နတ်နဂါးစစ်သည်

By purefeather199

21.3K 1.8K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )

57 4 0
By purefeather199

အခန်း ၃၀၁

( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )

ရှုချန်းသည် ပွဲရုံတစ်ခုလုံး နေရာလပ်မကျန် လက်မှတ် ရောင်းထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့။

ထိုစဉ် ခါလန်း ရောက်ရှိလာသောကြောင့် ပွဲရှိ လူအားလုံး မတ်တပ်များ ရပ်ကာ တခဲနက် အားပေးလိုက်ကြသည်။

"ကြည့်ရတာ ဒီ ခါလန်းဆိုတဲ့ ကောင်က အင်္ဂလန်မှာ တော်တော် အောင်မြင်နေတယ်နဲ့ တူတယ်... " ရှုချန်းသည် လူထုကြီး၏ အားသွန်ခွန်စိုက် အားပေးမှုတို့ကို မြင်ကာ အနည်းငယ်တော့ အံ့အားသင့်သွားမိ၏။

လင်လဲ့က...

"ဟုတ်တယ်... သူရဲ့ တိုက်ခိုက်ရေး ဗီဒီယိုတွေ လိုင်းပေါ်မှာ ပျံ့သွားတာ သိပ်မကြာသေးဘူး... ပြီးတော့ ဗြိတိန် အထူးတပ်ဖွဲ့တွေကို G20 ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်း အဆင့် သုံး ရောက်အောင် လုပ်ပေးနိုင်ခဲ့သေးတယ်... အဲ့ဒီနောက်ပိုင်းမှာ သူ့ဂုဏ်သတင်းက တဟုန်ထိုး တက်လာတာ မဆန်းပါဘူး... "

ရှုချန်းသည် စစ်သားဖြစ်လျက်နှင့် ပြည်သူများ၏ ဖျော်ဖြေရေးပွဲတွင် ပါဝင် ပက်သက်နေရခြင်းအပေါ် ခံစားချက် မကောင်း ဖြစ်နေသည်။

"စစ်သားတွေရဲ့ တာဝန်က လူထုကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့လေ... အဲ့ဒီ ရည်ရွယ်ချက်တွေကနေ တဖြည်းဖြည်း သွေဖယ်လာပြီး အထင်အမြင်တွေ လွဲကုန်မှာကို စိုးရိမ်မိတယ်..."

ထို့နောက်တွင် ရှုချန်း ပွဲရုံထဲသို့ ဝင်လာသည်။ အုတ်အုတ်သောင်းနင်း ဖြစ်နေသော လူများမှာ အားပေးချီးမြှောက်သံများ ရပ်တန့်သွားပြီး သူ့ကို ဝိုင်း၍ လက်ညှိုးထိုး ရှုံ့ချကြလေ၏။

အချို့ဆိုလျှင် မိုက်မိုက်ရိုင်းရိုင်းများပင် ဆဲဆိုနေကြသည်။

"အိမ်ပြန်လိုက်တော့ မျက်မှေးကောင်... ခါလန်းက မင်းဘောကို ပြုတ်အောင် ကန်ပြီး ကြက်စာကျွေးပစ်လိမ့်မယ်... "

"မင်း သေတွင်း မင်းတူးတာပဲ... ဟားဟားဟား... "

"ခါလန်းနဲ့ ယှဉ်ချရအောင် မင်းကိုမင်း ဘာထင်နေလဲ... မင်း ချရမှာ ခါလန်းကွ... "

"ခါလန်း... "

"ခါလန်း... "

လူအုပ်ကြီးမှာ အသံကုန်ဟစ်ကာ ခါလန်းကို အားပေးနေကြသည်။ လင်ချူရွယ်သည် ရှုချန်းကို စိတ်ခွန်အားပေးသည့် အနေဖြင့် ဘေးမှ သိုင်းဖက်ထားလိုက်၏။

ထိုအချိန်တွင် လူအုပ်ထဲမှ ပရိသတ်အချို့က လင်ချူရွယ်ကိုပါ တိုက်ခိုက်ကြတော့သည်။

"အမ ချူရွယ်... ဘယ်လိုကောင်မျိုးကိုမှ သွားကြိုက်တာလဲကွာ... "

"အမ ချူရွယ်... မင်းက လှပေမဲ့ ယောကျ်ားရွေးတဲ့ နေရာမှာ တော်တော်ညံ့တာပဲ... "

"အမ ချူရွယ်... ခဏနေရင် ခါလန်းက ဘယ်လောက်တောင် ယောကျ်ားစစ်လဲ တွေ့တော့မှ နောင်တတွေ ရနေမယ်နော်... "

"အမ ချူရွယ်... အခုတည်းကတောင် နောင်တရနေပြီမလား... "

"ဟုတ်တယ် အမ ချူရွယ်... မင်းလူက ဘယ်လောက်တောင် အသုံးမကျဘူးလဲ ဆိုတာ ဒီနေ့ တွေ့ရတော့မှာ... ခဏနေရင် ခါလန်းကို ခြေထောက်ဖက်ပြီး အသနားခံရတော့မှာကို မြင်ယောင်နေပြီ... ဟားဟား... "

ထိုသူတို့၏ အမှိုက်ဆန်ဆန် အရည်မရ အဖက်မရ စကားများကို ကြားသောအခါ လင်ချူရွယ်က ရှုချန်းကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။

"အဆင်ပြေရဲ့လား... သူတို့ ပြောတာတွေကို စိတ်ထဲ ထားမနေနဲ့... "

ရှုချန်းက ပုခုံးတွန့်ပြလိုက်ပြီး...

