"ဟင်"
"minie ကကုတင်ပေါ်မအိပ်ပဲ စားပွဲပေါ်မှောက်ယက်ကြီး ဘာလို့အိပ်နေရတာလဲမသိဘူး"
တွေးစစနှင့်ပြောလာတဲ့ ထယ်ကြောင့် ရယ်သံသွေးကာ
"ကျောင်းမှာလဲမတွေ့ ပြန်ရောက်တော့လဲအိပ်နေတော့ ဒီနေ့သွား date ခဲ့လို့များလား"
"နောက်မနေနဲ့ ဂျွန်"
"စတာပါ ထယ်ရဲ့"
"ဂျီမင် ထလေ ကုတင်ပေါ်အိပ်မှပေါ့"
"အင်း"
အင်းတစ်လုံးသားဆို၍ စာကြည့်စားပွဲပေါ်မှ ထသွားသူသည် မျက်နှာသေဖြင့်
မျက်နှာသည်ရဲနေကာနှုတ်ခမ်းအရောင်တို့သည် ဖြူဖျော့လျက် ယိုင်နဲ့"ခြေလှမ်းတွေနှင့်ကုတင်ပေါ်တက်သွားကာ စောင်တွေထဲ တိုးဝင်သွားသည့်ကိုယ်ထည်သည်ခပ်ကွေး"
ထိုမြင်ကွင်းကြောင့်ဘဂျီမင့်အိမ်ကိုတစ်ခါလိုက်သွားတုန်းကာ ဂျီမင်အမေပြောခဲ့သည့်စကားကိုပြန်ကြားယောင်လာသည်
"သားလေးက စိတ်ခံစားလွယ်တယ်
တစ်ခုခုကို ဝမ်းနည်းရင် သူများတွေကိုလဲ မသိစေချင်ဘူး တစ်ယောက်ထဲ စောင်ပုံထဲ ကွေးကွေးလေးနေပြီး ငိုနေတတ်တာ"
စောင်ပုံထဲကွေးကွေးလေးဝင်သွားတာ
ဧကန်န ဝမ်းနည်းစရာများရှိလို့လား
ငိုနေလောက်လား ဘာလုပ်ပေးရမှာလဲ
အတွေးတွေများနေတုန်း ဆွဲခေါ်ခြင်းခံလိုက်ရတဲ့
လက်တစ်စုံဟာ ဖျတ်ခနဲ
"ဘာလို့လဲ ထယ် ဘာဖြစ်လို့လဲ"
"ဗိုက် ဗိုက်အောင့်လာလို့ လုပ်ပါအုံး"
အခန်းရှေ့မှရယ်မောသံတွေကြားတာကြောင့်
ကုတင်ပေါ်တက်ရန်ခြေလှမ်းခါနီး တံခါးက ဖျတ်ခနဲပွင့်လာသည် အချိန်သည်မမှီတော့
မျက်နှာချင်းလဲမဆိုင်ချင်သေးတာကြောင့်
ရေးလက်စ စာအုပ်လေးပေါ်ခေါင်းမှောက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်
မကြာပါ နာမည်ခေါ်ကာ နှိုးလာတဲ့
ချစ်ရသူကြောင့် အိပ်ချင်နေတဲ့ရုပ်ဖြင့် ကုတင်ပေါ်တက်ရန် အထ ခြေထောက်တွေသည်အားမရှိ အားတင်းကာ ယိုင်နဲ့"ခြေလှမ်းတွေဖြင့် ကုတင်ပေါ်တက်ကာ အကျင့်အတိုင်းစောင်ပုံထဲ ဝင်ခွေပြီး ဘာတွေများပြောကြမလဲ နားစွင့်နေတုန်း ယောင်းရဲ့ ဗိုက်အောင့်တယ်ဆိုတဲ့စကားကြောင့် ထချင်သော်လဲ မျက်လုံးတွေသည် ရီဝေဝေနှင့် ဖွင့်မရခဲ့
လက်သီးစုပ်များဖြင့် စောင်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ ထကြည့်သည်မရ မကြာပါ စိတ်ပူစွာ စိုးရိမ်တကြီး ပြောနေတဲ့ ချစ်ရသူအသံက နားထဲကိုအလုံးအရင်းဝင်လာသည်
