နတ်နဂါးစစ်သည်

By purefeather199

21.3K 1.8K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )

55 4 0
By purefeather199

အခန်း ၃၀၇

( ခြိမ်းခြောက်ခြင်း )

ဂျန်ကင် မှာ ဒေါသ ငယ်ထိပ်ရောက်သွားသည်။ တယ်ရီ၏ လက်ထဲမှ ဖုန်းကို အလျင်အမြန် ဆွဲယူလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

"ဟျောင့် မင်း ရူးနေလား... သူ့ကို တကယ် အဲ့ဒီလောက်တောင် ကြောက်နေရလားကွ... "

တယ်ရီသည် နဖူးမှ ချွေးစီးများပင် ပြန်နေပြီ ဖြစ်သည်။

"မင်း မကြောက်ဘူး ဆိုရင် မင်းရဲ့ ကုမ္ပဏီရဲ့ အကြောင်း ကြေညာတာကိုလည်း မကြောက်နဲ့လေ... "

"မင်း သတင်းကြောင့် ငါ့ ကုမ္ပဏီရဲ့ စတော့ ရှယ်ယာတွေ ဘယ်လောက်တောင် ဂယက်ရိုက်သွားမလဲ နားမလည်ဘူးလား... "

"ငါ သိတယ်... ဒါပေမဲ့ ငါ့ ဘဝနဲ့ ယှဉ်ရင်တော့ မင်း ဘာပဲ ဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ဘူး... မင်း သေသေ ရှင်ရှင် မင်း စောက်ကြောင်းပဲ... "

ဂျန်ကင် က သူ့ကို အားဖြင့် တွန်းလိုက်ပြီး...

"မင်းကို လုံးဝ ဖုန်းခေါ်ခွင့် မပေးနိုင်ဘူး... အဲ့ဒီ ရှုချန်း ဆိုတဲ့ ကောင်က ဘာလုပ်နိုင်မှာ မလို့လဲ... ဖုန်းမခေါ်တာလောက်နဲ့ သတ်ပစ်မှာ မလို့လား... "

တယ်ရီက သူ့ဖုန်းကို ပြန်ယူရန် ကြိုးစားသည်။

"ဟုတ်တယ်... သူ ငါ့ကို သတ်ရင်တောင် သတ်နိုင်တယ်... သူ အရင်တုန်းက ဘာတွေ လုပ်ခဲ့လဲ ဆိုတာ မင်း မသိဘဲနဲ့ ရန်ငြှိုးတွေ ကြီးအောင် လုပ်မနေနဲ့... မင်း သူ့ကို ဆန့်ကျင်ရင် သေတာထက် ပိုဆိုးတဲ့ အရာတွေနဲ့ ကြုံသွားရလိမ့်မယ်... နားလည်လား... ငါ့ ဖုန်း ပြန်ပေး... "

ဂျန်ကင်...

"မင်း ပြောတာတွေ ငါ မယုံဘူး... မင်း အကြောက်လွန်ပြီး သွေးရူသွေးတန်းတွေ လျှောက်တွေးနေတာကွ... စိတ်ကို ငြိမ်အောင် ထားပြီး ငါ ပြောတာကို သေချာ နားထောင်... အခု ဖုန်းခေါ်ဖို့ ကိစ္စကို ခဏ မေ့ထားလိုက်... အရင်ဆုံး ငါ့ ရှယ်ယာတွေ ရောင်းဖို့ အချိန် ခဏပေး... ပြီးရင် အေဂျင်စီကိစ္စ ပြေလည်အောင် လုပ်ဖို့ Shell ဌာနချုပ်ကို သွားပြီး ညှိနှိုင်းလိုက်မယ်... မင်း ဘာမှ စိတ်မပူနဲ့... ဒီကောင် ထပ်ပြီး လာမရှုပ်နိုင်အောင် အပြတ် ရှင်းပေးမယ်လို့ ငါ ကတိပေးတယ်... "

တယ်ရီသည် အသိတရား မရသေးသည့် ဂျန်ကင် ကို ကြည့်ကာ အလွန် စိတ်ပျက်မိသွားသည်။

သူ လေသံတိုးတိုးဖြင့်...

"မင်း ဦးနှောက်ပျက်နေတာလား... အရင်က ငါ ဘာလုပ်ခဲ့တယ် ဘာခိုးခဲ့တယ် ဆိုတာ မင်း သိလား... အဲ့ဒါကို ပြန်ယူဖို့အတွက် ငါ ငှားထားတဲ့ ကမ္ဘာ့ အဆင့် စစ်သားတောင် အသေဆိုးနဲ့ သေသွားတာ... အခုနက ရှုချန်း ထုတ်ပြလိုက်တဲ့ လက်အိတ်က ဘယ်သူ့ဟာလည်း ဆိုတာရော သိရဲ့လား... အေး... အဲ့ဒါတွေက ချားလ် ဟာတွေပဲ... ချားလ် ကို သူ သတ်လိုက်တာကွ..."

