အပိုင်း (22)
မာန် သဘောကျတဲ့ ဆရာသိန်းဇော်ရဲ့ကဗျာလေးက
*ပန်းကလေးရေမင်းနဲ့အတူ.
လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ နိဗ္ဗာန်ထိအတူသွားချင်တယ်တဲ့ *
ဆရာသိန်းဇော်ကကတော့ ချစ်ရသူနဲ့သာဆို လမ်းထိပ်ကမုန့်ဟင်းခါးဆိုင်ကို အတူသွားချင်တယ် ပြီးတော့နိဗ္ဗာန်အထိပေါ့...လူတိုင်းကတော့ ကိုယ့်ချစ်မြတ်နိုးရသူနဲ့အတူ နံနက်ခင်းလေးမာ အတူနိုးထချင်တယ် ချစ်သူဖျော်ပေးတဲ့ကော်ဖီခါးခါးလေးတစ်ခွက်ကို သောက်ပြီး နေထွက်လာတာကို အတူကြည့်ချင်တယ် အလုပ်သွားရင် ပြင်ဆင်ပေးပြီး အားရှိအောင် အနမ်းတစ်ပွင့်ပါ စွန့်ကြဲမယ် နေ့ရက်တိုင်းကို အကောင်းဆုံးဖြတ်ကျော်ပြီး တစ်ယောက်နဲ့တစ်ယောက် အလုပ်ကိုယ်စီသွားပြီး ညပြန်ရောက်တဲ့အခါ ကြုံတွေ့ရသမျှ အပြန်လှန် ဝေမျှကြမယ် ပြသနာတချို့ကြုံလာတဲ့အခါ အတူတူရင်ဆိုင်ကျော်ဖြတ်ကြမယ် အနာဂတ်ရဲ့ ကြယ်ပွင့်လေးတေကို အတူပျိုးထောင်ပြီး လှပတဲ့ဘဝလေးကို တည်ဆောက်ကြမယ် ....စသဖြင့် ပုံမှန်ချစ်သူရည်းစားတေကတော့ ဒီလိုရည်ရွယ်ချက်လေးတေ ရှိကြတာဘဲလေ။
မာန်လည်း ထိုကောင်လေးနဲ့အတူ ဤသို့သောအရာတေကို ပုံဖော်ကြည့်ဖူးပါသည်။ ကျွန်တော်တို့ကတော့ ယောကျာ်းသား အချင်းချင်းမို့ ပုံမှန်ရည်းစားတေထက် အနည်းငယ်တော့ မတူတာတေရှိပေမဲ့လေ။ ကလေးမွေးလို့မရပေမဲ့ ချစ်စရာကောင်းတဲ့ pet လေးတေ မွေးမြူလို့တာဘဲ ။ နှစ်ယောက်လုံးက အိမ်မှုကိစ္စမနိုင်နင်းပေမဲ့
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် စကားပုံလို မွေးကတည်းက ဘယ်သူ့မှတက်မလာကြပါဘူး။ ထမင်းတူတူစားရင်း ကော်ဖီအတူတူသောက်ကြမယ်။တကယ့်ကို မာန်ပုံဖော်မိတာ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ဘဝကထင်သလောက်မလွယ်ကူသလို မာမီက ထိုသို့သော ကိစ္စတေမာ လုံးဝဘဝင်မကျပေ။ ဟိန်းရာမြတ်နဲ့ နေရဲတို့သတင်းကိုကြားရတော့ မာမီပြောတာက မျိုးဆက်မရှိဘဲဘယ်လိုလုပ်မာလဲတဲ့ လေ။ ခုလိုခေတ်မာ မာမီဟာထိုအရာကိုလက်မခံနိုင်တဲ့ သူတေထဲက တစ်ယောက်ဖြစ်နေခဲ့ပါသည်။ မာန်အနေနဲ့ ထိုအရာကို ဖြတ်ကျော်ဖို့ရာ အတော်လေးကို အချိန်ယူရအုံးပါမည်။
"သားမွန်း ရေ သားပန်းခင်းအတွက် မျိုးတေ မေမေ ထပ်ဝယ်ထားတယ် နွေအကုန်လောက်ဆို အကုန်ရပြီလေ"
"အဲအချိန်သားလည်း ပြန်လာနေပြီမလား"
"ဒါပေါ့ သေချာပေါက် သားပြန်လာမာ သားပန်းခင်းကြီးကို လွမ်းနေတာ ဟီး"
"အဆိုးလေး နောက်နေ့ မမ နှင်းဆီတေသွားယူရင်း video ရိုက်ခဲ့မယ် ဟုတ်ပြီလား"
"မမဒီကို အရမ်းချစ်"
"သားစာလုပ်ရအုံးမာမလား နားတော့လေ"
"ဟုတ်မေမေ တာ့တာ"
"ဟုတ်ပါပြီ စာလည်းကြိုးစား သားကိုကိုဆီဘဲ စိတ်ကရောက်မနေနဲ့အုံး"
