သာသာယာယာလေးထိရုံတင်ထိလိုက်ပြီး နီခီကဆောင်းဟွန်းပခုံးကိုဆုပ်ကိုင်ထားကာ ထိုလက်ကိုဆောင်းဟွန်းကကိုင်လိုက်ရင်း နံရံမှာလက်ကိုကပ်ထားတော့တယ်...။
နီခီတစ်ယောက်အားမရဘဲအကြမ်းပတမ်းကြီးစုပ်ကိုက်လိုက်ပြီး
သွေးတွေပေနေတဲ့လက်နဲ့ဆောင်းဟွန်းပါးကိုသုတ်ပစ်ရင်းပါးကိုပါယက်လိုက်တာပေါ့...။
တစ်ခါမှမနမ်းဖူးတဲ့ဆိုက်ကိုတစ်ယောက်သပ်သပ်ဟာဆောင်းဟွန်းနဲ့မှဘယ်လိုနမ်းရမလဲသိနေခဲ့ပြီးစိတ်တွေပါနေတော့လေရဲ့...။
ထိုအနမ်းဟာအချိုရည်ကိုသောက်နေရသလိုမျိုးချိုမြိန်ပြီး ဆောင်းဟွန်းကိုကုတင်ပေါ်ထိုင်ခိုင်းလိုက်ကာသူကတက်ခွရင်းအသေအလဲနမ်းရှိုက်တော့
"ပြွတ်စ် ပြွတ်စ်" ဆိုတဲ့နမ်းရှိုက်သံများထွက်နေခဲ့ပြီး
"သဘောကျလား?"
"ဪ" ဆိုပြီးဆံပင်ကိုဆောင့်ရင်းမော့လိုက်ပြီးလည်ဇလုတ်ကိုစုပ်လိုက်တော့တယ်...။
ကုတင်ပေါ်လှဲချပြီး ဆောင်းဟွန်းအင်္ကျီကိုဆွဲဖြဲပစ်လိုက်ကာ
"ထောက်ချောက်ထဲခင်ဗျားကိုယ်တိုင်ဆင်းလာတာနော်ကျုပ်နဲ့မဆိုင်ဘူး" ဆိုပြီးပြုံးလိုက်ရင်းမျက်စိတစ်ဖက်မှိတ်ပြလိုက်တာပေါ့...။
"ရူးချင်စရာ-" ဆိုပြီးပြောနေတုန်းနီခီကနို့သီးကိုကိုက်ပလိုက်တော့အသက်ရှူသံတွေပြင်းလာပြီး နီခီကဗိုက်ကပတ်တီးကိုပါဖြုတ်ပစ်ကာ
"ဒီလိုနာကျင်နေရတာကိုသဘောကျနေတာလား?"
"နာကျင်မှုကိုမှမခံစားရတာ"
"ကျုပ်နဲ့အတူတူပဲလား?" ဆိုပြီးတွေဝေရင်းခနော်ခနဲ့ပြုံးလိုက်လေရဲ့...။
"ဒီဟာကိုပဲဆက်လုပ်ရအောင်" ဆိုပြီးခန္ဓာကိုယ်ကိုဆက်နမ်းရှိုက်ရင်း
"ခင်ဗျားကကျုပ်အရုပ်ဖြစ်ကိုဖြစ်လာစေရမယ် ဟီးရိုးမဟုတ်ဘဲကျုပ်အရုပ်"
"ခီလေးအတွက်ဆိုဗီလိန်ဖြစ်ဆိုလည်းဖြစ်ပါ့မယ်"
"လူအများအသက်ကိုမကယ်ဘဲ?"
