Only One Limited Edition (Com...

By wangkyiphyu

15K 469 40

ကိုယ့္အပိုင္ေလးျဖစ္ခ်င္ရဲ႕လား baby ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား baby (19.3.2024- 6.5.2024 ) More

Note
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6***********
Chapter 7
Chapter 8
Chapter 9
Chapter 10**********
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
The End

Chapter 18

412 17 2
By wangkyiphyu

Unicode

" စိုးရိမ်စရာ မရှိပါဘူး...ဥက္ကဋ္ဌ... ကိုယ်ဝန်နုနေစဉ်
ကာလမှာ သွေးဆင်းတာက ဖြစ်တတ်ပါတယ်...
အဓိက,က ပင်ပန်းပြီး အားနည်းနေလို့ပါ...
ကိုယ်ဝန်ကို မထိခိုက်ပါဘူး...ကျွန်တော် ပေးထားတဲ့ ဖြည့်စွက်စာ အားဆေးကို ပုံမှန်သောက်ပြီး အေးအေးဆေးဆေးနားစေချင်ပါတယ်...စိတ်ဖိစီးသိပ်မခံပါနဲ "
ထိုအခါမှသာ ကုတင်ပေါ်ရှိ ကောင်ငယ်လေး၏
မျက်နှာက ပြန်ပြီးလန်ဆန်းကာ ပြုံးရိပ်လေးထင်
လာသည်ကို ဘုရင်လည်း တွေ့လိုက်ရ၏...
" ကျေးဇူးတင်ပါတယ်... ဒေါက်တာ "
ခခ တကယ့်ကို စိတ်အေးသွားရကာ ကျေးဇူးတင်
စကားပြောမိပေ၏...
" မဟုတ်တာ...ကျွန်တော် အတွက်လည်း အပန်း
မကြီးပါဘူး...ဒါဆိုလည်း ကျွန်တော် ပြန်လိုက်ပါအုံးမယ် "
ခခတို့ဘက်ကို အရိုအသေပေးကာ ထွက်သွားသောဒေါက်တာကို ကိုကိုက ခေါင်းညိတ်အသိ
အမှတ်ပြုလိုက်၏...ထို့နောက်တွင် ကိုယ်ရံတော် ခေါင်းဆောင်က ဒေါက်တာကို အခန်းဝထိ ပြန်လိုက်ပို့ပေးလေ၏...
ဒေါက်တာ က ကိုကိုထက် အသက်ကြီးပေမဲ့
အုပ်ချုပ်ရေးပိုင်း ရာထူးအာဏာနှင့် တွက်လျှင်
တော့ အရိုအသေပေးသည်က ပုံမှန်ဖြစ်ပေ၏..
ခခအတွက်တော့ ကိုယ့်ထက် အသက်ကြီးသူက
တရိုတသေ ဆက်ဆံခြင်းခံရသည်ကို ယခုထက်ထိ ကျင့်သားမရသေးချေ...
ထို အတွေးစ ကိုဖြတ်ကာ ကုတင်ပေါ်မှ ထထိုင်
လိုက်သည်...လူနာဖြစ်သူ ကိုကိုက ကုတင်ဘေးရှိ
ထိုင်ခုံတွင် ထိုင်နေပြီး ခခက လူနာကုတင်ပေါ်မှာ
ဖြစ်နေသည်မို....

ဒေါက်...ဒေါက်
တံခါးခေါက်ပြီးဝင်လာသူတွေကတော့ ကိုယံနှင့်
အလင်းတို့ နှစ်ယောက်ဖြစ်သည်...
ထို့နောက် သူတို့လေးယောက် ဧည့်ခန်းတွင် သွား
ထိုင်လိုက်ကြသည်....လူနာခန်းက ပိုးသတ်ဆေးနံ့
တွေကတော်တော်စူးနေသည်မို့....
" လက်ထပ်ပွဲဖိတ်စာ လာပို့တာ...ရော့... မလာရင်
သေခန်းပြတ်ပဲ...ဟေ့ကောင်....  "
" အေး...မလာဘူးကွာ  "
ကိုကိုတို့ သူငယ်ချင်း နှစ်ယောက်ကတစ်ယောက်
နှင့် တစ်ယောက် စတွေ့ကတည်းက စကားနိုင်လု
နေပေပြီ...
" ဖိတ်စာလေးက လှတယ်နော်...အပြာရောင်လေး "
ခခ၏ အပြောကို အလင်းကလည်းထောက်
ခံ၏...
" ဟုတ်တယ်...တော်တော်လှတယ် "
မောင်ဝေယံလင်းသန့်နှင့် မောင်ကျော်ဇောဦးမောင်တို့၏ မင်္ဂလာဧည့်ခံပွဲ.... ထိုစာလုံးလေးတွေကို အပြာရောင်ဖြင့် ပုံဖော်ထား၏...
ဖိတ်စာက တကယ့်ကို အရောင်နုနုလေးဖြင့်လှနေ
၏...အပြာရောင်လေး နှင့် အဖြူရောင် ကို ဆက်
ကာ ရိုးရိုးရှင်းရှင်းလေး ကို လှနေခြင်း ဖြစ်
သည်...

