​ကိုကိုချစ်​သောကျွန်​တော့်​မွ...

Oleh Thuuuu11011

1.7K 29 0

ချယ်ကစိတ်ကူးပုံ​ဖော်ထားတဲ့ဇာတ်လမ်း​လေးတစ်ပုဒ်ကိုချပြချင်ပါတယ် ♡ဧရာ​ရောင်ချမ်းဆိုတဲ့လူငယ်​လေးကမိသားစုနှင့်အတူန... Lebih Banyak

Attention please
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကို ချစ်​သော ကျွန်​တော့ ​မွေးရပ်​မြေ
ကိုကို ချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့် ​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​​မြေ
ကိုကိုချစ်​သော ကျွန်​တော့် ​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သောကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ
Attention please
ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ

ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ

43 0 0
Oleh Thuuuu11011

အပိုင်း (22)
မာန် သ​ဘောကျတဲ့ ဆရာသိန်း​ဇော်ရဲ့ကဗျာ​လေးက

*ပန်းက​လေး​ရေမင်းနဲ့အတူ.
လမ်းထိပ်မုန့်ဟင်းခါးဆိုင်​လေးက​နေ နိဗ္ဗာန်ထိအတူသွားချင်တယ်တဲ့ *

ဆရာသိန်း​ဇော်ကက​တော့ ချစ်ရသူနဲ့သာဆို လမ်းထိပ်ကမုန့်ဟင်းခါးဆိုင်ကို အတူသွားချင်တယ် ပြီး​တော့နိဗ္ဗာန်အထိ​ပေါ့...လူတိုင်းက​တော့ ကိုယ့်ချစ်မြတ်နိုးရသူနဲ့အတူ  နံနက်ခင်း​လေးမာ အတူနိုးထချင်တယ် ချစ်သူ​ဖျော်​ပေးတဲ့​ကော်ဖီခါးခါး​လေးတစ်ခွက်ကို ​သောက်ပြီး ​နေထွက်လာတာကို အတူကြည့်ချင်တယ် အလုပ်သွားရင် ပြင်ဆင်​ပေးပြီး အားရှိ​အောင် အနမ်းတစ်ပွင့်ပါ စွန့်ကြဲမယ် ​​နေ့ရက်တိုင်းကို အ​ကောင်းဆုံးဖြတ်​ကျော်ပြီး တစ်​ယောက်နဲ့တစ်​ယောက် အလုပ်ကိုယ်စီသွားပြီး ညပြန်​ရောက်တဲ့အခါ ကြုံ​တွေ့ရသမျှ အပြန်လှန် ​ဝေမျှကြမယ် ပြသနာတချို့ကြုံလာတဲ့အခါ အတူတူရင်ဆိုင်​ကျော်ဖြတ်ကြမယ်  အနာဂတ်ရဲ့ ကြယ်ပွင့်​လေး​တေကို အတူပျိုး​​ထောင်ပြီး လှပတဲ့ဘဝ​လေးကို တည်​ဆောက်ကြမယ် ....စသဖြင့် ပုံမှန်ချစ်သူရည်းစား​တေက​တော့ ဒီလိုရည်ရွယ်ချက်​လေး​တေ ရှိကြတာဘဲ​လေ။

မာန်လည်း ထို​ကောင်​လေးနဲ့အတူ ဤသို့​သောအရာ​တေကို ​ပုံ​ဖော်ကြည့်ဖူးပါသည်။ ကျွန်​တော်တို့က​တော့ ​​ယောကျာ်းသား အချင်းချင်းမို့ ပုံမှန်ရည်းစား​တေထက် အနည်းငယ်​တော့ မတူတာ​တေရှိ​ပေမဲ့​လေ။ က​လေး​​မွေးလို့မရ​ပေမဲ့ ချစ်စရာ​ကောင်းတဲ့ pet ​လေး​တေ ​မွေးမြူလို့တာဘဲ ။ နှစ်​ယောက်လုံးက အိမ်မှုကိစ္စမနိုင်နင်း​ပေမဲ့
ပြိုင်တူတွန်းလျှင် ​ရွေ့နိုင်ပါသည် စကားပုံလို ​မွေးကတည်းက ဘယ်သူ့မှတက်မလာကြပါဘူး။ ထမင်းတူတူစားရင်း ​ကော်ဖီအတူတူ​သောက်ကြမယ်။တကယ့်ကို မာန်ပုံ​ဖော်မိတာ  ရိုးရိုးရှင်းရှင်း​လေးပါဘဲ။ ဘဝကထင်သ​လောက်မလွယ်ကူသလို မာမီက ထိုသို့​သော ကိစ္စ​တေမာ လုံးဝဘဝင်မကျ​ပေ။ ဟိန်းရာမြတ်နဲ့ ​နေရဲတို့သတင်းကိုကြားရ​တော့ မာမီ​ပြောတာက မျိုးဆက်မရှိဘဲဘယ်လိုလုပ်မာလဲတဲ့ ​လေ။ ခုလို​ခေတ်မာ မာမီဟာထိုအရာကိုလက်မခံနိုင်တဲ့ သူ​တေထဲက တစ်​ယောက်ဖြစ်​နေခဲ့ပါသည်။ မာန်အ​နေနဲ့ ထိုအရာကို ဖြတ်​ကျော်ဖို့ရာ အ​တော်​လေးကို အချိန်ယူရအုံးပါမည်။

"သားမွန်း ​ရေ သားပန်းခင်းအတွက် မျိုး​တေ ​မေ​​မေ ထပ်ဝယ်ထားတယ် ​နွေအကုန်​လောက်ဆို အကုန်ရပြီ​လေ"

"အဲအချိန်သားလည်း ပြန်လာ​နေပြီမလား"

