မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

138K 16K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (60)
Chapter (61)
Chapter (62)

Chspter (59)

604 90 2
By Moesattkha


Chapter:59

မုရှင်းယုသည် ကုအဆောက်အအုံသို့ ကားမောင်းလာပြီးနောက် ရုံးခန်းထဲသို့ ဝင်လာသောအခါ ကုယွမ်ကျိုးသည် အစည်းအဝေး လုပ်နေသေးသည်။

သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ လက်ရှိ Weibo အပ်ဒိတ်များကို စစ်ဆေးပြီးနောက် သူနှင့် တုန်ရှီးကြား အရှုပ်တော်ပုံများ ပြေလျော့သွားသည်ကို တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

မကြာမီ ရုံးခန်းတံခါးပွင့်လာပြီး ကုယွမ်ကျိုးဝင်လာသည်။

ယခုအခါ ကုယွမ်ကျိုးသည် ဝှီးချဲလ်ကို အသုံးမပြုတော့ပေ။ သူ၏ ခြေထောက်များ ပြန်လည်ကောင်းမွန်လာမှုကိုတော့ တင်းကြပ်စွာ လျှို့ဝှက်ထားဆဲဖြစ်ပြီး ကုမ္ပဏီရှိ အထက်ပိုင်အမှုဆောင် အနည်းငယ်သာသိသေးသည်။

" မင်း ဒီကို ဘာလို့ရောက်လာတာလဲ? " ကုယွမ်ကျိုးက အပြုံးလေးနဲ့မေးတယ်။

" ကျွန်တော် မစ္စတာကုကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ " မုရှင်းယုက ထရပ်ကာ ပြောတယ်။ " အင်တာနက်ပေါ်က ကောလာဟလတွေကို ကူညီဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာကု "

" ကိုယ်တို့က ကျေးဇူးတင်တယ်လို့ ပြောဖို့ လိုသေးတုန်းလား? " ကုယွမ်ကျိုးက ပြန်မေးသည်။

" ဒါပေမယ့် ကျတော် ကျေးဇူးတင်တယ်လို့ မပြောရင် ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြရမလဲ? "

" မင်း ကိုယ့်ကိုနမ်းဖို့ အစပြုနိုင်တယ်လေ။ ဒါဆို ကိုယ်..." ကုယွမ်ကျိုး စကားမဆုံးခင် မုရှင်းယုသည် သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်တယ်။

အခုလို နက်နဲတဲ့ အနမ်းမျိုး မပြောနဲ့ မုရှင်းယုဟာ ကုယွမ်ကျိုးကို သူ့ဘာသာသူ အစပြုပြီး နမ်းတာတောင် ရှားပါးတယ်။

မကြာခင်မှာပဲ ကုယွမ်ကျိုးဟာ အသိ ဝင်လာပြီး စတင် တုန့်ပြန်တော့တယ်။ မုရှင်းယု အသက်ရှုမဝတဲ့အထိ အနမ်းကို နက်ရှိုင်းစွာ တိုးဝင်နေခဲ့တယ်။

အနမ်းပြီးဆုံးသွားပြီးနောက် မုရှင်းယုက မေးတယ်။

" ခင်ဗျားကို အစပြုနမ်းဖို့တောင် ခွင်မပြုနိုင်ဘူးလား?"

" ကိုယ် မထိန်းချုပ်နိုင်လို့ " ကုယွမ်ကျိုးက ပြုံးလိုက်တယ်။

ထိုအချိန်တွင် ကျန်းယန်ရှင်သည် တံခါးခေါက်ပြီး ဝင်လာတယ်။ သူမသည် မုရှင်းယုနှင့် ကုယွမ်ကျိုးထံသို့ ကော်ဖီယူလာကာ " ဥက္ကဋ္ဌကု၊ မုရှောင်နဲ့ မစ္စစ်တုန်တို့ကို ပြစ်မှတ်ထားတဲ့သူကို ရှာမတွေ့သေးဘူး။ နည်းပညာဌာနကို ဆက်ပြီး စုံစမ်းဖို့ ကျွန်မပြောထာတယ် "

" အင်း သတင်းရှိရင် ချက်ချင်းပြောပါ "

မုရှင်းယုနှင့် တုန်ရှီးတို့ကို ပစ်မှတ်ထားတိုက်ခိုက်သူများသည် အလွန်ပါးနပ်ကြသည်။ အကောင့်များအားလုံးသည် အဆင့်မြင့် proxy များဖြစ်ပြီး ပို့စ်တင်ပြီးနောက် အကောင့်များကို ပယ်ဖျက်လိုက်သောကြောင့် ၎င်းတို့ကို ခြေရာခံရန် ခက်ခဲသည်။

သို့သော်လည်း ကုယွမ်ကျိုးသည် သူမည်မျှ နက်နဲစွာ ပုန်းအောင်းနေစေကာမူ တူးထုတ်ပစ်နိုင်မည်ဟု ယုံကြည်သည်။ နောက်ကွယ်မှလူများကို ဘယ်သောအခါမှ လွှတ်ထားမည်မဟုတ်ပေ။

" ယွမ်ကျိုး ကျတော်တို့ ပစ်မှတ်ထားတာဘယ်သူလို့ထင်လဲ? ဒီတစ်ခါ တုန်ရှီးကိုပါ ပတ်သက်စေမိလို့ ကျတော်တကယ် စိတ်မကောင်းဘူး " မုရှင်းယုက မျက်မှောင်ကြုတ်လိုက်သည်။

ကုယွမ်ကျိုးက ရုတ်တရက်မေးလာတယ်။ " ရှင်းယု ကိုယ်တို့အိမ်ထောင်ရေးကို လူသိရှင်ကြား ထုတ်ဖော်ဖို့ မင်းတွေးဖူးလား? "

" လူသိရှင်ကြား? " မုရှင်းယုက အနည်းငယ် အံ့သြသွားပြီး " ခင်ဗျားက ဒါကို လူသိရှင်ကြား ထုတ်ဖော်ဖို့ ဆန္ဒရှိတာလား? "

" ဘာလို့ ကိုက ဆန္ဒမရှိရမှာလဲ? "

ကုယွမ်းကျိုး၏ စကားလုံးအသုံးအနှုန်း မေးခွန်းကို ကြားတော့ မုရှင်းယုသည် နှုတ်ဆိတ်နေခဲ့သည်။

အကယ်၍ ၎င်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်လျှင် ကုယွမ်ကျိုးသည် လူအများ၏ အာရုံစူးစိုက်မှုဖြစ်လာမည်မှာ သေချာသည်။

အရင်တုန်းကတော့ ကုယွမ်ကျိုး​ဟာ သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး အင်တာနက်မှာ သူ့မျက်နှာဖုံးဓာတ်ပုံတစ်ပုံတောင် မတွေ့ရဘူး။

ကုယွမ်ကျိုးက လူတွေရှေ့မှာ မပေါ်လာချင်သေးဘူးလို့ သူထင်ခဲ့တယ်။ ဒါပေမယ့် အခုအခြေအနေက အရင်ကနဲ့ တော်တော်ကွာခြားသွားပြီ။ ကုယွမ်ကျိုးက သူ့အထုံးကို ပြေသွားပြီး သူ့ခြေထောက်တွေက ပြန်လည် သက်သာသွားကာ သူ့အတွေးများကလည်း ပြောင်းလဲသွားသည်။

"  ကောင်းပြီ ဒါကို လူသိရှင်ကြားထုတ်ပြန်ဖို့ သင့်တော်တဲ့အချိန်ကို ကျတော်တို့ ခုထိမရွေးချယ်ရသေးဘူး " မုရှင်းယုက ပြုံးကာ ပြောတယ်။

" အင် ဒီနည်းနဲ့ မင်းကို ဘယ်သူမှု ထပ်ပြီး အတင်းအဖျင်းတွေနှိုးဆော်ဝံ့မှာ မဟုတ်ဘူး " ကုယွမ်ကျိုးကရယ်မောတယ်။

" အမှန်ဘဲ မစ္စတာကုနဲ့ ဒီလိုလုပ်ဖို့ ဘယ်သူကသတ္တိရှိမှာလဲ? "

မုရှင်းယုနှင့် ကုယွမ်ကျိုးတို့သည် လူသိရှင်ကြား ထုတ်ပြန်ရန် စကားပြောနေကြသည်။ သူသည် လန်ယင်အား မည်သို့ပြောပြရမည်ကိုပင် တွေးတောနေခဲ့သည်။

ယခုအချိန်တွင် ကျန်းယန်ရှင်သည် အလျင်အမြန်ဝင်လာခဲ့သည်။ သူမက အင်တာနက်ပေါ်တွင် ပြောင်လဲမှုအသစ်တစ်ခု ရှိနေပြီဟု အမြန်ပြောလိုက်သည်။

