Queen { Complete}
By khinyaticho
75.5K 4.2K 624
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။ More
Queen _ Intro
Queen _ part _1🔞🚨
Queen part -2
Queen part _3
Queen part _ 4🔞🚨
Queen part _5🚨🔞
Queen part _6
Queen part _7
Queen part _8🔞🚨
Queen part _9🔞🚨
Queen part _10
Queen part _11
Queen part _12
Queen part _13🚨
Queen part _14🚨🔞
Queen part _15
Queen part _16
Queen part _17🔞🚨
Queen part _18
Queen part _19🚨🔞
Queen part _20
Queen part _21🚨🔞
Queen part _22
Queen part _23
Queen part _24
Queen part _25
Queen part _26🔞🚨
Queen part _27
Queen part _28
Queen part -29 🔞🚨
Queen part -30
Queen part -31
Queen part _32
Queen part _33
Queen part _34🚨🔞
Queen part _35
Queen part _36
queen part _37
Queen part _38
Queen part _39🚨🔞
Queen part _40
Queen part _41
Queen part _42
Queen part _43
Queen part _44
Queen part _45
Queen - part -46
Queen part -48
Queen part -49🚨
Queen part -50🔞🚨
Queen part -51
Queen part _52
Queen part _53
Queen part _54🚨🔞
Queen part _55🚨🔞
Queen part -56
Queen part _final
Queen extra _1
Queen extra _2
Queen extra _final
Queen part -47
598 54 12
By khinyaticho
[Unicode]
နတ်သဘင်အစည်းဝေးကျင်းပရာအဆောင်တော်တွင် အသီးသီးရောက်ရှိလာကြတဲ့နတ်မင်းအပေါင်းက မိုးနတ်မင်းထံတာဝန်ဝတ္တရားတွေကိုတင်ပြအစီရင်ခံနေကြရသည်။
" ဒီရာသီအတွက်တာဝန်မပျက်ထမ်းဆောင်ခဲ့တဲ့ လနတ်သားပုကျိအား ‌ဗိမ္မာန်တော်ကိုအသစ်ပြင်ဆင်လို့ နတ်သမီးငါးရာခစားစေရမည် "
" ကျေးဇူးကြီးမြတ်လှပါတယ် "
" သဘာဝတရားကြီးမဖောက်ပြန်ဖို့နဲ့ လူသားတွေအပျက်ကိန်းမကြုံရဖို့ ရာသီဉတုကိုထိန်းသိမ်းကြတာသိတယ်မဟုတ်လား
ချစ်ကြည်ရေးကိုအမှီပြုလို့ လက်ဆက်ထိမ်းမြားပြီး ဉတုအသစ်တွေဖန်တီးပေးကြရတယ် "
" မှန်လှပါ မိုးနတ်မင်းကြီး "
" ဒီတစ်ခေါက်တော့ လနတ်သားနဲ့ ပင်လယ်နတ်သမီးရဲ့ အထွေးဆုံးသမီးတော် ရေဝတီနဲ့ထိမ်းမြားကြရမယ် "
" ကျွန်တော်မျိုးကိုအချိန်လေးပေးပါအုန်း  "
