ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

20K 2.2K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 8
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4

Chapter 32

187 32 1
By Puddin524

🦊Chapter 32

အကျိုးဆောင်များက ထိုလုပ်ငန်းစဉ်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောကြောင့် ထိုကဲ့သို့ တစ်စုံတစ်ဦးကိုရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။

ပိုင်ဟောက်က သူဌေးကြီးဖြစ်၍ အရာအားလုံးကို ပိုမိုအဆင်ပြေစေနိုင်သည်။ သို့သော် ရွှယ်လင်က ကောင်းမွန်စွာလုပ်ဆောင်လိုပါက သူ့ကိုယ်ပိုင်အစီအစဉ်များ ပြုလုပ်ရန်လိုအပ်သည်။

ရွှယ်လင်က သူ့ရွေးချယ်မှုကို ပြုလုပ်ထားခဲ့ပြီး အကူစနစ်လေးကမူ ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်လိုက်သည်။အရှင် ထိုမနက်ကတည်းက ထူးဆန်းစွာပြုမူနေသည်ဟု ခံစားခဲ့ရပြီး သူ့အရှင်အား ယခုအချိန် သွားနှိုးဆွခြင်းကိုရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

ပိုင်ကွမ်းဖျော်ဖြေရေး အဆောက်အဦးက မြို့အတွင်းပိုင်းအတွင်းတွင်ရှိသည်။ ပိုင်ကွမ်းဖျော်ဖြေရေးက အစောပိုင်းကာလတည်းက ထင်ပေါ်ကျော်ကြားလာခဲ့ပြီး သမိုင်းများစွာရှိခဲ့သဖြင့် ထိုနေရာက လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သူတို့နယ်မြေဖြစ်ခဲ့သည်။ ပိုင်ဟောက် ဥက္ကဌ ဖြစ်လာပြီးနောက် သူက ကုမ္ပဏီအဆောက်အအုံကို ပြန်လည်တည်ဆောက်ခဲ့ပြီး အထပ်များစွာ ထပ်မံထည့်သွင်းခဲ့သည်။အဆောက်အဦး ပတ်၀န်းကျင်မှာလည်း သူတို့သာဖြစ်ပြီးပန်းခြံတစ်ခုဖန်တီးထားသည်။ မြေလက်မကို ရွှေအလေးချိန်ဖြင့်တိုင်းတာနိုင်သည့် ထိုဧရိယာမျိုးတွင် ထိုသို့သော အလဟဿ ဆောင်ရွက်ပုံများက လူတို့အားကူကယ်ရာမဲ့စွာ မနာလိုဖြစ်စေသည်။ နောက်ဆုံးတွင် ပိုင်မိသားစုက အခြားနယ်ပယ်များတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ပိုင်ကွမ်းဖျော်ဖြေရေးတစ်ခုတည်းကိုသာ မှီခိုအားထားရခြင်းမျိုးမရှိခဲ့ပေ။

လွတ်လပ်စွာ ဝင်ရောက်နိုင်ရန်အတွက် သက်သေခံကတ်ပြား လိုအပ်ပြီး ပိုင်ယွဲ့တွင် ထိုကတ်ပြား မရှိပေ။ သို့သော် ရွှယ်လင်ထံတွင် အကူစနစ်လေးတစ်ခုရှိသောကြောင့် ပန်းခြံထဲသို့၀င်ရန် မခက်ပေ။ အကူစနစ်လေး၏ အပြောအရ ကျီလွေ့ရှစ်၏ရုံးခန်းမှာ ပင်မအဆောက်အဦးတွင်ရှိပြီး ၀င်ရောက်ရန်ရက်ချိန်းလိုအပ်သည်။ ရွှယ်လင်က အကူစနစ်လေးအား ရက်ချိန်းမှတ်တမ်းများကို အတင်းအဓမ္မပြောင်းလဲစေရသောကြောင့်လည်း အပြစ်ရှိသည်ဟု မခံစားရပေ။