"အာ...မေမေကလည်း ဒါဘဲနော် သားဖုန်းချပြီ။"
ဧရာရောင်ချမ်းတစ်ယောက် မိခင်က ထိုသို့တည့်ထိုးချည်းပြောတော့ ရှက်မိတာပေါ့လေ။ အနားမာ ဖေဖေ မရှိလို့လည်း မေမေက ပြောတာဖြစ်နိုင်ပါသည်။ မဟုတ်လျှင် သူ့သားငယ် မန္တလေးမာ ကျောင်းတက်ချင်ရတဲ့အကြောင်းရင်းကိုများ သိလျှင် ပခုက္ကူသို့ ချက်ချင်းပြန်ခေါ်နေလောက်ပြီလေ။
အမြွာနှစ်ကောင်ကတော့ ကျောင်းက ပြန်လာလာချင်း အိပ်နေလေပြီ။ ရောင်ချမ်းလည်း ဖုန်းခဏသုံးပြီး အိပ်ပျော်သွားသည်။ ညနေကျရင် မွေးနေ့ပွဲကို သွားရအုံးမည်လေ။
တစ်ဖတ်မာတော့
"မမသော် ဒီပွဲက အလှဆုံးဖြစ်နေတော့မာဘဲ "
"ဏီကတော့ ကိုယ့်အစ်မကိုယ် မြှောက်နေပြန်ပြီ"
"သမီးကတကယ်ပြောတာပါနော် ကိုမာန်လည်း လာမယ်မဟုတ်လား"
"ကဲ တော်ပြီ ဏီ ပွဲထဲမာအရင်သွားပြီး ဧည့်ခံပေးအုံး
ဟုတ်ပြီ ဟုတ်ပြီ အာဆို သမီးသွားပြီ နော် ဒေါက်တာမာန်ရဲ့ အမျိုးသမီးလေးရှင့် "
ဒီကောင်မလေးကတော့လေ ....ဟုသာ ရေရွတ်နေပြီး မျက်နှာထက်မာတော့ ပြုံးနေပါသည်။ မွေးနေ့ထက် လူကြီးချင်း စကားပြောစရာတေလည်း ရှိသေးတယ်မလား၊။ ဏီက အခြားသူငယ်ချင်းတေလည်း ဖိတ်ထားတယ်ဆိုလို့ သူငယ်ချင်းအသစ်တေ ဒီကောင်မလေး ဘယ်တုန်းကများ ထားလိုက်တာလဲ ။ သူ့ရှေ့မာသာ ကလေးဆန်တာ သူစိမ်းတေရှေ့မာမို့ ခက်တန်းတန်းနေတာ အသိဆုံးဖြစ်သည်။ ထားပါတော့လေ ပြီးရင်တွေ့ရတော့မယ်ဟာ ထိုသို့ တစ်ယောက်တည်းရေရွတ်နေရင်း
ဆံပင်ကို ညင်သာစွာဖီးနေတော့သည်။
"ဟေ့ရောင်တွေ မပြီးသေးဘူးလား ကိုကိုက လာတော့မယ် တော်ကြာ စောင့်ခိုင်းနေရအုံးမယ်ကွ"
"ပြီးပါပြီကွာ မင်းကလည်း...ခဏလေး "
ညဏ်သော်က ဆံပင်ကို သ,ရင်း လှမ်းပြောလိုက်သည်။
"တီ ...တီ ဟော အိမ်ရှေ့မာ ကားသံကြားတယ်
ကိုကိုလာပြီနဲ့တူတယ် ငါ သွားနှင့်ပြီနော် အောက်ကစောင့်နေမယ် "
"ok! "
ဧရာရောင်ချမ်းတစ်ယောက် အိမ်အောက်သို့ ပြေးဆင်းသွားပြီး လှေခါးတေတောင် မျက်စိထဲ မြင်ရဲ့လားမသိ မာန်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
"ဖြေးဖြေးလာပါ ဒီကလူကထွက်မပြေးပါဘူး မွန်းလေးရဲ့"
"ဟီး...ကိုကိုကလည်း"
မွန်းလေးရဲ့ကိုကိုက မိုးပြာရောင်တီရှပ်လက်ရှည်ကို ကော်လံမာ အဖြူရောင်ကြိုးလက်လက်ကလေးနဲ့ကွတ်ထားသည်အပေါ်ကတော့စတိုင်ပန့်ရှော့ပင် အရှည် ဆံပင်ကို နောက်သို့ပစ်၍ ဂျယ်ဖြင့် ပုံသွင်းထားကာ ကြည်လင်သောအသားရေမျက်နှာနဲ့ဖြောင့်စင်းသောနှာတံ ပေါ်တွင် မျက်မှန်တပ်ထား၍ ဘယ်ရှုထောင့်ကဘဲကြည့်ကြည့် ကိုကိုသာ အကြည်ဓါတ်ကလေး ဖြစ်လို့နေသည်။
ဘယ်လောက်ကြာအောင် ကိုကို့ငေးမိနေလဲမသိ ဟိုကောင်တေအနားရောက်လာတာတောင်မသိလိုက်