မုရှင်းယုသည် Weibo ကိုနှိပ်လိုက်သည်။ သူ၏ Hot search သည် မကြာသေးမီကပင် ကျဆင်းသွားခဲ့ပြီး ယခု သူ Hot sesearch ပေါ်ပြန်ရောက်လာပြီဖြစ်သည်။ သူ့ကို အံ့အားသင့်ဆုံးအရာမှာ ကုယွမ်ကျိုးသည်လည်း HS တွင် ပါဝင်နေခြင်းဖြစ်သည်။

သူ Hot Search ကို နှိပ်ပြီး ကြည့်လိုက်တော့ သူနှင့် ကုယွမ်ကျိုး၏ ဆက်ဆံရေးအကြောင်း လူအများ ပြောဆိုနေကြသည်ကို တွေ့ရှိခဲ့သည်။

' တစ်ယောက်ယောက်က သူနဲ့ ယွမ်ကျိုးရဲ့ အိမ်ထောင်ရေးကို ဖော်ထုတ်ခဲ့တာလား? ' ဟု စိတ်ထဲတွင် တွေးမိသည်။

သို့သော် သူသည် စာမျက်နှာကို ဆွဲကြည့်လိုက်သောအခါ မြင်လိုက်ရသည်က သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ အမည်မသိ အင်တာနက်အသုံးပြုသူတစ်ဦးက သူ ကုယွမ်ကျိုး၏ Hummer ကား ပေါ်တွင် ထိုင်နေသည်ကို ရှင်းရှင်းလင်းလင်းပြသထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ရာတွင် လူတိုင်း၏ ထင်ကြေးများကို နှိုးဆော်ခဲ့သည်။

[ ငါတို့အားလုံး မှန်းဆတာ မှားသွားတယ်။ မုရှင်းယု ကပ်နေတာက တုန်ရှီး မဟုတ်ဘူး ကုမိသားစုရဲ့ တကယ့်သူဌေးကို! ]

[ အင်တာနက်မှာ ရှာကြည့်ဖူးပေမယ့် မစ္စတာရဲ့ ရှေ့မျက်နှာစာ ဓာတ်ပုံတစ်ပုံကိုတောင် မတွေ့ခဲ့ရဘူး။ သူက သိပ်ကို လျှို့ဝှက်ဆန်းကြယ်နေတာလား? ]

[ အပေါ်ထပ်ကရေးး မဆန်းကြယ်ပေမယ့် ရှက်စရာဘဲ? ]

[ မစ္စတာကုက ခြေထောက်မသန်မစွမ်းဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်တစ်ခုရှိတယ်လို့ ငါကြားဖူးတယ်! သူက အေးစက်စက်နဲ့ အာဏာရှင်တစ်ဦးဘဲ! ]

[ ဟုတ်တယ်! မစ္စတာကုရဲ့ ဓာတ်ပုံတွေကိုကြည့်ရင် ပုံအားလုံးက ထိုင်နေကြတဲ့ ပုံကြီးလဲ! ဒါက သူ့ခြေထောက်နဲ့ပတ်သက်တဲ့ ပြဿနာကြောင့်ဘဲ! ဒါ့ပြင် သူရဲ့ မသန်မစွမ်း ခြေထောက်တွေက သူ့ကို စိတ်ပိုင်းဆိုင်ရာ ကမောက်ကမ ဖြစ်စေပြီးတော့ လူတွေကို သီးသန့်အနိုင်ကျင့် ရတာ နှစ်သက်တယ် ]

[ ကောလဟာလတွေသာ အမှန်ဆိုရင် မုရှင်းယုကို ... ဟီးဟီး ငါ သူ့ကို နည်းနည်းတော့ သနားမိတယ်! ]

မုရှင်းယုသည် သက်ဆိုင်ရာ မှတ်ချက်တွေကို လှန်ကြည့်လေလေ သူ့အမူအရာက ပိုဆိုးလာလေဘဲ။

နောက်ဆုံးတွင် သူနှင့် ကုယွမ်ကျိုးတို့ကို အဘယ်ကြောင့် ပြင်းပြင်း ထန်ထန် ရှာဖွေနေကြသည်ကို သူသိသွားခဲ့သည်။

" မစ္စတာကု weibo မှာ တစ်ခုခုမှားနေတာကို တွေ့တာနဲ့ ချက်ချင်း အကြောင်းခဲ့တာ။ အခု သူတို့ HS ကို ဖယ်ရှားလိုက်ပါပြီ " ကျန်ယန်ရှင်းက ပြောတယ်။

မုရှင်းယုသည် hot search ပင်မစာမျက်နှာသို့ပြန်သွားခဲ့တယ်။

ပြန်လည်ဆန်းသစ်ပြီးနောက် ကုယွမ်ကျိုး၏ HS သည် 30 ကျော်အထိကျဆင်းသွားကာ လူကြိုက်များမှုမှာလည်း ကျဆင်းနေဆဲဖြစ်သည်။

ဒါပေမယ့် သူကတော့ အရမ်းကံမကောင်းနေခဲ့ဘူး။ သူသည် HS ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ သူနဲ့ ကုယွမ်ကျိုးတို့ကြားက အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေ ဘယ်လောက် ဖရဲသီး စားနေကြသလဲဆိုတာကို ပြသတဲ့အနေနဲ့ HS ၏နောက်မှာ "ပေါက်ကွဲစေတယ်" ဆိုတဲ့ စကားလုံးတစ်လုံးပါ ပါရှိနေတယ်။

ကုယွမ်ကျိုးရဲ့မျက်နှာက အရမ်းအရုပ်ဆိုးနေခဲ့ပေမယ့် သူကပြောတယ်။ " HS ကို ဖယ်ရှားဖို့ မလိုဘူး။ တချို့လူတွေက ကစားချင်နေတယ်ဆိုမှတော့ သူတို့နဲ့ ကစားပေးရမှာပေါ့ " (#အေ့လေ သူများက သူ့လင်လင်လေးနဲ့ HS အတူပါလို့ပျော်နေတာကို သွားဖျက်ချမှတော့ မျက်နှာ အရုပ်ဆိုးပြီးပေါ့🙄)

မုရှင်းယုသည် ကုယွမ်ကျိုး၏ စကားထဲတွင် တစ်ခုခု ရှိနေသည်ဟု ခံစားမိသော်လည်း သူမေးရန် အချိန်မရသေးမီ လန်ယင်က ဖုန်းဆက်လာသည်။

" ရှင်းယု အင်တာနက်မှာ သတင်းအသစ်ကို မြန်မြန်ဖတ် ဒီကိစ္စက မစ္စတာကုနဲ့ သက်ဆိုင်နေတယ်! ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ ငါ ချက်ချင်းလာခဲ့မယ် "

မုရှင်းယု ဖြေဆိုခါနီးတွင် ကုယွမ်ကျိုးက လန်ယင်ကို ပြောခိုင်းလိုက်တယ်။ " ကိုယ် ဒီကိစ္စကို ဖြေရှင်းလိုက်မယ်။ သူမကို ကြားဝင်ခိုင်ဖို့မလိုဘူး "

မုရှင်းယုက လန်ယင်ကို စိတ်မပူစေရန် အမြန်နှစ်သိမ့်ပေးလိုက်တယ်။ ကုယွမ်ကျိုးက ဒီကိစ္စကို ကိုင်တွယ်မယ့်အကြောင်းပြောပြလိုက်တယ်။

ထိုအချိန်တွင် မားမားမုကလည်း ဖုန်းခေါ်လာသည်။ မုရှင်းယုသည် လန်ယင်နှင့် ဖုန်ပြောပြီးနောက် သူ့အမေ၏ ဖုန်းနှင့် အမြန်ချိတ်ဆက်လိုက်သည်။

" ရှင်းယု အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်က မစ္စတာကုနဲ့ သားရဲ့ ဆက်ဆံရေးကို ထုတ်ဖော်လိုက်တယ်။ ဒါပေမယ့် သက်ရောက်မှုက သိပ်မကောင်းဘူး။ သူးနဲ့ ယွမ်ကျိုး ဘာလုပ်မှာလဲ? " မားမားမုက စိုးရိမ်တကြီးနဲ့မေးတယ်။

" မား...စိတ်မပူပါနဲ့ ယွမ်ကျိုးနဲ့ ကျွန်တော် ဂရုစိုက်ပါ့မယ် "

