{Unicode}
... My Sensory...
****
ဒီနေ့..
ဒီနေ့က အစ်ကိုတို့ ကျောင်းပိတ်သည့် ရက်ပင် ဖြစ်သည်။
ဒါကြောင့် သူ့သူငယ်ချင်းများနှင့်အတူ ကျွန်တော့်ကို ပြင်ဦးလွင်က နေရာစုံကို လိုက်ပို့ပေးဖို့ ပြင်ဆင်ကြသည်။ အစ်ကို့သူငယ်ချင်းများက ကားနဲ့ လိုက်ပို့ဖို့ ပြင်ပေမယ့် တစ်ယောက်ကို တစ်စီးဆိုသလိုပင် ဆိုင်ကယ်ဖြင့် ဖြစ်သည်။ အစ်ကို သူငယ်ချင်းများက လေးယောက်၊ ကျွန်တော်နှင့်အစ်ကိုက တစ်စီးပင် ဖြစ်သည်။
ကျွန်တော်တို့ နံနက်စာ စားဖို့ ဆိုင်တစ်ဆိုင်မှာပင် ထိုင်နေမိသည့် အချိန်ပင် ဖြစ်သည်။ ကျောင်းပိတ်ရက်မို့ ဒီနေ့ကတော့ သာမန်ထက်ကို လူများသည့် နေ့လို့ ဆိုရမလားပင်..။ အစ်ကို့သူငယ်ချင်းများ အကုန်လုံးနဲ့ အစ်ကို့လိုပင် ဆိုဒ်နှင့် ဂိုက်နဲ့ပင် ဖြစ်သည်။
ခန္ဓာကိုယ် ဖွံ့ဖွံ့ထွားထွား အရပ်ရှည်ရှည်နဲ့ပင် ဖြစ်သည်။ ဖွဲ့စည်းပုံက အစ အကုန်တူညီနေပြီး နူတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးရေးရေးနှင့် မုတ်ဆိတ်မွှေးများက အပြည့်ဖြစ်သည်။ ဆေးလိပ်၊ ဘီယာများကို စွဲစွဲလမ်းလမ်းသောက်တတ်ပေမယ့် ကွမ်းစားတာကတော့ မတွေ့ဖူးပါ။
အစ်ကို အပါအဝင် အစ်ကို့သူငယ်ချင်းများ အကုန်လုံးက ဝတ်ပုံစားပုံက အစ တူညီနေတာမျိုးပင်။ ဒီနေ့မှာတော့ အစ်ကိုက အောက်ဘက်မှ မပြောင်းမလဲ တီရှပ်တစ်ထည်ဖြစ်သည်။ အပေါ်မှာတော့ အစ်ကို့ခါးကျော်ကျော် jean jacket အပြာရင့်ဖြင့်ပင် ဖြစ်သည်။ ဒီဇိုင်းဆန်းဆန်းဖြင့် ရှိနေပြီး အစ်ကို့ပုံစံက အတော်လေးကို free style ဖြင့် မိုက်နေတာမျိုးပင် ဖြစ်သည်။
နံနက်ခင်းမှာတော့ အစ်ကိုက beanie အနက်နှင့်အဖြူ စပ်ထားသည့် အရောင်ကို ခေါင်းပေါ်မှာ ဝတ်ဆင်ထားသည်။ အစ်ကိုက ကျောင်းနေခဲ့စဉ်အတွင်း သူ့တီလေးက ဘယ်လောက်တောင် ဝယ်ပေးခဲ့လဲ သေချာမသိ။ အဝတ်အစားများက တောင်ပုံရာပုံ ဖြစ်သည်။ ရွာမှာ ပုဆိုးဖြင့်ပင် ဖြစ်သလို နေတတ်သည့် အစ်ကိုက အခုအခါမှာတော့ လုံးဝကို မမှတ်မိနိုင်လောက်အောင် ဖြစ်သည်။
အစ်ကိုက ပုဆိုးထက် ဘောင်းဘီနှင့် အခုပုံစံက ပိုမိုက်သည်။ ဒါကိုပင် အစ်ကိုက ရွာမှာ တစ်ခါတစ်လေ မေ့မေ့လျော့လျော့ ရှိမှ ဘောင်းဘီဝတ်တတ်တာမျိုးပင်။ ကျွန်တော်ကတော့ ဝတ်ဆင်နေကျ ပေါ့ပေါ့ပါးပါး အင်္ကျီနှင့် ပုဆိုးဖြင့် ဖြစ်သည်။ အစ်ကိုက တစ်ခြား အဝတ်အစားတွေ ဝတ်ဖို့ ခွင့်ပြုပေမယ့် ညအိပ်ပေါ့ပေါ့ပါးပါးလောက်ပင် ကျွန်တော်က ဝတ်တတ်ပါသည်။ ကျောင်းတက်နေစဉ်အတွင်း ရွာမှာကတည်းက အထူးတလည် မဝတ်ခဲ့သည်မို့လည်း ပါမည် ထင်သည်။
ဒါပေမယ့် အစ်ကိုကတော့ သူနှင့်အတူ သွားမယ်ဆိုရင် သူ့စိတ်ကြိုက်ဖြစ်မည်ဆိုရင် ဘာကိုမှ မပြောတတ်ပါ။ အဓိက ကတော့ သူ့မျက်စိအောက်မှာ ရှိနေပြီး သူစိတ်ချရသည့် နေရာဆိုရင် ရပါသည်။ ကျွန်တော်တို့ အစ်ကိုတို့ သွားမယ့် နေရာက အနီးအနား ဆိုင်တစ်ဆိုင်မှာ ထိုင်သည်။
"ကဲ... ငဦးစာ.. ကြာရင် ပရုတ်လုံး ဖြစ်တော့မယ်... ညဘက်တွေအိပ်ရောအိပ်ရ ရဲ့လား.."
