Beyond the horizon [Heejake]

By kangseorim_nyo

4.4K 659 554

မင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ More

Who am I?
Now, we are friends.
My troublemaker
I like the person like you
The night
Is that you Ethan?
It's time to......
Lee Heeseung
Is loving a mistake?
THE END or THE BEGINNING
Where?
That's so dangerous but also beautiful
Lost the way
The last day with Ethan
Sim Jae..
My Hoon.
Let's go home, Ethan.
THE LAST PAGE (end)
saying good bye!

Please,...

196 29 24
By kangseorim_nyo


''မနေ့က ကိစ္စအတွက် ငါတောင်းပန်ပါတယ် အီသန်''

ပြတင်းပေါက်နံဘေးက ထိုင်ခုံပေါ် နုနုရွရွလေးထိုင်နေရင်း အညိုရောင်ရေဒီယိုအိုဆီက တိုးသဲ့သဲ့ တေးသွားအပိုင်းအစတွေကို နားဆင်နေသူကို မဝံ့မရဲနိုင်စွာ ဂျယ်ယွန်းတောင်းပန်တိုးလျှိုးမိလေတော့ ငဲ့ကြည့်လာတဲ့မျက်ဝန်းတစ်စုံရဲ့ စူးရှမှုအောက် ခေါင်းငုံ့ရှောင်ပြေးရုံသာ တတ်နိုင်တော့တယ်..။

မနေ့က ဂျယ်ယွန်းကျူးလွန်လိုက်မိတဲ့အမှားက ကမ္ဘာနဲ့ချီပြီးပြန်ဆပ်ရလောက်တဲ့ အကြီးမားဆုံးသောအမှား..။

အီသန့်ဆီက တူညီတဲ့တုံ့ပြန်မှုမျိုး ပြန်ရခဲ့တယ်ဆိုပေသိ ဂျယ်ယွန်းကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ရယ် မဆုံးတော့ပါဘူး။

မဟုတ်တောင် ချည်နှောင်ခံထားရတာ တော်တော်လေး ရုန်းရခက်နေပြီကို..။

ဂျယ်ယွန်းထင်ရာဆိုင်းပြီးကာမှ မနေ့ကတစ်နေကုန်လုံး အီသန့်ကို ပတ်ရှောင်နေမိတာကလည်း အူကြောင်ကြောင် နိုင်ကောင်းနိုင်နေလိမ့်မယ်။

ရှက်ရွံ့စိတ်၊ ကြောက်ရွံ့စိတ်၊ ကိုယ့်ကိုယ်ကို ပြန်ရွံရှာစိတ်တွေပေါင်းပြီး စိတ်အစဥ်တစ်ခုလုံး မီးပြိုက်ပြိုက်လောင်ကျွမ်းလေသလို ပူလောင်လွန်းလှတာမို့ အိမ်ရောက်လာတဲ့ ပတ်ဆောင်းဟွန်း ဆိုတဲ့လူငယ်ရှေ့ ဂျယ်ယွန်းမှာ လူမသိသူမသိ အပြစ်သားလုံးလုံးဖြစ်ရပါတယ်။

'' ဒါပေမယ့် ကိုယ်ရော.....''

''မင်းလည်း ငါ့ကို ခဏတာ အသိစိတ်လွတ်သွားလို့ဖြစ်မှာပါ။ ငါဘက်ကစတဲ့ အမှားပေမို့ ငါတစ်ယောက်တည်းမှာပဲ အပြည့်အဝ အပြစ်ရှိပါတယ်။''

''တောင်းပန်ပါတယ်..အဲ့နှုတ်ခမ်းတွေက သက်ဆိုင်သူရှိပြီးသားဆိုတာ ငါမေ့သွားတယ်။ အီသန် ငါ့ကို မုန်းခွင့်ရှိတယ်နော်..။ မုန်းပါအီသန်..မုန်းလိုက်ပါ ငါ့ကို။''

