After Undress,your waistline...

Bởi tuminkoe

2.2K 344 365

A littleလေး Warningများမယ်ထင်ပါတယ်။ Xem Thêm

A
f
e
r
U
n
d

t

270 46 44
Bởi tuminkoe

"ဟေ...တကယ်ကြီး"

သူ၏ လုပ်ငန်းတွေ အမြတ်တွေ တအားရတာတောင် ဒီလောက် မအံ့ဩ မပျော်ဖူးသူက အခုတော့ မြေးဖြစ်သူ Omega တွေ့နေပြီဆိုတာနှင့် သောက်လက်စ ဝီစကစ်ခွက်ကိုင်ရက်ကြီးနှင့် အံ့ဩပီတိဖြာလျက် ကျေနပ်နေတာဗျာ။

"ဟားးးဟေ့ရောင် မင်္ဂလာဆောင်ဘယ်တော့လောက် ကျင်းပနိုင်လောက်လဲ"

ရောင်စဉ် မျက်နှာပူပူနှင့် ခပ်တိုးတိုးဖြေရသည်။

"အခုထိ သူဌေးနဲ့ အဲ့ကောင်လေး စကားမပြောဖူးပါဘူး"

"ဟမ်"

ပျော်နေသည့် ‌ဆရာကြီးသည် ချက်ချင်း ငြိမ်ကျသွားကာဝီစကီမော့သောက်လေ၏။လည်ချောင်းရှင်းပြီး

"ငါ့ကို မသေချာ မရေရာဘဲလာပြောတာလား"

"မဟုတ်ပါဘူး သူဌေးဘက်က တအားကြွေနေတာ အသိသာကြီးမို့ပါ ဆရာကြီး"

"ဒီကောင့်ကို ငါလိုက်မမှီတော့ဘူး ချစ်ရင်လိုက်လေ ဘာလုပ်နေလဲ သူများနောက်ပါသွားမှ ထိုင်ငိုနေရမှာဘဲ"

ရောင်စဉ် အသာကလေး ပြုံးတော့ ဆရာကြီးသည် မျက်မှောင်ကြီးကြုတ်ကာ ဘာလဲဟူသည့် အထာနှင့် မေးဆတ်ပြလေ၏။

"ဆရာကြီးမြေးက ထူးဆန်းလို့ပါ"

"ဘာကိုလဲ"

"Omegaအလှလေးတွေကြ စိတ်မဝင်စားဘူး ဖိုသီဖက်သီလေးကြ သဲသဲလှုပ်နေလို့"

"ဖိုသီဖက်သီ ဟုတ်လား"

ရောင်စဉ်ခေါင်းငြိမ့်ပြလေသည်။မတ်တပ်ရပ်အနေအထားနှင့်မို့ ဆရာကြီးက ထိုင်ဖို့ပါ မေးငေါ့ပြပြန်သည်။

ရောင်စဉ် အသာဝင်ထိုင်လိုက်တော့ အရက်ခွက် အလွတ်တစ်လုံးတိုးပေးလေသည်။သူလည်း ဘယ်အလွတ်ခံမလဲ ဆရာကြီးနှင့်တစ်ဝိုင်းတည်း ထိုင်သောက်ရတာ ရှားတာကိုး။

"ကောင်လေးက ဘယ်လိုမျိုးလဲ"

"မိဘတွေ မရှိတော့ပါဘူး မြို့လယ်က တိုက်ခန်းကျဉ်းလေးမှာ ငှားနေပါတယ် ဝတ်တာစားတာက မမိုက်ဘူး ဘယ် Alphaမှ မကြိုက်လောက်တဲ့ စတိုင်လ်ပါ ဆရာကြီး ခွေးတစ်ကောင်က နေရာတကာ ပါသေး"

ဆရာကြီး၏ မျက်နှာမဲ့လည်းမသွားသလို  ပြုံးလည်း မပြုံးနေပါ။သူ့မြေးချစ်တဲ့သူကလည်း သူ့မြေးမို့ ဟန်ပန်အမူအယာတွေက အရေးမကြီး။ဂျီမင်အပိုင်လိုက်နိုင်ဖို့သာ အရေးကြီး၏။