"ဘယ်လိုဖြစ်ရတာလဲကွာ ကိုယ်ရင်တွေပူလိုက်တာ ဆေးခန်းသွားမှဖြစ်မှာပေါ့ လာ
ကိုယ်ပွေ့သွားပေးမယ်"
ရင်တွေပူလိုက်တာ။
ဆေးခန်းသွားမယ်။
ပွေ့သွားပေးမယ်။
အဟက် ထပ်ပြီး ထပ်ြပီးတော့လား
ထပ်ပြီးတော့ကျန်ခဲ့ပြန်တာလား
ငါလဲ နေမကောင်းဘူးလေ ဂျွန်ရယ်
ထပ်ပြီးတော့လျစ်လျူရှုခဲ့ပြန်တာလား
စောင်ပုံထဲမှ တသိမ့်"တုန်နေတဲ့ ကိုယ်ထည်လေးဟာ ငြိမ်ကြသွားပြီး လက်သီးစုပ်လေးတွေလဲ ပြေကျသွားသည်ကိုတော့ ချစ်ရသူကြောင့် စိတ်ပူနေခဲ့တဲ့ ပင်လယ်ပြာလေးမသိခဲ့
"Jungkook Jungkook ရေ"
"ဘယ်သူမှမရှိဘူးလား အခန်းတံခါးကြီးဖွင့်ပြီး"
"Jung ဟင် မင်က စောင်ကြီးခြုံပြီး နေမကောင်းတာများလား"
မျက်နှာတစ်ဝက်ပေါ်ကာစောင်ခြုံပြီးအိပ်နေတဲ့မင့်ကြောင့် စိတ်ပူကာ မင်ရှိရာကုတင်စီ လျှောက်လာ၍ နဖူးပြင်ကိုစမ်းမိသည်
ပူကျစ်နေတာပဲ ဒီကလေးနေမကောင်းတာကို
ဘယ်သူ့မှမပြောဘူးလား
"မင် မင်ရေ ထအုံး"
"မင် မင် သတိလစ်သွားတာလား"
10နာရီဆို အပြင်ထွက်ခွင့်မရှိ အပြင်ကသူအထဲဝင်ခွင့်မရှိသော အဆောင်စည်းကမ်းကြောင့် လက်မှနာရီကိုကြည့်တော့ ကံကောင်းသည်ဟုဆိုရမယ် 9နာရီပင်ရှိသေးသည် 10နာရီကျော်နေလဲ မင့် အတွက်ပဲ ထွင့်သင့်ရင်ထွက်ရမှာပေါ့
ပျူကျစ်နေသည့်ကိုယ်ထည်သည် ပွေ့ထားသည့်လူပင်ကြာကြာမပွေ့နိုင် သိပ်ကိုပူလောင်လွန်းနေသည်ကြောင့် စိုးရိမ်စိတ်တို့နှင့် ဆေးရုံသို့အပြေးအလွှားသွားခဲ့သည်
အဆောင်ရှေ့ရောက်သည်နှင့်ဖြတ်သွားသော taxi ကြောင့် ရပ်စောင့်နေစရာမလိုအဆင်သင့်ငှားကာဆေးရုံသို့မြန်"မောင်းခိုင်းရသည်
ဆေးရုံရောက်သည်နှင့် အသိဆရာဝန်တစ်ယောက်စီအပြေးအလွှားသွားကာစမ်းသပ်ခိုင်းရပြန်သည်
ထိုနေ့ညက အပူချိန်ကြောင့် ရဲတွတ်နေတဲ့ မျက်နှာလေးနဲ့ အားမရှိသည်ကြောင့် ဖြူရော်"ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ကောင်လေးကို ဆွဲပွေ့ကာ ပြေးလွှာနေတဲ့ ကောင်လေးသည် ဖရိုဖရဲနှင့် မလိုက်မဖက်ရှိလှသည်
ဆူညံနေတဲ့ပတ်ဝန်းကျင်
မျက်နှာပေါ်မှ ပူနွေးနွေးခံစားချက်
ဆိုးရွားလှတဲ့ ခပ်စိမ်း"အနံ့အသက်
မူးဝေနောက်ကျိနေသည့်ခေါင်းကြောင့်
မျက်ဝန်းများကို အားယူကာဖွင့်လိုက်သည်
မျက်လုံးဖွင့်ဖွင့်ခြင်း ပထမဆုံးမြင်လိုက်ရသည့်
မရင်းနှီးတဲ့ အဖြူရောင်မျက်နှာကျက်ကြောင့်
