ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသ...

By Mai_Yeik_Thwin

288K 22.7K 1.4K

What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 ... More

Prologue
EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
Update
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15
EPISODE 16
EPISODE 17
EPISODE 18
EPISODE 19
EPISODE 20
EPISODE 21
Want To Know
EPISODE 22
EPISODE 23
EPISODE 24
EPISODE 25
EPISODE 26
EPISODE 27
EPISODE 28
EPISODE 29
EPISODE 30
EPISODE 31
EPISODE 32
EPISODE 33
EPISODE 34
EPISODE 35
EPISODE 36
EPISODE 37
EPISODE 38
EPISODE 39
EPISODE 40
EPISODE 41
EPISODE 42
EPISODE 43
EPISODE 44
EPISODE 45
EPISODE 46
EPISODE 47
EPISODE 49
EPISODE 50 [FINAL]
ကျေးဇူးတင်လွှာ
(SEASON 4 )

EPISODE 48

2.6K 218 1
By Mai_Yeik_Thwin

Unicode

ကောင်းကင်ဘုံ၏မနက်ခင်းညီလာခံအစည်းအဝေးကို အုပ်ချုပ်သူအရှင်ရဲ့ ကြည်လင်ကျောက်စိမ်း ဗိမ္မာန်မှာပဲ ပြုလုပ်တာဖြစ်ပြီး အခုအခါမှာတော့ အုပ်ချုပ်သူအရှင်က ‌ကြည်လင်ကျောက်စိမ်းဗိမ္မာန်တော်၊ဗဟိုခန်းမ၏အလည်ဗဟို မဟာမူရ ပလ္လင်ပေါ်တွင်စံမြန်းနေခဲ့သည်။ခန်းမ၏တစ်ဖက်တစ်ချက် နေရာထိုင်ခင်းများပေါ်၌မူ မျက်နှာသစ် နတ်ဘုရားများစွာက စံမြန်းနေပြီး သူတို့ရဲ့အမူအရာများကတစ်ခုခုကို စိတ်ဆုံးဖြတ်ထားဟန်ရှိသည်။

အုပ်ချုပ်သူအရှင် နတ်ဘုရား အဓိပတိရာဇ ဟာလည်း မင်္ဂလာရှိသော မနက်ခင်း၀ယ် စိတ်ချမ်းမြေ့ဟန်မရှိဘဲ အတန်ငယ်ပင် ဒေါသထွက်နေသေးသည်။သူကိုယ်တိုင် ရွေးချယ်ထားသည့် သစ္စာရှိ ဂြိုလ်နတ်မင်း၊ ဒြပ်စင်နတ်ဘုရားများက သူ့ရဲ့ သဘေုဆန္ဒကို အတင်းအကြပ်ပင် ဆန့်ကျင့်နေကြ၏။

"ထပ်မံပြီးစဉ်းစားတော်မူပါ အုပ်ချုပ်သူအရှင်၊ ဒါကအရှင့်ရဲ့ကောင်းကျိုးအတွက်ရော ကောင်းကင်ဘုံရဲ့စုစည်းအားနဲ့ညီညွတ်မှုကိုပါ ဖန်တီးနိုင်မယ့်တစ်ခုတည်းသောအခွင့်အလမ်းပါ "

"တော်စမ်း၊ ကတိဟာကတိ၊ သစ္စာဟာသစ္စာပဲ၊ ငါ့မှာ မဟေသီတစ်ပါးတည်းသာရှိရမယ်လို့ သစ္စာဆိုခဲ့ပြီးပြီ၊ ငါဘာအကြောင်းနဲ့မှ မဖောက်ဖျက်နိုင်ဘူး "

အုပ်ချုပ်သူအရှင်ကပလ္လင်ကို သူ့ရဲ့လက်ဖဝါးနဲ့ပြင်းထန်စွာရိုက်ပုတ်လိုက်ပြီး ခါးခါးသီးသီးငြင်းပယ်လိုက်သည်။ရူရူ့ကိုကျော်လွန်ပြီး နတ်ဘုရားအသီးသီး၊ ဘုံလောကအသီးသီးကဆက်သတဲ့ကိုယ်လုပ်တော်တွေကိုလက်ခံရမတဲ့လား ၊ အာရုံတွေနောက်လိုက်ပုံများ!

"အရှင် ကတိဟာကတိဆိုပေမယ့် အရှင်က သုံးလောကရဲ့အုပ်ချုပ်သူဖြစ်နေပါပြီ၊အရှင့်ရဲ့ခံစားချက်ထက် သုံးလောကရဲ့အကျိုးကိုပိုပြီးတွက်ဆသင့်ပါတယ်"

လနတ်ဘုရားအသစ်က ပြတ်ပြတ်သားသားပြောလိုက်သည်။သူကရိုကျိုးမှုလည်းမရှိသလို ထောင်လွှားမှုလည်းမရှိ။ထိုအစား စိတ်ဓာတ်ပြတ်သားမှုကိုသာအထင်းသားဖော်ထုတ်နေပေ၏။

"ဘာပြောလိုက်တယ်၊ ငါက ငါ့ရဲ့ခံစားချက်ကိုဦးစားပေးတယ် ဟုတ်သလား"

အဓိပတိရာဇ တစ်ယောက်သွေးအန်လုမတတ်ဖြစ်သွားရသည်။သူကိုယ်လုပ်တော်ထပ်မံပြီး လက်မခံတာနဲ့ပဲ သုံးလောက ကပျက်စီးသွားမတဲ့လား၊ ဘုရင်တွေ ဧကရာဇ်တွေ မိဖုရားများစွာနဲ့ သွေးကွဲ သားသမီးတစ်အုပ်တစ်မကြီးရဲ့ စိတ်၀မ်းကွဲတိုက်ခိုက်မှုများကြောင့် သွေးချောင်းစီးကာ တိုင်းပြည်ပျက်ရသည်ကိုပဲသူကြားဖူးသည်။

"ကျေးဇူးပြုပြီး ကိုယ်လုပ်တော်လက်ခံပေးပါအရှင်၊ အရှင့်ရဲ့ဆက်ခံသူနဲ့ မျိူးဆက်အတွက်ပါ အကျိုးကျေးဇူးရှိနိုင်ပါတယ် "

