Unicode
ကောင်းကင်ပေါ်တွင် သတ္တဝါကြီးနှစ်ကောင်၏တိုက်ပွဲကပြင်းထန်နေဆဲပင်။
ဂဠုန်သတ္တဝါသည် ခန္ဓာကိုယ်အရွယ်အစားကြီးမားသလို လှုပ်ရှားမှုတို့ကလျင်မြန်၏။နေနတ်ဘုရား သူရိယဒေဝါ ဟူသည်လည်း သက်တမ်းရင့် နတ်ဘုရားတစ်ပါးဖြစ်လေရာ တိုက်ပွဲ၏အခြေအနေသည် နေနတ်ဘုရားတစ်ဖြစ်လဲ ဂဠုန်ကြီး၏လက်တွင်း၌သာရှိနေလေသည်။
ဂဠုန်ကြီးက နဂါးကြီးအား နှုတ်သီးဖြင့် ထိုးဆိတ်လိုက် ခြေသည်းတို့ဖြင့် ကုပ်ချီရန်ကြိုးစားလိုက်ဖြင့် ရှေ့တိုးတချီ နောက်တိုးတစ်လှည့်ဖြင့် နည်းပရိယာယ်ကြွယ်၀စွာဖြင့် တိုက်ကွက်ခင်းလျက်ရှိသည်။ နဂါးကြီးမှာ တစ်ဖက်မှတိုက်ခိုက်လာသည်များကို တစ်ဖက်သတ်ခုခံရင်း တိုက်ကွက်ဖွင့်ချိန်ပင်မရ။ မရဆို တစ်ဖက်ကဂဠုန်ကလည်း သူ့ကို အခွင့်အရေးမပေးဘဲ တိုက်ခိုက်နေသည်လေ။
အခြေအနေအရ ဂဠုန်ကြီးကအသာစီးရနေသောကြောင့် လနတ်ဘုရားတို့အဖွဲ့ဟာ ရွှေဉာဏ်တော်စူးရောက် လုပ်ရပ်တစ်ခုကိုပြုလုပ်ဖို့ ကြိုးစားလိုက်ကြသည်။
အမှန်ပင် သနားစရာ နတ်ဘုရားများပါတကား။
မဟေသီဘုရား ရူစန္ဒာအဏီရာကို ဖမ်းဆီးဖို့လုပ်ကြသည်တဲ့လေ။
မဟေသီဘုရားက တိုက်ပွဲကိုသာအာရုံစိုက်နေချိန်တွင် နတ်ဘုရားအုပ်စုကြီးက တစ်ဖြည်းဖြည်းနှင့် သူ့အနားကိုရောက်ရှိလာကြောင့် သူမသိလိုက်။ခဏအကြာ ဘုန်းဟူသော အသံကြီးနဲ့ အတူ နတ်ဘုရားများ အနောက်ဘက်သို့လွင့်သွားတာကို မြင်လိုက်ရ၏။
မဟေသီဘုရားကြည့်လိုက်တော့ ပုံလုံဟူက မြေပြင်ပေါ်တွင် မှုန်ကုပ်စွာရပ်ကြည့်နေပြီး နတ်ဘုရားအုပ်စုကမူ မြေပြင်ပေါ်တွင်လဲကျကာ အလူးအလဲဖြစ်နေကြ၏။ ရူရူတစ်ယောက် ထိတ်ခနဲဖြစ်သွားရင်း ပုံလုံဟူလေးအနားကိုပြေးသွားကာ ခေါင်းကိုခေါက်ထည့်လိုက်သည်။
"လျှောက်မသွားနဲ့၊ ခေါင်းပြုတ်ချင်နေသလား၊ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့သူတွေရှိနေတာကို ဂရုစိုက်မှပေါ့၊ နောက်တစ်ခါဆို ဒီထက်နာမယ် ! "
လနတ်ဘုရားနှင့်ကြယ်စင်အစုအဝေးနတ်ဘုရားများ
"အဲ့ဒီကလေးကဘယ်ကလဲ..."
ကြယ်စင်အစုအဝေးအကြီးအကဲနတ်ဘုရားကမေးမြန်းလိုက်ရာ လနတ်ဘုရားသည်လည်းမဖြေနိုင်။
"ကျွန်ုပ်လည်း မီးနတ်ဘုရားမှာ ဒီလိုအရွယ်ခြွေအရံများရှိတယ်လို့မကြားမိပါဘူး၊ "
"ရာဘ အဲ့ဒီကလေးကို မင်းသွားဖမ်းချေ၊"
လနတ်ဘုရားက တွေးဆဆဖြင့် သူ့နောက်က နတ်စစ်သည်တစ်ဦးကို ထိုကလေးအားဖမ်းဆီးခိုင်းလိုက်သည်။
နတ်စစ်သည်ရာဘသည် ထိုကလေးပေါက်စအရွယ်အား မိမိကို တာ၀န်ပေးသည်ကြောင့် နည်းနည်းတော့ မာနထိခိုက်မိသည်ပင်။ သူ့လိုတော်၀င်နတ်စစ်သည်တစ်ဦးက ကလေးသာသာ တစ်စုံတစ်ဦးကို ဖမ်းဆီးရမည်တဲ့ ! အိပ်မက်ထဲတောင်ထည့်မမက်ဖူး။
"လာစမ်း "
နတ်စစ်သည်ရာဘက ကလေးကိုလက်ကိုဆွဲဆောင့်ကာ ဖမ်းဆီးရန်လုပ်လိုက်သည်။ သို့ပေမယ့် မထင်မှတ်စွာပင် သူ့ဆီကို ကြီးမားတဲ့ ရွှံ့ခဲတုံးကြီးတစ်ခုက ကျရောက်လာပြီး အဲ့ဒီနောက်မှာပဲ ထို ရွှံ့ခဲတုံးကြီးက တစ်ဖြည်းဖြည်းနဲ့ကြီးထွားလာကာ အနောက်မှနတ်ဘုရားများကိုပါ ထိမှန်ပြီး မြေပြင်ပေါ်သို့ကျရောက်စေခဲ့သည်။
"ဝုန်း "
ရွှံ့ခဲတုံးကြီးက ကြီးမားပြီး ထုထည်အားဖြင့် သိပ်သည်းဆများစွာရှိတာကြောင့် စိတ်စွမ်းအင်မရှိသော်ကြား သူတို့အနေနဲ့ ခန့်မှန်းမရတဲ့ စွမ်းအင်ထိခိုက်မှုကိုခံစားလိုက်ကြရလေသည်။
သူတို့အားလုံးက မရင်းနှီးတဲ့ စွမ်းအင်ကြောင့် မိန်းမောကာ တွေးဆနေတုန်းမှာပဲ မီးနတ်မဟေသီက ဒီပဟေဠိသတ္တဝါလေးကို ကြောက်တတ်ဖို့သတိပေးပြီး ခေါ်သွားသည်တဲ့လေ။
ခံလိုက်ရတာက ငါတို့လေ...
အကြောက်အလန့်မရှိတာက အဲ့ဒီကလေးလေ !!
