Unicode
မီးခိုးရောင်သန်းနေပြီး တစ်စွန်းတစ်စပြာလဲ့လဲ့ထွက်ပေါ်နေသည့် စက်ဘီးကလေးပေါ်ခြေတစ်ဖက်ခွလျှက်သားဖြင့် ခြံရှေ့ထွက်ကာတကြော်ကြော်အော်နေတော့သည်။
" ဂျောင်ဂု .. ဂုကီ .. ဂျောင်ဂုကီရေ .. မြန်မြန်လာတော့ကွာ "
သည်နေ့ဟာထယ်ယောင်းတို့နှစ်ယောက် ကျောင်းစတက်ရမည့်နေ့ပင်။
အနက်ရောင်ကျောပိုးအိတ်ကလေးကို တစ်ဖက်သာလွယ်ထားပြီး ကျန်တစ်ဖက်ကတော့ထိုအတိုင်းချထားလျှက်သား။
ဖြူစွတ်စွတ်အက်ျီကိုတော့ ကျောင်းဝတ်စုံ style pant အနက်ထဲထည့်ဝတ်ထားသည်မို့ ခန္ဓာကိုယ်အချိုးအစားဟာ ခန့်မှန်းကြည့်ရုံနဲ့တင်မြင်သာစေသည်။
အထက်တန်းကျောင်းသားဖြစ်တော့မည်မို့ စီနီယာအကိုကြီးတွေလုပ်တက်သည့်ထိုအပြုအမူတွေကို ထယ်ယောင်းအသေးစိတ် လေ့လာထားတာဖြစ်သည်။
ကျောင်းစဖွင့်သည့်နေ့မို့ အအိပ်မက်တဲ့ထယ်ယောင်းမှာ စိတ်လှုပ်ရှားစွာဖြင့်မနက်မိုးလင်းသည်ထဲက ဖွားမနိုးခင်ကိုအစောကြီးနိုးနေခဲ့ပြီး ကျောင်းသွားဖို့တက်ကြွနေတာဖြစ်သည်။
ပထမစစချင်းရက်မို့လားတော့ မပြောတက်။
" ဂျောင်ဂု ဂျောင်ဂု ဂျောင် .. "
အသံဆာဆာအော်နေရင်းမှ နှစ်ထပ်တိုက်ပုလေးရဲ့အောက်ထပ်တံခါးဆီမှ တရွေ့ရွေ့ထွက်လာတဲ့လူနှစ်ယောက်ကြောင့် အော်ဟစ်နေခြင်းကိုရပ်တန့်လိုက်ပြီး သွားတန်းဖွေးဖွေးလေးတွေပေါ်အောင် ဟီးခနဲရယ်ပြလိုက်ပါ၏။
" မြေးနှယ် .. ဘာတွေလျှောက်အော်နေတာတုန်း။ ကျောင်းချိန်ကအဝေးကြီးလိုသေးတာကို ခဏနောက်ကျလဲဘာဖြစ်သလဲ "
" ဟာ ဖွားကလဲ .. ဒီနေ့ကပထမရက်လေဗျာ ..။ အစကောင်းမှအနှောင်းသေချာတယ်ဆိုတဲ့စကားကိုလဲဖွားပဲခဏခဏပြောနေပြီး။ ပထမရက်မှာထဲကနောက်ကျနေတယ်ဆိုရင်ဘယ်လိုလုပ်နားထောင်ကောင်းတော့မလဲနော်။ အဲ့လိုနဲ့နောက်ရက်တွေပါနောက်ကျနေရင်ဘယ်လိုလုပ်မလဲ .. အခုလို တက်တက်ကြွကြွလေးရှိတာကောင်းပါတယ် "
သူ့အပြောကြောင့် ဖွားကထိန်းမနိုင်သလိုခေါင်းခါပြလာသည်။
" အေးပါတော် .. ကျုပ်အမှားပါ "
ဒယ်ဂူလေယူလေသိမ်းနဲ့ပြောလာတာကြောင့် ဒယ်ဂူသားထယ်ယောင်းကရယ်ချလိုက်ပေမဲ့ နံဘေးမှကောင်လေးကတော့ ပါးစပ်မဖွင့်ရ လို့အမိန့်ပေးခံထားရသလို နည်းနည်းမှပြုံးမနေ။
ထယ်ယောင်းနည်းတူ ကျောင်းဝတ်စုံအဖြူကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ဆံပင်ကိုလဲလူကြီးလေးသဖွယ်ဆီသပ်ကာလှန်တင်ထားသေး၏။
လေတိုးဝှေ့သည်တိုင်း ကပ်ညှိကာပါလာတက်သည့်ဧည့်သည်ကောင်လေးဆီမှရနေတဲ့ ကိုယ်သင်းရနံ့မွှေးမွှေးလေးက ထယ်ယောင်းနှာဖျားဝသို့လာရောက်ကျီဆယ်နေသည်။
လိမ်းချယ်ထားခြင်းမရှိတဲ့ထယ်ယောင်းတို့မျက်နှာနုနုလေးတွေဟာ အပြင်ကကြည့်ရုံနဲ့ပင်နူးညံ့အိစက်နေမှန်းသိသာစေသည်။
ဧည့်သည်ကောင်လေးရဲ့နို့နှစ်ရောင်အသားအရေနဲ့ ကျောင်းဝတ်စုံ ဖြူမဲ ဟာတွဲဖက်လိုက်တော့ ဒယ်ဂူတစ်မြို့လုံးလင်းထင်းသွားသည်ဟု ထယ်ယောင်းတွေးလိုက်မိပါ၏။
" စက်ဘီးစီးရပြီဆိုပြီး စိတ်လွတ်ကိုယ်လွတ်နင်းလို့မဖြစ်ဘူးနော် ထယ်ထယ်။ ညီလေးပါနေတာ သေချာဂရုစိုက်ပြီးနင်း ကြားလား "
" စိတ်ချပါဖွားရဲ့ .. "
ခေါင်းတစ်ဆက်ဆက်ညိမ့်ပြလိုက်ပြီး ကျောင်းသွားဖို့လမ်းဆီဦးတည်ကာ စက်ဘီးကလေးကိုမသိမသာဖြေးဖြေးချင်းရွေ့တော့ မျက်လုံးအားကောင်းတဲ့ဖွားကတွေ့သွားပြီး ထယ်ယောင်းရဲ့အထိမခံတဲ့ရွှေနဖူးလေးကို ဒေါက် ကနဲမြည်အောင်ခေါက်ချလိုက်ပါတော့သည်။
" ဒီကလေးဘယ်လိုဖြစ်လို့ ဒီလောက်လောနေရတာလဲ။ မင်းမုန့်ဖိုးမယူတော့ဘူးလား "
" ဟာ! ဟုတ်သားပဲ .. ဟီး မုန့်ဖိုး .. မုန့်ဖိုးလေးပေးပါဦးဖွားရဲ့ "
ခေတ္တမျှပူခနဲဖြစ်သွားတဲ့နဖူးပြင်ကိုလက်ကလေးဖြင့်ဖွဖွဖိပွတ်ရင်း ကျန်တစ်ဖက်ဟာလဲ ဖွားဆီမှပေးလာမည့်ပိုက်ဆံအထပ်လိုက်ကြီးကိုရဖို့ရာ လက်ဖြန့်တောင်းနေတော့တာ။
" ဗိုက်ပြည့်တာပဲဝယ်စားနော်ထယ်ယောင်း .. ကာတွန်းစာအုပ်တွေ၊အရုပ်တွေဝယ်ဖို့မကြံနဲ့။ ၁၆နှစ်သားကိုဒါတွေကအစလိုက်ပြောနေရတယ် "
ပြောလဲပြောရင်းအက်ျီအိတ်ကပ်ထဲမှထုတ်ချလိုက်တာကပိုက်ဆံနှစ်ရွက်။
'ဟ' ဟူ၍အာမေဋိတ်တစ်လုံးသာရေရွတ်နိုင်ပြီး သူ့မှာပါးစပ်အဟောင်းသား။
ထိုထဲမှတစ်ရွက်ကို ထယ်ယောင်းဆီပေးပြီး နောက်တစ်ရွက်ကဧည့်သည်ကောင်လေးဆီ။
" မြေးလေးရောဗိုက်ပြည့်တာဝယ်စားနော် "
ပိုက်ဆံတစ်ရွက်ကိုလက်ထဲသေချာထည့်ပေးလိုက်ပြီး ဆီသပ်ထားတဲ့ဆံနွယ်တို့ကိုဖွဖွပွတ်ပေးလိုက်တော့ ခေါင်းလေးညိမ့်ပြသည်။
" ဟုတ်ကဲ့ ဖွား "
" ကဲကဲ .. သွားတော့မြေး။ ဟိုမယ် ဖင်တကြွကြွဖြစ်နေပြီ "
စက်ဘီးပေါ်ကားယားခွထားလျှက်သားထယ်ယောင်းကိုကြည့်ရင်းပြောလာသည်။
ခွင့်ပြုချက်ရသည်နှင့်နင်းပြေးဖို့ပြင်နေတဲ့ထယ်ယောင်းရဲ့ပုံစံက တကယ်ကိုရယ်ချင်စရာ။
" ခွင့်ပြုပါဦး ဖွား "
ခေါင်းလေးငုံ့ကာအရိုအသေပေးသွားတဲ့ဂျောင်ဂုကိုကြည့်ရင်း ဖွားကတပြုံးပြုံး။
ထယ်ယောင်းမှာတော့ စက်ဘီးကြီးကိုတွန်းလဲမတွန်း နင်းလဲမနင်းပဲ တစ်ဖက်ကခွလျှက်သား တစ်ဖက်ကခြေထောက်လျှက်သားအနေအထားဖြင့် စက်ဘီးကိုအရှိန်ရအောင် မြေကြီးပေါ်တွန်းတိုက်နေတာဖြစ်သည်။
လက်တစ်ဖက်ဟာလဲ အဖွားကိုတာ့တာပြလျှက်သား။
" ဟင်း .. ဒီကလေးတော့ "
၁၆နှစ်အရွယ်ရောက်သည့်တိုင် ကလေးစိတ်မပျောက်သေးသည့်သူ့မြေးနဲ့ ၁၄နှစ်သာရှိသေးပေမဲ့ရင့်ကျက်လွန်းတဲ့ ဂျောင်ကုလေးကိုကြည့်ရင်းသက်ပြင်းသာချမိတော့သည်။
" ဂျောင်ဂုရေ တက်တက် .. ဖွားကိုကွယ်သွားပြီ "
လမ်းတစ်ဝက်လောက်ရောက်သည့်အချိန်မှ တွန်းနေတဲ့စက်ဘီးကိုရပ်လိုက်ပြီး နောက်ခုံကိုလက်ဖြင့်ပုတ်ပြကာဧည့်သည်ကောင်လေးအားစက်ဘီးပေါ်တက်စေသည်။
" တက်လေ ဂျောင်ဂု "
" ..... "
" ဘာလို့လဲ ကြောက်လို့လား "
စက်ဘီးကိုတစ်လှည့်ထယ်ယောင်းကိုတစ်လှည့်ကြည့်ကာ တွေတွေကြီးရပ်နေတာကြောင့်မေးလိုက်တာဖြစ်သည်။
" မင်းနင်းချင်လို့လား "
ရုပ်တည်တည်ဖြင့် စက်ဘီးကိုကြည့်ကာ သက်ပြင်းတချချနဲ့မို့ထယ်ယောင်းလဲ တွေးမိသမျှကိုထုတ်မေးနေမိတော့၏။
ထိုအခါဧည့်သည်ကောင်လေးရဲ့ခေါင်းလေးကအသက်ဝင်စွာတညိမ့်ညိမ့်လုပ်ပြလာသည်။
" အော .. နင်းချင်တာလား။ ရတယ်လေ မင်းအသွားနင်း ငါအပြန်နင်းလိုက်မယ်။ တစ်ယောက်တစ်လှည့်ပေါ့ "
ဧည့်သည်ကောင်လေးကိုစက်ဘီးထက်တင်ရင်း ဒယ်ဂူမြို့ဟာဘယ်လောက်လှသည့်အကြောင်းတွေကိုပြောရဖို့ကပထမဦးစားပေးဖြစ်နေပေမဲ့ ဧည့်သည်ကောင်လေးကဒီလိုလုပ်ချင်တယ်ဆို ထယ်ယောင်းခွင့်ပြုလိုက်ဖို့ဝန်မလေးပါ။
စက်ဘီးပေါ်မှဆင်းကာ ကိုင်ထားတဲ့လက်ကိုင်ကိုဧည့်သည်ကောင်လေးထံလွှဲပြောင်းပေးလိုက်တော့ သူ့ထံမှ ဒုတိယအကြိမ်သက်ပြင်းချသံသဲ့သဲ့နဲ့အတူ ..