ဆိုင်မှာ ထိုင်သည်နှင့် ကျွန်တော့်ဘေးနား အစ်ကိုရှိနေရင် ဘာမှမပြောပေမယ့် အစ်ကိုက ကျွန်တော့်အတွက် menu သွားယူချိန်မှာတော့ .. ထိုလေးယောက်ထဲက အစ်ကို တစ်ယောက်က ... မေးလာသည်။ ပြောလိုက်ရင် အစ်ကို့အတိုင်းပင် ပွင့်ပွင့်လင်းလင်း အရင့်တွေချည်း ဖြစ်သည်။
သေရမယ့်သူက သူတို့သေဆိုတဲ့ စကားနဲ့ပင် သေရမည် ဖြစ်သည်။
သူတို့စကားကို ဘယ်လိုပြောရမလဲ ပြန်လည်စဉ်းစားချိန်မှာပင် ထိုအဖွဲ့ထဲမှ တစ်ယောက်ကတော့...
"ကျော်ကြီး.. မင်းကတော့ တစ်လုတ်စာလေးကို သွားပြောပြန်ပြီ..။ ဟိုမှာ ပြန်လာရင် သိလို့ကတော့ တစ်ချက်ကျွေးခံနေရမယ်.."
"အေးပါ ငကောင်းရာ ငါက ဒီအတိုင်း သိချင်စိတ်နဲ့ မေးလိုက်မိတာပဲ ရှိတာပါ။ အဲ့ဒီကောင်က ရွာမှာ ဒီဟာလေးကို တွေ့ပြီးကတည်းက sensation တွေ အရမ်းများလာတာ။ မင်းလည်း သိလိုက်သားနဲ့.. အရင်တုန်းကဆို ဘယ် plus site ဝင်ဝင် ဆရာသမားက အေးဆေးပဲ။ အဲ့ဒီက ပြန်လာတဲ့ နေ့ကို သိတယ်မလား? နည်းနည်း Bj လေး ပြကြည့်လိုက်တာ... ဆရာသမားက အေးအေးဆေးဆေးနဲ့ကို ပြီးသွားတာ..။ ပြီးတော့ သူ့လက်ကို နဖူးပေါ်တင်.. ခုံကို မှီလိုက်ပြီး တိတ်ဆိတ်ပြီး ပြုံးနေတာလေ..။ သူ့စရိုက်လည်း သိလိုက်တာနဲ့ ဒါကြောင့်သိချင်တာပါ။"
"ဒါပေမယ့် အခုက_"
"ဘာဖြစ်နေတာလဲ?"
ထိုအကြောင်းကို ဆွေးနွေးကာ ပြောနေရင်းပင် menu သွားကြည့်လာသည့် ငဦးက ပြန်လာသည်မို့ အလျင်အမြန်ပင် ပါးစပ်ကို ပိတ်လိုက်မိသည်။ သူရောက်လာတော့ မျက်နှာပေါ်မှ အမူအရာများကို အလျင်အမြန်ပင် ပြင်လိုက်ရသည်။ မပြင်လို့လည်း မရ.. သူက သူ့ဖုန်းကို သူ့အင်္ကျီအိတ်ထဲ ထည့်ကာ နံဘေးမှ တစ်လုတ်စာလေး ပုခုံးအပေါ် သူ့လက်ကို တင်ကာ ဖက်လိုက်သည်မို့...။
"ဘာမှ မဟုတ်ပါဘူး.. ပျိုးငယ်.. ပျင်းနေမှာစိုးလို့.. အနည်းငယ် အပျင်းပြေအောင် ဒီက အကြောင်းတွေ ပြောနေတာပါ.."
ကျွန်တော့်ကို မျက်နှာရိပ် မျက်နှာကဲ ပြကာ အစ်ကို့သူငယ်ချင်းများက ပြောလာသည့် အချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ကြည့်လာပြီး...
"နားငြီးလား?"
အစ်ကိုက ပြောလာချိန်မှာတော့ ကျွန်တော်လည်း ဘာမှ မပြောဘဲ အစ်ကို့သူငယ်ချင်းများကို ကြည့်နေစဉ်မှာပင် အစ်ကိုကတော့... သူ့သူငယ်ချင်းများဘက်ကို လှည့်ကာ...
"သူ နားမထောင်ချင်ရင် မပြောနဲ့..."
"ဟေ.."
သူ့သူငယ်ချင်းများထံမှ တစ်ပြိုင်နက်တည်း အာလုပ်သံတွေ ထွက်လာပေမယ့် အစ်ကိုကတော့ အနည်းငယ်မျှ ဂရုစိုက်ဟန် မပြ.. ကျွန်တော့်ကိုသာ ကြည့်နေသည်။
ထို့နောက် အစ်ကိုက...
"မြန်မြန် မနက်စာ စားပြီးရင် သူ့ကို အကုန်လိုက်ပို့မှာ.. ။ မုန့်လည်း ဝယ်ခဲ့။"
အစ်ကို့စကားကိုတော့ အစ်ကို့သူငယ်ချင်း လေးယောက်လုံးက လက်ခံပြီး...
"ဟုတ်ကဲ့ပါ ဆရာသမားရယ်...၊ ဝယ်ပေးပါ့မယ်..။ ဒါနဲ့ ဒါတွေက ဘယ်လောက်ကျမလဲ?"