"နန်းနွယ်... နန်းမြ "
မဟေသီက လနတ်ဘုရားတို့ကို စနောက်သလိုကြည့်လိုက်ပြီး
"မင်းတို့ဖြေရှင်းလိုက် "
"ကောင်းပါပြီ မဟေသီအရှင် "
နန်းနွယ်နဲ့ နန်းမြတို့ဟာ သာမန်အားဖြင့် သာမန်မခြေအရံများသာဖြစ်သည်မို့ အင်အားကြီး နတ်ဘုရားများကို ယှဉ်ပြိုင်ဖို့နေနေသာသာ မော်လို့တောင် ကြည့်နိုင်မည်မဟုတ်ကြ။ သို့ရာတွင် သူမတို့သည် အဆုံးအစမဲ့အမြုတေပိုင်ရှင်ဖြစ်သူ မဟေသီသခင်ရဲ့ အစောင့်အရှောက်အောက်တွင်ရှိနေသည်လေ။သူတို့ဟာ သေဆုံးသွားကြရင်တောင် တစ်ဖန်ပြန်လည်ရှင်သန်နိုင်မယ်လို့ ယုံကြည်နေကြဆဲပင်။
ထိုအခိုက်ကောင်းကင်ပေါ်ရှိတိုက်ပွဲတွင် အခြေအနေကရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ဂဠုန်ငှက်ကြီးကခြေသည်းဖြင့် နဂါးရဲ့ အကြေးခွဲကိုကုပ်လိုက်ချိန်တွင် နဂါးကြီးရဲ့ ကြီးမားနဲ့ အမြီးကြီးက ဂဠုန်ရဲ့ တောင်ပံ နှစ်ဖက်ကို ထိထိမိမိကြီးရိုက်ချပစ်လိုက်ပြီး လျင်မြန်စွာပင် ဂဠန်ကြီးကို ခန္ဓာကိုယ်ဖြင့်ရစ်ပတ်ကာ ဖမ်းဆီးပစ်လိုက်သည်။သန်မာတဲ့အကြေးခွံနဲ့ ရှည်လျားတဲ့ခန္ဓာကိုယ်ကြီးက ဂဠုန်ငှက်၏ ကိုယ်ခန္ဓာကိုယ်တစ်ရစ်ပြီးတစ်ရင် ဆွဲညှစ်နေချိန်တွင် ငှက်ကြီး၏ ရုန်းထွက်မှုမှာ အားလျော့ရင်းအားလျော့လာခဲ့တော့သည်။
ငှက်ကြီးရဲ့ တောင်ပံက တဗြန်းဗြန်းနဲ့ နဂါးကြီးကို ဘယ်လောက်ပင်ရိုက်ခတ်နေပါစေ နဂါးကြီးကတော့ မလွှတ်တမ်း ဆွဲညှစ်ထားဆဲပင်။ ထိုအခါမှ သာ နဂါးကြီးသည် မသွက်လက်တာမဟုတ်၊ တိုက်ပွဲစွမ်းရည်မပြည့်၀တာမဟုတ်ဘဲ အခွင့်ကောင်းကိုစောင့်နေခြင်းသာဖြစ်ကြောင်းသိလိုက်ရလေသည်။
"အား......"
နဂါးကြီးဟာရစ်ပတ်ရုံသာအားမရနိုင်ဘဲဂဠုန်ငှက်ကြီးရဲ့ခန္ဓာအနှံ့ကို မီးမှုတ်ပစ်လိုက်ရာ ငှက်ကြီးခမျာ လောင်မြိုက်ခြင်းကို ပြင်းထန်စွာ ဝေဒနာခံစားရပြီး အော်ဟစ်နေရတော့သည်။
အစပိုင်းတွင်တော့ လနတ်ဘုရားတို့အဖို့အခြွေအရံလေးနှစ်ယောက်ကို ဖြေရှင်းဖို့ လက်မတွန့်ခဲ့ပေ။သို့ရာတွင် ကောင်းကင်ပေါ်မှ နေနတ်ဘုရားရဲ့ မူလအသွင်ဖြစ်တဲ့ ဂဠုန်ငှက်ကြီးအသံကြားရာမှာတော့ အဓိကအရာကိုလျစ်လျူရှု၍မဖြစ်တော့ကြောင်း သူတို့ ဆင်ခြင်မိသွားတော့သည်။
လနတ်ဘုရားက မြေပြင်ပေါ်မှာ လဲကျနေသည့် သွေးစက်လက်နဲ့ ကြယ်နတ်ဘုရားကိုကြည့်ကာ ခေါင်းခါလိုက်သည်။
ထို့နောက် လနတ်ဘုရားဟာလူမြင်ကွင်းမှပျောက်ကွယ်သွားပြီး တိတ်တဆိတ်နဲ့ အစီအရင်တစ်ခုကိုစတင်လုပ်လိုက်သည်။သူဟုဂါထာတစ်ပုဒ်ကို တိုးတိုး တိုးတိုးနဲ့ ရွတ်ဆိုနေတာဖြစ်ပြီး လက် သင်္ကေတတစ်ခုကိုလည်း တစ်ပြိုက်နက်ဖော်ဆောင်နေသေးသည်။အချိန်သိပ်မယူလိုက်ရ သူ့ရဲ့ မျက်လုံးများမှ အဝါရောင်စွမ်းအက်များထကြွလာပြီး ကောင်းကင်ပေါ်မှ နေမင်းနှင့် အပြိုင် လမင်းကပါအချိန်အခါမဟုတ် ထွက်ပေါ်လို့လာခဲ့လေသည်။
အားလုံးကတိုက်ပွဲအပေါ်အာရုံစိုက်နေချိန် ရုတ်တရက်ပိုမိုလင်းချင်းလာသည့် အရှိန်အဝါကြောင့် ကောင်းကင်သို့မော့ကြည့်မိလိုက်ကြရာ မကြုံစဖူး အံ့ဖွယ်အဖြစ် အံ့ဩနေကြရ၏။သို့ရာတွင် မဟေသီဘုရားကမူ မျက်နှာကွက်ခနဲ ပျက်သွားခဲ့လေပြီ။
"မဟေသီဘုရား...သူတို့ဘက်က ပူးပေါင်းဖို့လုပ်လိုက်ပါပြီ !! "
နန်းနွယ်က မဟေသီအနားသို့ အပြေးလာကာ လျှောက်ထားလိုက်သည်။
ကောင်းကင်ပေါ်ရှိ တိုက်ပွဲအခြေအနေကတစ်မျိုးတစ်မည်ပြောင်းလဲဖို့အစပြုနေခဲ့ပြီ။ရစ်ပတ်ထားခံရသည့် ဂဠုန်ငှက်ကြီးရဲ့ အနာဒဏ်ရာများက အမြန် ကျက်လာပြီး ရုန်းထွက်နိုင်စွမ်းအားကပိုများလာခဲ့သည်။နဂါးကြီးအနေဖြင့် ပိုမိုအားကြီးလာတဲ့ ဂဠုန်ငှက်ကြီးရဲ့ တောင်ပံခတ်အားနဲ့ ခြေသည်းများ၊ နှုတ်သီးများရဲ့ တိုက်ခိုက်မှုကို ကြာကြာမခံနိုင်မှာစိုးရိမ်မိသည်။
သိပ်မကြာလိုက် ဂဠုန်ငှက်က အားကုန်သုံးလိုက်ပြီး နဂါးကြီးရဲ့ရစ်ပတ်မှုမှရုန်းထွက်ကာ အားခနဲအော်ဟစ်ပြီး တောင်ပံကြီးကို ဖြန့်ကာ ကောင်းကင်ပေါ်သို့ထိုးတက်သွားတော့သည်။
နဂါးကြီးမှာ အရစ်ပြေကျသွားပြီးနောက် ဒေါသထွက်ကာ ထိုအပေါ်သို့လုပ်ဖို့အလုပ် သူ့အရှေ့၌ပေါ်လာသည့် သက်ရှိအရာလေးတစ်ခု။
သူ့ရဲ့တစ်ဦးတည်းသောမဟေသီ။
မဟေသီက ဒီတိုက်ပွဲထဲကို ဘာလာလုပ်ပါသနည်း။
နဂါးကြီးက နှာမှုတ်ကာ မဟေသီကိုစိုက်ကြည့်လိုက်သည်။ ထို့နောက်အပေါ်သို့တက်သွားရန်အလုပ် မဟေသီအရှင်က နဂါးကြီးရဲ့ အနားသို့တိုးလာခဲ့သည်။ထို့နောက်သူ့ရဲ့ သေးငယ်ပြီးနူးညံ့တဲ့လက်ဖဝါးလေးများဖြင့် နဂါးကြီးရဲ့ ခေါင်းမှဒဏ်ရာများကို ပွတ်သပ်ပေးလိုက်သည်။ထိုအခါ ဒဏ်ရာများက ဖန်စိမ်းရောင်တောက်လာပြီး အမြန်သက်သာလာကာ ချက်ချင်းပင် နဂိုပကတ်အကြေးခွံများကထွက်ပေါ်လာခဲ့သည်။
မဟေသီကဆေးပါကုတတ်တာလား ?
"အား.....အား....."
ဂဠုန်ကြီးက နဂါးအား ထိုးသုတ်ရန် ကောင်းကင်ပေါ်မှ အရှိန်နှင့် ဆင်းချလာခဲ့ပြီ။နဂါးကြီးကလည်း သူ့မဟေသီလေးကို ရှောင်ရှားဖို့ရန်အချက်ပြနေ၏။သို့သော် မဟေသီကမူခေါင်းမာနေဆဲပင်။
ဂဠုန်ကြီးကသူတို့နဲ့အတော်လေးအနီးကပ်သို့ရောက်လာသည့်အခါ ဂဠုန်ကြီး၏အရောင်တို့သည် နဂိုမရောင်မဟုတ်တော့ဘဲ ပိုမိုတောက်ပလာကာ အဆင်တန်ဆာများပင်ပြည့်စုံလာသေးသည်။ကြည့်ရတာ လနတ်ဘုရားရဲ့အကူအညီကသိပ်ကို အသုံး၀င်နေသည့်သဘောမှာ ရှိသည်။သို့သော်...