" ကျွန်တော် မနင်းတက်ဘူး "
စိတ်ဓါတ်ကျသလိုအသံလေးထွက်လာပြီး ခေါင်းလေးကငိုက်စိုက်ဖြစ်လို့နေသည်။
ဧည့်သည်ကောင်လေးဆီမှပထမဆုံး 'ကျွန်တော်' ဆိုတဲ့အသုံးအနှုန်းကိုထယ်ယောင်းကိုသုံးခဲ့တာ။
ဧည့်သည်ကောင်လေးအရွယ်နဲ့ ထယ်ယောင်းနင်းမဲ့စက်ဘီးနောက်မှာထိုင်ပြီးလိုက်ရမည်ကိုရှက်နေသည့်ပုံလေးပေါက်နေသည်။
၁၄နှစ်သားဟာလူပျိုမဖြစ်သေးသည့်တိုင် လူပျိုဖြစ်စောနေသလားပင်မသိ။
ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေရင်း သူ့ဆီမှတတိယအကြိမ်သက်ပြင်းချသံလေး ..
" ဟေးဟေး .. သက်ပြင်းတွေမချရဘူး။ သက်ပြင်းတစ်ခါချရင် အသက်တစ်ရက်တိုတယ်တဲ့ "
" ..... "
" လာပါကွာ .. စက်ဘီးမနင်းတက်လဲဘာဖြစ်လဲ။ ဒီကိုကိုကတင်နင်းပေးမယ်။ ငါတောင် ၁၆နှစ်သားအရွယ်ရောက်မှစီးတက်တာ ဘာမှစိတ်မညစ်နဲ့။ ဂုကီလေးကအခုတော့အနောက်ကလိုက်ထိုင်နော် .. နောက်တစ်ခါနင်းတက်တဲ့အချိန်မှ ကိုကို့ကိုတင်နင်းပေါ့ဟုတ်ပြီလား "
မျက်စိတစ်ဖက်မှိတ်ရင်း လူကြီးလေးသဖွယ်ပြောလိုက်တော့ သူကစိတ်လျှော့သွားဟန် နောက်ဆုံးသက်ပြင်းလေးတစ်ချက်ကိုချလိုက်ရင်း ထယ်ယောင်းစက်ဘီးနောက်ခုံမှာဝင်ထိုင်လာပါ၏။
" အိုခေ သေချာကိုင်ထား "
ခြေထောက်နှစ်ဖက်က စက်ဘီးကိုခွလိုက်ပြီး စက်ဘီးလက်ကိုင်ကိုသေချာကိုင်ကာ နှုတ်ဖျားမှလဲ ဖိုက်တင်း ဟုအော်ရင်း တရွေ့ရွေ့ဖြင့်နင်းလာတော့သည်။
တစ်ချက်နှစ်ချက်နင်းရသေးရုံရှိသေး ထယ်ယောင်းထံမှ အီး အဲ အသံတို့ဟာထိန်းမနိုင်စွာထွက်ပေါ်လာခဲ့သည်။
" ကင်မ်ထယ် "
" ဟမ် "
" နင်းရောနင်းတက်ရဲ့လား "
" ဟ! ဒီမှာနင်းတက်လို့နင်းနေတယ်လေကွာ "
ပါးစပ်ကသာတပြောပြောဖြစ်နေပေမဲ့ နင်းလာတဲ့စက်ဘီးလေးကအခုထိလမ်းထဲမှာတင်ရှိသေး။
" ဟူး .. "
စတုတ္ထအကြိမ်သက်ပြင်းသဲ့သဲ့ချလိုက်သည်ကထယ်ယောင်းကြောင့်ပဲဖြစ်မှာ။
" အစမို့လို့ညီလေး အထင်မသေးနဲ့ .. ငါ့လောက်စက်ဘီးစီးကျွမ်းတာငါပဲရှိတယ် .. ဟော့ဒီမှာကြည့် "
လေကြီးလေကျယ်ပြောနေရင်း ဧည့်သည်ကောင်လေးရှေ့ဟန်ပါပါနဲ့ လက်တစ်ဖက်ကိုပါလွှတ်ပြလိုက်သည်။
" ဟ! "
ချိုင့်ကွက်ပေါ်တက်နင်းလိုက်သည့်အခိုက် ယိုင်နဲ့သွားချိန် လွှတ်ထားတဲ့လက်ဟာလဲ စက်ဘီးလက်ကိုင်ကိုအမြန်မထိန်းနိုင်တာကြောင့် လမ်းပေါ်သို့ဘုတ်ခနဲပြစ်လဲတော့သည်။
" ကျစ် "
စက်ဘီးတခြားလူတစ်ခြားခွေခွေလေးလဲသွားတဲ့အခိုက် ဧည့်သည်ကောင်လေးဆီမှ ကျစ်ခနဲစုတ်သတ်လိုက်သံက ထယ်ယောင်းကိုယ်လေးကိုတစ်ချက်တုန်သွားစေသည်။
စက်ဘီးမှောက်တာကိုမလန့်ပဲ ထိုအသံကိုလန့်နေရသည့်အဖြစ်။
" ပြ .. ဘယ်နားထိတာလဲ "
နှစ်ယောက်လုံးထိထားသည့်တိုင် သူကလျှင်မြန်စွာထလာပြီး ထယ်ယောင်းခန္ဓာကိုယ်ကိုအထိအခိုက်ရှိမရှိသေချာစစ်ဆေးနေပါ၏။
" မထိဘူး မထိဘူး .. ဘာမှကိုမဖြစ်တာ "
အူကြောင်ကြောင်ပုံစံလေးဖြင့် လက်နှစ်ဖက်လုံးကိုဆန့်တန်းကာဘာမှမဖြစ်ကြောင်းပြလိုက်တော့ နောက်ထက်သက်ပြင်းချသံတိုးလျှလျှ။
ဒီကောင်လေးတစ်နေ့ကိုဘယ်နှစ်ခါတောင် သက်ပြင်းချနေရတာလဲ ..။
ထယ်ယောင်းတစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်အပြီး အထိအခိုက်မရှိတာသေချာပြီဆိုတော့မှ
" ထ .. သွားမယ် "
မပြောမဆိုနဲ့ထယ်ယောင်းကိုဆွဲထူပြီး ဘေးမှာကျနေတဲ့စက်ဘီးကိုပါသူကဆွဲယူကာတွန်းပြီး အရှေ့မှထွက်သွားသည်။
အနည်းငယ်နာနေသည့်ခြေထောက်ကို ထယ်ယောင်းလျစ်လျူရှုကာ ဧည့်သည်ကောင်လေးနောက်ပြေးလိုက်သွားရင်း ..
" ဟင် .. ငါနင်းမယ်လေ "
" ကျွန်တော့်ကိုတွဲပြီးသာ ဘေးကလျှောက်စမ်းပါ "
ခပ်မာမာအသံထွက်လာသည့်ဧည့်သည်ကောင်လေးကြောင့် ထယ်ယောင်းအထွန့်ထပ်မတက်တော့။
ထော့နဲ့နဲ့ဖြစ်ချင်နေသည့်ထယ်ယောင်းခြေထောက်တစ်ဖက်ကိုကြည့်ရင်း သူကထိုသို့ပြောလာတာပဲဖြစ်မည်။
စက်ဘီးတွန်းနေရင်းလဲ ထိုစက်ဘီးကိုကြည့်ရင်း ကျစ် ခနဲစုတ်သတ်လိုက်သည့်အသံထွက်ပေါ်လာသည်က မိနစ်ပိုင်းခြား။
ထယ်ယောင်းလဲထပ်တူကြည့်လိုက်တော့ စက်ဘီးချိန်းကြိုးလေးက လမ်းမပေါ်တရွတ်တိုက်တွဲလောက်ကျနေလျှက်။
ပထမဆုံးနေ့မှာပင် ချိန်းကြိုးပျက်သွားရသည်တဲ့လား။
" သောက်ကျိုးနဲချိုင့်ခွက် "
ပထမဆုံးကျောင်းစတက်မည့်ရက်မို့ စက်ဘီးလေးစီးကာ အေးအေးလူလူနင်းဖြတ်ချင်သည့်ဆန္ဒတွေဟာ ထိုချိုင့်ခွက်ကြောင့် သဲထဲရေသွန်။
အခုတော့ ဧည့်သည်ကောင်လေးကိုလဲစက်ဘီးထက်မတင်ရပဲ သူကပင်စက်ဘီးပြန်တွန်းပေးနေရသည့်အဖြစ်။
" ဟီး .. "
နဂိုတိတ်ဆိတ်လွန်းတဲ့ကောင်လေးဟာ ပိုမိုတိတ်ဆိတ်သွားသည်မို့ စိတ်ဆိုးသွားပြီလားဟုထင်လိုက်ရင်း ဧည့်သည်ကောင်လေးအကြည့်တို့ကထယ်ယောင်းဘက်သို့ဝှေ့လာအခိုက် ဟီးခနဲရယ်ပြလိုက်တော့ တစ်ချက်မျှသာကြည့်ပြီးအရှေ့ပြန်လှည့်သွားသည်။
" စိတ်မဆိုးပါနဲ့ .. မင်းကလဲ "
" ..... "
" ငါက ဒီတိုင်း .. နင်းတက်ကြောင်းပြချင်လို့ကို။ မင်းခန္ဓာကိုယ်လောက်ကတော့ လက်တစ်ဖက်တင်မဟုတ်ဘူး နှစ်ဖက်လုံးလွှတ်ပြီးတောင်နင်းလို့ရတယ် .. အဲ့ချိုင့်ခွက်သာဝင်မရှုပ်ရင် ငါက .. "
စကားမဆုံးခင်လှည့်ကြည့်လာတဲ့မျက်ဝန်းစူးစူးတို့ကြောင့် ထယ်ယောင်းပြောလက်စ,စကားတို့ရပ်သွားတော့သည်။
" ကျစ်! နောက်မလုပ်တော့ဘူးကွာ နော် "
၁၄နှစ်သားရဲ့အက်ျီစလေးကိုဆွဲရင်း ကိုယ်လေးလှုပ်ကာပြောလိုက်တော့ စက်ဘီးတွန်းနေတဲ့သူ့အရှိန်ဟာရပ်သွားသည်။
" စိတ်ပူအောင်မလုပ်နဲ့ "
" ..... "
" ဖွားကို "
စိတ်လျှော့လိုက်ပုံရကာ ပုံမှန်ပြန်ဖြစ်သွားသည့်မျက်ဝန်းလေးတွေကိုကြည့်ရင်း ထယ်ယောင်းသွားတန်းလေးတွေပေါ်သည်အထိရယ်ပြလိုက်ကာ ..
