နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )

35 4 0
By purefeather199

အခန်း ၃၀၉

( ပွဲပြီးသွားပြီ )

လူတိုင်းနီးပါး ပြိုင်တူ တံတွေး မျိုချမိလိုက်ကြ၏။

"မင်းတို့တွေ အခုနက တွေ့လိုက်လား... အစ်ကိုကြီး ရှု ဘာလုပ်လိုက်တာလဲ မြင်လိုက်လား... "

"ငါတော့ သေချာ မတွေ့လိုက်ဘူး... ဒါပေမဲ့ သူ့လက်ထဲက ကျည်ဆံတွေ ထွက်ကျလာတယ် ထင်တာပဲ... မင်းတို့ရော ဘာတွေ့လိုက်သေးလဲ... "

အခြားသူများကလည်း ခေါင်းခါပြကြ၏။

"ငါလည်း ကျည်ဆံတွေ ထွက်ကျလာတာကို မြင်လိုက်ပေမယ့် ငါ့ဟာငါ အမြင်မှားနေတယ်ပဲ ထင်တာ... တကယ်ကြီး ကျလာတာလား... "

"အော် တိုင်နဲ့ ခေါင်းနဲ့ သွား ပြေးဆောင့်ကြည့်လိုက်ပါလား... နာရင် တကယ်လို့သာ မှတ်လိုက်... "

"ဒါပေမဲ့ ကျည်ဆံ ထွက်သွားတာတောင် မတွေ့လိုက်ရဘဲနဲ့... အစ်ကိုကြီး ရှု က သူ့ လက်တစ်ဖက်တည်း နဲ့ ကျည်ဆံတွေကို ဖမ်းလိုက်နိုင်တာ ဟုတ်ရဲ့လား... "

"ကျည်ဆံ လမ်းကြောင်းကို မြင်ရမှတော့ သေနတ်လို့ ခေါ်နေတော့မလား စောက်ပိန်းရ... "

"ဒါ...ဒါဆို လူတွေ ပြောပြောနေတဲ့ လက်ဗလာနဲ့ ကျည်ဆံကို ဖမ်းနိုင်တယ် ဆိုတာ... "

"အေး... အခုဟာကြီးက သူတို့ နှစ်ယောက်ကြားမှာ နှစ်မီတာတောင် မဝေးဘူးကွ... "

"အင်း နှစ်မီတာ အောက်ပဲ... ဒီလောက် အကွာအဝေးအတွင်းမှာဆို ဘယ်သူမှ ကျည်ဆံကို ရှောင်နိုင်မှာ မဟုတ်ဘူး... ဖမ်းနိုင်ဖို့ဆို ဝေးသေး... "

"အကိုချန်းကတော့ လက်ဗလာနဲ့ ဖမ်းပြသွားတာပဲ... "

"ငါ မှတ်မိပြီ... ပြိုင်ပွဲမှာတုန်းကလည်း ဒီလို မယုံနိုင်စရာ ကိစ္စမျိုးကို အကိုချန်း လုပ်ပြဖူးတယ်... အဲ့ဒီတုန်းက လျူကိုင် က သူ့ကို သေနတ်နဲ့ နှစ်ချက်တိတိ ပစ်ခဲ့တာလေ... "

ဝမ်အန် သည် ထို အဖြစ်အပျက်ကို ပြန်တွေးရင်း အံ့အားသင့်နေမိသည်။

လျူကိုင် ...

"ဟုတ်တယ်... အဲ့ဒီတုန်းက တော်တော် ညဉ့်နက်နေပြီ ဆိုပေမယ့် ငါ မြင်ခဲ့တဲ့အရာကို ငါ သိတယ်... ပထမတစ်ချက် ပစ်တော့ သူက လက်နဲ့ ဖမ်းခဲ့တယ်... ဒါနဲ့ ငါလည်း ထင်ယောင်ထင်မှားတွေ လျှောက်မြင်မိတာလို့ပဲ တွေးပြီး နောက်တချက် ထပ်ပစ်ကြည့်လိုက်တာ.. အဲ့ဒါကိုလည်း ထပ်ဖမ်းလိုက်တာပဲ... အဲ့ဒီတုန်းက ငါတို့ကျည်တွေက အခွံတွေ ဆိုတော့ အစစ်လောက် အရည်အသွေးမကောင်းလို့ လက်နဲ့ ဖမ်းနိုင်တာ ဆိုပြီး ထင်ခဲ့တာ... ငါ တော်တော် ပိန်းခဲ့တာပဲ... "

လှေကားပေါ်တွင် ထောင့် စီနီယာညီကိုများ ရပ်ကြည့်နေသည်။ ပိုင်ရှန်းမှာ ဟန်မပျက်အောင် ထိန်းထားနိုင်သော်လည်း ဂျက် နှင့် ထောင့်ရှစ် တို့မှာ ပါးစပ် အဟောင်းသားဖြစ်ကာ ထိတ်လန့်နေကြ၏။

"သူက ငါတို့ အဖွဲ့ခေါင်းဆောင် ရဲ့ ဆက်ခံသူ အစစ်ပဲ... "

ထောင့်ဂျက် က အံ့အားသင့်စွာ ပြောလိုက်သည်။

ပိုင်ရှန်းက လေသံတိုးတိုးဖြင့်...