အဆောင်မဟုတ်ဘူးဆိုတာသိလိုက်သည်
ကိုက်နေသည့်ခေါင်းကို လက်ဖြင့်အသာဖိ၍
ကျန်လက်တစ်ဖက်ဖြင့် ကုတင်ကိုအားပြုကာ
ထထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကုတင်ပေါ်ထောက်ထားသည့် လက်သည်ဆစ်ခနဲ နာကျင်မှုကြောင့် ကြည့်မိရာ ဆေးပိုက်တန်းလန်းဖြင့်
ကျေးငှက်တွေရဲ့ တဆာဆာအော်သံတွေ
ဆေးနံ့တွေ ကုတင်တစ်ဖက်၌ ခေါင်းအောက်ကိုလက်ခု၍အိပ်နေသည့် ယွန်းဂီဟျောင်း
"ဆေးရုံပဲ"
"ဟင် မင် သတိရလာပြီလား ဘယ်လိုနေသေးလဲ သက်သာရဲ့လား ခနလေးနော် ဟျောင်း ဆရာဝန်သွားခေါ်ပေးမယ်"
ပြန်ပြောချိန်မရလိုက် တရပ်စပ်စကားတွေပြောမေးမြန်းကာ ထွက်သွားသည့်ဟျောင်းက အတော်ပင် စိတ်ပူနေသည့်ပုံ မကြာပါ ဆရာဝန်1ယောက် သူနာပြု2ယောက်နှင့်အတူပြန်ဝင်လာသည်
"သက်သာရဲ့လား လူနာ ဘယ်လိုနေသေးလဲ"
"ခေါင်းနဲနဲမူးရုံကလွဲရင် သက်သာပါတယ် ဒေါက်တာ"
"မနက်ဖြန်လောက်ထိတော့ ဒီမှာနားလိုက်အုံးပေါ့ အစားရှောင်စရာမလိုပေမယ့် အားရှိတာလေးတွေများ"စား"
"ဟုတ်ကဲ့ ကျေးဇူးပါဒေါက်တာ"
"ရောက်လာတာမြန်လို့ပေါ့ မဟုတ်ရင် မတွေးရဲစရာပဲ ဆေးတွေကတော့ ဒီကျောင်းသားစီမှာ သူတိုက်လိမ့်မယ် တစ်ခုခုစားပြီး သောက်လိုက်အုံး"
"ဟုတ်ကဲ့"
ခေါင်းငြိမ့်ပြကာ ထွက်သွားသည့် ဆရာဝန်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ကာ မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့်အနားရောက်လာကာ
နဖူးနှင့်ပါးတွေကို ဟိုစမ်းဒီစမ်းလုပ်လာတဲ့ဟျောင်း ပါးစပ်ကလဲ ပွစိပွစိနှင့်
"တော့သေးတာပေါ့ အဖျားကျသွားလို့ စိတ်ပူလိုက်ရတာ ရုးမလိုပဲ"
"ညက ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟျောင်း"
"မလိုပါဘူး မင်ရာ ခနနေ ဆရာလာလိမ့်မယ် ကိုယ်ဖုန်းဆက်ထားတာ"
"ဆရာ့ကို အလုပ်ရှုပ်အောင် ဟျောင်းရယ်"
"ဆရာက မင့်ကို သိပ်ချစ်တာကို အလုပ်မရှုပ်လောက်ပါဘူး မနက်စာသွားဝယ်ပေးမယ် ခနစောင့်နေအုံးနော်"
ဟုတ်ကဲ့ ဆိုသည့်သဘောနှင့် ခေါင်းငြိမ့်ပြပြီး ဟျောင်းထွက်သွားမှ ကုတင်ခေါင်းရင်းကို ကျောမှီကာ မျက်လုံးမှိတ်လျက် ထိုင်နေမိသည်
အလိုက်မသိတဲ့ မျက်လုံးက မှိတ်ထားတာတောင် မျက်ရည်ကကျလာသေးသည် ဒီအချိန်ထိရောက်မလာပါလားဆိုတဲ့အတွေးက ရင်ဘတ်တစ်ခုလုံး နာကျင်လာပြန်သည်
