ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

80.8K 11.1K 536

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃
၆၄

၅၉ ဒု

375 65 1
By Meng_L

人鱼陷落
REN YU XIAN LUO


UNICODE


လူပြက်သည် အစတွင်ဖဲချပ်များဖြင့်ဖျော်ဖြေကာသူ့လက်နှစ်ဖက်ထဲတွင် ဖဲချပ်များကချောချောမွေ့မွေ့ စီးဆင်းသွားပြီး လျင်မြန်စွာပင် ထိုသူသည်ဖဲချပ်များကိုစုသိမ်းလိုက်ပါ၏။ အနောက်မှနေ အနီရောင်အရစ်ပတ်တို့ပါသည့် hula hoop(ဆပ်ကပ်ပွဲစသည်တို့တွင် သုံးသောကွင်း)ကို ထုတ်ကာ စိတ်တက်ကြွစွာဖြင့်hula hoopအတွင်း ခေါင်းကိုလှည့်ပတ်နေလျက်။

ရယ်စရာကောင်းပြီး ထူးထူးဆန်းဆန်း ဖျော်ဖြေမှုအပြီးတွင် လူပြက်သည် hula hoopအား သူတို့ရှိရာထံ လှမ်းပစ်လာပါ၏။

မမျှော်လင့်ဘဲ hula hoopမှာ လက်တွေ့ဖြစ်လာပြီး ကျဉ်းမြောင်းသောကော်ရစ်တာတွင် လျင်မြန်စွာ ဝဲပျံလှည့်ပတ်လာကာ တစ်ခုမှနှစ်ခု ၊ နှစ်ခုမှနေ လေးခုသို့ပွါးလာတော့သည်။ ရုတ်တရက် ကွင်းများသည် ကောင်းကင်ယံတွင် ပျံဝဲလာကာ ထိုအထဲကသုံးကွင်းမှာဆို ပန်းခြံထဲက ကွင်းပစ်ကစားနည်းတစ်ခုလို သူတို့သုံးယောက်၏ ခေါင်းထိပ်သို့ပျံဝဲလာလေ၏။

"ပုန်းနေ။"

ပိုင်ချူနျန်သည် ယင်းအား ဟန်ရှင်ချန်းဘေးတွန်းပို့လိုက်ပါပြီး. .

"မြန်မြန်။"

အမှတ်စဉ်408စမ်းသပ်ခံခန္ဓာ၏ M2ခွဲထွက်စွမ်းရည် 'ပျော်ရွှင်သကြားလုံးကွင်း' - ကွင်းအဝိုင်းအတွင်းဖမ်းမိသူတိုင်းသည် ပျံ့နှံ့နေသောဗိုင်းရပ်စ်ကူးစက်ခံရမည်ဖြစ်ပြီး ကူးစက်ခံရသူသည် နှောင်းပိုင်းအဆင့် ရူးသွပ်သည့်အခြေအနေသို့ ချက်ချင်းရောက်ရှိသွားမည်ဖြစ်သည်။

တစ်နည်းဆိုရသော် ကျန်းမာသန်စွမ်းသောလူသည် ထိုကွင်းအဝိုင်းအတွင်း နှစ်ခါတိတိဝင်ရောက်မိပါက သေချာပေါက်သေဆုံးသွားပေလိမ့်မည်။

ပိုင်ချူနျန်သည် နံရံထောင့်စွန်းတွင် စုပုံထားသော သစ်သားသေတ္တာများပေါ်၌ သွက်လက်စွာတက်လိုက်ခုန်လိုက်ရှိသည့်တိုင် စည်းမျဉ်းစည်းကမ်းမရှိစွာပျံသန်းနေပုံရသော်ငြား အဆိုပါကွင်းများ၌ အမှန်တကယ် ခြေရာခံနိုင်စွမ်းရှိနေလျက်။ ပိုင်ချူနျန် ဘယ်မှာပဲပုန်းနေပါစေ အဝိုင်းကွင်းက ပိုင်ချူနျန်ကို ကြွက်တွေဆီတွန်းပို့ပြီး သူ့နောက်ကို အမြဲလိုက်နေလေ၏။

သူသည် ကြွက်ဖြူအုပ်စုလိုက်ကြီးနှင့် ခေါင်းချင်းဆိုင်တိုက်တော့မည်ကို မြင်လိုက်ရသဖြင့် ပိုင်ချူနျန်သည် အလောတကြီးရပ်ကာခုန်ပစ်လိုက်ပြီး လက်နှစ်ဖက်က မျက်နှာကျက်ရှိအငွေ့စုပ်စက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ရာ သူ့လက်​​မောင်းကြွက်သား​တွေ ရုတ်​တရက်​တင်းခနဲဖြစ်သွားလျက်။ အင်္ကျီလက်မှာ လက်မောင်းကြွက်သားတို့အမြှောင်းလိုက်ထလာ၍ ဖောင်းတင်းလာ၏ ၊ လက်မောင်းအားအကုန်လုံးကိုသုံးပြီး တစ်ကိုယ်လုံးအားမျက်နှာကျက်နှင့်ကပ်ထားလိုက်သည်။ ခြေရာခံအဝိုင်းကွင်းနှစ်ခုမှာ အချင်းချင်းတိုက်မိပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်ထွက်ပြီးနောက် ကွဲထွက်လွင့်စင်ကာကြမ်းပေါ်ပြုတ်ကျသွားတော့၏။

ပိုင်ချူနျန်က ခုန်ဆင်းလာလိုက်ပြီး သူ့လက်မောင်းပေါ် တွားသွားတက်လာသည့် ကြွက်တစ်ကောင်ကို ထိတ်လန့်တကြားပုတ်ထုတ်ပစ်လိုက်ပါသည်။

"သွားစို့ ဒီကနေထွက်ရအောင်။"

သူသည် ယင်းနှင့်ဟန်ရှင်ချန်းကို တစ်ချက်တွန်းလိုက်ပြီး. .

