စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 33
-------------
ရှောင်ကျန့်မှာငူငူငိုင်ငိုင်နဲ့ထိုင်လို့ တစ်ဖက်ကိုမျက်နှာလွှဲငေး
ကြည့်နေရင်းနဲ့ပဲ မျက်ရည်စလေးတွေစက်လက်ကျလာခဲ့သည် မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နဲ့ လက်နဲ့အကြမ်းပတမ်းသုတ်ကာ ထိုင်နေလိုက်သည် ။
ဒီလိုဖြစ်နေတာကိုရှောင်ပါးလည်းစိတ်မချမ်းသာချေ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူ့သားက စစ်သူကြီးအိမ်တော်ပေါ်ကနေ
မျက်ရည်စက်လက်နဲ့ဆင်းလာပြီး အိမ်မှာလာပြန်နေသည်
ယောက္ခမတွေကလည်းဆွဲထားပေမဲ့လည်း ရှောင်ကျန့်ကအတင်းခေါင်းမာနေတာကြောင့် လွှတ်ပေးလိုက်ရသည်။
"ဘယ်ကိုသွားမလို့လဲသား"
"ဒီနားသွားမို့ သိပ်မကြာစေရဘူး"
"....."
ရှောင်ကျန့်ခြေလှမ်းတွေကဦးတည်ချက်မရှိ သွားချင်တဲ့နေရာကိုလျှောက်သွားနေတာပါပဲ အရမ်းကိုချစ်တဲ့အတွဲတွေတွေ့ပြန်ရင်လည်း လောင်၀မ့်ကိုသိပ်သတိရတာပဲ ။
"ကျန့်ကျန့်လေးမဟုတ်လား"
"....."
စာပေအမတ်ရန်ချင်းကသူ့ကိုတွေ့တာနဲ့ပြေးလာသည် ။
"ငိုထားတာလား အိပ်ရေးမ၀လို့လား"
"...."
"စစ်သူကြီး၀မ်ဘာလုပ်လိုက်ပြန်ပြီလဲ... ကျန့်ကျန့်လေးကဒီလောက်ချစ်ဖို့ကောင်းတာကို"
"လူကိုစားပြီးနားမလည်ဝါးပြီးထွေးထုတ်လုပ်ထားတာ"
"ဟာ....ကွာတော့မလို့လား"
"သူစစ်တိုက်ထွက်သွားတာ ကျန့်ကျန့်ကိုသွားခါနီးကျမှပြောသွားတယ်....အင့်!...."
အောက်နှုတ်ခမ်းကိုကိုက်ရင်းနဲ့ ခပ်ဝေးဝေးတစ်နေရာကိုကြည့်နေရင်းနဲ့မှ မျက်ရည်စက်တွေကျလာလေပြီ ဘာလို့
ဒီနေ့ကျမှနေရာတိုင်း သမီးရည်းစားတွေကိုတွေ့ရတာလဲ။
"ကျန့်ကျန့်ပျင်းနေရင် ကိုယ်အဖော်လုပ်ပေးမယ်လေ..."
"...."
"တုတ်ထိုးချိုချဉ်စားမလား...ဆီကြော်မုန့်ကော "
"ပြန်လာတာနဲ့ နုတ်နုတ်စင်းပစ်မှာ"
"...."
*စစ်ဆေးရေးရုံးတော် *
စစ်ဆေးရေးရုံးတော်ရှေ့ကိုရောက်တော့ ရှောင်ကျန့်ရပ်လိုက်ကာအထဲကိုကြည့်လိုက်သည် များသောအားဖြင့်ဒီမှာ
ပြစ်မူ့တွေကိုလာတိုင်ကြလေသတဲ့ ရုံးတော်ရှေ့နံရံမှာလည်း
လိုအပ်တဲ့သူခိုးတွေရဲ့ပုံကိုတင်ထားသေးတယ်။
"အာ....သိပြီ ခေါက်ဆွဲသွားစားကြ...."