သူက သူ့နာမည်အား ရှေ့စားပွဲခုံသို့ သတင်းပို့ပြီးနောက် ဓာတ်လှေကားဆီသို့ ပို့ခံလိုက်ရသည်။ မည်သူမျှ သူ့ကို လုံးဝ သံသယမဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာဖြင့် အနုပညာရှင်အသစ်ဖြစ်လာရန် ဖြစ်နိုင်ခြေများစွာရှိသည်။ ပိုင်ကွမ်း ၀န်ထမ်းများက လူအများအား သူတို့၏ပုံပန်းသွင်ပြင်များနှင့် ပတ်သက်၍ လုံးဝမခွဲခြားပေ။ ကြိုတင်ရက်ချိန်းနှင့် နည်းလမ်းကျသော အကြောင်းပြချက်များကြောင့် လူတိုင်းကိုတန်းတူဆက်ဆံသည်။

ထိုကဲ့သို့သော ကုမ္ပဏီတစ်ခုတည်းကသာ ထိုနယ်ပယ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပြီး အောင်မြင်ကြီးပွားနိုင်သည်။

ယနေ့ခေတ်တွင် ဖျော်ဖြေရေးလုပ်ငန်းက အုတ်ရောကျောက်ရောဖြစ်နေသည်။ ကုမ္ပဏီကြီးများနှင့် ကုမ္ပဏီငယ်များမှ လိမ်လည်သူများစွာလည်း ရှိကြသည်။ သူတို့ အစစ်အမှန်ဖြစ်စေ၊ အတုဖြစ်စေဖြစ်စေ သူတို့ကိုယ်ကိုဆုံးဖြတ်ရန် လူတိုင်းအပေါ် မူတည်သည်။ အဆင့်သတ်မှတ်ချက်အကြောင်းကို အမှန်တကယ်ပြောလိုလျှင် အကယ်၍ ပိုင်ကွမ်းဖျော်ဖြေရေးက ဒုတိယဖြစ်သည်ဟု ဆိုကြပါက မည်သူမျှ ပထမနေရာကို မယူဝံ့ကြေပေ။ ပိုင်ကွမ်းက သက်တမ်းရင့်ကာ လုပ်ငန်းများစွာတည်ထောင်ထားသော စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပြီး ကုမ္ပဏီစနစ်မှာ အလွန်စနစ်ကျသည်။ စူပါစတားများနှင့် အနုပညာရှင်အမြောက်အများက သူတို့ နာမည်စာတန်းအောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ကုမ္ပဏီ၏ ကြယ်ပွင့်များမွေးထုတ်ရေး စွမ်းရည်မှာ အလွန်အားကောင်းသည်။ သူတို့နှင့်အတူ လက်မှတ်ထိုးခြင်းက အောင်မြင်မှုအတွက်အာမခံချက် မဟုတ်ပေ။ သို့သော် အနည်းဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်နေသရွေ့ အခွင့်အလမ်းများရှိလိမ့်မည်။

ကောင်းမွန်သည်ဟု စဉ်းစားနိုင်သည့် နောက်ထပ်ကုမ္ပဏီတစ်ခုမှာ စွန်းကျန့်အန်းကို လက်မှတ်ရေးထိုးခဲ့သော ကျင်းအန်းဖျော်ဖြေရေးဖြစ်သည်။ သူ့အား စီးပွားရေးလုပ်ငန်းသစ်တစ်ခုအဖြစ် သတ်မှတ်မရပေ။ သူ့တွင်လည်း ထိုနယ်ပယ်ထဲ၌ နာမည်သတင်းကောင်း ရှိသည်။ သူတို့ထံမှ အနုပညာရှင်များကလည်း အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့ကြသည်။ မူရင်းဇာတ်လမ်းအရ ထိုကုမ္ပဏီကအကြီးစားစူပါစတားဇာတ်ကောင်ရှို့ကို ခေါ်ယူခဲ့သောကြောင့် ပိုင်ကွမ်းဖျော်ဖြေရေးထက် ကျော်လွန်ကာ သူတို့အားလုံးကို လွှမ်းမိုးလာလိမ့်မည်။