ဂျယ်ယွန်း နှုတ်ကလည်း တဖွဖွရွတ်ရင်း စိတ်ထဲကပါ တောင်းဆုပြုမိပါရဲ့။အီသန်သူ့ကို မုန်းလိုက်မယ်ဆို ဂျယ်ယွန်း နည်းနည်းတော့ လက်လွှတ်ဖို့အတွက် ​ဖြေသာရာလေး ရလိမ့်မှာ..။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုမုန်းသွားပြီပဲ ဆိုပြီးတော့။

အီသန့်ဘက်က နည်းနည်းလေးကောင်းပေးရင် ဂျယ်ယွန်းဘက်က အများကြီး ရစ်တွယ်မိတဲ့အခေါက်တွေ များလှပြီမို့ ဂျယ်ယွန်းမယ် ရင်နာနာနဲ့ပဲ ချစ်ရသူဆီက အမုန်းတွေကို အရူးတစ်ယောက်လို တောင့်တမိလေတော့ရဲ့။

အီသန်ဟာ တိတ်ဆိတ်သွားပြီး အတန်ကြာတဲ့အထိ ဘာစကားမှ မပြောတော့ဘဲ ဂျယ်ယွန်းကို ငေးကြည့်လာတယ်။ ရေဒီယိုဆီက 1900ကျော်ရဲ့သံစဥ်တစ်ပုဒ် ဝိုးတဝါးအသံနဲ့ တိုးချည်တိုးလှည့်ထွက်ပေါ်နေတာကြောင့်သာ လောကကြီးက အသက်ဝင်နေသယောင် တွေးထင်ရတယ်။ ရေဒီယိုဖွင့်ထားပေမယ့် ဂျယ်ယွန်းလိုမျိုးပဲ အီသန်လည်း သီချင်းကို ခံစားနေမိမှာ မဟုတ်ဘူး။

အခုချိန်မှာ နှလုံးသားတွေလည်း အခြားအပိုအလို ခံစားချက်တွေကို ထည့်မသိမ်းနိုင်လောက်သည်အထိ ပင်ပန်းနေရပြီမဟုတ်လား..။

''ဘာလို့လဲ? ဘာလို့ မုန်းခိုင်းတာလဲ..ဟင်?''

အီသန်ဟာ ပြောရင်းနဲ့မှ ထိုက်ခုံကထရပ်ပြီး ဂျယ်ယွန်းနဲ့ မျက်နှာချင်းဆိုင် ကပ်ကပ်လေးမှာ ရပ်လိုက်တယ်။

ဂျယ်ယွန်း နောက်ကိုသာ အမြန်လေး ဆုတ်ပြေးမိပါရဲ့လေ..။ သည်ရပ်ဝန်းဟာ အန္တရာယ်တွေ ပြည့်နေတာမှန်း ဂျယ်ယွန်းလောက် ဘယ်သူက ပိုသိဦးမလဲ။

အီသန်နဲ့အကြည့်ချင်းမဆုံမိအောင် ခေါင်းတွင်တွင်ငုံ့ထားမိတဲ့ ဂျယ်ယွန်းကိုကြည့်ပြီး အီသန်သက်ပြင်းတစ်ချက် ချလိုက်တယ် ထင်တယ်။ ခပ်ပြင်းပြင်း ထွက်သက်ငွေ့တစ်ခုက ဂျယ်ယွန်းဦးခေါင်းပေါ်က ဆံနွယ်တွေကြား ယှက်ပြေးသွားတာ..။

''ကိုယ့်ကိုကြည့်..''

''...''