ရန်ချင်းကိုတွန်းဖယ်လို့ စစ်ဆေးရေးရုံးတော်ထဲဆောင့်အောင့်ကာ၀င်သွားလေပြီ စစ်ဆေးရေးရုံးမှာရှိတဲ့ စာရေးတွေကိုလည်း ဂရုမစိုက်ပါ စစ်ဆေးရေးမှူးထံသို့တည့်တည့်လျှောက်သွားလိုက်သည်။
"ဝေ့...အဲ့ထဲမဝင်ရဘူးလေ"
"ဒါက စစ်ဆေးရေးမှူးရဲ့အခန်းပဲ မင်းပြစ်မူ့တိုင်ချင်ရင်
ဟိုမှာသွားရေးထားချည်"
"ရေးချင်စိတ်မရှိလို့ပေါ့!..."
"ဘာတွေလာအော်နေတာလဲ"
"ဖယ်စမ်းပါ!...ငါ စစ်သူကြီး၀မ်ကို တိုင်ဖို့လာတာ "
"ဘယ်သူမို့လို့လဲ"
"စစ်သူကြီးကတော်ကွ!! စစ်သူကြီးကတော်!"
ရှောင်ကျန့်က လှံနဲ့တားထားရဲ့သားနဲ့ကို အောက်ကနေလျှို၀င်ကာ တံခါးကိုဖွင့်ကာအထဲ၀င်သွားတော့သည် စစ်ဆေးရေးမှူးရဲ့ခုံကိုရိုက်ချလို့ ခပ်စိုက်စိုက်ကြည့်နေလိုက်သည်။
"စစ်သူကြီး ၀မ်ရိပေါ် ဆိုတဲ့အကောင်ကိုတိုင်မယ်"
"....."
"အဲ့ကောင်ကို စားပြီးနားမလည်တဲ့အမူ့ သူများသားသမီးကို
ပစ်ထားတဲ့အမူ့ ငိုအောင်လုပ်တဲ့အမူ့ နောက်ပြီး ဘာရှိသေးလဲ"
"ငွေမအပ်တာလား"
"သူကငွေအပ်ထားတယ် ကြိုက်တာသုံးတဲ့ "
"....."
"ဒါပဲ....စဉ်းစားလို့ရရင် လာပြန်ပြောဦးမယ်"
"ဟုတ်ကဲ့.....ကောင်းကောင်းသွားပါဗျ"
"အင်း...."
ရှောင်ကျန့်မိုင်တိမိုင်ထွေနဲ့ လမ်းဆက်လျှောက်လာခဲ့သည်
အရှေ့မှာလည်းရန်ချင်းကစောင့်နေသေးတယ် အတော်ပဲ
ခေါက်ဆွဲ၀ယ်ကျွေးခိုင်းရမယ် ။
---------
"စစ်သူကြီး၀မ်....အရှေ့တပ်ကျသွားပါတယ်"
"တောက်!!"
*ဒုန်း*
စားပွဲခုံကိုထုလိုက်တယ် သူတို့ဗျူဟာတွေဒီလောက်ကောင်းတာကို ရန်သူဘက်ကအပြတ်ချေနိုင်သေးတယ်တဲ့ ။
"ဗျူဟာပြောင်းမယ်"
"ဟုတ်ကဲ့"
မြေပုံကိုတိတ်ဆိတ်စွာကြည့်နေရင်းနဲ့ အကြံကိုယ်စီထုတ်နေကြလေပြီ မကြာဘူး တပ်သားတစ်ယောက်က ပြေးလာလို့
မြို့တော်က သတင်းတွေလာပေးသည်။
"မြို့တော်ကို ဘာမှစိတ်ပူဖို့မလိုကြောင်း မင်းကြီးမှာကြားလိုက်ပါတယ်"
"အင်း ဘာရှိသေးလဲ"
"ဟို...စစ်သူကြီး၀မ် ပြန်လာရင် ထောင်ကျမယ်လို့တော့ပြောပါတယ် "
"ဘာကြောင့်လဲ"
"စစ်သူကြီးကတော်က စစ်သူကြီး၀မ်ကို စစ်ဆေးရေးမှူးစီမှာ
တရားစွဲထားတာ အဲ့တာ မင်းကြီးကိုပါ သူ့ဘက်ပါအောင်လို့
သွားပြောထားတာပါ"
"...."