" စိတ်ချ စိတ်ချ .. နောက်မလုပ်ဘူးနော် ဟီး "
မေပယ်လ်ရွက်တို့ ပြန့်ကျဲနေသည့်လမ်းကလေးပေါ် ..
ထင်းရှုးပင်တွေ တွဲလဲခိုနေသည့်လမ်းကလေးပေါ် ..
သစ်ရိပ်တွေ နေတစ်ပျောက်မထိုးဖောက်နိုင်အောင်ကျနေသည့် လမ်းကလေးပေါ် ..
စက်ဘီးလေးကိုတစ်ရွေ့ရွေ့တွန်းနေသည့်ကောင်လေးငယ်လေးတစ်ယောက်၏အက်ျီစလေးကိုဆွဲရင်း ရယ်မောကာလိုက်ပါလာတဲ့ကောင်လေးတစ်ယောက်။
ထိုပုံရိပ်ဟာပန်းချီကားချပ်လေးသဖွယ် ..။
**
" ကင်မ်ထယ်ယောင်း "
" ရှိ "
အတန်းပိုင်ဆရာမထံမှ ထယ်ယောင်းနာမည်ကိုကြားလိုက်သည်မို့ လက်ကလေးကိုတန်းနေအောင်ထောင်ကာ တက်ကြွစွာဖြေလိုက်သည်။
နာမည်စာရင်းအော်ခေါ်နေခြင်းပင်။
" ကင်မ်ထယ်ယောင်းလား .. "
နံဘေးမှအသံထွက်လာသည်မို့ လှည့်ကြည့်လိုက်တော့ မျက်မှန်လေးတပ်ထားတဲ့ကောင်လေးဟာ ထယ်ယောင်းကိုကြည့်ကာပြုံးပြနေသည်။
" အေး .. ငါကကင်မ်ထယ်ယောင်း "
" မင်းတစ်ယောက်ထဲဖြစ်နေရင် .. ငါတို့သူငယ်ချင်းလုပ်ကြမလား "
လေးယောက်ထိုင်ရသည့်ခုံမှာ ထယ်ယောင်းကညာဘက်ခြမ်းက အစွန်ဆုံးပြတင်းပေါက်နေရာမှာဖြစ်သည်။
သူ့ဘေးမှာလဲ ထယ်ယောင်းလိုအူတူတူကောင်လေးသုံးယောက်ကထိုင်လျှက်။
" ကောင်းတာပေါ့ .. ငါလဲတစ်ယောက်ထဲဖြစ်နေတာ ဟီး "
" ငါက ပတ်ခ်ဟီးဂျောင် "
" အော .. ပတ်ခ်ဟီးဂျောင် .. "
မျက်မှန်နဲ့ကောင်လေးရဲ့နာမည်ကိုလိုက်လံရေရွတ်နေရင်း ..
" ဟို .. "
ထိုကောင်လေးဘေးက နှစ်ယောက်ထံမှအသံထွက်လာသည်မို့ မှန်ကြောင်ရော ထယ်ယောင်းရောပြိုင်တူလှည့်ကြည့်လိုက်သည်။
" ငါတို့ရော မင်းတို့နဲ့ပူးပေါင်းလို့ရမလား .. "
" ဟ ရတာပေါ့ကွ လေးယောက်ဆိုတော့ပိုအဖွဲ့တောင့်တာပေါ့ "
ထယ်ယောင်းအသံခပ်မြူးမြူးကိုမှန်ကြောင်လေးကလဲထောက်ခံသလို ခေါင်းတစ်ညိမ့်ညိမ့်။
" ငါက ဟီချွန်းယူ.. "
" ငါက ဂျူဟွာရန်း "
လက်ကလေးတွေထောင်ကာ အချင်းချင်းမိတ်ဆက်အပြီး ထယ်ယောင်းတို့ဟာထိုခဏလေးအတွင်းမှာပင် အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားသယောင်။
မျိုးရိုးနာမည်တွေပင်တပ်မခေါ်တော့ပဲ မင်း တွေ ငါတွေနဲ့ ချနေကြတာဖြစ်သည်။
ထယ်ယောင်းပေါင်းသမျှသူတွေဟာလဲ ထယ်ယောင်းလိုအူကြောင်ကြောင်လေးတွေပင်။
အထက်တန်း တန်းခွဲ (B) ကကောင်ငယ်လေး လေးယောက်။
ချစ်စရာမျက်နှာထားလေးတွေဟာ မြင်သမျှလူကိုရင်အေးစေနိုင်သယောင်။
အတန်းသင်နေရင်းမှ သတိရသွားတာဧည့်သည်ကောင်လေးကို ..။
တိတ်ဆိတ်လွန်းတဲ့ကောင်လေးကရော သူငယ်ချင်းတွေရနေမလား ..။
နားငြီးမခံနိုင်တဲ့ကောင်လေးက သူ့ကိုစကားလာပြောတဲ့သူတွေကို ဘာမှပြန်မပြောရင်ဘယ်လိုလုပ်မလဲ ..။
ကြံဖန်တွေးရင်း စာသင်နေတုန်းခိုးချမိတဲ့သက်ပြင်းကို သူပြန်ကြားနေရသည်။
အရှေ့မှာသင်နေတဲ့ဆရာမဆီသာအကြည့်တို့ပို့ထားပေမဲ့ စိတ်အာရုံတွေကတော့ အလယ်တန်း တန်းခွဲ(A) ကဧည့်သည်ကောင်လေးထံ၌သာကျရောက်နေတော့သည်။
" ဟေး ထယ်ယောင်း .. မုန့်စျေးတန်းသွားရအောင်လေ "
အားလပ်ချိန်ရောက်တော့ နံဘေးမှဟီးဂျောင်ရဲ့အပြောကိုထယ်ယောင်းပြုံးကာ ခေါင်းလေးခါပြရင်း
" ငါကငါ့ညီလေးဆီသွားအုံးမှာ .. မင်းတို့သွားနှင့်ကြလေ "
" ညီလေးရှိတာလား "
" အေး ရှိတယ် .. အလယ်တန်း တန်းခွဲ (A) က ဂျွန်ဂျောင်ဂုတဲ့ "
ဒီတစ်ခါဖြေပမှုမှာ ထယ်ယောင်းအသံဟာမြူးကြွနေတော့တာ။
မျက်ခုံးလေးပင့်ရင်း ညီလေးရှိကြောင်းကြွားလိုက်ရသည်ကိုကျေနပ်နေသယောင်။
" သွားပြီ "
လက်ပြကာနှုတ်ဆက်ရင်း အတန်းထဲမှပြေးထွက်သွားတော့သည်။
လက်ထဲမှာလဲ ပိုက်ဆံတစ်ရွက်ကိုကျစ်နေအောင်ကိုင်ထားလျှက်သား။
" တန်းခွဲ (C) .. ဒါက တန်းခွဲ (B) .. "
အလယ်တန်းအဆောင်သို့ရောက်တော့ ထယ်ယောင်းကျောင်းနံရံပေါ်မှဘုတ်ပြားလေးတွေဆီကြည့်ရင်း ရေရွတ်မိသည်။
" တွေ့ပြီ .. "
တန်းခွဲ (A) ဟုရေးထားသည့်ဘုတ်ပြားလေးအတွေ့ ထယ်ယောင်းအခန်းအရှေ့သို့သွားရင်း အတန်းထဲမဝင်ပါပဲ အပေါက်ဝရပ်ကာ တံခါးအကွယ်မှာခေါင်းလေးစောင်းရင်းအတန်းထဲသို့ကြည့်လိုက်သည်။
လက်သေးသေးနှစ်ဖက်ထဲမှာလဲ မုန့်ထုတ်တွေအအေးဗူးတွေကိုင်လျှက်သားဖြင့်။
မုန့်စားဆင်းချိန်မို့ အတန်းထဲလူစုံအောင်ရှိမနေ။
ဟိုတစ်ယောက်ဒီတစ်ယောက်ကွက်ကြားရှိနေသည့်ထဲ ဦးတည်ရာဧည့်သည်ကောင်လေးကိုလိုက်လံရှာဖွေကြည့်တော့ ထယ်ယောင်းနည်းတူပြတင်းပေါက်အစွံမှာ တစ်ယောက်ထဲအထီးကျန်စွာငြိမ်ငြိမ်ကလေးထိုင်နေပါ၏။
လာရှာသည့်သူကိုတွေ့သွားတော့ ထယ်ယောင်းတံခါးအကွယ်မှထွက်ကာ အတန်းထဲစမတ်ကျကျဝင်သွားလိုက်တော့ အတန်းထဲရှိနေသည့်အလယ်တန်းကလေးတွေဟာ ထယ်ယောင်းကိုငေးမောလို့။
" ဟိတ် .. ဂျောင်ဂု "
ပြတင်းတံခါးကိုငေးနေတဲ့ကောင်လေးဘေးနားက နေရာအလွတ်ထံဖင်တစ်ရွတ်တိုက်ရွေ့ကာ တိုးကပ်ပြောလိုက်တော့ လှည့်ကြည့်လာတဲ့မျက်ဝန်းလေးတွေဟာ မှိုင်းညို့နေရာမှလင်းလက်လာခဲ့သည်။
" ကင်မ်ထယ် .. "
" ဘယ်လိုလဲ .. ကျောင်းတက်ရတာအဆင်ပြေရဲ့လား "
" အင်း ပြေတယ် "
ထယ်ယောင်းရောက်လာတော့မှ သူ့ပုံစံလေးဟာအသက်ဝင်လာသလို။