နဂါးကြီးက သူ့ရဲ့မဟေသီလေးကိုမကာမကွယ်နိုင်မှာကြောက်တာမို့ အဆုံးမှာတော့ မဟေသီလေးရဲ့အပေါ်ကနေအုပ်မိုးပြီး ဂဠုန်ကြီးကိုရင်ဆိုင်ဖို့ပြင်လိုက်သည်။
"ဒုန်း "
နဂါးကလည်းအရွယ်အစားသေးငယ်သွားကာ မြေပြင်ပေါ်သို့ဆင်းလာခဲ့ပြီး ဖြစ်ပျက်သမျှကို အံ့ဩထိတ်လန့်နေခဲ့၏။သူ့ရဲ့မဟေသီ...သူ့ရဲ့မဟေသီက ။
ကောင်းကင်ပေါ်မှာတော့ မဟေသီဘုရား ဟာ မျက်၀န်းအိမ်တို့က အနီရောက်ပိုမိုတောက်ပလာခဲ့ပြီး မျက်ထောင့်နီကြီးဖြင့် မြေပြင်ပေါ်မှအရာအားလုံးကို သေချာစွာလေ့လာနေခဲ့သည်။သူ့ရဲ့ အသွင်အပြင်ကအရာအားလုံးအပေါ် ဒေါသထွက်နေပုံပေါ်ပြီး မျက်ထောင့်နီကြီးဖြင့် ကြည့်နေပုံက သတ္တိဝါအားလုံးကိုသတ်ဖြတ်ချင်နေသယောင်။
"သူကဘာဖြစ်သွားတာလဲ..."
မီးနတ်ဘုရားကထိတ်လန့်စွာရေရွတ်လိုက်သည်။
"မဟေသီဘုရားက ဒဏ္ဍာရီလာ အဆုံးအစမဲ့ယက္ခအမြုတေပိုင်ရှင်ပဲ၊ ဒါကသူ့ရဲ့ မူလအသွင်အပြင်ပါ "
မီးနတ်ဘုရားရဲ့အနားသို့နတ်ဘီလူးမတစ်ကောင်ကရောက်လာခဲ့ပြီး သူ့ကို အရိုအသေပြုကာလျှောက်လိုက်သည်။
"မင်းက.... ဈေးကတစ်ယောက်မဟုတ်လား"
"မှန်ပါတယ်အရှင်၊ ကျွန်ုပ်က မယ်ယက္ခ လို့ခေါ်ပါတယ်။ ယက္ခအမြုတေပိုင်ရှင်ရဲ့အလုပ်အကြွေးတွေပါပဲ "
"ယက္ခအမြုတေကဘာလဲ "
"သူကအဆုံးအစမဲ့အမြုတေရဲ့ အမျိုးအစားပါပဲ "
"ရူရူ !!"
"အရှင်မခေါ်သင့်သေးပါဘူး၊ မဟာယက္ခအရှင်ရဲ့ ဒေါသကသိပ်ကိုကြီးမားပါတယ်။ ထိပ်သီးနတ်ဘုရားတွေအားလုံးပေါင်းရင်တောင် မနိုင် နိုင်မှာစိုးရပါတယ် "
မဟေသီအရှင်မြတ်က တစ်ခုခုကိုရှာဖွေနေပုံရသည်။
ထိုအခိုက် ယိုင်တိုင်တိုင်ပုံရိပ်တစ်ခုက တောအုပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ထိုအရာက လနတ်ဘုရားပင်။ သူကပါးစပ်မှလည်း သွေးများကျနေပြီး အတွင်း ဒဏ်ရာရနေပုံရသည်။သို့သော် သွေးပင်လယ်ဝေနေသည့် နေနတ်ဘုရားလောက်တော့အဖြစ်မဆိုးသေး။
"အဟွန်း..."
မဟေသီအရှင်ကပြုံးလိုက်ပြီး ဟွန်းခနဲ နှာမှုတ်ကာ ထိုတောအုပ်အစပ်ဆီသို့ပြေးသွားလိုက်သည်။ပြေူနေရင်းနဲ့ လက်ထဲမှာပေါ်လာတာက အရောင်တစ်လက်လက်ဖြင့် ဓားကွေးတစ်ခု။ထိုအရာကပြေးနေသည့်ကြားတွင် အရောင်တစ်လက်လက်ဖြင့် တစ်စုံတစ်ယောက်ရဲ့ သွေးကိုဆာလောင်နေ၏။
လနတ်ဘုရားကရုတ်တရက်ကောင်းကင်ပေါ်မှသူ့ဆီကိုဦးတည်လာနေသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် ထိတ်လန့်သွားကာ အမြန်စစ်ဆေးလိုက်ရာ မဟေသီကိုတွေ့လိုက်သဖြင့် ထွက်ပြေးဖို့ဆုံးဖြတ်လိုက်သည်။
အဲ့ဒီမဟေသီက သိပ်ကိုစွမ်းအားကြီးမားပြီး အကြောက်အလန့်မရှိ သွေးအေးလွန်းတယ်။ နေနတ်ဘုရားနဲ့ သူနဲ့ ပူးပေါင်းထားတဲ့ အစီအရင်ကိုတောင် လက်ဖဝါးတစ်ချက်တည်းနဲ့ရင်ဆိုင်ရဲတယ်။အခုအချိန် သူသွားပြီး ရင်ဆိုင်ရင်လား။ သေလမ်းပဲရှိတယ် !!
လနတ်ဘုရားကမြန်နိုင်သမျှမြန်မြန်ပြေးကာ အနောက်မှ လိုက်လာသည့် မဟေသီဘုရားကလည်း ထပ်ချပ်မကွာပင်လိုက်လာခဲ့သည်။
"မလိုက်ခဲ့နဲ့ ....ငါ့နောက်ကိုမလိုက်ခဲ့နဲ့၊ ငါက လနတ်ဘုရားပဲ၊ မင်းငါ့ကိုသတ်ဖြတ်လို့မရဘူး ! "
"ဟား...ဟား...ဟား..."