"အေးဆေးပါပဲ... အခြေအနေ ကြည့်ရတာတော့ ခါလန်းက ဒီလိုဖြစ်အောင် တမင်ကို လုပ်ထားတာ... အဲ့ဒါကြောင့် တိုက်ပွဲတစ်ခုထက် ရှိုးလုပ်ပြနေရသလိုတောင် ခံစားမိတယ်... "

လင်လဲ့... "ဒါ နဂိုထဲက ရှိုးတစ်ခုပဲလေ... ဘုရင်မနဲ့ တော်ဝင်မျိုးတွေကို စော်ကားလိုက်တဲ့ မင်းရဲ့ ဇာတ်လမ်းက နိုင်ငံသားတွေကြားမှာ ပျံ့သွားတဲ့အချိန်၊ ခါလန်းက အခွင့်ကောင်းယူပြီး တရားမျှတမှုကို ကိုယ်စားပြုတဲ့ သူရဲကောင်းအဖြစ် နာမည်ဝင်ယူသွားတာ... အခုဆို နိုင်ငံ့အချစ်တော် သူရဲကောင်းကြီး ဖြစ်နေပြီ... "

"မင်းကတော့ ဗြိတိသျှသားတွေ မြတ်နိုးရတယ့် ဘုရင်မကို စော်ကားလိုက်သေးတယ် မလား... ပြီးတော့ တိုင်းတပါးသား ဖြစ်နေတယ် ဆိုတဲ့ အချက်ကြောင့်လည်း သာမန်လူတွေရော တော်ဝင်မျိုးနွယ်တွေကပါ ခါလန်းကို ဝိုင်းထောက်ခံနေကြတာ... "

ရှုချန်းသည် သူ့အား ပရိသတ်များ ဝိုင်း၍ ရှုံ့ချနေရသည့် အကြောင်းရင်းကို ယခုမှ သေချာ သဘောပေါက်သွားသည်။

"နိုင်ငံ့ သူရဲကောင်းတဲ့လား... ကောင်းပြီလေ... တွေ့ကြရသေးတာပေါ့... "

"အခုချိန်မှာတော့ မင်းတို့ လိုသလို ဆွဲတွေးပြီး ထင်ချင်ရာ ထင်ထားကြဦးပေါ့ကွာ...ဒါပေမဲ့ မကြာခင် ဘယ်သူက တကယ့်ဆရာကြီးလဲ... ဘယ်သူက ဒူးထောက် တောင်းပန်ရမှာလဲဆိုတာ သိလာတော့မှာပါ... "

"ရှင် အဆင်ပြေရဲ့လား... သူတို့ကြောင့် ရှင့်စိတ်တွေတောင် အရင်ကနဲ့ မတူဘဲ ကြမ်းတမ်းလာသလိုပဲ... " လင်ချူရွယ်က စိုးရိမ်တကြီး မေးသည်။

ရှုချန်းက ခပ်ယဲ့ယဲ့ ပြုံးပြီး...

"ငါ အဆင်ပြေတယ် ဘာမှ စိတ်မပူနဲ့... ခဏနေရင် တိုက်ပွဲစတော့မှာဆိုတော့ ငါတို့ အရင်က ပြောခဲ့သလို ငါ့ညီကိုတွေပါ ကြည့်လို့ရအောင် တိုက်ရိုက် ထုတ်လွှင့်ပေးဖို့ အဆင်ပြေမလား... ရှုထောင့် ကောင်းကောင်းလေး ရွေးနော်... "

လင်ချူရွယ် ခေါင်းညိတ်ပြလိုက်ပြီး ရှုချန်း၏ ဖုန်းကို ယူကာ ထွက်သွားသည်။ လင်လဲ့လည်း သူမနှင့် အဖော်လိုက်သွားကာ မြင်ကွင်းကျယ်သည့် နေရာတစ်ခုကို ရှာဖွေလိုက်ကြ၏။

ဟွာရှတွင်...

ရဲချူ က ဧရာမ ပရိုဂျက်တာကြီး တစ်ခုကို နံရံပေါ်တွင် တပ်ဆင်လိုက်သည်။ ခန်းမထဲတွင် အထူးတပ်ဖွဲ့ ကလပ်မှ ညီကိုများအားလုံး စုဝေး ထိုင်နေကြ၏။ အချို့မှာ အထက်တန်းအဆင့် အဖွဲ့ဝင်များဖြစ်ပြီး အချို့က သာမန်အဆင့်များဖြစ်ကြကာ လူစုံတက်စုံ ရောက်ရှိနေကြလေပြီ။ အားလုံးက စစ်သားများ၏ ကိုယ်ဟန်အနေအထားဖြင့် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ပရိုဂျက်တာကို ကြည့်နေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ချိတ်ဆက်လိုက်သောအခါတွင် ပွဲရုံတစ်ခုလုံး လူအပြည့် စည်ကားနေသည်ကို မြင်တွေ့လိုက်ကာ အားလုံး အံ့အားသင့်သွားကြတော့သည်။

သို့သော် ရှုချန်းအား အင်္ဂလိပ်လို ကျိန်ဆဲနေမှုများ ထွက်ပေါ်လာသောအခါတွင် ညီကိုများ အားလုံး ဒေါသထွက်သွားကြလေ၏။