"ငါ့ မြေးအပိုင်လေးက လှတယ်တော့လုပ် ရောင်စဉ်"

"ဟုတ် ရုပ်လေးကတော့ လှပါတယ် ပုံစံမကျတာတစ်ခုဘဲ"

"ဘာဘဲ ဖြစ်ဖြစ် ငါမြစ်ချီရမှာမို့ ကျေနပ်တယ်"

ဆရာကြီး၏ မျက်လုံးများ တောက်ပကာ လန်းလာရှာသည်။ရောင်စဉ်သည်လည်း ဘာမှဆက်မပြောဘဲ အရက်သာ မော့နေလိုက်တော့၏။

&&&
"ရာကီ မင်း အိမ်မှာလိမ်လိမ်မာမာနေခဲ့နော် ငါအလုပ်သွားရမှာ အခုချိန်တော့ ဘာမှ ဝယ်မကျွေးနိုင်သေးဘူး မင်းကို လကုန်မှ စားချင်တာ ဝယ်ကျွေးမယ်"

ရာကီသည် လျှာကြီးထုတ်ကာ အမြှီးနှံ့နေလေ၏။သူ့ပေါင်ပေါ်မေးလာတင်ဖို့ လုပ်တော့ သူဖိနပ်စီးနေတာက အမြန်ထလိုက်တော့၏။

"နိုးနိုး ဒီနေ့ fat dayကွ ငါသပ်သပ်ရပ်ရပ်ဖြစ်ရမယ်မဟုတ်လား"

အခုလိုကြ လိမ္မာလေသည်။အိမ်ထဲ ပြန်ဝင်သွားကာ သူ့အားကြည့်နေလေသည်။သူလည်း တံခါးဆွဲပိတ်ကာ လက်က တာတာ့ပြလိုက်၏။

ထယ်ယောင်းတို့မှာ ပထမဆုံး အလုပ်မို့ တက်ကြွလန်းဆန်းစွာအပေါ်ထပ်အမြင့်ကြီးကနေ မမောမပန်းဘဲ အောက်ထပ်ကို ခုန်ဆွခုန်ဆွနှင့်ဆင်းလာမိတာ။လူကူးမြင်းကြားပေါ်က ဖြတ်ကူးတော့လည်း မပြေးရုံတမယ် ခုန်ဆွ ခုန်ဆွနှင့် လူလေးက လျှောက်ကူးနေမိတာ။

"သူဌေး ကားမောင်းလိုက်ရတော့မလား"

ဂျီမင်၏ မျက်လုံးများသည် လမ်းဖြတ်ကူးနေသည့် ကောင်လေးဆီက အကြည့်မလွှဲနိုင်ပေ။မျက်လုံးက ငေးရင်း နှုတ်ခမ်းကအလိုလိုပြုံးကာ သဘောတကျကျနှင့်ကြည့်နေရှာသည်။

"တကယ့် ကလေးလိုဘဲကွာ"

"ဗျာ"

စက်၏ ဗျာ ဆိုတာ ကြားမှ မျက်နှာထား ပြန်တည်ကာ စက်ကိုကားမှန်ကနေ ကြည့်လိုက်ရသည်။စက်က သူ့အား ကားမှန်ကနေဘဲ လှမ်းကြည့်လေသည်။

"Clubမောင်းရမလား သူဌေး"

"နေနေ မနက်ပိုင်းလေလံပွဲ အရင်သွားမယ် အဲ့ကအပြန် ငါတို့လုပ်ထားတဲ့ Projectဦးတည်ရာမောင်း အဲ့ကအပြန် အဘိုးအသစ်ဖွင့်ထားတဲ့ Mallသွားကြည့်ရမယ် အဲ့ကအပြန်မှ Clubသွားမယ်"

"ဟုတ်"

ဂျီမင် အင်္ကျီကုတ်ထဲက ဖုန်းကိုထုတ်တော့ စက်သည် လိုက်ကြည့်နေမိ၏။

"ဦးရောင်စဉ် ကျုပ်အပိုင်လေးကို သေချာစောင့်ရှောက်ပေး သူ့နဲ့အဖော် Omegaတစ်ယောက် အမြဲထားပေး Receptionနား security အပြည့်ချထားဖို့လည်း မမေ့နဲ့ ယောင်လို့တောင်Alphaတွေ Betaတွေ ကျုပ်အပိုင်လေးဆီ မကပ်စေနဲ့"

