ခရီးမှာ ရန်ကုန်မှ ၃၉မိုင်ခန့်ဝေးသော မိုးယွန်းကြီးအင်းသို့ လေ့လာရေးသွားရောက်မည်ဖြစ်သည်။
အိန္ဒြာ၏ဒယ်ဒီကို ထိုမနက်မှပြောသောကြောင့် မလွှတ်ချင်ပဲလွှတ်လိုက်ရသည်။
ဟေမာတို့အုပ်စုမှာ စကားပြောနေကြသည်။နှင်းယုကိုကြည့်နေသော ဟေမာကြောင့် နှင်းယုအနေခက်မိသည်။သူမထိုနေ့၏ အတွေးစသည်
တစ်စနှင့် တစ်စ ပြန်မြင်ယောင်လာသည်။
Time Flash-back
"ကျွန်မလေ နှင်းယုကို သဘောကျနေမိပြီရှင့်"
"ရှင်..."
နှင်းယုအံ့ဩမိပါသည်။ သူမကို အကြင်နာမျက်ဝန်းဖြင့် ကြည့်နေသော ဟေမာကို သူမ ဘယ်လို ငြင်းရက်ပါ့...။
သို့သော် ထိုနေရာမှထွက်ခဲ့သည်။ဟေမာအနောက်ကနေ လိုက်လာရင်း
"နေပါဦး နှင်းယု!"
"နှင်းယုရယ် နှင်းယု ကျွန်မရှင်းပြပါမယ်!"
နှင်းယုလည်း ဆက်မသွားတော့ပဲ ဟေမာ့ဘက်ပြန်လှည့်လာသည်။ဟေမာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် နှင်းယုကို စကားစသည်။
"နှင်းယု နားမလည်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်"
"ဒါပေမဲ့ နှင်းယု...နှင်းယု လက်မခံနိုင်ဘူး"
"ကျွန်မနှင်းယုကို သဘောကျတယ်ဆိုတာ ယုံကြည်ပေးဖို့အတွက် စောင့်ပေးပါလား"
"........"
"ကျွန်မနားလည်ပါတယ် ဒီကိစ္စက အရမ်းမြန်ဆန်သွားမှန်း ကျွန်မ သိပါတယ်"
"ဒါပေမဲ့ နှင်းယုရဲ့ အဖြေက ဘာများလဲ သိလို့ရမလား"
"နှင်းယု....နှင်းယုက ဒီမှာ ကျောင်းပြီးအောင် တက်ဦးမှာ ပြီးမှ ဟေမာနဲ့ ပြန်တွေ့ကြမယ်လေ အဲ့ကျ နှင်းယုရဲ့ အဖြေက ဘာလဲဆိုတာ ဟေမာ ရှင်သိလိမ့်မယ်"
"နှင်းယု ဘာကိုပြောချင်တာလဲ"
မဟုတ်ပါစေနှင့် လို့သာ ဆုတောင်းမိသည်။သို့သော် ကံကြမ္မာက မျက်နှာသာ မပေး။
"နှင်းယုကျောင်းပြီးတာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပြီးသားပါ"
ဟေမာ ဝမ်းနည်းသွားသည်။ငိုချင်သော စိတ်ကို မနည်းချုပ်တည်းထားနေရသည်။နှင်းယုသိပါသည်။
"သွားလို့မရဘူးလား နှင်းယုရယ် ဒီနိုင်ငံမှာပဲ အလုပ်လုပ်လို့မရဘူးလား ဟမ်"
နှင်းယု ခေါင်းခါမိသည်။သူမဘက်ကလည်း မတတ်နိုင်ဘူးဆိုသည့်အနေဖြင့် သက်ပြင်းချမိသည်။
"ဒါဆို နှင်းယု ဒီတစ်ခုတော့ သတိရပေးပါနော်
ဟေမာဆိုတဲ့ လူက တွေ့ခဲ့တဲ့ နှင်းယုကိုပဲ စောင့်နေပါမယ်လို့..."
"နှင်းယုပြန်တော့မယ်နော် ခွင့်ပြုပါဦး"
"ကျွန်မလိုက်ပို့ပေး....."
"ရပါတယ် ဟေမာ ရှင် မလိုက်ပို့ပါနဲ့!"
"ကျွန်မအမေ့ဆီ ခဏဝင်ရဦးမှာမို့လို့ပါ"
..................................…......................
ထိုနေ့ကစပြီး နှင်းယု တစ်ယောက် ဟေမာကို ရှောင်ဖယ်လာခဲ့သည်။နှင်းယု အတွေးကို ဖျောက်လိုက်ကာ
"ရောက်ကြပြီလား "
"Wowww ဝိုးး လူတွေစုံနေကြပါလား"
"ဟမ် မင်းက!"
"နင်က ဘယ်သူလဲ"
"အိန္ဒြာ!"