"ဒါ​ပေါ့ ​သေချာ​ပေါက် သားပြန်လာမာ သားပန်းခင်းကြီးကို လွမ်း​နေတာ ဟီး"

"အဆိုး​လေး ​နောက်​နေ့ မမ နှင်းဆီ​တေသွားယူရင်း video ရိုက်ခဲ့မယ် ဟုတ်ပြီလား"

"မမဒီကို  အရမ်းချစ်"

"သား​စာလုပ်ရအုံးမာမလား နား​တော့​လေ"

"ဟုတ်​မေ​မေ တာ့တာ"

"ဟုတ်ပါပြီ စာလည်းကြိုးစား သားကိုကိုဆီဘဲ စိတ်က​ရောက်မ​နေနဲ့အုံး"

"အာ...​မေ​​မေကလည်း  ဒါဘဲ​နော် သားဖုန်းချပြီ။"

ဧရာ​ရောင်ချမ်းတစ်​ယောက် မိခင်က ထိုသို့တည့်ထိုးချည်း​ပြော​တော့ ရှက်မိတာ​ပေါ့​လေ။ အနားမာ ​ဖေ​ဖေ မရှိလို့လည်း ​မေ​​မေက ​ပြောတာဖြစ်နိုင်ပါသည်။ မဟုတ်လျှင် သူ့သားငယ် မန္တ​လေးမာ ​​ကျောင်းတက်ချင်ရတဲ့အ​ကြောင်းရင်းကိုများ သိလျှင် ပခုက္ကူသို့ ချက်ချင်းပြန်​ခေါ်​နေ​လောက်ပြီ​​လေ။
အမြွာနှစ်​ကောင်က​တော့ ​ကျောင်းက ပြန်လာလာချင်း အိပ်​နေ​လေပြီ။ ​​ရောင်ချမ်းလည်း ​ဖုန်းခဏသုံးပြီး အိပ်​ပျော်သွားသည်။ ည​နေကျရင် ​မွေး​နေ့ပွဲကို သွားရအုံးမည်​လေ။

တစ်ဖတ်မာ​တော့

"မမ​သော် ဒီပွဲက အလှဆုံးဖြစ်​နေ​တော့မာဘဲ "

"ဏီက​တော့ ကိုယ့်အစ်မကိုယ် ​မြှောက်​နေပြန်ပြီ"

"သမီးကတကယ်​ပြောတာပါ​နော် ကိုမာန်လည်း လာမယ်မဟုတ်လား"

"ကဲ ​တော်ပြီ  ဏီ  ပွဲထဲမာအရင်သွားပြီး ဧည့်ခံ​ပေးအုံး
ဟုတ်ပြီ ဟုတ်ပြီ အာဆို သမီးသွားပြီ ​​နော် ဒေါက်တာမာန်ရဲ့ အမျိုးသမီး​လေးရှင့် "

ဒီ​ကောင်မ​လေးက​တော့​လေ ....ဟုသာ ​ရေရွတ်​နေပြီး မျက်နှာထက်မာ​တော့ ပြုံး​နေပါသည်။ ​မွေး​နေ့ထက် လူကြီးချင်း စကား​ပြောစရာ​တေလည်း ရှိ​သေးတယ်မလား၊။ ဏီက အခြားသူငယ်ချင်း​တေလည်း ဖိတ်ထားတယ်ဆိုလို့  သူငယ်ချင်းအသစ်​တေ ဒီ​ကောင်မ​လေး ဘယ်တုန်းကများ ထားလိုက်တာလဲ ။ သူ့​ရှေ့မာသာ က​လေးဆန်တာ သူစိမ်း​တေ​ရှေ့မာမို့ ခက်တန်းတန်း​နေတာ ​အသိဆုံးဖြစ်သည်။ ထားပါ​တော့​လေ ပြီးရင်​တွေ့ရ​တော့မယ်ဟာ ​ထိုသို့ တစ်​ယောက်တည်း​ရေရွတ်​နေရင်း
ဆံပင်ကို ညင်သာစွာဖီး​နေ​တော့သည်။

"​ဟေ့​ရောင်​တွေ မပြီး​သေးဘူးလား ကိုကိုက လာ​တော့မယ် ​တော်ကြာ ​စောင့်ခိုင်း​နေရအုံးမယ်ကွ"

"ပြီးပါပြီကွာ မင်းကလည်း...ခဏ​လေး  "

ညဏ်​သော်က ဆံပင်ကို သ,ရင်း လှမ်း​ပြော​လိုက်သည်။

"တီ ...တီ  ​ဟော အိမ်​ရှေ့မာ ကားသံကြားတယ်
ကိုကိုလာပြီနဲ့တူတယ် ငါ သွားနှင့်ပြီ​နော် ​အောက်က​စောင့်​နေမယ် "

"​ok! "

ဧရာ​ရောင်ချမ်းတစ်​ယောက်  အိမ်​အောက်သို့ ​ပြေးဆင်းသွားပြီး ​လှေခါး​တေ​တောင် မျက်စိထဲ မြင်ရဲ့လားမသိ  မာန်​ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်လာသည်။

"​ဖြေး​ဖြေးလာပါ  ဒီကလူကထွက်မ​ပြေးပါဘူး မွန်း​လေးရဲ့"

"ဟီး...ကိုကိုကလည်း"