"ဒါက ထောင်ချောက်တစ်ခုပဲ ၊  Samaelက ငါတို့ လင်တိန်းကို ရှာမတွေ့အောင်တားဆီးနေတာ။"

အနီနှင့်အဖြူရောင် ပလတ်စတစ်အဝိုင်းကွင်းမှာ အမှန်တကယ်ပင် အလွန်မာကျောပြီး ဓာတ်ခွဲခန်းတစ်ခုစီ၏တံခါးကိုပင် အလွယ်တကူ ချိုးဖျက်နိုင်ပြီး ရောဂါကူးစက်ခံရသူတစ်ဦးကို ကျပန်းရွေးချယ်လျက် ထိုသူ၏ခေါင်းထက်ပတ်လိုက်တော့၏။

အဝိုင်းကွင်းအပတ်ခံလိုက်ရသော ကူးစက်ခံရသူမှာ ရုတ်ခြည်းပါးစပ်ကိုဖွင့်ဟလို့ သွေးထွက်သံယိုအပြုံးကြီးပြုံးလာလျက်  မျက်ဆန်ကကွယ်ပျောက်ကာ မျက်လုံးများကနီရဲလို့လာသည်။ ထပ်တလဲလဲလုပ်ဆောင်ခြင်းပျက်ယွင်းကုန်၍ နှောင်ပိုင်းအဆင့်ကူးစက်ခံရသူများနှင့်အတူရော၍ ဟိန်းဟောက်ကာပြေးထွက်လာတော့သည်။

အဆောက်အဦအတွင်း ကူးစက်ခံရသူရာနှင့်ချီ၏ ပြေးလွှားဟိန်းဟောက်သံများက စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုအတော်လေးဖြစ်စေရာ မောပန်းလုနီးပါး ဖြစ်နေသောယင်းအဖို့ ထိုအသံကို ကြားလိုက်သောအခါတွင် သူ၏နှလုံးသားထဲ၌ စိတ်ပျက်အားငယ်သွားသလို ခံစားလိုက်ရပါ၏။

သူသည် ကော်ရစ်တာထဲသို့ အလင်းဗုံးတစ်လုံးကို အားအပြည့်ဖြင့် ပစ်ချလိုက်ရာ အလင်းဗုံး၏ တောက်ပသောအလင်းရောင်နှင့် ပေါက်ကွဲမှုက ကူးစက်ခံရသူများနှင့် ကူးစက်ခံရသောကြွက်များကို တွန်းလှန်ပစ်သည်။ ထွက်ပြေးဖို့ရာအတွက် အချိန်ခဏလောက်ရလိုက်ပြီး ဟန်ရှင်ချန်းကိုဖမ်းဆွဲကာ လမ်းတစ်လျှောက်လုံးပြေးလာခဲ့လိုက်တော့သည်။

ပိုင်ချူနျန်က ဆုတ်ခွါရာမှာကာကွယ်ပေးဖို့တာဝန်ယူထား၏ ၊ သူသည် အမိန့်ပေးညွှန်ကြားသည့်ရာထူးနှင့်အသားကျနေပြီး အဖွဲ့ဝင်များ၏ အခြေအနေကို အချိန်တိုင်းစောင့်ကြည့်ရတာက သူ၏ဗီဇဖြစ်သည်။ ယင်းကို လေ့ကျင့်သင်ကြားပေးတုန်းက ယင်း၏ အခွင့်အရေးအားပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ပုံကို သဘောကျသွားခဲ့ခြင်း ၊ အဖွဲ့ထဲ၌ လက်ထောက်တစ်ဦးဖြစ်ဖို့ အလွန်သင့်လျော်၏။ ဤတစ်ကြိမ်တွင်တော့ ထိုသူသည် အဖွဲ့နှင့် အဆက်ဖြတ်ရန်တွန်းအားပေးခံခဲ့ရပြီး အရန်တိုက်ခိုက်ရေးနေရာမှ အဓိကချေမှုန်းသူအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့ရလျက်။ ယင်း၏စွမ်းရည်သုံးစွဲမှုမှာဆို သူ့ဂလင်း၏ခံနိုင်ရည်ရှိသော ကန့်သတ်ချက်သို့ပင် ရောက်ရှိသွားသည်ကို ပိုင်ချူနျန်မြင်တွေ့ရသည် ၊ ဆက်လက်သာအသုံးပြုပါက ဂလင်းကနဂိုအတိုင်းပြန်မကောင်းတော့ဘဲ သူ့အလိုလိုပျက်စီးသွားမည်ကိုပင်စိုးရိမ်ရ၏။

ပထမဆုံးမစ်ရှင်မှာတင် ဤကဲ့သို့ခက်ခဲသောအခြေအနေနှင့်ကြုံတွေ့ရ၍ ပိုင်ချူနျန်သည် ဤကံမကောင်းသောကျောင်းသားများအတွက် သနားဂရုဏာဖြစ်မိရလျက်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာမှ ထွက်ခွာပြီး ဆေးရုံ၏ဘေးကင်းတဲ့ထွက်ပေါက်လမ်းနှင့်နီးလာချိန်တွင် ဟိန်းဟောက်သံတိုးသဲ့သဲ့တို့က အခြားဦးတည်ရာမှ ထပ်မံချဉ်းကပ်လာနေပြီး ယခုတစ်ကြိမ်တွင် အသံကိုနားထောင်ရသလောက် အရေအတွက်ပို၍များပြားလာ၏။

ပိုင်ချူနျန်သည် အရှေ့ဆုံးမှလျှောက်လို့သွားပြီး လုံခြုံရေးတံခါး၏ တစ်ဖက်ခြမ်းတွင် အပြင်းအထန် ရိုက်ပုတ်သံများကို ကြားလိုက်ရသဖြင့် လေးလံသောသော့ခလောက်ထက် လက်ကိုတင်လိုက်သည်။ ခိုင်ခံ့သောလုံခြုံရေးသော့အား သူကတော့တို့ဟူးသဖွယ်အလွယ်တကူ ဆွဲဖွင့်လိုက်သည်နှင့် လုံခြုံရေးတံခါးသည် ရုတ်တရက်ပွင့်လာပြီး ဘေးကင်းရေး လမ်းကြောင်းရှိတစ်ဖက်ခြမ်းမှလူများလည်း အပြေးဝင်လာကြလျက်။

နီမိုငါးOmegaမှာ ပြောင်းဝပူနေစဲရှိသည့်Novaစက်သေနတ်ကိုလွယ်ကာ လက်နှစ်ဖက်က ကျည်ဘယ်နှစ်တောင့်မှမကျန်တော့သည့်KS23ကိုကိုင်ထား၏။ သူကာကွယ်ပေးနေရသည့်ဆရာဝန်များအား ဘေးကင်းရေးတံခါးနှင့်အနီးဆုံးထိတွန်းပို့ရင်း သူတို့နောက်ကိုလိုက်နေသည့် ကူးစက်ခံရသူ ဒါဇင်ပေါင်းများစွာကို သူတစ်ယောက်တည်းတားဆီးခဲ့ရသည်။ သေနတ်နှစ်လက်ဖြင့်အလှည့်ကျပစ်ခတ်ခဲ့ပြီး ပြောင်းချောသေနတ်နှင့်ပစ်ချိန်၌ ပေါက်ကွဲမှုအားက ရိုင်ဖယ်သေနတ်ထက်မြင့်၍ ရောဂါပိုးရှိသူ၏ အပိုင်းအစများပေါက်ကွဲထွက်ကာ နံရံများကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

"အမြန်ထွက်! တံခါးကိုပိတ်!"