"ခီလေးဘာမှမဖြစ်ရင်ရပြီ"
"ဟားဟားရယ်ရတယ် ခင်ဗျားကျုပ်နှလုံးသားကိုတော့ဘယ်တော့မှရမယ်မထင်နဲ့ဘာလို့လဲဆိုတော့နှလုံးသားမရှိတာမို့" ဆိုပြီးပြုံးလိုက်ကာဆက်လုပ်နေခဲ့လေရဲ့...။
ပြီးလည်းပြီးကော ဆောင်းဟွန်းတစ်ယောက်ပင်ပန်းသွားပြီး
"ပင်ပန်းသွားပြီလား?" ဆိုပြီးပြုံးလိုက်ကာ မေ့ဆေးထိုးချလိုက်တော့ဆောင်းဟွန်းလည်းသတိမေ့သွားခဲ့၍
"ခင်ဗျားလူရွေးမှားသွားပြီ" ဆိုပြီးပြတင်းပေါက်ကနေပြန်ထွက်သွားတော့တယ်...။
နာရီတော်တော်ကြာသွားမှနိုးလာခဲ့ပြီး ဘေးဘက်ကိုကြည့်လိုက်တော့ပြတင်းပေါက်ကပွင့်လျက်သားလေးဖြစ်နေကာနီခီကတော့မရှိတော့ပဲ လေအေးလေးတွေတိုက်ခတ်နေခဲ့တာပေါ့...။
အင်္ကျီစတွေကောပတ်တီးစတွေကောဘေးမှာပွနေခဲ့ပြီးထလိုက်ကာ အခန်းသန့်ရှင်းရေးလုပ်တော့လေရဲ့...။
မှန်လည်းကြည့်ကောလည်ပင်းမှာတွေကောခန္ဓာကိုယ်တွေမှာကောစုပ်နမ်းရာတွေပြည့်နှက်နေခဲ့ပြီးနှုတ်ခမ်းကလည်းပေါက်ရာတွေနဲ့ပေါ့...။
ဒါပေမဲ့လည်းအရမ်းကိုသဘောကျနေတဲ့ဆောင်းဟွန်းကတော့ပြုံးလိုက်ကာပြန်စဉ်းစားရင်းနဲ့ကိုနှစ်သက်နေတော့တယ်...။
အချိန်တိုင်းပြုံးနေတဲ့ဆောင်းဟွန်းကြောင့်
"ဟိုနေ့ကကျမျက်မှောင်ကြီးကိုကျုံ့လို့အခုကျတော့လည်းနားရွက်တပ်ချိတ်မတပ်ပဲ"
"ဟုတ်ပါ့" ဆိုပြီးပြောနေကြလေရဲ့...။
ညတစ်ညကျနီခီတစ်ယောက်ဦးထုပ်အမဲဆောင်းထားပြီး ဓါးကြီးကိုင်ရင်းလမ်းလျှောက်ထွက်၊နေချိန်အနောက်ကနေရဲတစ်ယောက်ကရောက်လာကာခြေလှမ်းတွေရပ်သွားပြီး
"မိပြီ" ဆိုပြီးပြောတော့ပြုံးလိုက်တော့တယ်...။
အနောက်ကိုလှည့်ကြည့်လိုက်ပြီး
"ဒီနေ့ငါမင်းကိုသတ်မယ်" ဆိုပြီးကြိမ်းဝါးလိုက်ကာဓါးနဲ့ပြေးထိုးမလို့လုပ်တုန်း ဆောင်းဟွန်းကအရှေ့ကနေရပ်လိုက်တာပေါ့...။
Maskထည့်ထားပြီး
"ဘယ်သူလဲ?"
"ကယ်ပါသူကသတ်မလို့လုပ်နေတယ်" ဆိုပြီးရယ်လိုက်ကာခုံမှာထိုင်လိုက်ရင်း
"မလုပ်ရဲဘူးလား?ကိုယ့်ချစ်တဲ့သူအတွက်လူသတ်ပေးဖို့လေ" ဆိုပြီးချွဲတဲ့ရုပ်လေးနဲ့ပြောလိုက်တော့ဆောင်းဟွန်းတစ်ယောက်အရည်ပျော်ကျသွားလေရဲ့...။
ချက်ချင်းဆိုသလိုလက်ထဲကဓါးကိုယူလိုက်ပြီး ထိုရဲကဝေးနေတော့သူတို့ဘာပြောနေလဲမသိရှာပဲ
"ညှိနှိုင်းမှုယူကြရအောင်" ဆိုပြီးဓါးနဲ့ပြေးထိုးလိုက်ကာသွေးတွေတတောက်တောက်ကျလာတာနဲ့နီခီအကျယ်ကြီးအော်ရယ်လိုက်တော့တယ်...။
သဘောတွေကျပြီးလက်ခုပ်တွေတီးနေကာ
"တော်လိုက်တာ" ဆိုပြီးဂုဏ်ပြုနေတာပေါ့...။
George ကချက်ချင်းဆိုသလိုရောက်လာပြီး ထိုရဲရဲ့အူလကီစာတွေကိုစားပစ်ကာ နီခီကအနားရောက်လာပြီးသွေးတွေထိုင်ယက်နေလေရဲ့...။
"ပျော်ရဲ့လားခီလေး?"
"ဪအရမ်းပျော်တယ်"
"ခီလေးပျော်ရင်ကျေနပ်ပြီ"
"ဟားဟား" ဆိုပြီးရယ်ပြီးသွေးတွေဆက်ထိုင်ယက်နေကာဆောင်းဟွန်းတစ်ယောက်ထွက်သွားတော့တယ်...။
အချစ်ကြောင့်တဖြည်းဖြည်းပြောင်းလဲလာတဲ့ဆောင်းဟွန်းတစ်ယောက်လူပါသတ်လာခဲ့တာပေါ့...။
တစ်နေ့ကျဆောင်းဟွန်းတစ်ယောက်နီခီအလာကိုသူ့အခန်းထဲထိုင်စောင့်နေကာခနအကြာကျနီခီကရောက်ချလာလေရဲ့...။
"ခင်ဗျားထိုင်စောင့်နေတာလား?"