မွန်း​လေးရဲ့ကိုကိုက မိုးပြာရောင်တီရှပ်လက်ရှည်ကို ​ကော်လံမာ အဖြူ​ရောင်ကြိုးလက်လက်က​လေးနဲ့ကွတ်ထားသည်အ​ပေါ်က​တော့စတိုင်ပန့်​ရှော့ပင် အရှည် ဆံပင်ကို ​နောက်သို့ပစ်၍ ဂျယ်ဖြင့် ပုံသွင်းထားကာ  ​ကြည်လင်​သောအသား​ရေမျက်နှာနဲ့ဖြောင့်စင်း​သောနှာတံ ​ပေါ်တွင် မျက်မှန်တပ်ထား၍ ဘယ်ရှု​ထောင့်ကဘဲကြည့်ကြည့် ကိုကိုသာ အကြည်ဓါတ်က​လေး ဖြစ်လို့​နေသည်။

ဘယ်​လောက်ကြာ​အောင် ကိုကို့​ငေးမိ​နေလဲမသိ ဟို​ကောင်​တေအနား​ရောက်လာတာ​တောင်မသိလိုက်
အဟက်...ကျွန်​တော် အ​ငေးလွန်သွားတယ်ထင်ပါနဲ့ ကိုကို့ရဲ့ မျက်နှာက စ​တော်ဘယ်ရီလို နီရဲ​နေကာမှ သတိရသည်။ ကျွန်​တော့်ကို လက်နက်မလိုဘဲ ​သေ​စေနိုင်တာ ကိုကို့အပြုံး ကိုကို့အကြည့် တချက်က​လေးသာ လိုပါသည်​လေ။

"ကဲ...ပြီးရင် သွားကြတာ​ပေါ့"

"ဟုတ် "

မဟူရာမင်း​သော်ရဲ့ ​မွေး​နေ့ပွဲကို မာန်ရဲ့ ကားဖြင့်အတူသွားကြခြင်း။ အ​ကြောင်းက​တော့ လမ်းမသိလို့ပါတဲ့​လေ။ဒီလိုနဲ့ကား​လေးက တ​ရွေ့​ရွေ့နဲ့ သွား​နေပါ​တော့သည်။ကား​ပေါ်မာ​တော့ ​ရောင်ချမ်းက သူ့ကိုကိုတဲ့အတူ ​ရှေ့ခန်းမာထိုင်၍ ​နောက်ခန်းမာ​တော့ အမြွှာညီအစ်ကို နှစ်​ယောက်က ထိုင်သည်။

မာန်လည်းအစက ​ကောင်းနဲ့သွားမလို့ ချိန်းထားခြင်းဖြစ်သည်။ သို့​ပေမဲ့ က​လေးငယ်တို့ကိုပါ ဖိတ်ထားသည်ဟုသိရတုန်းက မာန်လည်းအံ့သြသွားရ​သေးသည်။ ဘယ်တုန်းကများ ရင်းနှီးသွားလည်း​ပေါ့။ ​နောက်မှ ဟိုက​လေးမ ကတဆင့်ဖိတ်ထားမှန်း သိရသည်။ အ​တော်​လေးကို ဆိုရှယ်​ကောင်းတဲ့ ကျွန်​တော်က​လေးရယ်ပါ ​တွေ့တာမကြာ​သေးတဲ့သူဆီက​တောင်  အဖိတ်ခံရတာမလား။ ထိုပွဲမာဘာ​တေဖြစ်လာအုံးမလဲ မာန်လည်း မ​တွေးတက်ပါ။ မာမီတို့ပါ အတူရှိ​နေမာဆို​တော့ မာမီ  က​လေးငယ်ကိုမြင်ရင် မှတ်မိပါ့မလား ငယ်ငယ်တုန်းက​တော့ မာမီကထိုက​လေးကိုမြင်ပြီး သ​ဘောတကျ ရှိခဲ့တာ မာန်မှတ်မိပါ​သေးသည်။ဟို​ရောက်ရင်​တော့ မာမီနဲ့က​လေးငယ်ကို မိတ်ဆက်​ပေးရပါအုံးမည်။ က​လေးငယ်ကလည်း မမှတ်မိ၍လား​တော့မသိ ခုထိ​တော့ ​မ​မေး​လာ​သေးပါ။
ဒီလိုနဲ့ ​မွေး​နေ့ပွဲကို ​​ရောက်လို့လာသည်။

"​ဟေ့ မာန် ...​​ရောက်လာပြီလား မင်းကလည်း​နောက်ကျလိုက်တာကွာ"

"ငါ့ က​လေးကို ဝင်​ခေါ်​နေလို့ပါ ​နေရဲနဲ့ဟိန်းမြတ်​ရော မ​တွေ့ပါလား"
"ဟိုမာ​လေ ချစ်ကြည်နူး တစ်တစ်တူး​နေတာ "

​မာန်က ​ကောင်း ညွှန်ပြရာကိုကြည့်လိုက်​တော့နေရဲနဲ့ ဟိန်းမြတ်က ဝိုင်ကို​အတူ​သောက်​နေကြရင်း အချင်းချင်းကျီစယ်​နေပုံပါဘဲ

"ငါ့ညီတို့လာ​လေ အကိုတို့နဲ့အတူ နည်းနည်းပါးပါး​သောက်ကြတာ​ပေါ့ "

"က​လေးက ငယ်​သေးတယ် အရမ်း​သောက်လို့မရဘူး "

"ဟားး ဟားး မာန်ရာ အဲ​လောက်အကဲပိုမ​နေပါနဲ့
မင်းက​လေးက 18နှစ်ပြည့်လို့​တောင်လွန်​နေပြီမလား "

"ဟုတ်တယ်မလားငါ့ညီတို့"

"ဟီးး..ဟို ကိုကို ကျွန်​တော်နည်းနည်းဘဲ​သောက်မယ်​လေ​နော်..ပြီး​တော့မူးသွားလည်း ကိုကိုလိုက်​ပို့​ပေးမာမလား"