" ဒါဟာရှောင်လွဲလို့မရတဲ့ တာဝန်ဆိုတာ လနတ်သားသိမယ်ထင်ပါတယ် "
"ကျွန်တော်မျိုးသိပါတယ် တာဝန်ကျေအောင်လည်းကြိုးစားဆောင်ရွက်မှာပါ "
"ကောင်းပြီ "
လနတ်သားဆိုတဲ့အတိုင်းငွေရောင်အဆင်းရှိသည့်ကိုယ်ရောင်ကိုယ်ဝါနဲ့မိန်းကလေးရှုံးသည့်လှပတဲ့မျက်နှာအသားရည်ကိုပိုင်ဆိုင်ထားသည်။လမင်းရဲ့အလင်းဓာတ်ကြောင့်ငွေရောင်ဆံနွယ်တွေနဲ့နတ်သားတွေအကြားအလှဂုဏ်မောက်တယ်ဆိုပြီးကျော်ကြားလှသည့်နတ်မင်းတစ်ပါးပင်။
" ဂု ရေ "
"ညီတော် ဂုရေ  "
"အကြောင်းပြန်ပါ ခမည်းတော်စိတ်ဆိုးနေပြီ "
" အခုရောက်ရာအရပ်ကနေ ဗိမ္မာန်ကိုပြန်မကြွရင် လူပြည်ဆင်းရမယ်လို့ပြောနေတယ် "
နတ်သမီးငါးရာနဲ့ရေတံခွန်မှာတူတူပုန်းတိုင်းဆော့နေတုန်း အစ်ကိုတော်တွေရဲ့လေလှိုင်း‌အော်သံတွေပျံနှံလာခဲ့သည်။
" သခင်လေး လိုက်ရှာရမဲ့အလှည့်ရောက်ပြီ "
"ဟုတ်တယ် သခင်လေးအလှည့် "
"ခိခိ သခင်လေးကတို့တွေအားလုံးကိုမိအောင်ရှာနိုင်ပါ့မလားနော်"
" ကိုယ်တော်ကတာဝန်ယူချင်ပင်မဲ့ ခမည်းတော်ခေါ်နေပြီ နောက်နေ့ကြမှလူစုံကြမယ်နော် အချစ်ကလေးတို့ "
" နေနတ်မင်းကြီး ကြာပွတ်ရန်မှကင်းဝေးပါစေ သခင်လေး "
တမုဟုတ်ချင်းလေပေါ်ပျံကာအမြန်ဆုံးနည်းနဲ့ပြန်နေသည်။ဘာတာဝန်ဝတ္တရားမှမရှိတဲ့ ဒီကောင်လေးက နေမင်းရဲ့ငါးဆယ့်ကိုးယောက်မြောက်သားတော်လေး ဂု ပင်ဖြစ်သည်။ တာဝန်မရှိလို့အေးဆေးမယ်မထင်နဲ့ သူတစ်ယောက်ရှာတဲ့ပြဿနာကို အကိုတွေငါးဆယ့်ရှစ်ယောက်နဲ့အဖေအမေကရှင်းလို့မနိုင်ဘူး။တစ်နေ့တစ်နေ့တိုင်စာတစ်သီတစ်တန်းဖတ်နေရသည်။
" မယ်မင်းကြီးသားလေးကြွလာပြီလား "
"သားကစောင့်နေတာကြာလှပြီ တန်ခိုးကြီးတဲ့နေမင်းကြီးကို "
" မင်းကိုပင့်ရတာ မိုးနတ်မင်းဆီတွေ့ခွင့်တောင်းရတာထက်ခက်တယ် "
"ခမည်းတော်ကလည်းသားက "
"တော် ဒီနေ့ ဆိုင်းသဘင်အခမ်းနားကိုတက်ပြီး ဖျက်ဆီးပစ်တယ်‌ဆို "
" ဟုတ်ပါဘူး သားကဝင်တီးပေးတာ ခမည်းတော်ရဲ့အမွေတွေပါနေတော့ အားပါပြီးလက်နေမီးတွေထွက်ပြီးလောင်ကုန်တာ "
"အော် ငါ့အပြစ်ပေါ့"
" မင်းအစွမ်းတွေကိုထိန်းချုပ်ဖို့ကျင့်ဆိုလည်းမကျင့်ဘူး ဝာာဝန်တစ်ခုယူဆိုလည်းမယူဘူး နတ်မင်းတွေထဲ မင်းယောင်ခြောက်ဆယ်ဖြစ်နေပြီ"
" အခုဆို အစွမ်းတွေတိုးလာတာ ဆိုင်းသဘင်ပွဲတောင်ပျက်ရတဲ့အထိဘဲလေ "