" တစ်ယောက်ထဲဘာလုပ်နေတာလဲ .. မုန့်စျေးတန်းမသွားဘူးလား "
" ဟင့်အင်း "
ပုံစံကြည့်ရတာ မသွားတက်သည့်နှယ်။
တစ်ယောက်ယောက်ကိုမေးပြီးသွားခိုင်းလိုက်ဖို့ပြောရအောင်လဲ သူ့ပုံစံကဘယ်သူ့ကိုမှစကားစပြောမည့်ပုံမဟုတ်။
" ဗိုက်ဆာလား "
" အင်း .. "
" ထင်တယ်ထင်တယ် .. အဲ့တာကြောင့်ဒီမှာကိုကိုကမုန့်တွေဝယ်လာတယ် စားလိုက် "
ဖွက်ထားတဲ့မုန့်ထုတ်လေးတွေကိုစားပွဲရှေ့တင်ပေးလိုက်တော့ သူကထယ်ယောင်းကိုကြည့်လာသည်။
ပုံစံကအားနာနေသည့်ဟန် .. မုန့်တွေကိုလဲထိတွေ့ချင်းမပြုသေး။
ကိုယ်တိုင်ယူစားမည့်ပုံမပေါက်တာကြောင့် မုန့်တစ်ထုတ်ကိုဖောက်ကာသူ့ထံပေးလိုက်တော့ မယူပဲထိုအတိုင်းကြည့်နေသည်။
" အဲ့လို အားနာတဲ့အကြည့်မျိုးနဲ့မကြည့်ရဘူး .. ဒီကိုကိုကစားစေချင်လို့ဝယ်လာရင် စားကိုစားရမယ် ဟုတ်ပြီလား "
ထိုသို့တော့မှ လက်ကလေးကထိုမုန့်ထုတ်ကိုလှမ်းယူသည်။
တစ်ပါထဲ လေးထောင့်စတော်ဘယ်ရီဗူးလေးကိုပါဖောက်ရင်း အဆင်သင့်ပိုက်တပ်ပေးထားလိုက်သည်။
ထယ်ယောင်းဟာဘယ်လောက်ထိဂရုစိုက်နွေးထွေးမှုကိုပေးနိုင်သလဲဆိုသည့်အဖြေဟာ ထိုအပြုအမူတွေကိုကြည့်ရုံနဲ့တင်သိသာစေပါသည်။
" ကင်မ်ထယ့် အတွက်ရော "
" အာ .. ငါ့အတွက်ကဒီမှာလေ "
ထိုင်ခုံဘေးကျန်နေတဲ့မုန့်ထုတ်လေးနဲ့စတော်ဘယ်ရီဗူးလေးကိုထုတ်ပြလိုက်တော့မှ သူကစိတ်အေးသွားဟန်။
မဟုတ်ရင် သူ့လက်ထဲကမုန့်ကိုစားဖြစ်မှာမဟုတ် .. ထယ်ယောင်းကိုကျွေးနေဦးမှာ။
" နောက်နေ့မုန့်စျေးတန်းတူတူသွားရအောင် .. ကျောင်းဆင်းချိန်တိုင်းလာခေါ်မယ် ကြားလား
" အင်း .. "
ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ရင်းဝါးနေခိုက် ဧည့်သည်ကောင်လေးရဲ့ပါးနုနုဟာဖောင်းကားနေတော့သည်။
" ဟီး ချစ်စရာလေးကွာ "
အသည်းယားသည့်နှယ် ထိုပါးနုနုကိုမနာအောင်ဆွဲပြစ်လိုက်တော့ သူ့မျက်ဝန်းလေးတွေဟာဝိုင်းခနဲ။
" အမ် .. လူရှိတာလား "
မုန့်ကိုယ်စီစားအပြီး အနောက်ပါးမှအသံကြားသည်ကြောင့် လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကအူကြောင်ကြောင်လေးရပ်နေသည်။
ကြည့်ရတာဒီခုံမှာထိုင်သည့်ကောင်လေးဖြစ်ဖို့များမည်။
အလယ်တန်းကလေးတွေကြား ထယ်ယောင်းဟာမာန်ပါပါဖြင့် မုန့်စတွေပေနေသည့်လက်နှစ်ဖက်ကိုရှုတည်တည်ဖြင့်ခါလိုက်ကာ ..
" ဒါမင်းနေရာလား ကလေး "
" ဗျာ ..? "
" ကျစ်! မင်းနေရာလားလို့ "
" ဗျာ .. အဲ .. ဟုတ်ကဲ့ "
အထစ်ထစ်အအဖြစ်နေသည့်ပုံစံကြောင့် ထယ်ယောင်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
စီနီယာလုပ်ပြီး ဖြဲခြောက်ရသည့်ခံစားချက်က မဆိုးဘူးဟုတွေးလိုက်မိသည်အထိ။
" အဲ့နေရာမှာခဏထိုင်ပြီးစောင့်ပေးမလား .. ဒီကိုကြီးစကားပြောနေလို့ "
ထယ်ယောင်းဘေးကနေရာကိုလက်ညိုးထိုးပြလိုက်တော့လဲ ခေါင်းတညိမ့်ညိမ့်နဲ့ကုတ်ကုတ်ကလေးဝင်ထိုင်သည်။
ထိုတော့မှ ထယ်ယောင်းရယ်ရင်း ဧည့်သည်ကောင်လေးဘက်လှည့်ကာ
" သူကမင်းဘေးမှာထိုင်တာလား ဂုကီ "
အဖြေစကားပြန်မပေးပဲ ခေါင်းတစ်ချက်သာညိမ့်ပြသည်။
" ဟီး အူကြောင်ကြောင်လေးနဲ့ ကလေးတွေများ "
အလယ်တန်းကလေးထံ အကိုကြီးလုပ်ပြီးအာဏာပြခဲ့သည်ကိုပြန်တွေးရင်း သဘောတကျဖြင့်တစ်ခစ်ခစ်ရယ်နေစဥ် ..
" ကင်မ်ထယ် ပြန်တော့ "
" ပြန်မှာပါကွာ မင်းကလဲ နှင်လိုက်တာ "
တည်တင်းနေတဲ့အသံကလေးထွက်လာပြီးနောက် ကျောင်းတက်ခေါင်းလောင်းသံဟာလဲတစ်ဆက်ထဲထွက်လာတော့သည်။
" အပြန်ကျ ဒီအခန်းရှေ့မှာပဲစောင့်နော် .. သွားတော့မယ် "
ပြောရင်းမတ်တပ်ထရပ်လိုက်တော့ ဘေးမှကောင်လေးကလဲ အလိုက်တသိ ထယ်ယောင်းထွက်လို့ရအောင်ခုံအပြင်ထွက်ပေးသည်။
" ကိုယ့်ညီလေးကို စောင့်ရှောက်ပေးပါအုံးနော် "
ရယ်ချင်စိတ်ကိုတင်းထားပြီး ထိုကောင်လေးပခုံးကိုပုတ်ကာပြောလိုက်တော့ 'ဗျာ ဟုတ်' ဆိုပြီးပြန်ဖြေလာသည်။
အခန်းထဲမှထွက်လာလိုက်ရင်း တံခါးဝအရောက် ဧည့်သည်ကောင်လေးကိုလဲလက်တပြပြဖြင့်။
တရွေ့ရွေ့ထွက်ခွာသွားတဲ့ကျောပြင်လေးကိုပြတင်းတံခါးဆီမှလိုက်ကြည့်ရင်း နှုတ်ခမ်းပါးတစ်စုံဟာလဲမသိမသာပြုံးလိုက်မိသည်။
" အဲ့တာ မင်းအကိုလား "
" ..... "
" ချောလိုက်တာ "
ဂျောင်ဂုနည်းတူ ထယ်ယောင်းထွက်သွားသည်ကိုလိုက်ကြည့်နေသည်ကြောင့် မျက်မှောင်တို့ဟာစုကျုံ့လာတော့သည်။
" ဒါနဲ့ မင်းအကိုနာမည်ဘယ်လိုခေါ် .. "
" ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးလို့ရမလား "
တည်ငြိမ်တဲ့အသွင်အပြင်နဲ့ပြောရင်း ဘောပင်ကိုကိုင်ကာစာအုပ်လေးပေါ်ရေးခြစ်နေလိုက်တော့ ထိုကောင်လေးစကားစရပ်သွားပါ၏။
" အော် .. အေးအေး "
ခေါင်းတစ်ကုတ်ကုတ်ဖြင့် ဘေးနားဝင်ထိုင်ကာအိတ်ထဲမှစာအုပ်ကိုထုတ်နေပါတော့သည်။
တရွေ့ရွေ့နဲ့လှုပ်ရှားနေတဲ့လက်ချောင်းဖြူဖြူတွေကြားမှ ဘောပင်လေးဟာ စာရွက်ဖြူဖြူထက်ပြေးလွှားလို့ ..။
တူညီတဲ့နာမည်တစ်ခုကိုသာ နေရာအနှံ့ရေးခြစ်ထားသည်ကိုကြည့်ရင်း နံဘေးမှမသိမသာခိုးကြည့်နေတဲ့ထိုကောင်လေး၏ မျက်ဝန်းတို့ဟာဝိုင်းခနဲ။