''ဂျယ်ယွန်း ကိုယ့်ကိုကြည့်စမ်း''

ဆယ်ကွေ့မှာတစ်ကွေ့လောက် ရှားရှားပါးပါး ကြုံရတဲ့ အီသန့်အမိန့်ပေးသံကို ဂျယ်ယွန်းလွန်ဆန်နိုင်စွမ်းမရှိဘူး။ ဂျယ်ယွန်းရဲ့ လက်တစ်ဆစ်စာ မာနလည်း ဒီလူနဲ့တွေ့ရင် ပျက်ပြားရတာပဲ..။

ကလေးဆန်ခြင်းတွေရဲ့နောက်ကွယ်မှာ သိုသိုသိပ်သိပ်ဖွက်ထားတဲ့ အာဏာစက်လက်သည်းလေးတွေကို ဒူးထောက်ခစားဖို့ ရှင်းမ်ဂျယ်ယွန်းမှာ တာဝန်အပြည့်ရှိတယ်။ ဘယ်လိုအထက်ပုဂ္ဂိုလ်မျိုး၊ ဘယ်လို အမိန့်စာမျိုးမှ မလိုအပ်ပဲ ကိုယ်တိုင်လိုလိုလားလား ထမ်းဆောင်းချင်မိတဲ့ တစ်ဖက်သက်ဆန်ဆန် တာဝန်ဝတ္တရားလေးတွေ ဆိုသော်ငြား ဂျယ်ယွန်းမှာ မငြိုငြင်ဝံ့၊ မငြိုငြင်ရက်ပါဘူးလေ..။

ချစ်တာလေ..ဂျယ်ယွန်းက အီသန့်ကို အဲ့လိုချစ်တာ။

ဝဲဘက်ရင်အုံဆီက တဆက်ဆက်လှုပ်ခုန်နေတဲ့ နှလုံးသည်းပွတ်တစ်ခုလုံး လိပ်ပြာမလုံခြင်းတွေနဲ့ သွေးစိမ်းရှင်ရှင်ကျရလောက်တဲ့အထိ ဂျယ်ယွန်းက သူ့ကိုမှ စွဲလမ်းတယ်။

''ငါတို့ အမှားတွေကိုလည်း မှားမှန်းသိသိ ကျူးလွန်းမိခဲ့ကြဖူးပြီ။ ဒီ့ထက်ပိုပြီး အမှားတွေကြားမှာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ မလဲကျချင်ရင်...တစ်ခုခုကိုတော့ ပြတ်သားရတော့မှာပေါ့။''

''ကိုယ်တို့ ဘာကိုရော မပြတ်မသားလုပ်ခဲ့ကြလို့လဲ ဂျယ်ယွန်း?''

''မနေ့က နမ်းခဲ့တဲ့ကိစ္စကို မတော်တဆအမှားလို့ ဂျယ်ယွန်းက တွေးနေရင်တော့ ဝမ်းနည်းစရာပဲ။ ဂျယ်ယွန်းနဲ့ မတွေ့ခင်ဘဝမှာ ကိုယ်ဘယ်လိုလူဖြစ်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဂျယ်ယွန်းနဲ့သိပြီးနောက်ပိုင်းမှာတော့ ကိုယ်ဘယ်လိုအမှားမျိုးကိုမှ လက်လွှတ်စပယ် မကျူးလွန်းခဲ့ဖူးဘူး..။''

''မနေ့က....ကိုယ့်အတွက်တော့ အမှားမဟုတ်ခဲ့ဘူး ဂျယ်ယွန်းရဲ့..။''

ဂျယ်ယွန်း ကြောက်လန့်အားကြီးစွာ အီသန့်ကို ငေးကြည့်မိတယ်။ အီသန်ဟာ သူပြောနေတဲ့စကားအဓိပ္ပါယ်ကို သူကိုယ်တိုင်ရော သိရဲ့လား။

အီသန်ဟာ ဂျယ်ယွန်းသတိလက်လွှတ်ဖြစ်နေတုန်းမှာတင် ဂျယ်ယွန်းရဲ့လက်ကောက်ဝတ်တွေကိုတင်းနေအောင်ဆွဲပြီး သူနဲ့နီးကပ်စေတယ်။ ဂျယ်ယွန်း ရုန်းပေမယ့် အီသန်ကတော့ ထွေထွေထူးထူး အားစိုက်စရာမလိုပဲနဲ့ကို ဂျယ်ယွန်းရဲ့လက်ကို ကိုင်ထားနိုင်သေးတုန်း..။

