback လေးတွေ တကယ်လိုချင်မိပါ၏
ရခဲ့ရင် အတော်အားရှိပါမည်
^^
Simply Kpop မှာ BTS ကိုငမ်း အဲလေ BTS ရဲ့ Dope ကို ကျိရင်း ရိုက်တာမို့ အမှားပါသွားရင် V လွှတ်ပေးစေလိုပါကြောင်း
^^