After Undress,your waistline...

By tuminkoe

2.2K 342 365

A littleလေး Warningများမယ်ထင်ပါတယ်။ More

A
f
t
r
U
n
d

e

353 46 95
By tuminkoe

"ကင်မ်ထယ်ယောင်းသူဌေး ခေါ်နေပါတယ်"

ဘေးက အလှလေးက ထယ်ယောင်းကို သတိထားနော်ဆိုသည့် အကြည့်နဲ့ကြည့်လိုက်‌တာမို့ အသာပြုံးပြကာ လာခေါ်တဲ့ အစ်မကြီးနောက်လိုက်လာရသည်။

Clubထဲ ဝင်လာတော့ ပျော်ပါးနေသည့် Alpha ခပ်ချောချောတွေ၏ အကြည့်တွေလန့်ကာ ပုခုံးကလေးတွန့်သွားမိ၏။

တချို့ဆို Omega ရှိပြီးသားပေမယ့် ဒီမှာလာပြီး အလှလေးတွေနဲ့ လာရောက်‌မြူးကြတာ။ဒီက Omegaလေးတွေသည် Virgin သာဖြစ်ကြသည်ဟု အကုန်လုံးကပြောကြသည်။ပိုင်ရှင်က ဒီClubကို အရက်သောက်ဖို့နဲ့ခဏအပျော်ရှာဖို့ဖွင့်ထားသည်တဲ့။ရှုပ်ရှုပ်ရှက်ရှက်ဖြစ်မည့် Sexကိစ္စများ ဒီမှာ လုပ်မရဟုကြေငြာထားသည်တဲ့။ကောင်းပါတယ် အဲ့တစ်ခုက ဒီက omegaတွေအတွက် သိက္ခာလေးမပွန်းပဲ့တော့တာပေါ့။

"ထယ်ယောင်း သူဌေးက အပေါ်ထပ်တက်သွားနှင့်ပါလား အစ်မ မန်နေဂျာကို ပြောစရာရှိလို့ ခဏနော်"

"ဟုတ်"

ထယ်ယောင်းလည်း Bar Counterနားမှာရပ်စောင့်နေလိုက်သည်။Bar Counterက ကောင်လေးက ပြုံးပြကာ ‌အရက်ခွက်မြှောက်ပြတော့ ခေါင်းခါလိုက်သည်။

"ဝန်ထမ်းအသစ်လား"

"၅ရက်လောက်ရှိပြီ အလုပ်ဆင်းတာ"

"ဟုတ်ကဲ့ ထိုင်လေ"

"အင်း"

ထယ်ယောင်း ခုံမှာ အသာဝင်ထိုင်လိုက်လေသည်။ထိုင်ထိုင်ချင်းClubအဝင်ဝလှမ်းငေးမိသည်။အပြင်ဘက်က သူ၏လုပ်ဖော်ကိုင်ဖက်အလှလေးအား ဘာကြောင့် reception မှာထားပါလိမ့်၊သူ့ရုပ်ရည်နဲ့ဆို dancerဖြစ်ဖြစ် waiterဖြစ်ဖြစ်လုပ်လို့ရရဲ့နဲ့။

ရုတ်တရက် ထိုတံခါးဝမှ သစ်ခေါက်နံ့သင်းသင်းလေးနှင့်အတူ လေပြေကလေး ဝင်လာလေသည်။ထယ်ယောင်း သိချင်နေသည့် Alphaဘယ်သူပါလိမ့်။

သူကားပေါ်က ဆင်းဆင်းချင်း သူ၏ အပိုင်လေးအားမမြင်ရ၍ ပျာသွားသည်။မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့ စိတ်ပူနေတာ စက်က သိ၍ သူ့နားကပ်ကာ

"ဦးရောင်ရှိန် သူဌေးနဲ့ မိတ်ဆက်ပေးဖို့ပြောထားတယ်မဟုတ်လား"

ထိုအခါမှ သူလာရင်းကိစ္စပြန်အမှတ်ရသည်။ကိုယ့်ဘာကိုလည်း အဖြစ်သည်းလှသည့်အတွက် ပြုံးကာ နေမိသည်။