"ငါ့ရဲ့ အခိုးခံလိုက်ရတဲ့ ရတနာတွေကို ပြန်ယူဖို့ မှောင်ခိုဈေးကွက်ရဲ့ အရှင်သခင် ဆိုနိုရာ မိသားစုခေါင်းဆောင်နဲ့ စာချုပ်ချုပ်ခဲ့တယ်... အဲ့ဒီ ရတနာတွေကို ကြားဖြတ်ယူဖို့အတွက် သန်း နှစ်ဆယ်တောင် ပေးခဲ့ရတာ... ဒါပေမဲ့ ဆိုနိုရာ မိသားစု ခေါင်းဆောင်က သူ့အိမ်မှာပဲ အသတ်ခံလိုက်ရပြီး တစ်မိသားစုလုံးလည်း အစရှာမရအောင် ပျောက်ခြင်းမလှ ပျောက်သွားပြီ... "

"သူ့ရဲ့ နယ်မြေထဲမှာတောင် သူ မလုံခြုံတာ... မင်းရဲ့ အိမ်နဲ့ အစောင့်တွေက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတုန်းပဲလား... တော်ပြီ တော်ပြီ... သူနဲ့ ဆက်ပြီး ရန်စ မပွားတာ အကောင်းဆုံးပဲ... ငါတော့ ရွေးချယ်စရာ မရှိတော့ဘူး... "

ထို့နောက် တယ်ရီက သူ၏ လက်ထောက်ကို အခြား ဖုန်းတစ်လုံးပေးရန် အရိပ်အမြွတ် ပြလိုက်သည်။ ပြီးလျှင် ကုမ္ပဏီ၏ လက်ထောက် ဥက္ကဋ္ဌကို ခေါ်ဆိုလိုက်၏။

ဂျန်ကင် သည် ကယောင်ခြောက်ခြားဖြင့် ထိုဖုန်းကို ဖမ်းယူရန် အသည်းအသန် ကြိုးစားနေသည်။ သို့သော် တယ်ရီ၏ သက်တော်စောင့်က သူ့ကို တွန်းထုတ်ထားသောကြောင့် ကြိုးစားသမျှ အရာ မရောက်ချေ။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ပြီးချိန်တွင်၊ တယ်ရီ က...

"ငါ မင်းကို သတင်းတစ်ခု ထုတ်ပြန်ခိုင်းစရာ ရှိတယ်... ရှိရှိသမျှ မီဒီယာ အားလုံးကို သုံးပြီး ဖြန့်လိုက်... "

"ဂျန်ကင် မိသားစုနဲ့ Shell ကော်ပိုရေးရှင်း ရဲ့ နှစ်ယောက်ကြား ဆက်ဆံရေး ပျက်စီးသွားပြီ... အခုဆိုရင် အေဂျင်စီက လုပ်ပိုင်ခွင့်တွေကို ဆုံးရှုံးသွားတော့မယ်... ဒါ ကောလဟာလ မဟုတ်ဘူး... မကြာခင် Shell ဘက်က တရားဝင် သတင်း ထွက်လာလိမ့်မယ်... "

ဂျန်ကင်...

"မလုပ်နဲ့... "

ဖုန်းချပြီးနောက် တယ်ရီ သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ရှုချန်းကို ကြည့်ကာ...

"အခု ကျေနပ်ပြီလား... "

ဂျန်ကင် သည် သူ၏ ခုံနေရာမှ ဝုန်းကနဲ ထလာကာ စင် နှင့် ပရိသတ်ကြားရှိ အတားအဆီး ကြိုးများကို ခွကျော်ပြီး ရှုချန်း၏ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသည်။ ထို့နောက် ပုတ်သိုးနေသော မျက်နှာထားနှင့်...

"မင်းကို ငါ သတိပေးလိုက်မယ်... ငါ့ကုမ္ပဏီ တစ်ခုခု နစ်နာလို့ကတော့ မင်း သေဖို့သာ ပြင်ထား... "

ရှုချန်းအဖို့ ထိတ်လန့် ကြောက်ရွံ့ခြင်း ဆိုသည့် စကားလုံးမှာ သူ၏ အဘိဓာန်တွင် မရှိသည့် အလားပင်။ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိသည့်အပြင် နှုတ်ခမ်း ထောင့်စွန်း တစ်ဖက် ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ကာ...

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား... "

"ဟုတ်တယ်... လင်ကွေ့ရန် တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး... "

"မစ္စတာ ရှု... မင်းက ငါ့ရဲ့ ဝင်ငွေ လမ်းကြောင်းမှာ လာရှုပ်ရင်တော့ ဒီ နိုင်ငံကနေ အေးအေးဆေးဆေး ထွက်သွားနိုင်ဖို့ မမျှော်လင့်နဲ့... မင်းကို ကမ္ဘာပေါ်မှာ အစအန ရှာမတွေ့အောင် လက်စဖျောက်ပစ်လိုက်ရင် ငါ့ကို ဘယ်သူမှ လာရှုပ်ရဲတော့မှာ မဟုတ်ဘူး... ဟားဟားဟား... ဒါ တော်ဝင်မျိုး တစ်ယောက်ရဲ့ အခွင့်ထူးတွေထဲက တစ်ခုပဲကွ... မင်း အခု နောင်တ ရသွားပြီ ဆိုရင် အရင်က မင်း လုပ်ခဲ့တာတွေကို ငါ ခွင့်လွှတ်ပေးမယ်... ဒါပေမဲ့ အရာအားလုံးကို အရင် ပုံစံအတိုင်း ပြန်ထားပြီး ငါ့ရဲ့ အေဂျင်စီ လုပ်ပိုင်ခွင့်ကို ပြန်ပေးလိုက်... ငါ အမိန့်ပေးတဲ့ အတိုင်း မလုပ်ရင်တော့ အဆိုးတကာ့ အဆိုးဆုံးတွေ ဖြစ်လာဖို့ပဲ ရှိတယ်နော်... ဒါပေမဲ့ ငါ တစ်ယောက်ထဲတော့ ကျရှုံးခံမှာ မဟုတ်ဘူး... မင်းကိုပါ ငါနဲ့အတူ ငရဲဆီ ဆွဲခေါ်သွားမှာ ဆိုတာ ကြပ်ကြပ် မှတ်ထား... "

ရှုချန်းက ထို စကားကို ကြားသောအခါ ကဲ့ရဲ့သည့် လေသံဖြင့်...