နီမိုငါးသည် လှည့်ပင်မကြည့်ပါဘဲ ထိုဆရာဝန်များထံ အော်ပြောလိုက်ပါသည်။

"တံခါးပိတ်လိုက်တော့ ၊ ကျွန်တော်တစ်ဝက်လောက်ရှင်းပြီးသွားမှ ကျွန်တော့်ကိုပြန်ဖွင့်ပေး ၊ မဟုတ်ရင်ဒီတံခါးကအချိန်ကြာကြာခံနိုင်မှာမဟုတ်ဘူး!"

ပြောင်းချောသေနတ်ပစ်ဖောက်သည့်အရှိန်က ကန့်သတ်ချက်ရှိ၏ ၊ နီမိုငါး ကျည်လဲနေသည့်ကြားကာလကို အခွင့်ကောင်းယူကာ ကူးစက်ခံရသူများက အပြေးရောက်လာကြပြီး သူ့ကျည်ကာအင်္ကျီကိုကိုက်ဖြဲတော့သည်။ နီမိုငါးသည် တစ်ယောက်ကိုကန်ထုတ်ပစ်လိုက်ပြီး လှည့်ကာခြေနှစ်လှမ်းခွါလိုက်ပြီး ထိုကူးစက်ခံရသူများနှင့် တဖန်ရင်ဆိုင်ဖို့လုပ်ချိန်၌ အနောက်မှနေရွှေရောင်အလင်းရောင်တို့ ထွက်ပေါ်လာခဲ့၏။ အလင်းဖျော့ဖျော့မှနေ ဒြပ်ရှိအကောင်အထည်သို့ပြောင်းလဲသွားလျက် မရေမတွက်နိုင်သောအသက်ရှိသည့် လိမ္မော်ရွှေရောင်လုံးချောလက်တံရှည်များက နီမိုငါးကိုအလယ်တွင်ထားကာ တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားလေသည်။ ထို့အပြင့် ခရမ်းရောင်အဆိပ်ချည်မျှင်များအား အပေါ်မှနေလွှတ်ထုတ်လာ၏ ၊ အဆိပ်ရှိချည်မျှင်ဖြင့် ထိမိသောကူးစက်ခံရသူများမှာဆို တစ်ကိုယ်လုံးတောင့်ကာ အကြောဆွဲလျက် လက်သည်းများမှ သွေးမည်းများတဖြည်းဖြည်း စိမ့်ထွက်ကာ ပါးစပ်မှနေအမြှုပ်ဖြူတွေထွက်လျက် ကြမ်းပေါ်သို့ လဲကျသွားကြ၏။

နီမိုငါးဂလင်း၏ J1ခွဲထွက်စွမ်းရည် 'ပင်လယ်အနီမိုနီပန်းလက်တံရှည်များ' - ရှားပါးသော သဟဇီဝဆင့်ခေါ်နိုင်သည့်စွမ်းရည်ပင် ၊ သဟဇီဝသက်ရှိများ ရုပ်လုံးပေါ်လာစေကာ ဓာတုအဆိပ်များဖြင့် ရန်သူကိုတိုက်ခိုက်ခြင်းနည်းဖြင့် မိမိကိုယ်ကိုကာကွယ်ခြင်းဖြစ်သည်။

နီမိုငါးသည် ကျည်လဲနေချိန်၌ သူ၏ဂလင်းများအတွင်း နက်ရှိုင်းသောနာကျင်မှုကို ခံစားမိလျက် ၊ သူသည် စွမ်းအင်ကိုညှစ်ထုတ်ကာ ပင်လယ်အနီမိုနီများကို ထပ်ခါထပ်ခါခေါ်ယူခြင်းဖြင့် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ခြင်း။ ပင်လယ်အနီမိုနီများကိုသာတစ်ခေါက်ထပ်ဆင့်ခေါ်လိုက်ပါက သူ့ဂလင်းအဖို့ချက်ခြင်းကွဲထွက်သွားလိမ့်မည်ဟု ကြိုတင်ခံစားချက်တို့ပင်ရလာ၏။

ပြောင်းချောသေနတ်က ကျည်ကျန်သေးပေမယ့် ကိုယ်ပေါ်က သေနတ်တော်တော်များများဟာ အပူဒဏ်ကြောင့် ပုံပျက်နေလျက် မကြာခင်မှာပဲသံတိုသံစသာသာဖြစ်သွားတော့မည်ပေ။ ယခုအခြေအနေက လက်ထဲမှာ လက်နက်မရှိတော့လို့ သေခြင်းတရားကို ထိုင်စောင့်နေရတာနဲ့ ထူးမခြားနား ၊ ထိုအချိန်တွင် သက်လုံကလည်း ဘယ်လောက်မှမကျန်ရစ်တော့ ၊ နီမိုငါးမှာ ခေါင်းထဲဗလာကျင်းလို့ ဆရာဝန်များကို ဘေးကင်းစွာ ပို့ဆောင်နိုင်ဖို့ကိုသာ သတိရမိသည်။

အနောက်မှ ပင်လယ်အနီမိုနီများဖြည်းဖြည်းချင်း ကွယ်ပျောက်လာနေချိန်တွင် နီမိုငါးသည် အသက်ပြင်းပြင်းရှူလျက် မျက်လုံးတို့ကိုမှိတ်ကာဂလင်းစွမ်းအင်၏နောက်ဆုံးလက်ကျန်ကလေးအား ညှစ်ထုတ်ပစ်လိုက်တော့သည်။

သို့တိုင် သူ၏ပင်လယ်အနီမိုနီများ ထွက်မလာခင်မှာပဲ အကြမ်းထည်လက်အကာဝတ်ထားသည့်လက်တစ်ဖက်က သူ့ကုတ်ပိုးကဂလင်းထက်အသာလေးဖိလို့ထားလျက် ဘရန်ဒီအရက်နံ့ပါသည့် အားကောင်းသည့်နှစ်သိမ့်pheromoneတစ်သွယ်ကစိမ့်ဝင်လာခဲ့သည်။ Pheromoneများခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့်အမျှ ဂလင်း၏နာကျင်မှုမှာ အတော်လေးလျော့သွားခဲ့လျက်။

"လုံလောက်ပြီ။"

ပိုင်ချူနျန် ထိုသူ့အားအနောက်ထဲဆွဲခေါ်ထားလိုက်ပြီး လက်ထဲကM98Bကိုအသာမြှောက်ကာ ခေါင်းတွေကိုပစ်ဖောက်ထည့်လိုက်ပြီး လှည့်ကာဟန်ရှင်ချန်းကို တစ်ချက်လှမ်းခေါ်လိုက်သည်။