ရွှယ်လင်က သူ့မိသားစုကုမ္ပဏီ၏ ပြိုင်ဘက်များအပေါ် စိုးရိမ်ပူပန်ရန်ပင် အချိန်မရှိပေ။ သူက အတွင်းရေးမှူးအား အကျိုးဆောင်ကျီနှင့် ချိန်းဆိုမှုကို အတည်ပြုရန်တောင်းဆိုခဲ့ပြီး ကျီလွေ့ရှစ်၏ ရုံးခန်းသို့ရောက်ရန် အတွင်းရေးမှူးနောက်သို့လိုက်သွားသည်။

မူလက ကျီလွေ့ရှစ် စီမံခန့်ခွဲခဲ့သော အနုပညာရှင်အုပ်စုက လူအတော်ကွဲနေကာ ကျန်ရှိနေသောကိစ္စများကို လွှဲပြောင်းပေးရန် အခြားအကျိုးဆောင်တစ်ဦးကိုပါ တွေ့လိုက်ရသည်။ သူမက ယခုအခါ အနုပညာရှင်အသစ်နှစ်ဦး ကို ပြုစုပျိုးထောင်ရန် ရှာဖွေနေသည်။ သူမက အကြီးတန်းပွဲစားတစ်ဦး ဖြစ်သော်လည်း သူမနာမည်အောက် စာချုပ်ထားသော အနုပညာရှင် မရှိပါက အလုပ်ကိုဆက်လုပ်ရန်ခက်ခဲလိမ့်မည်။

သူမက ကုမ္ပဏီတွင် သစ်ရောက်ရှိလာသော သူများက စားပွဲသို့ မည်သည့်အထူးပစ္စည်းမျှ မယူဆောင်လာဟုတွေးနေစဉ် အတွင်းရေးမှူးက သူမ အခန်းတံခါးကို ခေါက်လိုက်သည်။

ကျီလွေ့ရှစ်က သူမ၏နေ့စဉ်အလုပ်နှင့် ပတ်သက်၍ စနစ်ကျသည်။ သူမက ယနေ့အချိန်ဇယားကိုစစ်ဆေးထားပြီး ဤအချိန်တွင် မည်သည့် ချိန်းဆိုမှုမျှရှိမနေပေ။

အတွင်းရေးမှူးက ငါ့ကို ဘာလို့လာရှာရတာလဲ….

သူမက အတွင်းရေးမှူးကို ၀င်ခွင့်ပြုရန်ထရပ်ပြီး လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ ပြန်ကြည့်လိုက်သောအခါ သူမကို ပြုံးပြနေသော လူငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။

သူမက အတွင်းရေးမှူး ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ တံခါးပိတ်သွားမှသာ အသိစိတ်ပြန်ဝင်လာပြီး ရူးနှမ်းစွာဖြင့် မေးမြန်းလိုက်သည်။
“မင်းက… ”

ရွှယ်လင်က သူ့နှုတ်ခမ်းများကိုသပ်လိုက်ပြီး မျက်လုံးများက ဝေ့ဝဲကြည့်နေသည်။ သူမ ကြည့်လိုက်သည်နှင့် သူနှင့်အကြည့်ချင်းဆုံသွားသောအခါ ရေဝဲထဲသို့ပြုတ်ကျသွားသယောင် ခံစားလိုက်ရသည်။ ကျီလွေ့ရှစ်က နိုးနိုးကြားကြား နှင့် သတိပြန်ဝင်လာပြီး သူ့မျက်လုံးကို မကြည့်မိစေရန် အတင်းအကျပ် ချုပ်တည်းထားသည်။ သို့သော် သူမက သူ့အား ပြန်ကြည့်လိုက်သောအခါ သူ့မျက်လုံးများမှာအေးဆေးတည်ငြိမ်နေပြီး သဘောကျပြုံးရယ်မှုမှလွဲ၍ ဘာမျှမရှိပေ။

ကျီလွေ့ရှစ် မျက်မှောင်ကြုတ်လိုက်သည်။

“မင်္ဂလာပါ… ကျွန်တော့်နာမည်ပိုင်ယွဲ့ပါ...”