"စစ်သူကြီးအိမ်တော်ကနေပြီးတော့လည်း အမှာစကားပါးလိုက်ပါသေးတယ် အိမ်တော်ထိန်းကြီးစီကပါ"
"အင်း ဘာဖြစ်လို့တဲ့လဲ"
"စစ်သူကြီးကတော် အိမ်ပေါ်ကဆင်းသွားပြီတဲ့ "
"...."
"ခွင့်ပြုပါဦး"
စစ်သူကြီး၀မ်မျက်နှာကိုကြည့်လိုက်တော့ ပြုံးစပ်စပ်နဲ့
လင်ယောကျာ်းအကြောင်းကြားလိုက်တော့ မျက်နှာကပြုံးလို့
ခုနလေးတင်ဒေါသထွက်နေခဲ့တာမဟုတ်လား ။
🦁
ပျင်းရိပျင်းတွဲနဲ့ ခေါင်းအုံးကိုမှီရင်း စစ်သူကြီးအိမ်တော်စာဖတ်ခန်းက စာအုပ်တွေကို ပွပလဲအောင်လုပ်ထားပြီးပြီ
လောင်၀မ်မရှိတော့ တအားပျင်းတာ အခုဆိုရင်....သူ့ကိုခေါ်ပြီး ဟိုဟာဒီဟာလေးတွေ၀ယ်ခိုင်းနေလို့ရပြီ ။
"စစ်သူကြီးကတော်ဘာစားမလဲဟင်"
"ကြာခွက်တွေပဲသွားယူ နောက်ပြီး ကြာရိုးစွပ်ပြုတ်လုပ်ပေး"
"ဟုတ်ကဲ့"
အိမ်တော်ထိန်းကြီးကြာတာသိတာကြောင့် ရှောင်ကျန့်အခန်းထဲမှာအိပ်ရန်ပြင်လိုက်သည် လောင်၀မ်မရှိပေမဲ့လည်းသူ့အငွေ့အသက်တွေကဘေးနားမှာရှိနေသေးတယ် ။
"လွမ်းတယ်....လောင်၀မ်..."
လောင်၀မ့်ခေါင်းအုံးကိုဖက်လို့ မျက်လုံးလေးတွေမှေးစင်းကာ
အိပ်သွားတော့တယ် သူအခုတလောအရမ်းကိုအိပ်ပစ်ချင်နေတာ ဘုရားကျောင်းသွားပြီး လောင်၀မ်ဘေးကင်းပါစေလို့ဆုတောင်းနေရင်းနဲ့လည်း အိပ်ငိုက်လွန်းတာကြောင့် အိမ်တော်ထိန်းကြီးက အမြဲနှိုးရသည်။
တစ်လ....နှစ်လ...သုံးလ...လေးလ နီးပါးလောက်ကြာမြင့်ခဲ့ပြီ
စစ်အောင်နိုင်တဲ့အကြောင်းတွေကိုကြားရလေပြီ ရှောင်ကျန့်ပျော်သွားတယ် ဒါပေမဲ့လည်း သူစိတ်ဆိုးရဦးမည်လေ ။
"စစ်သူကြီး၀မ်က နေ့လည်လောက်ဆိုရင် မြို့တော်ရဲ့ဂိတ်ဝကိုရောက်လောက်ပြီ ကဲ...အိမ်ရှေ့စံသွားကြို...."