"သေသင့်တဲ့အမှိုက်လိုကောင်၊ ငါ့လမ်းမှာရာရာစစလာရှုပ်ရဲတယ်ပေါ့လေ ! "
"ငါမဟုတ်ဘူး။ အဲ့ဒါ နေနတ်ဘုရား...မင်းရဲ့ ခင်ပွန်းဟောင်းကလုပ်ခိုင်းတာ၊ဟုတ်တယ်၊ သူလုပ်ခိုင်းတာ၊ ငါ့ကိုအပြစ်လာမတင်နဲ့ "
"သွားသေလိုက် ! "
"အရှင်မသွားပါနဲ့ဦး၊ မဟာယက္ခအရှင်ရဲ့ သွေးဆာမှုကို ထိနိးသိမ်းမယ့်သူဟာမကြာမီမှာ ရောက်လာပါလိမ့်မယ်"
"ရပ်လိုက်စမ်း !! ရာရာစစ ငါ့ရဲ့ကောင်းကင်ဘုံမှာ ထိပ်သီးနတ်ဘုရားရဲ့ သွေးကိုမြေကျစေရဲတယ် ၊အတင့်ရဲလိုက်တာ "
ကောင်းကင်ဘုံအုပ်ချုပ်သူကရောက်ရှိလာပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။သူက ဒဏ်ရာအပြည့်နဲ့နေနတ်မင်း အပြင် ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေသည့် တူတော် လနတ်ဘုရားကိုပါမြင်လိုက်ရသောအခါ ပိုမို ဒေါသထွက်သွားတော့သည်။
မဟေသီဘုရားက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ အသံကိုကြားတဲ့အခါ ကျောပေးနေရာမှခေါင်းစောင်းကာကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
"ကိုယ့်ရဲ့သားတော်ကို လုပ်ကြံဖို့ ပူးပေါင်းတဲ့ ဖအေကများ ရာရာစစ ဆိုတဲ့စကားလုံးကိုသုံးရဲတယ်ပေါ့လေ ၊ဟုတ်လား ၊ကောင်းကင်ဘုံအုပ်ချုပ်သူဆိုတဲ့နေရာက မမျှမတလုပ်ဖို့မဟုတ်ဘူး မင်းမဟာစံ ! ငါ့ကိုမလာ လာအောင် အမှားတွေတစ်ပုံတစ်ပင်ကြီးလုပ်ထားတဲ့ သတ္တဝါကများ !! "
"ဘာပြောလိုက်တယ် ! "
ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့နာမည်အရင်းဟာ မင်းမဟာစံဖြစ်ပြီးသူ့ရဲ့ ဒီနာမည်ကိုသိသူဟာလည်းသိပ်မရှိလှ။
"ငါ့ကိုတောင်မမှတ်မိတော့ဘူးလား မင်းမဟာစံ "
မဟေသီဘုရားက ကောင်းကင်ဘုံအုပ်ချုပ်သူကို လှည့်လိုက်ရာ ထွက်ပေါ်လာသည့် မျက်နှာကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူတစ်ယောက် လေအေးများကို ပင့်ရှိုက်မိသွားတော့သည်။
"မဟာယက္ခအရှင် "
"ငါ့ရဲ့ဘီလူး အနွယ်တွေကိုနှိမ့်ချရဲပြီး ကိုယ့်သားကိုယ်တောင် ပြန်သတ်ဖို့ ကြိုးစားရဲတဲ့ မင်းကို ဒီအတိုင်းထားရမတဲ့လား "
မဟေသီဘုရားကလက်ထဲပြန်ရောက်လာသည့် ဓားကွေးလေးကို ကိုင်ကာ မြှောက်ပြလိုက်သည်။
"အရှင် ဒီလောက်ရိုင်းပြနေတဲ့ဟာကို သေဒဏ်ပေးလိုက်ပါတော့၊ ကျွန်ုပ်တို့ရဲ့သားတော်က အသက်ဆုံးရှုံးရတော့မလို့ပါ၊ အရှင်မလုပ်ရဲရင်လည ကျွန်တော်မျိုးမပဲ...."
"အာ့ "
မယ်တော်မိဖုရားရဲ့ ဦးခေါင်းဟာ မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပြီး ဓားကွေးဟာလည်း မျက်စိတစ်မှိတ်အတွင်း မဟေသီဘုရားရဲ့ လက်အတွင်းသို့ပြန်ရောက်သွားခဲ့တော့သည်။
"ရှင်မ !! "
ကောင်းကင်ဘုံအုပ်ချုပ်သူမှ တားချိန်ပင်မရလိုက်ဘဲ သူ့ရဲ့မိဖုရားဟာ အသက်ပျောက်သွားခဲ့ပြီ။ မဟာယက္ခအရှင်က အေးငြိမ်းရာမှာစံမြန်းနေပြီး ဒီစကြ၀ဠာမှာ မဟုတ်ဘူးလို့တောင်သူတွေးထင်နေခဲ့တာ။ အမြုတေရဲ့သတင်းကလည်းဘယ်မှာမှစုံစမ်းလို့မရခဲ့တာမလို့ သူပေါ့ဆခဲ့မိခဲ့တာ။အခုတော့...။
"နားညည်းတယ်၊ မင်းလည်း သူ့ရဲ့နောက်ကိုလိုက်သွားသင့်တယ် !!"
မဟေသီဘုရားက လက်ထဲမှ ဓားကွေးလေးကို လွှတ်ရန်ပြင်လိုက်သည့် အချိန်တွင် အသံတစ်ခုကိုကြားလိုက်သည်။
"သားတော်....ရပ်လိုက်တော့ "
သူသိပ်ကိုသတိရေနခဲ့သည့် အသံ။
သူ့ရင်ထဲအသည်းထဲမှာ အမြဲထင်ကျန်နေခဲ့သည့်ပုံရိပ်က သူ့အရှေ့မှာတစ်ကယ်ပဲပေါ်ထွက်လာခဲ့ပြီလား။
သူသိပ်ကိုတွေ့ချင်နေခဲ့သည့် လူသား။
ဖေဖေ....
မဟေသီတစ်ယောက် အသံကြားရာသို့ လှည့် ကြည့်လိုက်ရာမြင်လိုက်ရသည့် ပုံရိပ်တစ်ခုကြောင့် မျက်လုံးများကဝိုင်းစက်လာကာ မျက်ရည်တို့ကဝေ့ဝဲလျက် လှိုင်းထနေသည့် ဒေါသတို့က ရုတ်ချည်းပင်ငြိမ်သက်သွားရသည်။
ဟန်ဟန်ကနူးညံ့စွာခေါ်လိုက်သည်။ဟန်ဟန်က ရိုးရှင်းစွာ ၀တ်ဆင်ထားပြီး အေးချမ်းကာ ငယ်ရွယ်နေသည့် ပုံပေါ်လေသည်။ထို့အပြင် ဟန်ဟန့်ရဲ့ နဂို နတ်ဒေဝါအလှ၊ ထူးခြားပြီး အေးစက်ရှတသည့် အလှတရားက မှေးမှိန်မသွားဘဲ အလှကြီးလှနေဆဲပင်။
"ဖေဖေ ! "
မဟေသီဘုရားက သူ့ရဲ့ ဖေဖေ့ဆီသို့ပြေးသွားခဲ့ပြီး နုးညံ့မလိုနဲ့ သန်မာ ကာ လုံခြုံသည့် အဖေဖြစ်သူရဲ့ ရင်ခွင်ထဲသို့တိုးဝှေ့ကာ၀င်သွားခဲ့သည်။
"လွမ်းနေခဲ့တာ "
မဟေသီဘုရားရဲ့ မျက်ရည်တို့ကအဆီးအတားမရှိကျလာခဲ့ပြီး ဖအေဖြစ်သူ ဟန်ဟန်ဟာလည်း မျက်ရည်တို့ရစ်ဝိုင်းဟ
န်ဖြင့် သားဖြစ်သူရဲ့ကျောလေးကိုပုတ်ကာ နှစ်သိမ့်နေလိုက်သည်။
"ဖေဖေလည်း တစ်ရက်မပြတ် လွမ်းနေခဲ့ရတာပါကွယ်"
နန်းနွယ် နဲ့ နန်းမြတို့ဟာလည်း မျက်ရည်တာကျိူးမတတ်ပင်။ သူမတို့ရဲ့ရုပ် အသွင်အပြင်တွေကတော့ စုစုနဲ့ သုသုအဖြစ်သို့ပြောင်းလဲသွားခဲ့လေပြီ။
မျှော်။
Zawgyi
ေကာင္းကင္ေပၚတြင္ သတၱဝါႀကီးႏွစ္ေကာင္၏တိုက္ပြဲကျပင္းထန္ေနဆဲပင္။