ရွှယ်လင်က သူ့နာမည် မည်သို့ရေးရမည်ကို ရှင်းပြရန် အတွက် သူ့လက်ကိုဆန့်လိုက်သည်။
“ ကျွန်တော် ဒီနေ့ရောက်လာတာ ခင်ဗျားနဲ့ စာချုပ်လက်မှတ်ထိုးတဲ့ကိစ္စ ဆွေးနွေးဖို့ပါ… ”

“ စာချုပ်ကိစ္စဆိုတာ… ”

“ အယ်…”
ရွှယ်လင်က အံ့အားသင့်သွားသည်။
“ မနေ့ကလမ်းပေါ်မှာ စီးပွားရေးကဒ်ကိုပေးပြီး ဒီနေ့စာချုပ်ကိစ္စပြောဖို့ လာခိုင်းခဲ့တာ အစ်မကျီမလား…”

သူက ပြုံးနေပြီး သူပြောခဲ့သည့် အရာများက အထူးယုံကြည်စိတ်ချရပုံပင်။
“ ကျွန်တော့်မှာ သရုပ်ဆောင်ဖို့အရည်အချင်းရှိတယ်လို့ပြောခဲ့တယ်လေ…အထူးသဖြင့် သရုပ်ဆောင်ဖြစ်ဖို့သင့်တော်တယ်တဲ့…. ”

ကျီလွေ့ရှစ်က သံသယများရှိနေသည်။ သူမက သူမရှေ့မှလူကို ယနေ့မှလွဲ၍ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပေ။ ရွှယ်လင်၏မျက်နှာကို ဂရုတစိုက်ဆန်းစစ်ရန် ကြည့်သောအခါသူ့မျက်လုံးများက အနည်းငယ်တောက်ပနေ၍ သူမ ခေါင်းညိတ်ပြလိုက်သည်။
“ ဂရုတစိုက်စဉ်းစားပါ… အခုလောလောဆယ် ငါ့မှတ်တမ်းထဲမှာ အခြားဘယ်သူ့မှ ရှိသေးတာမဟုတ်ဘူး….ငါမင်းကိုခေါ်ရင် မင်းလုပ်ဖို့ ကိစ္စတွေအများကြီးကို ငါသတ်မှတ်ပေးမှာ… ”

ယခုအခါ ရွှယ်လင်က ယမန်နေ့ကလမ်းပေါ်တွင် သူမနှင့်တွေ့ဆုံခဲ့ပြီး သူ့ကိုစာချုပ်လက်မှတ်ထိုးလိုသော ကျီလွေ့ရှစ်၏ မြင်ကွင်းတစ်ခုကို လုပ်ဇာတ်ခင်းခဲ့သည်။ မြေခွေးများက လူ့အဖွဲ့အစည်းတွင် ရှားပါးမှုမရှိခဲ့ပေ။ သူတို့၏ မြေခွေးစိတ်ဉာဉ်များနှင့် ညှို့ယူဖမ်းစားမှုအကြောင်း ပုံပြင်များက အလွန်မြင့်မားသော ဝိဇ္ဇာအတတ်စွမ်းရည်များနှင့်  ပိုမိုဆက်စပ်မှုရှိသည်။ ပထမကမ္ဘာနှစ်ခုကို ဖြတ်သန်းပြီးနောက် ရွှယ်လင်၏စိတ်ဝိညာဉ်က ပို၍တည်ငြိမ်လာပြီး ထိုကဲ့သို့သော မှော်လှည့်ကွက်များကို အသုံးပြုရန် ပြဿနာမရှိတော့ပေ။ ထို့ကြောင့် သူက ပိုင်ဟောက်နှင့် အလေးအနက်လောင်းကြေးထပ်ရန် ဆန္ဒရှိနေ၍ ပိုင်ကွမ်းဖျော်ဖြေရေးနှင့် စာချုပ်လက်မှတ်ထိုးနိုင်လိမ့်မည်ဟု လုံးဝယုံကြည်နေခဲ့သည်။