"ငါတို့ရဲ့ နဂါးတပ်မကို သူ အောင်အောင်မြင်မြင်နဲ့ ဆက်ခံနိုင်ဖို့ ဆိုရင် သူ့နိုင်ငံကို ဘေးကင်းကင်းနဲ့ ပြန်ရောက်မှ ဖြစ်မယ်... သူ အပြင်မှာ ရှိနေသရွေ့ ဒီထက်ပိုဆိုးတဲ့ အန္တရာယ်တွေ ထပ်ကြုံရမှာပဲ... "

ထောင့်ရှစ် ခေါင်းညိတ် ထောက်ခံ၏။

"သူ့ နည်းလမ်း တိုက်ကွက်တွေသာ ပေါက်ကြားသွားလို့ကတော့ စစ်ဒေသက နတ်ဆိုးကောင် အနံ့ရသွားလိမ့်မယ်... သူက နဂါး တပ်မအကြောင်း ကောင်းကောင်းသိတယ်... ရှုချန်းကိုသာ မျက်စိကျသွားလို့ကတော့ တကယ့် အန္တရာယ်ပဲ... အဲ့ဒီအခါကျရင် သူ့ကို လွန်ဆန်ရဲတဲ့ သူက အဖွဲ့ခေါင်းဆောင် ကလွဲရင် တခြားလူ ရှိမှာ မဟုတ်ဘူး..."

ပိုင်ရှန်း...

"ဟုတ်တယ်... အဲ့ကောင်က ဒီလို အခွင့်အရေးမျိုးကို အမြဲ ချောင်းနေတာ... အဖွဲ့ခေါင်းဆောင် သာ သေသွားရင် သူ ချက်ချင်း ပြန်ပေါ်လာလိမ့်မယ်... ဒီတခေါက် မင်းတို့ နှစ်ယောက်က ရှုချန်းကို တိတ်တဆိတ် ကာကွယ်ပေးထား... ကြားလား... "

သူတို့ နှစ်ယောက်လုံး ခေါင်းညိတ်ပြလိုက်ကြ၏။

စင်ပေါ်တွင်...

ရှုချန်းက လင်လဲ့ကို လှမ်းပြောသည်။

"မင်း အမကို အရင် ခေါ်သွားတော့... "

လင်ချူရွယ်သည် သေနတ်သံ ကြားကြားချင်း ရှုချန်းကို သူ့နောက်သို့ အလျင်အမြန် ဆွဲသွင်းလိုက်သော်လည်း ရှုချန်းကမူ ပွန်းပဲ့ရာပင် မရှိ။

သူမ၏ နဖူးထက်တွင်တော့ ဇောချွေးများ ပျံလျက်။

ထို့နောက် ရှုချန်း အပစ်မခံရမှန်း သိတော့မှ သက်ပြင်းချနိုင်တော့၏။

သို့သော်လည်း စိတ်မချနိုင်သေးသောကြောင့် ပွဲရုံထဲမှ ထွက်မသွားမီတွင်...

"ဂရုစိုက်နော်... "

ရှုချန်းက ခေါင်းညိတ်ပြလိုက်ပြီး...

"ငါ့ကြောင့် မင်းပါ ထိခိုက်လို့ မဖြစ်ဘူးဆိုတာ သိတယ်မလား... အဲ့ဒါကြောင့် မင်း ဒီမှာ ဆက်နေလို့ မရတော့တာကို နားလည်ပေးပါ...... "

လင်ချူရွယ် ခေါင်းညိတ်ပြလိုက်သည်။ သူမ ဆက်နေလျှင် ရှုချန်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေမည်ကို သူမလည်း သဘောပေါက်၏၊ ထို့ကြောင့် လင်လဲ့နှင့် အတူ ပွံရုံထဲမှ ထွက်သွားလေသည်။

နောက်ဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားခဲ့ပြီ။

ရှုချန်းက ဂျန်ကင် ကို လှည့်ကြည့်လိုက်သောအခါ ထိုလူမှာ ကြောက်လန့်တကြား ကြမ်းပြင်ပေါ် လဲကျသွားပြီး အယောင်ယောင် အမှားမှားဖြင့် သေနတ်ကိုပါ လွှတ်ချမိလိုက်သည်။

တစ်ဖက်၌ သက်တော်စောင့်များက နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်ကာ ထွက်ပြေးရန် လမ်းကြောင်း ရှာနေကြသည်။ တယ်ရီ ပင်လျှင် တကိုယ်လုံး ချွေးများ ရွှဲနစ်လျက်။

ရေစက်သံပင် မကြားရသော ပုံမှန်မဟုတ်သည့် ထို တိတ်ဆိတ်မှုအတွင်း၌ ရှုချန်း၏ အသံမှာ သေမင်းခေါ်သံအလား ထွက်ပေါ်လာကာ ပွဲရုံတစ်ခုလုံး ပဲ့တင်ထပ်သွား၏။

"မင်းတို့ကို ဘယ်သူ သွားခိုင်းလို့လဲ... "

အသာလေး လစ်ထွက်ရန် ကြံစည်နေသော ထိုလူများအားလုံး ကျောက်ရုပ်သဖွယ် ရပ်တန့်သွားပြီး ခြေတစ်လှမ်းမျှပင် ထပ်မဆုတ်ရဲကြတော့။

တယ်ရီက ကတုန်ကယင်ဖြင့် ရှုချန်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများတွင် မျက်ရည်ဝဲလျက်...

"မစ္စတာ ရှု... ခင်ဗျားနဲ့ လင် မိသားစုကိစ္စမှာ ကျွန်တော် ဘာမှ မပက်သက်ဘူးနော်... ကျွန်တော့် မီဒီယာက တလွဲ သတင်းတွေ ထုတ်နေလို့ ဆိုရင် ကျွန်တော် အဲ့ဒီအတွက် ဒီနေရာမှာတင် တောင်းပန်ပါရစေ... ကျွန်တော့်ဘက်က ခင်ဗျား စိတ်ချမ်းသာဖို့ ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ အားမနာဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါ... "

ရှုချန်းက အနီးဆုံး ထိုင်ခုံကို ညွှန်ပြလိုက်ပြီး...