ဂဠဳန္သတၱဝါသည္ ခႏၶာကိုယ္အ႐ြယ္အစားႀကီးမားသလို လႈပ္ရွားမႈတို႔ကလ်င္ျမန္၏။ေနနတ္ဘုရား သူရိယေဒဝါ ဟူသည္လည္း သက္တမ္းရင့္ နတ္ဘုရားတစ္ပါးျဖစ္ေလရာ တိုက္ပြဲ၏အေျခအေနသည္ ေနနတ္ဘုရားတစ္ျဖစ္လဲ ဂဠဳန္ႀကီး၏လက္တြင္း၌သာရွိေနေလသည္။
ဂဠဳန္ႀကီးက နဂါးႀကီးအား ႏႈတ္သီးျဖင့္ ထိုးဆိတ္လိုက္ ေျခသည္းတို႔ျဖင့္ ကုပ္ခ်ီရန္ႀကိဳးစားလိုက္ျဖင့္ ေရွ႕တိုးတခ်ီ ေနာက္တိုးတစ္လွည့္ျဖင့္ နည္းပရိယာယ္ႂကြယ္၀စြာျဖင့္ တိုက္ကြက္ခင္းလ်က္ရွိသည္။ နဂါးႀကီးမွာ တစ္ဖက္မွတိုက္ခိုက္လာသည္မ်ားကို တစ္ဖက္သတ္ခုခံရင္း တိုက္ကြက္ဖြင့္ခ်ိန္ပင္မရ။ မရဆို တစ္ဖက္ကဂဠဳန္ကလည္း သူ႔ကို အခြင့္အေရးမေပးဘဲ တိုက္ခိုက္ေနသည္ေလ။
အေျခအေနအရ ဂဠဳန္ႀကီးကအသာစီးရေနေသာေၾကာင့္ လနတ္ဘုရားတို႔အဖြဲ႕ဟာ ေ႐ႊဉာဏ္ေတာ္စူးေရာက္ လုပ္ရပ္တစ္ခုကိုျပဳလုပ္ဖို႔ ႀကိဳးစားလိုက္ၾကသည္။
အမွန္ပင္ သနားစရာ နတ္ဘုရားမ်ားပါတကား။
မေဟသီဘုရား ႐ူစႏၵာအဏီရာကို ဖမ္းဆီးဖို႔လုပ္ၾကသည္တဲ့ေလ။
မေဟသီဘုရားက တိုက္ပြဲကိုသာအာ႐ုံစိုက္ေနခ်ိန္တြင္ နတ္ဘုရားအုပ္စုႀကီးက တစ္ျဖည္းျဖည္းႏွင့္ သူ႔အနားကိုေရာက္ရွိလာေၾကာင့္ သူမသိလိုက္။ခဏအၾကာ ဘုန္းဟူေသာ အသံႀကီးနဲ႔ အတူ နတ္ဘုရားမ်ား အေနာက္ဘက္သို႔လြင့္သြားတာကို ျမင္လိုက္ရ၏။
မေဟသီဘုရားၾကည့္လိုက္ေတာ့ ပုံလုံဟူက ေျမျပင္ေပၚတြင္ မႈန္ကုပ္စြာရပ္ၾကည့္ေနၿပီး နတ္ဘုရားအုပ္စုကမူ ေျမျပင္ေပၚတြင္လဲက်ကာ အလူးအလဲျဖစ္ေနၾက၏။ ႐ူ႐ူတစ္ေယာက္ ထိတ္ခနဲျဖစ္သြားရင္း ပုံလုံဟူေလးအနားကိုေျပးသြားကာ ေခါင္းကိုေခါက္ထည့္လိုက္သည္။
"ေလွ်ာက္မသြားနဲ႔၊ ေခါင္းျပဳတ္ခ်င္ေနသလား၊ ဒီေလာက္ရက္စက္ၾကမ္းၾကဳတ္တဲ့သူေတြရွိေနတာကို ဂ႐ုစိုက္မွေပါ့၊ ေနာက္တစ္ခါဆို ဒီထက္နာမယ္ ! "
လနတ္ဘုရားႏွင့္ၾကယ္စင္အစုအေဝးနတ္ဘုရားမ်ား
"အဲ့ဒီကေလးကဘယ္ကလဲ..."
ၾကယ္စင္အစုအေဝးအႀကီးအကဲနတ္ဘုရားကေမးျမန္းလိုက္ရာ လနတ္ဘုရားသည္လည္းမေျဖႏိုင္။
"ကြၽႏ္ုပ္လည္း မီးနတ္ဘုရားမွာ ဒီလိုအ႐ြယ္ေႁခြအရံမ်ားရွိတယ္လို႔မၾကားမိပါဘူး၊ "
"ရာဘ အဲ့ဒီကေလးကို မင္းသြားဖမ္းေခ်၊"
လနတ္ဘုရားက ေတြးဆဆျဖင့္ သူ႔ေနာက္က နတ္စစ္သည္တစ္ဦးကို ထိုကေလးအားဖမ္းဆီးခိုင္းလိုက္သည္။
နတ္စစ္သည္ရာဘသည္ ထိုကေလးေပါက္စအ႐ြယ္အား မိမိကို တာ၀န္ေပးသည္ေၾကာင့္ နည္းနည္းေတာ့ မာနထိခိုက္မိသည္ပင္။ သူ႔လိုေတာ္၀င္နတ္စစ္သည္တစ္ဦးက ကေလးသာသာ တစ္စုံတစ္ဦးကို ဖမ္းဆီးရမည္တဲ့ ! အိပ္မက္ထဲေတာင္ထည့္မမက္ဖူး။
"လာစမ္း "
နတ္စစ္သည္ရာဘက ကေလးကိုလက္ကိုဆြဲေဆာင့္ကာ ဖမ္းဆီးရန္လုပ္လိုက္သည္။ သို႔ေပမယ့္ မထင္မွတ္စြာပင္ သူ႔ဆီကို ႀကီးမားတဲ့ ႐ႊံ႕ခဲတုံးႀကီးတစ္ခုက က်ေရာက္လာၿပီး အဲ့ဒီေနာက္မွာပဲ ထို ႐ႊံ႕ခဲတုံးႀကီးက တစ္ျဖည္းျဖည္းနဲ႔ႀကီးထြားလာကာ အေနာက္မွနတ္ဘုရားမ်ားကိုပါ ထိမွန္ၿပီး ေျမျပင္ေပၚသို႔က်ေရာက္ေစခဲ့သည္။
"ဝုန္း "
႐ႊံ႕ခဲတုံးႀကီးက ႀကီးမားၿပီး ထုထည္အားျဖင့္ သိပ္သည္းဆမ်ားစြာရွိတာေၾကာင့္ စိတ္စြမ္းအင္မရွိေသာ္ၾကား သူတို႔အေနနဲ႔ ခန႔္မွန္းမရတဲ့ စြမ္းအင္ထိခိုက္မႈကိုခံစားလိုက္ၾကရေလသည္။
သူတို႔အားလုံးက မရင္းႏွီးတဲ့ စြမ္းအင္ေၾကာင့္ မိန္းေမာကာ ေတြးဆေနတုန္းမွာပဲ မီးနတ္မေဟသီက ဒီပေဟဠိသတၱဝါေလးကို ေၾကာက္တတ္ဖို႔သတိေပးၿပီး ေခၚသြားသည္တဲ့ေလ။
ခံလိုက္ရတာက ငါတို႔ေလ...
အေၾကာက္အလန႔္မရွိတာက အဲ့ဒီကေလးေလ !!
"နန္းႏြယ္... နန္းျမ "
မေဟသီက လနတ္ဘုရားတို႔ကို စေနာက္သလိုၾကည့္လိုက္ၿပီး
"မင္းတို႔ေျဖရွင္းလိုက္ "
"ေကာင္းပါၿပီ မေဟသီအရွင္ "
နန္းႏြယ္နဲ႔ နန္းျမတို႔ဟာ သာမန္အားျဖင့္ သာမန္မေျခအရံမ်ားသာျဖစ္သည္မို႔ အင္အားႀကီး နတ္ဘုရားမ်ားကို ယွဥ္ၿပိဳင္ဖို႔ေနေနသာသာ ေမာ္လို႔ေတာင္ ၾကည့္ႏိုင္မည္မဟုတ္ၾက။ သို႔ရာတြင္ သူမတို႔သည္ အဆုံးအစမဲ့အျမဳေတပိုင္ရွင္ျဖစ္သူ မေဟသီသခင္ရဲ႕ အေစာင့္အေရွာက္ေအာက္တြင္ရွိေနသည္ေလ။သူတို႔ဟာ ေသဆုံးသြားၾကရင္ေတာင္ တစ္ဖန္ျပန္လည္ရွင္သန္ႏိုင္မယ္လို႔ ယုံၾကည္ေနၾကဆဲပင္။
ထိုအခိုက္ေကာင္းကင္ေပၚရွိတိုက္ပြဲတြင္ အေျခအေနက႐ုတ္ခ်ည္းေျပာင္းလဲသြားခဲ့သည္။ဂဠဳန္ငွက္ႀကီးကေျခသည္းျဖင့္ နဂါးရဲ႕ အေၾကးခြဲကိုကုပ္လိုက္ခ်ိန္တြင္ နဂါးႀကီးရဲ႕ ႀကီးမားနဲ႔ အၿမီးႀကီးက ဂဠဳန္ရဲ႕ ေတာင္ပံ ႏွစ္ဖက္ကို ထိထိမိမိႀကီး႐ိုက္ခ်ပစ္လိုက္ၿပီး လ်င္ျမန္စြာပင္ ဂဠန္ႀကီးကို ခႏၶာကိုယ္ျဖင့္ရစ္ပတ္ကာ ဖမ္းဆီးပစ္လိုက္သည္။သန္မာတဲ့အေၾကးခြံနဲ႔ ရွည္လ်ားတဲ့ခႏၶာကိုယ္ႀကီးက ဂဠဳန္ငွက္၏ ကိုယ္ခႏၶာကိုယ္တစ္ရစ္ၿပီးတစ္ရင္ ဆြဲညႇစ္ေနခ်ိန္တြင္ ငွက္ႀကီး၏ ႐ုန္းထြက္မႈမွာ အားေလ်ာ့ရင္းအားေလ်ာ့လာခဲ့ေတာ့သည္။
ငွက္ႀကီးရဲ႕ ေတာင္ပံက တျဗန္းျဗန္းနဲ႔ နဂါးႀကီးကို ဘယ္ေလာက္ပင္႐ိုက္ခတ္ေနပါေစ နဂါးႀကီးကေတာ့ မလႊတ္တမ္း ဆြဲညႇစ္ထားဆဲပင္။ ထိုအခါမွ သာ နဂါးႀကီးသည္ မသြက္လက္တာမဟုတ္၊ တိုက္ပြဲစြမ္းရည္မျပည့္၀တာမဟုတ္ဘဲ အခြင့္ေကာင္းကိုေစာင့္ေနျခင္းသာျဖစ္ေၾကာင္းသိလိုက္ရေလသည္။
"အား......"