ထိုအမည်နာမဟာ ' ကိုကို ' ပါတဲ့ ..။
**
4 May ( 7:17 ) PM.
🎧 Jaden - Bye
အခေါ်အဝေါ်လေးတွေနဲ့ fic photo လေးပြောင်းလဲထားပါတယ်။
Zawgyi
မီးခိုးေရာင္သန္းေနၿပီး တစ္စြန္းတစ္စျပာလဲ့လဲ့ထြက္ေပၚေနသည့္ စက္ဘီးကေလးေပၚေျခတစ္ဖက္ခြလွ်က္သားျဖင့္ ၿခံေရွ႕ထြက္ကာတေၾကာ္ေၾကာ္ေအာ္ေနေတာ့သည္။
" ေဂ်ာင္ဂု .. ဂုကီ .. ေဂ်ာင္ဂုကီေရ .. ျမန္ျမန္လာေတာ့ကြာ "
သည္ေန႔ဟာထယ္ေယာင္းတို႔ႏွစ္ေယာက္ ေက်ာင္းစတက္ရမည့္ေန႔ပင္။
အနက္ေရာင္ေက်ာပိုးအိတ္ကေလးကို တစ္ဖက္သာလြယ္ထားၿပီး က်န္တစ္ဖက္ကေတာ့ထိုအတိုင္းခ်ထားလွ်က္သား။
ျဖဴစြတ္စြတ္အက္်ီကိုေတာ့ ေက်ာင္းဝတ္စုံ style pant အနက္ထဲထည့္ဝတ္ထားသည္မို႔ ခႏၶာကိုယ္အခ်ိဳးအစားဟာ ခန္႔မွန္းၾကည့္႐ုံနဲ႔တင္ျမင္သာေစသည္။
အထက္တန္းေက်ာင္းသားျဖစ္ေတာ့မည္မို႔ စီနီယာအကိုႀကီးေတြလုပ္တက္သည့္ထိုအျပဳအမူေတြကို ထယ္ေယာင္းအေသးစိတ္ ေလ့လာထားတာျဖစ္သည္။
ေက်ာင္းစဖြင့္သည့္ေန႔မို႔ အအိပ္မက္တဲ့ထယ္ေယာင္းမွာ စိတ္လႈပ္ရွားစြာျဖင့္မနက္မိုးလင္းသည္ထဲက ဖြားမႏိုးခင္ကိုအေစာႀကီးႏိုးေနခဲ့ၿပီး ေက်ာင္းသြားဖို႔တက္ႂကြေနတာျဖစ္သည္။
ပထမစစခ်င္းရက္မို႔လားေတာ့ မေျပာတက္။
" ေဂ်ာင္ဂု ေဂ်ာင္ဂု ေဂ်ာင္ .. "
အသံဆာဆာေအာ္ေနရင္းမွ ႏွစ္ထပ္တိုက္ပုေလးရဲ႕ေအာက္ထပ္တံခါးဆီမွ တေ႐ြ႕ေ႐ြ႕ထြက္လာတဲ့လူႏွစ္ေယာက္ေၾကာင့္ ေအာ္ဟစ္ေနျခင္းကိုရပ္တန္႔လိုက္ၿပီး သြားတန္းေဖြးေဖြးေလးေတြေပၚေအာင္ ဟီးခနဲရယ္ျပလိုက္ပါ၏။
" ေျမးႏွယ္ .. ဘာေတြေလွ်ာက္ေအာ္ေနတာတုန္း။ ေက်ာင္းခ်ိန္ကအေဝးႀကီးလိုေသးတာကို ခဏေနာက္က်လဲဘာျဖစ္သလဲ "
" ဟာ ဖြားကလဲ .. ဒီေန႔ကပထမရက္ေလဗ်ာ ..။ အစေကာင္းမွအေႏွာင္းေသခ်ာတယ္ဆိုတဲ့စကားကိုလဲဖြားပဲခဏခဏေျပာေနၿပီး။ ပထမရက္မွာထဲကေနာက္က်ေနတယ္ဆိုရင္ဘယ္လိုလုပ္နားေထာင္ေကာင္းေတာ့မလဲေနာ္။ အဲ့လိုနဲ႔ေနာက္ရက္ေတြပါေနာက္က်ေနရင္ဘယ္လိုလုပ္မလဲ .. အခုလို တက္တက္ႂကြႂကြေလးရွိတာေကာင္းပါတယ္ "
သူ႔အေျပာေၾကာင့္ ဖြားကထိန္းမႏိုင္သလိုေခါင္းခါျပလာသည္။
" ေအးပါေတာ္ .. က်ဳပ္အမွားပါ "
ဒယ္ဂူေလယူေလသိမ္းနဲ႔ေျပာလာတာေၾကာင့္ ဒယ္ဂူသားထယ္ေယာင္းကရယ္ခ်လိုက္ေပမဲ့ နံေဘးမွေကာင္ေလးကေတာ့ ပါးစပ္မဖြင့္ရ လို႔အမိန္႔ေပးခံထားရသလို နည္းနည္းမွၿပဳံးမေန။
ထယ္ေယာင္းနည္းတူ ေက်ာင္းဝတ္စုံအျဖဴကို သပ္သပ္ရပ္ရပ္ဝတ္ဆင္ထားၿပီး ဆံပင္ကိုလဲလူႀကီးေလးသဖြယ္ဆီသပ္ကာလွန္တင္ထားေသး၏။
ေလတိုးေဝွ႔သည္တိုင္း ကပ္ညႇိကာပါလာတက္သည့္ဧည့္သည္ေကာင္ေလးဆီမွရေနတဲ့ ကိုယ္သင္းရနံ႔ေမႊးေမႊးေလးက ထယ္ေယာင္းႏွာဖ်ားဝသို႔လာေရာက္က်ီဆယ္ေနသည္။
လိမ္းခ်ယ္ထားျခင္းမရွိတဲ့ထယ္ေယာင္းတို႔မ်က္ႏွာႏုႏုေလးေတြဟာ အျပင္ကၾကည့္႐ုံနဲ႔ပင္ႏူးညံ့အိစက္ေနမွန္းသိသာေစသည္။
ဧည့္သည္ေကာင္ေလးရဲ႕ႏို႔ႏွစ္ေရာင္အသားအေရနဲ႔ ေက်ာင္းဝတ္စုံ ျဖဴမဲ ဟာတြဲဖက္လိုက္ေတာ့ ဒယ္ဂူတစ္ၿမိဳ႕လုံးလင္းထင္းသြားသည္ဟု ထယ္ေယာင္းေတြးလိုက္မိပါ၏။
" စက္ဘီးစီးရၿပီဆိုၿပီး စိတ္လြတ္ကိုယ္လြတ္နင္းလို႔မျဖစ္ဘူးေနာ္ ထယ္ထယ္။ ညီေလးပါေနတာ ေသခ်ာဂ႐ုစိုက္ၿပီးနင္း ၾကားလား "
" စိတ္ခ်ပါဖြားရဲ႕ .. "
ေခါင္းတစ္ဆက္ဆက္ညိမ့္ျပလိုက္ၿပီး ေက်ာင္းသြားဖို႔လမ္းဆီဦးတည္ကာ စက္ဘီးကေလးကိုမသိမသာေျဖးေျဖးခ်င္းေ႐ြ႕ေတာ့ မ်က္လုံးအားေကာင္းတဲ့ဖြားကေတြ႕သြားၿပီး ထယ္ေယာင္းရဲ႕အထိမခံတဲ့ေ႐ႊနဖူးေလးကို ေဒါက္ ကနဲျမည္ေအာင္ေခါက္ခ်လိုက္ပါေတာ့သည္။
" ဒီကေလးဘယ္လိုျဖစ္လို႔ ဒီေလာက္ေလာေနရတာလဲ။ မင္းမုန္႔ဖိုးမယူေတာ့ဘူးလား "
" ဟာ! ဟုတ္သားပဲ .. ဟီး မုန္႔ဖိုး .. မုန္႔ဖိုးေလးေပးပါဦးဖြားရဲ႕ "
ေခတၱမွ်ပူခနဲျဖစ္သြားတဲ့နဖူးျပင္ကိုလက္ကေလးျဖင့္ဖြဖြဖိပြတ္ရင္း က်န္တစ္ဖက္ဟာလဲ ဖြားဆီမွေပးလာမည့္ပိုက္ဆံအထပ္လိုက္ႀကီးကိုရဖို႔ရာ လက္ျဖန္႔ေတာင္းေနေတာ့တာ။
" ဗိုက္ျပည့္တာပဲဝယ္စားေနာ္ထယ္ေယာင္း .. ကာတြန္းစာအုပ္ေတြ၊အ႐ုပ္ေတြဝယ္ဖို႔မႀကံနဲ႔။ ၁၆ႏွစ္သားကိုဒါေတြကအစလိုက္ေျပာေနရတယ္ "
ေျပာလဲေျပာရင္းအက္်ီအိတ္ကပ္ထဲမွထုတ္ခ်လိုက္တာကပိုက္ဆံႏွစ္႐ြက္။
'ဟ' ဟူ၍အာေမဋိတ္တစ္လုံးသာေရ႐ြတ္ႏိုင္ၿပီး သူ႔မွာပါးစပ္အေဟာင္းသား။
ထိုထဲမွတစ္႐ြက္ကို ထယ္ေယာင္းဆီေပးၿပီး ေနာက္တစ္႐ြက္ကဧည့္သည္ေကာင္ေလးဆီ။
" ေျမးေလးေရာဗိုက္ျပည့္တာဝယ္စားေနာ္ "
ပိုက္ဆံတစ္႐ြက္ကိုလက္ထဲေသခ်ာထည့္ေပးလိုက္ၿပီး ဆီသပ္ထားတဲ့ဆံႏြယ္တို႔ကိုဖြဖြပြတ္ေပးလိုက္ေတာ့ ေခါင္းေလးညိမ့္ျပသည္။
" ဟုတ္ကဲ့ ဖြား "
" ကဲကဲ .. သြားေတာ့ေျမး။ ဟိုမယ္ ဖင္တႂကြႂကြျဖစ္ေနၿပီ "
စက္ဘီးေပၚကားယားခြထားလွ်က္သားထယ္ေယာင္းကိုၾကည့္ရင္းေျပာလာသည္။
ခြင့္ျပဳခ်က္ရသည္ႏွင့္နင္းေျပးဖို႔ျပင္ေနတဲ့ထယ္ေယာင္းရဲ႕ပုံစံက တကယ္ကိုရယ္ခ်င္စရာ။
" ခြင့္ျပဳပါဦး ဖြား "
ေခါင္းေလးငုံ႔ကာအ႐ိုအေသေပးသြားတဲ့ေဂ်ာင္ဂုကိုၾကည့္ရင္း ဖြားကတၿပဳံးၿပဳံး။
ထယ္ေယာင္းမွာေတာ့ စက္ဘီးႀကီးကိုတြန္းလဲမတြန္း နင္းလဲမနင္းပဲ တစ္ဖက္ကခြလွ်က္သား တစ္ဖက္ကေျခေထာက္လွ်က္သားအေနအထားျဖင့္ စက္ဘီးကိုအရွိန္ရေအာင္ ေျမႀကီးေပၚတြန္းတိုက္ေနတာျဖစ္သည္။
လက္တစ္ဖက္ဟာလဲ အဖြားကိုတာ့တာျပလွ်က္သား။
" ဟင္း .. ဒီကေလးေတာ့ "
၁၆ႏွစ္အ႐ြယ္ေရာက္သည့္တိုင္ ကေလးစိတ္မေပ်ာက္ေသးသည့္သူ႔ေျမးနဲ႔ ၁၄ႏွစ္သာရွိေသးေပမဲ့ရင့္က်က္လြန္းတဲ့ ေဂ်ာင္ကုေလးကိုၾကည့္ရင္းသက္ျပင္းသာခ်မိေတာ့သည္။
" ေဂ်ာင္ဂုေရ တက္တက္ .. ဖြားကိုကြယ္သြားၿပီ "
လမ္းတစ္ဝက္ေလာက္ေရာက္သည့္အခ်ိန္မွ တြန္းေနတဲ့စက္ဘီးကိုရပ္လိုက္ၿပီး ေနာက္ခုံကိုလက္ျဖင့္ပုတ္ျပကာဧည့္သည္ေကာင္ေလးအားစက္ဘီးေပၚတက္ေစသည္။
" တက္ေလ ေဂ်ာင္ဂု "
" ..... "
" ဘာလို႔လဲ ေၾကာက္လို႔လား "
စက္ဘီးကိုတစ္လွည့္ထယ္ေယာင္းကိုတစ္လွည့္ၾကည့္ကာ ေတြေတြႀကီးရပ္ေနတာေၾကာင့္ေမးလိုက္တာျဖစ္သည္။
" မင္းနင္းခ်င္လို႔လား "
႐ုပ္တည္တည္ျဖင့္ စက္ဘီးကိုၾကည့္ကာ သက္ျပင္းတခ်ခ်နဲ႔မို႔ထယ္ေယာင္းလဲ ေတြးမိသမွ်ကိုထုတ္ေမးေနမိေတာ့၏။
ထိုအခါဧည့္သည္ေကာင္ေလးရဲ႕ေခါင္းေလးကအသက္ဝင္စြာတညိမ့္ညိမ့္လုပ္ျပလာသည္။
" ေအာ .. နင္းခ်င္တာလား။ ရတယ္ေလ မင္းအသြားနင္း ငါအျပန္နင္းလိုက္မယ္။ တစ္ေယာက္တစ္လွည့္ေပါ့ "
ဧည့္သည္ေကာင္ေလးကိုစက္ဘီးထက္တင္ရင္း ဒယ္ဂူၿမိဳ႕ဟာဘယ္ေလာက္လွသည့္အေၾကာင္းေတြကိုေျပာရဖို႔ကပထမဦးစားေပးျဖစ္ေနေပမဲ့ ဧည့္သည္ေကာင္ေလးကဒီလိုလုပ္ခ်င္တယ္ဆို ထယ္ေယာင္းခြင့္ျပဳလိုက္ဖို႔ဝန္မေလးပါ။
စက္ဘီးေပၚမွဆင္းကာ ကိုင္ထားတဲ့လက္ကိုင္ကိုဧည့္သည္ေကာင္ေလးထံလႊဲေျပာင္းေပးလိုက္ေတာ့ သူ႔ထံမွ ဒုတိယအႀကိမ္သက္ျပင္းခ်သံသဲ့သဲ့နဲ႔အတူ ..