ခခလေး အပိုပြောခြင်း မဟုတ်မှန်း ဝေယံလည်း
သိပေ၏...ဖိတ်စာကို  မြင်သူတိုင်းက ထိုသို့ ပြော
နေခြင်း ဖြစ်သည်...
" ဘုရင် မလာရင်မလာနဲ့တော့... ခခလေးပဲ လာခဲ့ "
" OK ...ငါမလာရင် ကလေးငယ်က လာမလား ဆိုတာ သေချာမေးလိုက်အုံး "
မထီတရိ မျက်နှာပေး ကတော့ တကယ့်ကို ဒေါသထွက်ချင်စရာ.... ခခအား သူဘယ်လောက်ပိုင်ကြောင်း မဏ္ဍပ်တိုင်တပ်ပြနေလိုက်တာ...ဒါတောင်ခခလေးကို မမှတ်မိလို့ မှတ်သာမှတ်မိလို့ကတော့တွေးတောင် မတွေးရဲစရာ....
" မင်းတစ်ယောက်တည်း လိုက်ဖိတ်နေတာလား
...ဟိုကောင်ရော... "
" သူဒီမနက်ပိုင်းမအားဘူး...နေ့လည်မှ အတူတူ
လိုက်ဖိတ်မှာ..."
" ဘုရင်... အလုပ်တွေကို ဖိုးဖိုးကကူလုပ်ပေးနေတာလား "
" အင်း...ဟုတ်တယ်... နောက်တစ်ပတ်လောက်ဆို
ရင်တော့ ငါလည်း ပြန်လုပ်ဖို့ စဉ်စားထားတယ် "
ဘုရင် ပြောလိုက်တော့ ချက်ချင်း မော့ကြည့်လာ
သည့် မျက်နှာကလေးက အလုပ်လုပ်မည်မို့ စိုးရိမ်နေမှန်း သိသာစွာပင်...
" မင်း ခေါင်းက သက်သာသေးလို့လား "
ကိုယံ မေးသလို ခခလည်းသိချင်နေ၏...
" အင်း..သက်သာပါတယ် "
" ကိုကို..မနက်စာ လာပို့ပြီတဲ့...ခခသွားပြင်လိုက်အုံးမယ်... "
" သူတို့ကိုသာ ဆက်ပြင်ခိုင်းလိုက်...ပင်ပန်းမခံနဲ့
လေကွာ..."
" ရပါတယ်... ကိုကို...ဒီလောက်က ခခလည်း မပင်ပန်းပါဘူး "
ဘုရင် ​တောင် ဘာမှပြောချိန်မရလိုက် အနားက
လှစ်ခနဲနေအောင် သွားလိုက်ပေ၏...
တကယ်ဆို အလုပ်သမားတွေကို ပြင်ဆင်ခိုင်းလို့
ရပေမဲ့ ခခကိုယ်တိုင် ကိုကို့ကို လုပ်ကိုင်ပေးချင်လို့ဖြစ်၏...ကိုယ်တိုင်ဝင်ချက်ချင်ပေမဲ့ ကိုကိုတို့ အကုန်လုံးက လက်ခံမည်မဟုတ်ပေ... ကိုယ်ဝန်ရှိနေတော့ပိုပြီး မလုပ်ခိုင်းကြခြင်း ဖြစ်သည်...
" အလင်းလည်း လိုက်ကူလိုက်မယ် "
ထမင်းစားခန်းထဲထိ လိုက်ကြည့်နေသော ဘုရင်
ကြောင့် ဝေယံ လက်မြှောက်မိ၏...အတိတ်မေ့နေ
သေးလို့သာပဲ မဟုတ်ရင်တော့ အာခံတွင်းထဲများငုံထားမလား မသိဘူး....ပြောရတာမဟုတ်ဘူး ငုံထားလို့ရရင်ငုံထားလောက်တယ်...
" ဘုရင်...မင်းအတိတ်မေ့နေတာ သေချာရဲ့လား...ပြောသာပြောရတာ မင်းဟာက ခခလေးတစ်​ယောက်တည်း ကွက်မေ့နေတာဆိုတော့ "
" ကလေးငယ် အကြောင်းကို စဉ်းစားလို့တောင်
မရဘူးကွာ "
" အမယ်လေး...သတိမရဘူးဆိုပြီ...ကလေးငယ်တဲ့ကွာ "
ဝေယံ ခနဲ့တာတောင် ပြန်မပြောဘဲ ငြိမ်နေပုံက သူ့ကိုယ်သူ အားမရ ဖြစ်နေပုံရ၏...
" အဲလောက်လည်း မျက်နှာပျက်မနေပါနဲ့ကွာ...
ခခလေးက မင်းမှမင်း... သူကြည့်ရတာ မင်းကို
စိတ်ခုပုံလည်းမရပါဘူး... "
" ငါသိတယ် "
အမယ် ဒီကောင်က အလာကြီးပါလား... နှစ်သိမ့်
ပေးမဲ့ စေတနာတောင်ပျက်တယ်...
" တော်ပြီ..မပြောတော့ဘူး...ဟေ့ကောင်...
စေတနာပျက်တယ် "
" နားညည်းသက်သာတယ် "
ဘုရင့် အပြောကြောင့်နှစ်ယောက်သား ရယ်လိုက်
မိ၏...