ဂျယ်ယွန်းကို ချည်နှောင်ရာမှာလည်း အီသန်က အခုလိုပဲ ထွေထွေထူးထူး အားထုတ်စရာလိုခဲ့ပုံမပေါ်ပါဘူး..။

အကြောင်းပြချက် တိတိကျကျမရှိဘဲ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို ဂျယ်ယွန်းအရမ်းမုန်းတာပဲ။ ဘယ်လိုကြောင့်ပါဆိုပြီး သေချာမပြောပြတတ်တောင် သည်မျက်ရည်တွေက တစ်နည်းမဟုတ်တစ်နည်း အီသန်နဲ့ပက်သက်နေတာမို့ ဂျယ်ယွန်းက ပိုမုန်းရတယ်။

အီသန်ဆိုတဲ့ ယောကျာ်းကို ဂျယ်ယွန်းရဲ့ဘဝမှာ အမှတ်တရကောင်းတစ်ခုအနေနဲ့ပဲ ရှိနေစေချင်ခဲ့တာ..။

ဝေးကြသည်ဖြစ်စေ နီးကြသည်ဖြစ်စေ အီသန့်ကိုတော့ အကောင်းဆုံးအပိုင်းအနေနဲ့ သည်တစ်ဘဝမှာ ချန်ရစ်ခဲ့ချင်တယ်။ ဂျယ်ယွန်းရဲ့ နောက်ဆုံးနေဝင်ချိန်ရောက်လို့ ကျန်ရစ်ခဲ့တဲ့ မှတ်ဉာဏ်တွေကို ပြန်ပြီးပုံဖော်တမ်းတကြည့်လိုက်ရင် နွေညနေခင်းတစ်ခုမှာ ဒဏ်ရာတွေအပြည့်နဲ့ရောက်လာတဲ့ အမျိုးသားတစ်ဦးကိုတော့ မှတ်ဉာဏ်လှလှလေးအနေနဲ့ ပြန်ပြီးတွေးတောကြည့်ချင်တာ..။

အခုတော့ ဂျယ်ယွန်းမယ် အီသန်နဲ့ပက်သက်လာရင် အသေးအမွှားလေးကအစ မျက်ရည်လွယ်လွန်းနေတော့ အခက်တွေ့လှတယ်။

ဂျယ်ယွန်းရဲ့ပါးပြင်ပေါ် အီသန့်လက်ချောင်းတွေ ခပ်ဖွဖွပြေးသွားတော့ ဂျယ်ယွန်းနောက်ထပ်မျက်ရည်တွေကျမလာအောင် ထိန်းယူလိုက်တယ်။ ဒီယောကျာ်းရှေ့မှာ သူပျော့ညံ့မနေချင်ပါဘူး။

''မင်းမှားမယ် အီသန်..မင်းတကယ်ချစ်တဲ့လူက ငါမဟုတ်ဘဲ ပတ်ဆောင်းဟွန်းဆိုတာကို မင်းမမေ့နဲ့!!''

အီသန်မျက်နှာ တစ်ချက်ပျက်သွားတယ်..။

ဂျယ်ယွန်းရဲ့လက်ကောက်ဝတ်ပေါ်က ခပ်ပြင်းပြင်း အားတစ်ခုလည်း ပြေရော့သွားသလိုပဲ။

တွေ့လား..အီသန်က ပတ်ဆောင်းဟွန်းကို မေ့မေ့ပျောက်ပျောက်ဖြစ်နေမိတဲ့ ကာလတွေမှာသာ ဂျယ်ယွန်းဘက် ယိမ်းတာ။ တကယ့်အမှန်တရားကြီးကို ခဏတာ ဂရုစိုက်မှုတွေကြောင့် မျက်နှာလွှဲခဲပစ်လုပ်ချင်နေတဲ့ အီသန်ဟာ သိပ်ကိုမှခက်တယ်။