" ကြၽန္ေတာ္ မနင္းတက္ဘူး "
စိတ္ဓါတ္က်သလိုအသံေလးထြက္လာၿပီး ေခါင္းေလးကငိုက္စိုက္ျဖစ္လို႔ေနသည္။
ဧည့္သည္ေကာင္ေလးဆီမွပထမဆုံး 'ကြၽန္ေတာ္' ဆိုတဲ့အသုံးအႏႈန္းကိုထယ္ေယာင္းကိုသုံးခဲ့တာ။
ဧည့္သည္ေကာင္ေလးအ႐ြယ္နဲ႔ ထယ္ေယာင္းနင္းမဲ့စက္ဘီးေနာက္မွာထိုင္ၿပီးလိုက္ရမည္ကိုရွက္ေနသည့္ပုံေလးေပါက္ေနသည္။
၁၄ႏွစ္သားဟာလူပ်ိဳမျဖစ္ေသးသည့္တိုင္ လူပ်ိဳျဖစ္ေစာေနသလားပင္မသိ။
ကိုယ့္အေတြးနဲ႔ကိုယ္ဟုတ္ေနရင္း သူ႔ဆီမွတတိယအႀကိမ္သက္ျပင္းခ်သံေလး ..
" ေဟးေဟး .. သက္ျပင္းေတြမခ်ရဘူး။ သက္ျပင္းတစ္ခါခ်ရင္ အသက္တစ္ရက္တိုတယ္တဲ့ "
" ..... "
" လာပါကြာ .. စက္ဘီးမနင္းတက္လဲဘာျဖစ္လဲ။ ဒီကိုကိုကတင္နင္းေပးမယ္။ ငါေတာင္ ၁၆ႏွစ္သားအ႐ြယ္ေရာက္မွစီးတက္တာ ဘာမွစိတ္မညစ္နဲ႔။ ဂုကီေလးကအခုေတာ့အေနာက္ကလိုက္ထိုင္ေနာ္ .. ေနာက္တစ္ခါနင္းတက္တဲ့အခ်ိန္မွ ကိုကို႔ကိုတင္နင္းေပါ့ဟုတ္ၿပီလား "
မ်က္စိတစ္ဖက္မွိတ္ရင္း လူႀကီးေလးသဖြယ္ေျပာလိုက္ေတာ့ သူကစိတ္ေလွ်ာ့သြားဟန္ ေနာက္ဆုံးသက္ျပင္းေလးတစ္ခ်က္ကိုခ်လိုက္ရင္း ထယ္ေယာင္းစက္ဘီးေနာက္ခုံမွာဝင္ထိုင္လာပါ၏။
" အိုေခ ေသခ်ာကိုင္ထား "
ေျခေထာက္ႏွစ္ဖက္က စက္ဘီးကိုခြလိုက္ၿပီး စက္ဘီးလက္ကိုင္ကိုေသခ်ာကိုင္ကာ ႏႈတ္ဖ်ားမွလဲ ဖိုက္တင္း ဟုေအာ္ရင္း တေ႐ြ႕ေ႐ြ႕ျဖင့္နင္းလာေတာ့သည္။
တစ္ခ်က္ႏွစ္ခ်က္နင္းရေသး႐ုံရွိေသး ထယ္ေယာင္းထံမွ အီး အဲ အသံတို႔ဟာထိန္းမႏိုင္စြာထြက္ေပၚလာခဲ့သည္။
" ကင္မ္ထယ္ "
" ဟမ္ "
" နင္းေရာနင္းတက္ရဲ႕လား "
" ဟ! ဒီမွာနင္းတက္လို႔နင္းေနတယ္ေလကြာ "
ပါးစပ္ကသာတေျပာေျပာျဖစ္ေနေပမဲ့ နင္းလာတဲ့စက္ဘီးေလးကအခုထိလမ္းထဲမွာတင္ရွိေသး။
" ဟူး .. "
စတုတၳအႀကိမ္သက္ျပင္းသဲ့သဲ့ခ်လိုက္သည္ကထယ္ေယာင္းေၾကာင့္ပဲျဖစ္မွာ။
" အစမို႔လို႔ညီေလး အထင္မေသးနဲ႔ .. ငါ့ေလာက္စက္ဘီးစီးကြၽမ္းတာငါပဲရွိတယ္ .. ေဟာ့ဒီမွာၾကည့္ "
ေလႀကီးေလက်ယ္ေျပာေနရင္း ဧည့္သည္ေကာင္ေလးေရွ႕ဟန္ပါပါနဲ႔ လက္တစ္ဖက္ကိုပါလႊတ္ျပလိုက္သည္။
" ဟ! "
ခ်ိဳင့္ကြက္ေပၚတက္နင္းလိုက္သည့္အခိုက္ ယိုင္နဲ႔သြားခ်ိန္ လႊတ္ထားတဲ့လက္ဟာလဲ စက္ဘီးလက္ကိုင္ကိုအျမန္မထိန္းႏိုင္တာေၾကာင့္ လမ္းေပၚသို႔ဘုတ္ခနဲျပစ္လဲေတာ့သည္။
" က်စ္ "
စက္ဘီးတျခားလူတစ္ျခားေခြေခြေလးလဲသြားတဲ့အခိုက္ ဧည့္သည္ေကာင္ေလးဆီမွ က်စ္ခနဲစုတ္သတ္လိုက္သံက ထယ္ေယာင္းကိုယ္ေလးကိုတစ္ခ်က္တုန္သြားေစသည္။
စက္ဘီးေမွာက္တာကိုမလန္႔ပဲ ထိုအသံကိုလန္႔ေနရသည့္အျဖစ္။
" ျပ .. ဘယ္နားထိတာလဲ "
ႏွစ္ေယာက္လုံးထိထားသည့္တိုင္ သူကလွ်င္ျမန္စြာထလာၿပီး ထယ္ေယာင္းခႏၶာကိုယ္ကိုအထိအခိုက္ရွိမရွိေသခ်ာစစ္ေဆးေနပါ၏။
" မထိဘူး မထိဘူး .. ဘာမွကိုမျဖစ္တာ "
အူေၾကာင္ေၾကာင္ပုံစံေလးျဖင့္ လက္ႏွစ္ဖက္လုံးကိုဆန္႔တန္းကာဘာမွမျဖစ္ေၾကာင္းျပလိုက္ေတာ့ ေနာက္ထက္သက္ျပင္းခ်သံတိုးလွ်လွ်။
ဒီေကာင္ေလးတစ္ေန႔ကိုဘယ္ႏွစ္ခါေတာင္ သက္ျပင္းခ်ေနရတာလဲ ..။
ထယ္ေယာင္းတစ္ကိုယ္လုံးကိုလွည့္ပတ္ၾကည့္အၿပီး အထိအခိုက္မရွိတာေသခ်ာၿပီဆိုေတာ့မွ
" ထ .. သြားမယ္ "
မေျပာမဆိုနဲ႔ထယ္ေယာင္းကိုဆြဲထူၿပီး ေဘးမွာက်ေနတဲ့စက္ဘီးကိုပါသူကဆြဲယူကာတြန္းၿပီး အေရွ႕မွထြက္သြားသည္။
အနည္းငယ္နာေနသည့္ေျခေထာက္ကို ထယ္ေယာင္းလ်စ္လ်ဴရႈကာ ဧည့္သည္ေကာင္ေလးေနာက္ေျပးလိုက္သြားရင္း ..
" ဟင္ .. ငါနင္းမယ္ေလ "
" ကြၽန္ေတာ့္ကိုတြဲၿပီးသာ ေဘးကေလွ်ာက္စမ္းပါ "
ခပ္မာမာအသံထြက္လာသည့္ဧည့္သည္ေကာင္ေလးေၾကာင့္ ထယ္ေယာင္းအထြန္႔ထပ္မတက္ေတာ့။
ေထာ့နဲ႔နဲ႔ျဖစ္ခ်င္ေနသည့္ထယ္ေယာင္းေျခေထာက္တစ္ဖက္ကိုၾကည့္ရင္း သူကထိုသို႔ေျပာလာတာပဲျဖစ္မည္။
စက္ဘီးတြန္းေနရင္းလဲ ထိုစက္ဘီးကိုၾကည့္ရင္း က်စ္ ခနဲစုတ္သတ္လိုက္သည့္အသံထြက္ေပၚလာသည္က မိနစ္ပိုင္းျခား။
ထယ္ေယာင္းလဲထပ္တူၾကည့္လိုက္ေတာ့ စက္ဘီးခ်ိန္းႀကိဳးေလးက လမ္းမေပၚတ႐ြတ္တိုက္တြဲေလာက္က်ေနလွ်က္။
ပထမဆုံးေန႔မွာပင္ ခ်ိန္းႀကိဳးပ်က္သြားရသည္တဲ့လား။
" ေသာက္က်ိဳးနဲခ်ိဳင့္ခြက္ "
ပထမဆုံးေက်ာင္းစတက္မည့္ရက္မို႔ စက္ဘီးေလးစီးကာ ေအးေအးလူလူနင္းျဖတ္ခ်င္သည့္ဆႏၵေတြဟာ ထိုခ်ိဳင့္ခြက္ေၾကာင့္ သဲထဲေရသြန္။
အခုေတာ့ ဧည့္သည္ေကာင္ေလးကိုလဲစက္ဘီးထက္မတင္ရပဲ သူကပင္စက္ဘီးျပန္တြန္းေပးေနရသည့္အျဖစ္။
" ဟီး .. "
နဂိုတိတ္ဆိတ္လြန္းတဲ့ေကာင္ေလးဟာ ပိုမိုတိတ္ဆိတ္သြားသည္မို႔ စိတ္ဆိုးသြားၿပီလားဟုထင္လိုက္ရင္း ဧည့္သည္ေကာင္ေလးအၾကည့္တို႔ကထယ္ေယာင္းဘက္သို႔ေဝွ႔လာအခိုက္ ဟီးခနဲရယ္ျပလိုက္ေတာ့ တစ္ခ်က္မွ်သာၾကည့္ၿပီးအေရွ႕ျပန္လွည့္သြားသည္။
" စိတ္မဆိုးပါနဲ႔ .. မင္းကလဲ "
" ..... "
" ငါက ဒီတိုင္း .. နင္းတက္ေၾကာင္းျပခ်င္လို႔ကို။ မင္းခႏၶာကိုယ္ေလာက္ကေတာ့ လက္တစ္ဖက္တင္မဟုတ္ဘူး ႏွစ္ဖက္လုံးလႊတ္ၿပီးေတာင္နင္းလို႔ရတယ္ .. အဲ့ခ်ိဳင့္ခြက္သာဝင္မရႈပ္ရင္ ငါက .. "
စကားမဆုံးခင္လွည့္ၾကည့္လာတဲ့မ်က္ဝန္းစူးစူးတို႔ေၾကာင့္ ထယ္ေယာင္းေျပာလက္စ,စကားတို႔ရပ္သြားေတာ့သည္။
" က်စ္! ေနာက္မလုပ္ေတာ့ဘူးကြာ ေနာ္ "
၁၄ႏွစ္သားရဲ႕အက္်ီစေလးကိုဆြဲရင္း ကိုယ္ေလးလႈပ္ကာေျပာလိုက္ေတာ့ စက္ဘီးတြန္းေနတဲ့သူ႔အရွိန္ဟာရပ္သြားသည္။
" စိတ္ပူေအာင္မလုပ္နဲ႔ "
" ..... "
" ဖြားကို "
စိတ္ေလွ်ာ့လိုက္ပုံရကာ ပုံမွန္ျပန္ျဖစ္သြားသည့္မ်က္ဝန္းေလးေတြကိုၾကည့္ရင္း ထယ္ေယာင္းသြားတန္းေလးေတြေပၚသည္အထိရယ္ျပလိုက္ကာ ..