" ခခလေး...အဆင်ပြေရဲ့လား "
" ပြေပါတယ်...ဘာဖြစ်လို့လဲဟင် "
" ခခလေးက ကိုယ်ဝန်ရှိနေတာလေ.....ပြီးတော့
ကိုကြီး dragon က ခခလေးကို မေ့နေတာမလား...
" ကိုကိုက ဂရုစိုက်ပါတယ်....စိတ်မပူပါနဲ့ "
တကယ်လည်း ခခကို မျက်နှာအပျက်မခံအောင်
ကိုကိုက ဂရုစိုက်ပေး၏...
အလင်းက ခခလေးကို စိတ်ပူလို့ ကိုယံနှင့်အတူ
လိုက်လာခြင်း ဖြစ်သည်...အလင်းလည်း ဂရုစိုက်
တာကို မြင်နေရပေမဲ့ စိတ်ကတော့ပူသည်မို့ သေ
ချာအောင်မေးမိခြင်း ဖြစ်သည်...
ခခတို့ မနက်စာ ပြင်ပြီးတော့ ကိုယံနှင့်အလင်းကို
လည်း တူတူစားဖို့ ခေါ်ပေမဲ့ စားပြီးပြီဖြစ်သည့်အ
ပြင် ဖိတ်စာတွေ လိုက်ဝေရအုံးမည်မို့ ပြန်သွားကြ
၏...