"ပွဲ မပြီးသေးဘူး... ဟိုမှာ သွားထိုင်... မင်းတို့ အားလုံး ပွဲပြီးမှ ပြန်လို့ရမယ်... "

တယ်ရီသည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေသော်လည်း ရှုချန်း၏ အမိန့်ကို မလွန်ဆန်ရဲပေ။ ထို့ကြောင့် ရိုကျိုးစွာဖြင့် ထိုင်လိုက်ရပြန်သည်။

သူ၏ သက်တော်စောင့် နှစ်ယောက်ကလည်း ဘေးတွင် ဝင်ထိုင်ကြ၏။ သို့သော် တစ်ယောက်က ရှုချန်း သတိမမူမိချိန်တွင် သူ့အား ပစ်သတ်ရန် ကုတ်အင်္ကျီထဲမှ သေနတ်ကို လှမ်းယူလိုက်သည်။

သူသာ အောင်မြင်သွားပါက အထက်လူကြီးကို ကျဉ်းထဲကျပ်ထဲမှ ကယ်ထုတ်နိုင်သည့်အတွက် ဆု ချီးမြှင့်ခံရနိုင်သည့်အပြင် မစ္စတာ ဂျန်ကင် ထံတွင်လည်း နာမည်ကောင်း ရနိုင်သည်။

သို့သော် အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်လိုက်ချိန်တွင် တယ်ရီက ရုတ်တရက် လှမ်းဆွဲလိုက်ပြီး...

"မင်း သေချင်နေတာလား... "

သက်တော်စောင့်က လေသံတိုးတိုးဖြင့် ပြန်ပြော၏။

"ဆရာ... ကျွန်တော့်ကို ယုံလိုက်... "

သို့သော် ထိုသို့ ပြောပြီးနောက်တွင်ပင် သူ့ထံသို့ လေတဝှေ့ ဖြတ်တိုက်သွားသကဲ့သို့ ဝှစ်ကနဲ အသံတစ်ခု ကြားလိုက်ရသည်။

သူ၏ စကားဆုံးသည်နှင့် ရှုချန်းက သူ့ အရှေ့သို့ ရောက်နှင့်နေလေပြီ။ ထို့နောက် အရပ် ၁.၉ မီတာ ရှည်သော ထိုလူကို ရှုချန်းက ကော်လံမှ ကိုင်ဆွဲကာ ကြက်ကလေး ငှက်ကလေးသဖွယ် နံရံသို့ ပစ်ပေါက်လိုက်သည်။

"ဘုန်း... "

သက်တော်စောင့် သွေးတစ်လုပ် အန်ထွက်ကာ သတိလစ်သွားတော့၏။

ရှုချန်းက အခြား သက်တော်စောင့်တစ်ယောက်ကိုပါ မျက်လုံးထောင့်စွန်းမှ ကြည့်လိုက်ပြီး...

"မင်းရော စမ်းကြည့်ချင်သေးလား... "

ထိုလူမှာ တံတွေးမြိုချကာ ပြာပြာသလဲ ခေါင်းရမ်းလိုက်၏။ ထို့နောက် အိတ်ထဲရှိ သေနတ်ကို ထုတ်ကာ ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီး တိုက်ခိုက်လိုသည့် ဆန္ဒလုံးဝ မရှိကြောင်းကို ထုတ်ဖော်ပြလိုက်သည်။

ရှုချန်းသည် ဂျန်ကင် အနောက်ရှိ သက်တော်စောင့် နှစ်ယောက်ဘက်သို့ လှည့်သွားပြီး...

"မင်းတို့ရော... မင်း သူဌေးအတွက် ငါနဲ့ ယှဉ်တိုက်ရဲလား... "

ထို အစောင့်တို့ကလည်း ချက်ချင်းပင် အသည်းအသန် ခေါင်းခါပြကြလေ၏။

"အဲ့ဒါဆို ဟိုမှာ လွတ်နေတဲ့ နေရာတွေ တွေ့တယ်မလား... သွားထိုင်ပြီး စောင့်ကြည့်... ပွဲက အခုမှ စမှာ... "

ထို့နောက် ရှုချန်းသည် နဂါးတပ်ဖွဲ့မှ သူ၏ ရဲဘော်သုံးယောက်ကို ကြည့်ကာ...

"ခင်ဗျားတို့ သုံးယောက်က အပြင်မှာ စောင့်နေရမှာ မဟုတ်ဘူးလား... "

ထောင့်ရှစ်...

"မင်း စောက်ပေါလုပ်နေတာကို ငါတို့ တောက်လျှောက်ထိုင်ကြည့်လာတာကွ... အခုမှတော့ အဆုံးသတ်ပိုင်းကိုပါ ကြည့်ချင်သေးတယ်လေ... "

ပိုင်ရှန်း...

"လာပါ ငါတို့ အရင် သွားနှင့်ရအောင်... "

ထိုအချိန်တွင် ဂျန်ကင်က ရှုချန်း စကားပြောနေသည်ကို အခွင့်ကောင်းယူကာ ကြမ်းပြင်ပေါ်မှ သေနတ်ကို ကောက်ယူလိုက်သည်။

ထို့နောက် ကျန်ရှိနေသော သေနတ်ကျည် ငါးတောင့်ကို ရှုချန်းထံ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်လေ၏။

ပွဲရုံတခုလုံး သေနတ်သံများ မြည်ဟည်းထွက်လာသည်။ သေနတ်သံတချက် ကြားတိုင်း တယ်ရီ အပါအဝင် အခြားသူများ အားလုံး တွန့်ကနဲ ဖြစ်သွားကာ အသက်ပင် မရှုရဲကြပေ။

သို့သော် ရှုချန်း လက်ထဲမှ ကျည်ဆံများ ထွက်ကျလာသည်ကို မြင်လိုက်ရသောအခါ...