"ငါ့တပည့်တွေ မင်းရဲ့လက်အောက်ငယ်သားတွေကို အကာအကွယ်ပေးဖို့ ဒီလောက်စိတ်နှစ်ပြီးလုပ်ခဲ့တဲ့အပေါ်ထောက်ပြီး အနည်းဆုံးတော့ နည်းနည်းလောက်ပြန်ကူမှပေါ့။"

ဟန်ရှင်ချန်းက အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ မတ်တပ်ရပ်နေရင်း နှာတံပေါ်ရှိ ရွှေရောင်မျက်မှန်ကို ညင်သာစွာ တွန်းတင်လိုက်ရာ ကြိုးမျှင်လေးသည် အနည်းငယ်လှုပ်ယမ်းသွားခဲ့၏။

"ငါ့ကိုသုံးဖို့ မလိုဘူးထင်နေတာလေ။"

သူ၏နဖူးဆံနွယ်များကြားတွင် အဖြူရောင်ချိုအလွှာတစ်ခု ပေါက်လာပြီး ထိုအလွှာမှာတလိပ်လိပ်ရစ်ကာကြီးထွားလာလျက် တဖြည်းဖြည်းနှင့် ဖြူစွတ်ကာတောက်ပြောင်ချွန်ထက်သော ဦးချိုဖြစ်ပေါ်လာပါသည်။

သူသည် မလှုပ်ရှားသော်လည်း လူတိုင်းမှာ သူတို့၏ဂလင်းများအတွင်းသို့ ထူးခြားသည့်အနွေးဓာတ်များ စီးဝင်လာသည်ကိုခံစားလိုက်မိကြသည် ၊ အထူးသဖြင့် စွမ်းရည်သုံးစွဲထားမှုများသော ယင်းနှင့်နီမိုငါးတို့မှာ အလွန်နက်ရှိုင်းစွာခံစားမိကြ၏။

စွမ်းအင်တွေပြန်စီးလာ၏ ၊ ဂလင်းတွေပြန်ပြည့်လာ၏ ၊ ဗိုက်ထဲက ဆာလောင်မှုနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ပင်ပန်းနွမ်းနယ်မှုတွေတောင် ပျောက်ကွယ်သွားရသည်။

ဒါတင်မကပါ ၊ ပြောင်းဝကအပူလွန်သွားသောကြောင့် ပျက်စီးတော့မည့်လက်နက်တွေကလည်း မြန်မြန်ပြန်အေးသွားကာ ခြစ်ရာတွေပျောက်သွားပြီး အသစ်စက်စက်အခြေအနေ ပြန်ဖြစ်သွားတော့လျက်။ နီမိုငါး၏ စုတ်ပြဲနေလေသည့်ကျည်ကာအင်္ကျီမှာလည်း တစ်ခါမှမဝတ်ရသေးသကဲ့သို့မူလပုံစံအတိုင်း ပြန်လည်ရောက်ရှိကာ ပိုင်ချူနျန်၏ခြေထောက်ဘေးရှိ နည်းဗျူဟာမြောက်ဓားမြှောင်၏ တုံးနေသောဓားသွားမှာဆို ကနဦးအတိုင်းပြန်ထက်လို့လာသည်။

နတ်မြင်း(ယူနီကွန်း)ဂလင်း၏ J1စွမ်းရည် 'ခံနိုင်ရည်ပြန်လည်စတင်ခြင်း' - အကွာအဝေးတစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်လာနိုင်သည့်စွမ်းရည်ပင် ၊ အကွာအဝေးအတွင်းက ပစ်မှတ်၏ ခွန်အား ၊ စွမ်းအင် ၊ စက်ကိရိယာများအား မူလအတိုင်းချက်ချင်းပြန်လည်ရရှိခြင်းဖြစ်သည်။ နဂိုအတိုင်းပြန်ဖြစ်သည့်အကြိမ်တိုင်း တာရှည်ခံမှုကန့်သတ်ချက်ကတော့ မူလတုန်းက၏ထက်ဝက်ဖြစ်၏။

ပုံမှန်မဟုတ်သည့်မျိုးတူဂလင်းတွေဖြစ်သော်ငြား ဟန်ရှင်ချန်းသည် အမြွှာဂလင်းတစ်ဝက်စီကို အမွေဆက်ခံသော ဟယ့်ညီအစ်ကိုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်လျက် မိဘနှစ်ဦးစလုံး၏ အားသာချက်များကို ပေါင်းစပ်ရရှိလို့ထားခြင်း။ တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူမြင်းဖြူAlphaနှင့် မိခင်ဖြစ်သူငန်းOmegaတို့၏ စရိုက်လက္ခဏာနှင့် ပြည့်စုံသောမျိုးရိုးဗီဇကို အမွေဆက်ခံကာ 'ပေါင်းစပ်ဂလင်း'အဖြစ် သန္ဓေပြောင်းလို့သွားပြီး စွမ်းအားကို နှစ်ဆတိုးလာစေလေသည်။





ZAWGYI


၅၉ ဒု


လူျပက္သည္ အစတြင္ဖဲခ်ပ္မ်ားျဖင့္ေဖ်ာ္ေျဖကာသူ႔လက္ႏွစ္ဖက္ထဲတြင္ ဖဲခ်ပ္မ်ားကေခ်ာေခ်ာေမြ႕ေမြ႕ စီးဆင္းသြားၿပီး လ်င္ျမန္စြာပင္ ထိုသူသည္ဖဲခ်ပ္မ်ားကိုစုသိမ္းလိုက္ပါ၏။ အေနာက္မွေန အနီေရာင္အရစ္ပတ္တို႔ပါသည့္ hula hoop(ဆပ္ကပ္ပြဲစသည္တို႔တြင္ သုံးေသာကြင္း)ကို ထုတ္ကာ စိတ္တက္ႂကြစြာျဖင့္hula hoopအတြင္း ေခါင္းကိုလွည့္ပတ္ေနလ်က္။

ရယ္စရာေကာင္းၿပီး ထူးထူးဆန္းဆန္း ေဖ်ာ္ေျဖမွုအၿပီးတြင္ လူျပက္သည္ hula hoopအား သူတို႔ရွိရာထံ လွမ္းပစ္လာပါ၏။

မေမၽွာ္လင့္ဘဲ hula hoopမွာ လက္ေတြ႕ျဖစ္လာၿပီး က်ဥ္းေျမာင္းေသာေကာ္ရစ္တာတြင္ လ်င္ျမန္စြာ ဝဲပ်ံလွည့္ပတ္လာကာ တစ္ခုမွႏွစ္ခု ၊ ႏွစ္ခုမွေန ေလးခုသို႔ပြါးလာေတာ့သည္။ ႐ုတ္တရက္ ကြင္းမ်ားသည္ ေကာင္းကင္ယံတြင္ ပ်ံဝဲလာကာ ထိုအထဲကသုံးကြင္းမွာဆို ပန္းၿခံထဲက ကြင္းပစ္ကစားနည္းတစ္ခုလို သူတို႔သုံးေယာက္၏ ေခါင္းထိပ္သို႔ပ်ံဝဲလာေလ၏။

"ပုန္းေန။"

ပိုင္ခ်ဴန်န္သည္ ယင္းအား ဟန္ရွင္ခ်န္းေဘးတြန္းပို႔လိုက္ပါၿပီး. .