"ကျန့်ကျန့်သွားကြိုချင်တယ်"
"ဟုတ်သားပဲ မောင်တော်ရယ် အိမ်ရှေ့စံကိုက နန်းတော်တံခါးဝမှာကြိုခိုင်းပေါ့ စစ်သူကြီးကတော်က မြို့တော်ဂိတ်တံခါးမှာ
ကြိုချင်နေတာပဲကို ခွင့်ပြုလိုက်ပါ"
"လှည်းတစ်စီး စီစဉ်ပေးမယ် စစ်သူကြီးကတော်သွားပေါ့"
"ဟုတ်ကဲ့ "
လောင်၀မ်က နေ့လည်ပိုင်းရောက်မှာဖြစ်လို့ မနက်စောစောက
နေဒီကထွက်မှ မြို့တော်ဂိတ်တံခါးကိုရောက်မှာ ဗီရိုကိုဖွင့်လို့
အကျီတွေထုတ်လိုက်သည် လောင်၀မ့်မွေးနေ့တုန်းက၀တ်တဲ့အကျီပဲ၀တ်ရမလား...ဒါနဲ့ဆိုရင် သူအရမ်းလှတယ်လို့ လောင်၀မ်ကပြောတယ်။
မနက်ခင်းမြူတွေတောင်မကွဲသေးပါ ရှောင်ကျန့်ပြင်ဆင်ပြီးလို့ အစေခံကောင်မလေးတစ်ယောက်နဲ့ အိမ်တော်ထိန်းကြီးနဲ့ကိုခေါ်ကာ သွားတော့သည် ဟွန့်....သူ့မျက်နှာကိုတွေ့ရင်ကောက်ပြလိုက်ဦးမှာ ။
တပ်မကြီးကိုဦးဆောင်လို့ မြို့တော်ရဲ့ဂိတ်ဝစီရောက်လာခဲ့လေပြီ ဂိတ်ဝတံခါးကိုမဖွင့်သေးချေ သူတို့လာမယ်ဆိုပြီး
အကြောင်းကြားထားခဲ့တာကို ဘာလို့မဖွင့်သေးတာပါလိမ့်။
"စစ်သူကြီး၀မ် ကိုယ့်အပြစ်ကိုယ်သိပါသလား"
ရင်းနှီးလှသောအသံ ထိုအသံလေးကိုမကြားရတာဖြင့်အချိန်တွေကြာမြင့်ရောပေါ့ တံခါးဂိတ်ဝရဲ့အပေါ်ကိုမော့ကြည့်လိုက်သည် အလယ်နေရာမှာ သူအတွေ့ချင်ဆုံးသောသူက ရပ်လို့သူ့ကိုငုံ့ကြည့်နေလေတာ ။
"တောင်းပန်ပါတယ် လောင်ရှောင်း...."
အနည်းငယ်ကွာဝေးသောအနေအထားနဲ့ အပေါ်နဲ့အောက်သာကြည့်ရသောအနေအထား မို့လို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတာ ရုပ်ကိုတောင်ကွဲပြားစွာမမြင်ရပါ တစ်ယောက်နဲ့တစ်ယောက်အသံတွေတော့ အော်ပြောနေတာနဲ့ကြားနေရပြီ ။
"အဲ့လို တောင်းပန်ရုံနဲ့ရမယ်ထင်နေလား!!"
"ကဲ....လင်မယားချင်း စိတ်ဆိုးတာလဲ တော်ရောပေါ့ ကျွန်တော်စီစဉ်ပေးမယ် "
လီချန်ကမြင်းနဲ့ အနောက်ကိုလှည့်လို့ တပ်သားတွေကို သင်ပေးနေသည် မဟုတ်ရင် ဒီနေပူကြီးထဲမှာပဲနေနေရမှာ ။
"ပြောတော့...."
"စစ်သူကြီးကတော်....ကျေးဇူးပြုပြီး...စစ်သူကြီး၀မ်ကိုခွင့်လွှတ်ပေးပါ "
တပ်ကြီးတစ်ခုလုံးကအသံတွေကဟိန်းထွက်လာလေပြီ စစ်သူကြီး၀မ်က မြင်းပေါ်ကနေဆင်းလို့ ဒူးထောက်ကာ
ရှောင်ကျန့်ကိုမော့ကြည့်တယ် ။
"ခွင့်လွှတ်ပေးပါ လောင်ရှောင်း"
"စစ်သူကြီးကတော်....တံခါးဖွင့်လို့ရပြီလား"
"ငါအရင်သွားမယ် "
"...."
စစ်သူကြီးကတော်က ဆင်းသွားတာနဲ့ တံခါးမကြီးကိုဖွင့်လိုက်လေပြီ ဒီလောက်ဆိုရင်စိတ်ဆိုးပြေပြီမဟုတ်လား
တံခါးဖွင့်လာတာနဲ့ရှောင်ကျန့်ကပြေးထွက်လာကာ စစ်သူကြီး၀မ်ကိုသွားပြေးဖက်လို့ အော်ငိုသည်။
"ဘယ်လောက်လွမ်းရလဲ သိလား!! သိလားလို့!!"