မာန်က​တော့ မနိုင်ဘူးဟု​သော အကြည့်မျိုးဖြင့် ကြည့်​ပေးလိုက်ပြီး ဒီက​လေးက သူလိုတာရှိရင် လူကို ဘယ်လိုချွဲရမလဲ ​ကောင်း​ကောင်းသိ​နေတယ်​လေ။

"ဟင်းးးး.အဲတာဆိုလည်း နည်းနည်းဘဲ​သောက် ပြီး​တော့ ကိုကို​ဘေးနားမာဘဲ​နေ "

မာန်ကခွင့်ပြု​ပေးလိုက်​တော့မှ သူငယ်ချင်းသုံး​ယောက်သားက မျက်လုံး​တေက အ​ရောင်လက်လာပြီး​​ခေါင်းကိုတငြိမ့်ငြိမ့် လုပ်ပြလာသည်။ အမြွှာညီအစ်ကိုကြည့်​တော့လည်း ​ရောင်ချမ်းမှမ​သောက်ရင် သူတို့လည်းမ​သောက်ရဘူး ခွင့်ပြု​ပေးပါလို့ ​တောင်းဆို​နေသလို
မာန်လည်းစိတ်ကိုတထစ်​လျော့ပြီး ခွင့်ပြုလိုက်ရပါသည်။

ဟိုတခါဆုံပြီးကတည်းက ​​​ရောင်ချမ်းတို့သူငယ်ချင်းတစ်စုနဲ့ ​ကောင်းဇာနည် ဆက်ဆံ​ရေးက ပို၍​ကောင်းလာသည်။ မကြာခဏဆိုသလို ဆုံဖြစ်ကြပြီး ​ထွေရာ​လေးပါး ​ပြောဆိုကြ​တော့ ​ခု​တွေ့တဲ့အခါ အ​နေမခက်​တော့​ပေ။​​

"​အယ်...​ရောင်ချမ်းတို့​ရောက်လာပြီလား ဏီက​မျှော်​နေတာ ဟိုဘက်မာ အလုပ်ရှုပ်​နေ​တော့ သတိမထားမိလိုက်တာ အားနာလိုက်တာ"

"မဟုတ်တာ ရပါတယ် ငါတို့လည်း ခုမှ​ရောက်တာ​လေ"

"ဟုတ်ပါတယ် အားနာစရာမလိုပါဘူး"

အမြွှာညီအစ်ကိုနှစ်​ယောက်ကပါ ထပ်​ပြောလာသည်။
ရွယ်တူသူငယ်ချင်း​တေမို့ နင်ငါသာ ​ပြောဆို​၍ လွတ်လပ်သည်ဟု အနည်းငယ်ခံစားရပါသည်။

"အဲဒါဆို လာ​လေ မမ​သော်နဲ့ မိတ်ဆက်​ပေးမယ် ခဏ​နေလာ​တော့မာ...အရင်ဆုံး မုန့်သွားစားကြ​ပေါ့ "

နွယ်သာဏီက ​ရောင်ချမ်းတစ်​ယောက်ဆီသာ စကား​တေပစ်​ပြောသွား၍ မာန်ကိုပင် မနှုတ်ဆက်​ချေ။ ထို​ကောင်မ​လေး ထိုသို့ ဘာလို့လုပ်​နေမှန်း ခန့်မှန်းမိ​ပေမဲ့ ဘာမျှဝင်မ​ပြော​ချေ။ ​ကောင်းက​တော့ မျက်လုံးပြူးပြီး အံ့သြ​နေသည်။

"​အော်....အကိုမာန် လည်း တခါတည်းလိုက်ခဲ့ပါ့လား"

မာန်က​ခေါင်းကိုအသာရမ်းပြလိုက်ပြီး မလိုက်​တော့ဘူးဆိုတာကို သိ​စေသည်။

"လာ​လေ ...​ရောင်ချမ်း "

ဟမ် ... ​ယောင်လည်လည်နဲ့သူငယ်ချင်းတစ်စုက​တော့ နွယ်သာဏီ​ခေါ်ရာသို့ ပါသွား​တော့သည်။

"​ဟေ့ မာန် ....ဒီအတိုင်းဘဲကြည့်​နေ​တော့မာလား"

"ငါကဒီအတိုင်းကြည့်မ​နေလို့ ဘယ်လိုလုပ်ရမာလဲ ဒါ သူတို့ပွဲ​လေ"

"​ဟေ့ ​ဟေ့...ငါသိတဲ့ မာန်ရာတိချီက ဒီလိုပုံစံမဟုတ်ပါဟ
​​ဆေးမှား​သောက်လာတာလား မှန်းစမ်း!"

​ကောင်းက မာန်ရဲ့နဖူးကိုလက်နဲ့စမ်းလိုက်​တော့ မာန်ကပုတ်ချလာပြီး ထိုအခါမှ ရယ်လာ​လေသည်။

"ဟင်းးးး....မင်းသိလား​ကောင်း ဒီပွဲမာ ငါ့မာမီ​ရော ရှိ​နေတယ် ဆိုတာ​လေ"

"အာ  ...ဟုတ်သားဘဲ "

ထိုအခါမှ ​ကောင်းက သ​ဘော​ပေါက်သွားပြီး အဆင်​​ပြေသွားမာပါ ဟု  မာန်ရဲ့ ပခုံးကို ဖက်ကာ အား​ပေးလာသည်။

​ "မမ​မွေး​နေ့ဆို​တော့ အားမနာဘဲ ကြိုက်သ​လောက်စား ​ပျော်လို့ရပါတယ်​နော်"

​နေအုံး မိတ်ဆက်​ပေးမလို့ပါဆို မမဏီကလည်း အကိုမာန်ဆီ ​ရောက်သွားတာလား

နွယ်က သူ့ဘာသူ ​ရေရွတ်​နေ​ပေမဲ့

​ရောင်ချမ်းက​တော့ မာန် ဆိုတဲ့အသံကို နွယ်သာဏီနှုတ်မှ ထွက်တာ ဆက်ဆက် ကြားလိုက်ရပါသည်။ မဟုတ်မှ  မာန်ဆိုတာ ကိုကို ရည်ညွှန်းသည်လား ။ဒါမှမဟုတ် နာမည်တူ​နေတာများလား။ အို...ငါဘာ​တေ​တွေးမိ​နေပါလိမ့် မာန်ဆိုတဲ့ စကားလုံးက လူတိုင်း​​ပေးကြတာပါဘဲ ကိုကို မဟုတ်​လောက်ပါဘူး ဟု တစ်​ယောက်တည်း ​တွေး​နေစဥ်.....