အဟက်...ကျွန်တော် အငေးလွန်သွားတယ်ထင်ပါနဲ့ ကိုကို့ရဲ့ မျက်နှာက စတော်ဘယ်ရီလို နီရဲနေကာမှ သတိရသည်။ ကျွန်တော့်ကို လက်နက်မလိုဘဲ သေစေနိုင်တာ ကိုကို့အပြုံး ကိုကို့အကြည့် တချက်ကလေးသာ လိုပါသည်လေ။
"ကဲ...ပြီးရင် သွားကြတာပေါ့"
"ဟုတ် "
မဟူရာမင်းသော်ရဲ့ မွေးနေ့ပွဲကို မာန်ရဲ့ ကားဖြင့်အတူသွားကြခြင်း။ အကြောင်းကတော့ လမ်းမသိလို့ပါတဲ့လေ။ဒီလိုနဲ့ကားလေးက တရွေ့ရွေ့နဲ့ သွားနေပါတော့သည်။ကားပေါ်မာတော့ ရောင်ချမ်းက သူ့ကိုကိုတဲ့အတူ ရှေ့ခန်းမာထိုင်၍ နောက်ခန်းမာတော့ အမြွှာညီအစ်ကို နှစ်ယောက်က ထိုင်သည်။
မာန်လည်းအစက ကောင်းနဲ့သွားမလို့ ချိန်းထားခြင်းဖြစ်သည်။ သို့ပေမဲ့ ကလေးငယ်တို့ကိုပါ ဖိတ်ထားသည်ဟုသိရတုန်းက မာန်လည်းအံ့သြသွားရသေးသည်။ ဘယ်တုန်းကများ ရင်းနှီးသွားလည်းပေါ့။ နောက်မှ ဟိုကလေးမ ကတဆင့်ဖိတ်ထားမှန်း သိရသည်။ အတော်လေးကို ဆိုရှယ်ကောင်းတဲ့ ကျွန်တော်ကလေးရယ်ပါ တွေ့တာမကြာသေးတဲ့သူဆီကတောင် အဖိတ်ခံရတာမလား။ ထိုပွဲမာဘာတေဖြစ်လာအုံးမလဲ မာန်လည်း မတွေးတက်ပါ။ မာမီတို့ပါ အတူရှိနေမာဆိုတော့ မာမီ ကလေးငယ်ကိုမြင်ရင် မှတ်မိပါ့မလား ငယ်ငယ်တုန်းကတော့ မာမီကထိုကလေးကိုမြင်ပြီး သဘောတကျ ရှိခဲ့တာ မာန်မှတ်မိပါသေးသည်။ဟိုရောက်ရင်တော့ မာမီနဲ့ကလေးငယ်ကို မိတ်ဆက်ပေးရပါအုံးမည်။ ကလေးငယ်ကလည်း မမှတ်မိ၍လားတော့မသိ ခုထိတော့ မမေးလာသေးပါ။
ဒီလိုနဲ့ မွေးနေ့ပွဲကို ရောက်လို့လာသည်။
"ဟေ့ မာန် ...ရောက်လာပြီလား မင်းကလည်းနောက်ကျလိုက်တာကွာ"
"ငါ့ ကလေးကို ဝင်ခေါ်နေလို့ပါ နေရဲနဲ့ဟိန်းမြတ်ရော မတွေ့ပါလား"
"ဟိုမာလေ ချစ်ကြည်နူး တစ်တစ်တူးနေတာ "
မာန်က ကောင်း ညွှန်ပြရာကိုကြည့်လိုက်တော့နေရဲနဲ့ ဟိန်းမြတ်က ဝိုင်ကိုအတူသောက်နေကြရင်း အချင်းချင်းကျီစယ်နေပုံပါဘဲ
"ငါ့ညီတို့လာလေ အကိုတို့နဲ့အတူ နည်းနည်းပါးပါးသောက်ကြတာပေါ့ "
"ကလေးက ငယ်သေးတယ် အရမ်းသောက်လို့မရဘူး "
"ဟားး ဟားး မာန်ရာ အဲလောက်အကဲပိုမနေပါနဲ့
မင်းကလေးက 18နှစ်ပြည့်လို့တောင်လွန်နေပြီမလား "
"ဟုတ်တယ်မလားငါ့ညီတို့"
"ဟီးး..ဟို ကိုကို ကျွန်တော်နည်းနည်းဘဲသောက်မယ်လေနော်..ပြီးတော့မူးသွားလည်း ကိုကိုလိုက်ပို့ပေးမာမလား"
မာန်ကတော့ မနိုင်ဘူးဟုသော အကြည့်မျိုးဖြင့် ကြည့်ပေးလိုက်ပြီး ဒီကလေးက သူလိုတာရှိရင် လူကို ဘယ်လိုချွဲရမလဲ ကောင်းကောင်းသိနေတယ်လေ။
"ဟင်းးးး.အဲတာဆိုလည်း နည်းနည်းဘဲသောက် ပြီးတော့ ကိုကိုဘေးနားမာဘဲနေ "