မုရှင်းယုသည် မားမားမုအား နှစ်သိမ့်ပေးခဲ့သည်။ ယခုအချိန်တွင် ကုယွမ်ကျိုးသည် အစည်းအဝေးကျင်းပရန် ကုမ္ပဏီ၏ ရာထူးကြီးအမှုဆောင်အချို့ကို အကြောင်းကြားထားပြီးဖြစ်သည်။

" စိတ်မပူပါနဲ့ တစ်စုံတစ်ယောက်က မင်းကို တင်မဟုတ်ဘဲ ကိုယ့်ကိုပါ ပစ်မှတ်ထားထားတယ်။ ကိုယ် ဒီကိစ္စကို ကိုင်တွယ်လိုက်မယ် " လို့ ကုယွမ်ကျိုးက ဆိုတယ်။

အင်တာနက်ပေါ်ရှိမှတ်ချက်များတွင် ကုယွမ်ကျိုးနှင့် ပတ်သက်၍ ဆိုးရွားသောထင်ကြေးပေးမှုများများစွာရှိသည်။

ဥပမာအားဖြင့် အင်တာနက်အသုံးပြုသူအများအပြားသည် ကုယွမ်ကျိုး၏ မသန်စွမ်းခြေထောက်များအကြောင်းမသိကြပေ။

သို့သော်လည်း ယခု ကုယွမ်ကျိုးကို ညွှန်ပြနေသူများစွာရှိနေပြီဖြစ်သည်။ ဒါ့အပြင် သတင်းမှာပါတဲ့ ဓာတ်ပုံကို ကုအုပ်စုရဲ့ မြေအောက် ကားပါကင်မှာ ရိုက်ထားတာဖြစ်တယ်။

ကုအုပ်စုရဲ့ လုံခြုံရေးက အမြဲတမ်း ကောင်းမွန်သည်။ ဒီဓာတ်ပုံ ရိုက်တဲ့သူက မလွယ်ကူဘူး ဆိုတာသေချာတယ်။

" ဒါဆို အခု ကျတော်တို ဘာလုပ်သင့်လဲ? " မုရှင်းယုက မေးသည်။

" ကိုယ် အရေးပေါ်အဆင့်မြင့် အစည်းအဝေးတစ်ခု ခုဘဲ ကျင်းပမယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို ကိုင်တွယ်ဖို့ မင်းကို ပစ်မှတ်ထားတာလို့ ကိုယ်သံသယရှိတယ်။ နောက်ဆုံး ပန်းတိုင်က အတိအကျကို ကုအုပ်စုဘဲ! "

" ကျတော် ခင်ဗျားနဲ့ အစည်းအဝေးကို လိုက်ခဲ့မယ် "

...

အင်တာနက်ပေါ်တွင် ကြယ်မိုးမိုးများက သက်ပြင်းတစ်ချက် ချရုံဘဲရှိသေတယ်။ မကြာမီ နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာသည်။

မုရှင်းယုနဲ့ ကုယွမ်ကျိုးတို့၏ ဆက်ဆံရေးကို အင်တာနက်သုံးစွဲသူများက ဆိုးရွားသော ထင်မြင် ချက်များပေးကြပြီး သူတို့သည် ၎င်းတို့နှစ်ဦးကို သည်းမခံနိုင်လောက်အောင် ဖြစ်စေတယ်။

ကြယ်မိုးမိုးများက တယောက်ပြီးတယောက် ရှင်းပြလာသည်။

[ ရှင်းရှင်းရဲ့ မိသားစု အခြေအနေက ကောင်းမွန်တယ်! သူ့ကိုယ်သူ ရောင်းဖို့ မလိုအပ်ဘူး! ]

[ မစ္စတာကုရဲ့ ကားထဲကို ဝင်လိုက်တာ ဘာဖြစ်လို့လဲ? ရှင်းယုက မစ္စစ်တုန်ကို သိပြီး ကုနဲ့ သူငယ်ချင်းဖြစ် လို့မရဘူးလာ? ]

[ အချို့ အချို့ အင်တာနက်အသုံးပြုသူတွေကလည်းနော် အခြားသူများအပေါ် မနာလိုတဲ့ ထင်ကြေး ပေးရတာကို နှစ်သက်နေတာဘဲ! ကုရဲ့ ရှေ့နေဆင့်ခေါ်စာကို စောင့်နေကြ! ]

ကြယ်မိုးမိုးတွေ အကုန်ထွက်လာ တိုက်ခိုက်ကြပြီး အင်တာနက်သုံးစွဲသူများနှင့် တန်းတူဖြစ်နေခဲ့သည်။

သို့သော် အင်တာနက်အသုံးပြုသူများသည် " The Journey "  " Special Operations " နှင့် W&W ထောက်ခံချက်ကဲ့သို့ ကုနှင့် သက်ဆိုင်သည့် မုရှင်းယု၏ ပွဲဦးထွက်ကတည်းက အောင်မြင်မှုအမျိုးမျိုးကို ကိုးကား၍ ဖော်ပြခဲ့ကြသည်။

မုရှင်းယု၏ ပွဲဦးထွက်မစမီတွင် မစ္စတာကုသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လုပ်ငန်းတွင် ခြေမချခဲ့ဖူးသလို အာရှပြောရေး ဆိုခွင့်ရှိသူကိုလည်း မရွေးချယ်ခဲ့ပေ။ယခုအခါ ကုသည် မုရှင်းယုအတွက် အားလုံးကို ပြုလုပ်ထားသည်။

ကြယ်မိုးမိုးများသည် ​မုရှင်းယုအတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော်လည်း မကြာမီတွင် မုရှင်းယုကို တိုက်ခိုက်နေသည့် ဆန့်ကျင်မှတ်ချက်များသည် ရေတပ်များနှင့် အလွန်ဆင်တူကြောင်း တွေ့ရှိခဲ့သည်။

ကုယွမ်ကျိုး၏ ဆက်စပ် Weibo ကိုရှာဖွေသောအခါ ဤအခြေအနေသည် ပို၍ထင်ရှားသည်။

ကုယွမ်ကျိုးသည် သူ့မျက်နှာကို တစ်ခါမျှ မပြဖူးသော်လည်း ကုအုပ်စု၏ ဥက္ကဌအဖြစ် သူ၏အဆင့်အတန်းသည် ပြည်တွင်းရောပြည်ပတွင်ပါ ကျော်ကြားစေရန် လုံလောက်သည်။

လူတိုင်းက သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ကြပြီး သူသည် မသန်မစွမ်း ဖြစ်နေသည်လာဆိုတာကို အမှန်တကယ် သိချင်နေကြသော်လည်း ကုယွမ်ကျိုးသို့ အမှန်တကယ်လာလိုပါက သူတို့နှစ်ခါ စဉ်းစားရပေမည်။

ထို့ကြောင့် ကုယွမ်ကျိုး၏ HS ကို မကြည့်ကြတော့ပေ။ ပြင်းထန်နေသော်လည်း အများစုမှာ ရေတပ်ကြောင့်ဖြစ်သည်။

...

မုရှင်းယုသည် ကုယွမ်ကျိုးနှင့် နောက်မှလိုက်ကာ အစည်းအဝေးခန်းသို့ လိုက်သွားခဲ့သည်။

" ဒါက ငါ့လက်တွဲဖော် မုရှင်းယု " ကုယွမ်ကျိုးက လေးနက်စွာ မိတ်ဆက်ပေးသည်။

" မစ္စတာမု မင်္ဂလာပါ " ကုမ္ပဏီမှ ရာထူးကြီးအမှုဆောင်များက တယောက်ပြီး တယောက်ပြောကြသည်။

တကယ်တော့ ကုယွမ်ကျိုးနှင့် မုရှင်းယုတို့၏ လက်ထပ်ခြင်းအကြောင်းကို သိထားကြပြီးဖြသ်သည်။

အထူးသဖြင့် မုရှင်းယုက W&W ကို ထောက်ခံပြီးနောက်တွင် ကုယွမ်ကျိုး၏ မုရှင်းယုအပေါ် ချစ်ခြင်းကို လူတိုင်းက ဂရုပြုမိကြသည်။

အစည်းအဝေးသည် လျင်မြန်စွာစတင်ခဲ့တယ်။ M နိုင်ငံမှ စီးပွားရေးလုပ်ငန်း တာဝန်ခံက ရာထူးမြင့်လူတစ်ဦးက ဦးစွာပြောခဲ့သည်။ သူစကားက အလွန်အရေးကြီးသည် အဘယ်ကြောင့်ဆိုသော် M နိုင်ငံရှိ ကု၏ ဖက်စပ် စတော့ရှယ်ယာရှင် များစွာက တိုက်ခိုက်ခြင်းခံခဲ့ရသောကြောင့်ဖြစ်သည်။