ဂျန်ကင် သည် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည့်အလား တုန်လှုပ်သွားလေသည်။

သူ၏ မျှော်လင့်ချက်တို့ လုံးလုံး ပျောက်ဆုံးသွားတော့၏။

ထို့နောက်...

"မစ္စတာ ရှု... ကျုပ်ကို လွှတ်ပေးပါဗျာ... "

ရှုချန်းက သက်ပြင်းချလိုက်ပြီး...

"အခုမှ ဘာတွေ လာတောင်းပန်နေတာလဲ... အခုနက ဘာလုပ်နေလို့လဲ..."

ထို့နောက် ဂျန်ကင် ၏ လက်မောင်းကို လှမ်းကိုင်ကာ အသာလေး ဆွဲလိမ်လိုက်သည်။

"ဖြောက်... "

"အား.... "

ဂျန်ကင် သည် မျက်နှာတပြင်လုံး ရှုံ့တွသွားပြီး နာကျင်စွာ အော်သည်းလေတော့၏။

ကျိုးသွားသော လက်မောင်းကို အခြား လက်တစ်ဖက်ဖြင့် ထောက်ကိုင်ရန် ကြိုးစားစဉ် ရှုချန်း၏ လက်က ခြေကျင်းဝတ်ဆီသို့ ရောက်သွားကာ နောက်တကြိမ် ထပ်လိမ်လိုက်ပြန်သည်။

ဂျန်ကင်၏ လည်ပင်းရှိ သွေးကြောများ ပေါက်ထွက်လုမတတ် အပြိုင်းပြိုင်း ထလာသည်။

"အား... "

နောက်ဆုံးတချက် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ် ဗိုင်းကနဲ လဲကျသွားတော့သည်။

"ငါ့ ခြေထောက်... ငါ့ ခြေထောက်... "

ထိုင်ခုံပေါ်ရှိ တယ်ရီ၏ သွားများ အချင်းချင်း ရိုက်ခတ်နေသံကို ဘေးရှိ သက်တော်စောင့်နှစ်ယောက် အတိုင်းသား ကြားနေရသည်။

ထိုစဉ် ရှုချန်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေး။ ဂျန်ကင် ၏ ကျန် လက်မောင်းနှင့် ခြေထောက်ကို ထင်းချိုးသလို ချိုးနေစဉ် ပွဲရုံထဲတွင် အော်သည်းသံများမှာ ထပ်ခါထပ်ခါ မြည်ဟီးထွက်ပေါ်လျက်ပင်။

နောက်ဆုံး ပြင်းထန်လှသော ဝေဒနာကြောင့် သတိလစ်သွားတော့မှ ရှုချန်း၏ ညှဉ်းပန်းနှိပ်ဆက်မှုများ ရပ်တန့်သွားတော့၏။

ရှုချန်းက တယ်ရီကို လှမ်းကြည့်လိုက်ကာ...

'ဘယ်လိုလဲ... ဒီ အဆုံးသတ်က စိတ်ဝင်စားဖို့ ကောင်းရဲ့လား... မင်း မကျေနပ်သေးရင် ငါ သူ့ကို ဒီနေရာမှာတင် သတ်လိုက်လို့ ရတယ်နော်... "

တယ်ရီက ကမန်းကတန်း ပြန်ဖြေသည်။

"ကျေနပ်ပါတယ် မစ္စတာ ရှု... ဒီမှာ အဆုံးသတ်လိုက်တာ ကောင်းပါတယ်... ဒီလောက်နဲ့ပဲ ပြီးပါစေတော့... "

"မဟုတ်သေးဘူး... ပြီးလို့ မရသေးဘူး... "

"ဒီကိစ္စတွေ အားလုံးကို မင်းတို့ စခဲ့တာ... မင်းတို့ပဲ အကုန်ပြန်ရှင်းသွားရမယ်... ဒီနေ့ မင်းတို့ မြင်တဲ့အတိုင်း ဒီကောင်ကြီးက အရင် ငါ့ကို ပစ်တာနော်... ငါ ပြန်လုပ်ခဲ့တာက ကိုယ့်ကိုကိုယ် ကာကွယ်ရုံ သက်သက်ပဲ... ဟုတ်လား မဟုတ်ဘူးလား... "

တယ်ရီက ပုတ်သင်ညိုကဲ့သို့ ခေါင်းတညိတ်ညိတ်ဖြင့်...

"ဟုတ်ပါတယ် ဟုတ်ပါတယ်... "

"ကောင်းပြီ... ဒါဆို မင်းရဲ့ သတင်းချန်နယ်တွေကို ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သေချာ ပြောပြလိုက်... အဲ့ဒါဆို ဒီကိစ္စကို ဒီနေရာမှာတင် အဆုံးသတ်ပေးမယ်... ဘယ်လိုလဲ... "

"သေချာတာပေါ့... ခင်ဗျားနဲ့ ပက်သက်တဲ့ သတင်းတွေ အားလုံးကို ကျွန်တော် သေချာ ဂရုစိုက်လိုက်ပါမယ်... "

ရှုချန်း...

