Unicode
ရဟတ်စီးပြီးလို့ အောက်ရောက်တုန်းပဲရှိသော ပင်လယ်ဓားမြစီ သွားရန် ခြေလှမ်းလှမ်းနေတဲ့ထယ်ယောင်းလက်အား ဂျောင်ဂုလှမ်းဆွဲလိုက်ကာ...။
"စာသင်ရဉီးမယ် ထယ်ယောင်း မစီးနဲ့တော့..."
ဂျောင်ဂုအပြောအား ထယ်ယောင်းသည် ေဂျာင်ဂုလက်အားပြန်ကိုင်လိုက်ပြီး...။
" ဂျောင်ဂုကလဲ ပွဲစေိူကစာထက်အရေးကြီးတယ် စာကမနက်ဖြန်မှလုပ်လဲရတယ်လေ...နော်ပင်လယ်ဓားမြသွားစီးမယ်..."
ဂျောင်ဂုလက်အားကိုင်ကာ မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုဘာမှဆက်မပြောတော့ပဲ ထယ်ယောင်းခေါ်သွားရာ ပင်လယ်ဓားမြနေရာထိ ပါလာသည်။
မင်ယော့က အားလုံးအတွက်လက်မှတ်သွားဝယ်ပေးပြီး ငါးယောက်သား ရဟတ်မှာထိုင်တုန်းကအတိုင်းသာထိုင်ကြသည်။
ထယ်ယောင်းတို့သုံးယောက်က ထိပ်ဆုံးအတန်းတွင်ထိုင်တာဖြင့်ပြီး အောက်တစ်တန်းတွင် ယွန်းဂီတို့ထိုင်သည်။
ထုံးစံအတိုင်း အလယ်မှာထိုင်နေတဲ့ ထယ်ယောင်းလက်အား မင်ယော့နဲ့ဂျောင်ဂုက ကိုင်ထားသည်။
ဂျောင်ဂုက ပိုင်စိုးပိုင်နင်းဖြင့် ထယ်ယောင်းခါးကိုပါဖက်ထားသည်။
ထိပ်ဆုံးတန်းဖြင့်တာကြောင့် အတော်လေးမြင့်သဖြင့် မင်ယော့ပါစီးရင်အော်နေသောကြောင့် ထယ်ယောင်းက မင်ယော့ကိုကြည့်ကာ တခစ်ခစ်ရီနေပြီး ဂျောင်ဂုကတော့ သူဆုပ်ကိုင်ထားတဲ့ထယ်ယောင်းလက်သွယ်သွယ်လေးအားကြည့်ရင်း ပင်လယ်ဓားမြရပ်သွားသည်အထိ မသိလိုက်...။
"ဂျောင်ဂုထပ်စီးချင်သေးလို့လား ထိုင်နေတာ... "
"အဟမ်း မဟုတ်ပါဘူး ထပြီး..."
ထယ်ယောင်းလက်ကိုကြည့်နေရင်း ပင်လယ်ဓားမြရပ်သွားတာပါမသိလိုက်တဲ့ ကိုယ်အဖစ်ကိုယ် ရှက်သွားရကာ လုပ်ချောင်းဆိုးကာ ထယ်ယောင်းအားပြောလိုက်သည်။
ငါးယောက်သား ညပွဲစျေးက ရှိသမျှ ဆော့စရာတွေလိုက်ဆော့ကာ ေမာကာ ဗိုက်ဆာလာသောကြောင့် ကိုရီးယားစားသောက်ဆိုင်ထဲဝင်လိုက်ကျသည်။
ယွန်းဂီ၊ဂျီမင်းနဲ့မင်ယော့က ပဲခေါက်ဆွဲမှာကျပြီး ထယ်ယောင်းက တော့ပိုကီမှာကာ ဂျောင်ဂုကတော့ ငါးအသားပြားကိုအရည်လေးဖြင့် မှာလိုက်သည်။
သူတို့ငါးယောက်အား အသီးသီးမှာထားတာတွေရတော့ မင်ယော့ကလဲတော့ပိုကီတပွဲမှာထားသေးသည်။
ထယ်ယောင်းတော့ပိုကီအစပ်ကို ပါးစပ်ထဲထည့်ဖို့ပဲရှိသေး ဂျောင်ဂုကလုသွားကာ သူ့ငါးအသားပြားကဟင်းရည်ထဲ ဆန်ချောင်းအားစိမ်ကာ အပေါ်ကအနှစ်အစပ်တွေမရှိတော့မှ ထယ်ယောင်းကိုလှမ်းကျွေးသဖြင့် ထယ်ယောင်းလဲမယူတော့ပဲ ဂျောင်ဂုခွန့်ကျွေးတာကိုပဲစားလိုက်သည်။
" အာ...ကျေးဇူးပါပဲ ငါအစပ်မစားနိုင်တာမင်းသိနေတာပဲ..."