"မင်းမှာ အရည်အချင်းရော ရှိလို့လား... "

"ဒီနေ့ ကျော်သွားတာနဲ့ စျေးကွက်တန်ဖိုး ၁၀ ဘီလီယံရှိတဲ့ မင်း ကုမ္ပဏီက ဒေဝါလီ ခံရတော့မှာ... မင်း စုထားတဲ့ ငွေက လွဲရင် အရာအားလုံးကို ဆုံးရှုံးရတော့မယ်... မင်း အခြေအနေနဲ့များ ငါ့ကို ငရဲ ခေါ်သွားချင်သေးတယ် ဟုတ်လား... အဲ့ဒီအတွက် အရည်အချင်းတောင် ပြည့်မှီလို့လားကွာ... မစ္စတာ ဂျန်ကင်... ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားကို ခြိမ်းခြောက်မှု တစ်ခုလို့ကို မမြင်တာ... ဒါပေမဲ့ ခင်ဗျားက ကျုပ်ကိုမှ လာရှုပ်ချင်တာဆိုရင်လည်း အပျင်းပြေ ကစားပေးရတာပေါ့... "

မစ္စတာ ဂျန်ကင် သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး...

"လူလေး... အရင်းရှင်စနစ်ရဲ့ အမှောင်ဘက်ခြမ်းကို မင်း အခုထိ မသိသေးပါဘူးကွာ... ငါ့ ဒေါသကို လာမဆွဖို့ မင်းကို အကြံပေးချင်တယ်... "

ရှုချန်းက သူ့ကို ငုံ့ကြည့်လိုက်ပြီး...

"ဘယ်လို အရာမျိုးက ခင်ဗျားကို ဒေါသထွက်စေမှာလဲ... "

ထို့နောက် ပြောပြောဆိုဆိုနှင့် အနည်းငယ် ခါးကိုင်းကာ ဂျန်ကင် ၏ နား,နားကပ်ပြီး တိုးသက်စွာ ဆိုလိုက်သည်။

"ခင်ဗျားရဲ့ သားကို သတ်လိုက်တာမျိုးလား... "

ဂျန်ကင် သည် မျက်လုံးများ ပြူးကျယ်လာပြီး အသားများ တဆတ်ဆတ် တုန်လာသည်။ သူ၏ မျက်လုံးများမှာ သတ်ဖြတ်တော့မည့်အလား ရဲတွတ်လာကာ ရှုချန်းကို စူးရဲစွာ စိုက်ကြည့်ရင်း...

"မင်းကိုး... "

ပြောပြောဆိုဆိုနှင့် သူ၏ သက်တော်စောင့် ကုတ်အင်္ကျီထဲမှ သေနတ်ကို ရုတ်တရက် ဆွဲထုတ်ကာ ရှုချန်းအား ချိန်ရွယ်လိုက်သည်။

လူအုပ်ကြီးမှာ ရုတ်ချည်း ဆန်လှသော အပြောင်းအလဲကြောင့် ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြ၏။

အရာအားလုံး အခြေအတင် ဖြစ်နေသည့် အဆင့်တွင် ဂျန်ကင် က အဘယ်ကြောင့် သေနတ်ကို ဆွဲထုတ်လိုက်သနည်း။

ပရိသတ်များ အဖြေရှာမရ ဖြစ်နေကြသည်။

လင်ချူရွယ်သည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ထို မြင်ကွင်းကြောင့် ပြာပြာသလဲ ပြေးလာပြီး...

"မစ္စတာ ဂျန်ကင် ရှင် ဘာတွေ လျှောက်လုပ်နေတာလဲ... "

"ငါ ဘာတွေ လုပ်နေတာလဲ ဟုတ်လား... မင်းမှာ မျက်လုံး မပါဘူးလား... သိချင်ရင် မင်း ယောကျ်ားကို အရင် သွားမေးလိုက်... "

ဂျန်ကင် သည် ပစ္စတိုကို ရုတ်သိမ်းမည့် အစီအစဉ် ရှိပုံ မရ။ ထို့နောက် သူ၏ သက်တော်စောင့် နှစ်ယောက်အား လူစုလူဝေးကို ဖယ်ရှားရန် အချက်ပြလိုက်သည်။

သက်တော်စောင့်များ ခေါင်းညိတ်ပြလိုက်ကြကာ အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။

အချို့ ပရိသတ်များသည် တင်းမာလာသော အခြေအနေကို စပ်စုလိုသောကြောင့် ပွဲမှ ထွက်သွားရန် တွန့်ဆုတ်နေကြပြီး ဖုန်းများ အသင့်ကိုင်ကာ စောင့်ဆိုင်းနေကြ၏။ သို့သော် သက်တော်စောင့်များက မည်သူ့မျက်နှာကိုမှ မကြည့်ဘဲ သူတို့အားလုံးကို မောင်းထုတ်လိုက်လေသည်။

နဂါးအဖွဲ့ မှ ညီအကို သုံးယောက်လည်း ထပြန်ရန် ပြင်စဉ် ထောင့်ဂျက် က အန္တရာယ် တစ်ခုခု ကြုံတွေ့ရတော့မည်ဟု အာရုံ ခံစားမိကာ...

"စီနီယာ အကို... ကျွန်တော်တို့ ဝိုင်းကူပေးသင့်တယ် ထင်တယ်နော်... "

ပိုင်ရှန်းက...

"ကြည့်ရတာ ငါတို့ အကူအညီတောင် မလိုလောက်ဘူး... လာပါ... အလကား သက်သက် သူများရဲ့ ပစ်မှတ် အဖြစ်မခံနဲ့... "

"ဟာ... အဲ့လိုတော့ မထင်ဘူးနော်... ဟိုမှာ လူအိုကြီးက သေနတ်တောင် ထုတ်နေပြီ... "

ထောင့်ဂျက် က ကြည့်ရင်း စိုးရိမ်စိတ်များ မြင့်တက်လာသည်။

ပိုင်ရှန်း က သူ့ကို စိုက်ကြည့်ရင်း...