" ဘာမှထက်မကြားချင်ဘူး တစ်ရာသီလုံး အလင်းရောင်ပေးဖို့တာဝန်ယူရမယ် "
"ဟာ ခမည်းတော်ကဗျာ အကြာကြီးဘဲလေ "
" ဟုတ်ပါတယ်အဖေရယ် ညီ‌တော်လေးကိုအဲ့အပြစ်ဒဏ်ကြီးကမများလွန်းဘူးလား "
" စိတ်မချရင်မင်းတို့ပါလိုက်သွားချေ ဒင်းရှာတဲ့ပြဿနာတွေဖြေရှင်းနေရတာနတ်သက်တမ်းကုန်တော့မယ် "
ဤသို့ဖြင့်လောကကိုအလင်းပေးရန် အငယ်‌ဆုံးနတ်သားလေးကတာဝန်ကိုလွဲပြောင်းယူခဲ့ရသည်။နေမင်းရဲ့သားတော်ဆိုတဲ့အတိုင်းရွှေရောင်ကိုသာဝတ်ဆင်ပြီးလက်စွဲတော်ဓားမြောင်တိုလေးဆောင်လျက်ရှိသည်။ပိတုန်းရောင်ဆံနွယ်တွေကိုထုံးဖွဲ့ကာနေစွမ်းအင်ဆံထိုးဖြင့်ဘလင်းဘလင်းထနေသည့်အငယ်ဆုံလေးပင်ဖြစ်သည်။
" ခြေမြန်တော်.......နေနတ်မင်းကအခုထိမလာသေးဘူးလား အချိန်အတော်လင့်နေပြီနော် "
" အခုထိ‌ပန်းရထားမရောက်သေးကြောင်းပါ လနတ်သား "
" စိတ်ညစ်ပါတယ်.......ကိုယ်တော်ပင်ပန်းနေပြီ "
" ဟုတ်ပါရဲ့ နေနတ်မင်းကအကြောင်းကိစ္စရှိတယ်ထင်ပါရဲ့ "
" မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ဖို့ ဒီနတ်သားလေးကကူညီဆောင်ရွက်တော့မယ် အဟမ့် "
" မင်းဘယ်သူလဲ ဒီနေရာကိုဘာမှတ်နေလဲ နတ်စစ်သည်တော်တွေ "
"  ဟိုး ဟိုးထား.......ကျွန်တော်ကဒီနေရာကိုလာချင်လွန်းလို့လာတယ်ထင်နေလား........!! "
" ဒီနေရာကိုနတ်မင်းမဟုတ်ရင်ဝင်ခွင့်မရှိဘူး "
" ဝင်လာတယ်ဆိုကတည်းကကျွန်တော်ကနတ်မင်းမိုလို့ပေါ့ "
" မင်း......မင်းကိုငါမသိဘူး "
" မသိရင်မှတ်ထား စကြာဝဠာတစ်ခွင်ကိုအလင်းပေးနေတဲ့နေနတ်မင်းရဲ့အချစ်ဆုံး အသဲတုန်းအူကြူး ပူတူး ငါးဆယ့်ကိုးယောက်မြောက်သားတော်အငယ်ဆုံးလေး ဂု တဲ့ "
" အော် အလုပ်အသင်လေးဘဲ "
"ဘာ ဘာပြောလိုက်တယ် ခမည်းတော်ကယုံကြည်လို့တာဝန်ပေးလိုက်တာဗျ "
" ‌အဲတာမင်းကိစ္စ နောက်ဆို တာဝန်ချိန်နောက်မကျစေနဲ့ မဟုတ်ရင် တိုင်စာပို့ရလိမ့်မယ် "
"ပထမဆုံးနေ့မို့စိတ်လျော့လိုက်မယ်
နောက်နေတွေဆိုရင်တော့ လှတာတွေဘာတွေမသိဘူး မှုတ်ပစ်မှာဗျ "
" ဘာ ဘာကိုမှုတ်မှာ  "
" မီးနဲ့လေ မှုတ်ပစ်မှာ "
" ဒီနေ့တော့ ပြဿဒါးဘဲကွာ "
လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဆံနွယ်ငွေရောင်တွေကိုနောက်လှန်ချရင်းထွက်ခွာသွားသည်။လှသလောက်စွာလိုက်တာ လူကိုလည်းအထင်ကသေးသေးတယ်။လှနေလို့ပေါ့ကွာ မဟုတ်ရင် ငါကမှုတ်ပစ်မှာ ငါတဲ့ ဂုကွ။