စက်နှင့်အတူ ပျော်ပါးနေကြသည့် လူအုပ်ကြီး ရှိရာဆီ ဝင်လာလာချင်း ခုံမြင့်ပေါ် ငုတ်တုတ်ကလေး ထိုင်ကာ အပေါက်ဝကို စူးစမ်းကြည့်နေသည့် သူ၏အပိုင်လေးအား တန်းတွေ့တော့၏။မျက်လုံးချင်းဆုံမိတော့ သူမျက်ခုံးတစ်ဖက်ကာ လမ်းလျှောက်ရင်း ကြည့်နေလိုက်သည်။သူ့အပိုင်လေးကတော့ ချက်ချင်း မျက်နှာလွှဲကာ လက်နှင့် ယပ်ခပ်နေ‌ကာ မသိချင်ယောင်ဆောင်လိုက်၏။သူ၏ နှုတ်ခမ်းတစ်ဖက် အလိုလို ကော့တက်ကာ သူ့အပိုင်လေးဆီ တိုးလျှောက်လာလိုက်၏။

ထယ်ယောင်း ထိုလူလာနေတာသိသည်။သိပ်ရဲတင်းတဲ့သူ။ချောတာက တော်တော်ကိုချောတာ။ဆံပင်လှန်သပ်ထားတာမို့ နဖူးပြင်က သိပ်‌မနာလိုစရာ။ဘာလုပ်ရမည်မသိ၍ အမြန်ထကာ HRအစ်မကြီးနား ထသွားလိုက်တော့၏။

"ဟွန်းးး တကယ့် အသဲယားစရာလေး"

HRအစ်မကြီးလည်း စကားပြော၍ ပြီးပေပြီ။ထယ်ယောင်း ရောက်လာတော့။

"အပေါ်ထပ် မင်းဘဲတက်သွားလိုက်နော် ဂျာကြီးက တို့ကို ဝန်ထမ်းစာရင်းတွေတောင်းနေလို့"

"ဟင်"

"ကဲ အချိန်မရှိဘူးထယ်ယောင်း"

"ဟုတ် ဟုတ်ကဲ့"

မသွားချင်သွားချင်နှင့် အပေါ်ဆုံးထပ်က သူဌေးဆိုသူ၏ ရုံးခန်းကို ဓာတ်လှေကားနှင့် တက်လာရသည်။

"ကျွန်တော် မလိုက်တော့ဘူး သူဌေး"

"အင်း"

ဂျီမင်လည်း တစ်ဖက်ဓာတ်လှေကားကနေ အပေါ်ထပ်တက်လာခဲ့တော့၏။သူ အပေါ်ရောက်တော့ အခုထိ အခန်းနားသွားရာလမ်းမှာ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေတာ။

ဂျီမင် အသာကလေး ခြေလှမ်းကာ သူ့အပိုင်လေးနားကပ်လျှောက်လိုက်၏။

"သူဌေးက ငါ့ကို သူ့ရုံးခန်းထဲခေါ်တာ"

"အာ...မဟုတ်မှ လွဲငါ့ကို အတင်းကြံမလို့လား"

ဂျီမင် ရယ်ချင်တာ ထိန်းကာ ခပ်ပြုံးပြုံးသာနေနေလိုက်သည်။အနီးကပ်လျှောက်ရ၍ သူ့အပိုင်လေး ကိုယ်သင်းနံ့လေးက သူ၏နှာဝတွင်သင်းနေ၏။

တံခါး လက်ကိုင်အား ကိုင်လိုက်ချိန် သူ့အပိုင်လေး၏ လက်ချောင်းသွယ်သွယ်လေးများအား သူအနီးကပ်မြင်ရ၏။လှတာ တကယ့်ကိုလှတာ။

ထယ်ယောင်းစိတ်ထဲ မတင်မကျနှင့်။အခန်းထဲလည်း မဝင်ချင်ပေ။မဝင်လိုက်ရင်လည်း HRအစ်မကြီးက သူသေချာမှာတာ အလေးမထားတာပြောမှာ။ဝင်လိုက်ရင်ရော ဘာတွေဖြစ်မှာလဲ။ဦးရောင်ရှိန်ဆိုတဲ့ ဦးလေးကြီးက ငါ့ကို အပိုင်ကြံရင်ရော။