ကုယွမ်ကျိုးသည် တစ်ခုခုကို စီစဥ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ သူသည် တန်ပြန် တိုက်ခိုက်မည့် အစား အားနည်းချက်ကိုပြသပြီး ရန်သူကို လျှော့တွက်စေချင်သည်။

မုရှင်းယုသည် စတော့ဈေးကွက်ကို နားမလည်သော်လည်း ကုယွမ်ကျိုး၏ တည်ငြိမ်သော အမူအရာကိုမြင်တော့ သူစိုးရိမ်ခြင်းမရှိတော့ပေ။

မကြာမီတွင် ကျန်းယန်ရှင်သည် သတင်းအချက်အလက်ဌာနသည် Hangzhou ရှိ ကုမ္ပဏီတစ်ခုမှ ဆိုက်ဘာရေတပ်၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်။

သူတို့သည် ကျန်းကျိတုန်ဆီမှ အကျိုးခံစားခွင့်များ ရရှိပြီးနောက် မုရှင်းယုကို တိုက်ခိုက်ရန် အခွင့်အရေး ယူခဲ့သော်လည်း ကုယွမ်ကျိုးကိုတော့ မ hack ခဲ့ပေ။

ယခုတွေ့ရှိချက်အရ ဤကုမ္ပဏီသည် လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်ကာ သိသမျှကို ပြောပြခဲ့ပြီး ကုကို လေးစားကြောင်း ပြသရန်သာ တောင်းဆိုခဲ့သည်။

" ဒါပေမယ့် မစ္စတာကု ဒီကုမ္ပဏီကအပြင် လူအများကို ရှုပ်ထွေးအောင်လုပ်ဖို့ ကြိုးစားတဲ့ ရေတပ်အဖွဲ့တွေအများကြီးရှိသေးတယ်။ IP အများစုက တောင်ကိုရီးယားနဲ့ M နိုင်ငံက လာတာ "

" ဆက်ပြီးစုံစမ်း " ကုယွမ်ကျိုးက အေးစက်စွာပြောသည်။

ထို့နောက် ကုယွမ်ကျိုးသည် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။

ဤအချိန်တိုလေးအတွင်း Mနိုင်ငံတွင်သာမက အခြားနိုင်ငံများနှင့် နယ်ပယ်များသည် ကု၏ ရှယ်ယာများကို ဆက်တိုက် ပစ်မှတ်ထားလျက်ရှိသည်။

ဤသည်မှာ စနစ်တကျနှင့် ကြိုတင်ပြင်ဆင်ထားသော လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း သိမြင်နိုင်သည်။

ရန်သူသည် စတော့ဈေးကွက်စစ်ပွဲကို တိုက်ခိုက်ရုံသာမက စိတ်ပိုင်းဆိုင်ရာစစ်ပွဲလည်းဖြစ်သည်။

အင်တာနက်ပေါ်ရှိ ကုယွမ်ကျိုးကို ဆိုးသွမ်းသော ဆဲဆိုခြင်းသည် ရန်သူက ကုယွမ်ကျိုးကိုအနိုင်ယူရန် နည်းလမ်းတစ်ခုဖြစ်သည်။

သို့သော် ကုယွမ်ကျိုး၏ ခြေထောက်များ သက်သာလာပြီ ဖြစ်ကြောင်းကို ရန်သူက မသိခဲ့ပေ။ ကုယွမ်ကျိုးသည် အင်တာနက်ပေါ်ရှိ ဆဲဆိုခြင်းများကို လုံးဝဂရုမစိုက်ဘဲ ရန်သူကို ရှုပ်ထွေးစေရန်ပင် အသုံးပြုခဲ့သည်။

ကုယွမ်ကျိုးသည် ကျွမ်းကျင်သော စစ်တုရင်ကစားသမားတစ်ဦးနှင့်တူသည်။ သူသည် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူသည် နောက်ဆုတ်ကာ နည်းလမ်းအားလုံးကို စဉ်းစားထားပြီးဖြစ်သည်။

အင်တာနက်ပေါ်ရှိမှတ်ချက်များအပြင် ကာအုပ်စုမှ ဖော်ပြသောဆုတ်ခွာမှုသည် ရန်သူကို ရှုပ်ထွေးစေရန်ပြင်ဆင်ထားသော သူ၏နည်းလမ်းဖြစ်သည်။

လမ်းတစ်လောက်မှာ ရိုင်ယန်က ဖုန်းဆက်လာတယ်။ " စတော့ဈေးကွက်မှာ မူမမှန်မှုတစ်ခုရှိနေတာ ငါတွေ့တယ်။ အဖွဲ့အစည်း တော်တော်များများက ကုကို ပစ်မှတ်ထားနေကြတယ်! "

" အင်း အဲဒါ အမှန်ပဲ "

" ဒါဆို မင်းဘာဆက်လုပ်မှာလဲ? ငါ့အကူအညီလိုသေးလား? " ရိုင်ယန်ကမေပြီးနောက် ရုတ်တရတ် တုန့်ပြန်လိုက်တယ်။ " မင်းရှေ့တိုးဖို့ နောက်တစ်လှမ်းဆုတ် လိုက်တာလား? "

" ဘယ်လိုထင်လဲ? "

" ကောင်းပြီ ကြည့်ရတာ ငါ့အကူအညီ မလိုတော့ဘူး ထင်တယ်။ မင်းကို ကူညီပေးနိုင်တဲ့ သတင်း ရှိတယ်။ လူအိုကြီအန်ဒရီက မကြာသေးခင်ကမှ လှုပ်ရှားနေတယ်။ ဥရောပ၊ တောင်ကိုရီးယားနဲ့ တခြား ကုမ္ပဏီတွေနဲ့ အဆက်အသွယ်တွေ ရှိနေတယ် "

ကုယွမ်ကျိုး၏ အမူအရာ ပြောင်းလဲသွားတယ်။

" ငါသိပြီး "

*************************************

(Zawgyi)



Chapter:59

မုရွင္းယုသည္ ကုအေဆာက္အအုံသို႔ ကားေမာင္းလာၿပီးေနာက္ ႐ုံးခန္းထဲသို႔ ဝင္လာေသာအခါ ကုယြမ္က်ိဳးသည္ အစည္းအေဝး လုပ္ေနေသးသည္။

သူ႕လက္ကိုင္ဖုန္းကို ထုတ္ကာ လက္ရွိ Weibo အပ္ဒိတ္မ်ားကို စစ္ေဆးၿပီးေနာက္ သူႏွင့္ တုန္ရွီးၾကား အရႈပ္ေတာ္ပုံမ်ား ေျပေလ်ာ့သြားသည္ကို ေတြ႕ရွိခဲ့ၿပီး ေနာက္ဆုံးတြင္ သက္ျပင္းခ်နိဳင္ခဲ့သည္။

မၾကာမီ ႐ုံးခန္းတံခါးပြင့္လာၿပီး ကုယြမ္က်ိဳးဝင္လာသည္။

ယခုအခါ ကုယြမ္က်ိဳးသည္ ဝွီးခ်ဲလ္ကို အသုံးမျပဳေတာ့ေပ။ သူ၏ ေျခေထာက္မ်ား ျပန္လည္ေကာင္းမြန္လာမႈကိုေတာ့ တင္းၾကပ္စြာ လွ်ို႔ဝွက္ထားဆဲျဖစ္ၿပီး ကုမၸဏီရွိ အထက္ပိုင္အမႈေဆာင္ အနည္းငယ္သာသိေသးသည္။

" မင္း ဒီကို ဘာလို႔ေရာက္လာတာလဲ? " ကုယြမ္က်ိဳးက အၿပဳံးေလးနဲ႕ေမးတယ္။

" ကြၽန္ေတာ္ မစၥတာကုကို ကိုယ္တိုင္ကိုယ္က် ေက်းဇူးတင္ခ်င္လို႔ " မုရွင္းယုက ထရပ္ကာ ေျပာတယ္။ " အင္တာနက္ေပၚက ေကာလာဟလေတြကို ကူညီေျဖရွင္းေပးလို႔ ေက်းဇူးတင္ပါတယ္ မစၥတာကု "

" ကိုယ္တို႔က ေက်းဇူးတင္တယ္လို႔ ေျပာဖို႔ လိုေသးတုန္းလား? " ကုယြမ္က်ိဳးက ျပန္ေမးသည္။

" ဒါေပမယ့္ က်ေတာ္ ေက်းဇူးတင္တယ္လို႔ မေျပာရင္ ေက်းဇူးတင္ေၾကာင္း ဘယ္လိုေဖာ္ျပရမလဲ? "

" မင္း ကိုယ့္ကိုနမ္းဖို႔ အစျပဳနိုင္တယ္ေလ။ ဒါဆို ကိုယ္..." ကုယြမ္က်ိဳး စကားမဆုံးခင္ မုရွင္းယုသည္ သူ႕လည္ပင္းကို ေပြ႕ဖက္လိုက္ၿပီး သူ႕ႏႈတ္ခမ္းကို နမ္းလိုက္တယ္။

အခုလို နက္နဲတဲ့ အနမ္းမ်ိဳး မေျပာနဲ႕ မုရွင္းယုဟာ ကုယြမ္က်ိဳးကို သူ႕ဘာသာသူ အစျပဳၿပီး နမ္းတာေတာင္ ရွားပါးတယ္။

မၾကာခင္မွာပဲ ကုယြမ္က်ိဳးဟာ အသိ ဝင္လာၿပီး စတင္ တုန့္ျပန္ေတာ့တယ္။ မုရွင္းယု အသက္ရႈမဝတဲ့အထိ အနမ္းကို နက္ရွိုင္းစြာ တိုးဝင္ေနခဲ့တယ္။

အနမ္းၿပီးဆုံးသြားၿပီးေနာက္ မုရွင္းယုက ေမးတယ္။

" ခင္ဗ်ားကို အစျပဳနမ္းဖို႔ေတာင္ ခြင္မျပဳနိုင္ဘူးလား?"