"အင်းသိတယ်...မင်းကရောသိရဲ့သားနဲ့ဘာလို့ ဝယ်စားတာလဲ..."
"အစပ်လေးစားချင်သွားလို့ ဒါမဲ့မင်းလုပ်ပေးသလိုကလဲစားကောင်းနေတာနဲ့..."
"ထပ်ကျွေးလို့ ပြောချင်တာမလား..."
" အထာပေါက်သားပဲ..."
"ဒါနဲ့ ထယ်ယောင်းနဲ့ဂျောင်ဂုက အရမ်းရင်းနှီးပုံပဲ..."
မင်ယော့က ပဲခေါက်ဆွဲစားနေရင်း ထိုသို့လှမ်းမေးလာသဖြင့်...။
"အရင်က မခင်ဘူး အခုမှခင်တာအစ်ကို..."
"ဟုတ်လား ငယ်သူငယ်ချင်း တွေထင်နေတာ..."
" အင်း ကိစ္စတစ်ခုကြောင့်သာမဟုတ်ရင် ငယ်သူငယ်ချင်းတွေဖြစ်နေလောက်တယ် အစ်ကို..."
ထယ်ယောင်းအဖြေကြောင့် ဂျောင်ဂုငါးအသားပြားစားေနရင်းမှ ထယ်ယောင်းအားလှမ်းကြည့်သည်။
ထယ်ယောင်းပြောတဲ့ ကိစ္စတစ်ခုက ဂျဂောင်ုလက်ကျိုးတာကို ပြောချင်တာမှန်း ဂျောင်ဂုသေချာသိသည်။
အဲ့တုန်းက ထယ်ယောင်းက သူငယ်ချင်းလုပ်ဖို့ပြောခဲ့ရုံပဲကို သူကတကယ်လွန်သွားတာပဲ.. ။
ဂျောင်ဂုသည် တိတ်ဆိတ်စွာသာ ငါးအသားပြားစားနေရင်းမှ...။
"ဂျောင်ဂု ဟာမီးကမင်းကိုမေးနေတယ်..."
တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းကို ယွန်းဂီရဲ့ဟာမီလို့ပြောလိုက်ခြင်းကြောင့် အားလုံးရဲ့အကြည့်က ဂျောင်ဂုကိုလှမ်းကြည့်နေကာ ဂျောင်ဂုတစ်ခုခုပြောမှာကို စောင့်နေပုံရသည်။
" အင်း ဟာမီ ကျောင်းပြောင်းလာမယ်ပြောတယ် ငါသူ့ကိုဖုန်းမဆက်ရသေးတာနဲ့ မင်းကိုမေးတာဖြစ်မယ်..."
ဂျောင်ဂုအပြောကို တမျိုးတစ်မည်ထင်သွားပုံရတဲ့ မင်ယော့ကခပ်ပြုံးပြုံးမျက်နှာဖြင့်...။
"မဟုတ်မှ ကောင်မလေးလား..."
မင်ယော့အမေးအား ဂျီမင်းနဲ့ထယ်ယောင်းက နားစွင့်နေသည်။
"ဘယ်ကသာ ဒီကောင်ကို ဟာမီကအလယ်တန်းလောက်ထဲက ကြိုက်နေတာကို ဒီကောင်ကဟာမီကို Friend zone ထဲမှာပိတ်ထားပြီး အပြင်ပေးမထွက်ဘူးလေ..."
မင်ယော့အမေးကို ဂျောင်ဂုမဖြေသောကြောင့် အလည်ကနေ ယွန်းဂီကပင် ဝင်ဖြေပေးလိုက်သည်။
ယွန်းဂီအပြောကြောင့် မင်ယော့ကခပ်သောသောရီကာ ဂျောင်ဂုကိုကြည့်ကာ...။
" Friend Zone ထဲပဲပိတ်မထားပဲ တစ်ခါလောက်ချစ်ဖို့တွေးကြည့်ပါလား ဟာမီဆိုတဲ့ ကောင်မလေးအခြား တစ်ယောက်စီပါသွားရင်ရော ဂျောင်ဂုကပျော်မှာလား..."