" စိတ္ခ် စိတ္ခ် .. ေနာက္မလုပ္ဘူးေနာ္ ဟီး "
ေမပယ္လ္႐ြက္တို႔ ျပန္႔က်ဲေနသည့္လမ္းကေလးေပၚ ..
ထင္းရႈးပင္ေတြ တြဲလဲခိုေနသည့္လမ္းကေလးေပၚ ..
သစ္ရိပ္ေတြ ေနတစ္ေပ်ာက္မထိုးေဖာက္ႏိုင္ေအာင္က်ေနသည့္ လမ္းကေလးေပၚ ..
စက္ဘီးေလးကိုတစ္ေ႐ြ႕ေ႐ြ႕တြန္းေနသည့္ေကာင္ေလးငယ္ေလးတစ္ေယာက္၏အက္်ီစေလးကိုဆြဲရင္း ရယ္ေမာကာလိုက္ပါလာတဲ့ေကာင္ေလးတစ္ေယာက္။
ထိုပုံရိပ္ဟာပန္းခ်ီကားခ်ပ္ေလးသဖြယ္ ..။
**
" ကင္မ္ထယ္ေယာင္း "
" ရွိ "
အတန္းပိုင္ဆရာမထံမွ ထယ္ေယာင္းနာမည္ကိုၾကားလိုက္သည္မို႔ လက္ကေလးကိုတန္းေနေအာင္ေထာင္ကာ တက္ႂကြစြာေျဖလိုက္သည္။
နာမည္စာရင္းေအာ္ေခၚေနျခင္းပင္။
" ကင္မ္ထယ္ေယာင္းလား .. "
နံေဘးမွအသံထြက္လာသည္မို႔ လွည့္ၾကည့္လိုက္ေတာ့ မ်က္မွန္ေလးတပ္ထားတဲ့ေကာင္ေလးဟာ ထယ္ေယာင္းကိုၾကည့္ကာၿပဳံးျပေနသည္။
" ေအး .. ငါကကင္မ္ထယ္ေယာင္း "
" မင္းတစ္ေယာက္ထဲျဖစ္ေနရင္ .. ငါတို႔သူငယ္ခ်င္းလုပ္ၾကမလား "
ေလးေယာက္ထိုင္ရသည့္ခုံမွာ ထယ္ေယာင္းကညာဘက္ျခမ္းက အစြန္ဆုံးျပတင္းေပါက္ေနရာမွာျဖစ္သည္။
သူ႔ေဘးမွာလဲ ထယ္ေယာင္းလိုအူတူတူေကာင္ေလးသုံးေယာက္ကထိုင္လွ်က္။
" ေကာင္းတာေပါ့ .. ငါလဲတစ္ေယာက္ထဲျဖစ္ေနတာ ဟီး "
" ငါက ပတ္ခ္ဟီးေဂ်ာင "
" ေအာ .. ပတ္ခ္ဟီးေဂ်ာင .. "
မ်က္မွန္နဲ႔ေကာင္ေလးရဲ႕နာမည္ကိုလိုက္လံေရ႐ြတ္ေနရင္း ..
" ဟို .. "
ထိုေကာင္ေလးေဘးက ႏွစ္ေယာက္ထံမွအသံထြက္လာသည္မို႔ မွန္ေၾကာင္ေရာ ထယ္ေယာင္းေရာၿပိဳင္တူလွည့္ၾကည့္လိုက္သည္။
" ငါတို႔ေရာ မင္းတို႔နဲ႔ပူးေပါင္းလို႔ရမလား .. "
" ဟ ရတာေပါ့ကြ ေလးေယာက္ဆိုေတာ့ပိုအဖြဲ႕ေတာင့္တာေပါ့ "
ထယ္ေယာင္းအသံခပ္ျမဴးျမဴးကိုမွန္ေၾကာင္ေလးကလဲေထာက္ခံသလို ေခါင္းတစ္ညိမ့္ညိမ့္။
" ငါက ဟီခြၽန္းယူ.. "
" ငါက ဂ်ဴဟြာရန္း "
လက္ကေလးေတြေထာင္ကာ အခ်င္းခ်င္းမိတ္ဆက္အၿပီး ထယ္ေယာင္းတို႔ဟာထိုခဏေလးအတြင္းမွာပင္ အရင္းႏွီးဆုံးသူငယ္ခ်င္းေတြျဖစ္သြားသေယာင္။
မ်ိဳး႐ိုးနာမည္ေတြပင္တပ္မေခၚေတာ့ပဲ မင္း ေတြ ငါေတြနဲ႔ ခ်ေနၾကတာျဖစ္သည္။
ထယ္ေယာင္းေပါင္းသမွ်သူေတြဟာလဲ ထယ္ေယာင္းလိုအူေၾကာင္ေၾကာင္ေလးေတြပင္။
အထက္တန္း တန္းခြဲ (B) ကေကာင္ငယ္ေလး ေလးေယာက္။
ခ်စ္စရာမ်က္ႏွာထားေလးေတြဟာ ျမင္သမွ်လူကိုရင္ေအးေစႏိုင္သေယာင္။
အတန္းသင္ေနရင္းမွ သတိရသြားတာဧည့္သည္ေကာင္ေလးကို ..။
တိတ္ဆိတ္လြန္းတဲ့ေကာင္ေလးကေရာ သူငယ္ခ်င္းေတြရေနမလား ..။
နားၿငီးမခံႏိုင္တဲ့ေကာင္ေလးက သူ႔ကိုစကားလာေျပာတဲ့သူေတြကို ဘာမွျပန္မေျပာရင္ဘယ္လိုလုပ္မလဲ ..။
ႀကံဖန္ေတြးရင္း စာသင္ေနတုန္းခိုးခ်မိတဲ့သက္ျပင္းကို သူျပန္ၾကားေနရသည္။
အေရွ႕မွာသင္ေနတဲ့ဆရာမဆီသာအၾကည့္တို႔ပို႔ထားေပမဲ့ စိတ္အာ႐ုံေတြကေတာ့ အလယ္တန္း တန္းခြဲ(A) ကဧည့္သည္ေကာင္ေလးထံ၌သာက်ေရာက္ေနေတာ့သည္။
" ေဟး ထယ္ေယာင္း .. မုန္႔ေစ်းတန္းသြားရေအာင္ေလ "
အားလပ္ခ်ိန္ေရာက္ေတာ့ နံေဘးမွဟီးေဂ်ာင္ရ႕အေျပာကိုထယ္ေယာင္းၿပဳံးကာ ေခါင္းေလးခါျပရင္း
" ငါကငါ့ညီေလးဆီသြားအုံးမွာ .. မင္းတို႔သြားႏွင့္ၾကေလ "
" ညီေလးရွိတာလား "
" ေအး ရွိတယ္ .. အလယ္တန္း တန္းခြဲ (A) က ဂြၽန္ေဂ်ာင္ဂုတဲ့ "
ဒီတစ္ခါေျဖပမႈမွာ ထယ္ေယာင္းအသံဟာျမဴးႂကြေနေတာ့တာ။
မ်က္ခုံးေလးပင့္ရင္း ညီေလးရွိေၾကာင္းႂကြားလိုက္ရသည္ကိုေက်နပ္ေနသေယာင္။
" သြားၿပီ "
လက္ျပကာႏႈတ္ဆက္ရင္း အတန္းထဲမွေျပးထြက္သြားေတာ့သည္။
လက္ထဲမွာလဲ ပိုက္ဆံတစ္႐ြက္ကိုက်စ္ေနေအာင္ကိုင္ထားလွ်က္သား။
" တန္းခြဲ (C) .. ဒါက တန္းခြဲ (B) .. "
အလယ္တန္းအေဆာင္သို႔ေရာက္ေတာ့ ထယ္ေယာင္းေက်ာင္းနံရံေပၚမွဘုတ္ျပားေလးေတြဆီၾကည့္ရင္း ေရ႐ြတ္မိသည္။
" ေတြ႕ၿပီ .. "
တန္းခြဲ (A) ဟုေရးထားသည့္ဘုတ္ျပားေလးအေတြ႕ ထယ္ေယာင္းအခန္းအေရွ႕သို႔သြားရင္း အတန္းထဲမဝင္ပါပဲ အေပါက္ဝရပ္ကာ တံခါးအကြယ္မွာေခါင္းေလးေစာင္းရင္းအတန္းထဲသို႔ၾကည့္လိုက္သည္။
လက္ေသးေသးႏွစ္ဖက္ထဲမွာလဲ မုန္႔ထုတ္ေတြအေအးဗူးေတြကိုင္လွ်က္သားျဖင့္။
မုန္႔စားဆင္းခ်ိန္မို႔ အတန္းထဲလူစုံေအာင္ရွိမေန။
ဟိုတစ္ေယာက္ဒီတစ္ေယာက္ကြက္ၾကားရွိေနသည့္ထဲ ဦးတည္ရာဧည့္သည္ေကာင္ေလးကိုလိုက္လံရွာေဖြၾကည့္ေတာ့ ထယ္ေယာင္းနည္းတူျပတင္းေပါက္အစြံမွာ တစ္ေယာက္ထဲအထီးက်န္စြာၿငိမ္ၿငိမ္ကေလးထိုင္ေနပါ၏။
လာရွာသည့္သူကိုေတြ႕သြားေတာ့ ထယ္ေယာင္းတံခါးအကြယ္မွထြက္ကာ အတန္းထဲစမတ္က်က်ဝင္သြားလိုက္ေတာ့ အတန္းထဲရွိေနသည့္အလယ္တန္းကေလးေတြဟာ ထယ္ေယာင္းကိုေငးေမာလို႔။
" ဟိတ္ .. ေဂ်ာင္ဂု "
ျပတင္းတံခါးကိုေငးေနတဲ့ေကာင္ေလးေဘးနားက ေနရာအလြတ္ထံဖင္တစ္႐ြတ္တိုက္ေ႐ြ႕ကာ တိုးကပ္ေျပာလိုက္ေတာ့ လွည့္ၾကည့္လာတဲ့မ်က္ဝန္းေလးေတြဟာ မႈိင္းညိဳ႕ေနရာမွလင္းလက္လာခဲ့သည္။
" ကင္မ္ထယ္ .. "
" ဘယ္လိုလဲ .. ေက်ာင္းတက္ရတာအဆင္ေျပရဲ႕လား "
" အင္း ေျပတယ္ "
ထယ္ေယာင္းေရာက္လာေတာ့မွ သူ႔ပုံစံေလးဟာအသက္ဝင္လာသလို။
" တစ္ေယာက္ထဲဘာလုပ္ေနတာလဲ .. မုန္႔ေစ်းတန္းမသြားဘူးလား "
" ဟင့္အင္း "