နဂါးႀကီးဟာရစ္ပတ္႐ုံသာအားမရႏိုင္ဘဲဂဠဳန္ငွက္ႀကီးရဲ႕ခႏၶာအႏွံ႔ကို မီးမႈတ္ပစ္လိုက္ရာ ငွက္ႀကီးခမ်ာ ေလာင္ၿမိဳက္ျခင္းကို ျပင္းထန္စြာ ေဝဒနာခံစားရၿပီး ေအာ္ဟစ္ေနရေတာ့သည္။
အစပိုင္းတြင္ေတာ့ လနတ္ဘုရားတို႔အဖို႔အေႁခြအရံေလးႏွစ္ေယာက္ကို ေျဖရွင္းဖို႔ လက္မတြန႔္ခဲ့ေပ။သို႔ရာတြင္ ေကာင္းကင္ေပၚမွ ေနနတ္ဘုရားရဲ႕ မူလအသြင္ျဖစ္တဲ့ ဂဠဳန္ငွက္ႀကီးအသံၾကားရာမွာေတာ့ အဓိကအရာကိုလ်စ္လ်ဴရႈ၍မျဖစ္ေတာ့ေၾကာင္း သူတို႔ ဆင္ျခင္မိသြားေတာ့သည္။
လနတ္ဘုရားက ေျမျပင္ေပၚမွာ လဲက်ေနသည့္ ေသြးစက္လက္နဲ႔ ၾကယ္နတ္ဘုရားကိုၾကည့္ကာ ေခါင္းခါလိုက္သည္။
ထို႔ေနာက္ လနတ္ဘုရားဟာလူျမင္ကြင္းမွေပ်ာက္ကြယ္သြားၿပီး တိတ္တဆိတ္နဲ႔ အစီအရင္တစ္ခုကိုစတင္လုပ္လိုက္သည္။သူဟုဂါထာတစ္ပုဒ္ကို တိုးတိုး တိုးတိုးနဲ႔ ႐ြတ္ဆိုေနတာျဖစ္ၿပီး လက္ သေကၤတတစ္ခုကိုလည္း တစ္ၿပိဳက္နက္ေဖာ္ေဆာင္ေနေသးသည္။အခ်ိန္သိပ္မယူလိုက္ရ သူ႔ရဲ႕ မ်က္လုံးမ်ားမွ အဝါေရာင္စြမ္းအက္မ်ားထႂကြလာၿပီး ေကာင္းကင္ေပၚမွ ေနမင္းႏွင့္ အၿပိဳင္ လမင္းကပါအခ်ိန္အခါမဟုတ္ ထြက္ေပၚလို႔လာခဲ့ေလသည္။
အားလုံးကတိုက္ပြဲအေပၚအာ႐ုံစိုက္ေနခ်ိန္ ႐ုတ္တရက္ပိုမိုလင္းခ်င္းလာသည့္ အရွိန္အဝါေၾကာင့္ ေကာင္းကင္သို႔ေမာ့ၾကည့္မိလိုက္ၾကရာ မႀကဳံစဖူး အံ့ဖြယ္အျဖစ္ အံ့ဩေနၾကရ၏။သို႔ရာတြင္ မေဟသီဘုရားကမူ မ်က္ႏွာကြက္ခနဲ ပ်က္သြားခဲ့ေလၿပီ။
"မေဟသီဘုရား...သူတို႔ဘက္က ပူးေပါင္းဖို႔လုပ္လိုက္ပါၿပီ !! "
နန္းႏြယ္က မေဟသီအနားသို႔ အေျပးလာကာ ေလွ်ာက္ထားလိုက္သည္။
ေကာင္းကင္ေပၚရွိ တိုက္ပြဲအေျခအေနကတစ္မ်ိဳးတစ္မည္ေျပာင္းလဲဖို႔အစျပဳေနခဲ့ၿပီ။ရစ္ပတ္ထားခံရသည့္ ဂဠဳန္ငွက္ႀကီးရဲ႕ အနာဒဏ္ရာမ်ားက အျမန္ က်က္လာၿပီး ႐ုန္းထြက္ႏိုင္စြမ္းအားကပိုမ်ားလာခဲ့သည္။နဂါးႀကီးအေနျဖင့္ ပိုမိုအားႀကီးလာတဲ့ ဂဠဳန္ငွက္ႀကီးရဲ႕ ေတာင္ပံခတ္အားနဲ႔ ေျခသည္းမ်ား၊ ႏႈတ္သီးမ်ားရဲ႕ တိုက္ခိုက္မႈကို ၾကာၾကာမခံႏိုင္မွာစိုးရိမ္မိသည္။
သိပ္မၾကာလိုက္ ဂဠဳန္ငွက္က အားကုန္သုံးလိုက္ၿပီး နဂါးႀကီးရဲ႕ရစ္ပတ္မႈမွ႐ုန္းထြက္ကာ အားခနဲေအာ္ဟစ္ၿပီး ေတာင္ပံႀကီးကို ျဖန႔္ကာ ေကာင္းကင္ေပၚသို႔ထိုးတက္သြားေတာ့သည္။
နဂါးႀကီးမွာ အရစ္ေျပက်သြားၿပီးေနာက္ ေဒါသထြက္ကာ ထိုအေပၚသို႔လုပ္ဖို႔အလုပ္ သူ႔အေရွ႕၌ေပၚလာသည့္ သက္ရွိအရာေလးတစ္ခု။
သူ႔ရဲ႕တစ္ဦးတည္းေသာမေဟသီ။
မေဟသီက ဒီတိုက္ပြဲထဲကို ဘာလာလုပ္ပါသနည္း။
နဂါးႀကီးက ႏွာမႈတ္ကာ မေဟသီကိုစိုက္ၾကည့္လိုက္သည္။ ထို႔ေနာက္အေပၚသို႔တက္သြားရန္အလုပ္ မေဟသီအရွင္က နဂါးႀကီးရဲ႕ အနားသို႔တိုးလာခဲ့သည္။ထို႔ေနာက္သူ႔ရဲ႕ ေသးငယ္ၿပီးႏူးညံ့တဲ့လက္ဖဝါးေလးမ်ားျဖင့္ နဂါးႀကီးရဲ႕ ေခါင္းမွဒဏ္ရာမ်ားကို ပြတ္သပ္ေပးလိုက္သည္။ထိုအခါ ဒဏ္ရာမ်ားက ဖန္စိမ္းေရာင္ေတာက္လာၿပီး အျမန္သက္သာလာကာ ခ်က္ခ်င္းပင္ နဂိုပကတ္အေၾကးခြံမ်ားကထြက္ေပၚလာခဲ့သည္။
မေဟသီကေဆးပါကုတတ္တာလား ?
"အား.....အား....."