"ဟုတ်တယ် ကိုယ်ခီလေးနဲ့လျှောက်လည်ချင်လို့" ဆိုပြီးလက်ကိုကိုင်လိုက်ရင်း
"အခုမှလာတာကိုပြန်သွားရမှာလား?"
"ဪ" ဆိုပြီးပြတင်းပေါက်ကနေအတူတူခုန်ချပြီးပျော်ရွှင်စွာပြေးနေကြတော့တယ်...။
ပန်းခြံတစ်ခုရှေ့ရောက်လည်းရောက်ကောနှစ်ယောက်လုံးဟက်ထိုးလိုက်သွားကြပြီး
"သေအောင်များသတ်နေလားခင်ဗျား?"
"တောင်းပန်ပါတယ်" ဆိုပြီးအနားကိုတိလာကာချွေးတွေကိုသူ့လက်နဲ့ညင်ညင်သာသာလေးသုတ်ပေးနေတာပေါ့...။
သုတ်နေရင်းနှစ်ယောက်သားနူးညံ့စွာအကြည်စိုက်နေကြကာဆောင်းဟွန်းကနမ်းမလို့လုပ်တော့လက်နဲ့ပါးစပ်ကိုပိတ်လိုက်ရင်းတားလိုက်ပြီး
"ဒီနေ့အနမ်းoffမယ် အချိန်တိုင်းနမ်းချင်မနေနဲ့ခင်ဗျား" ဆိုပြီးပန်းခြံထဲဝင်သွားမလို့လုပ်တုန်းဆောင်းဟွန်းတစ်ယောက်
"I need you boy I need you boy" ဆိုပြီးသီချင်းထဆိုလိုက်ပြီးအရမ်းချိုမြိန်တဲ့ထိုအသံကြောင့်လှည့်ကြည့်လိုက်ကာပြုံးလိုက်ရင်း
"အရူး" ဆိုပြီးအထဲကိုဝင်သွားလေရဲ့...။
"ခနစောင့်ဦးလေ" ဆိုပြီးအနောက်ကနေပြေးလိုက်ကာပန်းခင်းတွေပေါ်လက်တွေဆန့်ထုတ်ရင်းအတူတူအိပ်လိုက်ကြပြီး ဆောင်းဟွန်းကနီခီလက်ကိုကိုင်ထားတော့တယ်...။
"ဒီထက်ပိုပြီးပိုင်ဆိုင်ခွင့်ရှိချင်တယ်နီခီ" ဆိုပြီးနီခီမျက်လုံးစိုက်ကြည့်ရင်းနူးညံ့စွာပြောကာ
"အခုလည်းပိုင်ဆိုင်နေရတာပဲမဟုတ်လား?"
"ပိုထိတွေ့ချင်တယ်"
"ခင်ဗျားမမှတ်သေးဘူးလားဟိုနေ့ကလိုပင်ပန်းတာကို?"
"အဲ့လိုမဟုတ်ဘဲထိတွေ့ချင်တာ"
"ခင်ဗျားကျုပ်ကိုတကယ်သဘောကျတာလား?"
"ဟင့်အင်း မြတ်နိုးပြီးချစ်တာ"
"ဘာလို့လဲ?ခင်ဗျားကိုစိတ်ထပေါက်ရင်သတ်နိုင်တာပဲ"
"အသက်ပေးရဲတာမို့သတ်သွားလည်းငြိမ်ခံပါ့မယ်"
"စောက်ပိုတွေ" ဆိုပြီးထလိုက်ပြီး
"ဘယ်ဆက်သွားမှာလဲ?"
"ကစားကွင်းသွားရအောင်"
"ဟမ်??ခင်ဗျားကလေးလား?"