"ကျွန်တော်က အခု စက်ရုံမှာသူဌေး သူဌေးညက ဖုန်းဆက်မှာထားလို့ စောဏကပြောသလို အားလုံးစီစဉ်ထားပြီးပါပြီ"

စက်သည် သူ့အစ်ကို၏ သဲကဲမှုကြောင့် နှုတ်ခမ်းလေး မသိမသာပြုံးလိုက်၏။ဂျီမင် လှမ်းကြည့်တော့ ရုပ်ပြန်တည်လိုက်ပြီး မကြားသလိုလိုနှင့် ကားစက်နှိုးလိုက်တော့သည်။

"ကျွန်တော် လေလံပွဲ မောင်းပြီ သူဌေး"

"အင်း"

ကားလေးသည် လမ်းဘေး တစ်နေရာ ရပ်နေရာကနေ လေလံပွဲရှိရာသို့ မောင်းထွက်သွားလေ၏။

&&

"ဟို ကင်မ်ထယ်ယောင်းနော် လာ အစ်မနဲ့လိုက်ခဲ့"

"ဟုတ်"

အလုပ် စစချင်း HRအစ်မကြီးက ခေါ်သွား၍ Club၏ အပေါ်ဆုံးထပ်ရောက်သွားရသည်။ဘယ်လဲမသိပေမယ့် စိတ်ထဲတလှပ်လှပ်နှင့် လူကချွေးတွေတောင်ပြန်လာလေပြီ။တံခါးတစ်ခုဖွင့်လိုက်ပြီး အထဲဝင်ဖို့ပြောလို့ ဝင်သွားတော့ ခပ်လှလှ အစ်မတစ်ယောက်က သူ့ကို ပြုံးကာ ဆီးကြိုနေလေသည်။

"Hello"

"ဗျာ"

"ဒီနေရာက သူဌေးသား ဒိတ်ဒိတ်ကြဲတွေသာ လာကြတော့ မင်းပုံစံနဲ့ သိပ်မမိုက်ဘူး ကဲလာ အဝတ်အစားလာရွေး"

စိတ်ထဲ တစ်ခုခုမှားနေသည်ထင်တာဘဲ။
receptionist တစ်‌ယောက်ကို အခုလိုလုပ်ပေးနေတာ ဘာလဲ။ဘုရားရေ ဟိုလူကြီးက မဟုတ်မှလွှဲရော ငါ့ကို....

ခေါင်းကို ခါကာ အတွေးဖြတ်တော့ ခပ်ချောချောအစ်မက လက်ပိုက်ကာ ကြည့်နေရင်း ပြုံးလေသည်။

"မင်းက တကယ့်အလှလေးဘဲ မျက်နှာလေးက ကြည်လင်နေတာဘဲ"

"ဟိုလေ ကျွန်တော်က waiterလည်းမဟုတ်ဘူး dancerလည်း မဟုတ်ဘူးဗျ လှဖို့မလိုပါဘူး"

အဲ့အစ်မက အဝတ်စင်က ချိတ်ထားသည့် စပို့ရှပ်တစ်ထည်လှမ်းယူကာ ထယ်ယောင်းကိုယ်ကပ်ကြည့်သည်။

"အင်း မှန်တယ် လှဖို့မလိုဘူး ဒါကြောင့် ဒီလိုလုံလုံခြုံခြုံတွေဘဲ ဝတ်ရမယ် ခဏ ဟိုဘက်မှာ pantsအရှည်တွေရှိတယ် အဲ့ထဲကကြိုက်သာသွားရွေးချည်"

"အာ ကျွန်တော့်အင်္ကျီဘဲကျွန်တော်ကြိုက်တယ်"

"မင်းအဝတ်အစားတွေက ဖွာနေပြီ အသားသိပ်မကောင်းဘူးမလား ငြင်းမနေနဲ့ ဒီအဝတ်အစားတွေ အကုန်မင်းအတွက်ဘဲ အပြန်ကြ ယူသွား"