"ငါ-ိုးမသားတွေ... ဒီလောက် အပေါက်ကြမ်းတဲ့ ပါးစပ်တွေနဲ့ အိမ်က လူကြီးတွေကို ဘယ်လို စကားပြောလဲ မသိဘူး... ရှုချန်းဘက်ကိုလည်း ကြည့်ဦး... သူ့ကို အားပေးတဲ့သူ တစ်ယောက်မှတောင် မရှိဘူး... "

"ဟုတ်တယ်၊ အဲ့ဒီ ခွေးကောင် ခါလန်းကို အားပေးနေတဲ့ အသံတွေချည်းပဲ... "

ထိုစဉ် လင်ချူရွယ်သည် ကင်မရာရှေ့တွင် ရုတ်တရက် လက် ဝှေ့ယမ်းပြကာ အားပေးလိုက်သည်။

"ရှုချန်း အားတင်းထား... "

"ဟ... ဟိုမှာ ရှုချန်းကို အားပေးတဲ့လူ တစ်ယောက်ထွက်လာပြီ... "

စစ်သားအချို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

"ခွေးကောင်ရေ... အဲ့ဒါ အကိုကြီး ရှုချန်းရဲ့ မိန်းမကွ... မင်းမရီး လေ... "

ရဲချူ နှင့် ပါ့စ် တို့သည် ဗီဒီယိုတွင် ပေါ်လာသည့် ထို လက်တစ်ဖက်ကို ပြူးပြဲ ကြည့်လိုက်ကြကာ...

"ဟာ... ခယ်မလေးရဲ့ အသားအရည်က နှင်းလို ဖွေးပြီး ဥနေတာပဲ... အကိုကြီး ရှုချန်းက တကယ့် မိန်းမလှလေးကို ရထားတာပဲ... တယ်ဟုတ်ပါလား... "

ပါ့စ်...

"မြန်မြန်... တိုက်ပွဲမစခင် ရှုချန်းကို သူ့မိန်းမ ဘယ်သူလဲဆိုတာ ပြခိုင်းလိုက်..."

တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ချိတ်ဆက်ပေးသူက လင်ချူရွယ်ထံ မက်ဆေ့ချ် လှမ်းပို့လိုက်ပြီး...

"ခယ်မလေးရေ... ဒီမှာ အားလုံးက မင်းကို အရမ်း တွေ့ချင်နေကြပြီ... ပုန်းမနေဘဲ ကင်မရာရှေ့ကို ထွက်ခဲ့လိုက်ပါတော့... "

လင်ချူရွယ် ဘာမျှ ပြန်မပြောခဲ့။ ကင်မရာက စင်ကိုသာ ချိန်ရွယ်ထားပြီး နှစ်ဦးစလုံး ထွက်မလာသေးပေ။ ထို့နောက် ချူရွယ်က...

"တကယ်တော့ လူတိုင်းက ကျွန်မကို မြင်ဖူးပြီးသားပါပဲ... ပုန်းနေတာတော့ မဟုတ်ပါဘူး... တိုက်ပွဲပြီးရင် ကျွန်မ ရှုချန်းနဲ့ ပြန်လာမှာပါ... "

"အိုး အိုး... အသံလေးက ချိုနေတာပဲကွာ... " ရဲချူ နှင့် ပါ့စ် တို့၏ မျက်လုံးများ အရောင်လက်သွားသည်။

လင်ချူရွယ် အသံမှာ အလွန်နူးညံ့ပြီး ကြားရသူများအဖို့ သာယာနာပျော်ဖွယ် ကောင်းသော စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်စွမ်းရှိသည်။

"ခယ်မလေးက အသံ တော်တော် ကောင်းတာပဲ... ဒီလို အသံမျိုးနဲ့ အဆိုတော် လုပ်ရမှာ... မဟုတ်ရင် နှမြောစရာကြီး... "

လင်ချူရွယ် တခစ်ခစ် ရယ်မောမိတော့၏။

"တကယ်တမ်းလည်း သီချင်းဆိုနေတာပါပဲ... ဘယ်သူလဲဆိုတာ မင်းတို့ ခန့်မှန်းကြည့်လေ... "

ဖန်သားပြင်ရှေ့ရှိ စစ်သားများအားလုံး တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဆုံသွားသည်။ သို့သော် သူမ၏ အသံကို ကြားရုံဖြင့် မည်သူမျှ မခန့်မှန်းနိုင်သေးကြပေ။

ထိုစဉ် ရဲချူ က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုံ့သွား၏။

"ညီကိုတို့ ဒီအသံက နည်းနည်းရင်းနှီးတယ်လို့ မထင်ဘူးလား... ဒီလောက် နူးညံ့ပြီး ချိုမြိန်တဲ့ အသံမျိုး... ဒီလိုအသံမျိုးကို တစ်နိုင်ငံလုံးမှာ အဆိုတော် လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ... "

ဝမ်အန် သည် မကြာသေးမီကမှ ကလပ်ထဲ ဝင်လာသော ဟူပင်း ကိုကြည့်ပြီး

"ဟူပင်း... ဘယ်သူလဲဆိုတာ မင်း သိတယ်မလား... "

ဟူပင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။

"အစ်ကိုကြီး ချန်းက တခြားလူတွေကို မပြောဖို့ မှာထားတယ်... "

"ဟျောင့် မင်း သိပြီးသားဆိုရင်လည်း ပြောလိုက်တော့လေကွာ... ငါတို့ ဒီမှာ ဦးနှောက် ခြောက်နေပြီကွ... "

ဟူပင်းက ရယ်မောကာ ရဲချူ ကို ကြည့်ပြီး...