မာန်ကခွင့်ပြုပေးလိုက်တော့မှ သူငယ်ချင်းသုံးယောက်သားက မျက်လုံးတေက အရောင်လက်လာပြီးခေါင်းကိုတငြိမ့်ငြိမ့် လုပ်ပြလာသည်။ အမြွှာညီအစ်ကိုကြည့်တော့လည်း ရောင်ချမ်းမှမသောက်ရင် သူတို့လည်းမသောက်ရဘူး ခွင့်ပြုပေးပါလို့ တောင်းဆိုနေသလို
မာန်လည်းစိတ်ကိုတထစ်လျော့ပြီး ခွင့်ပြုလိုက်ရပါသည်။
ဟိုတခါဆုံပြီးကတည်းက ရောင်ချမ်းတို့သူငယ်ချင်းတစ်စုနဲ့ ကောင်းဇာနည် ဆက်ဆံရေးက ပို၍ကောင်းလာသည်။ မကြာခဏဆိုသလို ဆုံဖြစ်ကြပြီး ထွေရာလေးပါး ပြောဆိုကြတော့ ခုတွေ့တဲ့အခါ အနေမခက်တော့ပေ။
"အယ်...ရောင်ချမ်းတို့ရောက်လာပြီလား ဏီကမျှော်နေတာ ဟိုဘက်မာ အလုပ်ရှုပ်နေတော့ သတိမထားမိလိုက်တာ အားနာလိုက်တာ"
"မဟုတ်တာ ရပါတယ် ငါတို့လည်း ခုမှရောက်တာလေ"
"ဟုတ်ပါတယ် အားနာစရာမလိုပါဘူး"
အမြွှာညီအစ်ကိုနှစ်ယောက်ကပါ ထပ်ပြောလာသည်။
ရွယ်တူသူငယ်ချင်းတေမို့ နင်ငါသာ ပြောဆို၍ လွတ်လပ်သည်ဟု အနည်းငယ်ခံစားရပါသည်။
"အဲဒါဆို လာလေ မမသော်နဲ့ မိတ်ဆက်ပေးမယ် ခဏနေလာတော့မာ...အရင်ဆုံး မုန့်သွားစားကြပေါ့ "
နွယ်သာဏီက ရောင်ချမ်းတစ်ယောက်ဆီသာ စကားတေပစ်ပြောသွား၍ မာန်ကိုပင် မနှုတ်ဆက်ချေ။ ထိုကောင်မလေး ထိုသို့ ဘာလို့လုပ်နေမှန်း ခန့်မှန်းမိပေမဲ့ ဘာမျှဝင်မပြောချေ။ ကောင်းကတော့ မျက်လုံးပြူးပြီး အံ့သြနေသည်။
"အော်....အကိုမာန် လည်း တခါတည်းလိုက်ခဲ့ပါ့လား"
မာန်ကခေါင်းကိုအသာရမ်းပြလိုက်ပြီး မလိုက်တော့ဘူးဆိုတာကို သိစေသည်။
"လာလေ ...ရောင်ချမ်း "
ဟမ် ... ယောင်လည်လည်နဲ့သူငယ်ချင်းတစ်စုကတော့ နွယ်သာဏီခေါ်ရာသို့ ပါသွားတော့သည်။
"ဟေ့ မာန် ....ဒီအတိုင်းဘဲကြည့်နေတော့မာလား"
"ငါကဒီအတိုင်းကြည့်မနေလို့ ဘယ်လိုလုပ်ရမာလဲ ဒါ သူတို့ပွဲလေ"
"ဟေ့ ဟေ့...ငါသိတဲ့ မာန်ရာတိချီက ဒီလိုပုံစံမဟုတ်ပါဟ
ဆေးမှားသောက်လာတာလား မှန်းစမ်း!"
ကောင်းက မာန်ရဲ့နဖူးကိုလက်နဲ့စမ်းလိုက်တော့ မာန်ကပုတ်ချလာပြီး ထိုအခါမှ ရယ်လာလေသည်။
"ဟင်းးးး....မင်းသိလားကောင်း ဒီပွဲမာ ငါ့မာမီရော ရှိနေတယ် ဆိုတာလေ"
"အာ ...ဟုတ်သားဘဲ "
ထိုအခါမှ ကောင်းက သဘောပေါက်သွားပြီး အဆင်ပြေသွားမာပါ ဟု မာန်ရဲ့ ပခုံးကို ဖက်ကာ အားပေးလာသည်။
"မမမွေးနေ့ဆိုတော့ အားမနာဘဲ ကြိုက်သလောက်စား ပျော်လို့ရပါတယ်နော်"
နေအုံး မိတ်ဆက်ပေးမလို့ပါဆို မမဏီကလည်း အကိုမာန်ဆီ ရောက်သွားတာလား
နွယ်က သူ့ဘာသူ ရေရွတ်နေပေမဲ့
ရောင်ချမ်းကတော့ မာန် ဆိုတဲ့အသံကို နွယ်သာဏီနှုတ်မှ ထွက်တာ ဆက်ဆက် ကြားလိုက်ရပါသည်။ မဟုတ်မှ မာန်ဆိုတာ ကိုကို ရည်ညွှန်းသည်လား ။ဒါမှမဟုတ် နာမည်တူနေတာများလား။ အို...ငါဘာတေတွေးမိနေပါလိမ့် မာန်ဆိုတဲ့ စကားလုံးက လူတိုင်းပေးကြတာပါဘဲ ကိုကို မဟုတ်လောက်ပါဘူး ဟု တစ်ယောက်တည်း တွေးနေစဥ်.....