"ဗျာ"

ထယ်ယောင်း ဟိုအင်တာဗျူးသည့် သူဌေးဆိုသူမျက် လုံးထဲမြင်လာကာ စိတ်အိုက်လာပြန်သည်။

"တော်ပြီ မယူဘူး"

"သူဌေးက စီစဉ်ထားတာလေ"

"အာ အဲ့သူဌေးဆိုတာကြီးပေးလို့ကို မယူချင်တာ"

"မင်း အထင်လွဲနေပြီ"

"မသိဘူး"

"ဒါတွေက သူဌေးစီစဉ်တာ အဲ့သူဌေးက ဦးရောင်စဉ် မဟုတ်ဘူး ဒါဘဲငါပြောပြနိုင်မယ် ဝတ်ရော့"

အင်္ကျီထိုးပေး၍ ယူလိုက်ရသည်။အဝတ်လဲခန်းထဲ မယောင်မလည်နှင့်ဝင်သွားပြီး အပေါ်ဘေးယာသေချာကြည့်ရသည်။CCTVရှိရင် ဘယ်လိုလုပ်မလဲ။

"လေလံ တစ်ကြိမ်..."

"သူဌေး"

စက် အနားတိုးကပ်ခေါ်တော့မှ ဖုန်းထဲက သူ့အပိုင်လေး၏ မအူမလည်လေးနှင့် အင်္ကျီမဝတ်ချင်လို့ ဖြစ်နေသည့် ရုပ်လေးဆီက အကြည့်ခွာကာ လေလံ အော်သည့်လူကြီးဆီ အကြည့်ရောက်သွားတော့သည်။

"လေလံ နှစ်ကြိမ်.."

"သိန်း၇၀၀"

ဂျီမင့်အသံထွက်လာ၍ အားလုံး၏ အကြည့်သည် ဘယ်သူ့မှ သောက်ဂရုမစိုက်သည့် ပုံစံနှင့်ထိုင်နေသည့် သူ့ဆီရောက်လာလေသည်။ဂျီမင်မတ်တပ်ရပ်လိုက်တော့ အားလုံးက ပေါ်တင်ကြည့်လို့။ပါးစပ်ကလည်း တီးတိုးတီးတိုးနှင့်။

"သူလေ ဦးပတ်ခ်မင်ရဲ့မြေးဆိုတာပေါ့ စီးပွားရေးလုပ်တာ တစ်ခါမှ မမြင်ဖူးဘူး အခုမှဘယ်ကပေါ်လာတယ်မသိ"

"ဒါ လမ်းစပေါ့ ကြည့်ထား အခုမှ လူရိပ်ပြတာ သေချာတာက သူစီးပွားရေးထဲ ဝင်ပါတော့မယ်"

ဂျီမင် နှုတ်ခမ်း တစ်ဖက်မဲ့ပြုံးပြုံးလိုက်၏။

"အဲ့ပန်းချီကား ကျုပ်ယူမယ်"

"လေလံ တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်....ပတ်ခ်ဂျီမင် ပိုင်ဆိုင်သွားပါပြီ..."

ကားပေါ် ရောက်တော့ neckties ကြိုးဆွဲဖြုတ်ကာ လေပြင်းတစ်ချက်မှုတ်ထုတ်မိ၏။အချိန်ကိုက်ဘဲ အဘိုးဆီက ဖုန်းလာပါလေရော

"အဆင်ပြေလား"

"မပြေဘူး"

"ဟေ့ရောင် ငါသတင်းရပြီးသား မင်းလေလံပွဲမှာ အားလုံးအာရုံဖမ်းစားနိုင်တယ်ဆို ဒါမှ ငါ့မြေးကွ..
ကဲဒါဆို နောက်တစ်လှမ်းက မင်းနာမည်ပေါက် တရားဝင် အလုပ်ခြေဆန့်ရမယ်"

"အဘိုးရာ...ကျွန်တော် အခုအလုပ်တွေနဲ့တောင် မအားနေတာ အဘိုးလေလံဆွဲခိုင်းတာ အဲ့ရည်ရွယ်ချက်မှန်းသိပေမယ့် ချက်ချင်းကြီးတော့ မလုပ်သင့်ဘူး"