"မင်း ထင်ထားတဲ့ အတိုင်းပဲ... "

ရဲချူ သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် မယုံကြည်နိုင် ဖြစ်နေသည်။

"တကယ်ပဲ သူလား... "

လင်ချူရွယ်၏ သီချင်းများကို အမြဲ နားဆင်နေကြဖြစ်သော ပရိသတ်အဖို့ ဤကဲ့သို့ ထူးခြားလှသော အသံကို ကြားရုံနှင့် မရိပ်မိနိုင်စရာ အကြောင်းမရှိပေ။

ဟူပင်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

"လွန်ခဲ့တဲ့ တစ်လခွဲလောက်က သူ့မိန်းမကို မိဘအိမ် ပြန်ခေါ်သွားတယ်လို့ အကိုကြီးချန်း ပြောခဲ့တယ်မလား... ဗြိတိန်မှာ အိမ်ရှိတဲ့ အဆိုတော်က ဒီနိုင်ငံမှာ ဘယ်နှစ်ယောက် ရှိသေးလို့လဲ... "

ရဲချူ ၏ သူငယ်အိမ်များ ပြူးကျယ်လာပြီး...

"ဘုရားရေ... "

ပါ့စ် သည်လည်း တုန့်ပြန်ရန် စကားစ ရှာမရဘဲ ဆွံ့အနေသည်။

"ဘုရားရေ... သူက... လင်... ချူ... ရွယ်... "

ပါ့စ် သည် ထိုစကားလုံး သုံးလုံးကို အော်ပြောလိုက်သောအခါ အတူရှိနေသော အခြားညီကိုများ အားလုံး အသက်ရှုသံများ မြန်ဆန်လာပြီး အလွန် စိတ်လှုပ်ရှားသွားကြသည်။

"မဖြစ်နိုင်ဘူး... လင်ချူရွယ်က ငါတို့ရဲ့ ယောက်မလား... ဘုရားရေ... မနက်ဖြန် ဝေနိုင်ငံကျွန်းကြီး တစ်ခုလုံး နစ်မြုပ်တော့မယ်ဆိုတဲ့ သတင်းထက်တောင် မယုံကြည်နိုင်စရာ ကောင်းနေပါလား... "

"မြန်မြန်... သူက လင်ချူရွယ်လားလို့ မြန်မြန် ရိုက်မေးလိုက်... "

သူမ၏ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်သော၊ တိုက်ရိုက်ထုတ်လွှင့်မှုကို စီမံခန့်ခွဲနေသူက ချက်ချင်းပင် စာရိုက်ပြီး မေးလိုက်သည်။

လင်ချူရွယ်သည် ထိုသူများ အလွန် ထက်မြက်ကြောင်းကို သိသွားပြီး ဆက်လက် ပုန်းကွယ်နေ၍ မဖြစ်တော့မှန်း သဘောပေါက်သွားသည်။ ထို့ကြောင့် နောက်ဆုံးတွင် လင်လဲ့ကို ဖုန်း ကိုင်ခိုင်းလိုက်ပြီး ကင်မရာကို ကြည့်ကာ ဖော်ရွေစွာ နှုတ်ဆက်လိုက်၏။

"အားလုံးပဲ မင်္ဂလာပါ... ကျွန်မက ရှုချန်းရဲ့ မိန်းမပါရှင့်... "

"အား..... ငါတော့ ရူးပြီ... "

"ငါ့ဘဝရဲ့ အချစ်ဦးလေး... သွားပါပြီ... "

"ဒီမှာလဲ တူတူပါပဲ... သွားပါပြီကွာ... "

"ကျွန်တော့်ရဲ့ အချစ်ပြိုင်ဖက်က ကျွန်တော် အလေးစားရဆုံးသူရဲ့ မိန်းမ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... "

"အစ်ကိုကြီးချန်းကို ဘယ်လို အနိုင်ယူပြီး သူ့မိန်းမကို အပိုင်သိမ်းရမလဲ တစ်ယောက်ယောက်လောက် ကျွန်တော့်ကို ပြောပြကြပါဦး... "

"မျက်နှာသစ်ပြီး သွားအိပ်လိုက်တော့ စောက်ကလေးရေ... "

ရဲချူ၊ ပါ့စ်၊ အားရှင်း နှင့် ဝမ်အန်တို့ ဒူးထောက်လျက်သား ပြိုလဲကျသွားတော့သည်။

"ငါ့နှလုံးသားလေးတော့ တစစီ ကွဲကြေသွားပါပြီကွာ... "

အခန်း ၃၀၁ ပြီး

wunzinnosp

အခန်း ၃၀၂

( မင်းအတွက် လုပ်ပေးနိုင်တာ ဒါ အကုန်ပဲ )

လင်ချူရွယ်သည် ကင်မရာရှေ့ ထွက်၍ နှုတ်ဆက်ပြီးသည်နှင့် ဖုန်းကို စင်ဘက်သို့ ပြန်လှည့်လိုက်၏။

တစ်ဖက်ရှိ စစ်သားများကမူ မရောင့်ရဲနိုင်ကြသေးဘဲ...