အို....အလုပ်ဖြုတ်ရင်ဖြုတ် ငါ့ဘဝကြီး မချစ်တဲ့သူဆီ မအပ်နိာင်ဘူး။

ထယ်ယောင်း တံခါးလက်တံကိုလွှတ်လိုက်ကာ နောက်လှည့်ပစ်လိုက်သည်။

ဂျီမင်၏ အထင်က တံခါးဖွင့်၍ဘဝင်သည်ထင်၍ ခြေတစ်လှမ်းတိုးလိုက်သည်။မထင်ထားသည့် first kissအား ကောက်‌ကောက်လေးနဖူးပေါ်ရောက်သွား၏။

"ဟင်"

ပြူးတူးတူးနှင့် သူ့အပိုင်လေးသည် ကြောင်နေရှာသည်။သူလည်း ရနေသည့်အခွင့်အရေးလေးကို အလွတ်မပေးနိုင်ပါ။နှုတ်ခမ်းလေး ဆူထွက်ကာ သူ့အပိုင်လေးနဖူးအား တကယ်နမ်းပစ်လိုက်တော့၏။

ရုန်းဖို့ လက်ကလေးက လှုပ်ရှားလာတော့ သူ့ဘက်က လက်ဦးကာ လက်နှစ်ဖက်ထိန်းကိုင်ထားပြီး Pheromoneနှင့် ချုပ်ထားမိ၏။

ထယ်ယောင်း ခဗျာ ပျော့ခွေလာကာ ဂျီမင်‌ကိုယ်ပေါ်မှီကျလာလေသည်။ဂျီမင် ထယ်ယောင်းမေးလေးဆွဲမော့ကာ နှုတ်ခမ်းလေးချင်း စုပ်ယူနမ်းရှိုက်လိုက်၏။

"ဟင့်"

သူ့အပိုင်းလေး မောတော့မှ လွှတ်ပေးကာ ရင်ခွင်ထဲဆွဲထည့်ပြီး ခေါင်းလေးလက်ကလေးနှင့်သပ်ပေးကာ နှစ်သိမ့်ပေးနေမိ၏။

"ကိုယ့်အပိုင်လေး"

Pheromone နှင့်အပိုင်သိမ်းတာ မလုပ်ချင်သေးတာမို့ Pheromoneဖျောက်ကာ သူဖက်ထားလိုက်သည်။ထယ်ယောင်းလည်း အခုမှ ပြန်သတိကပ်တော့သည်။သတိကပ်ကပ်ချင်း ရင်ခွင်ထဲဆွဲ ထွက်ကာ အခန်းရှေ့က စင်ကလေးပေါ်က ဖန်ပုလင်းဆွဲယူပြီး ထိုသူ့ခေါင်းကို ရိုက်ခွဲပစ်လိုက်တော့၏။

"ခလွမ်း"

ဂျီမင် လျှပ်တပြတ်အတွင်း မထင်မှတ်သည့် ထယ်ယောင်း လက်သွက်မှုကြောင့် ခေါင်းပေါ်က သွေးများစီးကျလာရသည်။

ရိုက်တဲ့သူ ထယ်ယောင်းဖြစ်ပေမယ့် ကိုယ့်ရိုက်ပြီး ကိုယ် အားနာကာ မျက်နှာငယ်လေးနှင့် လက်တွေတုန်နေသည်။ဂျီမင့်ခဗျာ ခေါင်းကို လက်နဲ့စမ်းလိုက် ထယ်ယောင်းကို အံဩစွာကြည့်လိုက်နှင့်

"ငါ့Omegaက တယ် လက်သံပြောင်တာဟ"ဟုတွေးမိ၏။

"ဟာ....သူဌေး"

ဦးရောင်စဉ် နှင့်စက် အပြေးအလွှား ရောက်လာမှ ထယ်ယောင်း လက်ထဲက ပုလင်းကွဲ လွှတ်ချမိ၏။

"အာ...သူဌေး အဆင်ပြေလား"

"ရတယ် စက် ကျစ် ငါ့အပိုင်လေးက လက်သံပြောင်ချက် ငါ့မှ လျှပ်တပြတ်အတွင်း ခေါင်းကွဲသွားတာဟ ဟွန်းဟွန်း"

ဂျီမင်သည် အရိုက်ခံရတာကို စိတ်မဆိုးဘဲသ‌ဘောကျကာပျော်နေတာမို့ စက်နှင့် ဦးရောင်စဉ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"ကင်မ်ထယ်ယောင်း ဘာလို့ရိုက်တာလဲ"

"ဟို..."