"ရောင်ချမ်းအတွက်...သောက်တက်တယ်မလား"
"အာ... သောက်တက်ပါတယ်...ကျေးဇူးပါဗျ"
"ရပါတယ်"
ဟိုအမြွှာညီအစ်ကိုတေကလည်း ရောင်ချမ်းနဲ့အတူ မုန့်စားလိုက် သောက်လိုက်နှင့် စိတ်ကလေးကတော့အနည်းငယ် ပျော်ရွှင်နေသည်။
"ရောင်ချမ်းသိလား ...မမသော်နဲ့ အကိုမာန်တို့က လူကြီးချင်း စကားလှမ်းထားကြတာလေ နှစ်ယောက်လုံးကလည်း ဥစ္စာပေါ ရုပ်ချော ဆရာဝန်တေဘဲဆိုတော့ အရမ်းလိုက်ဖက်နေရောဘဲ "
"ဒါနဲ့ နွယ်သာဏီကို တစ်ခုလောက်မေးလို့ရမလား"
"အို...တစ်ခုမကပါဘူး မေးလို့ရပါတယ် နော် မေးပါ
နွယ်သာဏီပြောတဲ့ အကိုမာန် ဆိုတာက "
"အော်....ဒါက ဒေါက်တာ မာန်ရာတိချီ ကို ပြောတာလေ ညဏ်သော်ရဲ့"
"ဗျာ.... "
မေးလိုက်သူက ညဏ်သော် ဖြစ်ပေမဲ့ အံ့သြသင့်သွားခဲ့ရတာကတော့ ဧရာရောင်ချမ်းပင်.....
ထိုသို့ ကြားပြီး လက်ထဲမှ ဝိုင်ကို တစ်ကြိုက်တည်း မော့သောက်ပစ်လိုက်သည်။ပူပြင်းပြင်းအရသာကို ခံစားမျပေမဲ့ နှလုံးသားထဲက နာကျင်တဲ့ဒဏ်ကိုတော့ မမှီနိုင်ပါ။ ကိုကိုသည် ဤအကြောင်းရာတေကို ဘာလို့ တစ်စိုးစဥ်မျှ ထုတ်မပြောခဲ့တာပါလဲ။ ကျွန်တော့်ခံစားသွားရမာကို ကိုကိုကြိုသိ၍ ဖွင့်မပြောခဲ့တာ မှန်ပါလိမ့်မည်။ဟက်....ခုလိုသိရတော့လည်း ထိုမိန်းကလေးရဲ့ မွေးနေ့မာတဲ့လား။ ကိုကိုသည် ကျွန်တော့်ကို လိမ်ညာဖို့ ဘယ်ထိများ ဆွဲဆန့်ထားနေသလဲ သိချင်မိပါရဲ့။ ဆက်ပြီးတော့ ကျွန်တော်ကဘဲ မသိချင်ယောင် ဆောင်ပေးပါ့မယ်။ ကိုကိုက ပိရိပါစေပေါ့....
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ညီဇော်နဲ့ ညဏ်သော်က ရောင်ချမ်း ခံစားရတော့မည်ကို သိနေပေမဲ့ ဘာမှလုပ်မပေးနိုင်ချေ။ အကယ်၍ အကိုမာန်ရာတိချီဘက်မှ ပြက်သားလာခဲ့လျှင် ကိုယ့်သူငယ်ချင်းကို ရအောင်ခေါ်ထုတ်သွားမည်။ မန္တလေးမာနေပြီး လွမ်းဆွတ်နေမည်ကို ခွင့်မပြုနိုင်ပါချေ။
"ရောင်ချမ်း...."
"ဟမ်...ဗျာ ..."