လနတ်ဘုရားက ထပ်မံ၍လျှောက်တင်ပြန်ရာ ဤတစ်ခါတွင်တော့ အခြား နတ်ဘုရားများကပါ ကြမ်းပြင်၌၀ပ်တွားရင်းတောင်းဆိုလိုက်ကြသည်။

ထိုစဉ်။

"အုပ်ချုပ်သူအရှင်ရဲ့ ဆက်ခံသူနဲ့ မျိုးဆက်အတွက်ဆိုရင်တော့ မင်းတို့ မစိုးရိမ်လည်းဖြစ်တယ်နော့ "

ဗဟိုခန်းမ၏ တံခါးအပြင်မှ နူးညံ့ကာ ရက်စက်တတ်သည့် အသံတစ်ခုက ထွက်ပေါ်‌လာလေသည်။

"မဟေသီအရှင်မြတ်ကြွလာပါတယ် "

အထိန်းတော်အမျိုးသားတစ်ယောက်ရဲ့အသံကပါဟိန်းခနဲထွက်လာခဲ့ပြီးနောက် ကြည်လင်ကျောက်စိမ်းဗိမ္မာန် ဗဟိုခန်းမရဲ့ တံခါးချပ်ကြီး နှစ်ချပ်ဟာ ပွင့်ဟလို့လာခဲ့ပေသည်။

ခြေနင်းမစီးထားသည့်ဖြူလျလျခြေဖမိုးတို့ကကြမ်းပြင်နဲ့မထိ။ထိုအစား ခြေကျင်း၀တ်သေးသေးသွယ်သွယ်မှ ချူလုံးသံတို့ကသာတချွင်ချွင်နှင့် ခန်းမ၏ တိတ်ဆိတ်နေမှုကိုဖောက်ထွက်သွားခဲ့သည်။

မျက်နှာကိုကာထားသည့် ဇာပဝါကို ခဏထားလိုက်ဦးတော့၊ သွယ်လျကာ အချိုးအစားပြေပြစ်သည့် ခန္ဓာကိုယ်၊ နီထွေးကာ နို့ပူတင်းကဲ့သို့မြတ်နိုးဖွယ်ရာအသားအရေနှင့် ကျော့ရှင်းသည့်လည်တိုင်၊ နီမြန်းနေသည့် နားရွက်ကားကား ၊အနောက်သို့ကျစ်ဆံမြီးကျစ်ကာချထားသည့်ခါးတစ်၀က်ကျော်ရှည်သည့် ဆံပင်များကတလွင့်လွင့်။

"ဒါ... ဒါက...."

မဟေသီအရှင်က လူသားမျိုးနွယ် ယောကျာ်းတစ်ယောက်လို့သူတို့ကြားထားခဲ့ရာ သာမန်လို့ပဲထင်ခဲ့ကြခြင်း။သို့ပေမယ့် အခု မဟေသီက မျက်နှာသွင်ပြင်မမြင်ရဘဲနဲ့တောင် ရက်ရက်စက်စက် လှလွန်းနေသည်မဟုတ်ပါလား။ထို့အပြင် ကျောက်ဖြူသလင်းရတနာများဖြင့် အလှဆင်ထားသည့် နတ်ဘုရား၀တ်ရုံတော်က လှပသော်လည်း အတန်ငယ်ပါးလျနေရာ မဟေသီအရှင်၏အလှကို ပိုမို၍ပံ့ပိုးနေသယောင်။ ကမ္ဘာ ပျက်စေနိုင်သည့်အလှမျိုးက ဘယ့်နှယ်ကြောင့် ရှင်သန်နေရပါသနည်းလို့ သူတို့ စိတ်ထဲမှနေ၍မေးခွန်းတွေတန်းစီကာထုတ်ပစ်လိုက်သည်။

"ကောင်းကင်ဘုံအရှင်ကိုဂါရ၀ပြုပါတယ် "

ရူရူကပြုံးကာဂါရ၀ပြုရင်း အဓိပတိရာဇရှိရာ ပလ္လင်ပေါ်သို့တက်လှမ်းကာ အတူတကွယှဉ်တွဲထိုင်ချပစ်လိုက်သည်။

"မဟေသီအရှင်က ဘာကိစ္စနဲ့များ..."

လနတ်ဘုရားကကြက်သေ သေနေရာမှ ပလ္လင်ပေါ်သို့ အကြည့်ရောက်သွားပြီး မျက်မှောင်ကြုပ်ကာ မေးခွန်းမေးလိုက်သည်။ဧကန္တ... သူကကိုယ်လုပ်တော်တွေကို လက်ခံဖို့ ငြင်းဆန်ချင်တာများလား။

"မဟေသီအရှင်ကိုလျှောက်တင်ပါတယ်၊ ကျေးဇူးပြုပြီး မဟေသီအရှင်က အုပ်ချုပ်သူအရှင်ရဲ့ လက်တွဲဖော်တစ်ယောက်အနေနဲ့ အုပ်ချုပ်သူအရှင်ကိုနားချပေးပါဦး "

"အိုး"

ရူရူက အာမေဋိတ်သံလေးထွက်ကာခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့ပြောချင်တာက သူ့ရဲ့ မျိုးဆက်နဲ့ ဆက်ခံသူလို့‌ဆိုလိုချင်တာမလား "

"ဟုတ်ပါတယ်"

"မစိုးရိမ်နဲ့လို့ငါပြောခဲ့တယ်လေ "

"ဟမ်"

လနတ်ဘုရားကထပ်မံပြီးမျက်မှောင်ကြုပ်ကာ မဟေသီအရှင်မြတ်ကို စစ်ဆေးလိုက်သည်။သူ့ရဲ့အတွေးတွေက ဖြစ်တန်သည် ကို ကျော်လွန်နေပေမယ့် မဟေသီအရှင်ရဲ့ ယုံကြည်ချက်အပြည့်နဲ့ပြောဆိုချက်တွေက သိပ်ကို ခိုင်မာနေသည်မဟုတ်ပါလား။

လနတ်ဘုရားတစ်ယောက် မဟေသီအရှင်ရဲ့ ခန္ဓာကိုယ်ကို ခြုံငုံစစ်ဆေးရင်း ၀မ်းဗိုက်နားအရောက်မှာတော့ မျက်လုံး နှစ်လုံးတို့ကပြူးကျယ်လာကာ အသက်ရှူပင်မှားမတတ်ဖြစ်သွားရတော့သည်။

ဒါ...ဒါက !!!!!