" နတ်သမီးလေး... ပွဲကို ရိုက်မယ့်အစား မင်း သီချင်းဆိုတာကိုပဲ တိုက်ရိုက် လွှင့်လိုက်ပါလား... "

ရဲချူ နှင့် အခြားသူများမှာတော့ သူတို့၏ နေအိမ်ကို ဥက္ကာပျံ ဝင်တိုက်သွားသည့်အလား မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။

"အဲ့ဒါကြောင့် လင်ချူရွယ်က အနုပညာလောကမှာ ဘယ် စုဝေးပွဲမှ မတက်သလို တခြားအမျိုးသား အနုပညာရှင်တွေနဲ့လည်း ရင်းရင်းနှီးနှီး မနေတာကိုး... တစ်ချို့ဆို ရုပ်ရှင်ထဲက နမ်းတဲ့ အခန်းတွေကိုတောင် လူစားထိုး ရိုက်တာလို့ ပြောနေကြတယ်... ရှုချန်းကွာ... ဗလတောင့်ရုံတင် မကဘူး... နိုင်ငံ့ ထိပ်ထား နတ်ဘုရားမကိုပါ အပိုင်သိမ်းနိုင်တဲ့ ဆရာကြီးပဲ...ငါ့လို ဒီလောက် ရုပ်ချောတဲ့ လူမျိုးကျတော့ ဘာလို့ စော်မရှိရတာလဲ... ဘယ်မှာလဲ လောကကြီးမှာ တရားမျှတမှု... "

ရဲချူ သည် မျက်နှာကြက်ကို မော့ကြည့်ကာ မကျေမနပ်ဖြင့် ရေရွတ်နေလေ၏။

ပါ့စ်...

"သောက်ကျိုးနည်း... စစ်တပ် တစ်တပ်လုံးမှာ စော်မရှိတဲ့ ကောင်တွေချည်းပဲ ဆိုကာမှ ရှုချန်းက သူ့မိန်းမကို လာကြွားနေပြန်ပြီကွာ... စိတ်တိုဖို့ ကောင်းလိုက်တာ..."

နေကြာစေ့များ တမြုံ့မြုံ့ဝါးကာ ပွဲကြည့်နေသော ဟူပင်းကလည်း ဝင်ပြောသည်။

"အေးဆေးပေါ့... အကိုကြီး ရှုချန်းလည်း မကြာခင် ပြန်လာတော့မှာပဲ... အဲ့ဒီအခါကျမှ ထိပ်တိုက်တွေ့ပြီး သွားပြောလေ... "

"ငါ့ကို အရင်တုန်းက ပါ့စ် များ ထင်နေတာလား... "

"အဲ့ဒါဆိုလဲ သူ ပြန်ရောက်တာနဲ့ စိန်ခေါ်လိုက်ပေါ့... "

ပါ့စ် က အံကြိတ်လျက်...

"ငါလည်း အဲ့ဒီ အခွင့်အရေးကို စောင့်နေတာကွ... "

"သူ ပြန်လာတဲ့ အထိပဲ သည်းခံလိုက်... "

"စောင့်ရမှာပေါ့... ငါက သူ့ကို ကြောက်နေစရာလား... အခုတော့ ခါလန်းနဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်စောင့်ကြည့်ရမယ်... ငါလည်း ခါလန်းနဲ့ တိုက်ဖူးတယ်လေ... "

ထိုစကားကို ကြားသောအခါ အခြားစစ်သားများ စုရုံးလာကြပြီး...

"သူက ဘယ်လိုမျိုးလဲ... အားလုံးပြောနေကြသလို တကယ်ပဲ သန်မာတာလား... "

ပါ့စ် ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ... ဒါပေမဲ့ ငါကတော့ ယှဉ်တိုက်နိုင်တာပေါ့... အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီကောင်ကြီးက တော်တော် ပါရမီပါတယ် ပြောရမယ်... ဒါပေမဲ့ လူမျိုးရေး ခွဲခြားပြီး ငါတို့ကို အမြဲ လှောင်ပြောင်နေလို့ ရဲချူ က ဒေါသထွက်ပြီး သူ့ ထောင်ချောက်ထဲ တန်းတန်းကြီး ဝင်သွားတာပဲ... "

ရဲချူ က ခပ်ယဲ့ယဲ့ ပြုံးကာ ခေါင်းခါရမ်းပြလိုက်သည်။

"စွမ်းရည်ချင်းက အရမ်း ကွာခြားလွန်းတယ်... အဲ့ဒါကြောင့် ငါ အလှောင်ခံရတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘူး... ဒါပေမဲ့ ငါတို့ရဲ့ သေနတ်တွေထဲမှာ ကျည်သာ ရှိနေရင် သူ့ကို ပစ်သတ်လိုက်ပြီးပြီ... "

ဝမ်အန်...

"မင်း ရှုံးသွားတာကို ပြန်ပြောနေလည်း အပိုပဲလေ... နှုတ်ဆိတ်နေရုံကလွဲပြီး ဘယ် တတ်နိုင်မလဲ... "

ရဲချူ က မျက်နှာပြင်ကို ကြည့်လိုက်ကာ အံကြိတ်ရင်း...