"သွားရအောင်နော့်" ဆိုပြီးထလာကာလက်ကိုနူးနူးညံ့ညံ့ကိုင်ရင်းချွဲနေတာပေါ့...။
"အသည်းယားဖို့ကောင်းအောင်ဖယ်စမ်း"
"သွားရအောင်အဲ့ဆို" ဆိုပြီးဆွဲခေါ်သွားပြန်ကာ
"ငါကဘာလို့သူပြောတိုင်းလုပ်နေရတာလဲ?" ဆိုပြီးစိတ်ထဲရေရွတ်ရင်းနီခီလည်းပါသွားပြန်ပြီး ကစားကွင်းလည်းရောက်ကော လူတွေလည်းအုံအုံကျပ်ကျပ်နဲ့ဖြစ်နေလေရဲ့...။
ဆောင်းဟွန်းကနီခီလက်ကိုသေချာဆုပ်ကိုင်ထားပြီး
"ခင်ဗျားဒီနေ့တစ်ရက်ပဲရမယ်နော်"
"ဟုတ်ကဲ့ပါ" ဆိုပြီးအထဲကိုဆွဲခေါ်သွားကာ
"မြင်းစီးမယ်"
"ဒီမှာ ခင်ဗျားအရုပ်မဟုတ်ဘူးနော်ကျွန်တော်"
"သွားစီးမယ်လာ" ဆိုပြီးဆွဲခေါ်သွားပြန်တော့တယ်...။
မတတ်နိုင်တဲ့အဆုံးဆောင်းဟွန်းနဲ့အတူမြင်းစီးနေရကာ
"ခင်ဗျားFSကကောဟုတ်ပါတယ်နော်?" ဆိုပြီးမေးနေတာကိုမကြားဘဲပျော်ပျော်ကြီးမြင်းစီးနေရင်းနားရွက်တပ်ချိတ်မတတ်ပြုံးနေတာပေါ့...။
နီခီတစ်ယောက်မျက်တောင်တောင်မခတ်နိုင်တော့ပဲထိုလူသားလေးရဲ့အပြုံးကိုစိုက်ကြည့်နေမိကာ
"ဘာခံစားချက်ကြီးလဲ?" ဆိုပြီးစဉ်းစားတွေဝေနေခဲ့တော့လေရဲ့...။
မြင်းတွေစီးလိုက်၊rollar coasterတွေစီးလိုက်နဲ့နှစ်ယောက်သားဂိမ်းတွေလည်းကစားကြကာ နီခီကလူသတ်ဂိမ်းမှာအရမ်းကျွမ်းပြီးဆောင်းဟွန်းကတော့ဗုံးခွဲဂိမ်းမှာအရမ်းကျွမ်းတာပေါ့...။
"ခီလေးပျော်ရဲ့လား?"
"ပျော်ရွှင်မှုဆိုတာဘာလဲ?ထားပါ ကျုပ်အလှည့်အခု"
"အွန်း?"
"လိုက်ခဲ့" ဆိုပြီးလက်ကိုဆွဲသွားကာသူ့အိမ်ကိုခေါ်သွားတော့ Georgeကစောင့်နေခဲ့ပြီး
"Ohh boss dating with him?"
"Yes he takes me"
"Ummm you like him?"
"Not actually I will never love anyone"
"So why do you take him to your house now?"
"Just to have fun" ဆိုပြီးဓါးကိုဆောင်းဟွန်းလက်ထဲထည့်ပေးလိုက်တော့တယ်...။
"Wow this will be feel good haha"
"ခုံပေါ်ကတစ်ယောက်ကိုသတ်ပေး" ဆိုပြီးအရှေ့ကနေဖယ်ပေးလိုက်ကာ
"Kill him kill him"
"Just do it for me" ဆိုပြီးပြောလိုက်တာနဲ့ဗိုက်ကိုဓါးနဲ့ထိုးလိုက်ပြီး နီခီကထရယ်လိုက်လေရဲ့...။
"Boss your power"
"I know he will do everything for me"
"ဖယ်" ဆိုပြီးဖယ်ထုတ်ပလိုက်ပြီးသူတို့အလုပ်သူတို့ဆက်လုပ်ကာ
"ဆုမချချင်ဘူးလား?"
"ဒီနေ့offလို့"
"ဟုတ်ပါပြီ ဒါဆိုလည်းအိမ်ပြန်တော့မယ်"
"ဪ bye" ဆိုပြီးသူ့ကိုဂရုမစိုက်ဘဲပြောလိုက်တော့ဆောင်းဟွန်းလည်းထွက်သွားတော့တယ်...။
ပြန်ရောက်တော့အလုပ်တာဝန်မရှိတာနဲ့ဆောင်းဟွန်းလည်းသူ့အိမ်သူပြန်သွားကာစိတ်ညစ်စွာနဲ့ထိုင်နေခဲ့ချိန်
"ဘာလုပ်နေတာလဲ?" ဆိုပြီးရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်လိုက်ရှာနေတာပေါ့...။
"ဟာ" ဆိုပြီးသက်ပြင်းချလိုက်ပြီးခုန်ဆင်းလာကာ
"ဒီမှာ"
"ဘယ်လိုရောက်လာတာလဲ?"
"အိမ်မှာဘာထိုင်လုပ်နေတာလဲ?"
"ဒီတိုင်းပါ"
"ဧကန္တနေ့ခင်းကကိစ္စစိတ်ဆိုးနေတာလား?"
"မဆိုးပါဘူး" ဆိုပြီးပြောတော့နီခီကအနားကိုရောက်လာပြီး
"ထိတွေ့ချင်တယ်ဆို" ဆိုပြီးလက်ကိုဆွဲလိုက်ရင်းအင်္ကျီကိုချွတ်ချလိုက်တော့လေရဲ့...။
"ကိုင်" ဆိုပြီးအတင်းကိုင်ခိုင်းပေမဲ့ဆောင်းဟွန်းကမကိုင်ဘဲခါးကနေပဲသိမ်းကျုံးလိုက်ကာ
နဖူးချင်းတိုက်လိုက်ပြီးနမ်းမလိုလိုလုပ်နေတော့နီခီကစိတ်မရှည်တော့ပဲနမ်းချလိုက်တော့တယ်...။
အသက်ရှူသံတွေပြင်းနေကြပြီး
"ခီ"
"ဪ?"