"ဦးရောင်စဉ် ဘာလို့အော်တာလဲ"

"သူက သူဌေးရိုက်လိုက်တာလေ"

"ငါကျေနပ်တယ် သူ့အပြစ်မတင်နဲ့"

"ဟုတ်ကဲ့"

"စက်...ဆရာဝန်ဖုန်းဆက် ဒီလာခိုင်းလိုက်"

"ဟုတ်"

သူ အခန်းထဲ ဝင်မယ်လုပ်ပြီး သူ့အပိုင်လေးဆီ အရင်လှမ်းကြည့်လိုက်သည်။

"မင်းပါ ဝင်ခဲ့"

"ဟုတ်"

ထယ်ယောင်း မျက်နှာငယ်လေးနှင့် ဆိုဖာပေါ် ကုပ်ကုပ်လေးထိုင်နေမိ၏။ဆရာဝန်မလာသေးခင် စက်ဆိုသည့် လူသည် ဦးရောင်စဉ် ကိုယ်တိုင်က သူဌေးဟု ခေါ်ရသည့် ထိုလူ့အား သွေးထွက်တိတ်အောင် Towel နှင့် သုတ်ပေးနေလေ၏။‌ဦးရောင်စဉ်က ရေဇလုံတစ်လုံးနှင့် စက်ဆိုသည့်လူဘေးကနေ ကူကာ ရေဝတ်လုပ်ပေးနေ၏။

"ဟေ့ရောင် ခေါင်းကွဲလို့ဆို"

အခန်းထဲတို့ အသံကျယ်ကြီးအော်ကာ ဝင်လာသည့် သူသည် လက်ထဲဆေးအိတ်ကိုင်လို့။

ဂျီမင် မျက်မှောင်ကြုတ်ပြတော့ တဟားဟားရယ်ကာ

"ဘာဖြစ်တာလဲ"

"ဟိုမယ်လေ ကျွန်တော်တို့သူဌေးရဲ့ ဟင်းးး ဒေါက်တာ"

စက်၏ စကားကြောင့် မက်စ်သည် ထယ်ယောင်း ဘက်လှည့်လာလေသည်။ပုံစံ တစ်ချက်အကဲခတ်ကာ ဂျီမင့်ဘက်ပြန်လှည့်ပြီး မျက်ခုံးပင့်ပြတော့

"ငါ့အမြန် ခေါင်းချုပ်ပေးဟ"

"အေး"

ပတ်တီးဘာညာ စီးပြီးတော့မှ စကားဝိုင်းစလေသည်။

"မင်းခေါင်း ၃ချက်ချုပ်လိုက်ရတယ်"

"အေးဆေးပါကွာ ငါ့လိုကောင်က ဒီလောက်စာမဖွဲ့ပါဘူး"

အလိုက်ကမ်းဆိုးက မသိ။သူ့အတွက် ကိုယ်က ပိုသာပြောပေးမလို့ကို။ဒီ Dominant Alphaက ဒီနေရာမှ အ နေတာ။

"ဘာစာ မဖွဲ့ရမှာလည်းသူဌေးရာ အခပ်မသင့်ရင် ‌အတိတ်မေ့နိုင်တယ် နော်ဆရာ"

ဦးရောင်စဉ်၏ တွန်းပို့မှုကြောင့် ထယ်ယောင်း အားနာသထက်အားနာလာရသည်။

"ဟုတ်တယ်ဂျီမင် မင်းပေါ့မနေနဲ့"

"ဒါနဲ့လေ သူဌေးက အခုလက်ရှိ အိမ်မှာတစ်ယောက်တည်းနေနေတာမလား ခေါင်းထိထားတော့ ရေချိုးဘာညာကြခေါင်းမူးရင် ချော်လဲနေမှာဘဲနော်"

စက်၏ တွန်းပို့မှုဖြစ်လေသည်။

"ဟုတ်တယ် ဂျီမင် မင်းဘေးမှာ လူတစ်ယောက်အနီးကပ်ရှိသင့်တယ်"

ဂျီမင် မသိမသာ ပြုံးကာ သူ့အပိုင်လေးကိုလှမ်းအကဲသည်။မျက်လုံးကလေးများ ဟိုဘက်သည်ဘက်ကူးကာ အကြံရှာနေသည် ထင်ပါရဲ့။

"ဟိုလေ ကျွန်တော်တာဝန်ယူပါ့မယ်"