"​ရောင်ချမ်းအတွက်...​သောက်တက်တယ်မလား"

"အာ...​ ​သောက်တက်ပါတယ်...ကျေးဇူးပါဗျ"

"ရပါတယ်"

ဟိုအမြွှာညီအစ်ကို​တေကလည်း ​ရောင်ချမ်းနဲ့အတူ မုန့်စားလိုက်  ​သောက်လိုက်နှင့် စိတ်က​လေးက​တော့အနည်းငယ် ​ပျော်ရွှင်​နေသည်။

"​ရောင်ချမ်းသိလား ...မမ​သော်နဲ့ အကိုမာန်တို့က လူကြီးချင်း စကားလှမ်းထားကြတာ​လေ  နှစ်​ယောက်လုံးကလည်း ဥစ္စာ​ပေါ ရုပ်​ချော ဆရာဝန်​တေဘဲဆို​တော့ အရမ်းလိုက်ဖက်​နေ​ရောဘဲ "

"ဒါနဲ့ နွယ်သာဏီကို တစ်ခု​လောက်​မေးလို့ရမလား"

"အို...တစ်ခုမကပါဘူး ​မေးလို့ရပါတယ် ​နော် ​မေးပါ
နွယ်သာဏီ​ပြောတဲ့ အကိုမာန် ဆိုတာက "

"​အော်....ဒါက ​ဒေါက်တာ မာန်ရာတိချီ ကို ​ပြောတာ​လေ ညဏ်​သော်ရဲ့"
"ဗျာ.... "

​မေးလိုက်သူက ညဏ်​သော် ဖြစ်​ပေမဲ့ အံ့သြသင့်သွားခဲ့ရတာက​တော့ ဧရာ​​ရောင်ချမ်းပင်.....

ထိုသို့ ကြားပြီး လက်ထဲမှ ဝိုင်ကို တစ်ကြိုက်တည်း ​မော့​သောက်ပစ်လိုက်သည်။ပူပြင်းပြင်းအရသာကို ခံစားမျ​ပေမဲ့ နှလုံးသားထဲက နာကျင်တဲ့ဒဏ်ကို​တော့ မမှီနိုင်ပါ။ ကိုကိုသည် ဤအ​ကြောင်းရာ​တေကို ဘာလို့ တစ်စိုးစဥ်မျှ ထုတ်မ​ပြောခဲ့တာပါလဲ။ ကျွန်​တော့်ခံစားသွားရမာကို ကိုကိုကြိုသိ၍ ဖွင့်မ​ပြောခဲ့တာ မှန်ပါလိမ့်မည်။ဟက်....ခုလိုသိရ​တော့လည်း ထိုမိန်းက​လေးရဲ့ ​မွေး​နေ့မာတဲ့လား။ ကိုကိုသည် ကျွန်​တော့်ကို လိမ်ညာဖို့ ဘယ်ထိများ ဆွဲဆန့်ထား​နေသလဲ သိချင်မိပါရဲ့။ ဆက်ပြီး​တော့ ကျွန်​တော်ကဘဲ မသိချင်​ယောင် ​ဆောင်​ပေးပါ့မယ်။ ကိုကိုက ပိရိပါ​စေ​ပေါ့....
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ညီ​ဇော်နဲ့ ညဏ်​သော်က ​ရောင်ချမ်း ခံစားရ​တော့မည်ကို သိ​နေ​ပေမဲ့ ဘာမှလုပ်မ​ပေးနိုင်​ချေ။ အကယ်၍ အကိုမာန်ရာတိချီဘက်မှ ပြက်သားလာခဲ့လျှင် ကိုယ့်သူငယ်ချင်းကို ရ​အောင်​ခေါ်ထုတ်သွားမည်။ မန္တ​လေးမာ​နေပြီး လွမ်းဆွတ်​နေမည်ကို ခွင့်မပြုနိုင်ပါ​ချေ။

"​ရောင်ချမ်း...."

"ဟမ်...ဗျာ ...​​"

"ဏီ​ခေါ်​နေတာ ကြာပြီ မကြားဘူးလားလို့​လေ
မမ​သော်နဲ့မိတ်ဆက်​ပေးမလို့ "

"​အော်...ဟုတ်ကဲ့"

"ဟိုမာ မမ​သော်လာ​နေပြီ "

"ဏီ ....ကိတ်ခွဲ​တော့မယ် လာ​တော့​လေ"

"ဟုတ် ...မမ​သော် သူက ဏီ​​ပြောတဲ့ သူငယ်ချင်းအသစ်ဆိုတာ​လေ ဧရာ​ရောင်ချမ်း တဲ့ ဟိုဘက်ကအမြွှာညီအစ်ကို  ညီညီ​​ဇော်နဲ့ ညဏ်​သော်​သော် တဲ့"

"ဒီက ဏီရဲ့ မမ မဟူရာမင်း​သော် တဲ့"

"​တွေ့ရတာ ဝမ်းသာပါတယ် ညီမ​​လေးက ခုလိုသူငယ်ချင်း​တေမ​ခေါ်ဘူး​တော့ မမ​သော်က အံ့သြ​နေတာ လူ​ချော​လေး​တေဘဲ"

"အာ...​ကျေးဇူးပါဗျ မ​သော်"

"​နောက်လမ်းမာ​တွေ့ရင်လည်း ​ခေါ်​ပေါ့ ..."