"အင်းပါ....အချစ်ရယ်....ကိုယ်လည်းထပ်တူပါပဲ"
"ကျန့်ကျန့်ကို...မနှုတ်ဆက်သွားဘူး!! "
"တောင်းပန်ပါတယ် လောင်ရှောင်းနော်...."
"အရူးကြီး!!....မကောင်းတဲ့လူကြီး!! အဟင့်!...ရွှတ်!"
ပါးစပ်ကလည်းအော် ငိုကလည်းငို ရင်ဘတ်ကိုပါထုနေသော
ရှောင်ကျန့်ကိုကြည့်ရင်းနဲ့ သူပါမျက်ရည်ဝဲမိသည် ရှောင်ကျန့်ကိုသိပ်သတိရခဲ့တာပေါ့ အမြဲတမ်းလိုလိုသူထိုးပေးထားတဲ့
အမွှေးအိတ်လေးကိုကြည့်ရင်းအလွမ်းသယ်ခဲ့ရတာ
စစ်ပွဲအတွင်းမှာ ခနခန သေခါနီးဖြစ်လို့ အရှုံးပေးရမလိုတောင်ဖြစ်ခဲ့တာ ဒါပေမဲ့လည်း သူရှောင်ကျန့်ကိုကတိပေးထားခဲ့တယ်မဟုတ်လား ။
"တော်ပြီ....နာမယ်နော်"
ထုရိုက်နေသော ရှောင်ကျန့်လက်လေးတွေကိုကိုင်လို့ ခပ်ဖွဖွ
နမ်းသည် ပြီးမှသတိတရနဲ့ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်လိုက်သည် ။
"ဘာဖြစ်လို့လဲ"
"လောင်ရှောင်း...အကျီတွေပေ..."
"အဲ့တာကအရေးကြီးလားလို့..."
"ကိုယ့်နားကနည်းနည်းနံနေတယ် ကိုယ်မြို့တော်ရောက်လို့
ရေချိုးပြီးမှပဲ....လောင်ရှောင်းနဲ့တွေ့မယ်လို့စဉ်းစားထားတာ"
"...."
ရှောင်ကျန့်ကအောက်နှုတ်ခမ်းကိုကိုက်လို့ခြေဆောင့်ကာ
စစ်သူကြီး၀မ်နားကို သွားရင်းမျက်နှာကိုကိုင်လို့နမ်းလိုက်သည် ။
"အဲ့တာတွေအရေးမကြီးပါဘူး...လောင်..လောင်၀မ်နဲ့
တွေ့ရင် ပြေးဖက်မယ်လို့တောင် ကျန့်ကျန့်စိတ်ကူးယဉ်ထားတာ အင့်...."
စစ်သူကြီး၀မ်က အားပါပါနဲ့ ရှောင်ကျန့်ကိုယ်လုံးလေးကို
ဖျစ်ညှစ်မိတာ အင့်ခနဲတောင်မြည်သွားသည် ။
"ကဲ....ဒီနေ့တော့တို့တွေကို ကင်ထားမှာတော့မဟုတ်ပါဘူးနော်"
ဝမ်ရှုံ့ပြောတာကြောင့် အကုန်လုံးကရီကြသည် ဟုတ်သားပဲ
သူတို့နှစ်ယောက်ဖက်နေတာကို နေ့လည်ဖြစ်တာကြောင့်လည်း အကုန်လုံးကမောပန်းလို့နေတယ်။
"အထဲ၀င်ကြတာပေါ့"
"အင်း"
ရှောင်ကျန့်ကိုချီလို့သူ့မြင်းပေါ်တင်ကာ သူပါအနောက်ကနေ
တက်လိုက်သည် ။
"ကျား..."