ထိုအချိန်မှာတော့ အကုန်လုံးက အစ်ကို့ဆီကို ကြည့်လာသည်..။ အစ်ကိုက ထိုအခြေအနေကို နားလည်စွာပင်...
"46450... ခြောက်ယောက်... တစ်ယောက်ကို 7750"
အစ်ကိုက မည်သည့်အရာမှ မလိုဘဲ ဒီအတိုင်းပင် တွက်သွားနိုင်ချိန်မှာတော့ အစ်ကို့သူငယ်ချင်းက ပြုံးကာ...
"Human Calculator "
ညနေပိုင်း
ထို့နောက် ပြင်ဦးလွင်ရဲ့ နေရာတော်တော်များများကို အစ်ကိုက အရောက်ပို့ပေးခဲ့ပါသည်။ နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာပင် စားသောက်ပြီး နောက်မှာတော့... အစ်ကို့သူငယ်ချင်းတစ်ယောက်က...
"ငဦး.. ငါတို့နဲ့ လိုက်ခဲ့မလား၊ တစ်ခါတည်း သူ့ကို မန္တလေးတစ်ခါတည်း လိုက်ပို့ကြမလား.. မနက်ဖြန် တစ်ရက်လည်း ပိတ်တာကို.."
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာကာ...
"သူက ပင်ပန်းနေပြီ ထင်တယ်.. နောက်တစ်ပတ်မှ သွားမယ်..၊ အခု မမှောင်ခင် ငါတို့ ပြန်ကြမယ်.."
"အေး ဒါဆို ရတယ်.. နောက်တစ်ပတ် အခုလို ထွက်မယ်ဆိုရင် နောက်ဆုံးကျောင်းတက်တဲ့ ရက်ကတည်းက မင်းတို့ဆီမှာ ညအိပ်လာခဲ့မယ်နော်.."
ကိုကျော်ကြီး ဆိုသူရဲ့ စကားတစ်လုံးနောက်မှာတော့ အစ်ကိုက ဘာမှ မပြောဘဲ ထိုအစ်ကိုကိုသာ စူးစိုက်ကြည့်နေသည်။ ထိုအခါမှာတော့ ထိုအစ်ကိုက...
"ရပါတယ်ကွာ.. ဟဲဟဲ... ငါတို့ နီးစပ်ရာ ဟိုတယ်ပဲ တည်းလိုက်ပါ့မယ်..။ ဒါဆို မြန်မြန် ပြန်ကြမယ်လေ...။ ဒါနဲ့ ငဦး မင်းဆီမှာ...ဆီနည်းနည်းလောက် ပါသေးလား? မနက်တုန်းက toolboxထဲ ထည့်လာသေးလားလို့...။ ငါ့ဘီးက ချိန်းကြိုးက ထောက်ခံနေတာ။"
ထိုအချိန်မှာတော့ အစ်ကိုက ချက်ချင်းဆိုသလို သူ့ဆိုင်ကယ် toolboxကို ဖွင့်သည်။ အစ်ကို့သူငယ်ချင်းကလဲ အစ်ကို့ဆီက engine oilအနည်းငယ်ကို ယူဖို့ အနားမှာ ရောက်ရှိနေသည့် အချိန်...။
အစ်ကိုက သူ့ဆိုင်ကယ် toolbox ထဲမှ ပါလာသည့် အရာကို ကိုကျော်ကြီးကို ပေးလိုက်မိတော့ ကိုကျော်ကြီးက မျက်နှာပျက်ယွင်းလျက်...
"မင်း အဲ့ဒါကြီးကကွာ... လူကို လန့်အောင် ဆောင်ထားတာလား?"
ထင်သည်တော့ ကိုကျော်ကြီးက အစ်ကို့toolboxထဲမှ ဓားတစ်ချောင်းကို မြင်ကာ ပြောသည် ထင်သည်။ ထိုအချိန်မှာတော့ အစ်ကိုက ခပ်အေးအေးပင်...။
"ဟုတ်တယ်... ပျိုးငယ်ကို စ လိုက်ကတည်းက ဆောင်ထားတာ...။"
အစ်ကိုက ခပ်အေးအေး ပြောလိုက်ပေမယ့် ကိုကျော်ကြီးကတော့ သွားများကို စိလျက်...။ ဒီအရာကြီးက ပုံစံအမျိုးမျိုးနဲ့ သုံးနိုင်သည်။ သေချာသည်ကတော့ လှီးခံရမယ့် အရာက အသီးတွေ မဟုတ်တာတော့ သိသည်။
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ခေါင်းပေါ်ကို ဆိုင်ကယ်ဦးထုပ်ကို ဆောင်းပေးလာသည်။ ထို့နောက် မေးသိုင်းကြိုးကို အသေအချာ စီးနှောင်ပေးလာသည်။ ထို့နောက် အစ်ကိုက သူ့ကိုယ်ပေါ်မှ jean jacket ကို ကျွန်တော့်ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလာသည်။
"ညစာကို တစ်ခါတည်း အပြင်က စားခဲ့ရအောင်.. အဆင်ပြေလား? အိမ်ရောက်ရင် ရေချိုးပြီး နားလိုက်ရအောင်..."
အစ်ကိုက အနည်းငယ် ပင်ပန်းနေဟန် ရှိသည့် ကျွန်တော့်ပုံစံကို ကြည့်ပြီး ပြောလာသည်။ ကျွန်တော့်လည်း ခေါင်းကိုသာ ညိမ့်လိုက်ပြီး ဘာမှ မပြောတော့။ အစ်ကိုကတော့ သူ့ခေါင်းပေါ်မှာ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းလိုက်လေပြီ။ ထို့နောက် ဆိုင်ကယ်ပေါ်သို့ တက်လာပြီး စက်နိူးပြီးသည်နှင့် ကျွန်တော်တို့ ညစာ စားပြီး အိမ်ကို ပြန်ဖို့ ...။
... Stay with yummy vibe..