"ငါက သူ့ရဲ့ သက်တော်စောင့်ပါကွ... ငါ့ ညီလေးသာ သေသွားရင် အဖွဲ့ခေါင်းဆောင် က ငါကို့ပါ သတ်ပစ်လိမ့်မယ်... ဒါပေမဲ့ ကြည့်ရတာတော့ ဂျန်ကင် က မောင်းတောင် တင်ရဲမှာ မဟုတ်ဘူးဆိုတာ အသိသာကြီး... "

တစ်ဖက်၌ ဟွာရှရှိ ရဲချူ နှင့် အခြားသူတို့သည် ထို အခြင်းအရာကို တွေ့မြင်သော် သူတို့အားလုံးလည်း ဒေါသ မီးတောက်သွားကြသည်။

"ဟာ... ဟိုကောင် ဘာလုပ်နေတာလဲ... သူ့ကိုယ်သူ ဘာထင်နေတာလဲ... "

ရဲချူ သည် ဒေါသတကြီးဖြင့်...

"သူ သေနတ် ခလုတ်ကို ဆွဲရဲရင် ဆွဲကြည့်လိုက်... အစ်ကိုကြီး ရှုက အခုဆို စစ်တပ်မှာ ဒု ဗိုလ်မှူးကြီး ဖြစ်နေပြီ... ငါတို့ အထူးတပ်ဖွဲ့ရဲ့ အမျိုးသား ချန်ပီယံလည်း ဖြစ်တယ်... တကယ်လို့ သူသာ အပစ်ခတ်ခဲ့ရင် အရင်ဆုံး ငါ ကိုယ်တိုင် ဗြိတိန်ကို သွားပြီး စိန်ခေါ်ပစ်မယ်..."

ဟူပင်း...

"အဲ့ဒီ စောက်ရူးက ဘယ်သူလဲ... "

"ဒီကောင် တော်တော် အောက်တန်းကျတာပဲ... ရှုချန်းကို မနိုင်လို့ သေနတ်နဲ့ ခြိမ်းခြောက်တဲ့ စောက်ရှက်မရှိတဲ့ ကောင်... ဗြိတိန်မှာ ဥပဒေဆိုတာ မရှိတော့ဘူးလား..."

ပါ့စ် သည်လည်း တစ ထက် တစ စိတ်တိုလာသည်။

"ဘယ်သူမှ မတားကြဘူးလား... အားလုံး ဒီအတိုင်းပဲ ရပ်ကြည့်နေကြတော့မှာလား... ဟိုမှာ ရဲခေါ်ရမယ့်အစား ပုံတွေပဲ ဝိုင်းရိုက်နေကြတဲ့ လူတွေကို ကြည့်ဦး... စိတ်ပျက်ဖို့ ကောင်းလိုက်တာ... "

ဂျန်ကင် သည် သူ့နောက်ရှိ အခြား တော်ဝင်မျိုးနွယ်များကို တီးတိုး လှမ်းပြောလိုက်သည်။

"လူအုပ်ကို မြန်မြန် ရှင်းပြီး ငါ အပြင်ထွက်ဖို့ လမ်းကြောင်းရှာထား... ဒီနေ့ ရှုချန်းနဲ့ ငါ သီးသန့် ရှင်းစရာ ရှိတယ်... "

ဂျန်ကင် နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် တော်ဝင်မျိုးနွယ်များက သူတို့၏ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူတို့ပါ အရှုပ်အရှင်း ကြားထဲ မညပ်လိုသောကြောင့် အလျှိုလျှို ထွက်သွားကြတော့၏။ ဗြိတိန်တွင် နဂိုကတည်းက ကိစ္စပေါင်းစုံ ဖြစ်ပျက်နေပြီး ဖြစ်ရာ တစ်နေ့ သူတို့ပါ ကံဆိုးမိုးမှောင် မကျစေရန် လာမည့် ဘေးကို ကြိုရှောင်လိုက်ခြင်းပင်။

ထောင့်ရှစ် သည် သူ့ကို မောင်းထုတ်နေသော သက်တော်စောင့် တစ်ယောက်အား တွန်းလိုက်ကာ...

"ကျုပ် မသွားဘူး... ဒီ ခွေးကောင် သေနတ် ခလုတ် ဆွဲရဲလား မဆွဲရဲဘူးလားဆိုတာ စောင့်ကြည့်ဦးမှာ... "

တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ စကားကို ဂျန်ကင် ကြားသွားသည်။

ထို့ကြောင့် သေနတ်ကို မောင်းတင်လိုက်ကာ...

"ဟုတ်လား... အဲ့ဒါဆို မင်းကို ပစ်ရဲလား မပစ်ရဲဘူးလား ဆိုတာ အရင် ပြပေးလိုက်ရမလား..."

ပိုင်ရှန်း နှင့် ထောင့်ဂျက် တို့သည် ထောင့်ရှစ် ၏ ပါးစပ်ကို ပြောင်းဖူးရိုးနှင့်သာ စို့ထားလိုက်ချင်တော့သည်။

"ဘာလို့ ရန်သွားစလိုက်တာလဲ မြေနိုးလေးရေ... တော်တော် ဖင်ယားနေလားဟ... "

ထို့နောက်တွင် ဂျန်ကင် က ရှုချန်းဘက် ပြန်လှည့်သွားပြီး...