"အေး ကျေးဇူးပဲ... ဒါနဲ့ ငါ့နိုင်ငံကို ပြန်ရောက်မှ လင် ကော်ပိုရေးရှင်းကို အပျက်သဘော ဆောင်တဲ့ သတင်းတွေ ထွက်မလာဖို့လည်း မျှော်လင့်ပါတယ်... မင်းလည်း သိတဲ့အတိုင်း ဗီဇာလျှောက်ရတာက တော်တော် အလုပ်ရှုပ်တယ်ကွ... ဒါနဲ့ မင်း စကားတစ်ခုကို ကြားဖူးလား... နတ်ဆိုးကို ဆင့်ခေါ်ရတာက လွယ်တယ်... ပြန်ပို့ရတာ ခက်တယ် ဆိုတာ... ငါ ပြောချင်တာ မင်း သဘောပေါက်မှာပါ... "

ထို့နောက် ရှုချန်းသည် အိတ်ကပ်ထဲ လက်ထည့်ကာ တစ်လောကကလုံးတွင် မည်သူ့ကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပွဲရုံထဲမှ ထွက်လာခဲ့တော့၏။

အခန်း ၃၀၉ ပြီး

wunzinnosp

အခန်း ၃၁၀

( ကပ်ပါးကောင် )

အိမ်အပြန်လမ်းတွင် လင်ချူရွယ်တယောက် အတန်ကြာသည်အထိ နှုတ်ဆိတ်နေသည်ကို ရှုချန်း သတိပြုမိသွားသည်။

"ဘာတွေ ဖြစ်ခဲ့လဲလို့ မမေးတော့ဘူးလား... "

လင်ချူရွယ် ခေါင်းခါပြ၏။

"နင်လည်း နင့်အကြောင်းနဲ့ နင် ရှိမှာပဲလေ... ဒါပေမဲ့ ငါ့ကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူးဆိုတာ ငါ သိတယ်... ဒီလောက်ဆို ရပြီပေါ့... ငါ့အတွက် တခြားအရာတွေ သိဖို့ မလိုအပ်ဘူး... တစ်ခုတော့ မှတ်ထားပေး... အခု နင့်အသက် တစ်ဝက်ကို ငါလည်း ပိုင်တယ်... မိုက်ရူးရဲဆန်တာတွေ လုပ်ပြီး ငါ့ကို ထားသွားဖို့ မစဉ်းစားနဲ့... ကြားလား... "

ထို့နောက် လင်ချူရွယ်သည် ရှုချန်းကို လေးနက်စွာ ကြည့်လိုက်ကာ...

"နင့်ရဲ့ နောက်ကြောင်း ရာဇဝင်က တခြားသူတွေလောက် မရိုးရှင်းဘူးဆိုတာ ငါ သိပါတယ်... အနာဂါတ်မှာ ဘယ်လို အရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာလည်း ငါ ခန့်မှန်းမိတယ်... အဲ့ဒါကြောင့် နင့်ကို ဘာမှ မမေးတာပေါ့... ငါ့အတွက်တော့ နင် ဘေးကင်းကင်း ရှိနေဖို့က အရေးကြီးဆုံးပဲ... "

ရှုချန်းသည် လင်ချူရွယ်၏ စကားကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် သူမနှင့် မျက်လုံးချင်းဆုံကာ ခေါင်းညိတ်ပြလိုက်၏။

အိမ်ပြန်ရောက်သောအခါ...

တံခါးမကို ဖြတ်လာရုံရှိသေး၊ လင်ကွေ့ရန် က တစုံတယောက်အား ဆူပူ ကြိမ်းမောင်းနေသည့် အသံကို ကြားလိုက်ရသည်။

"ငါ စကားကုန် ပြောပြီးပြီ ဘန်ဂျမင်... မင်း ဘာပြောပြော ငါ စိတ်ပြောင်းမှာ မဟုတ်ဘူး... ငါ မင်းနဲ့ ဒီ ကိစ္စကို ဆက်ပြီး အငြင်းအခုံ မလုပ်ချင်တော့ဘူး...အခု ချက်ချင်း ငါ့အိမ်က ထွက်သွားစမ်း... "

ဆိုဖာပေါ်တွင် ထိုင်နေသော ဘန်ဂျမင်သည် ဒေါသတကြီး ထရပ်လိုက်ပြီး...

"ယောက်ဖ... ကျုပ် အမ ကို ထွက်လာခိုင်းလိုက်... ကျုပ် သူနဲ့ စကားပြောမယ်... "

လင်ကွေ့ရန်...

"ဘာမှ ပြောစရာ မလိုဘူး... အခုအချိန်မှာ ကုမ္ပဏီကို တရားဝင် ပြန် ဖွဲ့စည်းနေပြီ... အမျိုးတွေ အားလုံးကို ကုမ္ပဏီမှာ မထားတော့ဘူး... ဘယ်သူ့ကိုမှလည်း ချွင်းချက်အနေနဲ့ လက်ခံမှာ မဟုတ်လို့ မင်း သူနဲ့ ညှိနှိုင်းဖို့ တွေးနေတာဆိုရင် လာရာလမ်းအတိုင်း ပြန်ကြွလိုက်တော့... "

ထိုစဉ် လင်ချူရွယ်က ဘန်ဂျမင်ကို လှမ်းခေါ်လိုက်၏။

"အန်ကယ်... "

ဘန်ဂျမင်သည် ချူရွယ်ကို တွေ့သောအခါ ချက်ချင်းပင် မျက်နှာ ရွှင်ပြသွားကာ...

"ဟာ ချူရွယ်တောင် ပြန်ရောက်လာပြီပဲ... မင်း အဖေကို နည်းနည်းပါးပါး ကူပြောစမ်းပါဦး... အန်ကယ် အလုပ် သေချာလုပ်ရဲ့သားနဲ့ ကုမ္ပဏီကနေ နှင်ထုတ်ခံနေရတယ်... ဘာလို့လဲ... သူ ပြဿနာတက်တာက အန်ကယ့်အဖေနဲ့လေ... အန်ကယ်နဲ့မှ မဆိုင်တာ... "

လင်ကွေ့ရန်၏ မျက်နှာမှာ ချက်ချင်းပင် မှုန်သုန်သွားကာ...