Restaurant
ကျွန်တော်တို့ အချိန်အနည်းငယ် အကြာမှာတော့ အဆောင်နဲ့ သိပ်မကွာဝေးသည့် စားသောက်ဆိုင်မှာ ညစာ စားဖို့ ပြင်ဆင်မိသည်။ ကျွန်တော်ကတော့ ပင်ပန်းဒဏ်ကြောင့် သိပ်ပြီးတော့ အစားမဝင်တော့။ အစ်ကိုကတော့ ကျွန်တော့်ကို အရိပ်တကြည့်ကြည့်ဖြင့်..။ ပြီးတော့ ကျွန်တော့်နဖူးပြင်ပေါ်မှာ သူ့လက်ဖဝါးက ခဏ ခဏ ကျရောက်နေပြီး... ခဏအကြာမှာတော့ ကျွန်တော့်ကို သူ့ထိုင်ခုံဆီသို့ ခေါ်သည်။
သူ့ပေါင်ကို ကားကာ ထိုအလပ်အဟ အကြားမှာပင် ကျွန်တော့်ကို ထိုင်စေသည်။ ထို့နောက် အစောနကမှ သူပြန်ယူထားသည့် သူ့ အင်္ကျီထဲမှာ အစွန်းနှစ်ဖက်ကို အုပ်ကာ အောက်ဘက်မှာ ရှိနေသည့် ကျွန်တော့်ကိုအနွေးဓာတ်ပေးလာသည်။
ည ၉နာရီ..
အိမ်ကို ည၉နာရီမှာတော့ ရောက်လာပြီ ဖြစ်သည်။ ကျွန်တော်လည်း တစ်ကိုယ်လုံး ညီးစီးစီး ဖြစ်နေသည်မို့ ရေချိုးပြီးမှ ဆေးစားဖို့ ပြင်ရတော့မည်။ အလည်အပတ်က ဝယ်လာသည့် အထုပ်များကို အစ်ကိုက ဆိုကယ်ကို သေချာ သိမ်းဆည်းပြီးမှ နောက်မှ သယ်ကာ လိုက်ပါလာသည်။သူ့ လက်ထဲမှ အထုပ်များကို အိပ်ရာတစ်ဖက်က စင်ပေါ်မှာ ထားသည်။ စားစရာများဆိုရင်တော့ တစ်ခါတည်း မီးဖိုခန်းထဲက ရေခဲသေတ္တာထဲမှာ ထည့်ထားသည်။
ထို့နောက် ကျွန်တော့်ဆီ ပြန်ရောက်လာပြီး...
"ရေချိုးမလား? မချိုးရင် ညောင်းတာ ပျောက်မယ် မထင်ဘူး... လူက ပိုပြီး နေမကောင်းဖြစ်မှာ.."
"ဟုတ်.. ဒါဆို ပျိုးငယ်.. အရင်ချိုးလိုက်မယ်နော်.."
"......"
ထိုအချိန်မှာတော့ အစ်ကိုက ဘာမှ မပြောဘဲ ရေချိုးခန်းထဲ အနိုင်နိုင် သွားနေသည့် ကျွန်တော့်ကို နောက်ဘက်မှ ပွေ့ချီကာ ရေချိုးခန်းထဲသို့။ ဒီကို ရောက်ကတည်းက ကျွန်တော် တစ်ယောက်တည်း ရေချိုးတာက အစ်ကို မရှိတဲ့အချိန် ဖြစ်သည်။
ဒါပေမယ့် အစ်ကိုက သူမရှိတဲ့ အချိန်မှာဆိုရင်တောင် နောက်ပိုင်း ရေမချိုးထားဖို့ တစ်ခါတစ်လေ မှာကြားထားသည်မို့ ဒီနောက်ပိုင်း ကျွန်တော် တစ်ယောက်တည်း ရေချိုးတာ ရှားသည်။
အိမ်မှာဆိုရင်တော့ အမေတို့၊ အရီးလေးတို့နဲ့ လူတစ်ချို့ကြောင့် ပြောရတယ် ဆိုပေမယ့်... မဟုတ်သေး... အစ်ကိုက အဲ့လိုမျိုးကို ဂရုစိုက်မှာမဟုတ်.. သူ အလုပ်မအားကြောင့်ပင် ဖြစ်သည်။ သူအလုပ်မအားတာကြောင့် ကျွန်တော့်အနား မကပ်နိုင်ပါ။
အခုမှာတော့ အစ်ကိုက ဒီမှာ နှစ်ယောက်တည်း ရှိသည်မို့ ပြည်တော်သာနေသည်။ ဒါကြောင့်မို့လဲ အစ်ကိုက ကျွန်တော့်ကို ဒီအရောက်ခေါ်လာတာပင်။
ည ၁၁နာရီ ၃၀မိနစ်..