"မကြောက်နဲ့ နှင်းယု တို့ရှိတယ်နော်"
ထိုလူက မင်းမြတ်ဖြစ်နေတယ်။
"မြင်တဲ့အတိုင်းပဲ ဒီအကိုကြီးက ညီမလေးတို့ခရီးစဉ်မှာ ပါဝင်မဲ့ အကိုပါ"
"အောက်တန်းစားကများ ကိုယ့်ကိုကိုယ် ဂုဏ်လာယူမနေနဲ့"
"ဟမ်! (ဟေမာ)" "အမ်....(မင်းမြတ်)"
ပျက်ယွင်းသွားသောမျက်နှာကို အမိအရတွေ့လိုက်ရတဲ့ အိန္ဒြာက ခနဲ့ပြုံးလိုက်သည်။
"ဒီမှာ အချောလေးတွေပါနေတာပဲ (မင်းမြတ်)"
ဟေမာ စဉ်းစားနေသည်။ ထိုမျက်နှာကို ရင်းနှီးနေသည်။ဘယ်နေရာ၌တွေ့ဆုံခဲ့သည်ကို မမှတ်မိ။ဟေမာ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
................................................................
ထိုနေ့က ..... ဟေမာသည် နှင်းယုပြန်သွားသည်နှင့်တစ်ပြိုင်နက် ကားထဲသို့သွားကာ ချုပ်တည်းထားသမျှ ငိုချလိုက်သည်။
"အရှင်ဘုရား!ဘာလို့ ကျွန်မကျမှ ဒီမိန်းကလေးတစ်ယောက်ကိုမှ ချစ်မိသွားခဲ့ရတာလဲ"
"လူတစ်ယောက်နဲ့တစ်ယောက် ချစ်တာ ဘာလို့ခဲယဉ်းကြတာလဲ! ဟမ်"
"ငါ့အလှည့်ကျမှ ချစ်ရမယ့်ကံမပါလာကြတာလဲ"
ဟေမာ ပေါက်ကွဲစွာ ပြောချင်ရာပြောပြီး ကား၏စတီရာတိုင်ကို ဒဏ်ရာရနေသော လက်ဖြင့် ရိုက်နေမိသည်။
အချိန်အနည်းငယ်အကြာတွင် ဟေမာစိတ်ကိုစုစည်းပြီး အိမ်ကို ဖုန်းဆက်သည်။
"အမေရေ သမီး ဒီနေ့ မြင့်မိုရ်အိမ်မှာ အိပ်မှာ အဲ့တာ အမေ့ကို လှမ်းပြောတာ"
"အမယ် ဘာသွားလုပ်တာတုန်း"
"သမီး အိမ်စာတွေက မရှင်းလို့ အဲ့တာတွေ သူရှင်းပြမယ်လို့ ပြောထားလို့ပါ"
"အမယ် ညဉ်းက စာတွေဘာတွေတောင် လုပ်နေတာလား"
"ဟာာ အမေကလည်း သမီးအရင်ကလည်း စာလုပ်ပါတယ်နော် အခုမှမဟုတ်ဘူး"
"ပြီးရော ဒါပဲ"
"ဟုတ် မေမေ အဲ့ဒါကြောင့် မေမေ့ကို ချစ်တာ"
ဟေမာ အားတင်းပြီးတော့သာ ပြောလိုက်ရပါသည်။တကယ်တော့ မြင့်မိုရ်အိမ်သို့ သွားရန်မဟုတ်ပါ။ဘားသွားရန်ဖြစ်သည်။
At Bar....
တစ်ခါမှ မရောက်ဖူးသော ဟေမာသည် ယောင်လည်ယောင်လည်ဖြင့် တစ်နေရာ၌ ထိုင်လိုက်သည်။ waiter တစ်ယောက်ရောက်လာကာ
"ဘာများသုံးဆောင်မလဲ မသိဘူး"
"ဟုတ်ကဲ့ ဝီစကီ လေးပေးပါ"
"ရေခဲထည့်ဦးမလားဗျာ"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ပါ ခဏလောက်စောင့်ပေးပါဗျာ"
ဟေမာ မျက်စိကစားကြည့်တော့ အတွဲများကြသည်။တစ်ချို့မှာ သူငယ်ချင်းများဖြင့် လာကြသည်ကို တွေ့မိသည်။
"မှာထားတဲ့ ဝီစကီ ရပါပြီဗျာ"
ဟေမာ မသောက်စဖူးသောက်သောကြောင့် အရသာမှာ အနည်းငယ်ပြင်းသည်။
"အဟွတ်ဟွတ်"
"ဟောဗျာ ဝီစကီကို ရေများမှတ်နေလားဗျာ!"
ဟေမာ ကြည့်လိုက်သည်။ဟေမာထက်တော့ ၂နှစ်၃နှစ် အသက်ကြီးပုံပေါ်သည်။
"ကြည့်ရတာ တစ်ယောက်တည်းထင်တယ် ကျွန်တော် ဒီမှာ ထိုင်လို့ရမလား"
မရဘူးလို့လည်းမပြောလို့မရ ။ မပြောခင်ကတည်းကပင် ထိုသူမှာ ထိုင်ပြီးသားပင်တည်း။
"ခင်ဗျားကို မြင်ရတာ စိတ်ညစ်စရာရှိတယ်ထင်တယ်
ရင်ဖွင့်လို့ရပါတယ်ဗျာ အားနာစရာမလိုပါဘူး"
"ကျွန်မမှာ ဘာမဖြစ်တာမို့ အားမနာပါနဲ့ ခဏနေ ပြန်တော့မှာပါ"
"ကိုယ့်ကိုကိုယ် မိတ်ဆက်ပါရစေ ကျွန်တော့ နာမည်က မင်းမြတ်ပါ..."