" ကိုယ္ မထိန္းခ်ဳပ္နိုင္လို႔ " ကုယြမ္က်ိဳးက ၿပဳံးလိုက္တယ္။

ထိုအခ်ိန္တြင္ က်န္းယန္ရွင္သည္ တံခါးေခါက္ၿပီး ဝင္လာတယ္။ သူမသည္ မုရွင္းယုႏွင့္ ကုယြမ္က်ိဳးထံသို႔ ေကာ္ဖီယူလာကာ " ဥကၠ႒ကု၊ မုေရွာင္နဲ႕ မစၥစ္တုန္တို႔ကို ျပစ္မွတ္ထားတဲ့သူကို ရွာမေတြ႕ေသးဘူး။ နည္းပညာဌာနကို ဆက္ၿပီး စုံစမ္းဖို႔ ကြၽန္မေျပာထာတယ္ "

" အင္း သတင္းရွိရင္ ခ်က္ခ်င္းေျပာပါ "

မုရွင္းယုႏွင့္ တုန္ရွီးတို႔ကို ပစ္မွတ္ထားတိုက္ခိုက္သူမ်ားသည္ အလြန္ပါးနပ္ၾကသည္။ အေကာင့္မ်ားအားလုံးသည္ အဆင့္ျမင့္ proxy မ်ားျဖစ္ၿပီး ပို႔စ္တင္ၿပီးေနာက္ အေကာင့္မ်ားကို ပယ္ဖ်က္လိုက္ေသာေၾကာင့္ ၎တို႔ကို ေျခရာခံရန္ ခက္ခဲသည္။

သို႔ေသာ္လည္း ကုယြမ္က်ိဳးသည္ သူမည္မွ် နက္နဲစြာ ပုန္းေအာင္းေနေစကာမူ တူးထုတ္ပစ္နိုင္မည္ဟု ယုံၾကည္သည္။ ေနာက္ကြယ္မွလူမ်ားကို ဘယ္ေသာအခါမွ လႊတ္ထားမည္မဟုတ္ေပ။

" ယြမ္က်ိဳး က်ေတာ္တို႔ ပစ္မွတ္ထားတာဘယ္သူလို႔ထင္လဲ? ဒီတစ္ခါ တုန္ရွီးကိုပါ ပတ္သက္ေစမိလို႔ က်ေတာ္တကယ္ စိတ္မေကာင္းဘူး " မုရွင္းယုက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ကုယြမ္က်ိဳးက ႐ုတ္တရက္ေမးလာတယ္။ " ရွင္းယု ကိုယ္တို႔အိမ္ေထာင္ေရးကို လူသိရွင္ၾကား ထုတ္ေဖာ္ဖို႔ မင္းေတြးဖူးလား? "

" လူသိရွင္ၾကား? " မုရွင္းယုက အနည္းငယ္ အံ့ၾသသြားၿပီး " ခင္ဗ်ားက ဒါကို လူသိရွင္ၾကား ထုတ္ေဖာ္ဖို႔ ဆႏၵရွိတာလား? "

" ဘာလို႔ ကိုက ဆႏၵမရွိရမွာလဲ? "

ကုယြမ္းက်ိဳး၏ စကားလုံးအသုံးအႏႈန္း ေမးခြန္းကို ၾကားေတာ့ မုရွင္းယုသည္ ႏႈတ္ဆိတ္ေနခဲ့သည္။

အကယ္၍ ၎ကို လူသိရွင္ၾကား ထုတ္ျပန္လိုက္လွ်င္ ကုယြမ္က်ိဳးသည္ လူအမ်ား၏ အာ႐ုံစူးစိုက္မႈျဖစ္လာမည္မွာ ေသခ်ာသည္။

အရင္တုန္းကေတာ့ ကုယြမ္က်ိဳးဟာ သူ႕ကိုယ္သူ ဖုံးကြယ္ထားၿပီး အင္တာနက္မွာ သူ႕မ်က္ႏွာဖုံးဓာတ္ပုံတစ္ပုံေတာင္ မေတြ႕ရဘူး။

ကုယြမ္က်ိဳးက လူေတြေရွ႕မွာ မေပၚလာခ်င္ေသးဘူးလို႔ သူထင္ခဲ့တယ္။ ဒါေပမယ့္ အခုအေျခအေနက အရင္ကနဲ႕ ေတာ္ေတာ္ကြာျခားသြားၿပီ။ ကုယြမ္က်ိဳးက သူ႕အထုံးကို ေျပသြားၿပီး သူ႕ေျခေထာက္ေတြက ျပန္လည္ သက္သာသြားကာ သူ႕အေတြးမ်ားကလည္း ေျပာင္းလဲသြားသည္။

"  ေကာင္းၿပီ ဒါကို လူသိရွင္ၾကားထုတ္ျပန္ဖို႔ သင့္ေတာ္တဲ့အခ်ိန္ကို က်ေတာ္တို႔ ခုထိမေ႐ြးခ်ယ္ရေသးဘူး " မုရွင္းယုက ၿပဳံးကာ ေျပာတယ္။

" အင္ ဒီနည္းနဲ႕ မင္းကို ဘယ္သူမႈ ထပ္ၿပီး အတင္းအဖ်င္းေတြႏွိုးေဆာ္ဝံ့မွာ မဟုတ္ဘူး " ကုယြမ္က်ိဳးကရယ္ေမာတယ္။

" အမွန္ဘဲ မစၥတာကုနဲ႕ ဒီလိုလုပ္ဖို႔ ဘယ္သူကသတၱိရွိမွာလဲ? "

မုရွင္းယုႏွင့္ ကုယြမ္က်ိဳးတို႔သည္ လူသိရွင္ၾကား ထုတ္ျပန္ရန္ စကားေျပာေနၾကသည္။ သူသည္ လန္ယင္အား မည္သို႔ေျပာျပရမည္ကိုပင္ ေတြးေတာေနခဲ့သည္။

ယခုအခ်ိန္တြင္ က်န္းယန္ရွင္သည္ အလ်င္အျမန္ဝင္လာခဲ့သည္။ သူမက အင္တာနက္ေပၚတြင္ ေျပာင္လဲမႈအသစ္တစ္ခု ရွိေနၿပီဟု အျမန္ေျပာလိုက္သည္။

မုရွင္းယုသည္ Weibo ကိုႏွိပ္လိုက္သည္။ သူ၏ Hot search သည္ မၾကာေသးမီကပင္ က်ဆင္းသြားခဲ့ၿပီး ယခု သူ Hot sesearch ေပၚျပန္ေရာက္လာၿပီျဖစ္သည္။ သူ႕ကို အံ့အားသင့္ဆုံးအရာမွာ ကုယြမ္က်ိဳးသည္လည္း HS တြင္ ပါဝင္ေနျခင္းျဖစ္သည္။

သူ Hot Search ကို ႏွိပ္ၿပီး ၾကည့္လိုက္ေတာ့ သူႏွင့္ ကုယြမ္က်ိဳး၏ ဆက္ဆံေရးအေၾကာင္း လူအမ်ား ေျပာဆိုေနၾကသည္ကို ေတြ႕ရွိခဲ့သည္။

' တစ္ေယာက္ေယာက္က သူနဲ႕ ယြမ္က်ိဳးရဲ႕ အိမ္ေထာင္ေရးကို ေဖာ္ထုတ္ခဲ့တာလား? ' ဟု စိတ္ထဲတြင္ ေတြးမိသည္။