ရူရူတစ်ယောက် အမူအရာပျက်ယွင်း‌ေနတဲ့လနတ်ဘုရားကိုကြည့်လိုက်ပြီး သဘောတကျနဲ့ရယ်လိုက်ကာ ဘေးဖက်က နတ်ဘုရားငယ်ကို ဖက်တွယ်လိုက်သည်။

"ရူရူ "

နတ်ဘုရားငယ်ကရူရူ့ကို ကြင်နာစွာခေါ်လိုက်ပြီး ညင်ညင်သာသာလေးပြန်လည်ပွေ့ဖက်လိုက်သည့်အခါ ရူရူတစ်ယောက် နတ်ဘုရားငယ်၏နား အနားသို့တိုးကပ်ကာ စကားလုံး ခုနစ် လုံးကို တစ်လုံးချင်း တိုးတိုးဖွဖွလေးပြောလိုက်သည်။

နတ်ဘုရားတစ်ယောက် မျက်လုံးများပြူးကျယ်လာရင်း ရူရူ့ကိုမယုံနိုင်သည့်အကြည့်များဖြင့်ပေးကာ အတည်ပြုဖို့ကြိုးစားနိုင်သည်။

ရူရူကခေါင်းညိတ်ပြလိုက်သည့်အခါ နတ်ဘုရားငယ်တစ်ပါစ ထခုန်မိမတတ်ပင်ပျော်ရွှင်သွားရပြီး တစ်ခဏ ပျော်ရွှင်ရသည့် အကြောင်းအရင်းလေး မဟေသီလေးကို မထိရက်မတို့ရက်ဖြင့် ဖွဖွလေးပွေ့ဖက်လိုက်ကာ လေတိုးရင်တောင် ပဲ့ကျသွားမှာစိုးရိမ်သည့် ပုံစွဖြင့် ကာကွယ်ထားလိုက်၏။

ရူရူပြောတာက

"ကျွန်ုပ် မှာ ကိုယ်၀န် ရှိနေပြီ " တဲ့လေ။

"ဆိုတော့ လနတ်ဘုရားလည်းသိပြီးလောက်ပြီဆိုတော့ ကျွန်ုပ်အနေနဲ့ ကြေငြာမှာမဟုတ်တော့ဘူး၊ကျွန်ုပ်တို့မျိုးဆက်အပေါ် သင့်ရဲ့စိတ်၀င်စားမှုအတွက် ကျေးဇူးတင်လိုပေမယ့် အခုတော့ မလိုအပ်တော့ဘူးထင်တယ်နော် "

လနတ်ဘုရားတစ်ယောက်မည်သည်ကိုမျှမဆိုနိုင်ဘဲ တွေတွေကြီးသာကြည့်နေမိသည်။

ထို့နောက် မဟေသီအရှင်က သလွန်ပေါ်မှ ထကာပြနိမယ်အလုပ် နတ်ဘုရားငယ်က ထိတ်ထိတ်ပြာပြာဖြင့် လက်ကိုတွဲလိုက်ပြီး ဇနီးသည်လေးချောလဲမည်ကိုကြောက်ရွံ့နေသယောင်။

"ဒီနေ့အတွက် မနက်ခင်းညီလာခံပြီးဆုံးပြီ၊ ထပ်ပြီး အဓိပ္ပာယ်မရှိတာတွေမကြားရဖို့မျှော်လင့်တယ် အဟွန်း၊ ငါပျော်ရွှင်နေရတာကို တခြား အမှိုက်လိုကိစ္စရပ်တွေနဲ့ မနှောက်ယှက်နဲ့ "

နတ်ဘုရားငယ်ကနှာမှုတ်ကာ မဟေသီလေးကို ပွေ့ချီပစ်လိုက်သည်။

"အရှင် ! "

"စိုးရိမ်လို့ပါကွာ "

နတ်ဘုရားများ "..........."

"အရှင် သူတို့ကိုလက်မခံချင်ရင်တောင် အခြားဘုံကကိုယ်လုပ်တော်တွေက သူတို့ရဲ့လမ်းတစ်၀က်မှာပါ "

"ထွက်သွား "

အုပ်ချုပ်သူအရှင်ကဒေါသတကြီးနဲ့အော်လိုက်ပြီး လနတ်ဘုရားကို လျစ်လျူရှုလိုက်သည်။

"ဒါပေမယ့်..."

လနတ်ဘုရားကသက်ပြင်းချကာ ဖြစ်လာသည့် အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဟုသာ ကြိမ်ဖန်များစွာတွေးနေလိုက်မိသည်။

"ခဏ "

ပွေ့ချီခံထားရသည့် မဟေသီက လနတ်ဘုရားကို ပြုံးကာခေါ်လိုက်ရင်း အကြံကောင်းကြီးတစ်ခုကိုပေးခဲ့လိုက်သည်။ထိုအကြံက လနတ်ဘုရားကို သွေးတက်စေခဲ့ပြီး ကျန် နတ်ဘုရားများကိုပြုံးဖြီးဖြီးဖြစ်စေခဲ့သည်။

"အုပ်ချုပ်သူအရှင်ရဲ့ကျွန်ုပ်မဟေသီက သိပ်ကို ကြင်နာတတ်လွန်းတာမလို့ ဤကိုယ်လုပ်တော်များအားလုံးကို သင့်ကိုချီးမြှင့်လိုက်သည်" တဲ့လေ။

ဒါကချီးမြှင့်တာတဲ့လား၊ ဘယ်လိုလုပ်ချီးမြှင့်တာဖြစ်ပါ့မလဲ၊ ကိုယ်လုပ်တော်တွေရဲ့ မိသားစု၀င်တွေက သူ့ကိုဘယ်လိုမြင်သွားကြမလဲ၊ နောက်ပြီး ကိုယ်လုပ်တော်ရာဂဏန်းကို တစ်ပြိုင်တည်းလက်ခံတာက အုပ်ချုပ်သူအရှင်တစ်ပါးအတွက်ကိစ္စမရှိပေမယ့် သူ့လို ဂြိုလ်နတ်မင်းတစ်ပါးအတွက်တော့ ပြသနာအကြီးအကျယ်ရှိသည်ပင်။

"မခံယူဝံ့ပါဘူး အရှင် "

လနတ်ဘုရားကအလန့်တကြားဖြင့် ခါးကိုရို့ကာ ပြောလိုက်ပေမယ့် အနှီ နတ်ဘုရား ဇနီးမောင်နှံကတော့ သူ့ကို ဖုတ်လေသည့် ငပိရှိလေဟန်မထင်။ဖိုအစား စကားတစ်ခွန်းသာချန်ပေးခဲ့၏။

"မခံယူဝံ့ရင်ကိုယ့်ဟာကိုယ်ရှင်းပေါ့ "

လနတ်ဘုရား ".........."