"မင်းဘယ်သူက ချက်ချင်းပြောလဲ ဘာဘဲဖြစ်ဖြစ် မင်းလူလုံးထွက်ပြတာ ကျေနပ်တယ်ကွာ"

"ကျွန်တော် လူလုံးမထွက်လဲ အခုလက်ရှိ လက်တွဲလုပ်နေတဲ့သူတွေက ကျွန်တော့်အကြောင်းသိတာဘဲ"

"ဒါနဲ့ မင်းOmegaတွေ့ပြီဆို"

ဂျီမင်၏ ပင်ပန်းနေသည့် စိတ် သူ့omegaဆိုတာနဲ့ လန်းလာသလိုလို။

"‌အဘိုးဆီ ခေါ်ခဲ့မယ် ခဏတော့စောင့်‌အုံး"

"အေး ကျေနပ်တယ်ကွာ အနည်းဆုံး၁၂ယောက်လောက် မြစ်ချီရအောင်ကြိုးစားပေး"

ဂျီမင် ရယ်လိုက်မိတော့၏။သူ့အပိုင်လေး၏ စောဏ မျက်နှာကလေး မြင်ပြီး အသဲယားလာမိတာလည်းပါမည်။တကယ့် အူယားစရာလေး။

&&

"မင်း ကအလုပ်တစ်ခါမှ မလုပ်ဖူးဘူးလား"

"အင်း"

"ငါပြောမယ် Receptionမှာရပ်နေရင် ခပ်ပြုံးပြုံးလေး ချိုချိုသာသာနေရမယ် ခါးလေးကို မသိမသာလေးကိုင်းပြီး နှုတ်ဆက်ရမယ်ကြားလား"

"အေး ငါလုပ်ကြည့်မယ်လေ"

ထယ်ယောင်းခါးလေး ကိုင်းကာ အမူအယာလုပ်ပြတုန်း သူဌေးဆိုသူကားပေါ်က ဆင်းလာလေပြီ။

"ဦးရောင်စဉ် လာနေပြီ ထီးသွားမိုးပေးလိုက်လေ"

ထိုကောင်လေး ပြော၍ securityကောင်လေးသည် အပြေးအလွှားဦးရောင်စဉ်အား ထီးသွားမိုးပေး၏။သူတို့နားရောက်တော့ နှစ်ယောက်သား ခါးလေး ကိုင်းကာ "မင်္ဂလာပါ"ဟု နှုတ်ဆက်ကြ၏။‌‌ဦးရောင်စဉ် အထဲ တန်းမဝင်ဘဲ ထယ်ယောင်းရှေ့ ရပ်လာတာမို့ ထယ်ယောင်း စိတ်ထဲ တစ်မျိုးဖြစ်မိ၏။မျက်နှာကလေး ပြုံးနေတာကနေ တည်ကာနေမိသည်။

"အင်္ကျီတွေ တော်လား"

"ဗျာ..."

"အပြန်ကြ ကားစီစဉ်ပေးထားတယ် ပစ္စည်းတွေတင်လို့ရအောင်"

ထိုသို့ပြောပြီး ထွက်သွားတော့ ထယ်ယောင်း စိတ်ပျက်စွာ သက်ပြင်းချမိ၏။ဘေးနားက အလှလေးကတော့ ခေါင်းခါကာ

"သူ့မှာ Omegaရှိတယ်"

"ငါလည်း ကြိုက်မနေဘူး"

"အင်းပါ ငါကနင်ရှောင်လို့ရအောင်လို့"

တစ်နေကုန်မတ်တပ်ရပ်ရ၍ ပေါင်တွေက တောင့်ချင်သလို။ဧည့်သည်ကလည်း ညနေစောင်းလေ ပိုစိတ်လာလေမို့ ထိုင်ရတယ်ကိုမရှိဘူး။ဒီအလုပ်က လွယ်တယ်ထင်ရပေမယ့် တကယ်က ပင်ပန်းတာလွန်ရော။