သို႔ေသာ္ သူသည္ စာမ်က္ႏွာကို ဆြဲၾကည့္လိုက္ေသာအခါ ျမင္လိုက္ရသည္က သူ႕ကို မ်က္ေမွာင္ၾကဳတ္သြားေစခဲ့သည္။ အမည္မသိ အင္တာနက္အသုံးျပဳသူတစ္ဦးက သူ ကုယြမ္က်ိဳး၏ Hummer ကား ေပၚတြင္ ထိုင္ေနသည္ကို ရွင္းရွင္းလင္းလင္းျပသထားသည့္ ဓာတ္ပုံတစ္ပုံကို တင္ခဲ့ရာတြင္ လူတိုင္း၏ ထင္ေၾကးမ်ားကို ႏွိုးေဆာ္ခဲ့သည္။

[ ငါတို႔အားလုံး မွန္းဆတာ မွားသြားတယ္။ မုရွင္းယု ကပ္ေနတာက တုန္ရွီး မဟုတ္ဘူး ကုမိသားစုရဲ႕ တကယ့္သူေဌးကို! ]

[ အင္တာနက္မွာ ရွာၾကည့္ဖူးေပမယ့္ မစၥတာရဲ႕ ေရွ႕မ်က္ႏွာစာ ဓာတ္ပုံတစ္ပုံကိုေတာင္ မေတြ႕ခဲ့ရဘူး။ သူက သိပ္ကို လွ်ို႔ဝွက္ဆန္းၾကယ္ေနတာလား? ]

[ အေပၚထပ္ကေရးး မဆန္းၾကယ္ေပမယ့္ ရွက္စရာဘဲ? ]

[ မစၥတာကုက ေျခေထာက္မသန္မစြမ္းျဖစ္ေနၿပီး ရက္စက္ၾကမ္းၾကဳတ္တဲ့ အက်င့္စရိုက္တစ္ခုရွိတယ္လို႔ ငါၾကားဖူးတယ္! သူက ေအးစက္စက္နဲ႕ အာဏာရွင္တစ္ဦးဘဲ! ]

[ ဟုတ္တယ္! မစၥတာကုရဲ႕ ဓာတ္ပုံေတြကိုၾကည့္ရင္ ပုံအားလုံးက ထိုင္ေနၾကတဲ့ ပုံႀကီးလဲ! ဒါက သူ႕ေျခေထာက္နဲ႕ပတ္သက္တဲ့ ျပႆနာေၾကာင့္ဘဲ! ဒါ့ျပင္ သူရဲ႕ မသန္မစြမ္း ေျခေထာက္ေတြက သူ႕ကို စိတ္ပိုင္းဆိုင္ရာ ကေမာက္ကမ ျဖစ္ေစၿပီးေတာ့ လူေတြကို သီးသန႔္အနိုင္က်င့္ ရတာ ႏွစ္သက္တယ္ ]

[ ေကာလဟာလေတြသာ အမွန္ဆိုရင္ မုရွင္းယုကို ... ဟီးဟီး ငါ သူ႕ကို နည္းနည္းေတာ့ သနားမိတယ္! ]

မုရွင္းယုသည္ သက္ဆိုင္ရာ မွတ္ခ်က္ေတြကို လွန္ၾကည့္ေလေလ သူ႕အမူအရာက ပိုဆိုးလာေလဘဲ။

ေနာက္ဆုံးတြင္ သူႏွင့္ ကုယြမ္က်ိဳးတို႔ကို အဘယ္ေၾကာင့္ ျပင္းျပင္း ထန္ထန္ ရွာေဖြေနၾကသည္ကို သူသိသြားခဲ့သည္။

" မစၥတာကု weibo မွာ တစ္ခုခုမွားေနတာကို ေတြ႕တာနဲ႕ ခ်က္ခ်င္း အေၾကာင္းခဲ့တာ။ အခု သူတို႔ HS ကို ဖယ္ရွားလိုက္ပါၿပီ " က်န္ယန္ရွင္းက ေျပာတယ္။

မုရွင္းယုသည္ hot search ပင္မစာမ်က္ႏွာသို႔ျပန္သြားခဲ့တယ္။

ျပန္လည္ဆန္းသစ္ၿပီးေနာက္ ကုယြမ္က်ိဳး၏ HS သည္ 30 ေက်ာ္အထိက်ဆင္းသြားကာ လူႀကိဳက္မ်ားမႈမွာလည္း က်ဆင္းေနဆဲျဖစ္သည္။

ဒါေပမယ့္ သူကေတာ့ အရမ္းကံမေကာင္းေနခဲ့ဘူး။ သူသည္ HS ထိပ္ဆုံးတြင္ ရွိေနဆဲျဖစ္သည္။ သူနဲ႕ ကုယြမ္က်ိဳးတို႔ၾကားက အရႈပ္ေတာ္ပုံနဲ႕ ပတ္သက္ၿပီး အင္တာနက္သုံးစြဲသူေတြ ဘယ္ေလာက္ ဖရဲသီး စားေနၾကသလဲဆိုတာကို ျပသတဲ့အေနနဲ႕ HS ၏ေနာက္မွာ "ေပါက္ကြဲေစတယ္" ဆိုတဲ့ စကားလုံးတစ္လုံးပါ ပါရွိေနတယ္။

ကုယြမ္က်ိဳးရဲ႕မ်က္ႏွာက အရမ္းအ႐ုပ္ဆိုးေနခဲ့ေပမယ့္ သူကေျပာတယ္။ " HS ကို ဖယ္ရွားဖို႔ မလိုဘူး။ တခ်ိဳ႕လူေတြက ကစားခ်င္ေနတယ္ဆိုမွေတာ့ သူတို႔နဲ႕ ကစားေပးရမွာေပါ့ " (#ေအ့ေလ သူမ်ားက သူ႕လင္လင္ေလးနဲ႕ HS အတူပါလို႔ေပ်ာ္ေနတာကို သြားဖ်က္ခ်မွေတာ့ မ်က္ႏွာ အ႐ုပ္ဆိုးၿပီးေပါ့🙄)

မုရွင္းယုသည္ ကုယြမ္က်ိဳး၏ စကားထဲတြင္ တစ္ခုခု ရွိေနသည္ဟု ခံစားမိေသာ္လည္း သူေမးရန္ အခ်ိန္မရေသးမီ လန္ယင္က ဖုန္းဆက္လာသည္။

" ရွင္းယု အင္တာနက္မွာ သတင္းအသစ္ကို ျမန္ျမန္ဖတ္ ဒီကိစၥက မစၥတာကုနဲ႕ သက္ဆိုင္ေနတယ္! ဘယ္လိုေျဖရွင္းရမလဲဆိုတာ ေဆြးႏြေးဖို႔ ငါ ခ်က္ခ်င္းလာခဲ့မယ္ "

မုရွင္းယု ေျဖဆိုခါနီးတြင္ ကုယြမ္က်ိဳးက လန္ယင္ကို ေျပာခိုင္းလိုက္တယ္။ " ကိုယ္ ဒီကိစၥကို ေျဖရွင္းလိုက္မယ္။ သူမကို ၾကားဝင္ခိုင္ဖို႔မလိုဘူး "

မုရွင္းယုက လန္ယင္ကို စိတ္မပူေစရန္ အျမန္ႏွစ္သိမ့္ေပးလိုက္တယ္။ ကုယြမ္က်ိဳးက ဒီကိစၥကို ကိုင္တြယ္မယ့္အေၾကာင္းေျပာျပလိုက္တယ္။

ထိုအခ်ိန္တြင္ မားမားမုကလည္း ဖုန္းေခၚလာသည္။ မုရွင္းယုသည္ လန္ယင္ႏွင့္ ဖုန္ေျပာၿပီးေနာက္ သူ႕အေမ၏ ဖုန္းႏွင့္ အျမန္ခ်ိတ္ဆက္လိုက္သည္။

" ရွင္းယု အင္တာနက္ေပၚမွာ တစ္ေယာက္ေယာက္က မစၥတာကုနဲ႕ သားရဲ႕ ဆက္ဆံေရးကို ထုတ္ေဖာ္လိုက္တယ္။ ဒါေပမယ့္ သက္ေရာက္မႈက သိပ္မေကာင္းဘူး။ သူးနဲ႕ ယြမ္က်ိဳး ဘာလုပ္မွာလဲ? " မားမားမုက စိုးရိမ္တႀကီးနဲ႕ေမးတယ္။

" မား...စိတ္မပူပါနဲ႕ ယြမ္က်ိဳးနဲ႕ ကြၽန္ေတာ္ ဂ႐ုစိုက္ပါ့မယ္ "