အားလုံး မျှော်လင့်နေသည့်စကားမို့ ဦးရောင်စဉ်ရယ် စက်ရယ် မက်စ်ရယ် ပြုံးလိုက်ကြသည်။ဂျီမင်တစ်ယောက်သာ သူ့အပိုင်လေးကို ငေးစိုက်ကြည့်နေတာ။

"အင်း ထယ်ယောင်းလုပ်တာဘဲ တာဝန်ယူသင့်တာပေါ့"

"ဟုတ်ကဲ့ ကျွန်တော်တာဝန်ယူမှာပါ"

ဦးရောင်စဉ်က တစ်လှည့်ချွန်တွန်းပြီးသည့်အခါ စက်ကတစ်လှည့်

"တာဝန်ယူမယ့်အယူ အစစအရာရာတာဝန်ယူပေးပါ ကျွန်တော့်သူဌေးက လူပျိုလည်းလူပျိုတစ်ယောက်တည်းနေတာမို့ အစ်ကို ထယ်ယောင်းက သူဌေးနား အနီးကပ် ညအိပ်ညနေထိပါရှိပေးပါ"

"ဗျာ"

ဒီတစ်ခေါက် မက်စ် ၏ အောင်သွယ်ကလှည့်ဖြစ်၏။

"ဒီကောင့်ခေါင်း ရေမထိဖို့တစ်ယောက်တည်း ဘယ်လိုမှမရဘူး ဘေးကစောင့်ကြည့်ပေးမယ့်လူလိုတာမို့ မင်းဘေးကနေပေးပါ"

"ဟုတ်"

ဂျီမင် ရယ်လည်း ရယ်ချင်သည်။သူ့လိုကောင်က ဒီဒဏ်ရာ သုံးချက်ချုပ်ရတာ‌မပြောနှင့် ငယ်ငယ်က အဖိုးသေချာထိန်းကျောင်းလာလို့ သံဆူးကြိုးတွေကြားလည်း မရမက လမ်းလျှောက်ဖူးသည်။ကျည်ဆံတွေကြားလည်း ကျည်ကာဝတ်ပြီး တစ်ဖက်နှင့်ဖိုက်ရာက လက်မောင်းကျည်ထိခဲ့ဖူးသည့်ကောင်။နှစ်ဦးချင်း လက်နက်မသုံးဘဲ ကြိုးဝိုင်းမှာ ထိုးခဲ့ဖူးသည့် တကယ့် ဘာဆိုဘာမှမကြောက်တတ်တဲ့ကောင်။

"ကင်မ်ထယ်ယောင်း"

"ဟုတ်ကဲ့"

"ဒီနေ့ကစ အလုပ်မဆင်းနဲ့တော့"

"ဗျာ"

ဂျီမင် ဦးရောင်စဉ်၏ လေသံ သိပ်မကြိုက်ပေ။သူ့Omegaကို ဘယ်လိုလေသံနဲ့ ပြောနေတာလဲ။

"အဟင်းးး ကျုပ်အပိုင်ဆိုတာ ခင်ဗျားသိတယ်မို့လား"

"ဟုတ်ကဲ့ သိပါတယ်သူဌေး"

"ချက်ချင်း တောင်းပန်လိုက်"

ထယ်ယောင်း ဘာဆို ဘာမှနားမလည်ပေ။ထိုင်နေတာက ထကာ လက်ကလေကာလျက်

"အာ...မတောင်းပန်ပါနဲ့ ဘာတွေပြောနေလဲ မသိပေမယ့် ကျွန်တော့်ကို အလုပ်ထုတ်လိုက်တာလား"

ဂျီမင့်ကို ‌‌ဦးရောင်စဉ်လှမ်းကြည့်လေသည်။ဂျီမင်လည်း ထိုင်နေတာက ထကာ သူ့အပိုင်လေးအား မျက်နှာချင်းဆိုင်လျက်

"အင်း အခုချိန်ကစ မင်းကငါ့ကိုတာဝန်ယူရတော့မှာကင်မ်ထယ်ယောင်း"

&&&

ဒီအပိုင်းလေး သဘောကျရဲ့လားဗျ။






















































































































&&&





Continue Reading

You'll Also Like

350K 12.7K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
95.9K 2.2K 12
Park Jimin x Kim Taehyung
165K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
159K 4.5K 63
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...