အစ်ကိုကတော့ ကျွန်တော့် အခြေအနေကို သူ့ရင်ခွင်ထဲ ထည့်ကာ ကြည့်နေသည်။ ကျွန်တော်လည်း ရေချိုးပြီးသည်နှင့် ချမ်းတက်လာပြီး ကိုယ်ပူရှိန်တွေ တိုးလာသည့် အချိန်မှာတော့.. အစ်ကိုက.. အိပ်ရမှ ထ ကာ ကျွန်တော့်ကိုယ်ပူရှိန်ကျဖို့ အရင်လုပ်သည်။
အစ်ကိုတစ်ယောက်တည်း အတော်လေး အလုပ်ရှုပ်ပြီးသည့်နောက်မှာတော့ ကျွန်တော့် အခြေအနေ မသက်သာလာသည်မို့... သူ့သူငယ်ချင်းများကို ဖုန်းခေါ်ပေမယ့် တစ်ယောက်မှ ဖုန်းမကိုင်တာကြောင့်ပင်...
"၅ မိနစ်.. ခဏလေးပဲ.."
"အစ်ကို.. ဘယ်ကိုလဲ?"
"လမ်းထိပ်က ဆေးဆိုင်..."
"အစ်ကို.. ခ.. ခဏ.. အင်္ကျီဝတ်သွားဦးလေ.."
အစ်ကိုက အစောနက ကျွန်တော့်ကို ကိုယ်ပူကျအောင် လုပ်ဆောင်နေသည့်အချိန်မှာတော့ ပူအိုက်လာလို့ ထင်သည်။ အင်္ကျီကို ချွတ်ထားတာပင်။
အခုထိလဲ အင်္ကျီကို ဝတ်သွားတာမျိုး မရှိ...။ ဒီလောက် အေးခဲနေသည့် ရာသီကိုပင် အစ်ကိုကတော့ တကယ်ကို... ပြောစကားနားမထောင်နိုင်...။
ခဏအကြာမှာတော့ တံခါးဖွင့်သံနှင့်အတူ အစ်ကိုက ပြန်ရောက်လာပြီ ဖြစ်သည်။ ကျွန်တော့်အတွက် စားစရာကို သူကိုယ်တိုင် အလျင်အမြန်ပြင်ဆင်ပြီး ဆေးကျွေးပြီးပြီ ဖြစ်သည်။
အစ်ကိုကတော့ ကုတင်တစ်ဖက်မှာ ထိုင်ပြီး ကျွန်တော့်ခါးကို ပွေ့ဖက်ထားကာ ကျွန်တော့်ကို ငေးကြည့်နေသည်။
"သက်သာပါတယ်... အစ်ကိုရယ်..။ အိပ်တော့နော်... အစ်ကိုလည်း ပင်ပန်းလာတာ မလား?"
ကျွန်တော့်ကို ငုံ့ကာ ကြည့်နေသည့် အစ်ကို့ကို...ပြောလိုက်မိတော့... အစ်ကိုက ကျွန်တော့်နဖူးပြင်ပေါ်ကို လက်တစ်ဖက်ဖြင့် စမ်းသပ်လာသည်။
"ကဲ... အခုချွေးတွေ ထွက်နေပါပြီ အစ်ကိုရဲ့...။ ပျိုးငယ် သက်သာပြီနော်... စိတ်ချတော့လို့ အိပ်ရအောင်။ လာ.. ပျိုးငယ် ချော့သိပ်မယ်နော်။"
လက်နှစ်ဖက်လုံးကို ဆန့်တန်းကာ ရင်ဖွင့်ကြိုလိုက်ချိန်မှာတော့ အစ်ကိုက အလိုက်သင့်ပင် ကျွန်တော့်ရင်ခွင်ထဲသို့ မှေးခိုလာသည်။
ကျွန်တော့်ခန္ဓာကိုယ်က အစ်ကို့ထက် အရမ်းကို သေးကွေးလွန်းသည်မို့ အစ်ကို့ကို ရင်ခွင်ထဲ ထည့်အိပ်တယ် ဆိုပေမယ့် ခဏအကြာမှာပဲ... အစ်ကိုက တင်းကြပ်စွာ ဖက်လာပြီးသည့်နောက်...
ကျွန်တော်ကပဲ အအုပ်ခံလိုက်ရတာပင် ဖြစ်သည်။ အစ်ကိုခန္ဓာကိုယ်က ကျွန်တော့်အတွက် အရမ်းကြီးလေးလွန်းပေမယ့် အစ်ကို့ကျောပြင်ကျယ်ကို ပွတ်သပ်ပေးမိသည်။ ဒါပေမယ့် အစ်ကို့ကျောပြင်ကျယ်ကို လက်နှစ်ဖက်ဖြင့် အပြည့်အဝဖက်နိုင်ဖို့က အတော်လေး ကြိုးစားရသည်။
"ချစ်တယ်... အစ်ကို..."
အစ်ကို့ခေါင်းပေါ်မှ ဆံပင်ကြမ်းကြမ်းများအကြား လက်ကြားထိုးကာ ခပ်ဖွဖွ ... ပုတ်ပေးနေမိသည်။
နံနက်ပိုင်း...