"ကိုယ်ခီကိုအရမ်းချစ်တယ်" ဆိုပြီးဖက်လိုက်ကာခေါင်းလေးကိုအသာယာလေးပွတ်သပ်ပေးနေခဲ့ပြီး
"ကျုပ်ကခင်ဗျားကိုအသုံးချနေတယ်ဆိုရင်ကော?"
"ပျော်ပျော်ကြီးကိုငြိမ်ခံမယ်"
"ဟားဟား ခင်ဗျားရူးနေပြီပဲ"
"ဪရူးနေပြီ" ဆိုပြီးနူးညံ့စွာဆက်ဖက်ထားခဲ့လေရဲ့...။
နီခီရဲ့ဓါတ်ပုံတွေကိုရိုက်ထားပြီးအလုပ်ထဲရောက်ပြီဆိုသူမှာအလွမ်းပြေကြည့်ရတာအမောပေါ့...။
တစ်နေ့ကျတော့
"ခေါင်းဆောင်ဘာတွေကြည့်နေတာလဲ?" ဆိုပြီးမေးလိုက်ရင်းဘေးမှာဝင်ထိုင်လိုက်တော့ဆောင်းဟွန်းလည်းလန့်ဖြန့်ပြီးပုံတွေကိုကောက်ဖွက်လိုက်ကာ
"ဘာတွေလဲ?"
"ဘာမှမဟုတ်ဘူး"
"တစ်ခုခုတော့"
"ငါဘာမှမဟုတ်ဘူးလို့ပြောနေတယ်လေ"
"ခေါင်းဆောင်ကလည်းဖြေးဖြေးပြောလည်းရပါတယ်"
"အခန်းထဲဝင်တော့မယ်" ဆိုပြီးအခန်းထဲဝင်သွားတော့
"ခေါင်းဆောင်အခုတလောထူးဆန်းနေသလိုပဲ" ဆိုပြီးပြောရင်းကျန်ရစ်ခဲ့တော့တယ်...။
။။။
အပျော်ကကြာရှည်မခံတတ်ဘူးတဲ့...။
။။။
စစ်ဦးစီးမှူးချုပ်ကရဲတွေနဲ့ပေါင်းပြီးထိုတရားခံကိုဖော်ထုတ်နေခဲ့ကာ
"အခုတလောဦးစီးမှူးချုပ်ကိုမတွေ့မိပါလား?"
"ဟိုတစ်ခါကကိစ္စကိုလိုက်ဖော်ထုတ်နေတယ်ဆိုလားပဲ"
"အာ...ဆိုက်ကိုဆိုတာလား?" ဆိုပြီးတိုးတိုးတိုးတိုးနဲ့ပြောနေကြတာကို ခိုးနားထောင်နေခဲ့ပြီးချက်ချင်းနီခီအိမ်ကိုပြေးသွားကာ ဝုန်းခနဲတံခါးဖွင့်ရင်းဝင်လာတော့တယ်...။
"အာshitလန့်တာ တံခါးလေးဘာလေးခေါက်မှပေါ့"
"စစ်ဦးစီးချုပ်သိတော့မယ်"
"ဘာကိုတုန်း?အစမရှိအဆုံးမရှိ"
"ရဲတွေနဲ့ပေါင်းပြီးလိုက်ရှာနေကြပြီ"
"အဲ့တာကြောင့်လာခဲ့တာလား?ဟားဟား ခင်ဗျားစိတ်ထဲဖမ်းမိမယ်ထင်နေတာလား?"
"စိတ်ပူတယ်ခီ"
"သေသွားတော့လည်းဘာဖြစ်လဲ?သေပါစေပေါ့"
"ကိုယ်ရူးသွားလိမ့်မယ်" ဆိုပြီးလက်ကိုနူးနူးညံ့ညံ့ကိုင်လိုက်ပြီးထိုစကားကိုအထပ်ထပ်အခါခါရေရွတ်နေခဲ့ကာ
"ကျုပ်ကတော်ရုံမသေပါဘူးပြီးတော့သူတို့လက်ထဲဘယ်တော့မှသေမှာမဟုတ်ဘူးစိတ်ချစမ်းပါ" ဆိုပြီးပါးကိုပုတ်လိုက်ရင်း
"တစ်ခုခုဆိုတာနဲ့ကိုယ့်ဆီလာခဲ့ပါ"
"သွားစမ်းပါ" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းလည်းထွက်သွားတာပေါ့...။
အလုပ်သိပ်မရှိတာကြောင့်အိမ်မှာပဲဆက်နေနေပြီး နီီခီကရောက်လာကာ
"ခင်ဗျားဘာလုပ်နေတာလဲ?"
"ခီလေး?"
"ဟင်းချက်နေတာလား?"
"ဪ" ဆိုပြီးပြောနေတုန်းနီခီကပစ္စည်းတွေကိုလိုက်စပ်စုနေပြီး
"ထမင်းစားသွားပါလား?"