"ဏီခေါ်နေတာ ကြာပြီ မကြားဘူးလားလို့လေ
မမသော်နဲ့မိတ်ဆက်ပေးမလို့ "
"အော်...ဟုတ်ကဲ့"
"ဟိုမာ မမသော်လာနေပြီ "
"ဏီ ....ကိတ်ခွဲတော့မယ် လာတော့လေ"
"ဟုတ် ...မမသော် သူက ဏီပြောတဲ့ သူငယ်ချင်းအသစ်ဆိုတာလေ ဧရာရောင်ချမ်း တဲ့ ဟိုဘက်ကအမြွှာညီအစ်ကို ညီညီဇော်နဲ့ ညဏ်သော်သော် တဲ့"
"ဒီက ဏီရဲ့ မမ မဟူရာမင်းသော် တဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် ညီမလေးက ခုလိုသူငယ်ချင်းတေမခေါ်ဘူးတော့ မမသော်က အံ့သြနေတာ လူချောလေးတေဘဲ"
"အာ...ကျေးဇူးပါဗျ မသော်"
"နောက်လမ်းမာတွေ့ရင်လည်း ခေါ်ပေါ့ ..."
"ဟုတ်ကဲ့"
ထိုအစ်မ က ရောင်ချမ်းကို မသိပေမဲ့ ကိုကိုရဲ့ သက်ဆိုင်သူတစ်ယောက်အနေနဲ့ သိထားတဲ့ကျွန်တော်အဖို့တော့
နှလုံးသားက အောင့်သက်သက်ပါဘဲ။ မ မဟူရာမင်းသော်က အတော်လေးကို လှသည့်အထဲမာပါပါသည်။ မိုးပြာရောင် long dress ကို ဝတ်ဆင်ထားပြီး လှပကျော့ရှင်းနေသော သူမကို ကိုကိုရဲ့ အနာဂတ် သတို့သမီးအဖြစ် မြင်ကြည်တဲ့အခါ ထပ်မံ၍ ရင်နာရပြန်ပါသည်။ တဖတ်သက်အချစ်က အဲလောက်ပင်ပန်းမှန်းသိခဲ့လျှင် မချစ်မိလောက်ဘူးလို့ တွေးမိပေမဲ့ ပထမဆုံး ရင်ခုန်မိတာက ကိုကိုဖြစ်နေခဲ့လို့သာပေါ့။
"123 Happy Birthday "
ဖြောင်း ဖြောင်း ....
"ခုလို သော်ရဲ့ မွေးနေ့ပွဲကို ကျင်းပပေးတဲ့ ဒယ်ဒီကို သော်က အရမ်းချစ်တယ်နော်"
မွေးနေ့ကိတ်ခွဲပြီးတော့....ခဏအကြာ ဟိုတစ်စု ဒီတစ်စု အစားသောက်များ စားနေကြရင်း
"သားတိချီ...သမီးကိုpresent မပေးတော့ဘူးလား"
"သားတို့သူငယ်ချင်းတေ ပေးပြီးသွားပြီ မာမီ"
"ဟုတ်ပါပြီ"
"ဒါနဲ့ ကျွန်မတို့လည်း ဘယ်တော့မှ ခမည်းခမက် တော်ရမလဲ "
"ဟားး...ဟားးး ကျုပ်ကတော့ ကလေးတေဆန္ဒအတိုင်းသာ ဖြစ်စေလိုပါတယ် ဗျာ ....ကျုပ်မာလည်း ဒီသမီးလေး တစ်ယောက်ဘဲရှိတော့တာလေ"
"သော်ရဲ့အဖေ ဦး လရောင်က ထိုသိုပြောလိုက်တော့
သမီးက ဒယ်ဒီဘေးနားမာ အချိန်အကြာကြီး နေသွားမာ သမီးကို အများကြီးဒယ်ဒီကချစ်ပေးရအုံးမာ "
သော်က သူ့ဒယ်ဒီကို ဖတ်ပြီး ပြောလိုက်တာ မျက်ရည်က ဝဲတက်လာသည်။
"ဒါပေါ့ ဒယ်ဒီက သမီးလိုအင်မှန်သမျှ ဖြည့်ဆည်းပေးပြီး အချိန်အကြာကြီး ရှိနေပေးမာ ဒယ်ဒီသမီးလေးက ကျန်းမာအောင် နေပေးရမယ် ဟုတ်ပြီလား"
မာန်က သူ့မာမီနား ထိုင်နေပြီး နေရဲ ဟိန်းမြတ် ကောင်းနဲ့ ရောင်ချမ်းတို့ သူငယ်ချင်းက တစ်ဝိုင်းထိုင်နေကြသည်။
ထိုအချိန် ကောင်းက သော်နဲ့ သူ့ဒယ်ဒီဖက်နေတဲ့မြင်ကွင်းကိုကြည့်ပြီး......