"အခု ချက်ချင်း ငါ့ အေဂျင်စီကို လုပ်ပိုင်ခွင့် ပြန်ပေးရင် ပေး... မပေးရင် မင်း ဒီနေရာမှာတင် ပွဲသိမ်းသွားမယ်... "

လင်ချူရွယ်က ရှုချန်း၏ အသက် အန္တရာယ်အတွက် အလွန် စိုးရိမ်ပူပန်သွားလေ၏။

"ဂျန်ကင် ရှင် စိတ်မှ မှန်သေးရဲ့လား... ရှင် အခု ပြစ်မှု ကျူးလွန်နေတာနော်... "

အခန်း ၃၀၇ ပြီး

wunzinnosp

အခန်း ၃၀၈

( သောက်ကျိုးနည်း )

ဂျန်ကင် က ဒေါသတကြီး ထအော်လိုက်သည်။

"အဲ့ဒါဆို သူ့ကြောင့် ငါ့သား သေသွားတာကရော... "

ရှုချန်းက ဂရုမစိုက်ဟန်ဖြင့်...

"ကျုပ်ကို ရန် လာမစသရွေ့ ကျုပ်ကလည်း ဘယ်သူ့ကိုမှ အကြောင်းမဲ့ မတိုက်ခိုက်ဘူး... စပြီးရင်လည်း နောက်ပြန်ဆုတ်လို့ ရမယ်လို့ မထင်နဲ့... ကျုပ်က ကိုယ်ခံရတာထက် ဆယ်ဆပိုပြီး လက်စားချေတတ်တယ်... "

"ခင်ဗျားတို့ကို ကြည့်ရတာ သနားဖို့ ကောင်းလိုက်တာ... လင်အိမ်တော်ကို အနိုင်ယူဖို့အတွက် အိမ်တော် ငါးခုလုံး ပေါင်းပြီး ကြိုးစားနေရတာပဲ... သားတွေက ကျုပ် မိန်းမကို ယူမယ်... ခင်ဗျား လူတွေကျတော့ အာရှဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ မစ္စတာလင်ရဲ့ လင်ကော်ပိုရေးရှင်းကို အပိုင်သိမ်းမယ်... ဟုတ်တယ်မလား... အကွက်ကတော့ စေ့ချက်ပဲ... အဖေရော သားရော အကျိုးရှိမယ့် မဟာ အစီအစဉ်ကြီးပဲ... "

"ဒါပေမယ့် မစ္စတာ ဂျန်ကင်... ခင်ဗျားတို့ ကြိတ်ကြံနေတဲ့ အစီအစဉ်မှာ ဘယ်နေရာက စက်ဆုပ်ဖို့ အကောင်းဆုံးလဲ သိလား... သူများ မိန်းမကိုမှ မျက်စိ လာကျတဲ့ ခင်ဗျားသားပဲ... အဲ့ဒီလို ရွံ့ဖို့ကောင်းတဲ့ အကျင့်စာရိတ္တမျိုးနဲ့ ကျုပ်မိန်းမကို အပိုင်သိမ်းဖို့ ကြိုးစားတာ အမှားကြီး မှားသွားပြီ... ခင်ဗျား ငရဲကျရင် အဲ့ဒီအထိကို လိုက်ပြီး လက်စားချေမှာ... ဘုရား လာကယ်ရင်တောင် ပြေးလို့ လွတ်မယ် မထင်နဲ့... "

ဂျန်ကင် သည် သေနတ်ကို ရှုချန်း၏ ဦးခေါင်း အနီးသို့ တိုးလိုက်ကာ တင်းမာသော လေသံဖြင့်...

"ဘုရား လာကယ်ဖို့တောင် မလိုဘူး... ငါ မင်းကို အခု ချက်ချင်း ပစ်သတ်လိုက်လို့ ရတယ်... "

ရဲချူ...

"အစ်ကိုကြီး ရှုက အသည်းကောင်းလှချည်လား... သူ့ကို သေနတ်နဲ့ ချိန်ထားတာတောင် အေးဆေးပဲ... "

ပါ့စ်...

"ဒီကောင်ကြီး တကယ်သာ ပစ်လိုက်ရင်လို့ တွေးမိပြီး ငါတော့ နည်းနည်း လန့်လာပြီ... "

ဟူပင်း...

"သူသာ တကယ် ပစ်ရဲရင် အခုထိ အချိန်ဆွဲနေမလားကွ... ပစ်လိုက်တာဖြင့် ကြာပေါ့... တမင် အကိုရှုကို သူ့ ဂွင်ထဲ ရောက်လာအောင် ကြံစည်နေတာ ဖြစ်မယ်... "

ဂျန်ကင် သည်လည်း အမှန်ပင် ရွေးချယ်စရာ မရှိတော့၍ လုပ်မိရာရာ လုပ်နေခြင်းပင်။

အေဂျင်စီ၏ လုပ်ပိုင်ခွင့် ဖျက်သိမ်းခံရသည့်အကြောင်းက ဖုံးကွယ်၍ မရတော့သည့်အတူ၊ သူ၏ ကုမ္ပဏီကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် လုပ်ပိုင်ခွင့်များ ပြန်လည်ရရှိရန်အတွက် အရာအားလုံး ရင်းနှီးပစ်လိုက်တော့၏။

ထိုကဲ့သို့ ပြုလုပ်ရန်မှာ ပြဿနာ၏ အရင်းအမြစ်ကို ဦးစွာ ရှင်းပစ်ရမည်။ ထို့ကြောင့် ရှုချန်းကို ခြိမ်းခြောက်ရန်က လွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

ရှုချန်းက ဂျန်ကင် ကို ကြည့်ကာ...

"ဒါဆို ခင်ဗျား ဘာတွေ စောင့်နေသေးတာလဲ... ပစ်လေ... "

ဂျန်ကင် သည် မာထန်နေသော မျက်နှာကြောဖြင့်...

"ငါ့ကို တကယ် မလုပ်ဘူးများ ထင်နေတာလား... "

ရှုချန်း...