ဘယ်လောက်ပဲ မျက်ရည်မကျတော့ဘူးဟု ကြွေးကျော်ထား ကြွေးကျော်ထား ခံစားလွယ်တဲ့သူတစ်လဲအဖြစ် နေမကောင်းတဲ့အချိန်လဲဖြစ်နေတာကြောင့် မျက်ရည်တို့သည် တားမရခဲ့
"စီနီယာ ဆေးရုံကို ဘယ်လိုလုပ်ရောက်လာတာလဲ လက်ထဲမှာလဲ အထုပ်တွေနဲ့ လူနာလာမေးတာလား"
"မင်းကဘယ်ပျောက်နေတာလဲ ညထဲကအဆောင်မှာမရှိဘူး ထယ်ယောင်းရော"
"ထယ်လေ အူအတက်ပေါက်လို့ ခွဲခန်းဝင်ထားရတာ ညနေတော့ ဆင်းရမယ်ပြောတယ်"
"အဲ့လိုဖြစ်တာ 8ခွဲ9နာရီဝန်းကျင်လောက်လား"
"စီနီယာက ဘယ်လိုသိတာလဲ"
"ငါမင်းစီ ဘောလုံးပွဲအကြောင်းပြောစရာရှိလို့လာတာ မင်က အဖျားတွေတက်ပြီး သတိလစ်နေလို့လေ ဆေးရုံအရောက်မြန်လို့တဲ့ မဟုတ်ရင်အခြေနေအရမ်းဆိုးသွားနိုင်တယ်တဲ့ ဆရာဝန်က"
ယိုင်နဲ့ခြေလှမ်းတွေ ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေ
ငါမသိခဲ့တာလား အလိုက်တာ ဂျီမင်နဲ့ပတ်သတ်ရင်ကို ငါကဘာမှမသိတဲ့ကောင်ပဲ
ဂျီမင့်အပေါ်အမှားပြီးရင်းအမှားဆင့်နေမိတာ
ဂရုစိုက်ပါမယ်ဆိုတဲ့အပြောတွေသည် ပြောခဲ့သည်နေ့ထဲက လေထဲတဝဲလည်"လွင့်သွားခဲ့တာ
"ငါသွားအုံးမယ် တစ်ယောက်ထဲ ထားခဲ့ရတာ"
ဘာမှလဲပြန်မပြောမိ ခြေလှမ်းတွေလဲ လှမ်းမရခဲ့
ရင်ဘတ်ထဲက မရေရတဲ့ခံစားချက်ကြီးကရော ဘာလဲ ငါထယ့်ကိုချစ်နေတာမဟုတ်ဘူးလား
သေချာသွားအောင် ဂျီမင်ကိုရှောင်ကြည့်ရင်ကောင်းမလား
"နောက်ခါဂရုစိုက်ရမယ်နော် ကလေးလေး"
"အိမ်ကိုပြန်မပြောပါနဲ့နော် ဆရာ မဟုတ်ရင်ဉအဆောင်မနေရပဲ ဖြစ်လိမ့်မယ်"
"အဲ့တာဆို ဂရုစိုက်မယ်မလား"
"ဟုတ်ကဲ့ သေချာပေါက် ဂရုစိုက်ပါ့မယ်"
"ပေါက်စ ဒီမှာအသီးတွေ ဝယ်လာတယ်"
"စီနီယာကလဲ မလိုတာကို အားနာစရာဗျာ"
"အားနာရမယ့်သူမှမဟုတ်တာ ပြီးတော့ ရော့"
"ကျေးဇူးပါ အဲ့ဆေးတွေ ဘယ်နားကျခဲ့မှန်းမသိလို့ ငိုချင်နေတာ"
"ဘာဆေးလဲ"
"နှလုံးဆေးတွေပါ"
"မင်က မင်က နှလုံးမကောင်းဘူးလား"
အထုတ်ကြီးငယ်ပေါင်းစုံနဲ့အခန်းထဲဝင်လာတဲ့ဟျောင်းက မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့လှမ်းမေးလာသည်
"စီနီယာမသိဘူးနဲ့တူတယ် ပေါက်စမွေးရာပါ နှလုံးရောဂါနဲ့လေ"
"အဲ့တာတွေထားတော့ ခု မနက်စာစားပေး ငါပြင်ပေးလိုက်မယ်"