ဒီပြောမကောင်းဆိုမကောင်း ယောကျာ်းကို ဂျယ်ယွန်းမဟုတ်ဘဲ ဆုံးမပေးမယ့် လူတစ်ယောက်လောက်များ မရှိဘူးလား။ လမ်းမှားနေတဲ့ယောကျာ်းကို ပတ်ဆောင်းဟွန်းဆီ ပြန်ဦးတည်သွားစေဖို့ ခြေဖဝါးတွေအောက် ဘယ်လမ်းခင်းပေးရပါ့မလဲ။

ဂျယ်ယွန်းကတော့ အလွမ်းလွန်ပြီး စိတ်ဝိဉာဥ်ပါ ချုပ်ငြိမ်းသွားစေဦးတော့ ပတ်ဆောင်းဟွန်းကျခဲ့တဲ့ မျက်ရည်တွေကို လေးစားအားနာမှုတော့ ရှိပေးရဦးမယ်။ ပျော်ရွှင်မှုကြောင့်မဟုတ်ရင် ဘယ်လိုမျက်ရည်မျိုးပဲဖြစ်ဖြစ် ဂျယ်ယွန်းက ရွံ့သီးသူမို့ ကိုယ်နာကျင်နေရသလို ပတ်ဆောင်းဟွန်းလည်း တစ်ပြားဖိုးမှမလျော့ပဲ နာကျင်ခဲ့ရမှာပဲ..။

ချစ်ခြင်းမေတ္တာတွေကိုတော့ လာမယှဥ်ပါနဲ့လေ..။

ဂျယ်ယွန်းက ရွှံ့စေးနံ့သင်းတဲ့ ရပ်ဝန်းကျဥ်းကျဥ်းလေးထဲကစလို့ ဟိုးကမ္ဘာအစွန်းတစ်ဖက်စီက ဝင်ရိုးတွေအလွန်အထိ မေတ္တာတွေ သီးသန့်ပျိုးထားတဲ့လူပါ။

ထိန်းမနိုင်သိမ်းမရ ကြီးထွားလာတဲ့ မေတ္တာပျိုးပင်တွေကြား လက်လွှတ်နိုင်မယ့်သတ္တိတွေကိုလည်း တစ်စဆီလိုက်ကောက်ထားရတဲ့လူပါ။

လွှတ်ချပြလို့မရတဲ့ နာကျင်မှုတွေကို ရင်ဘက်တစ်ခုလုံးအပြည့် ခပ်တင်းတင်းပွေ့ထားရတဲ့လူပါ။

''နေကောင်းနေပြီဆို ပတ်ဆောင်းဟွန်းနဲ့ ပြန်လိုက်သွားဖို့ စဥ်းစားသင့်ပြီ''

အဲ့လိုပဲ တစ်ချိန်တည်းမှာ လူဆိုးကြီးဖြစ်နေရတဲ့ လူဆိုလည်း မမှားပြန်ဘူး။

''အစကတည်းက ဇာတ်လမ်းကရှင်းရှင်းလေးရယ်။ မင်းသေချာကျန်းမာပြီး မိသားစုနဲ့ပြန်အဆက်အသွယ်ရတဲ့အထိ ငါနဲ့အတူနေမယ်။ အခုတော့ မင်းရဲ့ မိသားစုဝင်နီးနီးအရေးပါတဲ့လူတစ်ယောက်နဲ့ အဆက်အသွယ်ရပြီလေ။ မှတ်ဉာဏ်တွေအကုန် ပြန်မရသေးဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ တစ်ဖက်လူကို နာကျင်ရအောင်လုပ်နေတာတော့ လွန်လွန်းတာပေါ့ အီသန်..အာ...အီဟီဆွန်းရဲ့။''