"ဟုတ်ကဲ့"

ထိုအစ်မ က ​ရောင်ချမ်းကို မသိ​ပေမဲ့ ကိုကိုရဲ့ သက်ဆိုင်သူတစ်​ယောက်အ​နေနဲ့ သိထားတဲ့ကျွန်​တော်အဖို့​တော့
​နှလုံးသားက အောင့်သက်သက်ပါဘဲ။ မ မဟူရာမင်း​သော်က  အ​တော်​လေးကို လှသည့်အထဲမာပါပါသည်။  မိုးပြာ​ရောင် long dress ကို ဝတ်ဆင်ထားပြီး  လှပ​ကျော့ရှင်း​နေ​သော သူမကို ကိုကိုရဲ့ အနာဂတ် သတို့သမီးအဖြစ် မြင်ကြည်တဲ့အခါ ထပ်မံ၍ ရင်နာရပြန်ပါသည်။ တဖတ်သက်အချစ်က အဲ​လောက်ပင်ပန်းမှန်းသိခဲ့လျှင်  မချစ်မိ​လောက်ဘူးလို့ ​တွေးမိ​ပေမဲ့ ပထမဆုံး ရင်ခုန်မိတာက ကိုကိုဖြစ်​နေခဲ့လို့​သာ​ပေါ့။

"123 Happy Birthday  "

​ဖြောင်း ​ဖြောင်း ....

"ခုလို ​သော်ရဲ့ ​မွေး​နေ့ပွဲကို ကျင်းပ​ပေးတဲ့ ဒယ်ဒီကို ​သော်က အရမ်းချစ်တယ်​နော်"

​မွေး​နေ့ကိတ်ခွဲပြီး​တော့....ခဏအကြာ ဟိုတစ်စု ဒီတစ်စု အစား​သောက်များ စား​နေကြရင်း
"သားတိချီ...သမီးကိုpresent မ​ပေး​တော့ဘူးလား"

"​သားတို့သူငယ်ချင်း​တေ ​ပေးပြီးသွားပြီ မာမီ"

"ဟုတ်ပါပြီ"

"ဒါနဲ့ ကျွန်မတို့လည်း ဘယ်​တော့မှ ခမည်းခမက် ​တော်ရမလဲ "

"ဟားး...ဟားးး ကျုပ်က​​တော့  က​လေး​တေဆန္ဒအတိုင်းသာ ဖြစ်​စေလိုပါတယ် ဗျာ ....ကျုပ်မာလည်း ဒီသမီး​လေး တစ်​ယောက်ဘဲရှိ​တော့တာ​လေ"

"​သော်ရဲ့အ​ဖေ ဦး လ​ရောင်က ထိုသို​ပြောလိုက်​တော့
သမီးက ဒယ်ဒီ​ဘေးနားမာ အချိန်အကြာကြီး ​နေသွားမာ သမီးကို အများကြီးဒယ်ဒီကချစ်​ပေးရအုံးမာ "

​သော်က သူ့ဒယ်ဒီကို ဖတ်ပြီး ​ပြောလိုက်တာ မျက်ရည်က ဝဲတက်လာသည်။

"ဒါ​ပေါ့ ဒယ်ဒီက သမီးလိုအင်မှန်သမျှ ဖြည့်ဆည်း​ပေးပြီး အချိန်အကြာကြီး ရှိ​နေ​ပေးမာ ဒယ်ဒီသမီး​လေးက ကျန်းမာ​အောင် ​နေ​ပေးရမယ် ဟုတ်ပြီလား"

မာန်က သူ့မာမီနား ထိုင်​နေပြီး ​နေရဲ ​ဟိန်းမြတ် ​ကောင်းနဲ့ ​ရောင်ချမ်းတို့ သူငယ်ချင်းက တစ်ဝိုင်းထိုင်​နေကြသည်။

ထိုအချိန် ​ကောင်းက ​သော်နဲ့ သူ့ဒယ်ဒီဖက်​နေတဲ့မြင်ကွင်းကိုကြည့်ပြီး......

"မဟူရာမင်း​သော်မာ သူ့မာမီဆီက ​နေ ​မွေးရာပါ ​ကျောက်ကပ်မ​ကောင်းတဲ့ရောဂါ ရှိ​တယ်​လေ။ မကြာခဏအ​မော​ဖောက်​ပေမဲ့ သန်မာ​သော မိန်းက​လေး ပီပီ ​သော်ကအမြဲ ဘာမှမဖြစ်သလို ​နေ​နိုင်ခဲ့တာမာအကိုတို့သူငယ်ချင်း​တေကလည်း ဒါကိုသိလို့  တစ်ခုခုဆို အငြိုငြင်မခံဘဲ အလိုလိုက်​​ပေးခဲ့တာ​လေ ဒီ​ကောင်မ​လေးက နည်းနည်းဆိုးတယ် သူ့က မာန်အ​ပေါ်ကိုအ​တော်​လေးခင်တွယ်တယ်​လေ။ ဟိုကလည်း ငါ့ညီတို့သိတဲ့အတိုင်း နှင်း​​တောင်​ပေါ်က ​ရေခဲလူသားအလား အမြဲ​အေးစက်စက်​လေ။ ခုလည်း နှစ်ဖက်မိဘ​တေက ​နေရာချ​ပေးချင်​နေကြတာ။  မာန်ရဲ့ စိတ်ကို အကိုတို့သိတယ်
သူက ​သော့်ကို  ညီမ​လေးတစ်​ယောက်လိုဘဲ ချစ်တာ​လေ။"