*****

" ကိုကို စားလို့ အဆင်မပြေလို့လားဟင် "
" ပြေပါတယ်...ဘာဖြစ်လို့လဲ "
" စားတာနည်းလို့လေ "
" ကိုယ် အတွေးများသွားလို့.... ကလေး ရော ပြီးပြီလား... ပြီးရင် သိမ်းခိုင်းလိုက်တော့ ...
ကိုယ်တိုင်မသိမ်းနဲ့ "
" ဟုတ်ကဲ့... ကိုကို "
ကိုကိုက ဧည့်ခန်းထဲကို ပြန်သွားသည်မို့ ခခလည်းလိုက်သွားလိုက်သည်...ကိုကိုက ဆေးရုံက လူနာဝတ်စုံကို ဝတ်ဆင်ထားပေမဲ့ ချောမောခန့်ညားမှုကအနည်းငယ်ပင် လျော့မသွားပေ...
ဒဏ်ရာဆိုလို့မေးရိုးနားရှိ ဒဏ်ရာနှင့် ခေါင်းရှိဒဏ်ရာသာ ရှိတော့၏...ပတ်တီးကလည်း ဖြေပြီးပြီမို့ ဒဏ်ရာကို ပလာစတာ ကပ်ထား၏.... သို့ပေမဲ့ ဦးခေါင်းရှိဒဏ်ရာကို စိုးရိမ်သည်မို့ နေ့တိုင်းစစ်ဆေးကာ နောက်ထပ်သုံးရက်လောက်
ဆေးရုံမှာ နေရအုံးမည်...ကိုကိုက အတိတ်မေ့နေသည်မို့ ပို၍ ဂရုပြုနေကြခြင်း ဖြစ်သည်... ခန့်မှန်းချက်အရ ကိုကိုက လေယာဉ်မပေါက်ကွဲခင် အရင်ဆင်းခဲ့ပုံရ၏...ထို့ကြောင့်ဒဏ်ရာသိပ်မများဘဲ တိုက်ခိုက်ခြင်းကြောင့် ရသည့်ဒဏ်ရာက ရက်အနည်းငယ်အတွင်း ပျောက်သွားသည်...
လေထီးဖြင့် လေယာဉ်ပေါ်မှ ခုန်ဆင်းပြီးနောက် မြေပြင်ရှိခပ်မာမာ တစ်စုံတစ်ခု ကို တိုက်မိ
ခဲ့ခြင်းဖြစ်လောက်သည်ဟု ဆရာဝန်ကြီးက ခန့်မှန်းပေသည်...ဦးခေါင်းဒဏ်ရာက သိပ်မနက်ပေမဲ့သွေးထွက်လွန်ခြင်းကြောင့် အချိန်ကြာ သတိမေ့သွားခြင်း ဖြစ်၏...
" ကိုကို...အလုပ်က ​နောက်တစ်ပတ်ပြန်လုပ်တော့မှာလားဟင် "
" ဟုတ်တယ်... ဖိုးဖိုး ကို အနားယူစေချင်တယ်
...ကိုယ်လည်း သက်သာနေပါပြီ "
" ကိုကို့သဘောပါ.... ခခလည်း ပြောလို့မှ မရတာ "
ပြောပြီးသည်နှင့် စူပုတ်ပုတ်လေး ဖြစ်ပြီး
ဘုရင့်၏အနားတွင်ဝင်ထိုင်သော ကောင်ငယ်လေးအားဆွဲပွေ့လိုက်ပြီး သူ့ပေါင်ပေါ်သို့ ထိုင်စေလိုက်သည်..
" ကလေးငယ်က မလုပ်စေချင်သေးရင် မလုပ်ဘူး...ဒါပေမယ့် give and take ရှိတယ် "
" ဘယ်လို အပေးအယူမျိုးလဲ...ကိုကို အလုပ်မလုပ်သေးဘူးဆိုရင် လက်ခံတယ်...ခခတို့ လက်ထပ်ပွဲမတိုင်ခင်ထိပဲ ကိုကို့ကို နားစေချင်တာပါ... ဖိုးဖိုးကလည်း ကိုကို့ကို အဲလောက်ကျမှ ပြန်လုပ်စေချင်တာတဲ့ "
ဘုရင့်၏ ရင်ခွင်ထဲကနေ တတွတ်တွတ်ပြောနေ
သော ကောင်ငယ်လေး၏ နှုတ်ခမ်း ရဲရဲလေးများ,စကားပြောရင်း လှစ်ခနဲ ပေါ်လာသော လျှာဖျားရဲရဲ လေးများအား ကြည့်ရင်း အာခေါင်
ခြောက်လာရ၏...ဘုရင်လို တိတ်ဆိတ်ငြိမ်သက်မှုက နှစ်သက်သူက ထိုကောင်ငယ်လေး၏ စကားသံလေးများကိုတော့ နှစ်ခြိုက်မိသည်.
...မျက်နှာသာပေးတယ်ဆိုရင်လည်း ထိုသို့ ပေးရလောက်အောင် ကလေးငယ်က ချစ်ဖို့ကောင်းအောင် ပြောတတ်တာကြောင့်မဟုတ်လား...
" ကိုကို လက်ခံတယ် မဟုတ်လား ...ဟင် "
" baby နှုတ်ခမ်းလေးတွေက အလျော်အစားပေးမယ်ဆိုရင်ပေါ့ ...ဘယ်လိုလဲ "
" ဟုတ်...ကိုကို "
ဘုရင့်၏ လည်တိုင်ကို တွဲခိုကာ သူ၏နှုတ်ခမ်းကိုထိတွေ့လာသော နှုတ်ခမ်းသေးသေးလေးများ
...ခဏသာ နားခိုပြီး ပြန်ထွက်သွားသည်မို့ အလျင်စလို ပြန်လည်ဆွဲယူကာ အရိုင်းဆန်ဆန် အနမ်းများကို ပုံဖော်လိုက်တော့၏...နမ်းရှိုက်ရင်းမှ ထွက်ပေါ်လာသော အသံများသည် အသံလုံခန်းအတွင်းထွက်ပေါ်နေသည်မှာ ကြားရသူအဖို့ ရင်ဖိုဖွယ်ရာပင်...ကြားရသူမှာလည်း ခခနှင့်ကိုကိုသာ ရှိသည်မို့ ခခ၏ တစ်ကိုယ်လုံးလည်း စတော်ဘယ်ရီသီးပမာ ရဲရဲနီနေပေပြီ... ထိုသို့ အရှက်သည်းနေသူလေးအား ရင်ခွင်ထဲပိုမို ပွေ့ပိုက်ကာ အနမ်းများအားမျက်နှာသေးသေးလေးကို ဖြန့်ကျက်မိတော့သည်...
ကိုကို့၏ အနမ်းရှည်ကြီးပြီးသည့်နောက်တွင် ခခမှာယခုမှ ကုန်းပေါ်တက်လာသော ငါးကလေးပမာအသက်ရှုခြင်း ကို မနည်းလုပ်ဆောင်နေရ၏...ကိုကို့၏ ရင်ခွင်ထဲကလည်း မထွက်နိုင်သေးချေ...အကြောင်းကား ခခ တစ်ကိုယ်လုံး အားအင်တွေစုတ်ယူခံထားရသလို မောဟိုက်နေသောကြောင့်ဖြစ်သည်...
" ကိုကို...ဆေးသောက်ချိန်ရောက်နေပြီ "
ခခလည်း အမောပြေသွားသည်နှင့် တန်းပြောမိ၏...
ကိုကို့ သတိရလာသောနေ့မှ စ၍ တစ်နေ့သုံးကြိမ်
ဆေးသောက်ခြင်းနှင့် ဆေးလိမ်းပေးခြင်းကို ခခက တာဝန်ယူပြီး တိုက်ပေးခြင်းဖြစ်သည်... ထို့ကြောင့် ဒဏ်ရာများက မြန်မြန်​ပျောက်ကင်းလာခြင်း ဖြစ်၏..
" ခခ ဆေးသွားယူလိုက်အုံးမယ် "
" အင်း "
ခခ ဆေးဝင်ယူပြီး ဧည့်ခန်းထဲပြန်လာတော့ ဧည့်
သည် တစ်ယောက် ရောက်နေလေ၏...
ကိုကို့၏ ဘေးနားတွင် ဝင်ထိုင်ပြီး မြင်လိုက်ရသောမျက်နှာက ခခအတွက် လုံးဝမမှားနိုင်သော မျက်နှာပိုင်ရှင်ဖြစ်သည့် ခခ၏ အစ်ကိုရင်း နယ်မြေအရှင်ဖြစ်နေပေ၏...

...........................................................................

ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

..........................................................................