မုရွင္းယုသည္ မားမားမုအား ႏွစ္သိမ့္ေပးခဲ့သည္။ ယခုအခ်ိန္တြင္ ကုယြမ္က်ိဳးသည္ အစည္းအေဝးက်င္းပရန္ ကုမၸဏီ၏ ရာထူးႀကီးအမႈေဆာင္အခ်ိဳ႕ကို အေၾကာင္းၾကားထားၿပီးျဖစ္သည္။

" စိတ္မပူပါနဲ႕ တစ္စုံတစ္ေယာက္က မင္းကို တင္မဟုတ္ဘဲ ကိုယ့္ကိုပါ ပစ္မွတ္ထားထားတယ္။ ကိုယ္ ဒီကိစၥကို ကိုင္တြယ္လိုက္မယ္ " လို႔ ကုယြမ္က်ိဳးက ဆိုတယ္။

အင္တာနက္ေပၚရွိမွတ္ခ်က္မ်ားတြင္ ကုယြမ္က်ိဳးႏွင့္ ပတ္သက္၍ ဆိုး႐ြားေသာထင္ေၾကးေပးမႈမ်ားမ်ားစြာရွိသည္။

ဥပမာအားျဖင့္ အင္တာနက္အသုံးျပဳသူအမ်ားအျပားသည္ ကုယြမ္က်ိဳး၏ မသန္စြမ္းေျခေထာက္မ်ားအေၾကာင္းမသိၾကေပ။

သို႔ေသာ္လည္း ယခု ကုယြမ္က်ိဳးကို ၫႊန္ျပေနသူမ်ားစြာရွိေနၿပီျဖစ္သည္။ ဒါ့အျပင္ သတင္းမွာပါတဲ့ ဓာတ္ပုံကို ကုအုပ္စုရဲ႕ ေျမေအာက္ ကားပါကင္မွာ ရိုက္ထားတာျဖစ္တယ္။

ကုအုပ္စုရဲ႕ လုံၿခဳံေရးက အၿမဲတမ္း ေကာင္းမြန္သည္။ ဒီဓာတ္ပုံ ရိုက္တဲ့သူက မလြယ္ကူဘူး ဆိုတာေသခ်ာတယ္။

" ဒါဆို အခု က်ေတာ္တို ဘာလုပ္သင့္လဲ? " မုရွင္းယုက ေမးသည္။

" ကိုယ္ အေရးေပၚအဆင့္ျမင့္ အစည္းအေဝးတစ္ခု ခုဘဲ က်င္းပမယ္။ တစ္စုံတစ္ေယာက္က ကိုယ့္ကို ကိုင္တြယ္ဖို႔ မင္းကို ပစ္မွတ္ထားတာလို႔ ကိုယ္သံသယရွိတယ္။ ေနာက္ဆုံး ပန္းတိုင္က အတိအက်ကိဳ ကုအုပ္စုဘဲ! "

" က်ေတာ္ ခင္ဗ်ားနဲ႕ အစည္းအေဝးကို လိုက္ခဲ့မယ္ "

...

အင္တာနက္ေပၚတြင္ ၾကယ္မိုးမိုးမ်ားက သက္ျပင္းတစ္ခ်က္ ခ်႐ုံဘဲရွိေသတယ္။ မၾကာမီ ေနာက္ထပ္ စိတ္လႈပ္ရွားဖြယ္ရာ သတင္းတစ္ခု ထြက္ေပၚလာသည္။

မုရွင္းယုနဲ႕ ကုယြမ္က်ိဳးတို႔၏ ဆက္ဆံေရးကို အင္တာနက္သုံးစြဲသူမ်ားက ဆိုး႐ြားေသာ ထင္ျမင္ ခ်က္မ်ားေပးၾကၿပီး သူတို႔သည္ ၎တို႔ႏွစ္ဦးကို သည္းမခံနိုင္ေလာက္ေအာင္ ျဖစ္ေစတယ္။

ၾကယ္မိုးမိုးမ်ားက တေယာက္ၿပီးတေယာက္ ရွင္းျပလာသည္။

[ ရွင္းရွင္းရဲ႕ မိသားစု အေျခအေနက ေကာင္းမြန္တယ္! သူ႕ကိုယ္သူ ေရာင္းဖို႔ မလိုအပ္ဘူး! ]

[ မစၥတာကုရဲ႕ ကားထဲကို ဝင္လိုက္တာ ဘာျဖစ္လို႔လဲ? ရွင္းယုက မစၥစ္တုန္ကို သိၿပီး ကုနဲ႕ သူငယ္ခ်င္းျဖစ္ လို႔မရဘူးလာ? ]

[ အခ်ိဳ႕ အခ်ိဳ႕ အင္တာနက္အသုံးျပဳသူေတြကလည္းေနာ္ အျခားသူမ်ားအေပၚ မနာလိုတဲ့ ထင္ေၾကး ေပးရတာကို ႏွစ္သက္ေနတာဘဲ! ကုရဲ႕ ေရွ႕ေနဆင့္ေခၚစာကို ေစာင့္ေနၾက! ]

ၾကယ္မိုးမိုးေတြ အကုန္ထြက္လာ တိုက္ခိုက္ၾကၿပီး အင္တာနက္သုံးစြဲသူမ်ားႏွင့္ တန္းတူျဖစ္ေနခဲ့သည္။

သို႔ေသာ္ အင္တာနက္အသုံးျပဳသူမ်ားသည္ " The Journey "  " Special Operations " ႏွင့္ W&W ေထာက္ခံခ်က္ကဲ့သို႔ ကုႏွင့္ သက္ဆိုင္သည့္ မုရွင္းယု၏ ပြဲဦးထြက္ကတည္းက ေအာင္ျမင္မႈအမ်ိဳးမ်ိဳးကို ကိုးကား၍ ေဖာ္ျပခဲ့ၾကသည္။

မုရွင္းယု၏ ပြဲဦးထြက္မစမီတြင္ မစၥတာကုသည္ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကား လုပ္ငန္းတြင္ ေျခမခ်ခဲ့ဖူးသလို အာရွေျပာေရး ဆိုခြင့္ရွိသူကိုလည္း မေ႐ြးခ်ယ္ခဲ့ေပ။ယခုအခါ ကုသည္ မုရွင္းယုအတြက္ အားလုံးကို ျပဳလုပ္ထားသည္။

ၾကယ္မိုးမိုးမ်ားသည္ မုရွင္းယုအတြက္ အျပင္းအထန္ တိုက္ခိုက္ခဲ့ၾကေသာ္လည္း မၾကာမီတြင္ မုရွင္းယုကို တိုက္ခိုက္ေနသည့္ ဆန့္က်င္မွတ္ခ်က္မ်ားသည္ ေရတပ္မ်ားႏွင့္ အလြန္ဆင္တူေၾကာင္း ေတြ႕ရွိခဲ့သည္။

ကုယြမ္က်ိဳး၏ ဆက္စပ္ Weibo ကိုရွာေဖြေသာအခါ ဤအေျခအေနသည္ ပို၍ထင္ရွားသည္။

ကုယြမ္က်ိဳးသည္ သူ႕မ်က္ႏွာကို တစ္ခါမွ် မျပဖူးေသာ္လည္း ကုအုပ္စု၏ ဥကၠဌအျဖစ္ သူ၏အဆင့္အတန္းသည္ ျပည္တြင္းေရာျပည္ပတြင္ပါ ေက်ာ္ၾကားေစရန္ လုံေလာက္သည္။

လူတိုင္းက သူသည္ အလြန္လွ်ို႔ဝွက္ဆန္းၾကယ္သည္ဟု ထင္ၾကၿပီး သူသည္ မသန္မစြမ္း ျဖစ္ေနသည္လာဆိုတာကို အမွန္တကယ္ သိခ်င္ေနၾကေသာ္လည္း ကုယြမ္က်ိဳးသို႔ အမွန္တကယ္လာလိုပါက သူတို႔ႏွစ္ခါ စဥ္းစားရေပမည္။

ထို႔ေၾကာင့္ ကုယြမ္က်ိဳး၏ HS ကို မၾကည့္ၾကေတာ့ေပ။ ျပင္းထန္ေနေသာ္လည္း အမ်ားစုမွာ ေရတပ္ေၾကာင့္ျဖစ္သည္။

...

