"ကိုယ့်ကိုကိုယ် မိတ်ဆက်ပါရစေ ကျွန်တော့ နာမည်က မင်းမြတ်ပါ..."
ဟေမာသတိရသွားသည်။ထိုသူပင်။သို့သော်
အိန္ဒြာက အဘယ်ကြောင့် ရန်ဖြစ်ချင်နေသနည်း။နှင်းယုလည်း ဘာအကြောင်းကြောင့် ကြောက်နေသနည်း။
ဟေမာ အခြေအနေကို စောင့်ကြည့်နေသည်။
မြင့်မိုရ်က ရှုပ်ထွေးနေသော အခြေအနေမှ
နှင်းယုကို ဟေမာ့အနားဆီ ခေါ်လာသည်။
"နှင်းယု အမေကော မပါဘူးလား"
"ဟုတ် အမေက သွားခါနီး ၁ရက်အလိုမှ ကျောင်းက မေးခွန်းပြင်ဆင်ခိုင်းထားလို့ အဲ့တာ ပြင်ဆင်နေရတယ်"
"နေပါဦး မေးခွန်းတောင်လုပ်ခိုင်းတယ်ဆိုတော့ ပြန်ရောက်တာနဲ့ စာမေးပွဲအတွက် ပြင်ရတော့မှာပေါ့?"
"ဒါပေါ့ မမြင့်မိုရ်ရယ် "
"ဟာ အဲ့တာမှ ဒုက္ခပါပဲ နှင်းယုရယ် မြင့်မိုရ် စာမလုပ်တာကြာပါပြီဆိုနေမှ"
"ကဲပါ ဒီကိစ္စကို မေ့ပြီး ပျော်စရာရှိတာပျော်ရအောင်ပါ မြင့်မိုရ်ရယ် ဟုတ်တယ်မလား နှင်းယု"
နှင်းယု ခေါင်းသာညိမ့်ပြသည်။
"ငါ ဟိုဘက် ခနသွားလိုက်ဦးမယ်နော် နှင်းယုရေ ကျွန်မ လိုတာလေးသွားယူလိုက်ဦးမယ်နော်"
"ဟုတ်ကဲ့ပါ မမြင့်မိုရ်ရှင်"
မြင့်မိုရ် တမင်ရှောင်ပေးလိုက်ခြင်းဖြစ်သည်။သူမ၏ ကောင်မလေးတစ်ယောက်ကို သွားထိန်းမှရမည်။တော်ကြာ ခရီးမထွက်ခင် ပြဿနာဖြစ်ပြီး မလိုက်ရတော့ဖြင့်။
"ပစ္စည်းတွေစုံရဲ့လား"
မြင့်မိုရ်ထွက်လာခဲ့ပြီး ဟေမာနှင့် နှင်းယုတို့ နှစ်ယောက် ကျန်ခဲ့ပြီး တိတ်ဆိတ်နေသည်။ယခုလိုတိတ်ဆိတ်နေခြင်းက ဟေမာမနေတက်၍ မေးလိုက်ခြင်းဖြစ်သည်။
သို့သော် နှင်းယုကြည့်ရတာ အဆင်မပြေသေးပုံပေါက်သည်။မျက်နှာမှာ နီရဲနေ၏။ရှက်နေခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။
ဟေမာ အမေးများကို ခေါင်းခါပြီးတော့သာ ညိမ့်ပြသည်။ဟူးးးးးဟေမာတော့ ခက်ပြီလေ။
.....…......................................................
At another side
"လဝန်းရေ လဝန်း!"