"ျမန္ျမန္။"

အမွတ္စဥ္408စမ္းသပ္ခံခႏၶာ၏ M2ခြဲထြက္စြမ္းရည္ 'ေပ်ာ္ရႊင္သၾကားလုံးကြင္း' - ကြင္းအဝိုင္းအတြင္းဖမ္းမိသူတိုင္းသည္ ပ်ံ႕ႏွံ့ေနေသာဗိုင္းရပ္စ္ကူးစက္ခံရမည္ျဖစ္ၿပီး ကူးစက္ခံရသူသည္ ေႏွာင္းပိုင္းအဆင့္ ႐ူးသြပ္သည့္အေျခအေနသို႔ ခ်က္ခ်င္းေရာက္ရွိသြားမည္ျဖစ္သည္။

တစ္နည္းဆိုရေသာ္ က်န္းမာသန္စြမ္းေသာလူသည္ ထိုကြင္းအဝိုင္းအတြင္း ႏွစ္ခါတိတိဝင္ေရာက္မိပါက ေသခ်ာေပါက္ေသဆုံးသြားေပလိမ့္မည္။

ပိုင္ခ်ဴန်န္သည္ နံရံေထာင့္စြန္းတြင္ စုပုံထားေသာ သစ္သားေသတၱာမ်ားေပၚ၌ သြက္လက္စြာတက္လိုက္ခုန္လိုက္ရွိသည့္တိုင္ စည္းမ်ဥ္းစည္းကမ္းမရွိစြာပ်ံသန္းေနပုံရေသာ္ျငား အဆိုပါကြင္းမ်ား၌ အမွန္တကယ္ ေျခရာခံနိုင္စြမ္းရွိေနလ်က္။ ပိုင္ခ်ဴန်န္ ဘယ္မွာပဲပုန္းေနပါေစ အဝိုင္းကြင္းက ပိုင္ခ်ဴန်န္ကို ႂကြက္ေတြဆီတြန္းပို႔ၿပီး သူ႔ေနာက္ကို အျမဲလိုက္ေနေလ၏။

သူသည္ ႂကြက္ျဖဴအုပ္စုလိုက္ႀကီးႏွင့္ ေခါင္းခ်င္းဆိုင္တိုက္ေတာ့မည္ကို ျမင္လိုက္ရသျဖင့္ ပိုင္ခ်ဴန်န္သည္ အေလာတႀကီးရပ္ကာခုန္ပစ္လိုက္ၿပီး လက္ႏွစ္ဖက္က မ်က္ႏွာက်က္ရွိအေငြ႕စုပ္စက္ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္ရာ သူ႔လက္​​ေမာင္းႂကြက္သား​ေတြ ႐ုတ္​တရက္​တင္းခနဲျဖစ္သြားလ်က္။ အကၤ်ီလက္မွာ လက္ေမာင္းႂကြက္သားတို႔အေျမႇာင္းလိုက္ထလာ၍ ေဖာင္းတင္းလာ၏ ၊ လက္ေမာင္းအားအကုန္လုံးကိုသုံးၿပီး တစ္ကိုယ္လုံးအားမ်က္ႏွာက်က္ႏွင့္ကပ္ထားလိုက္သည္။ ေျခရာခံအဝိုင္းကြင္းႏွစ္ခုမွာ အခ်င္းခ်င္းတိုက္မိၿပီး က်ယ္ေလာင္ေသာ ေပါက္ကြဲသံတစ္ခ်က္ထြက္ၿပီးေနာက္ ကြဲထြက္လြင့္စင္ကာၾကမ္းေပၚျပဳတ္က်သြားေတာ့၏။

ပိုင္ခ်ဴန်န္က ခုန္ဆင္းလာလိုက္ၿပီး သူ႔လက္ေမာင္းေပၚ တြားသြားတက္လာသည့္ ႂကြက္တစ္ေကာင္ကို ထိတ္လန႔္တၾကားပုတ္ထုတ္ပစ္လိုက္ပါသည္။

"သြားစို႔ ဒီကေနထြက္ရေအာင္။"

သူသည္ ယင္းႏွင့္ဟန္ရွင္ခ်န္းကို တစ္ခ်က္တြန္းလိုက္ၿပီး. .

"ဒါက ေထာင္ေခ်ာက္တစ္ခုပဲ ၊  Samaelက ငါတို႔ လင္တိန္းကို ရွာမေတြ႕ေအာင္တားဆီးေနတာ။"

အနီႏွင့္အျဖဴေရာင္ ပလတ္စတစ္အဝိုင္းကြင္းမွာ အမွန္တကယ္ပင္ အလြန္မာေက်ာၿပီး ဓာတ္ခြဲခန္းတစ္ခုစီ၏တံခါးကိုပင္ အလြယ္တကူ ခ်ိဳးဖ်က္နိုင္ၿပီး ေရာဂါကူးစက္ခံရသူတစ္ဦးကို က်ပန္းေရြးခ်ယ္လ်က္ ထိုသူ၏ေခါင္းထက္ပတ္လိုက္ေတာ့၏။

အဝိုင္းကြင္းအပတ္ခံလိုက္ရေသာ ကူးစက္ခံရသူမွာ ႐ုတ္ျခည္းပါးစပ္ကိုဖြင့္ဟလို႔ ေသြးထြက္သံယိုအျပဳံးႀကီးျပဳံးလာလ်က္  မ်က္ဆန္ကကြယ္ေပ်ာက္ကာ မ်က္လုံးမ်ားကနီရဲလို႔လာသည္။ ထပ္တလဲလဲလုပ္ေဆာင္ျခင္းပ်က္ယြင္းကုန္၍ ေႏွာင္ပိုင္းအဆင့္ကူးစက္ခံရသူမ်ားႏွင့္အတူေရာ၍ ဟိန္းေဟာက္ကာေျပးထြက္လာေတာ့သည္။

အေဆာက္အဦအတြင္း ကူးစက္ခံရသူရာႏွင့္ခ်ီ၏ ေျပးလႊားဟိန္းေဟာက္သံမ်ားက စိတ္ပိုင္းဆိုင္ရာ ဖိႏွိပ္မွုအေတာ္ေလးျဖစ္ေစရာ ေမာပန္းလုနီးပါး ျဖစ္ေနေသာယင္းအဖို႔ ထိုအသံကို ၾကားလိုက္ေသာအခါတြင္ သူ၏ႏွလုံးသားထဲ၌ စိတ္ပ်က္အားငယ္သြားသလို ခံစားလိုက္ရပါ၏။