Ring~~~
ဖုန်းမြည်သံ တစ်ချို့ကြောင့် ကျွန်တော် အိပ်ရာမှ နိုးလာပြီ ဖြစ်သည်။ မျက်လုံးကို ဖွင့်ဖွင့်ချင်း နံဘေးကို ကြည့်မိတော့ အစ်ကိုက မရှိ။
ပြီးတော့ ညတုန်းက ကိုက်ခဲနေသည့် ခံစားချက်အကုန်လုံးက အခုတော့ သက်သာနေခဲ့ပြီ ဖြစ်သည်။
ကျွန်တော်လည်း ခန္ဓာကိုယ်မှ အဝတ်အစားများကို ကြည့်မိတော့ ညတုန်းက ဝတ်ခဲ့သည့် အဝတ်အစားမဟုတ်တာမို့ အစ်ကို လဲထားပေးခဲ့ပုံရသည်...။
"အေး... ဘာမှမဟုတ်တော့ဘူး...။ ညက အရေးတကြီး ပျိုးငယ် ဆေးသောက်ဖို့ လိုလို့... နောက်မှ ပြန်ခေါ်"
ကျွန်တော်က အသံလားရာအတိုင်း သွားကြည့်မိတော့ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသည့် အစ်ကို။ အပေါ်က ညတုန်းက အတိုင်း အင်္ကျီဗလာဖြင့်ပင် ရှိနေပြီး အောက်ဘက်မှာတော့ adidasရဲ့ ဘောင်းဘီရှည်ဖြင့်ပင်။
အစ်ကိုက သူ့လပ်ထဲက ဇွန်းတစ်ခုကို ကိုင်ထားပြီး ကျန်တစ်ဖက်က ဖုန်းကို သူ့ဘောင်းဘီအိတ်ထဲသို့...။
"ဘယ်လိုလဲ... သက်သာလား? ဘာလို့ ထ လာတာလဲ? အိပ်ရာထဲမှာပဲ နေလေ...။"
အစ်ကိုက စိတ်ပူစွာဖြင့် ပြောလာလေတော့ ကျွန်တော်လည်း အစ်ကို့ဆီသို့ သွားကာ အစ်ကို့ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်လိုက်မိသည်။
"သက်သာပါပြီ အစ်ကိုရယ်... အခု ဘာမှမဖြစ်တော့ဘူး။ အခု အစ်ကို့ကို ကူလုပ်မလို့...။"
အစ်ကိုကတော့ အိပ်ရေးမဝလို့ ဖြစ်မည်... အစ်ကို့အကြည့်များက မှုန်မှိုင်းနေခဲ့သည်။ သို့ပေမယ့် အစ်ကို့မျက်တောင်၊ မျက်ခုံးမွှေးများကတော့ အရင်အတိုင်း သန်စွမ်းမှုအပြည့်ဖြင့်ပင်...။
ကျွန်တော်က အစ်ကို့ကို ကြည့်နေတုန်းမှာပင် အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ကာ အထူးသဖြင့်... အစ်ကို့ လက်နှစ်ဖက်လုံးက ကျွန်တော့်ရဲ့ တင်ပါးမှ သိုင်းမ ၍ပေါ့... ဧည့်ခန်းဘက်က စားပွဲဆီ...
စားပွဲပေါ်မှာ ကျွန်တော့်ကို ချပေးလာပြီး... ကျွန်တော့်ကို စူးစိုက်ကြည့်ကာ...
"ပြော...မင်း... ငါ့ကို ဘယ်အချိန်မှာ စ ချစ်တာလဲ?"
"အစ်ကို့ tool boxထဲ ဓားဆောင်ထားတဲ့ အချိန်က စ ပြီးတော့ပေါ့။ ပြီးတော့ ပျိုးငယ်ခြေထောက်များကို ရိုက်ချိုးမယ် ဆိုကတည်းကပေါ့...။"
"အဟင်း..."
ထိုအချိန်မှာတော့ အစ်ကိုက ခပ်မဲ့မဲ့ ရယ်သွမ်းလာသည်။ ထို့နောက်... ကျွန်တော့်ခေါင်းမှ ဆံပင်ကို ခပ်ဖွဖွဆွဲကာ သူ့ပေါင်ကြားထဲသို့ ကျွန်တော့်မျက်နှာကို အပ်စေကာ...
"နတ်ပြည်ကို အရှင်လတ်လတ် တက်ချင်လို့လား?"
ထို့နောက် အစ်ကိုက ကျွန်တော့်မျက်နှာကို နမ်းရှိုက်ပြီးသည့် အချိန်မှာတော့ ကျွန်တော့်ကို ခုံတစ်ခုပေါ်မှာ ထိုင်စေသည်။ ထို့နောက်...
"ဒီမှာပဲနေ... ဟုတ်ပြီလား?"
အစ်ကိုက မီးဖိုခန်းထဲ ဝင်သွားသည်။ မကြာမီမှာပင် ရနံ့မွှေးမွှေးဖြင့် ပန်းကန်တစ်ခုကို ကျွန်တော့်ဆီသို့... သယ်လာသည်။
"ကြက်သားဆန်ပြုတ်... သောက်ပြီးတာနဲ့... ဆေးသောက်ရမယ်။ အပြင်ကို ထွက်မလာနဲ့... လေတိုးရင် ပိုဖျားလိမ့်မယ်...။"
"အစ်ကိုက ဘယ်သွားဖို့လဲ?"
အစ်ကိုက ထိုင်ခုံတစ်ခုပေါ်မှာ စားစရာ၊ ဆေးနှင့်ထားပြီးသည့်နောက် ကျွန်တော့်အနားက ထွက်သွားဖို့ ပြင်လေတော့... မေးလိုက်မိသည်။
အစ်ကိုက ကျွန်တော် ရှိနေသည့် နောက်ဘက် လှည့်ကြည့်လာပြီး...
"အဝတ်လျှော်ဖို့... ခဏပဲ..."
ထိုအချိန်မှာတော့ ကျွန်တော်လည်း...
"ပျိုးငယ်လည်း ကူလုပ်မယ်လို့... ကူလုပ်မယ်လေနော်...။"
ထိုအချိန်မှာတော့ အစ်ကိုက မျက်မှောင်ကျုံ့ကာ ကြည့်လာပြီး...