ပုံစံၾကည့္ရတာ မသြားတက္သည့္ႏွယ္။
တစ္ေယာက္ေယာက္ကိုေမးၿပီးသြားခိုင္းလိုက္ဖို႔ေျပာရေအာင္လဲ သူ႔ပုံစံကဘယ္သူ႔ကိုမွစကားစေျပာမည့္ပုံမဟုတ္။
" ဗိုက္ဆာလား "
" အင္း .. "
" ထင္တယ္ထင္တယ္ .. အဲ့တာေၾကာင့္ဒီမွာကိုကိုကမုန္႔ေတြဝယ္လာတယ္ စားလိုက္ "
ဖြက္ထားတဲ့မုန္႔ထုတ္ေလးေတြကိုစားပြဲေရွ႕တင္ေပးလိုက္ေတာ့ သူကထယ္ေယာင္းကိုၾကည့္လာသည္။
ပုံစံကအားနာေနသည့္ဟန္ .. မုန္႔ေတြကိုလဲထိေတြ႕ခ်င္းမျပဳေသး။
ကိုယ္တိုင္ယူစားမည့္ပုံမေပါက္တာေၾကာင့္ မုန္႔တစ္ထုတ္ကိုေဖာက္ကာသူ႔ထံေပးလိုက္ေတာ့ မယူပဲထိုအတိုင္းၾကည့္ေနသည္။
" အဲ့လို အားနာတဲ့အၾကည့္မ်ိဳးနဲ႔မၾကည့္ရဘူး .. ဒီကိုကိုကစားေစခ်င္လို႔ဝယ္လာရင္ စားကိုစားရမယ္ ဟုတ္ၿပီလား "
ထိုသို႔ေတာ့မွ လက္ကေလးကထိုမုန္႔ထုတ္ကိုလွမ္းယူသည္။
တစ္ပါထဲ ေလးေထာင့္စေတာ္ဘယ္ရီဗူးေလးကိုပါေဖာက္ရင္း အဆင္သင့္ပိုက္တပ္ေပးထားလိုက္သည္။
ထယ္ေယာင္းဟာဘယ္ေလာက္ထိဂ႐ုစိုက္ေႏြးေထြးမႈကိုေပးႏိုင္သလဲဆိုသည့္အေျဖဟာ ထိုအျပဳအမူေတြကိုၾကည့္႐ုံနဲ႔တင္သိသာေစပါသည္။
" ကင္မ္ထယ့္ အတြက္ေရာ "
" အာ .. ငါ့အတြက္ကဒီမွာေလ "
ထိုင္ခုံေဘးက်န္ေနတဲ့မုန္႔ထုတ္ေလးနဲ႔စေတာ္ဘယ္ရီဗူးေလးကိုထုတ္ျပလိုက္ေတာ့မွ သူကစိတ္ေအးသြားဟန္။
မဟုတ္ရင္ သူ႔လက္ထဲကမုန္႔ကိုစားျဖစ္မွာမဟုတ္ .. ထယ္ေယာင္းကိုေကြၽးေနဦးမွာ။
" ေနာက္ေန႔မုန္႔ေစ်းတန္းတူတူသြားရေအာင္ .. ေက်ာင္းဆင္းခ်ိန္တိုင္းလာေခၚမယ္ ၾကားလား
" အင္း .. "
ေပါင္မုန္႔ကိုတစ္ကိုက္ကိုက္ရင္းဝါးေနခိုက္ ဧည့္သည္ေကာင္ေလးရဲ႕ပါးႏုႏုဟာေဖာင္းကားေနေတာ့သည္။
" ဟီး ခ်စ္စရာေလးကြာ "
အသည္းယားသည့္ႏွယ္ ထိုပါးႏုႏုကိုမနာေအာင္ဆြဲျပစ္လိုက္ေတာ့ သူ႔မ်က္ဝန္းေလးေတြဟာဝိုင္းခနဲ။
" အမ္ .. လူရွိတာလား "
မုန္႔ကိုယ္စီစားအၿပီး အေနာက္ပါးမွအသံၾကားသည္ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္ကအူေၾကာင္ေၾကာင္ေလးရပ္ေနသည္။
ၾကည့္ရတာဒီခုံမွာထိုင္သည့္ေကာင္ေလးျဖစ္ဖို႔မ်ားမည္။
အလယ္တန္းကေလးေတြၾကား ထယ္ေယာင္းဟာမာန္ပါပါျဖင့္ မုန္႔စေတြေပေနသည့္လက္ႏွစ္ဖက္ကိုရႈတည္တည္ျဖင့္ခါလိုက္ကာ ..
" ဒါမင္းေနရာလား ကေလး "
" ဗ်ာ ..? "
" က်စ္! မင္းေနရာလားလို႔ "
" ဗ်ာ .. အဲ .. ဟုတ္ကဲ့ "
အထစ္ထစ္အအျဖစ္ေနသည့္ပုံစံေၾကာင့္ ထယ္ေယာင္းရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
စီနီယာလုပ္ၿပီး ၿဖဲေျခာက္ရသည့္ခံစားခ်က္က မဆိုးဘူးဟုေတြးလိုက္မိသည္အထိ။
" အဲ့ေနရာမွာခဏထိုင္ၿပီးေစာင့္ေပးမလား .. ဒီကိုႀကီးစကားေျပာေနလို႔ "
ထယ္ေယာင္းေဘးကေနရာကိုလက္ညိဳးထိုးျပလိုက္ေတာ့လဲ ေခါင္းတညိမ့္ညိမ့္နဲ႔ကုတ္ကုတ္ကေလးဝင္ထိုင္သည္။
ထိုေတာ့မွ ထယ္ေယာင္းရယ္ရင္း ဧည့္သည္ေကာင္ေလးဘက္လွည့္ကာ
" သူကမင္းေဘးမွာထိုင္တာလား ဂုကီ "
အေျဖစကားျပန္မေပးပဲ ေခါင္းတစ္ခ်က္သာညိမ့္ျပသည္။
" ဟီး အူေၾကာင္ေၾကာင္ေလးနဲ႔ ကေလးေတြမ်ား "
အလယ္တန္းကေလးထံ အကိုႀကီးလုပ္ၿပီးအာဏာျပခဲ့သည္ကိုျပန္ေတြးရင္း သေဘာတက်ျဖင့္တစ္ခစ္ခစ္ရယ္ေနစဥ္ ..
" ကင္မ္ထယ္ ျပန္ေတာ့ "
" ျပန္မွာပါကြာ မင္းကလဲ ႏွင္လိုက္တာ "
တည္တင္းေနတဲ့အသံကေလးထြက္လာၿပီးေနာက္ ေက်ာင္းတက္ေခါင္းေလာင္းသံဟာလဲတစ္ဆက္ထဲထြက္လာေတာ့သည္။
" အျပန္က် ဒီအခန္းေရွ႕မွာပဲေစာင့္ေနာ္ .. သြားေတာ့မယ္ "
ေျပာရင္းမတ္တပ္ထရပ္လိုက္ေတာ့ ေဘးမွေကာင္ေလးကလဲ အလိုက္တသိ ထယ္ေယာင္းထြက္လို႔ရေအာင္ခုံအျပင္ထြက္ေပးသည္။
" ကိုယ့္ညီေလးကို ေစာင့္ေရွာက္ေပးပါအုံးေနာ္ "
ရယ္ခ်င္စိတ္ကိုတင္းထားၿပီး ထိုေကာင္ေလးပခုံးကိုပုတ္ကာေျပာလိုက္ေတာ့ 'ဗ်ာ ဟုတ္' ဆိုၿပီးျပန္ေျဖလာသည္။
အခန္းထဲမွထြက္လာလိုက္ရင္း တံခါးဝအေရာက္ ဧည့္သည္ေကာင္ေလးကိုလဲလက္တျပျပျဖင့္။
တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားတဲ့ေက်ာျပင္ေလးကိုျပတင္းတံခါးဆီမွလိုက္ၾကည့္ရင္း ႏႈတ္ခမ္းပါးတစ္စုံဟာလဲမသိမသာၿပဳံးလိုက္မိသည္။
" အဲ့တာ မင္းအကိုလား "
" ..... "
" ေခ်ာလိုက္တာ "
ေဂ်ာင္ဂုနည္းတူ ထယ္ေယာင္းထြက္သြားသည္ကိုလိုက္ၾကည့္ေနသည္ေၾကာင့္ မ်က္ေမွာင္တို႔ဟာစုက်ဳံ႕လာေတာ့သည္။
" ဒါနဲ႔ မင္းအကိုနာမည္ဘယ္လိုေခၚ .. "
" ေက်းဇူးျပဳၿပီး တိတ္တိတ္ေလးေနေပးလို႔ရမလား "
တည္ၿငိမ္တဲ့အသြင္အျပင္နဲ႔ေျပာရင္း ေဘာပင္ကိုကိုင္ကာစာအုပ္ေလးေပၚေရးျခစ္ေနလိုက္ေတာ့ ထိုေကာင္ေလးစကားစရပ္သြားပါ၏။
" ေအာ္ .. ေအးေအး "
ေခါင္းတစ္ကုတ္ကုတ္ျဖင့္ ေဘးနားဝင္ထိုင္ကာအိတ္ထဲမွစာအုပ္ကိုထုတ္ေနပါေတာ့သည္။
တေ႐ြ႕ေ႐ြ႕နဲ႔လႈပ္ရွားေနတဲ့လက္ေခ်ာင္းျဖဴျဖဴေတြၾကားမွ ေဘာပင္ေလးဟာ စာ႐ြက္ျဖဴျဖဴထက္ေျပးလႊားလို႔ ..။
တူညီတဲ့နာမည္တစ္ခုကိုသာ ေနရာအႏွံ႔ေရးျခစ္ထားသည္ကိုၾကည့္ရင္း နံေဘးမွမသိမသာခိုးၾကည့္ေနတဲ့ထိုေကာင္ေလး၏ မ်က္ဝန္းတို႔ဟာဝိုင္းခနဲ။
ထိုအမည္နာမဟာ ' ကိုကို ' ပါတဲ့ ..။
**
4 May ( 7:17 ) PM.
🎧 Jaden - Bye
အေခၚအေဝၚေလးေတြနဲ႔ fic photo ေလးေျပာင္းလဲထားပါတယ္။