********************
"တစ်ကယ်ပဲအဆင်ပြေရဲ့လား ရူရူ "

နတ်ဘုရားငယ်က ရူရူ့ကိုစေ့စေ့စပ်စပ်ကြည့်လိုက်ပြီး မေးလိုက်သည်။မဟေသီလေးကိုထိခိုက်သွားမှာလည်း သူကြောက်သလို လက်တစ်ဖက်စာပင်မရှိသည့် အစာအိမ်သေးသေးလေးထဲမှ သူ့ရဲ့သွေးသားလေး ထိခိုက်မှာကိုလည်း သူကြောက်လှသည်။

"အဆင်ပြေပါတယ် အရှင်ရဲ့၊ သူတို့ကအခုမှသေးသေးလေးတွေပဲရှိဦးမှာ "

"သူတို့ ? "

နတ်ဘုရားငယ်က ရူရူ့ကိုပြူးတိပြူးကြောင်ဖြင့်ကြည့်ရင်း ထူးဆန်းစွာမေးလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ သူတို့လဲ ၊ မဟုတ်မှ... "

ရူရူတစ်ယောက် ဟက်ခနဲ ရယ်လိုက်မိသည်။အနှီဆယ်ကျော်သက်လေးကတစ်ခုခုကိုခန့်မှန်းမိသွားဟန်ရှိကာ နောက်တစ်ကြိမ်မျက်၀န်းများပြူးကျယ်လာရင်း ပါးစပ်ကိုပင် လက်နဲ့အုပ်ကာ ထခုန်လေသည်။ကလေးအဖေပင်ဖြစ်တော့မည်၊အပြုအမူများကတစ်ကယ့်ကို ဆယ်ကျော်သက်အရွယ်ပင်။

"အင်း၊ ကျွန်‌တော်မျိုးကမဟာယက္ခအနွယ်၀င်ဖြစ်ပြီး ဖေဖေ့ရဲ့ထူးမြတ်တဲ့ သွေးသားကို အမွေဆက်ခံထားတာမလို့ ဘ၀မှာ တစ်ကြိမ်ပဲသန္ဓေလွယ် ကလေး မွေးဖွားနိုင်တယ်။အဲ့ဒီအစားမျှခြေရှိအောင် ဘုရားကဖန်တီးပေးခဲ့တယ်။အဲ့ဒါက နှစ်ယောက်ထက်ပိုများတဲ့ အမွှာကို မွေးဖွားနိုင်ခြင်းပဲ "

"အိစ်"

နတ်ဘုရားငယ်လေးက လေအေးများကို တစ်ချက်တည်းနဲ့ရှူရှိုက်မိသလိုပင်ဖြစ်သွားရ၏။

"ဆိုတော့ ကျွန်တော်က ကလေးတွေအများကြီးရဲ့ဖခင်ဖြစ်လာတော့မှာပေါ့ "

"ဒါပေါ့ "

ရူရူကလက်မလေးထောင်ပြရင်းထောက်ခံပေးလိုက်တော့ နတ်ဘုရားငယ်က ခရစ်စတယ်လိုတောက်ပနေသည့် မျက်၀န်းများဖြင့် ရူရူ့ရဲ့ ၀မ်းဗိုက်နေရာကို ကြည့်ရင်း ဖွဖွလေးနမ်းလိုက်သည်။

"ခမည်းတော်ရဲ့ ရတနာလေးတွေက ရူရူ့ရဲ့ ဗိုက်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာပြီး အပြင်လောက ကိုထွက်လာရမယ်နော် "

ပူတင်းကဲ့သို့ချောမွတ်ကာ နူးညံ့သည်ဗိုက်သားလေးများကိုပွတ်သပ်ရင်း ကြည်နူးမှုများက နှစ်ယောက်လုံး၏နှလုံးသားအဆုံးထိတိုင် ပျံ့နှံ့လျက်။

"သူတို့ကလူသားနဲ့ နတ်ဘုရားပေါင်းစပ်မှုရဲ့ပြယုဂ် တစ်ခုဖြစ်လာလိမ့်မယ်"

"သူတို့က လူသားတွေရဲ့ ကောင်းကင်ဘုံကိုခြေလှမ်းမှုရဲ့ စတင်ရာနေရာ အမှတ်သညာဖြစ်လာလိမ့်မယ်"

"နောက်ပြီး သူတို့က ကောင်းကင်ဘုံရဲ့ ရတနာလေးတွေ ဖြစ်လာလိမ့်မယ် "

"အဆုံးမှာတော့ သူတို့လေးတွေက ရူရူနဲ့ ကျွန်တော့်ရဲ့ မြတ်နိုးခြင်းရလဒ်တွေပေါ့ "

********************

Zawgyi

ေကာင္းကင္ဘုံ၏မနက္ခင္းညီလာခံအစည္းအေဝးကို အုပ္ခ်ဳပ္သူအရွင္ရဲ႕ ၾကည္လင္ေက်ာက္စိမ္း ဗိမၼာန္မွာပဲ ျပဳလုပ္တာျဖစ္ၿပီး အခုအခါမွာေတာ့ အုပ္ခ်ဳပ္သူအရွင္က ‌ၾကည္လင္ေက်ာက္စိမ္းဗိမၼာန္ေတာ္၊ဗဟိုခန္းမ၏အလည္ဗဟို မဟာမူရ ပလႅင္ေပၚတြင္စံျမန္းေနခဲ့သည္။ခန္းမ၏တစ္ဖက္တစ္ခ်က္ ေနရာထိုင္ခင္းမ်ားေပၚ၌မူ မ်က္ႏွာသစ္ နတ္ဘုရားမ်ားစြာက စံျမန္းေနၿပီး သူတို႔ရဲ႕အမူအရာမ်ားကတစ္ခုခုကို စိတ္ဆုံးျဖတ္ထားဟန္ရွိသည္။