ဂဠဳန္ႀကီးက နဂါးအား ထိုးသုတ္ရန္ ေကာင္းကင္ေပၚမွ အရွိန္ႏွင့္ ဆင္းခ်လာခဲ့ၿပီ။နဂါးႀကီးကလည္း သူ႔မေဟသီေလးကို ေရွာင္ရွားဖို႔ရန္အခ်က္ျပေန၏။သို႔ေသာ္ မေဟသီကမူေခါင္းမာေနဆဲပင္။
ဂဠဳန္ႀကီးကသူတို႔နဲ႔အေတာ္ေလးအနီးကပ္သို႔ေရာက္လာသည့္အခါ ဂဠဳန္ႀကီး၏အေရာင္တို႔သည္ နဂိုမေရာင္မဟုတ္ေတာ့ဘဲ ပိုမိုေတာက္ပလာကာ အဆင္တန္ဆာမ်ားပင္ျပည့္စုံလာေသးသည္။ၾကည့္ရတာ လနတ္ဘုရားရဲ႕အကူအညီကသိပ္ကို အသုံး၀င္ေနသည့္သေဘာမွာ ရွိသည္။သို႔ေသာ္...
နဂါးႀကီးက သူ႔ရဲ႕မေဟသီေလးကိုမကာမကြယ္ႏိုင္မွာေၾကာက္တာမို႔ အဆုံးမွာေတာ့ မေဟသီေလးရဲ႕အေပၚကေနအုပ္မိုးၿပီး ဂဠဳန္ႀကီးကိုရင္ဆိုင္ဖို႔ျပင္လိုက္သည္။
"ဒုန္း "
နဂါးကလည္းအ႐ြယ္အစားေသးငယ္သြားကာ ေျမျပင္ေပၚသို႔ဆင္းလာခဲ့ၿပီး ျဖစ္ပ်က္သမွ်ကို အံ့ဩထိတ္လန႔္ေနခဲ့၏။သူ႔ရဲ႕မေဟသီ...သူ႔ရဲ႕မေဟသီက ။
ေကာင္းကင္ေပၚမွာေတာ့ မေဟသီဘုရား ဟာ မ်က္၀န္းအိမ္တို႔က အနီေရာက္ပိုမိုေတာက္ပလာခဲ့ၿပီး မ်က္ေထာင့္နီႀကီးျဖင့္ ေျမျပင္ေပၚမွအရာအားလုံးကို ေသခ်ာစြာေလ့လာေနခဲ့သည္။သူ႔ရဲ႕ အသြင္အျပင္ကအရာအားလုံးအေပၚ ေဒါသထြက္ေနပုံေပၚၿပီး မ်က္ေထာင့္နီႀကီးျဖင့္ ၾကည့္ေနပုံက သတၱိဝါအားလုံးကိုသတ္ျဖတ္ခ်င္ေနသေယာင္။
"သူကဘာျဖစ္သြားတာလဲ..."
မီးနတ္ဘုရားကထိတ္လန႔္စြာေရ႐ြတ္လိုက္သည္။
"မေဟသီဘုရားက ဒ႑ာရီလာ အဆုံးအစမဲ့ယကၡအျမဳေတပိုင္ရွင္ပဲ၊ ဒါကသူ႔ရဲ႕ မူလအသြင္အျပင္ပါ "
မီးနတ္ဘုရားရဲ႕အနားသို႔နတ္ဘီလူးမတစ္ေကာင္ကေရာက္လာခဲ့ၿပီး သူ႔ကို အ႐ိုအေသျပဳကာေလွ်ာက္လိုက္သည္။
"မင္းက.... ေဈးကတစ္ေယာက္မဟုတ္လား"
"မွန္ပါတယ္အရွင္၊ ကြၽႏ္ုပ္က မယ္ယကၡ လို႔ေခၚပါတယ္။ ယကၡအျမဳေတပိုင္ရွင္ရဲ႕အလုပ္အေႂကြးေတြပါပဲ "
"ယကၡအျမဳေတကဘာလဲ "
"သူကအဆုံးအစမဲ့အျမဳေတရဲ႕ အမ်ိဳးအစားပါပဲ "
"႐ူ႐ူ !!"
"အရွင္မေခၚသင့္ေသးပါဘူး၊ မဟာယကၡအရွင္ရဲ႕ ေဒါသကသိပ္ကိုႀကီးမားပါတယ္။ ထိပ္သီးနတ္ဘုရားေတြအားလုံးေပါင္းရင္ေတာင္ မႏိုင္ ႏိုင္မွာစိုးရပါတယ္ "
မေဟသီအရွင္ျမတ္က တစ္ခုခုကိုရွာေဖြေနပုံရသည္။
ထိုအခိုက္ ယိုင္တိုင္တိုင္ပုံရိပ္တစ္ခုက ေတာအုပ္အတြင္းမွ ထြက္ေပၚလာခဲ့သည္။ထိုအရာက လနတ္ဘုရားပင္။ သူကပါးစပ္မွလည္း ေသြးမ်ားက်ေနၿပီး အတြင္း ဒဏ္ရာရေနပုံရသည္။သို႔ေသာ္ ေသြးပင္လယ္ေဝေနသည့္ ေနနတ္ဘုရားေလာက္ေတာ့အျဖစ္မဆိုးေသး။
"အဟြန္း..."
မေဟသီအရွင္ကၿပဳံးလိုက္ၿပီး ဟြန္းခနဲ ႏွာမႈတ္ကာ ထိုေတာအုပ္အစပ္ဆီသို႔ေျပးသြားလိုက္သည္။ေျပဴေနရင္းနဲ႔ လက္ထဲမွာေပၚလာတာက အေရာင္တစ္လက္လက္ျဖင့္ ဓားေကြးတစ္ခု။ထိုအရာကေျပးေနသည့္ၾကားတြင္ အေရာင္တစ္လက္လက္ျဖင့္ တစ္စုံတစ္ေယာက္ရဲ႕ ေသြးကိုဆာေလာင္ေန၏။
လနတ္ဘုရားက႐ုတ္တရက္ေကာင္းကင္ေပၚမွသူ႔ဆီကိုဦးတည္လာေနသည့္ အႏၲရာယ္အေငြ႕အသက္ကို ခံစားမိသျဖင့္ ထိတ္လန႔္သြားကာ အျမန္စစ္ေဆးလိုက္ရာ မေဟသီကိုေတြ႕လိုက္သျဖင့္ ထြက္ေျပးဖို႔ဆုံးျဖတ္လိုက္သည္။
အဲ့ဒီမေဟသီက သိပ္ကိုစြမ္းအားႀကီးမားၿပီး အေၾကာက္အလန႔္မရွိ ေသြးေအးလြန္းတယ္။ ေနနတ္ဘုရားနဲ႔ သူနဲ႔ ပူးေပါင္းထားတဲ့ အစီအရင္ကိုေတာင္ လက္ဖဝါးတစ္ခ်က္တည္းနဲ႔ရင္ဆိုင္ရဲတယ္။အခုအခ်ိန္ သူသြားၿပီး ရင္ဆိုင္ရင္လား။ ေသလမ္းပဲရွိတယ္ !!
လနတ္ဘုရားကျမန္ႏိုင္သမွ်ျမန္ျမန္ေျပးကာ အေနာက္မွ လိုက္လာသည့္ မေဟသီဘုရားကလည္း ထပ္ခ်ပ္မကြာပင္လိုက္လာခဲ့သည္။
"မလိုက္ခဲ့နဲ႔ ....ငါ့ေနာက္ကိုမလိုက္ခဲ့နဲ႔၊ ငါက လနတ္ဘုရားပဲ၊ မင္းငါ့ကိုသတ္ျဖတ္လို႔မရဘူး ! "
"ဟား...ဟား...ဟား..."