Zawgyi

" စိုးရိမ္စရာ မ႐ွိပါဘူး...ဥကၠ႒... ကိုယ္ဝန္ႏုေနစဥ္ကာလမွာ ေသြးဆင္းတာက ျဖစ္တတ္ပါတယ္...
အဓိက,က ပင္ပန္းၿပီး အားနည္းေနလို႔ပါ...ကိုယ္ဝန္ကို မထိခိုက္ပါဘူး...ကြၽန္ေတာ္ ေပးထားတဲ့ ျဖည့္စြက္စာ အားေဆးကို ပုံမွန္ေသာက္ၿပီး ေအးေအးေဆးေဆးနားေစခ်င္ပါတယ္...စိတ္ဖိစီးသိပ္မခံပါနဲ "
ထိုအခါမွသာ ကုတင္ေပၚ႐ွိ ေကာင္ငယ္ေလး၏ မ်က္ႏွာက ျပန္ၿပီးလန္ဆန္းကာ ျပဳံးရိပ္ေလးထင္လာသည္ကို ဘုရင္လည္း ေတြ႕လိုက္ရ၏...
" ေက်းဇူးတင္ပါတယ္... ေဒါက္တာ "
ခခ တကယ့္ကို စိတ္ေအးသြားရကာ ေက်းဇူးတင္စကားေျပာမိေပ၏...
" မဟုတ္တာ...ကြၽန္ေတာ္ အတြက္လည္း အပန္းမႀကီးပါဘူး...ဒါဆိုလည္း ကြၽန္ေတာ္ ျပန္လိုက္ပါအံုးမယ္ "
ခခတို႔ဘက္ကို အ႐ိုအေသေပးကာ ထြက္သြားေသာေဒါက္တာကို ကိုကိုက ေခါင္းညိတ္အသိအမွတ္ျပဳလိုက္၏...ထို႔ေနာက္တြင္ ကိုယ္ရံေတာ္ ေခါင္းေဆာင္က ေဒါက္တာကို အခန္းဝထိ ျပန္လိုက္ပို႔ေပးေလ၏...
ေဒါက္တာ က ကိုကိုထက္ အသက္ႀကီးေပမဲ့
အုပ္ခ်ဳပ္ေရးပိုင္း ရာထူးအာဏာႏွင့္ တြက္လွ်င္
ေတာ့ အ႐ိုအေသေပးသည္က ပုံမွန္ျဖစ္ေပ၏..
ခခအတြက္ေတာ့ ကိုယ့္ထက္ အသက္ႀကီးသူက တ႐ိုတေသ ဆက္ဆံျခင္းခံရသည္ကို ယခုထက္ထိ က်င့္သားမရေသးေခ်...
ထို အေတြးစ ကိုျဖတ္ကာ ကုတင္ေပၚမွ ထထိုင္
လိုက္သည္...လူနာျဖစ္သူ ကိုကိုက ကုတင္ေဘး႐ွိ
ထိုင္ခုံတြင္ ထိုင္ေနၿပီး ခခက လူနာကုတင္ေပၚမွာျဖစ္ေနသည္မို.့...

ေဒါက္...ေဒါက္
တံခါးေခါက္ၿပီးဝင္လာသူေတြကေတာ့ ကိုယံႏွင့္အလင္းတို႔ ႏွစ္ေယာက္ျဖစ္သည္...
ထို႔ေနာက္ သူတို႔ေလးေယာက္ ဧည့္ခန္းတြင္ သြားထိုင္လိုက္ၾကသည္....လူနာခန္းက ပိုးသတ္ေဆးနံ႔႔ေတြကေတာ္ေတာ္စူးေနသည္မို႔....
" လက္ထပ္ပြဲဖိတ္စာ လာပို႔တာ...ေရာ့... မလာရင္
ေသခန္းျပတ္ပဲ...ေဟ့ေကာင္....  "
" ေအး...မလာဘူးကြာ  "
ကိုကိုတို႔ သူငယ္ခ်င္း ႏွစ္ေယာက္က တစ္ေယာက္ႏွင့္ တစ္ေယာက္ စေတြ႕ကတည္းက စကားႏိုင္လုေနေပၿပီ....
" ဖိတ္စာေလးက လွတယ္ေနာ္...အျပာေရာင္ေလး "
ခခ၏ အေျပာကို အလင္းကလည္း ေထာက္ခံ၏...
" ဟုတ္တယ္...ေတာ္ေတာ္လွတယ္ "
ေမာင္ေဝယံလင္းသန္႔ႏွင့္ ေမာင္ေက်ာ္ေဇာဦးေမာင္တို႔၏ မဂၤလာဧည့္ခံပြဲ.... ထိုစာလံုးေလးေတြကို အျပာေရာင္ျဖင့္ ပံုေဖာ္ထား၏...
ဖိတ္စာက တကယ့္ကို အေရာင္ႏုႏုေလးျဖင့္လွေန၏...အျပာေရာင္ေလး ႏွင့္ အျဖဴေရာင္ ကို ဆက္ကာ ႐ိုး႐ိုး႐ွင္း႐ွင္းေလး ကို လွေနျခင္း ျဖစ္သည္...