အုပ္ခ်ဳပ္သူအရွင္ နတ္ဘုရား အဓိပတိရာဇ ဟာလည္း မဂၤလာရွိေသာ မနက္ခင္း၀ယ္ စိတ္ခ်မ္းေျမ့ဟန္မရွိဘဲ အတန္ငယ္ပင္ ေဒါသထြက္ေနေသးသည္။သူကိုယ္တိုင္ ေ႐ြးခ်ယ္ထားသည့္ သစၥာရွိ ၿဂိဳလ္နတ္မင္း၊ ျဒပ္စင္နတ္ဘုရားမ်ားက သူ႔ရဲ႕ သေဘုဆႏၵကို အတင္းအၾကပ္ပင္ ဆန္႔က်င့္ေနၾက၏။

"ထပ္မံၿပီးစဥ္းစားေတာ္မူပါ အုပ္ခ်ဳပ္သူအရွင္၊ ဒါကအရွင့္ရဲ႕ေကာင္းက်ိဳးအတြက္ေရာ ေကာင္းကင္ဘုံရဲ႕စုစည္းအားနဲ႔ညီၫြတ္မႈကိုပါ ဖန္တီးႏိုင္မယ့္တစ္ခုတည္းေသာအခြင့္အလမ္းပါ "

"ေတာ္စမ္း၊ ကတိဟာကတိ၊ သစၥာဟာသစၥာပဲ၊ ငါ့မွာ မေဟသီတစ္ပါးတည္းသာရွိရမယ္လို႔ သစၥာဆိုခဲ့ၿပီးၿပီ၊ ငါဘာအေၾကာင္းနဲ႔မွ မေဖာက္ဖ်က္ႏိုင္ဘူး "

အုပ္ခ်ဳပ္သူအရွင္ကပလႅင္ကို သူ႔ရဲ႕လက္ဖဝါးနဲ႔ျပင္းထန္စြာ႐ိုက္ပုတ္လိုက္ၿပီး ခါးခါးသီးသီးျငင္းပယ္လိုက္သည္။႐ူ႐ူ႕ကိုေက်ာ္လြန္ၿပီး နတ္ဘုရားအသီးသီး၊ ဘုံေလာကအသီးသီးကဆက္သတဲ့ကိုယ္လုပ္ေတာ္ေတြကိုလက္ခံရမတဲ့လား ၊ အာ႐ုံေတြေနာက္လိုက္ပုံမ်ား!

"အရွင္ ကတိဟာကတိဆိုေပမယ့္ အရွင္က သုံးေလာကရဲ႕အုပ္ခ်ဳပ္သူျဖစ္ေနပါၿပီ၊အရွင့္ရဲ႕ခံစားခ်က္ထက္ သုံးေလာကရဲ႕အက်ိဳးကိုပိုၿပီးတြက္ဆသင့္ပါတယ္"

လနတ္ဘုရားအသစ္က ျပတ္ျပတ္သားသားေျပာလိုက္သည္။သူက႐ိုက်ိဳးမႈလည္းမရွိသလို ေထာင္လႊားမႈလည္းမရွိ။ထိုအစား စိတ္ဓာတ္ျပတ္သားမႈကိုသာအထင္းသားေဖာ္ထုတ္ေနေပ၏။

"ဘာေျပာလိုက္တယ္၊ ငါက ငါ့ရဲ႕ခံစားခ်က္ကိုဦးစားေပးတယ္ ဟုတ္သလား"

အဓိပတိရာဇ တစ္ေယာက္ေသြးအန္လုမတတ္ျဖစ္သြားရသည္။သူကိုယ္လုပ္ေတာ္ထပ္မံၿပီး လက္မခံတာနဲ႔ပဲ သုံးေလာက ကပ်က္စီးသြားမတဲ့လား၊ ဘုရင္ေတြ ဧကရာဇ္ေတြ မိဖုရားမ်ားစြာနဲ႔ ေသြးကြဲ သားသမီးတစ္အုပ္တစ္မႀကီးရဲ႕ စိတ္၀မ္းကြဲတိုက္ခိုက္မႈမ်ားေၾကာင့္ ေသြးေခ်ာင္းစီးကာ တိုင္းျပည္ပ်က္ရသည္ကိုပဲသူၾကားဖူးသည္။

"ေက်းဇူးျပဳၿပီး ကိုယ္လုပ္ေတာ္လက္ခံေပးပါအရွင္၊ အရွင့္ရဲ႕ဆက္ခံသူနဲ႔ မ်ိဴးဆက္အတြက္ပါ အက်ိဳးေက်းဇူးရွိႏိုင္ပါတယ္ "

လနတ္ဘုရားက ထပ္မံ၍ေလွ်ာက္တင္ျပန္ရာ ဤတစ္ခါတြင္ေတာ့ အျခား နတ္ဘုရားမ်ားကပါ ၾကမ္းျပင္၌၀ပ္တြားရင္းေတာင္းဆိုလိုက္ၾကသည္။

ထိုစဥ္။

"အုပ္ခ်ဳပ္သူအရွင္ရဲ႕ ဆက္ခံသူနဲ႔ မ်ိဳးဆက္အတြက္ဆိုရင္ေတာ့ မင္းတို႔ မစိုးရိမ္လည္းျဖစ္တယ္ေနာ့ "

ဗဟိုခန္းမ၏ တံခါးအျပင္မွ ႏူးညံ့ကာ ရက္စက္တတ္သည့္ အသံတစ္ခုက ထြက္ေပၚ‌လာေလသည္။

"မေဟသီအရွင္ျမတ္ႂကြလာပါတယ္ "

အထိန္းေတာ္အမ်ိဳးသားတစ္ေယာက္ရဲ႕အသံကပါဟိန္းခနဲထြက္လာခဲ့ၿပီးေနာက္ ၾကည္လင္ေက်ာက္စိမ္းဗိမၼာန္ ဗဟိုခန္းမရဲ႕ တံခါးခ်ပ္ႀကီး ႏွစ္ခ်ပ္ဟာ ပြင့္ဟလို႔လာခဲ့ေပသည္။

ေျခနင္းမစီးထားသည့္ျဖဴလ်လ်ေျခဖမိုးတို႔ကၾကမ္းျပင္နဲ႔မထိ။ထိုအစား ေျခက်င္း၀တ္ေသးေသးသြယ္သြယ္မွ ခ်ဴလုံးသံတို႔ကသာတခြၽင္ခြၽင္ႏွင့္ ခန္းမ၏ တိတ္ဆိတ္ေနမႈကိုေဖာက္ထြက္သြားခဲ့သည္။