"အခုလို နေမကောင်းဖြစ်တာတောင် ငါက လောင်လို့ မဆုံးဘူး...။ ထွက်မလာခဲ့နဲ့... ငါ မလာမချင်း အိမ်ထဲမှာနေ... မင်းကို ဘာမှ အဖြစ်မခံချင်ဘူး ပျိုးငယ်။"
အစ်ကို့ရဲ့ ခပ်မာမာ အသံနောက်မှာတော့ ကျွန်တော်လည်း သူပြင်ပေးသည့် ဆန်ပြုတ်ကို သောက်ပြီး ဆေးသောက်ဖို့...။
မိနစ်အနည်းငယ် အကြာ...
စားသောက်ပြီး ဆေးသောက်ပြီးသည်နှင့် ရေကန်ဘက်မှာ ရှိနေသည့် အဝတ်လျှော်နေသည့် အစ်ကို့ကို ကြည့်နေမိသည်။
အစ်ကိုက မနေ့က အဝတ်အစားများကို သေချာလျှော်ဖွတ်ပြီး အဝတ်တန်းမှာ လှန်းထားတာပင်။ အစ်ကိုက ပုံမှန်အတိုင်း ကြည့်ရင်စိတ်မရှည်တတ်ပေမယ့်... သူက ဘယ်အရာမဆို နည်းစနစ်ကျကျ လုပ်လေ့ရှိပါသည်...။
အစ်ကိုက အဝတ်အစားများကို လျှော်ဖွတ်ပြီး လှန်းကာ ပြီးဆုံးသွားတာ သေချာပြီ ဆိုမှ ကျွန်တော်လည်း အပြင်သို့... အစ်ကိုရှိသည့် နေရာကို ထွက်လာခဲ့မိသည်။
အစ်ကိုကတော့ ပစ္စည်းများကို သိမ်းဆည်းကာ ရေကန်ဘက်မှ ထွက်လာသည်။ ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကိုနှင့်ထိပ်တိုက် တွေ့ဆုံမိသည်။ ထိုအချိန်မှာတော့ အစ်ကိုက မျက်နှာတည်ဖြင့် ဘာစကားမှ မပြော...။
"အစ်ကို..."
ခပ်ယဲ့ယဲ့ ခေါ်လိုက်သည့် နောက်မှာတော့ အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ချီကာ သူ့ပုခုံးပေါ်သို့ ထမ်းသည်။
အိမ်ထဲသို့ ပြန်လည်ပို့ပြီးသည့် နောက်မှာတော့...
"မင်းကို အပြင်ထွက်မလာနဲ့လို့ ပြောထားတယ်မလား?"
အစ်ကို့မျက်နှာ၊ အစ်ကို့အသံက သတိပေးသံ အပြည့်ဖြင့် ရှိနေသည်မို့...
"ပျိုးငယ်က... ဒီအတိုင်း အစ်ကို့ကို တွေ့ချင်မိတာကြောင့်ပါ။"
ထိုစကားတစ်ခွန်းနောက်မှာတော့ အစ်ကိုက ကျွန်တော့်လည်တိုင်ကို သူ့လက်နှစ်ဖက်လုံးဖြင့် ဆုပ်ထွေးကာ ကိုင်လာသည်။ ထို့နောက် အနည်းငယ် လှုပ်ရမ်းပြီးသည်နှင့်.... နမ်းရှိုက်လာသည်။ အရင်တုန်းက လက်တစ်ဖက်က အခုဆို လက်နှစ်ဖက်အနေအထားသို့ ကူးပြောင်းလာသည်။
လက်တစ်ဖက်နဲ့တောင် အံဝင်ခွင်ကျ ဖြစ်နေသည့် လည်တိုင်က လက်နှစ်ဖက် ဆိုသည်မှာတော့... ပို၍ပင်။
ကျွန်တော်လည်း အစ်ကို့ရဲ့ ကြွက်သားအပြည့်ဖြစ်နေသည့် ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ကိုင်တွယ်မိသည်...။ မကြာမီပင် ကျွန်တော့်လည်တိုင်မှာ ရှိနေသည့် အစ်ကို့လက်နှစ်ဖက်ထဲမှ တစ်ဖက်ကို အားဖြင့် ဖိကိုက်လိုက်မိသည်။
ရုတ်တရက်မို့ အံ့သြသွားပေမယ့် အစ်ကိုက ဘာမှမပြော။ ခဏအကြာမှာတော့ အစ်ကိုက နံရံမှာ ခပ်လျောလျော ကျောကိုချကာ မှီရင်း သူ့ရဲ့ကျန်သည့် လက်တစ်ဖက်ဖြင့်ပင် ဆေးလိပ်ကို ထုတ်ကာ သောက်သည်။
ကျွန်တော်လည်း အားရပါးရ ကိုက်ခဲပြီးသည်နှင့် အစ်ကို့လက်ကို လွှတ်လိုက်မိသည်။ အကြောများစွာဖြင့် အစ်ကို့လက်မှာ အခုတော့ သွေးအနည်းငယ် စို့နေသည့် သွားရာက အကွင်းလိုက်ပင်။
"ညတုန်းက ဘာလို့ အင်္ကျီမပါဘဲ ဆေးဆိုင်ကို သွားခဲ့တာလဲ? အဲ့ဒီအချိန် ရောင်းတဲ့သူက မိန်းကလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ?
ထိုအချိန်မှာတော့ အစ်ကိုက ဆေးလိပ်ကို ကျွန်တော့်နှင့် ဝေးရာဘက်သို့ လှည့်ကာ ဖွာရှိုက်နေရင်းမှ...