မြင်းဇက်ကြိုးကိုဆွဲလို့အသံပေးပြီးတာနဲ့ ရွှေ့လျားသွားတဲ့နောက်မှာ အောင်နိုင်သော တပ်တွေက မြို့တော်ထဲ၀င်လာကြတော့တယ် ။
"ရွှတ်"
ရှောင်ကျန့်ပါးတစ်ဖက်ကိုဖြတ်ခနဲလာနမ်းလေသည် ရှောင်ကျန့်တစ်ချက်တွန့်ကာ ခေါင်းကိုအနည်းငယ် ဘေးဘက်စိုက်ချကာ ပုခုံးလေးအပေါ်မြှင့်လို့ သူ့ပုခုံးနဲ့နမ်းသွားတဲ့ ပါးတစ်ဖက်ကိုသုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ ကိုယ့်အနမ်းကိုတောင်မခံချင်တော့ဘူးလား"
"ဟုတ်ဘူး....အဲ့တာတွေက ယားလို့"
ပုံမှန်ရိတ်နေကြ နှုတ်ခမ်းမွှေးတွေက မရိတ်တာကြာလို့
ခပ်ရေးရေးထွက်လာလေပြီ အဲ့တာကိုရှောင်ကျန့်ကမကြိုက်
သူခုနကဘယ်လိုမျိုးနဲ့တောင်နမ်းမိသွားတာပါလိမ့်။
___________________
ကြိုဆိုဧည့်ခံပွဲတွေပြီးလို့ ညဘက်မှာလည်း တစ်တိုင်းပြည်လုံးမှာ ပွဲတော်တွေနဲ့ပြည့်နှက်နေခဲ့တယ် ထိုပွဲမှာတော့ထူးထူးခြားခြားအိမ်ရှေ့စံကိုမတွေ့ချေ လီချန်ကိုလည်းမတွေ့
ညနေကတောင်မှလီချန်ကိုတွေ့လိုက်ပါသေးတယ်။
"အိမ်ရှေ့စံရော....အိမ်ရှေ့စံကိုသွားခေါ်လေ ဒီမှာကိုယ့်ဆရာ
စစ်အောင်နိုင်လို့ပြန်လာတာကိုအဲ့ဟာလေးက ဘယ်ပျောက်နေတာလဲ!"
"မင်းကြီး!....မင်းကြီး!"
အိမ်ရှေ့စံရဲ့အထိန်းတော်ကြီးက စာရွက်ကိုကိုင်လို့ ပြေးလာလေတယ် အမောတကောနဲ့ဆိုတော့ ဘာများလဲ အိမ်ရှေ့စံကို
ပြန်ပေးဆွဲသွားတာများလား။
"ဟို အိမ်ရှေ့စံလေး..."
"ပြောစမ်းပါ အထိန်းတော်ကြီး"
"အဲ့တာကိုဘယ်လိုပြောရမှာပါလိမ့်....ဟို...အမ်...လင်နောက်လိုက်သွားတယ်လို့ပဲပြောရမလား"
"ဘာပြောတယ်!!"
"စာထဲမှာပါ...မင်းကြီး..."
"ပြစမ်း...."
မင်းကြီးကစိတ်တိုနေတာကြောင့် မျက်နှာတွေပါနီနေပြီ
မိဖုရားခေါင်ကြီးကတော့ အခြေအနေကိုနားလည်ပုံမပေါ်သေးချေ သူမသားကဘာလို့လင်နောက်လိုက်ရမှာလည်း။
"ဖခည်းတော် သားတော်မိုက်ကိုခွင့်လွှတ်ပေးပါ သားတော်
တပ်မှူးလီချန်နဲ့ မေတ္တာမျှခဲ့ကြတာ အတော်လေးကိုကြာမြင့်ခဲ့ပါပြီ သူပြန်လာခဲ့ရင်ကတိအတိုင်း သားတော်တို့တစ်နေရာရာ
ကိုထွက်သွားကြပါပြီ စိတ်မပူပါနဲ့ သားတော်ပျော်ပါတယ်
စစ်သူကြီး၀မ်ကိုလည်းပြောပေးပါ စစ်အောင်နိုင်လို့ဂုဏ်ပြုပါတယ်လို့ "
"အောင်မယ်လေးဗျာ...."