မ်က္ႏွာကိုကာထားသည့္ ဇာပဝါကို ခဏထားလိုက္ဦးေတာ့၊ သြယ္လ်ကာ အခ်ိဳးအစားေျပျပစ္သည့္ ခႏၶာကိုယ္၊ နီေထြးကာ ႏို႔ပူတင္းကဲ့သို႔ျမတ္ႏိုးဖြယ္ရာအသားအေရႏွင့္ ေက်ာ့ရွင္းသည့္လည္တိုင္၊ နီျမန္းေနသည့္ နား႐ြက္ကားကား ၊အေနာက္သို႔က်စ္ဆံၿမီးက်စ္ကာခ်ထားသည့္ခါးတစ္၀က္ေက်ာ္ရွည္သည့္ ဆံပင္မ်ားကတလြင့္လြင့္။

"ဒါ... ဒါက...."

မေဟသီအရွင္က လူသားမ်ိဳးႏြယ္ ေယာက်ာ္းတစ္ေယာက္လို႔သူတို႔ၾကားထားခဲ့ရာ သာမန္လို႔ပဲထင္ခဲ့ၾကျခင္း။သို႔ေပမယ့္ အခု မေဟသီက မ်က္ႏွာသြင္ျပင္မျမင္ရဘဲနဲ႔ေတာင္ ရက္ရက္စက္စက္ လွလြန္းေနသည္မဟုတ္ပါလား။ထို႔အျပင္ ေက်ာက္ျဖဴသလင္းရတနာမ်ားျဖင့္ အလွဆင္ထားသည့္ နတ္ဘုရား၀တ္႐ုံေတာ္က လွပေသာ္လည္း အတန္ငယ္ပါးလ်ေနရာ မေဟသီအရွင္၏အလွကို ပိုမို၍ပံ့ပိုးေနသေယာင္။ ကမာၻ ပ်က္ေစႏိုင္သည့္အလွမ်ိဳးက ဘယ့္ႏွယ္ေၾကာင့္ ရွင္သန္ေနရပါသနည္းလို႔ သူတို႔ စိတ္ထဲမွေန၍ေမးခြန္းေတြတန္းစီကာထုတ္ပစ္လိုက္သည္။

"ေကာင္းကင္ဘုံအရွင္ကိုဂါရ၀ျပဳပါတယ္ "

႐ူ႐ူကၿပဳံးကာဂါရ၀ျပဳရင္း အဓိပတိရာဇရွိရာ ပလႅင္ေပၚသို႔တက္လွမ္းကာ အတူတကြယွဥ္တြဲထိုင္ခ်ပစ္လိုက္သည္။

"မေဟသီအရွင္က ဘာကိစၥနဲ႔မ်ား..."

လနတ္ဘုရားကၾကက္ေသ ေသေနရာမွ ပလႅင္ေပၚသို႔ အၾကည့္ေရာက္သြားၿပီး မ်က္ေမွာင္ၾကဳပ္ကာ ေမးခြန္းေမးလိုက္သည္။ဧကႏၲ... သူကကိုယ္လုပ္ေတာ္ေတြကို လက္ခံဖို႔ ျငင္းဆန္ခ်င္တာမ်ားလား။

"မေဟသီအရွင္ကိုေလွ်ာက္တင္ပါတယ္၊ ေက်းဇူးျပဳၿပီး မေဟသီအရွင္က အုပ္ခ်ဳပ္သူအရွင္ရဲ႕ လက္တြဲေဖာ္တစ္ေယာက္အေနနဲ႔ အုပ္ခ်ဳပ္သူအရွင္ကိုနားခ်ေပးပါဦး "

"အိုး"

႐ူ႐ူက အာေမဋိတ္သံေလးထြက္ကာေခါင္းညိတ္ျပလိုက္သည္။

"မင္းတို႔ေျပာခ်င္တာက သူ႔ရဲ႕ မ်ိဳးဆက္နဲ႔ ဆက္ခံသူလို႔‌ဆိုလိုခ်င္တာမလား "

"ဟုတ္ပါတယ္"

"မစိုးရိမ္နဲ႔လို႔ငါေျပာခဲ့တယ္ေလ "

"ဟမ္"

လနတ္ဘုရားကထပ္မံၿပီးမ်က္ေမွာင္ၾကဳပ္ကာ မေဟသီအရွင္ျမတ္ကို စစ္ေဆးလိုက္သည္။သူ႔ရဲ႕အေတြးေတြက ျဖစ္တန္သည္ ကို ေက်ာ္လြန္ေနေပမယ့္ မေဟသီအရွင္ရဲ႕ ယုံၾကည္ခ်က္အျပည့္နဲ႔ေျပာဆိုခ်က္ေတြက သိပ္ကို ခိုင္မာေနသည္မဟုတ္ပါလား။

လနတ္ဘုရားတစ္ေယာက္ မေဟသီအရွင္ရဲ႕ ခႏၶာကိုယ္ကို ၿခဳံငုံစစ္ေဆးရင္း ၀မ္းဗိုက္နားအေရာက္မွာေတာ့ မ်က္လုံး ႏွစ္လုံးတို႔ကျပဴးက်ယ္လာကာ အသက္ရႉပင္မွားမတတ္ျဖစ္သြားရေတာ့သည္။

ဒါ...ဒါက !!!!!