"ဗိုက်ဆာနေတာနဲ့အတော်ပဲ"
"ကိုယ်မြန်မြန်လုပ်ပေးပါ့မယ်ထိုင်စောင့်နေနော်"
"အွန်း" ဆိုပြီးထိုင်လိုက်တော့လေရဲ့...။
အတူတူနေ့လည်စာစားကြပြီး
"ရုပ်ရှင်အတူတူသွားကြည့်ရအောင်"
"ဪ?"
"ရုပ်ရှင်အတူတူသွားကြည့်ရအောင်လို့"
"ခီလေးသွားချင်လို့လား?"
"အွန်း ကြည့်ချင်တဲ့ကားလည်းရှိလို့"
"ခီလေးသဘော ကိုယ်လက်မှတ်မှာလိုက်မယ်"
"ညနေကျမှသွားမယ်ပြီးရင်ဘယ်ကားလဲဆိုတာရွေးမယ်"
"ဟုတ်ပြီဟုတ်ပြီ" ဆိုပြီးပျော်သွားကာထမင်းစားပြုပြီးခနလှဲပြုကြတာပေါ့...။
"ခင်ဗျား"
"ဪ?"
"နမ်းချင်တယ်"
"ပထမဦးဆုံးပါလား?"
"နမ်းခွင့်ပေး"
"တောင်းဆိုစရာတောင်မလိုပါဘူးဗျာ" ဆိုပြီးပြောတော့နီခီကနူးနူးညံ့ညံ့နမ်းလိုက်ကာ
"ဘာကိုမှမစဉ်းစားပဲခင်ဗျားနဲ့ပဲအတူအိပ်ချင်တယ်" ဆိုပြီးရင်ခွင်ထဲတိုးဝင်လိုက်ပြီး
"ဖက်ထားပေး" ဆိုပြီးပြောတော့ဆောင်းဟွန်းလည်းနူးနူးညံ့ညံ့လေးဖက်ထားပေးတော့တယ်...။
နှစ်ယောက်သားအတူတူအိပ်ပျော်သွားကြပြီးညနေကျတော့ရုပ်ရှင်အတူတူသွားကြည့်ကြကာ နီခီတစ်ယောက်ဘာစိန်ထပေါက်မှန်းမသိဆောင်းဟွန်းကိုပြကပ်ချွဲနေတာပေါ့...။
လက်ကိုချိတ်ပြီးဆောင်းဟွန်းပခုံးပေါ်ကိုမှီရင်းရုပ်ရှင်ကြည့်နေတော့ ကျန်တဲ့ရုံထဲကသူတွေလည်းအားကျရုံကလွဲပြီးဘာမှမတတ်နိုင်ကြပါဘူး...။
"အေးလို့လား?"
"မအေးဘူးဒီတိုင်းကြည့်ချင်လို့"
"ခီလေးသဘော" ဆိုပြီးမျက်နှာမှာရှုပ်နေတဲ့ဆံပင်လေးကိုနူးနူးညံ့ညံ့လေးဖယ်ပေးရင်းရုပ်ရှင်ပြန်ကြည့်နေခဲ့လေရဲ့...။
အတူတူလက်ကိုင်ပြီးအိမ်ပြန်ကြကာ
"ဒီညခင်ဗျားအိမ်မှာနေခွင့်ပေး"
"ဒီနေ့ကိုတော့အကြိုက်ဆုံးနေ့လို့သတ်မှတ်ရတော့မယ်မလုပ်ဖူးတာတွေကိုတစ်စုံတစ်ယောက်ကလုပ်နေလို့"
"အရင်ကလိုပြန်နေပေးရမလား?"
"ဘယ်လိုနေနေခီလေးဖြစ်နေရင်ကိုချစ်တာမို့" ဆိုပြီးနဖူးလေးကိုဖွဖွလေးနမ်းလိုက်တော့တယ်...။
နောက်တစ်နေ့လည်းရောက်ကော မုန်တိုင်း၊လေကြမ်းတွေစတင်တိုက်ခတ်လာခဲ့ကာ ဆောင်းဟွန်းလည်းနိုးလာကောနီခီကဘေးမှာမရှိတော့ပါဘူး...။
"ခီ?ခီ?" ဆိုပြီးအော်ခေါ်နေပေမဲ့တိုက်ခတ်နေတဲ့လေကြမ်းများသာရှိပြီးလူဆိုတဲ့အရိပ်အယောင်တောင်မတွေ့ခဲ့ဘူးပေါ့...။
ကုတင်ပေါ်ကဆင်းပြီးထရှာမလို့လုပ်တုန်းwalkietalkieကနေ
"FS ဗုံးတပ်ဖွဲ့၁ခေါင်းဆောင် တာဝန်ရှိနေရာဖြစ်တဲ့sunflower street ကအဆောက်အဦးအပျက်ကိုလာခဲ့ပေးပါ လူသတ်သမားမိပြီမို့" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းမျက်လုံးပြာတက်သွားကာချက်ချင်းပဲwalkietalkieကိုယူပြီးအိမ်ထဲကပြေးထွက်သွားတော့တယ်...။
ပြေးနေရင်းနဲ့မျက်ရည်တွေအလိုလိုကျလာကာ
"မဖြစ်ဘူး" ဆိုပြီးအမြန်အဆန်ပြေးသွားပြီးထိုအဆောက်အဦးအဝကိုလည်းရောက်ကော အစောင့်တစ်ယောက်ကwalkietalkie တစ်လုံးသူ့လက်ထဲကိုပေးလိုက်တာပေါ့...။
"ကျုပ်အင်္ကျီမှာဗုံးတစ်ခုတပ်ထားတယ်"
"ခီ?"