"မင်းကြီး...မင်းကြီး"
ထိုနေ့ညပွဲမှာတော့ မင်းကြီးမေ့လဲသွားလို့ ပွဲပျက်သွားလေသတည်း။
🦁🐰
"လောင်ရှောင်း....လောင်ရှောင်းရေ..."
ဥယျာဉ်ဘက်မှာ ခုံလေးတစ်လုံးချလို့ မျက်နှာလေးမော့လို့
မျက်လုံးမှိတ်ထားတတ်တယ် ဘာလို့မှန်းတော့မသိပေမဲ့လည်း သူပြန်လာပြီးတော့ အတူတူနှီးနှောခဲ့ကြသေးတယ်
အဲ့နေ့ပြီးတော့မှ ရှောင်ကျန့်ကဒီလိုအပြင်ထွက်ထိုင်နေတော့တာပဲ။
"လောင်ရှောင်း ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး လောင်၀မ်ရဲ့ ဒီအတိုင်း ပျင်းလို့ပါ"
"....."
"ဟို တိမ်ပုံလေးကိုကြည့်ပါဦး...မြှားနတ်မောင်နဲ့တူတယ်နော်"
"မြှားနတ်မောင်ကဘာလဲ"
"လူတစ်ဦးနဲ့တစ်ဦးချစ်အောင်လို့ သူကသူ့မြှားလေးတွေနဲ့
လိုက်ပစ်ပေးတာ "
"ကိုယ်တော့ လောင်ရှောင်းကိုချစ်အောင်လို့ မြှားနတ်မောင်စီကနေ မြှားပစ်ခံလိုက်ရတယ်ထင်ပါရဲ့"
"အင်း..."
စစ်သူကြီး၀မ်က ရှောင်ကျန့်ရှေ့မှာဒူးနှစ်ဖက်လုံးထောက်ချလို့
ရှောင်ကျန့်ကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်သည် ။
"လောင်၀မ်"
"အင်း"
"စစ်သူကြီးရာထူးကိုလေ....စွန့်လွှတ်နိုင်မလား"
".…."
___________________
(5.5.2024)
#Su🐼
နှုတ်ဆက်ရတော့မယ်နော် 😩🫶
Part 33
-------------
"....."
"....."
"...."
"ဟာ....ကွာတော့မလို့လား"
"...."
"...."
*စစ်ဆေးရေးရုံးတော် *
"ဝေ့...အဲ့ထဲမဝင်ရဘူးလေ"
"ဘာတွေလာအော်နေတာလဲ"
"ဘယ်သူမို့လို့လဲ"
"....."
"ငွေမအပ်တာလား"
"....."
"အင်း...."
---------
"တောက်!!"
*ဒုန်း*
"ဗျူဟာပြောင်းမယ်"
"ဟုတ်ကဲ့"
"အင်း ဘာရှိသေးလဲ"
"ဘာကြောင့်လဲ"
သွားပြောထားတာပါ"
"...."
"အင်း ဘာဖြစ်လို့တဲ့လဲ"
"...."
"ခွင့်ပြုပါဦး"
🦁
"ဟုတ်ကဲ့"
"လွမ်းတယ်....လောင်ဝမ်..."
"ဟုတ်ကဲ့ "
"ပြောတော့...."
"ငါအရင်သွားမယ် "
"...."
"တော်ပြီ....နာမယ်နော်"
"ဘာဖြစ်လို့လဲ"
"...."
"အထဲဝင်ကြတာပေါ့"
"အင်း"
တက်လိုက်သည် ။
"ကျား..."
"ရွှတ်"
___________________
"မင်းကြီး!....မင်းကြီး!"
"ဟို အိမ်ရှေ့စံလေး..."
"ဘာပြောတယ်!!"
"စာထဲမှာပါ...မင်းကြီး..."
"ပြစမ်း...."
"အောင်မယ်လေးဗျာ...."
"မင်းကြီး...မင်းကြီး"
🦁🐰
"....."
"မြှားနတ်မောင်ကဘာလဲ"
လိုက်ပစ်ပေးတာ "
"အင်း..."
"လောင်ဝမ်"
"အင်း"
".…."
___________________
(5.5.2024)
#Su🐼