အကူစနစ်လေးက သူ့ခြေသည်းများအကြားရှိ အမွှေးဖွာနေသော အမြီးကိုကိုင်ထားပြီး ကိုက်လိုက်သည်။ အရှင်က သူ့ကို ကလိမ်ကျနေသည်ဟု ခံစားရသည်။

သို့သော် ရွှယ်လင်က သူ့အတွေးများကို မကြားနိုင်ပေ။

“ ကျွန်တော်က ဒါရိုက်တာတစ်ယောက်ပါ… ”

ရွှယ်လင်က  စိတ်ညှို့ရာမှတစ်ဆင့် ကျီလွေ့ရှစ်ကို တဖြည်းဖြည်း မှတ်ဉာဏ်ပြင်နေစဉ် သူ့ကိုယ်ရေးအချက်အလက်များကိုပါ တဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။ သူက မိမိကိုယ်ကိုနိုးနိုးကြားကြားရှိစေပြီး သူ့စကားများကို ပိုမိုလက်ခံစေလိုက်သည်။
“ ဒီတော့ ကျွန်တော့်ရဲ့စွမ်းအင်အားလုံးကို သရုပ်ဆောင်ဖို့မသုံးနိုင်ဘူး….ကျွန်တော့်အတွက် စီစဉ်ထားတဲ့အချိန်ဇယားကို လိုက်နာနိုင်တယ်… ဒါပေမယ့် အချိန်ဇယားကို ကြိုတင်သဘောတူချက်ယူဖို့ လိုတယ်…”

ကျီလွေ့ရှစ်က မျက်မှောင်ကြုတ်နေသည်။ အသစ်ရောက်ရှိလာသူတစ်ဦးအနေဖြင့် ထိုသို့တောင်းဆိုချက်များပြုလုပ်ရန် အလွန်များလွန်းသည်ဟု ထင်ရသော်လည်း နောက်ဆုံးတွင် သူမနှုတ်ခမ်းကို တင်းတင်းစေ့၍ ရွှယ်လင်၏ စိတ်ညှို့ခြင်း အောက်တွင် ခေါင်းညိတ်ပြလိုက်သည်။
“ ကောင်းပါပြီ... အလုပ်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို အပြန်အလှန်လေးစားသင့်တယ်… ”

ရွှယ်လင်က ကျေနပ်စွာပြုံးပြီး စာချုပ်ကို ထုတ်ဖော်ပြသ စေလိုက်သည်။ ပြုစားခံလိုက်ရသောကြောင့် ကျီလွေ့ရှစ် ထုတ်ပေးသောစာချုပ်က အသစ်ရောက်ရှိလာသောသူများအတွက်မဖြစ်နိုင်လောက်သော ငွေရောင်အဆင့် စာချုပ်ဖြစ်သည်။

ရွှယ်လင်က မကျေနပ်မှုအနည်းငယ်ရှိသော်လည်း ထိုထက်ပိုလုပ်မိပါက နောက်ပိုင်းတွင် ပိုင်ဟောက်အား ရှင်းပြရန်သူ အချိန်အနည်းငယ် ထပ်ဖြုန်းရမည်ဖြစ်သည်။

အခြားတစ်ဖက်က သူနှင့် အကျွမ်းတဝင်မရှိသောအခါ သူ၏ စိတ်ညှို့ခြင်း နှင့်အကြံပြုချက်များက ထိရောက်မှုအရှိဆုံးဖြစ်သည်။ အခြားတစ်ဖက်က သူတို့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမရှိကြောင်းနှင့် သူတို့၏ပထမဆုံးတွေ့ဆုံမှုက အလွန်အံ့ဩဖွယ်ကောင်းကြောင်းခံစားရစေသည်။ လူတစ်ဦးက ရွှယ်လင်နှင့်ပတ်သက်၍ ပိုအကောင်းမြင်လာလေလေ သူ့စကားများကိုလိုက်နာရန် ပို ဆန္ဒရှိလာလေလေဖြစ်သည်။