အလင်းပေးတယ်ဆိုတာစိတ်ငြိမ်စေပြီးစွမ်းအင်လည်းတိုးတက်စေသည်။ အချိန်ယန္တာရားထဲစွမ်းအင်တွေကိုထည့်ကာ တရားထိုင်နေရသည်။မိမိ၏စိတ်ခံစားချက်ပေါ်မူတည်ပြီး အလင်းရောင်ပြောင်းလဲနိုင်သလိုရာသီဉတုပါပြောင်းနိုင်သောကြောင့်ဖြစ်သည်။
" ပုကျိ.......ပုကျိရေ မကောင်းတော့ဘူးကွ "
" ဘာဖြစ်လာတာလဲ "
" အချိန်ယန္တရားကမောက်ကမဖြစ်နေပြီ နေဝင်လိုက် ထွက်လိုက်နဲ့ဖြစ်ကုန်တာ "
" ပန်းရထားပြင်လိုက် အခုသွားမယ် "
ညောင်းစောင်းပေါ်ကနေထကာလက်နှစ်ဖက်ဆန့်တန်းလိုက်တာနဲ့ဝတ်ရုံတော်ကဝတ်ဆင်ပြီးသားဖြစ်သွားသည်။ပန်းရထားပေါ်တက်ကာအလင်းအမှောင်ထိန်းချုပ်ခန်းကိုလာခဲ့ရသည်။နတ်စစ်သည်တော်တွေလည်းစောင့်နေပြီး စိုးရိမ်ပူပန်နေကြသည်။
" ကျွန်တော့်တို့မဝင်ရဲဘူး စွမ်းအားကြီးလွန်းတယ် ပြာကျမတက်ဘဲ လနတ်သား "
" ကောင်းပြီ အခြေနေကိုထိန်းထားပေး ဘယ်သူမှမသိစေနဲ့. "
အစွမ်းဖြင့်အခန်းတံခါးကိုပွင့်ကာဝင်လိုက်တော့ လေပေါ်ထိုင်လျက်မြှောက်နေပြီးတစ်ခုခုကိုချုပ်တည်နေရဟန် သူပုံစံကတင်းကျပ်နေသည်။ပြီးတော့မျက်ရည်တွေ
" ဟေ့ကောင်လေး စိတ်ကိုလျော့ထား.......အစ်ကိုပြောနေတာကြားလား စိတ်ကိုလျော့လိုက် "
"ဟင်း......မဟုတ်ဘူး မဟုတ်ဘူး "
"ကောင်လေး ကောင်လေး.........!! "
ကိုယ့်အစွမ်းတွေနဲ့သူ့ရဲ့အပူစွမ်း တွေကိုထိန်းချုပ်လိုက်မှရာသိီဉတုလည်းပုံမှန်ပြန်ဖြစ်ကာ အလင်းအမှောင်ထိန်းချုပ်ရာဗိမ္မာန်ဟာလည်းနီးမြန်းနေခြင်းလျှော့ကျသွားတော့သည်။အစွမ်းတွေအကုန်ပျောက်ကာအောက်ကိုထွက်ကြပြီးတစ်ပတ်ဂျွမ်းထိုးသွားတာမို့ပြေးထူရသေးသည်။
" မင်းအစွမ်းတွေမထိန်းချုပ်နိုင်သေးဘူးဘဲ "
" နောက်ဆိုတက်သွားမှာ "
" အဲ့တာကနာကျင်ရတယ်ဆိုတာငါသိတယ် မင်းကျော်ဖြတ်နိုင်မှာပါ စွမ်းအင်စု‌စည်းနေချိန် စိတ်အကူးအပြောင်းလုပ်လို့ရပြီး အနာဂတ်မှာ ကြုံတွေ့ရမဲ့အဖြစ်ဆိုးတွေကိုမြင်ရတက်တယ်
ငါတို့နတ်မင်းတွေရှောင်ကြဉ်လို့ရတယ်လေ "
" ကျေးဇူး ပြောပြပေးလို့ အမှန်တော့ ခမည်းတော်ကအပြစ်ပေးလိုက်တာ ဒီကိုလာဖို့ "
" အင်း "
" စွမ်းအားတွေချုပ်တည်းတက်ဖို့ရောပါတယ် ဒါပင်မဲ့ ခင်ဗျားကအရမ်းလှနေတော့ "
"ငါနဲ့ဘာဆိုင်တုန်း "