႐ူ႐ူတစ္ေယာက္ အမူအရာပ်က္ယြင္း‌ေနတဲ့လနတ္ဘုရားကိုၾကည့္လိုက္ၿပီး သေဘာတက်နဲ႔ရယ္လိုက္ကာ ေဘးဖက္က နတ္ဘုရားငယ္ကို ဖက္တြယ္လိုက္သည္။

"႐ူ႐ူ "

နတ္ဘုရားငယ္က႐ူ႐ူ႕ကို ၾကင္နာစြာေခၚလိုက္ၿပီး ညင္ညင္သာသာေလးျပန္လည္ေပြ႕ဖက္လိုက္သည့္အခါ ႐ူ႐ူတစ္ေယာက္ နတ္ဘုရားငယ္၏နား အနားသို႔တိုးကပ္ကာ စကားလုံး ခုနစ္ လုံးကို တစ္လုံးခ်င္း တိုးတိုးဖြဖြေလးေျပာလိုက္သည္။

နတ္ဘုရားတစ္ေယာက္ မ်က္လုံးမ်ားျပဴးက်ယ္လာရင္း ႐ူ႐ူ႕ကိုမယုံႏိုင္သည့္အၾကည့္မ်ားျဖင့္ေပးကာ အတည္ျပဳဖို႔ႀကိဳးစားႏိုင္သည္။

႐ူ႐ူကေခါင္းညိတ္ျပလိုက္သည့္အခါ နတ္ဘုရားငယ္တစ္ပါစ ထခုန္မိမတတ္ပင္ေပ်ာ္႐ႊင္သြားရၿပီး တစ္ခဏ ေပ်ာ္႐ႊင္ရသည့္ အေၾကာင္းအရင္းေလး မေဟသီေလးကို မထိရက္မတို႔ရက္ျဖင့္ ဖြဖြေလးေပြ႕ဖက္လိုက္ကာ ေလတိုးရင္ေတာင္ ပဲ့က်သြားမွာစိုးရိမ္သည့္ ပုံစြျဖင့္ ကာကြယ္ထားလိုက္၏။

႐ူ႐ူေျပာတာက

"ကြၽႏ္ုပ္ မွာ ကိုယ္၀န္ ရွိေနၿပီ " တဲ့ေလ။

"ဆိုေတာ့ လနတ္ဘုရားလည္းသိၿပီးေလာက္ၿပီဆိုေတာ့ ကြၽႏ္ုပ္အေနနဲ႔ ေၾကျငာမွာမဟုတ္ေတာ့ဘူး၊ကြၽႏ္ုပ္တို႔မ်ိဳးဆက္အေပၚ သင့္ရဲ႕စိတ္၀င္စားမႈအတြက္ ေက်းဇူးတင္လိုေပမယ့္ အခုေတာ့ မလိုအပ္ေတာ့ဘူးထင္တယ္ေနာ္ "

လနတ္ဘုရားတစ္ေယာက္မည္သည္ကိုမွ်မဆိုႏိုင္ဘဲ ေတြေတြႀကီးသာၾကည့္ေနမိသည္။

ထို႔ေနာက္ မေဟသီအရွင္က သလြန္ေပၚမွ ထကာျပနိမယ္အလုပ္ နတ္ဘုရားငယ္က ထိတ္ထိတ္ျပာျပာျဖင့္ လက္ကိုတြဲလိုက္ၿပီး ဇနီးသည္ေလးေခ်ာလဲမည္ကိုေၾကာက္႐ြံ႕ေနသေယာင္။

"ဒီေန႔အတြက္ မနက္ခင္းညီလာခံၿပီးဆုံးၿပီ၊ ထပ္ၿပီး အဓိပၸာယ္မရွိတာေတြမၾကားရဖို႔ေမွ်ာ္လင့္တယ္ အဟြန္း၊ ငါေပ်ာ္႐ႊင္ေနရတာကို တျခား အမႈိက္လိုကိစၥရပ္ေတြနဲ႔ မေႏွာက္ယွက္နဲ႔ "

နတ္ဘုရားငယ္ကႏွာမႈတ္ကာ မေဟသီေလးကို ေပြ႕ခ်ီပစ္လိုက္သည္။

"အရွင္ ! "

"စိုးရိမ္လို႔ပါကြာ "

နတ္ဘုရားမ်ား "..........."

"အရွင္ သူတို႔ကိုလက္မခံခ်င္ရင္ေတာင္ အျခားဘုံကကိုယ္လုပ္ေတာ္ေတြက သူတို႔ရဲ႕လမ္းတစ္၀က္မွာပါ "

"ထြက္သြား "

အုပ္ခ်ဳပ္သူအရွင္ကေဒါသတႀကီးနဲ႔ေအာ္လိုက္ၿပီး လနတ္ဘုရားကို လ်စ္လ်ဴရႈလိုက္သည္။

"ဒါေပမယ့္..."

လနတ္ဘုရားကသက္ျပင္းခ်ကာ ျဖစ္လာသည့္ အေျခအေနကို ဘယ္လိုေျဖရွင္းရမလဲဟုသာ ႀကိမ္ဖန္မ်ားစြာေတြးေနလိုက္မိသည္။

"ခဏ "

ေပြ႕ခ်ီခံထားရသည့္ မေဟသီက လနတ္ဘုရားကို ၿပဳံးကာေခၚလိုက္ရင္း အႀကံေကာင္းႀကီးတစ္ခုကိုေပးခဲ့လိုက္သည္။ထိုအႀကံက လနတ္ဘုရားကို ေသြးတက္ေစခဲ့ၿပီး က်န္ နတ္ဘုရားမ်ားကိုၿပဳံးၿဖီးၿဖီးျဖစ္ေစခဲ့သည္။

"အုပ္ခ်ဳပ္သူအရွင္ရဲ႕ကြၽႏ္ုပ္မေဟသီက သိပ္ကို ၾကင္နာတတ္လြန္းတာမလို႔ ဤကိုယ္လုပ္ေတာ္မ်ားအားလုံးကို သင့္ကိုခ်ီးျမႇင့္လိုက္သည္" တဲ့ေလ။

ဒါကခ်ီးျမႇင့္တာတဲ့လား၊ ဘယ္လိုလုပ္ခ်ီးျမႇင့္တာျဖစ္ပါ့မလဲ၊ ကိုယ္လုပ္ေတာ္ေတြရဲ႕ မိသားစု၀င္ေတြက သူ႔ကိုဘယ္လိုျမင္သြားၾကမလဲ၊ ေနာက္ၿပီး ကိုယ္လုပ္ေတာ္ရာဂဏန္းကို တစ္ၿပိဳင္တည္းလက္ခံတာက အုပ္ခ်ဳပ္သူအရွင္တစ္ပါးအတြက္ကိစၥမရွိေပမယ့္ သူ႔လို ၿဂိဳလ္နတ္မင္းတစ္ပါးအတြက္ေတာ့ ျပသနာအႀကီးအက်ယ္ရွိသည္ပင္။

"မခံယူဝံ့ပါဘူး အရွင္ "

လနတ္ဘုရားကအလန႔္တၾကားျဖင့္ ခါးကို႐ို႕ကာ ေျပာလိုက္ေပမယ့္ အႏွီ နတ္ဘုရား ဇနီးေမာင္ႏွံကေတာ့ သူ႔ကို ဖုတ္ေလသည့္ ငပိရွိေလဟန္မထင္။ဖိုအစား စကားတစ္ခြန္းသာခ်န္ေပးခဲ့၏။

"မခံယူဝံ့ရင္ကိုယ့္ဟာကိုယ္ရွင္းေပါ့ "

လနတ္ဘုရား ".........."