ခခေလး အပိုေျပာျခင္း မဟုတ္မွန္း ေဝယံလည္းသိေပ၏...ဖိတ္စာကို  ျမင္သူတိုင္းက ထိုသို႔ ေျပာေနျခင္း ျဖစ္သည္...
" ဘုရင္ မလာရင္မလာနဲ႔ေတာ့... ခခေလးပဲ လာခဲ့ "
" OK ...ငါမလာရင္ ကေလးငယ္က လာမလား ဆိုတာ ေသခ်ာေမးလိုက္အုံး "
မထီတရိ မ်က္ႏွာေပး ကေတာ့ တကယ့္ကို ေဒါသထြက္ခ်င္စရာ.... ခခအား သူဘယ္ေလာက္ပိုင္ေၾကာင္း မ႑ပ္တိုင္တပ္ျပေနလိုက္တာ...ဒါေတာင္ခခေလးကို မမွတ္မိလို႔ မွတ္သာမွတ္မိလို႔ကေတာ့ေတြးေတာင္ မေတြးရဲစရာ....
" မင္းတစ္ေယာက္တည္း လိုက္ဖိတ္ေနတာလား
...ဟိုေကာင္ေရာ... "
" သူဒီမနက္ပိုင္းမအားဘူး...ေန႔လည္မွ အတူတူ
လိုက္ဖိတ္မွာ..."
" ဘုရင္... အလုပ္ေတြကို ဖိုးဖိုးကကူလုပ္ေပးေနတာလား "
" အင္း...ဟုတ္တယ္... ေနာက္တစ္ပတ္ေလာက္ဆို
ရင္ေတာ့ ငါလည္း ျပန္လုပ္ဖို႔ စဥ္စားထားတယ္ "
ဘုရင္ ေျပာလိုက္ေတာ့ ခ်က္ခ်င္း ေမာ့ၾကည့္လာသည့္ မ်က္ႏွာကေလးက အလုပ္လုပ္မည္မို႔ စိုးရိမ္ေနမွန္း သိသာစြာပင္...
" မင္း ေခါင္းက သက္သာေသးလို႔လား "
ကိုယံ ေမးသလို ခခလည္းသိခ်င္ေန၏...
" အင္း..သက္သာပါတယ္ "
" ကိုကို..မနက္စာ လာပို႔ၿပီတဲ့...ခခသြားျပင္လိုက္အံုးမယ္... "
" သူတို႔ကိုသာ ဆက္ျပင္ခိုင္းလိုက္...ပင္ပန္းမခံနဲ႔ေလကြာ..."
" ရပါတယ္... ကိုကို...ဒီေလာက္က ခခလည္း မပင္ပန္းပါဘူး "
ဘုရင္ ​ေတာင္ ဘာမွေျပာခ်ိန္မရလိုက္ အနားက
လွစ္ခနဲေနေအာင္ သြားလိုက္ေပ၏...
တကယ္ဆို အလုပ္သမားေတြကို ျပင္ဆင္ခိုင္းလို႔
ရေပမဲ့ ခခကိုယ္တိုင္ ကိုကို႔ကို လုပ္ကိုင္ေပးခ်င္လို႔
ျဖစ္၏...ကိုယ္တိုင္ဝင္ခ်က္ခ်င္ေပမဲ့ ကိုကိုတို႔ အကုန္လံုးက လက္ခံမည္မဟုတ္ေပ... ကိုယ္ဝန္ရိွေနေတာ့
ပိုၿပီး မလုပ္ခိုင္းၾကျခင္း ျဖစ္သည္...
" အလင္းလည္း လိုက္ကူလိုက္မယ္ "
ထမင္းစားခန္းထဲထိ လိုက္ၾကည့္ေနေသာ ဘုရင္ေၾကာင့္ ေဝယံ လက္ေျမႇာက္မိ၏...အတိတ္ေမ့ေနေသးလို႕သာပဲ မဟုတ္ရင္ေတာ့ အာခံတြင္းထဲမ်ားငံုထားမလား မသိဘူး....ေျပာရတာမဟုတ္ဘူး ငံုထားလို႔ရရင္ငံုထားေလာက္တယ္...
" ဘုရင္...မင္းအတိတ္ေမ့ေနတာ ေသခ်ာရဲ႕လား...ေျပာသာေျပာရတာ မင္းဟာက ခခေလးတစ္​ေယာက္တည္း ကြက္ေမ့ေနတာဆိုေတာ့ "
" ကေလးငယ္ အေၾကာင္းကို စဥ္းစားလို႔ေတာင္ မရဘူးကြာ "
" အမယ္ေလး...သတိမရဘူးဆိုၿပီ...ကေလးငယ္တဲ့ကြာ "
ေဝယံ ခနဲ႔တာေတာင္ ျပန္မေျပာဘဲ ၿငိမ္ေနပံုက သူ႔ကိုယ္သူ အားမရ ျဖစ္ေနပံုရ၏...
" အဲေလာက္လည္း မ်က္ႏွာပ်က္မေနပါနဲ႔ကြာ...
ခခေလးက မင္းမွမင္း... သူၾကည့္ရတာ မင္းကိုစိတ္ခုပံုလည္းမရပါဘူး... "
" ငါသိတယ္ "
အမယ္ ဒီေကာင္က အလာၾကီးပါလား... ႏွစ္သိမ့္ေပးမဲ့ ေစတနာေတာင္ပ်က္တယ္...
" ေတာ္ၿပီ..မေျပာေတာ့ဘူး...ေဟ့ေကာင္...ေစတနာပ်က္တယ္ "
" နားညည္းသက္သာတယ္ "
ဘုရင့္ အေျပာေၾကာင့္ႏွစ္ေယာက္သား ရယ္လိုက္မိ၏...