"အဲ့ဒါဆို ပစ်လေ... "

ဂျန်ကင် သည် သေနတ် ခလုတ်ကို ဆွဲလိုက်တော့မည့်အလား သူ၏ လက်ညှိုးကို တဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ ၎င်းကို မြင်သော်၊ ပိုင်ရှန်း နှင့် အခြား နှစ်ယောက် တို့သည် လင်လဲ့နှင့် အတူ ပြာပြာသလဲ အောက်ဆင်းလာကြတော့၏။

လင်လဲ့...

"မစ္စတာ ဂျန်ကင်... ခင်ဗျားကြောင့် တော်ဝင် တစ်မျိုးလုံး အရှက်ရအောင် လုပ်နေတာလား... ခင်ဗျားရဲ့ လုပ်ရပ်က နှစ်နိုင်ငံကြား ဆက်ဆံရေးကို ဘယ်လောက်ထိ ပျက်ပြားသွားစေမလဲ မစဉ်းစားတော့ဘူးလား... ခင်ဗျားက ဗြိတိန်နိုင်ငံမှာ ဩဇာ အာဏာကြီးသလို ကျုပ် ယောက်ဖကလည်း ဟွာရှမှာ လွမ်းမိုးနိုင်စွမ်း ရှိတယ်... အဲ့ဒါတောင် သေနတ်နဲ့ ပစ်သတ်ဖို့ စဉ်းစားရဲသေးတယ်နော်... ခင်ဗျားကြောင့် ဗြိတိန် အစိုးရက ဘယ်လောက်တောင် ကျဉ်းထဲကြပ်ထဲ ရောက်သွားမလဲ ဆိုတာ မသိဘူးလား..."

ဂျန်ကင်...

"မင်း ငါ့အကြောင်း မသိသေးဘူးနဲ့ တူတယ်... ငါ ဒီနေ့လို အခြေအနေမျိုး ရောက်အောင် ဘယ်လို ကြိုးစား ရုန်းကန်လာရလဲ ဆိုတာ အရင် လေ့လာလိုက်ဦး စောက်ကလေး... အဲ့ဒီတုန်းက မင်းတောင် နို့နံ့စင်ဦးမှာ မဟုတ်ဘူး... အခု ပညာလေး နည်းနည်းပါးပါး စုံလာပြီ ဆိုတော့ ကိုယ့်ကိုကိုယ် အထင်တွေကြီးပြီး ဆရာကြီး လာလုပ်နေတာလား... မင်းကို ဘယ်သူမေးလို့ ပြောခွင့် မရှိဘဲ ဝင်ပြောနေတာလဲ... "

ရှုချန်းကတော့ တည်ငြိမ်နေမြဲပင်။

"ခင်ဗျား တော်တော် စကားများတာပဲ... သတ္တိရှိရင် ပစ်လေ... ကျုပ် သေသွားရင်တော့ ခင်ဗျား ကုမ္ပဏီကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး... ပြီးတော့ နှစ်နိုင်ငံကြားက ပဋိပက္ခကို အစပျိုးပြီးသား ဖြစ်သွားမယ်... အခြေအနေတွေက အဲ့ဒီ အဆင့်အထိ ရောက်လာရင် ခင်ဗျားတော့ သွားပြီပဲ... "

ဂျန်ကင်...

"ငါ့ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဒေါ်လာပေါင်း သန်းနဲ့ချီ ရှိတယ်... ငါ့ကို ခိုလှုံခွင့်ပေးမယ့် နိုင်ငံတွေလည်း အများကြီးပဲ... မင်း အခုမှ လူ့လောကထဲ ဝင်လာတာလား... နိုင်ငံအများစုက အရင်းရှင်စနစ်ကို အခြေခံထားတယ် ဆိုတာ မင်း မသိဘူးလား... ပိုက်ဆံသာ ရှိရင် မင်းကို လိုလို လားလား လက်ခံထားမယ့် နိုင်ငံတွေမှ အများကြီး... "

"အဲ့ဒါဆိုလည်း သေနတ် ခလုတ်ကို ဆွဲလိုက်တော့လေ... "

ဂျန်ကင်က အံကို တင်းတင်းကြိတ်လျက်...

"မင်း အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်... "

ရှုချန်း...

"အဲ့လိုတော့ မဟုတ်ဘူး... ဒါပေမဲ့ ခင်ဗျား တကယ် သတ္တိရှိတာလား အာချောင်နေတာလားဆိုတာ သိချင်ရုံ သက်သက်ပဲ... ခင်ဗျားက ကုမ္ပဏီ ဒေဝါလီခံရမှာကိုတောင် ကြောက်နေတာ... တကယ် လုပ်ရဲတဲ့ သတ္တိလည်း မရှိလောက်ပါဘူး... "

"ငါ တစ်ခု ပြောပြမယ်... မင်း ငါ့ကို သတ်ပြီးတာနဲ့ ပြေးလို့ လွတ်မယ် ထင်နေတယ် မလား... ဟွာရှလို နိုင်ငံကြီး တစ်နိုင်ငံက အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်ကို ဘယ်နိုင်ငံက ခိုလှုံခွင့်ပေးရဲမှာလဲ စဉ်းစားကြည့်ပေါ့... "

ဂျန်ကင်...

အမ်နိုင်ငံ က လုပ်ရဲတယ်ကွ... "

ရှုချန်း...

"စောက်ရစ် မရှည်ဘဲ ပစ်စရာရှိတာ ပစ်တော့... "

ဂျန်ကင်...

"ငါ မင်းကို အခု နောက်ဆုံး အခွင့်အရေး ပေးနေတာနော်... မင်း အသက်ကို ပေးမလား... ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်ကို ပြန်ပေးမလား... "

ရှုချန်း...