"ငါ့ ကလေးတွေကို ဒီကိစ္စထဲ ဆွဲမထည့်နဲ့... ဘန်ဂျမင်... ငါ နောက်ဆုံး တစ်ခေါက်ပြောမယ်... မင်း ငါ့ကုမ္ပဏီကနေ အခုချက်ချင်း ထွက်သွား... "

"ဘာဖြစ်လို့လဲ သိချင်တာလား... မင်းက ကုမ္ပဏီကို အတွင်းထဲကနေ လှိုက်စားနေတဲ့ စိတ်ကင်ဆာကောင် ဖြစ်နေလို့ပဲ... "

ဘန်ဂျမင်မှာ မျက်လုံးလေး ကလည်ကလည်ဖြင့် အူကြောင်ကြောင် ကြည့်နေ၏။

"လင်ကွေ့ရန်... ခင်ဗျား ဘာတွေ ပြောနေတာလဲ... "

လင်ကွေ့ရန်...

"ငါ ဘာကို ဆိုလိုလဲ မင်း ကောင်းကောင်း သိတယ်... အခုမှ မလည်အူကြောင် လာလုပ်မနေနဲ့... အရင်တုန်းက မင်းကို အဝယ်ဌာနမှာ တာဝန်ပေးခဲ့တယ်ဆိုတာ မင်းက ငါ့ ယောက်ဖ ဖြစ်နေကွ... ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မင်း ဘာတွေ လုပ်ခဲ့လဲဆိုတာ ကြည့်စမ်း... "

ပြောပြောဆိုဆိုနှင့် ဘောင်ချာ တစ်ထပ်လိုက် ကောက်ယူကာ ဘန်ဂျမင်ထံ ပစ်ပေါက်လိုက်သည်။

"ကြည့်စမ်း... မင်း နှစ်တိုင်း ကုမ္ပဏီကနေ တောင်းနေတဲ့ ဘက်ဂျက်ငွေ နဲ့ မင်း ဝယ်ခဲ့တဲ့ ကုန်ကြမ်း အရည်အသွေး... "

"ပြီးတော့ အရည်အသွေး မပြည့်မှီတဲ့ ပစ္စည်းတွေကိုလည်း ငါ့ဆီ တစ်ခါမှ စာရင်း မတင်ဘူး... အခု ကုမ္ပဏီရဲ့ ထုတ်ကုန် အရည်အသွေးတွေ ကျဆင်းသွားပြီ... မင်း ဘယ်လိုလုပ်ပေးမှာလဲ... ဒီလိုကိစ္စမျိုးကို ငါ ဘယ်လို မျက်ကွယ်ပြုနိုင်မှာလဲ... မင်းက ကျွမ်းကျင်ပိုင်နိုင်မှု မရှိလို့ဆိုရင် ငါ နားလည်ပေးလို့ ရသေးတယ်... ဒါပေမဲ့ ငါတို့ ကုမ္ပဏီကို နာမည်ပျက်အောင်လုပ်ဖို့ ယူရို ဆယ်သန်းတောင်းပြီး အပြင်လူတွေကို အကူအညီသွားပေးတာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး... "

ဘန်ဂျမင်သည် ထိုအခါမှ ပြာပြာသလဲဖြင့်...

"ကျုပ်ကို နောက်ထပ် အခွင့်အရေး တစ်ခုလောက်တော့ ပေးပါဦး... "

လင်ကွေ့ရန်...

"ဘန်ဂျမင်... ယောက္ခထီးကြီးက ရှယ်ယာတွေ အားလုံး သိမ်းသွားလို့ မင်းနဲ့ မင်း ညီအမတွေ များများစားစား မရလိုက်ဘူးဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အဲ့ဒါ ငါနဲ့ မဆိုင်ဘူးလေ... မင်း ပိုက်ဆံလိုရင် သူ့ဆီ သွားတောင်းပါလား... ငါ့ကုမ္ပဏီကတော့ မင်းကို ဆက်ပြီး လက်မခံနိုင်တော့ဘူး... တခြား ကုမ္ပဏီတွေကိုသာ လိုက်လျှောက်ကြည့်တော့... "

ဘန်ဂျမင် ဒေါသထွက်သွားသည်။

"ဒီလို လုပ်တာတော့ ယောက်ဖ မတရားဘူး...အစကတည်းက ဒီ ကုမ္ပဏီမှာ လူတိုင်း အစု ရှယ်ယာ ဝင်ထားကြတာ... ကုမ္ပဏီ အောင်မြင်အောင် ပံ့ပိုးပေးခဲ့ကြတာ... အခု ခင်ဗျားက ရန်ပုံငွေတွေ ရသွားပြီဆိုတော့ ကျုပ်တို့ကို မျက်နှာလွှဲခဲပစ် လုပ်တာလား... ခင်ဗျား ဒါ လူ့ကျင့်ဝတ် မရှိတာပဲ... "

လင်ကွေ့ရန်...

"မင်းလို ကောင်ကများ ငါ့ကို လူ့ကျင့်ဝတ် မရှိဘူး ဟုတ်လား... မင်းက ကုမ္ပဏီရဲ့ ပိုက်ဆံတွေကို နှစ်ပေါင်းများစွာ အလွဲသုံးစား လုပ်ခဲ့တာတွေကျတော့ရော... ဒီ တစ်ချက်တည်းနဲ့တင် မင်းကို ထောင်ထဲ ထည့်လိုက်လို့ ရတယ်ကွ... မင်း လောဘ အတောမသတ်နိုင် ဖြစ်ပြီး ငမ်းငမ်းတက် ခိုးစားနေလို့ ကုမ္ပဏီက ဒေဝါလီ ခံရလုနီးပါး ဖြစ်သွားတာလေ... ငါ့ဘက်က ငါ့ မိန်းမရဲ့ မိသားစုတွေကို ပစ်ပယ်ထားတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... ငါ မင်းတို့ကို ဒီလောက် လုပ်ပိုင်ခွင့်တွေ ပေးထားလို့ အခုလိုမျိုး နောက်ကျော ဓါးနဲ့ ထိုးခံရတဲ့ အခြေအနေအထိ ရောက်လာတာပဲ... "