"သွား လာမခေါ်နဲ့"
"သွန်း ဘာလုပ်မိလို့လဲဟင်"
"ကိုယ့်ကိုကိုယ် ပြန်စဉ်းစားကြည့်လေ ကိုယ်ဘာလုပ်ခဲ့လဲဆိုတာ"
သွန်းစဉ်းစားနေသည်မှာ တစ်နာရီဖြင့် ရှိတော့မည်။ခေါင်းကုတ်၍သာ စဉ်းစားနေသည်။သို့ပေမဲ့ သူမ ဘာလုပ်ခဲ့မိမှန်း ယခုထိ မသိသေးပေ။
တကယ်တော့ သွန်းကဗျာနှင့် လဝန်းတို့သည် ကျောင်းဖွင့်ကတည်းက တစ်ဦးနှင့်တစ်ဦး ဂရုစိုက်သည်မှာ သူငယ်ချင်းထက်ပိုသည်။ဟိုမရောက် ဒီမရောက် ဆက်ဆံရေးပင်။ just friend
ဟုခေါ်လျှင် ပိုမှန်မည်။
အချင်းချင်းသဝန်တိုနေကြသည်မှာ တစ်ယောက်တစ်လှည့်စီပင်။ယခုလည်း သွန်းကဗျာ ဘားမှမလုပ်မိ၍ မယ်တော်မလေး စိတ်ကောက်သွားရှာသည်။
သူမ လုပ်သည်မှာ....။သွန်းကဗျာ ယခုမှ သဘောပေါက်သည်။သူမ မနက်တုန်းက ကောင်မလေးတစ်ယောက်ကို အထုပ်ဝိုင်းသယ်ပေးခဲ့သည်။
လဝန်းမြင်သွားသည်ဟု ယူဆမိသည်။ထို့ကြောင့် သူမကို လဝန်းက စိတ်ကောက်သွားခြင်းပင်။ဘာပဲဖြစ်ဖြစ် အကြောင်းသိပြီဖြစ်၍ ပြန်သွားချော့ရမည်လေ။
လဝန်းတစ်ယောက် သူမကို ပစ်ထားသည်မှာ ကြာသည်။တကယ်တမ်းတော့ မိနစ်၃၀လေးတင်ကို သူမအတွက်ကတော့ တစ်ကမ္ဘာကြီးလောက် ကြာလှသည် ဟုထင်နေသည်။(အတွဲတွေများ ပြီးရင် သူတို့ပဲ စိတ်ကောက် သူတို့ပဲပြန်ချစ် ပြီးရင် ရိုကြတော့မှာများ)
စိတ်ပေါက်ပေါက်ဖြင့် ကားပေါ်၌ထိုင်နေလိုက်သည်။သွန်းကဗျာ လာခေါ်လျှင် စိတ်အကြာကြဆိုးပစ်မည်ဟု စိတ်ထဲ၌ တေးထားလိုက်သည်။ထိုစဉ် လဝန်းထိုင်နေသော ခုံ၏ အပေါ်တန်း၌ အထုပ်တစ်ထုပ်သည် သူမ၏ ခေါင်းပေါ်သို့ ပြုတ်ကျမည့်သဘော ဖြစ်သည်။
"ဘုတ်"
"အမယ်လေး!လန့်လိုက်တာ!"
"အားးးကျွတ်ကျွတ်စ်"
"ဟမ် နာသွားသေးလား"
"အာာာာ ရပါတယ် မနာပါဘူးဗျာ"
"နာသွားတယ် ထင်တယ် ဒုက္ခပါပဲ"
"ရပါတယ် မမ ကျနော် ဘားမှမဖြစ်ပါဘူး"
ပါးစပ်ကသာ 'ဗျာ' ဟု သုံးတာ ထိုမိန်းကလေး၏ မျက်နှာက ခန့်ညားသည်။သို့သော် သွန်းကဗျာ ကိုတော့မမှီ။ထိုကောင်မလေးသည် ခေါင်းပေါ်သို့ ပြုတ်ကျလာသော အထုပ်ကို ကာပေးလိုက်ခြင်းဖြစ်သည်။
"ပေးပေး ဘာဖြစ်သွားသေးလဲ ကြည့်ရအောင်"
ထိုအချိန် သွန်းကဗျာရောက်လာပြီး မျက်နှာ ရှုံ့မဲ့စွာဖြင့် လက်ကမ်းနေသော လက်ကို ဆွဲပြီး
"လဝန်း လိုက်ခဲ့!"
သွန်းကဗျာ ပြောလည်းပြော လက်ကို ဆွဲပြီး ကားပေါ်မှ ခေါ်ချလာသည်။
"သွန်း !လွှတ်ဦး ဒီမှာ လက်နာနေပြီ သွန်း!"