" ခခေလး...အဆင္ေျပရဲ႕လား "
" ေျပပါတယ္...ဘာျဖစ္လို႔လဲဟင္ "
" ခခေလးက ကိုယ္ဝန္ရိွေနတာေလ.....ၿပီးေတာ့ကိုႀကီး dragon က ခခေလးကို ေမ့ေနတာမလား...
" ကိုကိုက ဂရုစိုက္ပါတယ္....စိတ္မပူပါနဲ႔ "
တကယ္လည္း ခခကို မ်က္ႏွာအပ်က္မခံေအာင္
ကိုကိုက ဂ႐ုစိုက္ေပး၏...
အလင္းက ခခေလးကို စိတ္ပူလို႔ ကိုယံႏွင့္အတူလိုက္လာျခင္း ျဖစ္သည္...အလင္းလည္း ဂ႐ုစိုက္တာကို ျမင္ေနရေပမဲ့ စိတ္ကေတာ့ပူသည္မို႔ ေသခ်ာေအာင္ေမးမိျခင္း ျဖစ္သည္...
ခခတို႔ မနက္စာ ျပင္ၿပီးေတာ့ ကိုယံႏွင့္အလင္းကိုလည္း တူတူစားဖို႔ ေခၚေပမဲ့ စားၿပီးၿပီျဖစ္သည့္အျပင္ ဖိတ္စာေတြ လိုက္ေဝရအံုးမည္မို႔ ျပန္သြားၾက၏...