သူသည္ ေကာ္ရစ္တာထဲသို႔ အလင္းဗုံးတစ္လုံးကို အားအျပည့္ျဖင့္ ပစ္ခ်လိုက္ရာ အလင္းဗုံး၏ ေတာက္ပေသာအလင္းေရာင္ႏွင့္ ေပါက္ကြဲမွုက ကူးစက္ခံရသူမ်ားႏွင့္ ကူးစက္ခံရေသာႂကြက္မ်ားကို တြန္းလွန္ပစ္သည္။ ထြက္ေျပးဖို႔ရာအတြက္ အခ်ိန္ခဏေလာက္ရလိုက္ၿပီး ဟန္ရွင္ခ်န္းကိုဖမ္းဆြဲကာ လမ္းတစ္ေလၽွာက္လုံးေျပးလာခဲ့လိုက္ေတာ့သည္။

ပိုင္ခ်ဴန်န္က ဆုတ္ခြါရာမွာကာကြယ္ေပးဖို႔တာဝန္ယူထား၏ ၊ သူသည္ အမိန့္ေပးညႊန္ၾကားသည့္ရာထူးႏွင့္အသားက်ေနၿပီး အဖြဲ႕ဝင္မ်ား၏ အေျခအေနကို အခ်ိန္တိုင္းေစာင့္ၾကည့္ရတာက သူ၏ဗီဇျဖစ္သည္။ ယင္းကို ေလ့က်င့္သင္ၾကားေပးတုန္းက ယင္း၏ အခြင့္အေရးအားပိုင္ပိုင္နိုင္နိုင္ဆုပ္ကိုင္နိုင္ပုံကို သေဘာက်သြားခဲ့ျခင္း ၊ အဖြဲ႕ထဲ၌ လက္ေထာက္တစ္ဦးျဖစ္ဖို႔ အလြန္သင့္ေလ်ာ္၏။ ဤတစ္ႀကိမ္တြင္ေတာ့ ထိုသူသည္ အဖြဲ႕ႏွင့္ အဆက္ျဖတ္ရန္တြန္းအားေပးခံခဲ့ရၿပီး အရန္တိုက္ခိုက္ေရးေနရာမွ အဓိကေခ်မွုန္းသူအျဖစ္သို႔ တိုက္ရိုက္ေျပာင္းလဲသြားခဲ့ရလ်က္။ ယင္း၏စြမ္းရည္သုံးစြဲမွုမွာဆို သူ႔ဂလင္း၏ခံနိုင္ရည္ရွိေသာ ကန႔္သတ္ခ်က္သို႔ပင္ ေရာက္ရွိသြားသည္ကို ပိုင္ခ်ဴန်န္ျမင္ေတြ႕ရသည္ ၊ ဆက္လက္သာအသုံးျပဳပါက ဂလင္းကနဂိုအတိုင္းျပန္မေကာင္းေတာ့ဘဲ သူ႔အလိုလိုပ်က္စီးသြားမည္ကိုပင္စိုးရိမ္ရ၏။

ပထမဆုံးမစ္ရွင္မွာတင္ ဤကဲ့သို႔ခက္ခဲေသာအေျခအေနႏွင့္ၾကဳံေတြ႕ရ၍ ပိုင္ခ်ဴန်န္သည္ ဤကံမေကာင္းေသာေက်ာင္းသားမ်ားအတြက္ သနားဂ႐ုဏာျဖစ္မိရလ်က္။

သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ဧရိယာမွ ထြက္ခြာၿပီး ေဆး႐ုံ၏ေဘးကင္းတဲ့ထြက္ေပါက္လမ္းႏွင့္နီးလာခ်ိန္တြင္ ဟိန္းေဟာက္သံတိုးသဲ့သဲ့တို႔က အျခားဦးတည္ရာမွ ထပ္မံခ်ဥ္းကပ္လာေနၿပီး ယခုတစ္ႀကိမ္တြင္ အသံကိုနားေထာင္ရသေလာက္ အေရအတြက္ပို၍မ်ားျပားလာ၏။

ပိုင္ခ်ဴန်န္သည္ အေရွ႕ဆုံးမွေလၽွာက္လို႔သြားၿပီး လုံျခဳံေရးတံခါး၏ တစ္ဖက္ျခမ္းတြင္ အျပင္းအထန္ ရိုက္ပုတ္သံမ်ားကို ၾကားလိုက္ရသျဖင့္ ေလးလံေသာေသာ့ခေလာက္ထက္ လက္ကိုတင္လိုက္သည္။ ခိုင္ခံ့ေသာလုံျခဳံေရးေသာ့အား သူကေတာ့တို႔ဟူးသဖြယ္အလြယ္တကူ ဆြဲဖြင့္လိုက္သည္ႏွင့္ လုံျခဳံေရးတံခါးသည္ ႐ုတ္တရက္ပြင့္လာၿပီး ေဘးကင္းေရး လမ္းေၾကာင္းရွိတစ္ဖက္ျခမ္းမွလူမ်ားလည္း အေျပးဝင္လာၾကလ်က္။

နီမိုငါးOmegaမွာ ေျပာင္းဝပူေနစဲရွိသည့္Novaစက္ေသနတ္ကိုလြယ္ကာ လက္ႏွစ္ဖက္က က်ည္ဘယ္ႏွစ္ေတာင့္မွမက်န္ေတာ့သည့္KS23ကိုကိုင္ထား၏။ သူကာကြယ္ေပးေနရသည့္ဆရာဝန္မ်ားအား ေဘးကင္းေရးတံခါးႏွင့္အနီးဆုံးထိတြန္းပို႔ရင္း သူတို႔ေနာက္ကိုလိုက္ေနသည့္ ကူးစက္ခံရသူ ဒါဇင္ေပါင္းမ်ားစြာကို သူတစ္ေယာက္တည္းတားဆီးခဲ့ရသည္။ ေသနတ္ႏွစ္လက္ျဖင့္အလွည့္က်ပစ္ခတ္ခဲ့ၿပီး ေျပာင္းေခ်ာေသနတ္ႏွင့္ပစ္ခ်ိန္၌ ေပါက္ကြဲမွုအားက ရိုင္ဖယ္ေသနတ္ထက္ျမင့္၍ ေရာဂါပိုးရွိသူ၏ အပိုင္းအစမ်ားေပါက္ကြဲထြက္ကာ နံရံမ်ားကိုပင္ ဖုံးလႊမ္းသြားခဲ့သည္။

"အျမန္ထြက္! တံခါးကိုပိတ္!"