​ကောင်းက ထိုသို့ ရှင်းပြလိုက်​တော့ ​ရောင်ချမ်းတစ်​ယောက် သနားစိတ်ပင် ဝင်လာရသည်။​နောက်တစ်ခုက ကိုကိုအ​ပေါ်ထင်​နေတဲ့သံသယစိတ်​လေးကလည်း ​ပျောက်ကွယ်သွားပါပြီ

ဒီက ငါ့ညီ​ရောင်ချမ်းနဲ့ ​တွေ့ရင်​တော့ အကိုတို့ရဲ့ တည်တည်ငြိမ်ငြိမ် မာန်ရာတိချီကို လိုက်ရှာရတဲ့အထိဘဲ ပုံ​ပြောင်းသွားတာ​လေ။ ဟားး ဟားးး

​ကောင်းရဲ့အ​ပြောကို ​နေရဲနဲ့ ဟိန်းမြတ်တို့အတွဲကပါ လက်မ​ထောင်ပြီး ​ထောက်ခံ​နေ​တော့  ​​ရောင်ချမ်းတစ်​ယောက် အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားရသည်။ အမြွှာနှစ်​ယောက်က​တော့ ပြုံးစိစိ​ပေါ့ အနည်းဆုံး​တော့ အကိုမာန်ရာတိချီက သူ့တို့သူငယ်ချင်းအ​ပေါ်မာလည်း မရိုးသားဘူးဆိုတာ သိခဲ့ရလို့​လေ။

"​မွန်း​လေး..."

​​​နောက်မှ အသံကြားလို့ လှည့်ကြည့်လိုက်​တော့

"ကိုကို...."

"အင်း ..လာခဲ့ မာမီနဲ့မိတ်ဆက်​ပေးမလို့"

"ဟမ်...ကျွန်​တော့်ကိုလား"

"ဟုတ်တယ်"

"ကျွန်​တော်​ကြောက်တယ် ကိုကို"

"စိတ်ချ ကိုယ့်မာမီက ကိုက်မစားဘူး"

"ဟာ...ကိုကိုကလည်း"

မာန်တစ်​ယောက် ​ကောင်းတို့နဲ့ စကား​ပြောပြီးရယ်​နေတဲ့ က​လေးငယ်ကို ကြည့်ပြီး ဘာကိုစိတ်တိုမှန်းမသိ
သွားတက်လှလှ​လေး​နေကို သူများ​တေမြင်​အောင် ရယ်ပြ​နေတဲ့ က​လေးငယ်ကိုလား ကြံရည်ရောင်ရှည် နှင့်​​အောက်ကစတိုင်ပန်နက်ပြာ​ရောင် အနည်းငယ်သာလိမ်းချယ်ထား​ပြီး ကြည်လင်​နေတဲ့မျက်နှာ​လေး ပုံမှန်ဆို ဆံပင်ကို ​​ရှေ့ မ​သေမသပ်ချထားတဲ့ပုံစံ​လေးက ဒီ​​နေ့ကျမှ ဂျယ်အကူညီနဲ့ ​အ​​ပေါ်သို့လှန်တင်ထားသည်။ဘယ်ရှု​ထောင့်ကဘဲကြည့်ကြည့်  ချစ်ဖို့​ကောင်းလွန်းတဲ့ထိုက​လေးငယ်ကို စိတ်မချမိတာ​​တော့ မာန်အပြစ်မဟုတ်​ချေ။

"လာ ...မ​ကြောက်နဲ့...မိတ်ဆက်​ပေးတာဘဲ​လေ"

ဟုတ်ကိုကို"

"မာမီ "

"ဟင်... ​ပြော​လေသား "

"မာမီကို  က​လေးတစ်​ယောက်နဲ့ မိတ်ဆက်​ပေးချင်လို့
မာမီ မှတ်မိပါ့မလား မသိ​ပေမဲ့"

"သားက စကားပလ္လင်​တေ ခံ​နေ​တော့ မာမီက ပိုပြီး ​တွေ့ချင်သွားပြီ ဘယ်သူများလဲ"

"သားငယ်ငယ်က တီ​လေးတို့ဆီ အလည်သွားတုန်း အတူ​ဆော့ခဲ့တဲ့ က​လေးငယ်​လေ နာမည်က ဧရာ​ရောင်ချမ်း တဲ့ မာမီ"

"​တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"

"​အော်...မာမီမှတ်မိပြီ ဟိုညီအစ်မနှစ်​ယောက်ရဲ့ ​မောင်ငယ်​လေး မလား"

"ဟုတ်ကဲ့ဗျ..."