"မဟူရာမင်းသော်မာ သူ့မာမီဆီက နေ မွေးရာပါ ကျောက်ကပ်မကောင်းတဲ့ရောဂါ ရှိတယ်လေ။ မကြာခဏအမောဖောက်ပေမဲ့ သန်မာသော မိန်းကလေး ပီပီ သော်ကအမြဲ ဘာမှမဖြစ်သလို နေနိုင်ခဲ့တာမာအကိုတို့သူငယ်ချင်းတေကလည်း ဒါကိုသိလို့ တစ်ခုခုဆို အငြိုငြင်မခံဘဲ အလိုလိုက်ပေးခဲ့တာလေ ဒီကောင်မလေးက နည်းနည်းဆိုးတယ် သူ့က မာန်အပေါ်ကိုအတော်လေးခင်တွယ်တယ်လေ။ ဟိုကလည်း ငါ့ညီတို့သိတဲ့အတိုင်း နှင်းတောင်ပေါ်က ရေခဲလူသားအလား အမြဲအေးစက်စက်လေ။ ခုလည်း နှစ်ဖက်မိဘတေက နေရာချပေးချင်နေကြတာ။ မာန်ရဲ့ စိတ်ကို အကိုတို့သိတယ်
သူက သော့်ကို ညီမလေးတစ်ယောက်လိုဘဲ ချစ်တာလေ။"
ကောင်းက ထိုသို့ ရှင်းပြလိုက်တော့ ရောင်ချမ်းတစ်ယောက် သနားစိတ်ပင် ဝင်လာရသည်။နောက်တစ်ခုက ကိုကိုအပေါ်ထင်နေတဲ့သံသယစိတ်လေးကလည်း ပျောက်ကွယ်သွားပါပြီ
ဒီက ငါ့ညီရောင်ချမ်းနဲ့ တွေ့ရင်တော့ အကိုတို့ရဲ့ တည်တည်ငြိမ်ငြိမ် မာန်ရာတိချီကို လိုက်ရှာရတဲ့အထိဘဲ ပုံပြောင်းသွားတာလေ။ ဟားး ဟားးး
ကောင်းရဲ့အပြောကို နေရဲနဲ့ ဟိန်းမြတ်တို့အတွဲကပါ လက်မထောင်ပြီး ထောက်ခံနေတော့ ရောင်ချမ်းတစ်ယောက် အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားရသည်။ အမြွှာနှစ်ယောက်ကတော့ ပြုံးစိစိပေါ့ အနည်းဆုံးတော့ အကိုမာန်ရာတိချီက သူ့တို့သူငယ်ချင်းအပေါ်မာလည်း မရိုးသားဘူးဆိုတာ သိခဲ့ရလို့လေ။
"မွန်းလေး..."
နောက်မှ အသံကြားလို့ လှည့်ကြည့်လိုက်တော့
"ကိုကို...."
"အင်း ..လာခဲ့ မာမီနဲ့မိတ်ဆက်ပေးမလို့"
"ဟမ်...ကျွန်တော့်ကိုလား"
"ဟုတ်တယ်"
"ကျွန်တော်ကြောက်တယ် ကိုကို"
"စိတ်ချ ကိုယ့်မာမီက ကိုက်မစားဘူး"
"ဟာ...ကိုကိုကလည်း"
မာန်တစ်ယောက် ကောင်းတို့နဲ့ စကားပြောပြီးရယ်နေတဲ့ ကလေးငယ်ကို ကြည့်ပြီး ဘာကိုစိတ်တိုမှန်းမသိ
သွားတက်လှလှလေးနေကို သူများတေမြင်အောင် ရယ်ပြနေတဲ့ ကလေးငယ်ကိုလား ကြံရည်ရောင်ရှည် နှင့်အောက်ကစတိုင်ပန်နက်ပြာရောင် အနည်းငယ်သာလိမ်းချယ်ထားပြီး ကြည်လင်နေတဲ့မျက်နှာလေး ပုံမှန်ဆို ဆံပင်ကို ရှေ့ မသေမသပ်ချထားတဲ့ပုံစံလေးက ဒီနေ့ကျမှ ဂျယ်အကူညီနဲ့ အပေါ်သို့လှန်တင်ထားသည်။ဘယ်ရှုထောင့်ကဘဲကြည့်ကြည့် ချစ်ဖို့ကောင်းလွန်းတဲ့ထိုကလေးငယ်ကို စိတ်မချမိတာတော့ မာန်အပြစ်မဟုတ်ချေ။
"လာ ...မကြောက်နဲ့...မိတ်ဆက်ပေးတာဘဲလေ"
ဟုတ်ကိုကို"
"မာမီ "
"ဟင်... ပြောလေသား "
"မာမီကို ကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့
မာမီ မှတ်မိပါ့မလား မသိပေမဲ့"
"သားက စကားပလ္လင်တေ ခံနေတော့ မာမီက ပိုပြီး တွေ့ချင်သွားပြီ ဘယ်သူများလဲ"
"သားငယ်ငယ်က တီလေးတို့ဆီ အလည်သွားတုန်း အတူဆော့ခဲ့တဲ့ ကလေးငယ်လေ နာမည်က ဧရာရောင်ချမ်း တဲ့ မာမီ"
"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"
"အော်...မာမီမှတ်မိပြီ ဟိုညီအစ်မနှစ်ယောက်ရဲ့ မောင်ငယ်လေး မလား"
"ဟုတ်ကဲ့ဗျ..."