မလှုပ်မယှက်ရပ်နေသည့်သူစီမှ အထုတ်တွေကိုလွှဲပြောင်းယူကာ ဆန်ပြုတ်ကိုပန်းကန်ထဲထည့်ပြီးနောက် သေချာခွံ့ကျွေးနေသည်မှာ ဖခင်တစ်ယောက်လိုပင်
မင် မှာ နှလုံးရောဂါတဲ့လား မွေးရာပါတယ်လေ
ဒါဆို ဂျောင်ကုနဲ့အတူတူထပ်ထားလို့ဖြစ်ပါ့မလား ပြောလို့မရနိုင်ဘူးလေ တစ်ခု"ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ငါဘယ်လိုလုပ်ပေးရမလဲ စဉ်းစားစမ်းပါ မဟုတ်ရင် ငါ့ကလေးလေး နာကျင်နေရမှာ
"ဒါနဲ့ဂန်ဂျောင်အင်က ဘယ်လိုပါလာတာလဲ"
"လမ်းမှာ ဆရာနဲ့တွေ့လို့ မေးပြီး လိုက်လာတာ"
ခေါင်းငြိမ့်ပြကာ မျက်နှာလွှဲသွားသည့် စီနီယာသည်ဘာမှဆက်မပြောတော့ တစ်ခု"ကိုသေချာတွေးနေသည့်ဟန်
"ထယ် ဂျီမင် ဆေးရုံတက်နေရတယ်"
"Minie ကဘာဖြစ်လို့လဲ ဘယ်လိုနေသေးလဲသွားတွေ့ရအောင်"
"ဆေးရုံက ဆင်းမှပဲသွားကြတာပေါ့ ခု ထယ်လဲ နားရအုံးမယ်လေ"
"ဘယ်လိုဖြစ်တာလဲလို့"
"ဖျားပြီးသတိလစ်နေတာတဲ့ စီနီယာ ယွန်းဂီက ဆေးရုံကိုခေါ်လာပေးတာ"
"သက်ရောသက်သာရဲ့လား"
"သက်သာမှာပါ သူများကိုစိတ်မပူပဲ ကိုယ့်ကိုယ်ကိုစိတ်ပူစမ်းပါ"
"မပူလို့ရမလား အဲ့တာ အချစ်ဆုံးလေ"
"ဒါဆို ကိုယ်ကရော"
နှုတ်ခမ်းလေးဆူကာ မေးလာတဲ့သူက ယုန်ပေါက်လေးလိုပင် သိပ်ချစ်စရာကောင်းနေသည်
"မသိဘူးသွား"
"မသိရင် လာခဲ့ ပြမယ်"
လက်လေးနှစ်ဖက်ကိုဆွဲယူကာ နှုတ်ခမ်းသားတို့ကိုဆွဲယူလာတဲ့ ဂျွန်ဟာ ကျွမ်းကျင်တဲ့အလုပ်တစ်ခုကို လုပ်နေသလို မမောမရှိုက်နှုတ်ခမ်းသားတို့ကို အပေါ်တလှည့် အောက်တလှည့်စုပ်ယူနေသည်
"ခွမ်း!!"
"ဘာသံလဲ ဂျွန်"
"ခနသွားကြည့်အုံးမယ်"
"ပန်းအိုးကျကွဲနေတာ"
"တစ်ယောက်ဝင်တိုက်မိတာနေမှာပေါ့"
မနက်စာစားပြီး အခန်းကြီးထဲ ထိုင်မနေချင်တာကြောင့် လမ်းလျှောက်ရန် ဟျောင်းကိုပြောပြီးထွက်လာတာ စိတ်မချတာတောင် နေခဲ့ပါဆိုပြီး အတင်းပြောဆိုချော့မော့ထားခဲ့တာ
အခန်းထဲကထွက်လာပြီး4ခန်းမြောက်မှာ တံခါးကဟနေတာကြောင့် မကြည့်ရင်တောင်မြင်နေရတဲ့ မြင်ကွင်းမျိုး မက်"မော"နမ်းရှိုက်နေတာ
လွတ်ထွက်သွားရင် ရူးတော့မယ့်သူလိုမျိုး
အပေးအယူမျှမျှနဲ့ နမ်းရှိုက်နေကြတာ
နေမကောင်းတဲ့အချိန် ချစ်ရသူကများ
လာတွေ့မလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးနဲ့ စိတ်ကူးတွေယဉ်နေမိတာ ခုမြင်ကွင်းက စိတ်ကူးယဉ်ချင်အုံးလေ ရူးနှမ်းချင်အုံးလေ