"တောင်းပန်ပါတယ် ကြိုမပြောခဲ့မိလို့အစကတည်းကအခုလိုမျိုးဖြစ်လာမယ်ဆိုတာတွေးပြီးသားပါ သူတို့လက်ထဲမသေချင်တာမို့ကိုယ့်ဘာသာသတ်သေဖို့စဉ်းစားထားတယ်"
"ခီဘာတွေလျှောက်ပြောနေတာလဲ?"
"ကြောက်တယ်ခင်ဗျားနဲ့ခွဲရမှာကို အရူးလိုပဲကိုယ့်ကိုယ်ကိုယ်ခံစားချက်မရှိဘူးဆိုပြီးဟုတ်လှပြီထင်နေတာ တကယ်တော့ကြောက်နေမိတယ်"
"ခီ" ဆိုပြီးငိုလိုက်ကာ
"မငိုပါနဲ့ခင်ဗျားမျက်ရည်နဲ့ကျုပ်ကမတန်ဘူး"
"အဲ့လိုမလုပ်ပါနဲ့တောင်းပန်ပါတယ်"
"သေသင့်တဲ့သူပဲဟာအစကတည်းက"
"ခီလေး"
"နောက်ကျသွားမှန်းသိပေမဲ့ ကျုပ်ခင်ဗျားကိုချစ်တယ်အရမ်းချစ်တယ်သေလောက်အောင်ချစ်တာမို့နောက်ကျရင်အခုလိုမျိုးမဟုတ်ဘဲသေချာပေါက်ကောင်းမွန်စွာတွေ့ဆုံချင်တယ်ကိုယ်...ခီကိုယ့်ကိုချစ်တယ်" ဆိုပြီးပြောလိုက်ပြီးဗုံးခလုတ်ကိုနှိပ်ချလိုက်ကာ
"ဒုန်းးးးး" ဆိုတဲ့မြည်သံနှင့်အတူအဆောက်အဦးကြီးပြာကျသွားပြီးဆောင်းဟွန်းလည်းဗုံးအားကြောင့်မြေပြင်ပေါ်လှဲကျသွားတော့လေရဲ့...။
မီးလျှံတွေအားပြင်းပြင်းနဲ့တောက်လောင်နေခဲ့ပြီးဆောင်းဟွန်းကလက်လေးဆန့်ကာ
"မဖြစ်ဘူး" ဆိုပြီးမေ့လဲသွားတော့တယ်...။
သတိလည်းရလာကောဆေးရုံကုတင်ပေါ်ရောက်နေခဲ့ပြီး
"ခေါင်းဆောင်နိုးလာပြီဟေ့" ဆိုပြီးသူ့အချစ်ဆုံးတပည့်ကအော်လိုက်တော့ကျန်တဲ့အဖွဲ့သားတွေလည်းအခန်းထဲပြေးဝင်လာကြကာ
"တော်သေးတာပေါ့ခေါင်းဆောင်ရယ်" ဆိုပြီးလက်ကိုင်ပြီးစနောက်ငိုနေကြတာပေါ့...။
ဆောင်းဟွန်းကတော့ပွင့်နေတဲ့တံခါးကနေနီခီအလာကိုမျှော်နေခဲ့ပြီးမျက်ရည်တွေတစ်စက်တစ်စက်နဲ့ကျဆင်းလာကာ
"ခီ" ဆိုပြီးငိုနေခဲ့လေရဲ့...။
ဆောင်းဟွန်းငိုနေတာကိုမြင်ပြီးအဖွဲ့သားတွေလည်းဘာလုပ်ရမှန်းမသိတော့ပဲ ဆေးရုံကလည်းဆင်းတော့လည်းအရူးလိုမျိုးသူ့အခန်းပြတင်းပေါက်မှာနီခီအလာကိုထိုင်စောင့်နေခဲ့တယ်...။
"မင်းတို့ခေါင်းဆောင်ကော?"
"အခန်းထဲမှာဗျ" ဆိုပြီးပြောတော့ဦးစီးမှူးချုပ်လည်းအခန်းထဲဝင်လာကာဝိဉာဉ်လွှင့်နေတဲ့ဆောင်းဟွန်းကိုမြင်ပြီး
"ဘာလုပ်နေတာလဲ?ဆုယူရမယ့်ဟာကို"
"ခီ"
"ဟမ်??"