သူကားပေါ်ကဆင်းလိုက်သည်နှင့် စက်ပါနောက်ကပါသည်။သူClubဆီဦးတည်လျှောက်လိုက်သည်နှင့် သူစီစဉ်ပေးထားသည့် အင်္ကျီဘောင်းဘီလေး‌တွေနှင့် ကျော့ရှင်းနေသည့် အသည်းအသက်လေးအားတွေ့ရလေသည်။သူ Clubထဲ ဝင်တော့ ခေါင်းကလေး ငုံ့ကာ နှုတ်ဆက်ရှာတာ။

"မင်္ဂလာပါ"

ထယ်ယောင်း လူက တစ်နေကုန်ရပ် နေရတာပင်ပန်းတာမို့ သက်ပြင်းကလေးချလိုက်မိသည်။အမှတ်မထင်ဖယ်ရိုမုန်း‌ကလေးလည်း ထုတ်လိုက်မိ၏။ဂျီမင် လမ်းလျှောက်နေရာမှ နှာခေါင်းထဲ Omegaနံ့သင်းသင်းလေး ပျံ့လာသည်မို့ အပိုင်လေးဆီ ကြည့်လိုက်မိသည်။သူ့အပိုင်လေးသည်သူကိုယ်သူလည်း သတိထားမိပုံ‌မပေါ် နဖူးထက်က ချွေးစလေးတွေ လက်နဲ့သုတ်ကာ နေရှာသည်။အသည်းယားလွန်း၍ ကိုယ့်နှုတ်ခမ်းကိုသာ ဖိကိုက်ပြီး ထိုနေရာကနေ ထွက်လာလိုက်သည်။

Clubက ထိုင်ခုံဝိုင်းတွေထဲတွင် ထိုင်နေကြသည့် Alphaတို့သည် အချင်းချင်း အားပြိုင်မှုအနေနှင့် Pheromoneပြိုင်ထုတ်နေကြ၍ ဂျီမင် နှာခေါင်းရှုံ့မိ၏။စိတ်ထဲ သူ့အပိုင်လေး အနံ့လေး စွဲနေတုန်းရှိသေး ဒီကောင်တွေကြောင့် Omega လေး၏ အနံ့လေး ပျောက်ရသည်။ဒေါသထွက်ထွက်နှင့် သူ၏ Pheromoneကို ထုတ်ကာ Clubက ဝိုင်းတစ်ခုမှထိုင်ပစ်လိုက်၏။သူ၏ Pheromoneကို ဒီကောင်တွေမခံနိုင်။သူသည် Domenant Alpha....

"အာ....Pheromoneအနံ့လေးက သစ်ခေါက်နံ့လေး အားးးမွှေးလိုက်တာ သစ်ခေါက်ကို သနပ်ခါးအခေါက်နံ့လေးနော် ထယ်ယောင်း"

ထယ်ယောင်း ခေါင်းလေး ငြိမ့်၍ ဖြေမိ၏။နှာခေါင်းက‌တော့ သစ်ခေါက်နံ့‌ ကလေးကို အဆက်အပြတ် ရှူသွင်းနေမိ၏။ဒီရနံ့လေးကြောင့် သူ၏ပင်ပန်းနေသည့်စိတ်ကလေး ကြည်လာရသည်ထင်၍လည်းပါမည်။

အင်း...ဒီအနံ့လေးသဘောကျလိုက်တာ...
ရှားပါးအနံ့လေး ထုတ်ပေးသည့် Alphaက ဘယ်သူပါလိမ့်...

သူဘာရယ်မဟုတ် Clubအတွင်းကို လှမ်းကြည့် ရှာနေမိ၏။

&&&

ဟိုဘက်ficမှာ silentများလို့ကောက်နေတာ
ဒီဘက်upဖို့ပါမေ့နေတာဗျို့။











"ဟေ...တကယျကွီး"
























&&&




















&&




"Hello"











































&&








"အငျ်ကြီတှေ တောျလား"

"ဗြာ..."








"မငျ်ဂလာပါ"







Đọc tiếp

Bạn Cũng Sẽ Thích

162K 4.7K 64
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
6.8K 568 6
I get the feeling that you'll never need me again.....
1.5K 255 5
Both Zawgyi and Unicode are available.(Short Story)
351K 12.8K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...