"အဲ့ဒီဆိုင်က ဘယ်တော့မှ မိန်းကလေး မရောင်းဘူး။ မိန်းကလေးရောင်းတဲ့ နေရာဆိုရင်လည်း ငါ အဲ့ဒီအတိုင်း သွားမှာမဟုတ်ဘူး။"
"ဒါပေမယ့်... အစ်ကို အဲ့ဒီအတိုင်း သွားတာကတော့ မဆိုးဘူးလား?"
"မဆိုးဘူး... မင်းအကြောင်း တွေးလိုက်ရင်... ပတ်ဝန်းကျင်ဆိုတာ... ငါ မစဥ်းစားတော့တဲ့ အထဲမှာ ပါတယ်။"
"ဒါပေမယ့်ဗျာ... ပျိုးငယ်ကတော့ အစ်ကို့ကို အဲ့လိုကြီး သူများကို မပြချင်ဘူး။"
"နောက်တစ်ခါ မဖြစ်စေရဘူး..."
အစ်ကိုက ကျွန်တော် ဖျားနေတာကြောင့် ထင်သည်။ ခပ်လျော့လျော့ အလျှော့ပေးလာသည့် အချိန်မှာတော့ လူက ပိုပြီး ရောင့်တက်ချင်လာသည်။
"ပျိုးငယ်လည်း တစ်နေ့လောက်တော့ အဲ့လိုမျိုး အပေါ်ပိုင်း ဗလာနဲ့... အပြင်ကို ထွက်ဦးမှ...။"
"အေး... သတ္တိရှိရင်... ထွက်ကြည့်လိုက်လေ... ရေခဲသေတ္တာက အလွတ်ကြီးပဲ...။ ဒီအတိုင်း Sensitive Content အနေနဲ့ မဖြစ်စေချင်ရင် ကောင်းကောင်းနေ..."
(N- Fb ဒါမှမဟုတ် websiteတစ်ချို့မှာ တစ်ချို့ လူသတ်မှုတွေမှာဆိုရင် ပုံတွေက ဆိုးဆိုးဝါးဝါး ဖြစ်နေတာမျိုးဆိုရင် Sensitive content ထည့်တတ်တာကို ပြောတာပါ။ ပြောရမယ်ဆိုရင် ဒီမှာသုံးထားတဲ့ sensitive contentဆိုတာ... တော်တော်လေးကို ဆိုးဆိုးဝါးဝါး သေတဲ့ နေရာက ပုံတွေကို ဝါးထားတာမျိုးပါ။
ရေခဲသေတ္တာကတော့ ထုံးစံအတိုင်း ဘာတွေထည့်တတ်လဲဆိုတာပါပဲ။
ဒါပေမယ့် အရက်ပုလင်းတွေ ရှိတယ်လို့ ကန့်လန့်တိုက်တဲ့ ကြွက်တွင်းတွေ ရှိရင်လည်း... အဲ့ဒီအဓိပ္ပါယ်ကို ငဦးဆီသာ တိုက်ရိုက်သွားမေးပါ။
ကျွန်တော်က စာနဲ့ပဲ ပြောပြမှာ... သူက လက်တွေ့ပြပါလိမ့်မယ်။)
Spoil...
"မိုးကုတ်က ကျောက်တွင်းသူဌေးရဲ့ သမီး Graceကြည်ဖြူ"
"မန္တလေးက... စိန်ဆိုင်ရွှေဆိုင်ရဲ့ တစ်ဦးတည်းသော သမီး... မယ်ယဥ်ကျေးမိုရ်"
Friday:10:2024:May:5:2:30AM
နောက်အပိုင်းတွေကျ ပိုပြီး အဆင်ပြေအောင် ရေးပေးပါ့မယ်ဗျ။ အခုက ပြီးချင်ဇောနဲ့ လောသွားလို့ပါ။
သေချာတာကတော့ မုန်တိုင်း လာရင်တောင် ငဦးရဲ့ Dark sideနဲ့ တွဲလာမှာပါ။ ပြောရမယ်ဆိုရင်တော့ အသက်ကန့်သတ်တဲ့ sceneများ
လာမှာပါဗျ။
ကလေးပါလား ဆိုတော့...
ဟုတ်ကဲ့ ပါ ပါတယ်ဗျ။
{Zawgyi}
... My Sensory...
****
ဒီနေ့..
"ဒါပေမယ့် အခုက_"
"ဘာဖြစ်နေတာလဲ?"
"နားငြီးလား?"
"ဟေ.."
ထို့နောက် အစ်ကိုက...
"Human Calculator "
ညနေပိုင်း
... Stay with yummy vibe..
Restaurant
ည ၉နာရီ..
"......"
ည ၁၁နာရီ ၃၀မိနစ်..
"၅ မိနစ်.. ခဏလေးပဲ.."
"အစ်ကို.. ဘယ်ကိုလဲ?"
"လမ်းထိပ်က ဆေးဆိုင်..."
"ချစ်တယ်... အစ်ကို..."
နံနက်ပိုင်း...
Ring~~~
"အဟင်း..."
"ဒီမှာပဲနေ... ဟုတ်ပြီလား?"
"အဝတ်လျှော်ဖို့... ခဏပဲ..."
မိနစ်အနည်းငယ် အကြာ...
"အစ်ကို..."
ဒါပေမယ့် အရက်ပုလင်းတွေ ရှိတယ်လို့ ကန့်လန့်တိုက်တဲ့ ကြွက်တွင်းတွေ ရှိရင်လည်း... အဲ့ဒီအဓိပ်ပါယျကို ငဦးဆီသာ တိုက်ရိုက်သွားမေးပါ။
Spoil...
လာမှာပါဗျ။
ကလေးပါလား ဆိုတော့...
ဟုတ်ကဲ့ ပါ ပါတယ်ဗျ။