"အစ်ကိုကြီး ရှု အဲ့ကောင်ကို အနိုင်ပိုင်းနိုင်ပါစေလို့ပဲ မျှော်လင့်တယ်... သူက ငါတို့ရဲ့ နောက်ဆုံး ကတ်ပဲ... "

ထိုစဉ် ခါလန်း စင်ပေါ် တက်သွားသည်။ ပရိသတ်များအားလုံး မတ်တပ်ထရပ်ကာ လက်ခုပ်တီး အားပေးလိုက်ကြ၏။

"ခါလန်း အဲ့ဒီ မျောက်မသားကို အနိုင်ပိုင်းပစ်... "

"ခါလန်း... ငါတို့ ဗြိတိသျှသားတွေ ဘယ်လောက်တောင် သန်မာကြောင်း ကောင်းကောင်းပြပေးလိုက်... "

"အဲ့ဒီ မျောက်ရိုင်းကောင်ကို တစစီ ဆွဲဖြဲပစ်... "

ထို့နောက် ရှုချန်း စင်ပေါ်တက်လာသောအခါတွင်မူ အားပေးနေသော လက်ခုပ်သံများမှာ ရုတ်ရင်းကြမ်းတမ်းပြီး အဆင့်မရှိသော ဆဲဆိုမှုများ အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

သို့သော် ထို ရှုံ့ချမှုများ အကြားမှ ရှုချန်းနှင့် လင်လဲတို့၏ အားပေးသံများကတော့ လျော့ကျ မသွားခဲ့။

"ရှုချန်း ကြိုးစားထား... "

ခါလန်းက လက်ညှိုးကို နှုတ်ခမ်းရှေ့ ကပ်ပြလိုက်ရာ လူထု တစ်အုပ်လုံး အပ်ကျသံပင် ကြားရအောင် ငြိမ်ကျသွားသည်။ ဘာသာရေး အစွန်းရောက်များ၏ ဦးဆောင်သူ နတ်ဆိုးတစ်ပါး ကဲ့သို့ သူ၏ လွှမ်းမိုးနိုင်စွမ်းက မြင်တွေ့ရသူအပေါင်းကို ကျောချမ်းသွားစေနိုင်၏။

ထို့နောက် ရှုချန်းကို လက်ညှိုးညွှန်ပြလိုက်ရာ ပရိသတ်များ၏ အာရုံက သူ့အပေါ် ကျရောက်လာသည်။

"အားလုံးရဲ့ ရှေ့မှာ ရပ်နေတဲ့ တစ်ယောက်က ဘယ်သူလဲဆိုတာ သိကြလား... "

လူထုကြီးမှ တစ်ယောက်မျှပင် အသံထွက်မလာပဲ ငြိမ်သက်နေ၏။ ရှုချန်းကို သိသူ တစ်ဦးတစ်ယောက်ပင် မရှိကြ။

ခါလန်း...

"သူက ဟွာရှရဲ့ စစ်သားတစ်ယောက်ပဲ... သူတို့ နိုင်ငံမှာတော့ အထူးစစ်သည်ပြိုင်ပွဲ ရဲ့ ချန်ပီယံလို့ ကြားတာပဲ... "

ပရိသတ်များ အနည်းငယ် အံ့အားသင့်သွားကြသည်။ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာတော့မည်ဖြစ်ရာ အားလုံးက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြ၏။

"ခါလန်း... သူ့ကို အပြတ် ရှင်းပစ်... "

"အရိုးတခြား အသားတခြားဖြစ်သွားအောင် လုပ်ပစ်... "

"သူ့အသားတွေ ခွေးစာကျွေးပစ်... "

"ငါတို့ စစ်သားတွေကို ဟွာရှက ချန်ပီယံဆိုတဲ့ ကောင်တောင် လာယှဉ်လို့ မရဘူးဆိုတာ ကောင်းကောင်း ပြပေးလိုက်... "

ရှုချန်းကမူ လူအုပ်ကြီးကို ဂရုပင် မစိုက်ဘဲ လျစ်လျူရှုထားသည်။ သို့သော် သူ စိတ်ဝင်စားနေသည့် တစ်ချက်တော့ ရှိ၏။ ထို့ကြောင့် ခါလန်းအား...

"မင်း ဘယ်လို သိတာလဲ... "

"ဘာကိုလဲ... "

"ငါက ဟွာရှရဲ့ ချန်ပီယံ ဆိုတာလေ... "

ခါလန်းက မချိပြုံး ပြုံးလိုက်ကာ...

"တိုက်ဆိုင်သွားတာပါ... ငါလည်း သိတာ သိပ်တော့မကြာသေးဘူး... G20 ပြိုင်ပွဲမှာတုန်းက မင်းတို့ နိုင်ငံရဲ့ အဖွဲ့နဲ့ ငါတို့ တိုက်ရတာလေ... အဲ့ဒီထဲက အသန်မာဆုံးတစ်ယောက် ရဲချွမ်လား ရဲ ဘာဆိုလားပဲ... သူ့ကို ငါ တီးလွှတ်လိုက်တာ... ဒါပေမဲ့ အဲ့ကောင်က ရှုံးတာ ဝန်ခံဖို့ သတ္တိမရှိတော့ သူက ဟွာရှရဲ့ ချန်ပီယံ မဟုတ်လို့ဆိုပြီး အကြောင်းပြချက်တွေ ပေးနေတာ... အဲ့ဒီတော့ ချန်ပီယံ ဘယ်သူလဲ... သူက ဘာလို့ G20 မှာ ဘာလို့ ပါမလာတာလဲလို့ မေးတော့လည်း မသိဘူး ပြောတယ်... နောက်တစ်ခေါက် ထပ်မေးတော့မှ မင်းဆိုတာ ထုတ်ပြောတာ... ဖြစ်ချင်တော့ မင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဗြိတိန်မှာ လာတွေ့လိမ့်မယ်လို့ ဘယ်ထင်မလဲ... ကံကြမ္မာကြီးက ဆန်းတော့ ဆန်းကြယ်တယ်..."

ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။

"ရဲချူ ပြောပုံအရ မင်းက ငါတို့ ဟွာရှကို သိပ်မကြည်ဘူးဆို... "

ခါလန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး...

"မင်း မေးတော့လည်း ပြောပြရတာပေါ့... ငါက မင်းတို့ရဲ့ အတုအယောင် တိုက်ခိုက်နည်းတွေကို သိပ်မုန်းတာ... "

"အတုအယောင် ဟုတ်လား... "

ရှုချန်း မျက်မှောင် ကြုံ့သွားသည်။

"ဘာလို့ အဲ့လို ထင်တာလဲ... "

ခါလန်း...

"မင်းတို့ကောင်တွေက အရင် အတိတ်အကြောင်းတွေကိုပဲ ပြန်ဂုဏ်ဖော်ပြီး ကြွားလုံးထုတ်နေကြတာလေ... မင်းတို့မှာ ကိုယ်ခံပညာရှိတာ ဟုတ်တယ်... ဒါပေမဲ့ အနောက်တိုင်းမှာလည်း ငါတို့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေး ပုံစံ ရှိတယ်ကွ..."

" လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဟွာရှရဲ့ ကိုယ်ခံပညာအကြောင်းက ဟိုးလေးတကျော်ကျော် ဖြစ်နေပေမယ့် မင်းတို့တွေကို G20 ရဲ့ ထိပ်တန်း အဆင့်သုံးထဲမှာ ဘာလို့ တစ်ခါမှတောင် မတွေ့ရတာလဲ... အဲ့ဒါကြောင့် အပေါ်ယံ ကြွားလုံးထုတ်နေတဲ့ အတုအယောင်ကြီးလို့ ပြောတာ... "

"ပြီးတော့ မြေအောက် လက်ဝှေ့ထိုးပွဲ၊ သေမင်းတမန်တိုက်ပွဲ/မရဏတိုက်ပွဲ တွေမှာလည်း မင်းတို့တွေကို ဘယ်သူမှ မသိဘူး... အဲ့ဒါကြောင့် လက်ရှိမှာ အဖြစ်မရှိဘဲ အတိတ်မှာ သာယာပြီး ကြွားလုံးထုတ်နေတဲ့ မင်းတို့ကို စောက်ရမ်းရွံတာ... မင်းတို့ အဆင့်က အမှိုက်သာသာပဲ ရှိတယ်... "

ရှုချန်းက...

"မင်းတို့ကောင်တွေသာ ငါတို့ရဲ့ အတိတ်ကို မကျေမနပ် ဖြစ်နေတာ မဟုတ်ဘူးလား... ငါတို့က မသန်မာလို့ မဟုတ်ဘူး... ဟွာရှရဲ့ ကိုယ်ခံပညာက တစ်ပါးသူကို နစ်နာအောင် လုပ်ဖို့ထက် ကိုယ်ကိုတိုင်ရဲ့ ရုပ်စွမ်းအား ကို မြှင့်တင်ဖို့ ဦးစားပေးတယ်... ပြီးတော့ ငါတို့တွေက အသိပညာနဲ့ စွမ်းရည်ကို ပိုပြီး အလေးပေး လေ့ကျင့်တာ... တကယ့် ဆရာကြီးတွေကတော့ ခေတ်ပေါ်အဆိုတော်တွေလို ရှိုးထုတ်နေမယ့်အစား လူမသိသူမသိဘဲ နေကြတယ်ကွ... "

ခါလန်း...

"ငါ မင်းကို တစ်ခုပဲ မေးမယ်... မင်းက နိုင်ငံ့ နံပါတ်တစ် ချန်ပီယံဆိုတာ အမှန်ပဲလား... "

ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။

"ပြိုင်ပွဲမှာတော့ ဟုတ်တယ်... ဒါမေမဲ့ နိုင်ငံနဲ့ ယှဉ်ရင်တော့ မဟုတ်သေးဘူး... ဘာဖြစ်လို့လဲဆို နိုင်ငံထဲမှာ ပုန်းကွယ်နေတဲ့ ဆရာကြီးတွေ ရှိနေသေးတယ်..."

ခါလန်း နှာခေါင်းရှုံ့လိုက်ပြီး...

"အရေးမကြီးဘူး... ငါက ပြိုင်ပွဲရဲ့ ချိန်ပီယံကိုပဲ ချချင်တာ... "

ဟွာရှတွင်...

ရဲချူ သည် လက်သီးများကို တင်းတင်းဆုပ်လျက်...

"မင်း နိုင်မှ ဖြစ်မယ်... မဟုတ်ရင် ငါတို့တော့ သွားပြီ... ငါတို့ နိုင်ငံရဲ့ စစ်သားတွေပါ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး... "

ပါ့စ်...

"ငါ ရှုချန်းနဲ့ တစ်ခေါက် တိုက်ဖူးပါတယ်... အဲ့ဒီတော့ သိပ် စိတ်ပူစရာ မရှိပါဘူး... ခါလန်းကို သူ အနိုင်ပိုင်းနိုင်မယ် ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်... "

ရဲချူ...