*****

" ကိုကို စားလို႔ အဆင္မေျပလို႔လားဟင္ "
" ေျပပါတယ္...ဘာျဖစ္လို႕လဲ "
" စားတာနည္းလို႔ေလ "
" ကိုယ္ အေတြးမ်ားသြားလို႔.... ကေလး ေရာ ၿပီးၿပီလား... ၿပီးရင္ သိမ္းခိုင္းလိုက္ေတာ့ ...ကိုယ္တိုင္မသိမ္းနဲ႔ "
" ဟုတ္ကဲ့... ကိုကို "
ကိုကိုက ဧည့္ခန္းထဲကို ျပန္သြားသည္မို႔ ခခလည္းလိုက္သြားလိုက္သည္...ကိုကိုက ေဆးရံုက လူနာဝတ္စံုကို ဝတ္ဆင္ထားေပမဲ့ ေခ်ာေမာခန္႔ညားမႈကအနည္းငယ္ပင္ ေလ်ာ့မသြားေပ...ဒဏ္ရာဆိုလို႔ေမး႐ိုးနားရိွ ဒဏ္ရာႏွင့္ ေခါင္းရိွဒဏ္ရာသာ ရိွေတာ့၏...ပတ္တီးကလည္း ေျဖၿပီးၿပီမို႔ ဒဏ္ရာကို ပလာစတာ ကပ္ထား၏.... သို႔ေပမဲ့ ဦးေခါင္းရိွဒဏ္ရာကို
စိုးရိမ္သည္မို႔ ေန႔တိုင္းစစ္ေဆးကာ ေနာက္ထပ္သံုးရက္ေလာက္ ေဆးရံုမွာ ေနရအံုးမည္...ကိုကိုက အတိတ္ေမ့ေနသည္မို႔ ပို၍ ဂ႐ုျပဳေနၾကျခင္း ျဖစ္သည္... ခန္႔မွန္းခ်က္အရ ကိုကိုက ေလယာဥ္မေပါက္ကြဲခင္ အရင္ဆင္းခဲ့ပံုရ၏...ထို႔ေၾကာင့္ဒဏ္ရာသိပ္မမ်ားဘဲ တိုက္ခိုက္ျခင္းေၾကာင့္ ရသည့္ဒဏ္ရာက ရက္အနည္းငယ္အတြင္း ေပ်ာက္သြားသည္ ....ေလထီးျဖင့္ ေလယာဥ္ေပၚမွ ခုန္ဆင္းၿပီးေနာက္ ေျမျပင္ရိွခပ္မာမာ တစ္စံုတစ္ခု ကို တိုက္မိ
ခဲ့ျခင္းျဖစ္ေလာက္သည္ဟု ဆရာဝန္ႀကီးက ခန္႔မွန္းေပးသည္...ဦးေခါင္းဒဏ္ရာက သိပ္မနက္ေပမဲ့ေသြးထြက္လြန္ျခင္းေၾကာင့္ အခ်ိန္ၾကာ သတိေမ့သြားျခင္း ျဖစ္၏...
" ကိုကို...အလုပ္က ​ေနာက္တစ္ပတ္ျပန္လုပ္ေတာ့မွာလားဟင္ "
" ဟုတ္တယ္... ဖိုးဖိုး ကို အနားယူေစခ်င္တယ္
...ကိုယ္လည္း သက္သာေနပါၿပီ "
" ကိုကို႔သေဘာပါ.... ခခလည္း ေျပာလို႔မွ မရတာ "
ေျပာၿပီးသည္ႏွင့္ စူပုတ္ပုတ္ေလး ျဖစ္ၿပီး ဘုရင့္၏အနားတြင္ဝင္ထိုင္ေသာ ေကာင္ငယ္ေလးအားဆြဲေပြ႕လိုက္ၿပီး သူ႔ေပါင္ေပၚသို႔ ထိုင္ေစလိုက္သည္...
" ကေလးငယ္က မလုပ္ေစခ်င္ေသးရင္ မလုပ္ဘူး
...ဒါေပမယ့္ give and take ရိွတယ္ "
" ဘယ္လို အေပးအယူမ်ိဳးလဲ...ကိုကို အလုပ္မလုပ္
ေသးဘူးဆိုရင္ လက္ခံတယ္...ခခတို႔ လက္ထပ္ပြဲ
မတိုင္ခင္ထိပဲ ကိုကို႔ကို နားေစခ်င္တာပါ... ဖိုးဖိုးကလည္း ကိုကို႔ကို အဲေလာက္က်မွ ျပန္လုပ္ေစခ်င္
တာတဲ့ "
ဘုရင့္၏ ရင္ခြင္ထဲကေန တတြတ္တြတ္ေျပာေန
ေသာ ေကာင္ငယ္ေလး၏ ႏႈတ္ခမ္း ရဲရဲေလးမ်ား,စကားေျပာရင္း လွစ္ခနဲ ေပၚလာေသာ လ်ွာဖ်ားရဲရဲ ေလးမ်ားအား ၾကည့္ရင္း အာေခါင္ေျခာက္လာရ၏...ဘုရင္လို တိတ္ဆိတ္ၿငိမ္သက္မႈက ႏွစ္သက္သူက ထိုေကာင္ငယ္ေလး၏ စကားသံေလးမ်ားကိုေတာ့ ႏွစ္ၿခိဳက္မိသည္....မ်က္ႏွာသာေပးတယ္ဆိုရင္လည္း ထိုသို႔ ေပးရေလာက္ေအာင္ ကေလးငယ္က ခ်စ္ဖို႔ေကာင္းေအာင္ ေျပာတတ္တာေၾကာင့္
မဟုတ္လား...
" ကိုကို လက္ခံတယ္ မဟုတ္လား ...ဟင္ "
" baby ႏႈတ္ခမ္းေလးေတြက အေလ်ာ္အစားေပးမယ္ဆိုရင္ေပါ့ ...ဘယ္လိုလဲ "
" ဟုတ္...ကိုကို "
ဘုရင့္၏ လည္တိုင္ကို တြဲခိုကာ သူ၏ႏႈတ္ခမ္းကို
ထိေတြ႔လာေသာ ႏႈတ္ခမ္းေသးေသးေလးမ်ား...ခဏသာ နားခိုၿပီး ျပန္ထြက္သြားသည္မို႔ အလ်င္စလို ျပန္လည္ဆြဲယူကာ အ႐ိုင္းဆန္ဆန္ အနမ္းမ်ားကို ပံုေဖာ္လိုက္ေတာ့၏...နမ္း႐ႈိက္ရင္းမွ ထြက္ေပၚလာေသာ အသံမ်ားသည္ အသံလံုခန္းအတြင္းထြက္ေပၚေနသည္မွာ ၾကားရသူအဖို႔ ရင္ဖိုဖြယ္ရာပင္...ၾကားရသူမွာလည္း ခခႏွင့္ကိုကိုသာ ရိွသည္မို႔ ခခ၏ တစ္ကိုယ္လံုးလည္း စေတာ္ဘယ္ရီသီးပမာ ရဲရဲနီေနေပၿပီ... ထိုသို႔ အ႐ွက္သည္းေနသူေလးအား ရင္ခြင္ထဲပိုမို ေပြ႔ပိုက္ကာ အနမ္းမ်ားအား
မ်က္ႏွာေသးေသးေလးကို ျဖန္႔က်က္မိေတာ့သည္...ကိုကို႔၏ အနမ္း႐ွည္ႀကီးၿပီးသည့္ေနာက္တြင္ ခခမွာယခုမွ ကုန္းေပၚတက္လာေသာ ငါးကေလးပမာ
အသက္႐ႈျခင္း ကို မနည္းလုပ္ေဆာင္ေနရ၏...ကိုကို႔၏ ရင္ခြင္ထဲကလည္း မထြက္ႏိုင္ေသးေခ်...အေၾကာင္းကား ခခ တစ္ကိုယ္လံုး အားအင္ေတြစုတ္ယူခံထားရသလို ေမာဟိုက္ေနေသာေၾကာင့္ျဖစ္သည္...
" ကိုကို...ေဆးေသာက္ခ်ိန္ေရာက္ေနၿပီ "
ခခလည္း အေမာေျပသြားသည္ႏွင့္ တန္းေျပာမိ၏...ကိုကို႔ သတိရလာေသာေန႔မွ စ၍ တစ္ေန႔သံုးႀကိမ္ေဆးေသာက္ျခင္းႏွင့္ ေဆးလိမ္းေပးျခင္းကို ခခက တာဝန္ယူၿပီး တိုက္ေပးျခင္းျဖစ္သည္... ထို႔ေၾကာင့္ ဒဏ္ရာမ်ားက ျမန္ျမန္​ေပ်ာက္ကင္းလာျခင္း ျဖစ္၏..
" ခခ ေဆးသြားယူလိုက္အံုးမယ္ "
" အင္း "
ခခ ေဆးဝင္ယူၿပီး ဧည့္ခန္းထဲျပန္လာေတာ့ ဧည့္သည္ တစ္ေယာက္ ေရာက္ေနေလ၏...
ကိုကို႔၏ ေဘးနားတြင္ ဝင္ထိုင္ၿပီး ျမင္လိုက္ရေသာမ်က္ႏွာက ခခအတြက္ လံုးဝမမွားႏိုင္ေသာ မ်က္ႏွာပိုင္႐ွင္ျဖစ္သည့္ ခခ၏ အစ္ကိုရင္း နယ္ေျမအ႐ွင္ျဖစ္ေနေပ၏...

...........................................................................

ဖတ္႐ႈသူအားလံုးကို ေက်းဇူးတင္ပါတယ္႐ွင့္

..........................................................................


























Continue Reading

You'll Also Like

2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
64.6K 2.2K 17
Blossom,Bubbles and Buttercup were mermaids living in harmony. They were fascinated about what is up in the surface because of their Grandpa who has...
229K 13.3K 41
ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...