ရှုပ်ပွသွားတဲ့ဆံပင်တွေကိုသပ်တင်နေရင်းဝန်ခံနေသည်။နေမင်းရဲ့သားတော်တွေကအချောအလှတွေဆိုပြီးနမည်ကြီးတယ်မဟုတ်လား မိုးနတ်မင်းပြီးရင် နေအဖွဲ့အစည်းအင်ပါယာဟာအကြီးဆုံးပင်။ဒီကောင်လေးကတော့  အပြစ်လုပ်ပြီးတိုင်းမျက်နှာချိုသွေးတက်ပုံကတစ်မူထူးစွာချစ်စရာကောင်းနေသည်။
" ကျွန်တော်စိတ်ချုပ်တည်းနေတုန်း အလှလေးကပတ်ပြေးနေတာ လွတ်လပ်စွာရယ်မောနေတာ ခင်ဗျားက ချယ်ရီပန်းတွေကြိုက်တယ် မြင့်မိုလ်တောင်ထက်ကချယ်ရီပင်ဆီမှာဒန်းစီးနေကြ "
"မင်း ဘယ်လိုလုပ်.....!! "
"ကျွန်တော်ခင်ဗျားကိုဒီနေ့မှမြင်ဖူးတာ မိုးကြိုးပစ်ဗျာ "
"ထားတော့ ဘာလို့အချိန်ကမောက်ကမဖြစ်ကုန်တာလဲ "
" ခင်ဗျားကိုနတ်မင်းတွေအပြစ်ပေးနေတယ် မိုးကြိုးလက်နက်နဲ့ထိုးနေကြတာ
ပြီးတော့ ပြီးတော့ ခင်ဗျားလူ့ပြည်ကိုဆင်းသွားဖို့ရွေးချယ်ခဲ့တယ် "
" ထားလိုက်တော့ ငါအဲ့ကိစ္စမကျုးလွန်မိအောင်ရှောင်လိုက်မယ်
မင်းအားရင် ငါနဲ့အတူတရားလာထိုင်ချေ အချိန်ကမောက်ကမဖြစ်နေတာသိရင်ဒဏ်ပေးခံရမှာ "
" ဟုတ်ကဲ့ အလှလေး "
"ငါလှတာငါသိတယ် "
" မာနကြီးချက် !! "
" မင်းလုပ်တာငါအိပ်ရေးမဝသေးဘူး ဘယ်လိုတာဝန်ယူပေးမလဲ "
အလှလေးကဂျောင်ပိတ်ပြီးမေးလာတော့ဘာပြန်ဖြေလို့ဖြေရမှန်းမသိပေ။ဆရာကစာမေးနေတဲ့အတိုင်း ဒါပင်မဲ့လည်း ကွေ့ရှောင်တက်တဲ့ဗီဇလေးကြောင့်အခွင့်အလမ်း‌တွေတောင်ဖန်တီးဖြစ်ခဲ့သေးသည်။
" ဟို နှစ်ဉီးနှစ်ဖက်အဆင်ပြေအောင် ကျွန်တော့်ပေါင်ပေါ်အိပ်လိုက်ပါလား "
" ဘာ......မင်းဘာပြောလိုက်တယ် "
"ဟို ဟိုလေ ကျွန်တော်စွမ်းအားတွေမထိန်းချုပ်နိုင်ရင် အလှလေးထပ်လာနေရမှာစိုးလို့ပါ ငွေရောင်လေးကလည်း "
" ငါ့ကိုဘယ်လိုတွေခေါ်နေတာတုန်း "
" ခင်ဗျားကအရမ်းလှတယ် နတ်သားလေးကျနေရောဘဲ "
"ငါကနတ်သားဘဲလေ "
" မဟုတ်ဘူး နတ်သားတွေထက်ကိုလှသေးတာ နတ်ဖုရားလေးခင်ဗျားလေးက "
ငါအခုပိုးခံနေရတာလား နတ်သက်တမ်းတစ်ဝက်တောင်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်ဆီကနေလေ သူပြောနေသမျှကိုဘာလို့စိတ်မခုမိတာလဲ။ငါအရင်ကအဲ့လိုမဟုတ်ဘူးလေ။
" နော် နှစ်ဖက်လုံးအဆင်ပြေတယ်လေ ကျွန်တော့်ကိုငွေရောင်လေးကထိန်းပေးပေါ့ "
"ငါ ကလေးမချစ်တက်ဘူး "
" ကျွန်တော်ကလေးမဟုတ်ဘူး "
" မင်းကငယ်ငယ်လေးရှိသေးတယ် "
"ကြီးတဲ့ဟာကကြီးနေပြီ "