"အင်း... အဲ့ဒါတော့ အမှန်ပဲ... ရှုချန်းသာ ဒီတစ်ခေါက် ငါတို့နဲ့ အတူ တိုက်ရင် ခါလန်းဆိုတဲ့ ကောင်က လူသား အမြောက်တိုက်ကွက် နဲ့တင် သေမှာပဲ... "

ထိုစဉ် စစ်သားတစ်ချို့ စကားဝိုင်းထဲ ကြားဖြတ် ဝင်ပြောကြသည်။

"အကိုကြီး ရှုချန်းက သူ့အနားတောင် သွားဖို့ မလိုလောက်ဘူး... စနိုက်ပါ ရိုင်ဖယ် တစ်လက်တည်းနဲ့ ခါလန်း ဒူးထောက်လာအောင် လုပ်လိုက်လို့ ရတယ်... "

အခြားသူများ အားလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ရှုချန်း၏ စနိုက်ပါ စွမ်းရည်များမှာလည်း အမှန်တကယ်ပင် လက်စွမ်းထက်လှသည် မဟုတ်လော။

ပွဲရုံတွင် ရှေ့ဆုံး၌ ထိုင်နေကြသော ထောင့်ရှစ် ၊ ထောင့်ဂျက် နှင့် ပိုင်ရှန်း တို့ ကင်မရာ မြင်ကွင်းထဲ ပေါ်လာသည်။

ထောင့်ရှစ် က ရေရွတ်လိုက်၏။

"တော်တော် လျှာကြမ်းအာကြမ်းတဲ့ ကောင်တွေ... ငါတို့လည်း ကိုယ့်ညီလေးကို အားပေးရအောင်... "

ပိုင်ရှန်း က ပွဲရှိ လူအုပ်ကို ကြည့်လိုက်ပြီး...

"ကြိုးစားကြည့်ပေါ့... "

ထောင့်ဂျက် က မျက်လုံးလှန်ကြည့်လိုက်သည်။

"ငါ့နားတော့ လာမထိုင်နဲ့... ဟိုဘက် သွား... "

ထောင့်ရှစ် သည် လက်သီးဆုပ်လျက် ပရိသတ်များနှင့် တန်းတူ ရင်ဘောင်တန်း အားပေးလိုက်သည်။

"ရှုချန်း အဲ့ကောင်ကို လက်သီးစာ ကျွေးပစ်... "

ထိုအခါ ထောင်သောင်းချီသော ပရိသတ်များ အားလုံး သူ့အား ဝါးစားတော့မတတ် စူးဝါးစွာ စိုက်ကြည့်လိုက်ကြ၏။

"အာရှ မြေနိုးလေး... ငါတို့နိုင်ငံကိုလည်း ဝင်လာသေးတယ်... ခါလန်းကိုလည်း အားမပေးဘူး... ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ပညာပေးကြ... "

ထို့နောက် သစ်သီး၊ မီးခြစ် အစရှိသဖြင့် ပစ်ပေါက်၍ ရသမျှ အရာများအားလုံး သူတို့ အဖွဲ့ထံ လွင့်ပျံလာသည်။ မိနစ် အနည်းငယ် ကြာသည့်တိုင် ဖိနပ်ပျံ၊ ခါးပတ်ပျံ၊ ဘီယာဘူးခွံပျံများ၏ အလယ်ဝယ် မိန့်မိန့်ကြီး ထိုင်နေရုံမှ တပါး ဘာမျှ မတတ်နိုင်ခဲ့။

ထောင့်ရှစ် သည် ဦးခေါင်းထက်တွင် လာတင်သော ငှက်ပျောသီးခွံကိုပင် မဖယ်ရှားရဲတော့ဘဲ ကျောက်ရုပ်ကြီးအလား တုတ်တုပ်မျှ မလှုပ် ထိုင်နေ၏။

ပိုင်ရှန်းက မျက်စိရှေ့တွင် မမြင်သာတော့၍ သူကိုယ်တိုင် ဖယ်ပေးလိုက်ရသည်။

"ကဲကဲ သူတို့လည်း ပစ်စရာတွေ ကုန်သွားလောက်ပြီ... ငါ့ညီ ရှုချန်းရေ... မင်းအတွက် လုပ်ပေးနိုင်တာတော့ ဒါ အကုန်ပဲကွာ... "

ပိုင်ရှန်း နှင့် ထောင့်ဂျက် တို့ အားရပါးရ အားပေးလိုက်ကြလေသည်။

" လုပ်ထားကွ ငါ့ကောင်ကြီး .."

အခန်း ၃၀၂ ပြီး

wunzinnosp

Continue Reading

You'll Also Like

25.2K 1.8K 36
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...
81.4K 15.1K 57
لە جیهانێکدا کە تەنها خەیاڵ دەتوانێت ئەندێشەی بۆ بکات لەو جیهانەدا تاکەکانی ناوی هەمووی خاوەنی هێزن هێزی جۆراوجۆر کە هەر تاکێکی ئەم گەلە تایبەتمەن...
14.2K 70 28
After a wild party spirals out of control, a group of teenage boys are forced to attend an elite all-girls school as punishment, where they must lear...
212K 6.5K 98
A villainess known by all as a wicked woman who has done all sorts of evil deeds-Ducal Lady Violet. She regained her memories of her previous life af...