"ကြည့်စမ်း ငယ်ငယ်ကတည်းက ချစ်ဖို့​ကောင်းတာ ခုထိပါဘဲလား"

"သားတိချီက သားကိုအရမ်းခင်တွယ်ခဲ့တာ​လေ ပခုက္ကူကပြန်လာတုန်းကများ ငို​နေတာ​လေ"

"ဟာဗျာ...မာမီကလည်း"

ကိုကိုကငိုတယ်တဲ့လား .....အဲတုန်းက ငယ်​သေး​ပေမဲ့မှတ်မိပါ​သေးတယ် ကိုကိုက သူ့အ​ပေါ်ဆို အမြဲအလိုလိုက်ခဲ့တာ ကျွန်​တော်ကလည်း သူစိမ်းတသ်​ယောက်ဖြစ်တဲ့ကိုကို့မှ ပိုပြီး အ​လေး​ပေးခင်ခဲ့တယ် ကိုကိုပြန်တုန်းကလည်း ငိုခဲ့ရတယ် ခု​​တော့ ကိုကိုလည်းထပ်တူဖြစ်ခဲ့တာ​ပေါ့။

ကိုကို့မာမီနဲ့ စကား​ပြောလိုက်ရ​တော့ ခုနက ဝမ်းနည်း​နေတဲ့ စိတ်က​လေး အနည်းငယ် ​ပြေ​ပျောက်သွားရသည်။ ဒါ​ပေမဲ့  ဘာကိုအားငယ်မှန်းမသိ စိတ်ထဲမာ ဝမ်းနည်းမိသည်။
မာန်က​တော့ သူ့ရဲ့က​လေးငယ်ကို အရိပ်တ​ချေ​ချေ ကြည့်​နေသူဖြစ်၍  ဘာဖြစ်​နေမှန်း တန်းသိသည်၊၊ထို့​ကြောင့်
"မာမီ ...သား က​လေးငယ်ကို ပြန်လိုက်ပို့လိုက်အုံးမယ်"

"​အေး​အေး...က​လေးကို ဂရုစိုက်လိုက်အုံး"

"ဟုတ်ကဲ့"

"လာ...သွားမယ် "

မာန်က ​ရောင်ချမ်းရဲ့လက်ကိုဆွဲပြီး ကားရှိရာဆီသို့ ထွက်သည်။

"ကိုကို...ကိုကို ခဏ ​နေပါအုံး"

ဘာလဲဆို​သော အကြည့်ဖြင့် မာန်ကြည့်​ပေးလိုက်​တော့
"ဟို...သူငယ်ချင်း​တေကျန်​သေးတယ်"

"မပူနဲ့ သူတို့ကို ​ကောင်းကလိုက်ပို့​ပေးလိမ့်မယ်"

"အာ...ဟုတ်"

"ကဲ...အဲဒါဆို သွားလို့ရပြီလား"

"ဟုတ်...ဟုတ် ကဲ့ "

ကိုယ့်က ဒီက​လေးငယ် အထင်လွဲ​နေတာ​တေကိုရှင်းပြချင်လို့ တစ်​နေရာ ​ခေါ်သွားမလို့ပါဆိုသူ့  သူငယ်ချင်း​တေကို စိတ်ပူ​နေပြန်ပြီ​လေ ။ ​ကောင်းက ​ပြောပြထားတာ သိ​ပေမဲ့ ထစ်ကနဲ့ရှိ ​အကြီးကြီး​တွေးပစ်ပြီး ဝမ်းနည်း​နေမာ သိလို့ မာန်က ​ခေါ်လာခြင်းဖြစ်သည်။ ကျန်ခဲ့တဲ့ မာမီက​တော့ တစ်စုံတစ်ရာအတွက်  ခုဆိုစိတ်ပူ​နေ​လောက်ပြီ။ ဘာလို့ဆို မာမီမျက်နှာကိုတစ်ချက်ကြည့်ရုံနဲ့ မာန်သိပါသည်။ နှုတ်ကချို​နေ​ပေမဲ့ အကြည့်ချင်း မာန်ကို ​ပြောလိုက်သည်က ​စော​စောအိမ်ပြန်ရအုံးမည်။ ဒီ​နေ့​တော့ ခံစားချက်​တေကို မြို့သိပ်မထား​တော့ဘဲ မာန်ဖွင့်​ပြော​တော့မည်။ ဒီက​​လေးကို ဘယ်​လောက်ချစ်တဲ့ဆိုတဲ့အ​ကြောင်း သိ​အောင် ​ပြောပြ​ပါတော့မည်။

#မ​နေ့ကအပိုင်းကမှားပြီး upမိသွားတာပါ ဆိုဂျူး​သောက်ပြီး မူး​သွားလို့ ဒီမနက်မှကြည့်မိတာ စာလည်းမစစ်ရ​သေး အပြီးထိလည်းမပါ upမိသွားမှန်း​တောင် မသိတာပါ ဖုန်းကိုချပြီးအိပ်​ပျော်သွားတာ ​🙇‍♀️ ....​တစ်ပတ်ကိုတစ်ပိုင်း ​​သောကြာ & စ​နေမာ up​ပေးမာမို့
အဲ​နေ့​တေမာမတင်ရင် update မရှိတာပါရှင့် ဖတ်​ပေးတဲ့သူ အားလုံး လပ်ဖ်ယူ💙

#ချယ်

Lanjutkan Membaca

Kamu Akan Menyukai Ini

52K 1.6K 22
ကွန်ပြူတာ သင်တန်းဆရာမလေး မိုးသောက်နဲ့ သင်တန်းသူလေး သိမ်မွေ့တို့ရဲ့ ချစ်ကြမ္မာ အလှည့်ပြောင်းမှာ သိမ်မွေ့နဲ့ထက် က ရော ဘယ်လိုပတ်သတ်ကြမှာလဲ
79.3K 146 21
အချစ်တက္ကသိုလ် က စာအုပ် အဟောင်းလေးတွေကို ပြန်ဖတ်နိုင်ဖို့ စုစည်း ထားခြင်း ဖြစ်သည်။
411K 20.8K 44
အချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ...
4.3K 414 9
මන් උගේ වස්තුව !! ඌ කිව්වෙ එහෙම !! ඔක්කොම උන්ට බඩුවක් උන මට ඌ කතා කලේම එහෙම !! මාව මැරුවා !! උන් මගේ මිනියටත් වද දුන්නා !! දහ පහලොස් දෙනා බඩ උඩ නැ...
Aplikasi Wattpad - Akses fitur eksklusif