" မင်း.....!! တော်ပြီ ခြေထောက်ချ မင်းပြောတဲ့အတိုင်းအိပ်မလို့ "
" တကယ်ကြီးလား "
" အင်း "
တကယ်ကြီးပေါင်ပေါ်ခေါင်းအုံးကာအိပ်နေတာမို့ကျွန်တော့်ကတပုလင်ခွေထိုင်လျက်သားအလှလေးကပေါင်ကိုခေါင်းအုံးလျက်နှစ်ဉီးသားလေထဲမှာမြှောက်နေတော့သည်။
" တကယ်ကြီးအိပ်ပျော်သွားတာဘဲ......လနတ်သားကအိပ်ပုတ်ကြီးလိုက်တာ "
"  မင်းပြောနေတာငါအကုန်ကြားရတယ်နော် "
" အရမ်းလှတယ်လို့ပြောတာ နှုတ်ခမ်းလေးဆိုစိုရဲနေတာ နုဖက်ဖက်အသားရည်လေးကဝင်းအုနေရော "
"ပါးစပ်ကိုပိတ်လိုက်ရင်ကောင်းမယ်  "
" ဟုတ် "
လက်မြောက်ကာအစွမ်းတွေထုတ်လာတာမို့ပါးစပ်ကိုပိတ်လိုက်ရသည်။မျက်လုံးကိုတော့လုံးဝဖွင့်ကာအောက်ကအလှလေးကိုငုံငုံကြည့်ရတာအမောပေ။ခမည်းတော်ကျေးဇူးတွေ နောက်ဆိုအချိန်တိကျစွာလာတော့မယ်။ ကောင်းကင်ရဲ့ဗိမ္မာန်တ်ေတော်များများကိုလျှောကလည်ဖူးပင်မဲ့ဒီနေရာကိုပထမဆုံးရောင်ဖူးခြင်းပင် ဒီနေရာကတာဝန်လဲချိန်သာမြင်ရပြီးကျန်တဲ့အချိန်ဆိုတိမ်တွေဖြင့်ဖုံးကွယ်ထားတက်သောကြောင့်ပင်ဖြစ်သည်။
[Zawgyi]
"ကောင်းပြီ "
" ဂု ရေ "
"ညီတော် ဂုရေ  "
"ခမည်းတော်ကလည်းသားက "
"အော် ငါ့အပြစ်ပေါ့"
" မင်း......မင်းကိုငါမသိဘူး "
" အော် အလုပ်အသင်လေးဘဲ "
" ဘာ ဘာကိုမှုတ်မှာ  "
" မီးနဲ့လေ မှုတ်ပစ်မှာ "
" ဘာဖြစ်လာတာလဲ "
"ကောင်လေး ကောင်လေး.........!! "
" နောက်ဆိုတက်သွားမှာ "
" အင်း "
"ငါနဲ့ဘာဆိုင်တုန်း "
"မင်း ဘယ်လိုလုပ်.....!! "
" ဟုတ်ကဲ့ အလှလေး "
"ငါလှတာငါသိတယ် "
" မာနကြီးချက် !! "
"ငါကနတ်သားဘဲလေ "
"ငါ ကလေးမချစ်တက်ဘူး "
"ကြီးတဲ့ဟာကကြီးနေပြီ "
" တကယ်ကြီးလား "
" အင်း "
" ဟုတ် "
Continue Reading
You'll Also Like
22.2M 685K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
78.5K 19.6K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
8.3M 107K 63
"Bad guys can be good too... when they're in bed." #1 in FANFICTION✓ © sujinniie 2018-2019 ✓ © sujinniie revised 2022
7.3K 1K 10
Both Zawgyi and Unicode "ကိုယ့်ကိုဖြေကြည့်ပါဦး Taehyung... Jung Hoseokကိုချစ်တာလား...Hobiကိုချစ်တာလား။" "ကျွန်တော်ကတော့ CEOကိုပဲချစ်တယ် " Kim Taehyun...