"ကျုပ် ခင်ဗျားကို ပြောပြီးပြီလေ... ခင်ဗျား လိုချင်တာကို ပြန်ပေးမှာ မဟုတ်သလို ကျုပ် အသက်ကိုလည်း ပေးမှာ မဟုတ်ဘူး... "

ဂျန်ကင် သည် ဒေါသထွက်သွားသော်လည်း ချက်ချင်းဆိုသလို အကြံတစ်ခု ရသွားသည်။ ထို့နောက် ရုတ်တရက် သူ၏ သေနတ်ကို လင်ချူရွယ် ထံ ချိန်ရွယ်လိုက်၏။

"ကောင်းပြီလေ... မင်းကို ထိရင် ကထိကရုဏ်းတွေ ဖြစ်လာမှာ ဆိုတော့... သူ့ကို ဆိုရင်ရော... သူ့ကို ပစ်သတ်လိုက်ရင် အနည်းဆုံးတော့ နိုင်ငံ့ ရာဇဝတ်ကောင်ထက် သာမန် ရာဇဝတ်ကောင်လောက်ပဲ ဖြစ်လာမှာ... အဲ့ဒါဆို ငါ့ကို လက်ခံမယ့် နိုင်ငံတွေ ရှိလာပြီ... ဘယ်လိုလဲ... အခုနကထက် စာရင် နည်းနည်းတော့ စိတ်လှုပ်ရှားသွားပြီမလား... "

လင်ချူရွယ်သည် သူ့အား သေနတ်ဖြင့် ချိန်ရွယ်ထားသောကြောင့် အနည်းငယ်တော့ ကတုန်ကယင် ဖြစ်သွားသည်။

လင်လဲ့...

"ဂျန်ကင်... ကျုပ် အမကို ထိလို့ကတော့ ခင်ဗျား ဒီနေရာမှာတင် တစစီ ဖြစ်ဖို့ ပြင်ထား..."

ထိုသို့ ဆိုကာ ရှေ့သို့ တိုးလာ၏။

ထိုအချိန်တွင် ရှုချန်းက လင်ချူရွယ်၏ ရှေ့သို့ ဝင်ကာ ပိတ်ရပ်လိုက်သည်။

ထို့နောက် ကြက်သီးများ ဖြန်းဖြန်း ထရလောက်အောင် သတ်တော့ဖြတ်တော့မည့် မျက်ဝန်းများဖြင့် ဂျန်ကင် အား စူးရဲစွာ စိုက်ကြည့်လိုက်၏။

"ဘယ်လိုလဲ စိတ်ပူသွားပြီလား... "

ဂျန်ကင် က ခပ်ယဲ့ယဲ့ ပြုံးကာ...

"ကဲ ဒီလောက်ဆို ငါတို့ ညှိလို့ ရပြီထင်တယ်... "

ရှုချန်း၏ အသံမှာ ရေခဲတမျှ အေးစက်သွားပြီး...

"မလိုပါဘူး... ဒါပေမဲ့ ကျုပ်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေတော့ ကုန်သွားပြီ... "

ထို့နောက် ပြောပြောဆိုဆိုနှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ဂျန်ကင် သည် ကုမ္ပဏီ ဒေဝါလီခံရမည့် ကိစ္စကြောင့် မည်သည့် အရာကိုမျှ စဉ်းစား ဆင်ခြင်နိုင်စွမ်း မရှိတော့။

"မင်း နောက် တစ်လှမ်း ဆက်တိုးလာမယ်ဆိုရင် ငါ့အဆိုး မဆိုနဲ့နော်... ငါ တကယ် ပစ်တော့မှာ... "

ရှုချန်းက ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလာ၏။

ဂျန်ကင် မှာ မျက်လုံးများ ပြူးထွက်လုမတတ် အံ့အားသင့်သွားကာ...

"မင်း ငါ့ကို လျှော့တွက်နေတာပဲ... "

နောက် တစ်လှမ်း ထပ်တိုးလာသည်။

"ရှုချန်း မလုပ်နဲ့..."

လင်ချူရွယ်က ရှုချန်း၏ လက်မောင်းကို အတင်း လှမ်းဆွဲကာ တောင်းတောင်းပန်ပန်နှင့် ပြောရှာသည်။

"ရှုချန်းရယ်... သူ ပြောသလိုပဲ လုပ်လိုက်ပါ... ညှိနှိုင်းလိုက်ရင် အဆင်ပြေသွားမှာပါ... "

"မင်း မိန်းမ စကားကို နားထောင်လိုက်စမ်းပါ... "

"မလုပ်ဘူး... " ရှုချန်း၏ အဖြေကတော့ တိကျပြတ်သားသည်။

"ငါ ခွင့်ပြုလိုက်ရင် အားလုံးက ဒါကို စံ နမူနာယူကြလိမ့်မယ်... နောက်ကျရင် မင်းကိုပဲ အသုံးချပြီး ခြိမ်းခြောက်လာတော့မှာ... ဒီလိုတွေ ဖြစ်လာရင် ငါ့ကြောင့် မင်းပါ အသက် အန္တရာယ် ရှိလာတာလို့ အမြဲ တွေးမိပြီး ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး "

တစ်ဖက်တွင်၊ ထောင့်ဂျက် က စိုးရိမ်စိတ်ဖြင့်...