မုရွင္းယုသည္ ကုယြမ္က်ိဳးႏွင့္ ေနာက္မွလိုက္ကာ အစည္းအေဝးခန္းသို႔ လိုက္သြားခဲ့သည္။

" ဒါက ငါ့လက္တြဲေဖာ္ မုရွင္းယု " ကုယြမ္က်ိဳးက ေလးနက္စြာ မိတ္ဆက္ေပးသည္။

" မစၥတာမု မဂၤလာပါ " ကုမၸဏီမွ ရာထူးႀကီးအမႈေဆာင္မ်ားက တေယာက္ၿပီး တေယာက္ေျပာၾကသည္။

တကယ္ေတာ့ ကုယြမ္က်ိဳးႏွင့္ မုရွင္းယုတို႔၏ လက္ထပ္ျခင္းအေၾကာင္းကို သိထားၾကၿပီးျဖသ္သည္။

အထူးသျဖင့္ မုရွင္းယုက W&W ကို ေထာက္ခံၿပီးေနာက္တြင္ ကုယြမ္က်ိဳး၏ မုရွင္းယုအေပၚ ခ်စ္ျခင္းကို လူတိုင္းက ဂ႐ုျပဳမိၾကသည္။

အစည္းအေဝးသည္ လ်င္ျမန္စြာစတင္ခဲ့တယ္။ M နိုင္ငံမွ စီးပြားေရးလုပ္ငန္း တာဝန္ခံက ရာထူးျမင့္လူတစ္ဦးက ဦးစြာေျပာခဲ့သည္။ သူစကားက အလြန္အေရးႀကီးသည္ အဘယ္ေၾကာင့္ဆိုေသာ္ M နိုင္ငံရွိ ကု၏ ဖက္စပ္ စေတာ့ရွယ္ယာရွင္ မ်ားစြာက တိုက္ခိုက္ျခင္းခံခဲ့ရေသာေၾကာင့္ျဖစ္သည္။

ကုယြမ္က်ိဳးသည္ တစ္ခုခုကို စီစဥ္ရန္ အလ်င္စလို မလုပ္ခဲ့ေပ။ သူသည္ တန္ျပန္ တိုက္ခိုက္မည့္ အစား အားနည္းခ်က္ကိုျပသၿပီး ရန္သူကို ေလွ်ာ့တြက္ေစခ်င္သည္။

မုရွင္းယုသည္ စေတာ့ေဈးကြက္ကို နားမလည္ေသာ္လည္း ကုယြမ္က်ိဳး၏ တည္ၿငိမ္ေသာ အမူအရာကိုျမင္ေတာ့ သူစိုးရိမ္ျခင္းမရွိေတာ့ေပ။

မၾကာမီတြင္ က်န္းယန္ရွင္သည္ သတင္းအခ်က္အလက္ဌာနသည္ Hangzhou ရွိ ကုမၸဏီတစ္ခုမွ ဆိုက္ဘာေရတပ္၏ အရင္းအျမစ္ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သတင္းပို႔ခဲ့သည္။

သူတို႔သည္ က်န္းက်ိတုန္ဆီမွ အက်ိဳးခံစားခြင့္မ်ား ရရွိၿပီးေနာက္ မုရွင္းယုကို တိုက္ခိုက္ရန္ အခြင့္အေရး ယူခဲ့ေသာ္လည္း ကုယြမ္က်ိဳးကိုေတာ့ မ hack ခဲ့ေပ။

ယခုေတြ႕ရွိခ်က္အရ ဤကုမၸဏီသည္ လုပ္ငန္းလည္ပတ္မႈကို ရပ္တန႔္ကာ သိသမွ်ကို ေျပာျပခဲ့ၿပီး ကုကို ေလးစားေၾကာင္း ျပသရန္သာ ေတာင္းဆိုခဲ့သည္။

" ဒါေပမယ့္ မစၥတာကု ဒီကုမၸဏီကအျပင္ လူအမ်ားကို ရႈပ္ေထြးေအာင္လုပ္ဖို႔ ႀကိဳးစားတဲ့ ေရတပ္အဖြဲ႕ေတြအမ်ားႀကီးရွိေသးတယ္။ IP အမ်ားစုက ေတာင္ကိုရီးယားနဲ႕ M နိုင္ငံက လာတာ "

" ဆက္ၿပီးစုံစမ္း " ကုယြမ္က်ိဳးက ေအးစက္စြာေျပာသည္။

ထို႔ေနာက္ ကုယြမ္က်ိဳးသည္ အစည္းအေဝးကို ဆက္လက္က်င္းပခဲ့သည္။

ဤအခ်ိန္တိုေလးအတြင္း Mနိုင္ငံတြင္သာမက အျခားနိုင္ငံမ်ားႏွင့္ နယ္ပယ္မ်ားသည္ ကု၏ ရွယ္ယာမ်ားကို ဆက္တိုက္ ပစ္မွတ္ထားလ်က္ရွိသည္။

ဤသည္မွာ စနစ္တက်ႏွင့္ ႀကိဳတင္ျပင္ဆင္ထားေသာ လုပ္ေဆာင္မႈတစ္ခုျဖစ္ေၾကာင္း သိျမင္နိုင္သည္။

ရန္သူသည္ စေတာ့ေဈးကြက္စစ္ပြဲကို တိုက္ခိုက္႐ုံသာမက စိတ္ပိုင္းဆိုင္ရာစစ္ပြဲလည္းျဖစ္သည္။

အင္တာနက္ေပၚရွိ ကုယြမ္က်ိဳးကို ဆိုးသြမ္းေသာ ဆဲဆိုျခင္းသည္ ရန္သူက ကုယြမ္က်ိဳးကိုအနိုင္ယူရန္ နည္းလမ္းတစ္ခုျဖစ္သည္။

သို႔ေသာ္ ကုယြမ္က်ိဳး၏ ေျခေထာက္မ်ား သက္သာလာၿပီ ျဖစ္ေၾကာင္းကို ရန္သူက မသိခဲ့ေပ။ ကုယြမ္က်ိဳးသည္ အင္တာနက္ေပၚရွိ ဆဲဆိုျခင္းမ်ားကို လုံးဝဂ႐ုမစိုက္ဘဲ ရန္သူကို ရႈပ္ေထြးေစရန္ပင္ အသုံးျပဳခဲ့သည္။

ကုယြမ္က်ိဳးသည္ ကြၽမ္းက်င္ေသာ စစ္တုရင္ကစားသမားတစ္ဦးႏွင့္တူသည္။ သူသည္ အႏၱရာယ္ရွိေသာအေျခအေနသို႔ ေရာက္ရွိေနသည္ဟု ထင္ရေသာ္လည္း တကယ္တမ္းတြင္ သူသည္ ေနာက္ဆုတ္ကာ နည္းလမ္းအားလုံးကို စဥ္းစားထားၿပီးျဖစ္သည္။

အင္တာနက္ေပၚရွိမွတ္ခ်က္မ်ားအျပင္ ကာအုပ္စုမွ ေဖာ္ျပေသာဆုတ္ခြာမႈသည္ ရန္သူကို ရႈပ္ေထြးေစရန္ျပင္ဆင္ထားေသာ သူ၏နည္းလမ္းျဖစ္သည္။

လမ္းတစ္ေလာက္မွာ ရိုင္ယန္က ဖုန္းဆက္လာတယ္။ " စေတာ့ေဈးကြက္မွာ မူမမွန္မႈတစ္ခုရွိေနတာ ငါေတြ႕တယ္။ အဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားက ကုကို ပစ္မွတ္ထားေနၾကတယ္! "

" အင္း အဲဒါ အမွန္ပဲ "

" ဒါဆို မင္းဘာဆက္လုပ္မွာလဲ? ငါ့အကူအညီလိုေသးလား? " ရိုင္ယန္ကေမၿပီးေနာက္ ႐ုတ္တရတ္ တုန့္ျပန္လိုက္တယ္။ " မင္းေရွ႕တိုးဖို႔ ေနာက္တစ္လွမ္းဆုတ္ လိုက္တာလား? "

" ဘယ္လိုထင္လဲ? "

" ေကာင္းၿပီ ၾကည့္ရတာ ငါ့အကူအညီ မလိုေတာ့ဘူး ထင္တယ္။ မင္းကို ကူညီေပးနိုင္တဲ့ သတင္း ရွိတယ္။ လူအိုႀကီအန္ဒရီက မၾကာေသးခင္ကမွ လႈပ္ရွားေနတယ္။ ဥေရာပ၊ ေတာင္ကိုရီးယားနဲ႕ တျခား ကုမၸဏီေတြနဲ႕ အဆက္အသြယ္ေတြ ရွိေနတယ္ "

ကုယြမ္က်ိဳး၏ အမူအရာ ေျပာင္းလဲသြားတယ္။

" ငါသိၿပီး "

*************************************

Continue Reading

You'll Also Like

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.5M 130K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
8.5K 302 21
I thought I'd had crushes before There was Carson, who smiled at me in bio There was Isabell, with the beautiful eyes But this girl God, it's like it...