"ကြည့်စမ်း ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းတာ ခုထိပါဘဲလား"
"သားတိချီက သားကိုအရမ်းခင်တွယ်ခဲ့တာလေ ပခုက္ကူကပြန်လာတုန်းကများ ငိုနေတာလေ"
"ဟာဗျာ...မာမီကလည်း"
ကိုကိုကငိုတယ်တဲ့လား .....အဲတုန်းက ငယ်သေးပေမဲ့မှတ်မိပါသေးတယ် ကိုကိုက သူ့အပေါ်ဆို အမြဲအလိုလိုက်ခဲ့တာ ကျွန်တော်ကလည်း သူစိမ်းတသ်ယောက်ဖြစ်တဲ့ကိုကို့မှ ပိုပြီး အလေးပေးခင်ခဲ့တယ် ကိုကိုပြန်တုန်းကလည်း ငိုခဲ့ရတယ် ခုတော့ ကိုကိုလည်းထပ်တူဖြစ်ခဲ့တာပေါ့။
ကိုကို့မာမီနဲ့ စကားပြောလိုက်ရတော့ ခုနက ဝမ်းနည်းနေတဲ့ စိတ်ကလေး အနည်းငယ် ပြေပျောက်သွားရသည်။ ဒါပေမဲ့ ဘာကိုအားငယ်မှန်းမသိ စိတ်ထဲမာ ဝမ်းနည်းမိသည်။
မာန်ကတော့ သူ့ရဲ့ကလေးငယ်ကို အရိပ်တချေချေ ကြည့်နေသူဖြစ်၍ ဘာဖြစ်နေမှန်း တန်းသိသည်၊၊ထို့ကြောင့်
"မာမီ ...သား ကလေးငယ်ကို ပြန်လိုက်ပို့လိုက်အုံးမယ်"
"အေးအေး...ကလေးကို ဂရုစိုက်လိုက်အုံး"
"ဟုတ်ကဲ့"
"လာ...သွားမယ် "
မာန်က ရောင်ချမ်းရဲ့လက်ကိုဆွဲပြီး ကားရှိရာဆီသို့ ထွက်သည်။
"ကိုကို...ကိုကို ခဏ နေပါအုံး"
ဘာလဲဆိုသော အကြည့်ဖြင့် မာန်ကြည့်ပေးလိုက်တော့
"ဟို...သူငယ်ချင်းတေကျန်သေးတယ်"
"မပူနဲ့ သူတို့ကို ကောင်းကလိုက်ပို့ပေးလိမ့်မယ်"
"အာ...ဟုတ်"
"ကဲ...အဲဒါဆို သွားလို့ရပြီလား"
"ဟုတ်...ဟုတ် ကဲ့ "
ကိုယ့်က ဒီကလေးငယ် အထင်လွဲနေတာတေကိုရှင်းပြချင်လို့ တစ်နေရာ ခေါ်သွားမလို့ပါဆိုသူ့ သူငယ်ချင်းတေကို စိတ်ပူနေပြန်ပြီလေ ။ ကောင်းက ပြောပြထားတာ သိပေမဲ့ ထစ်ကနဲ့ရှိ အကြီးကြီးတွေးပစ်ပြီး ဝမ်းနည်းနေမာ သိလို့ မာန်က ခေါ်လာခြင်းဖြစ်သည်။ ကျန်ခဲ့တဲ့ မာမီကတော့ တစ်စုံတစ်ရာအတွက် ခုဆိုစိတ်ပူနေလောက်ပြီ။ ဘာလို့ဆို မာမီမျက်နှာကိုတစ်ချက်ကြည့်ရုံနဲ့ မာန်သိပါသည်။ နှုတ်ကချိုနေပေမဲ့ အကြည့်ချင်း မာန်ကို ပြောလိုက်သည်က စောစောအိမ်ပြန်ရအုံးမည်။ ဒီနေ့တော့ ခံစားချက်တေကို မြို့သိပ်မထားတော့ဘဲ မာန်ဖွင့်ပြောတော့မည်။ ဒီကလေးကို ဘယ်လောက်ချစ်တဲ့ဆိုတဲ့အကြောင်း သိအောင် ပြောပြပါတော့မည်။
#မနေ့ကအပိုင်းကမှားပြီး upမိသွားတာပါ ဆိုဂျူးသောက်ပြီး မူးသွားလို့ ဒီမနက်မှကြည့်မိတာ စာလည်းမစစ်ရသေး အပြီးထိလည်းမပါ upမိသွားမှန်းတောင် မသိတာပါ ဖုန်းကိုချပြီးအိပ်ပျော်သွားတာ 🙇♀️ ....တစ်ပတ်ကိုတစ်ပိုင်း သောကြာ & စနေမာ upပေးမာမို့
အဲနေ့တေမာမတင်ရင် update မရှိတာပါရှင့် ဖတ်ပေးတဲ့သူ အားလုံး လပ်ဖ်ယူ💙
#ချယ်