နီမိုငါးသည္ လွည့္ပင္မၾကည့္ပါဘဲ ထိုဆရာဝန္မ်ားထံ ေအာ္ေျပာလိုက္ပါသည္။

"တံခါးပိတ္လိုက္ေတာ့ ၊ ကၽြန္ေတာ္တစ္ဝက္ေလာက္ရွင္းၿပီးသြားမွ ကၽြန္ေတာ့္ကိုျပန္ဖြင့္ေပး ၊ မဟုတ္ရင္ဒီတံခါးကအခ်ိန္ၾကာၾကာခံနိုင္မွာမဟုတ္ဘူး!"

ေျပာင္းေခ်ာေသနတ္ပစ္ေဖာက္သည့္အရွိန္က ကန့္သတ္ခ်က္ရွိ၏ ၊ နီမိုငါး က်ည္လဲေနသည့္ၾကားကာလကို အခြင့္ေကာင္းယူကာ ကူးစက္ခံရသူမ်ားက အေျပးေရာက္လာၾကၿပီး သူ႔က်ည္ကာအကၤ်ီကိုကိုက္ျဖဲေတာ့သည္။ နီမိုငါးသည္ တစ္ေယာက္ကိုကန္ထုတ္ပစ္လိုက္ၿပီး လွည့္ကာေျခႏွစ္လွမ္းခြါလိုက္ၿပီး ထိုကူးစက္ခံရသူမ်ားႏွင့္ တဖန္ရင္ဆိုင္ဖို႔လုပ္ခ်ိန္၌ အေနာက္မွေနေရႊေရာင္အလင္းေရာင္တို႔ ထြက္ေပၚလာခဲ့၏။ အလင္းေဖ်ာ့ေဖ်ာ့မွေန ျဒပ္ရွိအေကာင္အထည္သို႔ေျပာင္းလဲသြားလ်က္ မေရမတြက္နိုင္ေသာအသက္ရွိသည့္ လိေမၼာ္ေရႊေရာင္လုံးေခ်ာလက္တံရွည္မ်ားက နီမိုငါးကိုအလယ္တြင္ထားကာ တင္းတင္းၾကပ္ၾကပ္ အကာအကြယ္ေပးထားေလသည္။ ထို႔အျပင့္ ခရမ္းေရာင္အဆိပ္ခ်ည္မၽွင္မ်ားအား အေပၚမွေနလႊတ္ထုတ္လာ၏ ၊ အဆိပ္ရွိခ်ည္မၽွင္ျဖင့္ ထိမိေသာကူးစက္ခံရသူမ်ားမွာဆို တစ္ကိုယ္လုံးေတာင့္ကာ အေၾကာဆြဲလ်က္ လက္သည္းမ်ားမွ ေသြးမည္းမ်ားတျဖည္းျဖည္း စိမ့္ထြက္ကာ ပါးစပ္မွေနအျမႇုပ္ျဖဴေတြထြက္လ်က္ ၾကမ္းေပၚသို႔ လဲက်သြားၾက၏။

နီမိုငါးဂလင္း၏ J1ခြဲထြက္စြမ္းရည္ 'ပင္လယ္အနီမိုနီပန္းလက္တံရွည္မ်ား' - ရွားပါးေသာ သဟဇီဝဆင့္ေခၚနိုင္သည့္စြမ္းရည္ပင္ ၊ သဟဇီဝသက္ရွိမ်ား ႐ုပ္လုံးေပၚလာေစကာ ဓာတုအဆိပ္မ်ားျဖင့္ ရန္သူကိုတိုက္ခိုက္ျခင္းနည္းျဖင့္ မိမိကိုယ္ကိုကာကြယ္ျခင္းျဖစ္သည္။

နီမိုငါးသည္ က်ည္လဲေနခ်ိန္၌ သူ၏ဂလင္းမ်ားအတြင္း နက္ရွိုင္းေသာနာက်င္မွုကို ခံစားမိလ်က္ ၊ သူသည္ စြမ္းအင္ကိုညႇစ္ထုတ္ကာ ပင္လယ္အနီမိုနီမ်ားကို ထပ္ခါထပ္ခါေခၚယူျခင္းျဖင့္ ကန႔္သတ္ခ်က္သို႔ ေရာက္ရွိသြားခဲ့ျခင္း။ ပင္လယ္အနီမိုနီမ်ားကိုသာတစ္ေခါက္ထပ္ဆင့္ေခၚလိုက္ပါက သူ႔ဂလင္းအဖို႔ခ်က္ျခင္းကြဲထြက္သြားလိမ့္မည္ဟု ႀကိဳတင္ခံစားခ်က္တို႔ပင္ရလာ၏။

ေျပာင္းေခ်ာေသနတ္က က်ည္က်န္ေသးေပမယ့္ ကိုယ္ေပၚက ေသနတ္ေတာ္ေတာ္မ်ားမ်ားဟာ အပူဒဏ္ေၾကာင့္ ပုံပ်က္ေနလ်က္ မၾကာခင္မွာပဲသံတိုသံစသာသာျဖစ္သြားေတာ့မည္ေပ။ ယခုအေျခအေနက လက္ထဲမွာ လက္နက္မရွိေတာ့လို႔ ေသျခင္းတရားကို ထိုင္ေစာင့္ေနရတာနဲ႔ ထူးမျခားနား ၊ ထိုအခ်ိန္တြင္ သက္လုံကလည္း ဘယ္ေလာက္မွမက်န္ရစ္ေတာ့ ၊ နီမိုငါးမွာ ေခါင္းထဲဗလာက်င္းလို႔ ဆရာဝန္မ်ားကို ေဘးကင္းစြာ ပို႔ေဆာင္နိုင္ဖို႔ကိုသာ သတိရမိသည္။

အေနာက္မွ ပင္လယ္အနီမိုနီမ်ားျဖည္းျဖည္းခ်င္း ကြယ္ေပ်ာက္လာေနခ်ိန္တြင္ နီမိုငါးသည္ အသက္ျပင္းျပင္းရွူလ်က္ မ်က္လုံးတို႔ကိုမွိတ္ကာဂလင္းစြမ္းအင္၏ေနာက္ဆုံးလက္က်န္ကေလးအား ညႇစ္ထုတ္ပစ္လိုက္ေတာ့သည္။

သို႔တိုင္ သူ၏ပင္လယ္အနီမိုနီမ်ား ထြက္မလာခင္မွာပဲ အၾကမ္းထည္လက္အကာဝတ္ထားသည့္လက္တစ္ဖက္က သူ႔ကုတ္ပိုးကဂလင္းထက္အသာေလးဖိလို႔ထားလ်က္ ဘရန္ဒီအရက္နံ႔ပါသည့္ အားေကာင္းသည့္ႏွစ္သိမ့္pheromoneတစ္သြယ္ကစိမ့္ဝင္လာခဲ့သည္။ Pheromoneမ်ားခႏၶာကိုယ္ထဲသို႔ ဝင္လာသည္ႏွင့္အမၽွ ဂလင္း၏နာက်င္မွုမွာ အေတာ္ေလးေလ်ာ့သြားခဲ့လ်က္။