အီသန့်မျက်ဝန်းတွေ သာမာန်ထက်ပိုပြီးတောက်နေတာ မျက်ရည်တွေကြောင့်ထင်တယ်။ လက်ကောက်ဝတ်ကို တဖြည်းဖြည်းလွှတ်ပေးပြီး နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်သွားတဲ့ အီသန်က ဂျယ်ယွန်းရဲ့ စကားတွေကြောင့် ဝမ်းနည်းသွားသလိုပါ။ အင်း..ဒီပုံအတိုင်းဆို ဂျယ်ယွန်းရဲ့ အားထုတ်မှုကလေး အရာထင်သွားပုံပေါ်ရဲ့..။

မုန်းတဲ့အထိ မဟုတ်ရင်တောင် ဂျယ်ယွန်းအပေါ် အီသန်နည်းနည်းလေးဖြစ်ဖြစ် စိတ်နာသွားတယ်ဆိုရင် ဂျယ်ယွန်း လမ်းခွဲခြင်းကို မျက်နှာချင်းဆိုင်ဝံ့လောက်တယ်။

ခက်ခက်ခဲခဲတင်းထားရသမျှ ခွန်အားလေး ယိုင်နဲ့မသွားအောင်လို့ နှုတ်ခမ်းအတွင်းသားတွေကိုတော့ အံကျိတ်ပြီးကိုက်ခဲထားရတယ်။ မျက်စိရှေ့ကယောကျာ်းရဲ့ မျက်ရည်တစ်စက်ကို ပြာပြာသလဲမသုတ်ပေးမိစေဖို့ ဆင်ခြင်တုံတရား အပြည့်လိုတာကိုး..။

အပျက်ပျက်အဆက်ဆက် မာနတရားတွေနဲ့ သိက္ခာတရားတွေကို Puzzelဆက်သလို တစ်စဆီပြန်ဆက်နေရတာက သည်လောက်ထိ ခက်ခဲလွန်းပါတယ်။

''ခဏနေ ဆင်းခဲ့..။ မနက်စာစားပြီရင် ပတ်ဆောင်းဟွန်းရောက်လာလိမ့်မယ်။ ငါတို့စီစဥ်သင့်တာတွေ စီစဥ်ရဦးမယ်လေ။''

ပတ်ဆောင်းဟွန်းကိုတော့ အီသန့်ကိုအတင်းအကျပ်ဖိအားမပေးပါနဲ့လို့ တောင်းဆိုခဲ့ပြီး အခုဂျယ်ယွန်းကိုယ်တိုင် အီသန့်ကိုဖိအားတွေ တစ်ပုံတစ်နင်းပေးမိနေတာကလည်း သိပ်ကိုမှ အရုပ်ဆိုးလွန်းတာပဲ။

စိတ်ကူးနဲ့လက်တွေ တစ်ထပ်တည်းမကျတဲ့ လောကကြီးထဲမှာ ဂျယ်ယွန်းက ဘာတွေကိုသွားမျှော်လင့်မိနေတာလဲ မသိဘူး။ အီသန်ပြန်သွားတဲ့အခါကျရင်တော့ ဂျယ်ယွန်းဒီမြို့ကို ခွာဖို့ ဆုံးဖြတ်ထားတယ်။

အပြီးမဟုတ်တောင် အချိန်ကာလအရှည်ကြီး တစ်ခုလောက်အထိတော့ ဖြစ်လိမ့်မှာ။ မေမေတို့ရှိတဲ့ သြဇီကိုပြန်ပြီး ဒီမြို့ကျဥ်းလေးဆီက မျက်ရည်တွေကို မေ့ပစ်လိုက်ချင်တယ်။

မဟုတ်ရင် အီသန့်အရိပ်တွေကို နေရာတကာမှာ မြင်နေရတော့မှာ..။ အီသန်နဲ့အတူရှိနေခဲ့တဲ့ နေရာကိုစွန့်ခွာပြီး ခံစားချက်တွေ အနည်ထိုင်သွားလောက်တဲ့အထိတော့ ရှောင်ပြေးချင်သေးတာလေ။