"ခီ့ကိုလွမ်းတယ် ချစ်တယ်တဲ့ပြောသွားတယ်" ဆိုပြီးကုတင်ပေါ်လှဲလိုက်တာပေါ့...။
"ပတ်ဆောင်းဟွန်း!!!" ဆိုပြီးခေါ်ပေမဲ့ဆောင်းဟွန်းကတော့အနောက်ကျောကြီးပေးပြီးအိပ်နေကာဘာမှပြန်မဖြေခဲ့ပါဘူး...။
"အရင်ကဆောင်းဟွန်းမဟုတ်တော့ဘူး" ဆိုပြီးသက်ပြင်းချလိုက်ကာအခန်းထဲကထွက်လာပြီး
"တရားခံတစ်ယောက်ကိုဗုံးခွဲသတ်ပြီးရူးသွားပြီလားလို့မင်းတို့ခေါင်းဆောင်ကိုမေးဦး" ဆိုပြီးထွက်သွားတော့တယ်...။
"ပြောသားပဲဦးစီးမှူးချုပ်တောင်ရမှာမဟုတ်ဘူးလို့"
"ဘာပြဿနာများရှိသွားလဲမသိဘူး"
"သူကိုယ်တိုင်ပဲသတ်လိုက်တာမဟုတ်ဘူးလား?" ဆိုပြီးတီးတိုးပြောနေတာကိုဆောင်းဟွန်းကကြားနေခဲ့ပြီးငိုနေခဲ့တာပေါ့...။
နေရာတိုင်း၊အချိန်တိုင်းမှာသူ့ပုံရိပ်ကိုပဲမြင်နေခဲ့ပြီး
"ကိုယ်" ဆိုပြီးအနားကိုဖြေးဖြေးချင်းလျှောက်လာကာ ပါးလေးကိုနမ်းရင်းပြုံးလိုက်ပြီးပျောက်ကွယ်သွားလေရဲ့...။
"မသွားပါနဲ့" ဆိုပြီးလက်လေးကိုဆန့်ထုတ်ရင်းတားခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီး
"တောင်းပန်ပါတယ်မကာကွယ်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်မကယ်နိုင်ခဲ့လို့" ဆိုပြီးငိုလိုက်ပြန်ရောပေါ့...။
အရမ်းသန်မာတဲ့ဆောင်းဟွန်းဟာဆိုက်ကိုတစ်ယောက်နဲ့မေတ္တာမျှပြီးအရူးတစ်ပိုင်းလိုဖြစ်သွားကာ မျက်နှာလည်းလူရုပ်သူရုပ်ကိုမထွက်တော့ပါဘူး...။
စက္ကန့်တိုင်း၊မိနစ်တိုင်း၊နာရီတိုင်း၊နေ့ရက်တိုင်းမပျက်ဘဲနီခီကိုမျှော်နေခဲ့ကာ
"မသေရဘူး ခီလေးကမသေသင့်ဘူး"
ဆိုပြီးတောက်လျှောက်ရေရွတ်နေခဲ့တော့တယ်...။
အရူးတစ်ပိုင်းဖြစ်နေတဲ့ဆောင်းဟွန်းကိုဦးစီးမှူးချုပ်ကသတိဝင်အောင်
"ရားးးပတ်ဆောင်းဟွန်း သတိဝင်စမ်းမင်း!!" ဆိုပြီးပါးကိုပုတ်ကာလုပ်သော်လည်းသတိမဝင်ခဲ့ပါဘူး...။
"မင်းတကယ်ပဲဘာဖြစ်နေတာလဲ?မင်းမလုပ်ဖူးတဲ့အရာလည်းမဟုတ်ဘဲနဲ့ ဂုဏ်တောင်ယူရမှာလေမင်းလုပ်လိုက်တဲ့လုပ်ရပ်ကပြည်သူတွေအတွက်အများကြီးအထောက်အကူပြုသွားလို့"
"ဟီးရိုးလုပ်ရတာချစ်ရသူကိုအများအတွက်စွန့်လွှတ်ရတယ် ဒါကြောင့်ဗီလိန်ဖြစ်ဖို့ရွေးချယ်ထားတာ" ဆိုပြီးလက်ကိုဖယ်ထုတ်ပလိုက်ရင်းအိပ်ရာပေါ်ပြန်လှဲသွားပြီး
"မင်းဘာတွေပြောနေတာလဲ?ဪ???ရားးငါမေးနေတယ်" ဆိုပြီးအော်နေသော်လည်းပြန်လှည့်မကြည့်ခဲ့ပါဘူး...။
တကယ်ပဲထိုဇာတ်လမ်းဟာအဆုံးသတ်သွားပြီလားဆိုတာကိုဘယ်သူကမှမသိကြပါဘူး...။