"ေသသင့္တဲ့အမႈိက္လိုေကာင္၊ ငါ့လမ္းမွာရာရာစစလာရႈပ္ရဲတယ္ေပါ့ေလ ! "
"ငါမဟုတ္ဘူး။ အဲ့ဒါ ေနနတ္ဘုရား...မင္းရဲ႕ ခင္ပြန္းေဟာင္းကလုပ္ခိုင္းတာ၊ဟုတ္တယ္၊ သူလုပ္ခိုင္းတာ၊ ငါ့ကိုအျပစ္လာမတင္နဲ႔ "
"သြားေသလိုက္ ! "
"အရွင္မသြားပါနဲ႔ဦး၊ မဟာယကၡအရွင္ရဲ႕ ေသြးဆာမႈကို ထိနိးသိမ္းမယ့္သူဟာမၾကာမီမွာ ေရာက္လာပါလိမ့္မယ္"
"ရပ္လိုက္စမ္း !! ရာရာစစ ငါ့ရဲ႕ေကာင္းကင္ဘုံမွာ ထိပ္သီးနတ္ဘုရားရဲ႕ ေသြးကိုေျမက်ေစရဲတယ္ ၊အတင့္ရဲလိုက္တာ "
ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူကေရာက္ရွိလာၿပီး ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္သည္။သူက ဒဏ္ရာအျပည့္နဲ႔ေနနတ္မင္း အျပင္ ေခါင္းတစ္ျခား ကိုယ္တစ္ျခားျဖစ္ေနသည့္ တူေတာ္ လနတ္ဘုရားကိုပါျမင္လိုက္ရေသာအခါ ပိုမို ေဒါသထြက္သြားေတာ့သည္။
မေဟသီဘုရားက ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူရဲ႕ အသံကိုၾကားတဲ့အခါ ေက်ာေပးေနရာမွေခါင္းေစာင္းကာၾကည့္လိုက္ၿပီး ဟက္ဟက္ပက္ပက္ရယ္လိုက္၏။
"ကိုယ့္ရဲ႕သားေတာ္ကို လုပ္ႀကံဖို႔ ပူးေပါင္းတဲ့ ဖေအကမ်ား ရာရာစစ ဆိုတဲ့စကားလုံးကိုသုံးရဲတယ္ေပါ့ေလ ၊ဟုတ္လား ၊ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူဆိုတဲ့ေနရာက မမွ်မတလုပ္ဖို႔မဟုတ္ဘူး မင္းမဟာစံ ! ငါ့ကိုမလာ လာေအာင္ အမွားေတြတစ္ပုံတစ္ပင္ႀကီးလုပ္ထားတဲ့ သတၱဝါကမ်ား !! "
"ဘာေျပာလိုက္တယ္ ! "
ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူရဲ႕နာမည္အရင္းဟာ မင္းမဟာစံျဖစ္ၿပီးသူ႔ရဲ႕ ဒီနာမည္ကိုသိသူဟာလည္းသိပ္မရွိလွ။
"ငါ့ကိုေတာင္မမွတ္မိေတာ့ဘူးလား မင္းမဟာစံ "
မေဟသီဘုရားက ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူကို လွည့္လိုက္ရာ ထြက္ေပၚလာသည့္ မ်က္ႏွာေၾကာင့္ ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူတစ္ေယာက္ ေလေအးမ်ားကို ပင့္ရႈိက္မိသြားေတာ့သည္။
"မဟာယကၡအရွင္ "
"ငါ့ရဲ႕ဘီလူး အႏြယ္ေတြကိုႏွိမ့္ခ်ရဲၿပီး ကိုယ့္သားကိုယ္ေတာင္ ျပန္သတ္ဖို႔ ႀကိဳးစားရဲတဲ့ မင္းကို ဒီအတိုင္းထားရမတဲ့လား "
မေဟသီဘုရားကလက္ထဲျပန္ေရာက္လာသည့္ ဓားေကြးေလးကို ကိုင္ကာ ေျမႇာက္ျပလိုက္သည္။
"အရွင္ ဒီေလာက္႐ိုင္းျပေနတဲ့ဟာကို ေသဒဏ္ေပးလိုက္ပါေတာ့၊ ကြၽႏ္ုပ္တို႔ရဲ႕သားေတာ္က အသက္ဆုံးရႈံးရေတာ့မလို႔ပါ၊ အရွင္မလုပ္ရဲရင္လည ကြၽန္ေတာ္မ်ိဳးမပဲ...."
"အာ့ "
မယ္ေတာ္မိဖုရားရဲ႕ ဦးေခါင္းဟာ ေျမျပင္ေပၚျပဳတ္က်သြားခဲ့ၿပီး ဓားေကြးဟာလည္း မ်က္စိတစ္မွိတ္အတြင္း မေဟသီဘုရားရဲ႕ လက္အတြင္းသို႔ျပန္ေရာက္သြားခဲ့ေတာ့သည္။
"ရွင္မ !! "
ေကာင္းကင္ဘုံအုပ္ခ်ဳပ္သူမွ တားခ်ိန္ပင္မရလိုက္ဘဲ သူ႔ရဲ႕မိဖုရားဟာ အသက္ေပ်ာက္သြားခဲ့ၿပီ။ မဟာယကၡအရွင္က ေအးၿငိမ္းရာမွာစံျမန္းေနၿပီး ဒီစၾက၀ဠာမွာ မဟုတ္ဘူးလို႔ေတာင္သူေတြးထင္ေနခဲ့တာ။ အျမဳေတရဲ႕သတင္းကလည္းဘယ္မွာမွစုံစမ္းလို႔မရခဲ့တာမလို႔ သူေပါ့ဆခဲ့မိခဲ့တာ။အခုေတာ့...။
"နားညည္းတယ္၊ မင္းလည္း သူ႔ရဲ႕ေနာက္ကိုလိုက္သြားသင့္တယ္ !!"
မေဟသီဘုရားက လက္ထဲမွ ဓားေကြးေလးကို လႊတ္ရန္ျပင္လိုက္သည့္ အခ်ိန္တြင္ အသံတစ္ခုကိုၾကားလိုက္သည္။
"သားေတာ္....ရပ္လိုက္ေတာ့ "
သူသိပ္ကိုသတိရေနခဲ့သည့္ အသံ။
သူ႔ရင္ထဲအသည္းထဲမွာ အၿမဲထင္က်န္ေနခဲ့သည့္ပုံရိပ္က သူ႔အေရွ႕မွာတစ္ကယ္ပဲေပၚထြက္လာခဲ့ၿပီလား။
သူသိပ္ကိုေတြ႕ခ်င္ေနခဲ့သည့္ လူသား။
ေဖေဖ....
မေဟသီတစ္ေယာက္ အသံၾကားရာသို႔ လွည့္ ၾကည့္လိုက္ရာျမင္လိုက္ရသည့္ ပုံရိပ္တစ္ခုေၾကာင့္ မ်က္လုံးမ်ားကဝိုင္းစက္လာကာ မ်က္ရည္တို႔ကေဝ့ဝဲလ်က္ လႈိင္းထေနသည့္ ေဒါသတို႔က ႐ုတ္ခ်ည္းပင္ၿငိမ္သက္သြားရသည္။
ဟန္ဟန္ကႏူးညံ့စြာေခၚလိုက္သည္။ဟန္ဟန္က ႐ိုးရွင္းစြာ ၀တ္ဆင္ထားၿပီး ေအးခ်မ္းကာ ငယ္႐ြယ္ေနသည့္ ပုံေပၚေလသည္။ထို႔အျပင္ ဟန္ဟန႔္ရဲ႕ နဂို နတ္ေဒဝါအလွ၊ ထူးျခားၿပီး ေအးစက္ရွတသည့္ အလွတရားက ေမွးမွိန္မသြားဘဲ အလွႀကီးလွေနဆဲပင္။
"ေဖေဖ ! "
မေဟသီဘုရားက သူ႔ရဲ႕ ေဖေဖ့ဆီသို႔ေျပးသြားခဲ့ၿပီး ႏုးညံ့မလိုနဲ႔ သန္မာ ကာ လုံၿခဳံသည့္ အေဖျဖစ္သူရဲ႕ ရင္ခြင္ထဲသို႔တိုးေဝွ႔ကာ၀င္သြားခဲ့သည္။
"လြမ္းေနခဲ့တာ "
မေဟသီဘုရားရဲ႕ မ်က္ရည္တို႔ကအဆီးအတားမရွိက်လာခဲ့ၿပီး ဖေအျဖစ္သူ ဟန္ဟန္ဟာလည္း မ်က္ရည္တို႔ရစ္ဝိုင္းဟ
န္ျဖင့္ သားျဖစ္သူရဲ႕ေက်ာေလးကိုပုတ္ကာ ႏွစ္သိမ့္ေနလိုက္သည္။
"ေဖေဖလည္း တစ္ရက္မျပတ္ လြမ္းေနခဲ့ရတာပါကြယ္"
နန္းႏြယ္ နဲ႔ နန္းျမတို႔ဟာလည္း မ်က္ရည္တာက်ိဴးမတတ္ပင္။ သူမတို႔ရဲ႕႐ုပ္ အသြင္အျပင္ေတြကေတာ့ စုစုနဲ႔ သုသုအျဖစ္သို႔ေျပာင္းလဲသြားခဲ့ေလၿပီ။
ေမွ်ာ္။