ခံစားချက်တွေ အနည်ထိုင်သွားရင် ပျိုးထားတဲ့မေတ္တာပန်းတွေကိုလည်း မျက်နှာလွှဲဝံ့လောက်မယ်မျှော်လင့်ရတယ်။ အီသန်နဲ့ပက်သက်တဲ့အရာမှန်သမျှကတော့ အနည်ထိုင်ရုံလောက်သာ ဂျယ်ယွန်းလုပ်ယူနိုင်မယ်။ အပြီးပျောက်ကွယ်သွားတဲ့အထိ ဖျောက်ပစ်လိုက်ရအောင် နွေညနေတွေမှာ ပျိုးခဲ့တဲ့ သည်မေတ္တာတွေက ဘယ်လောက်ထိအားကောင်းသလဲ ဂျယ်ယွန်းကိုယ့်ကိုယ်ကို သိပြီးသား..။

အီသန့်ကို ကျောခိုင်းခဲ့ပြီး အိမ်အောက်ထပ်ပြန်ဆင်းဖို့ ဂျယ်ယွန်းခြေလှမ်းတွေကို အားမွေးပြီးမှလှမ်းနိုင်တယ်။ အဲ့လိုပဲ..အီသန့်ကို ထားရစ်ခဲ့ရမယ့် အခြေအနေမျိုးဆို လှမ်းရမယ့်ခြေလှမ်းတွေက အစ အားအင်ယုတ်ချင်နေရော။

''ဂျယ်ယွန်း''

တောင့်တင်းသွားတဲ့ ခန္ဓာကိုယ်နဲ့အတူ ဂျယ်ယွန်းမှတ်ချက်ချလိုက်နိုင်တာက အီသန်သိပ်ဆိုးတယ် ဆိုတာပဲ။ ချောက်ကမ်းပါးစွန်းယံမှာ ခက်ခက်ခဲခဲ ကုပ်တွယ်ထားတဲ့ မြက်အရိုင်းပန်းလေးလို ချိနဲ့နဲ့ခွန်အားတွေကို အီသန်က အပွေ့အဖက်တစ်ခုတည်းနဲ့ ရိုက်ချိုးပစ်ဖို့ ကြိုးစားနေတာ..။

နောက်ကျောပြင်တစ်ခုလုံးဆီမှာ ဝေ့ဝဲနေတဲ့ အနွေးဓာတ်ဆီ ရူးရူးမိုက်မိုက် ခြေစုံပစ်မဝင်မိစေဖို့ ဂျယ်ယွန်း ဖန်ဆင်းရှင်ရဲ့ နာမတော်ကို စိတ်ထဲကနေ အဖန်ဖန် တမိတော့ရဲ့။ ရင်ဘက်ပေါ်မှာ သိုင်းယှက်နေတဲ့ ခပ်ကျယ်ကျယ် လက်ဖမိုးတွေကို တန်ပြန်မဆုပ်ကိုင်မိစေရန်အလို့ငှာ တောင်တန်းစိမ်းစိမ်းတွေလို သွေးကြောတွေထိုးထောင်လာသည်အထိ လက်သီးသာ တင်းတင်းဆုပ်ထားမိတော့တယ်။

အီသန်ဟာ သိပ်ကိုမှ အန္တရာယ်များတဲ့ယောကျာ်း။
ခက်ခက်ခဲခဲ ချုပ်တည်းထားရတဲ့ မျက်ရည်ဆည်တံခါး ပွင့်ကျလုနီးနီးကို အီသန်က အန္တရာယ်များတာ..။

''ဂျယ်ယွန်း..ကိုယ် ဂျယ်ယွန်းနဲ့ပဲ အတူရှိနေလို့မရဘူးလားဟင်? ကိုယ်..ကိုယ်လေ..ဂျယ်ယွန်းနဲ့ပဲ အတူနေချင်တော့တယ်။ ဂျယ်ယွန်း ကိုယ့်ကို နှင်မထုတ်ပါနဲ့နော်..။''

''ငါတို့ ဒီကိစ္စကို ပတ်ဆောင်းဟွန်းလာမှ ဆက်ပြောကြတာပေါ့။''