ခပ်တည်တည်ပဲ သူမးေတွေရဒ့ဆက်ဆံရေးကိုမသိပဲ လျှောက်ပြောနေတဲ့ အရှေ့က မင်ယော့ဆိုတဲ့သူကို ဆဲချင်သွားရပေမဲ့ ကိုယ့်ထက်စီနီယာဖစ်နေသောကြောင့် ဘာမှပြန်မပြောတော့ပဲ ခေါင်းခါပြလိုက်သည်။
"စိတ်ဝင်စားသွားပြီ ဟာမီဆိုတဲ့တစ်ယောက် ကျောင်းပြောင်းလာရင် ဂျောင်ဂုဘယ်လိုလုပ်မလဲဆိုတာကိုပဲ..."
ဂျောင်ဂုဘာမှမပြောပဲ မင်ယော့အား စိုက်ကြည့်နေတုန်း မင်ယော့ကရွဲ့ပြုံးပြုံးကာဖြင့် ...။
"9နာရီတောင်ကျော်နေပြီပဲ ညနက်ခင်ပြန်ကျရအောင် ကလေးတို့..."
သူ့ကြည့်တော့ ကိုယ်တွေထက် 1နှစ်ကျော်လောက်ပဲကြီးတာကို သောက်ပို့တွေကလေးတို့ လုပ်နေသောမင်ယော့အား ဘာမှပင်မပြောချင်တော့...။
မင်ယော့က သူတို့လေးယောက်လုံးအား အိမ်နားထိလိုက်ပို့ပေးကာ မင်ယော့လဲပြန်သွားသည်။
မင်ယော့ပြန်သွားတော့ မင်ယော့အနောက်လှည့်ကြည့်တိုင်း ထယ်ယောင့်က လက်ကိုဝှေ့ရမ်းကာနှုတ်ဆက်သည်။
ဂျောင်ဂုသူ့အိမ်တံခါးအရှေ့မှ ထယ်ယောင်းအားလှမ်းခေါ်လိုက်ကာ...။
" မနက်ဖြန်တော့ စာလုပ်ရမယ်နော် ထယ်ယောင်း..."
"သိပါတယ်ဆို..."
စာအကြောင်းပြောတာနဲ့ အိမ်ထဲပြန်ပြေးဝင်သွားတဲ့ ထယ်ယောင်းအားကြည့်ကာ ဂျောင်ဂုရီရင်း ကိုယ့်အိမ်ထဲကိုယ်ဝင်သွားလိုက်သည်။
.
.
.to be continued
A/N) Followers 2.22kပြည့်အောင်အထိအနားမှာအမြဲရှိပေးကြတဲ့စာဖတ်သူလေးတွေနဲ့comအမြဲရေးတဲ့ကလေးတွေကို ဖြိုးကအများကြီးကျေးဇူးတင်ပါတယ်နော်💜Falling in love ficလေးကလဲ2.17k ဖြစ်အောင်အထိဖတ်ပေးကျလို့အများကြီးကျေးဇူးတင်ပါတယ်ရှင့်💗
Taekook is real for me
jkkimphyo
Zawgyi
" ဂျောင်ဂုကလဲ ပွဲစေိုကစာထက်အရေးကြီးတယ် စာကမနက်ဖြန်မှလုပ်လဲရတယ်လေ...နော်ပင်လယ်ဓားမြသွားစီးမယ်..."
ငါးယောက်သား ညပွဲဈေးက ရှိသမျှ ဆော့စရာတွေလိုက်ဆော့ကာ မောကာ ဗိုက်ဆာလာသောကြောင့် ကိုရီးယားစားသောက်ဆိုင်ထဲဝင်လိုက်ကျသည်။
" အထာပေါက်သားပဲ..."
ထယ်ယောင်းအဖြေကြောင့် ဂျောင်ဂုငါးအသားပြားစားနေရငျးမှ ထယ်ယောင်းအားလှမ်းကြည့်သည်။
ထယ်ယောင်းပြောတဲ့ ကိစ္စတစ်ခုက ဂဂြောငျုလကျကြိုးတာကို ပြောချင်တာမှန်း ဂျောင်ဂုသေချာသိသည်။
"မဟုတ်မှ ကောင်မလေးလား..."
ခပ်တည်တည်ပဲ သူမးတှေရေဒ့ဆကျဆံရေးကိုမသိပဲ လျှောက်ပြောနေတဲ့ အရှေ့က မင်ယော့ဆိုတဲ့သူကို ဆဲချင်သွားရပေမဲ့ ကိုယ့်ထက်စီနီယာဖစ်နေသောကြောင့် ဘာမှပြန်မပြောတော့ပဲ ခေါင်းခါပြလိုက်သည်။
"သိပါတယ်ဆို..."
.
.
.to be continued
Taekook is real for me
jkkimphyo