"ပြီးတော့ မင်းရဲ့ လူအိုကြီးက ဒီကုမ္ပဏီကို ဖြုတ်ချဖို့ တခြားသူနဲ့ ပေါင်းကြံနေတာကိုလည်း ငါ မသိဘူး ထင်နေတာလား... ကုမ္ပဏီရဲ့ ရှယ်ယာတွေ အပိုင်သိမ်းပြီး နာမည်ပေါက်ကိုပါ ပြောင်းပစ်ဖို့ လုပ်နေတာတွေကအစ ငါ သိတယ်ကွ... "

"အဲ့ဒါ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးလေ... "

နောက်ဆုံးတွင် ဆူညံပွတ်လော ရိုက်နေသော အသံတို့ကြောင့် မေမေလင်း ထွက်လာသည်။ သူ၏ မောင်ငယ် ဖြစ်ပျက်နေသည့် ပုံစံကို မြင်သောအခါ အလွန် စိတ်ပျက်သွားပြီး ဒေါသလည်း ထွက်မိ၏။

ထို့နောက် အံကို တင်းတင်းကြိတ်ကာ ခက်ထန်တင်းမာလှသော လေသံဖြင့်...

"နင် သွားတော့... "

ဘန်ဂျမင်သည် ရှက်ရမ်းရမ်းကာ အော်ကြီးဟစ်ကျယ်ဖြင့် စတင် သောင်းကျန်းတော့၏။

"မသွားဘူးဗျာ... ဒီလောက် နှစ်တွေ အများကြီး ကျွန်တော် တစ်ယောက်တည်း တာဝန်ယူလာတာ... ဒီ အလုပ်ကို ကျုပ် မရှိရင် ဘယ်သူ လုပ်မှာလဲ... ကိုယ့်ရဲ့ သွေးသားရင်းအစား တခြား သူစိမ်းလက်ထဲ ပိုက်ဆံတွေ အပ်လိုက်မလို့လား... အပြင်လူတွေက ခင်ဗျားတို့ကို ပြန်ပြီး ဖင်ချသွားလိမ့်မယ်... "

လင်လဲ့က နှာခေါင်း ရှံ့ရင်း ပြောလိုက်သည်။

"ခင်ဗျားက သူစိမ်းတွေထက်တောင် ပိုပြီး ကောက်ကျစ်သေးတယ်... "

ဘန်ဂျမင်...

"မင်းက ဘာသိလို့ ဝင်ပြောတာလဲ... "

အတန်ကြာသည်အထိ ဝင်မပြောဘဲ စောင့်ကြည့်နေသော ရှုချန်းမှာ စိတ်မရှည်တော့။

"အခု ရှယ်ယာရှင် အသစ်ဖြစ်တဲ့ ငါ ရှုချန်း မင်းကို အလုပ်ထုတ်လိုက်ပြီ... ဒူးထောက် တောင်းပန်လည်း အကျိုးမရှိဘူး... အခု ချက်ချင်း ထွက်သွားလိုက်တော့... "

ရှုချန်း၏ စကားကြောင့် ဘန်ဂျမင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကာ အတန်ကြာ ကြက်သေ,သေနေမိသည်။

ရှုချန်းသည် သူ၏ ၃.၃ ဘီလီယံဖြင့် ကုမ္ပဏီကို ကယ်တင်ထားခြင်း ဖြစ်ရာ ယခုအချိန်တွင် ကုမ္ပဏီ၏ ပြောရေးဆိုရေး အရှိဆုံးလူတစ်ယောက် ဖြစ်နေပေသည်။ ထို့ကြောင့် သူ၏ တစ်ချက်လွှတ် ထုတ်ပြန်ချက်ကို ပြန်လည် ချေပနိုင်စွမ်း မရှိတော့ပေ။

"မင်း စောင့်ကြည့်လိုက်... ကုန်ကြမ်းတွေကို အရည်အသွေး ကောင်းမကောင်း သေချာ ခွဲထုတ်နိုင်တဲ့အထိဆို နှစ် တော်တော်ကြာအောင် လေ့လာရတာ... ကျောက်စိမ်း အချောထည်တွေကို ဈေးကြီးပေးဝယ်ပြီး လက်ဝတ်ရတနာ ပြန်လုပ်ရောင်းမယ်ဆိုရင် အမြတ် သိပ်ကျန်မှာ မဟုတ်ဘူး... ထောင့်အနား မလှတဲ့ ကျောက်မျိုး ဆိုရင်လည်း ကုမ္ပဏီကို ကယ်တင်နိုင်မှာ မဟုတ်ဘူး... "

ရှုချန်း...

"အဲ့ဒီ ကိစ္စကိုတော့ စိတ်မပူပါနဲ့... မင်း နေရာကို ငါ ကိုယ်တိုင် ဝင်ကြီးကြပ်ဖို့ စီစဉ်ထားပြီးသား... အာရှက ကျောက်တွေကိုလည်း ငါ ကိုယ်တိုင် အဝယ်ထွက်မှာ... ပြီးရင် သယ်ယူပို့ဆောင်ရေးအတွက် လဲ့ကို တာဝန်ပေးမယ်... "

"မင်းကလား..."

ဘန်ဂျမင် အူလှိုက်သည်းလှိုက် ရယ်မောကာ လှောင်ပြောင်လေတော့သည်။

"ငါ့ညီရာ... အခုက မင်းမှာ ပိုက်ဆံတွေ ပေါနေတော့လည်း ငါ ဘာမှ မပြောတော့ပါဘူး... ဒါပေမဲ့ ကျောက်ရိုင်းတုံး တစ်တုံးကို သေချာ စီစစ်ပြီး ဝယ်နိုင်ဖို့ ဆိုတာ နေကြာစိ အခွံခွာသလို လွယ်တယ်များ ထင်နေလား... ဒီလောက,က ပညာစုံရုံနဲ့တင် မရဘူးကွ... အတွေ့အကြုံက အသက်ပဲ... "

ရှုချန်းက လေသံနက်နက်ဖြင့်...