ငိုသံစွက်ချင်တဲ့ တောင်းဆိုချက်တစ်ခုကို သွေးအေးအေးနဲ့ လျစ်လျူရှုလိုက်တဲ့ ဂျယ်ယွန်းကတော့ အီသန့်ထက် ပိုရက်စက်တတ်အောင် ကြိုးစားရတယ်။ အီသန့်ဘက်က ဂျယ်ယွန်းဆီ ခြေတစ်လှမ်းလှမ်းလာရင် ဂျယ်ယွန်းက ဆယ်လှမ်းစာ နောက်ဆုတ်ပြေးရမယ့်လူ..။

ဂရုစိုက်မှုတွေနဲ့ အနေနီးမှုကြောင့် အီသန်က မတော်တဆ စိတ်ယိုင်သွားရုံပါ။ နောက်ဆုံးမှာတော့ ဂျယ်ယွန်းက ဒီအတိုင်း သာမာန်ဇာတ်ပို့တစ်ယောက်အနေနဲ့ ကန့်လန့်ကာချရမယ့် လူတစ်ယောက်အပြင် ဘာမှမပိုဘူး။

''ဂျယ်ယွန်း ဘာကိုစိတ်ပူနေတာလဲဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် ဂျယ်ယွန်းသိထားပါ..။ ကိုယ်က ကမ္ဘာပျက်တဲ့အထိ ဂျယ်ယွန်းနဲ့ပဲ အတူရှိနေမယ့် ဖြစ်တည်မှုဆိုတာကို။''

အဲ့ဒီနောက်မှာတော့ ဂျယ်ယွန်းရဲ့ နားထင်စပ်ပေါ် ဖြတ်ပြေးသွားတဲ့ ပူနွေးနွေး အထိအတွေ့တစ်ခုနဲ့အတူ နောက်ကျောဘက်က ဆွဲနှောင်မှုသည်လည်း ပြေလျော့သွားခဲ့တယ်။ ဘယ်လိုပဲ မျက်ရည်မကျဘူးလို့ အသံတိတ်ဟစ်ကြွေးထားစေဦးတော့ ဒီယောကျာ်းဟာ ဂျယ်ယွန်းရဲ့ အရာရာကို ပျော့ညံ့သွားအောင်လုပ်နိုင်စွမ်း သိပ်ရှိတာပဲ။

အတားအဆီးမဲ့ ပြိုကျလာတဲ့ တိမ်ညိုတွေကို အီသန်မမြင်အောင် ဂျယ်ယွန်းအိမ်အောက်ထပ်ကို တစ်ချိုးတည်းဆင်းခဲ့လိုက်တော့တယ်။ မျက်ရည်မကျအောင် စွမ်းဆောင်နိုင်စွမ်း မရှိဘူးဆိုရင်တောင်မှ ကျလာတဲ့မျက်ရည်တွေကို သူမမြင်အောင် ကွယ်ဖွက်နိုင်တဲ့ အခွင့်အရေးရှိသေးတယ်လေ။

_____________________

ငါခံနိုင်ရည်တွေမမဲ့ခင် မင်းကိုစိတ်ဖြောင့်ဖြောင့်နဲ့ ကျောခိုင်းခွင့် ပေးပါကွယ်..။
______________________

🍃

tbc~




ဇာတ်သိမ်းနီးလာပြီလားမသိဘူးရယ်..။
ဂန်ဆော အထင်တော့ နောက်လေးငါးပိုင်းလောက် ဖြစ်မယ်ထင်ပါရဲ့💚

_🎻


Continue Reading

You'll Also Like

469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
182K 4.1K 33
Ayda and Kingston are seniors at the same high school. Their graduating class is over 300 people they have a few classes together but don't talk and...
960K 21.9K 49
In wich a one night stand turns out to be a lot more than that.
16.3K 1.6K 15
ENHYPEN PARK SUNGHOON×PARK JONGSEONG