********************
"တစ္ကယ္ပဲအဆင္ေျပရဲ႕လား ႐ူ႐ူ "

နတ္ဘုရားငယ္က ႐ူ႐ူ႕ကိုေစ့ေစ့စပ္စပ္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။မေဟသီေလးကိုထိခိုက္သြားမွာလည္း သူေၾကာက္သလို လက္တစ္ဖက္စာပင္မရွိသည့္ အစာအိမ္ေသးေသးေလးထဲမွ သူ႔ရဲ႕ေသြးသားေလး ထိခိုက္မွာကိုလည္း သူေၾကာက္လွသည္။

"အဆင္ေျပပါတယ္ အရွင္ရဲ႕၊ သူတို႔ကအခုမွေသးေသးေလးေတြပဲရွိဦးမွာ "

"သူတို႔ ? "

နတ္ဘုရားငယ္က ႐ူ႐ူ႕ကိုျပဴးတိျပဴးေၾကာင္ျဖင့္ၾကည့္ရင္း ထူးဆန္းစြာေမးလိုက္သည္။

"ဘယ္လိုျဖစ္လို႔လဲ သူတို႔လဲ ၊ မဟုတ္မွ... "

႐ူ႐ူတစ္ေယာက္ ဟက္ခနဲ ရယ္လိုက္မိသည္။အႏွီဆယ္ေက်ာ္သက္ေလးကတစ္ခုခုကိုခန႔္မွန္းမိသြားဟန္ရွိကာ ေနာက္တစ္ႀကိမ္မ်က္၀န္းမ်ားျပဴးက်ယ္လာရင္း ပါးစပ္ကိုပင္ လက္နဲ႔အုပ္ကာ ထခုန္ေလသည္။ကေလးအေဖပင္ျဖစ္ေတာ့မည္၊အျပဳအမူမ်ားကတစ္ကယ့္ကို ဆယ္ေက်ာ္သက္အ႐ြယ္ပင္။

"အင္း၊ ကြၽန္‌ေတာ္မ်ိဳးကမဟာယကၡအႏြယ္၀င္ျဖစ္ၿပီး ေဖေဖ့ရဲ႕ထူးျမတ္တဲ့ ေသြးသားကို အေမြဆက္ခံထားတာမလို႔ ဘ၀မွာ တစ္ႀကိမ္ပဲသေႏၶလြယ္ ကေလး ေမြးဖြားႏိုင္တယ္။အဲ့ဒီအစားမွ်ေျခရွိေအာင္ ဘုရားကဖန္တီးေပးခဲ့တယ္။အဲ့ဒါက ႏွစ္ေယာက္ထက္ပိုမ်ားတဲ့ အမႊာကို ေမြးဖြားႏိုင္ျခင္းပဲ "

"အိစ္"

နတ္ဘုရားငယ္ေလးက ေလေအးမ်ားကို တစ္ခ်က္တည္းနဲ႔ရႉရႈိက္မိသလိုပင္ျဖစ္သြားရ၏။

"ဆိုေတာ့ ကြၽန္ေတာ္က ကေလးေတြအမ်ားႀကီးရဲ႕ဖခင္ျဖစ္လာေတာ့မွာေပါ့ "

"ဒါေပါ့ "

႐ူ႐ူကလက္မေလးေထာင္ျပရင္းေထာက္ခံေပးလိုက္ေတာ့ နတ္ဘုရားငယ္က ခရစ္စတယ္လိုေတာက္ပေနသည့္ မ်က္၀န္းမ်ားျဖင့္ ႐ူ႐ူ႕ရဲ႕ ၀မ္းဗိုက္ေနရာကို ၾကည့္ရင္း ဖြဖြေလးနမ္းလိုက္သည္။

"ခမည္းေတာ္ရဲ႕ ရတနာေလးေတြက ႐ူ႐ူ႕ရဲ႕ ဗိုက္ထဲမွာ ေကာင္းေကာင္းမြန္မြန္နဲ႔ႀကီးျပင္းလာၿပီး အျပင္ေလာက ကိုထြက္လာရမယ္ေနာ္ "

ပူတင္းကဲ့သို႔ေခ်ာမြတ္ကာ ႏူးညံ့သည္ဗိုက္သားေလးမ်ားကိုပြတ္သပ္ရင္း ၾကည္ႏူးမႈမ်ားက ႏွစ္ေယာက္လုံး၏ႏွလုံးသားအဆုံးထိတိုင္ ပ်ံ႕ႏွံ႔လ်က္။

"သူတို႔ကလူသားနဲ႔ နတ္ဘုရားေပါင္းစပ္မႈရဲ႕ျပယုဂ္ တစ္ခုျဖစ္လာလိမ့္မယ္"

"သူတို႔က လူသားေတြရဲ႕ ေကာင္းကင္ဘုံကိုေျခလွမ္းမႈရဲ႕ စတင္ရာေနရာ အမွတ္သညာျဖစ္လာလိမ့္မယ္"

"ေနာက္ၿပီး သူတို႔က ေကာင္းကင္ဘုံရဲ႕ ရတနာေလးေတြ ျဖစ္လာလိမ့္မယ္ "

"အဆုံးမွာေတာ့ သူတို႔ေလးေတြက ႐ူ႐ူနဲ႔ ကြၽန္ေတာ့္ရဲ႕ ျမတ္ႏိုးျခင္းရလဒ္ေတြေပါ့ "

********************

Continue Reading

You'll Also Like

135K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.1M 162K 36
No descriptions here
6.4K 936 20
ကြၽန္ေတာ့္ခ်စ္သူရဲ႕ေျခေထာက္ကို ခင္ဗ်ားလည္ေခ်ာင္းေသြးနဲ႔ေဆးေပးရမွ ကြၽန္ေတာ္ေက်နပ္မယ္... MarkRen feat:: RenMin [ Unicode ] ကျွန်တော့်ချစ်သူရဲ့ခြေထောက်က...