"လုံေလာက္ၿပီ။"

ပိုင္ခ်ဴန်န္ ထိုသူ႔အားအေနာက္ထဲဆြဲေခၚထားလိုက္ၿပီး လက္ထဲကM98Bကိုအသာေျမႇာက္ကာ ေခါင္းေတြကိုပစ္ေဖာက္ထည့္လိုက္ၿပီး လွည့္ကာဟန္ရွင္ခ်န္းကို တစ္ခ်က္လွမ္းေခၚလိုက္သည္။

"ငါ့တပည့္ေတြ မင္းရဲ့လက္ေအာက္ငယ္သားေတြကို အကာအကြယ္ေပးဖို႔ ဒီေလာက္စိတ္ႏွစ္ၿပီးလုပ္ခဲ့တဲ့အေပၚေထာက္ၿပီး အနည္းဆုံးေတာ့ နည္းနည္းေလာက္ျပန္ကူမွေပါ့။"

ဟန္ရွင္ခ်န္းက အိတ္ကပ္ထဲ လက္တစ္ဖက္ထည့္ကာ မတ္တပ္ရပ္ေနရင္း ႏွာတံေပၚရွိ ေရႊေရာင္မ်က္မွန္ကို ညင္သာစြာ တြန္းတင္လိုက္ရာ ႀကိဳးမၽွင္ေလးသည္ အနည္းငယ္လွုပ္ယမ္းသြားခဲ့၏။

"ငါ့ကိုသုံးဖို႔ မလိုဘူးထင္ေနတာေလ။"

သူ၏နဖူးဆံႏြယ္မ်ားၾကားတြင္ အျဖဴေရာင္ခ်ိဳအလႊာတစ္ခု ေပါက္လာၿပီး ထိုအလႊာမွာတလိပ္လိပ္ရစ္ကာႀကီးထြားလာလ်က္ တျဖည္းျဖည္းႏွင့္ ျဖဴစြတ္ကာေတာက္ေျပာင္ခၽြန္ထက္ေသာ ဦးခ်ိဳျဖစ္ေပၚလာပါသည္။

သူသည္ မလွုပ္ရွားေသာ္လည္း လူတိုင္းမွာ သူတို႔၏ဂလင္းမ်ားအတြင္းသို႔ ထူးျခားသည့္အေႏြးဓာတ္မ်ား စီးဝင္လာသည္ကိုခံစားလိုက္မိၾကသည္ ၊ အထူးသျဖင့္ စြမ္းရည္သုံးစြဲထားမွုမ်ားေသာ ယင္းႏွင့္နီမိုငါးတို႔မွာ အလြန္နက္ရွိုင္းစြာခံစားမိၾက၏။

စြမ္းအင္ေတြျပန္စီးလာ၏ ၊ ဂလင္းေတြျပန္ျပည့္လာ၏ ၊ ဗိုက္ထဲက ဆာေလာင္မွုနဲ႔ ခႏၶာကိုယ္မွာရွိတဲ့ ပင္ပန္းႏြမ္းနယ္မွုေတြေတာင္ ေပ်ာက္ကြယ္သြားရသည္။

ဒါတင္မကပါ ၊ ေျပာင္းဝကအပူလြန္သြားေသာေၾကာင့္ ပ်က္စီးေတာ့မည့္လက္နက္ေတြကလည္း ျမန္ျမန္ျပန္ေအးသြားကာ ျခစ္ရာေတြေပ်ာက္သြားၿပီး အသစ္စက္စက္အေျခအေန ျပန္ျဖစ္သြားေတာ့လ်က္။ နီမိုငါး၏ စုတ္ျပဲေနေလသည့္က်ည္ကာအကၤ်ီမွာလည္း တစ္ခါမွမဝတ္ရေသးသကဲ့သို႔မူလပုံစံအတိုင္း ျပန္လည္ေရာက္ရွိကာ ပိုင္ခ်ဴန်န္၏ေျခေထာက္ေဘးရွိ နည္းဗ်ဴဟာေျမာက္ဓားေျမႇာင္၏ တုံးေနေသာဓားသြားမွာဆို ကနဦးအတိုင္းျပန္ထက္လို႔လာသည္။

နတ္ျမင္း(ယူနီကြန္း)ဂလင္း၏ J1စြမ္းရည္ 'ခံနိုင္ရည္ျပန္လည္စတင္ျခင္း' - အကြာအေဝးတစ္ခုအတြင္း ပုံမွန္ျပန္ျဖစ္လာနိုင္သည့္စြမ္းရည္ပင္ ၊ အကြာအေဝးအတြင္းက ပစ္မွတ္၏ ခြန္အား ၊ စြမ္းအင္ ၊ စက္ကိရိယာမ်ားအား မူလအတိုင္းခ်က္ခ်င္းျပန္လည္ရရွိျခင္းျဖစ္သည္။ နဂိုအတိုင္းျပန္ျဖစ္သည့္အႀကိမ္တိုင္း တာရွည္ခံမွုကန႔္သတ္ခ်က္ကေတာ့ မူလတုန္းက၏ထက္ဝက္ျဖစ္၏။

ပုံမွန္မဟုတ္သည့္မ်ိဳးတူဂလင္းေတြျဖစ္ေသာ္ျငား ဟန္ရွင္ခ်န္းသည္ အႁမႊာဂလင္းတစ္ဝက္စီကို အေမြဆက္ခံေသာ ဟယ့္ညီအစ္ကိုႏွင့္ လုံးဝဆန႔္က်င္ဘက္ျဖစ္လ်က္ မိဘႏွစ္ဦးစလုံး၏ အားသာခ်က္မ်ားကို ေပါင္းစပ္ရရွိလို႔ထားျခင္း။ တစ္ခ်ိန္တည္းမွာပင္ ဖခင္ျဖစ္သူျမင္းျဖဴAlphaႏွင့္ မိခင္ျဖစ္သူငန္းOmegaတို႔၏ စရိုက္လကၡဏာႏွင့္ ျပည့္စုံေသာမ်ိဳးရိုးဗီဇကို အေမြဆက္ခံကာ 'ေပါင္းစပ္ဂလင္း'အျဖစ္ သေႏၶေျပာင္းလို႔သြားၿပီး စြမ္းအားကို ႏွစ္ဆတိုးလာေစေလသည္။

Continue Reading

You'll Also Like

44K 5.1K 73
Author _ Shuiqiancheng That's not my work.I am Just Translator
383K 25.6K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
1.7M 95.3K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...