သွန်းကဗျာ လဝန်း၏စကားမကြားပဲ လက်ကိုမလွှတ်စတမ်း ခေါ်လာခဲ့မိသည်။
"သွန်း! သွန်းကဗျာ!"
ထိုအခါမှ သွန်းကဗျာ သတိပြန်ဝင်လာပြီး လဝန်းကိုကြည့်လာသည်။မျက်လုံးအိမ်တို့၌ မျက်ရည်များဖြင့်။လဝန်းတစ်ယောက် ဒေါသထွက်ပြီး ပြန်သောင်းကျန်းပစ်မည်ဟု ကြိမ်းထားသော်လည်း
ထိုသို့မြင်လိုက်ရခြင်းကြောင့်
"သွန်း!သွန်း ဘာဖြစ်လို့ငိုတာလဲ!"
သွန်းကဗျာသည် ငိုရင်းဖြင့်
"သွန်းအပေါ်ကို လဝန်း ကြိုက်သလောက် အနိုင်ပဲကျင့်ကျင့် စိတ်ပဲဆိုးဆိုး လုပ်လို့ရတယ် ဒါပေမဲ့
တခြားလူတစ်ယောက်နဲ့တော့ မပျော်စေချင်ဘူး"
လဝန်းသည် အကင်းပါးသူမို့ ဘာကိုဆိုလိုချင်မှန်း သဘောပေါက်သွားသည်။သွန်းကဗျာဘာဆက်ပြောမလဲကို နားထောင်ရင်း
"နေပါဦး သွန်းရယ်....လဝန်းရှင်းပြ..."
"မနေဘူး!သွန်းရှင်းအောင် ပြောထားမယ် လဝန်းကို သဘောကျတာ ကြာပြီ!အခုချိန်မှာ လဝန်း နားလည်ချင်မှ နားလည်မယ်"
"ကျေးဇူးပြုပြီး အခြားလူနဲ့တော့ သွန်းတွေ့အောင် မလုပ်ပါနဲ့ သွန်းခံနိုင်ရည်မရှိလို့ပါ သွန်းအရမ်း နာကျင်ရလို့ပါ"
"သွန်းရယ်....."
လဝန်းလည်း စိတ်မကောင်းဖြစ်မိသည်။
"လဝန်းပြုံးပါနော် လဝန်းမျက်နှာက ပြုံးနေမှ သွန်းအတွက်အဆင်ပြေမှာမို့ ပြုံးထားနော် အမြဲတမ်း "
"ဟုတ်ပါပြီ"
"ဒါနဲ့ သွန်းကို အဖြေမပေးတော့ဘူးလား?"မျက်နှာငယ်လေးဖြင့်
"ဟမ်?"
"ဟုတ်တယ်လေ သွန်းအခု လဝန်းကို ဖွင့်ပြောနေတာလေ သွန်းကို စဉ်းစားပေးမှာလား"
"အမ် အဲ့တာက.....အချိန်ပေးဦးလေ"
"မရဘူး အခုပဲလိုချင်တာ"
"အော် တော်တော်ဖြစ် အင်း"
"ဘာကြီးမကြားလိုက်လို့"
"အင်းးလို့"
"ရပါတယ် မပေးချင်ရင်လည်း ခနနေရင် မုန့်ဟင်းခါးလာပို့ပေးမယ်"
"မုန့်ဟင်းခါး?ဘာဆိုင်လို့"
"လဝန်းဆီက အဖြေမရရင် ဟောဒီက သွန်းကဗျာက အသက်မရှင်နိုင်တော့ပါ ကဲရှင်းပြီလား"
"ဟားဟား လူလည်"
"ဒီလူလည်ကြီးလည်း နှလုံးသားနဲ့ပါနော်"
"ဟွန့်"
"လဝန်းဆီက အဖြေမကြားရသေးဘူးနော်"
"ချစ်တယ်"
"ဘာကြီး!မကြားရဘူး"
"ချစ်တယ်လို့"
"ထပ်ပြောဦး နားမကောင်းလို့"
"မကြားရရင်လည်း နေခဲ့တော့ သွားပြီ"
သွန်းကဗျာသည် လဝန်းဆီက အဖြေရသည်နှင့်တစ်ပြိုင်နက် လဝန်းအနားကနေ မခွာတော့။