မင်းကတကယ့်အရူးပဲလို့ ခနဲ့နေသယောင်
ခံစားရပါများလို့ မနာကျင်တော့ဘူး ထုံနေပြီလို့ပြောရင် လိမ်ရာကြမှာပေါ့ ကျွန်တော်က ဂျွန်နဲ့ပတ်သတ်ရင် အရာရာဟာ အသစ်အဆန်းပဲ
မခံစားနိုင်တာကြောင့် ဆက်မကြည့်တော့ပဲ
လှည့်ထွက်ရာ စားပွဲအပုလေးပေါ်တင်ထားတဲ့ ပန်းအိုးနဲ့တိုက်မိပြီး ကျကွဲသွားတာကြောင့် မြင်သွားရင်ဆိုတဲ့စိတ်နဲ့ ပြေးလွှားခဲ့ရာ ခြေလျှော်ပြီး ဖန်ကွဲစတွေကို တက်နင်းမိခဲ့ရာ ခြေဖဝါးနုနုသည် ရဲတွတ်နေသော သွေးတွေနှင့်မလိုက်မဖက်
"မင် ခြေထောက်က ဘာဖြစ်လာပြန်တာလဲ"
စိုးရိမ်တကြီးနဲ့မေးလာတဲ့ ဟျောင်းကို ပြန်မဖြေနိုင် ရင်ခွင်ထဲမျက်နှာအပ်က တဝကြီး ငိုယိုခဲ့သေးသည် နှစ်ကြိမ်မြောက် ဟျောင်းရင်ခွင်ထဲ ရှိုက်ကြီးတငင်ငိုခဲ့သည်မှာ ဒီတစ်ကြိမ်နဲ့ဆိုရင် နှစ်ခါရှိပြီ
"တိတ်တော့ ခေါင်းတွေကိုက်နေမယ်လေ ကလေးငယ်ရယ်"
ဆံပင်လေးကိုဖွကာ ခပ်တိုးတိုးလေးရရွတ်လာသောဟျောင်းက သူပါစိတ်မကောင်းဖြစ်နေသည့်ဟန်
"ယောင်းကဘာဖြစ်လို့ အင့် ဆေးရှုံ အင့် ရောက်နေရတာလဲ"
"အူအတက်ပေါက်လို့တဲ့ ခွဲထားရတာ"
တစ်ချိန်ထဲ တစ်ချိန်ထဲပါပဲလား ဖြစ်တဲ့ချိန်ချင်းတူနေတာတောင် သူရွေးချယ်မှူက ကိုယ်ဘယ်တော့မှဖြစ်မလာခဲ့ဘူး
အခန်းထဲဝရုန်းသုန်းကားပြေးလာကာ ရင်ခွင်ထဲဝင်ငိုနေတဲ့ ကောင်လေးက ထယ်ယောင်းတို့ကိုတွေ့ခဲ့သည်ပုံ ဘာတွေများတွေ့ခဲ့လို့ ရှိုက်ကြီး တငင်ငိုနေရတာလဲ ကလေးငယ်ရယ် ဟျောင်း ရင်တွေကွဲရအောင်လို့
ခြေဖုဝါးကို ပတ်တီးစီးပေးနေတဲ့ ဆရာဝန်တွေကိုလဲ သေချမမြင် စိတ်သည်လဲ တောင်စင်ရေမရ ဘာလုပ်လို့လုပ်ရမှန်းမသိ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုလဲ အာရုံစိုက်မရခဲ့
ပတ်တီးစီးပြီးသွားချိန် ဆေးဝယ်လာသည့် ဘေလ်စာရွက်လေးပေါ် လက်သေး"လေးတွေယှက်ပြေးနေပြီး သေချာကြည့်ခဲ့မယ်ဆိုရင်
လက်သေးသေးလေးတွေဟာ
တုန်ယင်နေခဲ့တာကို သတိထားမိပါလိမ့်မယ်
*မွတ်"သိပ်"အနမ်း
ပြင်းရှ"ခံစားမှု
စွဲလမ်းဖို့ကောင်းတဲ့အထိအတွေ့
ပျော်ဝင်နေတဲ့စိတ်အစုံ
နောက်ဆုံး.....ဂျွန့်ရဲ့ အရာအာလုံးက
စိတ်နဲ့ပဲ ရုးနှမ်းနိုင်ခဲ့တဲ့အရာတွေပေါ့
မင်းမို့လို့ မင်းဖြစ်နေလို့ နာကျင်မယ်မှန်းသိရက်နဲ့
အရူးတစ်ယောက်လို တွယ်ကပ်နေရတာပါ
ပင်လယ်ပြာ*