"လူစကား နားမလည်ဘူးလား... ခင်ဗျားကို ထွက်သွားတော့လို့ ပြောနေတယ်လေ... "

"မင်း... "

ဘန်ဂျမင်၏ မျက်နှာတစ်ခုလုံး မကျေနပ်မှုကြောင့် အုံ့မှိုင်းသွားလေ၏။

"ငါက ဒီနယ်ပယ်မှာ နှစ်တွေ အကြာကြီး ရင်းနှီးခဲ့ရတာ... ကောင်းပြီလေ... မင်း ငါ့ကို ကုမ္ပဏီက မောင်းထုတ်ချင်တယ်ဆိုရင် လျော်ကြေး ယူရို သန်းတစ်ရာ ပေးရမယ် ဒါပဲ... "

လင်ကွေ့ရန်...

"ကျပ်ကော ပြည့်ရဲ့လား... "

မေမေလင်...

"ဘန်ဂျမင်... နင် ဒီလောက်ထိ မျက်နှာ မပြောင်နဲ့... "

ဘန်ဂျမင်သည် ချက်ချင်းပင် ဆိုဖာပေါ် ပြန်ထိုင်ချလိုက်၏။

"ရှယ်ယာကို ခွဲပေးမလား ပိုက်ဆံပေးမလား... နှစ်ခုထဲက တစ်ခုရွေး... မဟုတ်ရင်တော့ ဒီ နေရာကနေ တစ်ဖဝါးမှ မခွာနိုင်ဘူး... "

ရှုချန်း...

"မင်း ဘယ်လောက်ထိ အရှက်မရှိလဲ ဆိုတာ နောက်ဆုံးတော့ ရုပ်လုံးပေါ်လာပြီပဲ... တကယ့်ကို စိတ်ကင်ဆာပေးတဲ့ ကပ်ပါးကောင်တွေ... မင်းတို့လို လူမျိုးတွေကြောင့် ကုမ္ပဏီက တစ်နှစ်ထက် တစ်နှစ် အခြေအနေဆိုးလာတာ... ဒီလို ဂုတ်သွေးစုပ်ကောင်တွေ ရှိနေမှတော့ ကုမ္ပဏီလည်း ဒေဝါလီ ခံရပြီပေါ့... "

"မင်းကများ ဘယ်သူ့ကို ကပ်ပါးကောင်လို့ ခေါ်နေတာလဲ... "

ဘန်ဂျမင်က ဆိုဖာပေါ်မှ ဒေါသတကြီး လှမ်းအော်လိုက်၏။

ရှုချန်း...

"ခင်ဗျားက လွဲရင် ဘယ်သူ ရှိသေးလို့လဲ... ကုန်ကြမ်းတွေကို စိစစ်တယ် ဟုတ်လား... အဲ့ဒါဆို သက်သေပြလေ... ခင်ဗျား ဘယ်လောက်ထိ အရည်အချင်း ရှိလဲ သက်သေပြနိုင်ရင် ဆက်နေခွင့်ပေးမယ်... "

ဘန်ဂျမင်၏ မျက်လုံးများ အရောင်လက်သွားပြီး...

"မင်း တကယ် ပြောတာလား... "

ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း... မင်းက ဒီလို ပြောမှ ရမယ်ဆိုရင် မင်း နည်းအတိုင်း လိုက်ကစားပေးရတာပေါ့... ဒါပေမဲ့ မင်း ရှုံးရင် လင် မိသားစုနဲ့ အဝေးဆုံးကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာရဘူး... ဒါကို အရင် ကတိပေး... မပေးနိုင်ရင် အခုကတည်းက မင်းကိုယ်မင်း ငကြောက်လို့ ဝန်ခံပြီး လစ်လိုက်တော့... "

ဘန်ဂျမင်သည် ရှုချန်း၏ သတိပေးစကားကို လုံးလုံးမျှပင် ဂရုမစိုက်။

"သိပ် ရတာပေါ့... လုံးဝ မသန့်စင်ရသေးတဲ့ ကုန်ကြမ်းတွေနဲ့ စမ်းကြည့်မလား... "

"ယောက်ဖ... ခင်ဗျားရဲ့ စတိုခန်းထဲမှာ ဒီလ ရောက်ထားတဲ့ ရေမဆေးကျောက် အရိုင်းတုံးတွေ ရှိတယ် မလား... ဘယ်သူက ပိုကျွမ်းကျင်ပြီး ဈေးကောင်းရတဲ့ ကျောက်ကို ရွေးထုတ်နိုင်မလဲ ကြည့်ရတာပေါ့... ငါတို့ တစ်ယောက်ကို သုံးတုံး ရွေးမယ်... ဘယ်လိုလဲ... မင်း သဘောတူရင် အခု ချက်ချင်း စတိုခန်းကို သွားမယ်... "

အခန်း ၃၁၀ ပြီး

wunzinnosp

Continue Reading

You'll Also Like

23.7K 539 15
what happens when the queen dies, causing tension within the royal family? HE becomes king [ ALL CHARACTERS BELONG TO CASEY MCQUISTON ]
266K 10.3K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
49.7K 768 17
DELULU & GUILT PLEASURE
8.5K 380 21
ကျောက်ယွမ်သည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုသို့ ကူးပြောင်းခံလိုက်ရပြီး နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်နှင့် ပေါင်းစည်းခံရလိုက်ရသည်။ သူသည် မည်သည့်ကိစ္စပဲ လုပ်ချင်ပ...