"ဂျူနီယာညီလေးက တော်တော် ခေါင်းမာတာပဲ... အဲ့ဒါ တကယ် မကောင်းဘူး... "

ထောင့်ရှစ် က ခေါင်းညိတ် ထောက်ခံသည်။

"ဟုတ်တယ်... မင်း တခြားသူတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်နိုင်ပါစေ ကျည်ဆန်တွေကိုတော့ သွားပြီး ထိပ်တိုက် မတွေ့နဲ့လေကွာ... မင်းကိုမင်း ကျည်ဆံကို လက်ဗလာနဲ့ မိအောင် ဖမ်းနိုင်တဲ့ သက်ရာကျော် အဖွဲ့ခေါင်းဆောင် များ ထင်နေလားကွ... "

ထိုစဉ် ပိုင်ရှန်း က တစ်စုံတစ်ခုကို တွေးမိသွားသည်။

"နေဦး အဖွဲ့ခေါင်းဆောင် ဆိုမှ ငါ တစ်ခု သတိရသွားပြီ... သူ အရင်တုန်းက ငါတို့ကို စမ်းသပ်ခဲ့တဲ့ စာမေးပွဲကို မှတ်မိလား... လှုပ်ရှားမှု ဘယ်နှစ်ကွက်ကို မြင်လိုက်လဲ ဆိုပြီး မေးတာလေ... "

ထောင့်ဂျက် က ခေါင်းညိတ်လိုက်ကာ...

"ဟုတ်သားပဲ... အမှန်အတိုင်း ပြောရရင် အဲ့ဒီတုန်းက သုံးကွက်လားပဲ မြင်လိုက်တယ် ထင်တယ်... "

ထောင့်ရှစ်...

"ငါဆို ဘာမှ ကို မသိလိုက်တာ... အဖွဲ့ခေါင်းဆောင်က ငါ့ရှေ့မှာ ရပ်နေတာ... ငါက ဘယ်အချိန်စမှာလဲလို့ မေးလိုက်တော့မှ သူက ပြီးတောင် ပြီးသွားပြီတဲ့လေ... အဲ့ဒီတုန်းက ဘာကြီးလား ဆိုပြီး ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သေးတယ်... "

ပိုင်ရှန်း...

"သူ့ရဲ့ လှုပ်ရှားမှုတွေကိုသာ ငါတို့မြင်နိုင်ရင် ငါတို့ရဲ့ လက်နဲ့ ဦးနှောက် အလုပ်လုပ်နှုန်းက သူ့အရှိန်ကို အမှီ လိုက်နိုင်တာပေါ့... "

ဂျက် နှင့် ထောင့်ရှစ်တို့က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

"စီနီယာ အကိုကြီး ဘာကို ပြောချင်တာလဲ... "

ပိုင်ရှန်း က သူ့တံတွေးကို မျိုချလိုက်ပြီး...

"ငါ အရင်တုန်းက ရှုချန်းကို မေးလိုက်သေးတယ်... သူကတော့ အနည်းဆုံး အကွက် နှစ်ဆယ်လောက် မြင်လိုက်တယ်တဲ့... "

ဂျက် နှင့် ထောင့်ရှစ် တို့သည် မယုံသင်္ကာဖြင့် မျက်လုံးများကို မှေးကျဉ်းကာ ထပ်မေးလိုက်သည်။

"အကိုကြီး သေချာလို့လားဗျာ... "

ထိုစဉ် "ဒိုင်း" ဟူသော မြည်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ရှုချန်း... "

ထို့နောင် လင်ချူရွယ်၏ အော်ဟစ်သံပါ စူးရှစွာ ထွက်ပေါ်လာ၏။

သူတို့အားလုံး ထိတ်လန့်တကြား ကြည့်လိုက်ကြရာ၊ ရှုချန်း၏ ဦးခေါင်းကို ချိန်ရွယ်ထားသော သေနတ်အား ဂျန်ကင် တစ်ယောက် ပစ်ချလိုက်ပြီ ဖြစ်သည်။

သို့သော် မည်သည့်အချိန်တွင် ဖြစ်ပျက်သွားသည်ကို မသိလိုက်ဘဲ ရှုချန်းက သူ၏ ဦးခေါင်းရှေ့တွင် လက်သီးဆုပ်ထားသည်ကိုသာ တွေ့လိုက်ရ၏။

သို့သော် သူ လဲကျ မသွားခဲ့။ ထိုအခါ ဂျန်ကင် သည် မျက်လုံးများ ပြူးကျယ်လျက် အတော်လေး တုန်လှုပ်သွားတော့သည်။

ခဏအကြာတွင် ရှုချန်းက သူ၏ လက်သီးကို ဖြေလျှော့လိုက်ရာ ကျည် တစ်တောင့် မြေပြင်ပေါ် ကျလာသည်။

ထို မယုံကြည်နိုင်စရာ မြင်ကွင်းကို အားလုံးက ပါးစပ် အဟောင်းသားဖြင့် ဝိုင်း ကြည့်နေကြ၏။

တိုက်ရိုက် ထုတ်လွှင့်မှုမှ တစ်ဆင့် ကြည်ရှုနေကြသော ရာနှင့်ချီသည့် စစ်သားများမှာလည်း မျက်လုံးများ ပြုတ်ထွက်လု မတတ်ပင်။

နောက်ဆုံးတွင် သူတို့အားလုံး ပြိုင်တူ ဟစ်အော်မိလိုက်ကြတော့သည်။

"သောက်ကျိုးနည်း... "

အခန်း ၃၀၈ ပြီး

wunzinnosp

Continue Reading

You'll Also Like

1M 46K 100
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was transmigrated in a novel that he has yet to finish. He is the ill secon...
166K 6.3K 22
Oc female Jackson x Hermes x Apollo x Ares
231K 24.4K 31
الرواية بقلمي أنا إنتصار لخضاري (غيمة) سأقاضي كل من ينقلها بدون إذني . 🍂تنتقل فتاة المدينة للعيش في بيت جدتها في الريف بعد ذلك الحادث الذي تسبب في م...
20.5K 1.1K 26
''မွေ့အတိတ်ဘဝဆိုတာကိုယုံလား''