ပိုင်ဟောက်က ထိုကဲ့သို့ကိစ္စတွင် မပါဝင်ပေ။ သူက ရွှယ်လင်အပေါ် ပြင်ပအကြောင်းအချက်များမရှိဘဲ အလွန်ကောင်းပေးသည်။

စာချုပ်ချုပ်ဆိုပြီးနောက် ရွှယ်လင်က သူနှင့်အတူ စာချုပ်ကို ယူဆောင်လာပြီး အောက်ထပ်သို့ဆင်းသွားသည်။ သူက ခရီးစဉ်ကို စီစဉ်ပြီးဖြစ်သောကြောင့် သူ့ရန်ပုံငွေများကို ပိုမိုမြန်ဆန်စွာနေရာချထားနိုင်ရန်အတွက် ပိုင်ဟောက်အား ယခုအကြောင်းကိုလည်း ပြောပြရလိမ့်မည်။ ထို့ကြောင့် သူက ချုပ်ထားသော စာချုပ်ကို ပျော်ရွှင်စွာယူလာခဲ့ပြီး ပိုင်ဟောက်ကိုရှာရန်သွားသည်။ သူက ပိုင်ဟောက်၏ရုံးခန်း မည်သည့်အထပ်တွင်ရှိနေသည်ကို မသိပေ။

ရွှယ်လင်က ဥက္ကဌရုံးခန်း မည်သည့်အထပ်တွင်တည်ရှိသည်ကို မေးမြန်းရန် ရှေ့စားပွဲခုံသို့ တိတ်တဆိတ်သွားလိုက်သည်။ သူက ကိုယ်တိုင်ပင် ချိန်းဆိုမှုယူရန် စနစ်အားမေးမြန်းတော့မည့်အချိန်တွင် ပိုင်ဟောက်၏အသံကို ကြားလိုက်ရသည်။
"ယွဲ့ယွဲ့လား… ”

ရွှယ်လင် ကျောချမ်းသွားသည်။ သူ့အား ထိုအမည်နှင့် အခေါ်ခံရသင့်သည်ဟု မခံစားရသော်လည်း သူက ခေါင်းလှည့်ကာ ပိုင်ဟောက်ကိုအံ့အားသင့်စွာ ကြည့်လိုက်သည်။ သူက ဘာမျှ မသိသယောင် မျက်တောင်ခတ်ပြသည်။
“ အစ်ကိုကြီး…ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ...”

ပိုင်ဟောက်က လျှောက်လာ၍ သူ့လက်ကို လှမ်းဆွဲကာပြောသည်။
“မင်းငါ့ကိုတွေ့ဖို့ ကုမ္ပဏီထိလာခဲ့တာလား…”

ရှေ့စားပွဲခုံတွင် ရှိနေသောလူက လန့်ဖျတ်သွားသည်။  ဥက္ကဌကို ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ တွေ့ရန်မဖြစ်နိုင်ကြောင်း ပြောချင်သော်လည်း ဥက္ကဌကိုယ်တိုင်က လူငယ်လေးကို သူ့ဘက်သို့ ဆွဲယူပြီးပြီဖြစ်သည်။

ကောင်းကင်ကြီးရယ်…ဘာလို့ အမြဲတမ်း အထက်စီးနဲ့ အေးတိအေးစက်ကြည့်နေကျ ဥက္ကဌ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ရှိနေရတာလဲ…

ရွှယ်လင်က စာချုပ်ကို ကိုင်ထားဆဲလက်ကို မြှောက်လိုက်ပြီး အနည်းငယ် ကြွားချင်ပုံဖြင် ပြောပြသည်။
“ ကျွန်တော် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ လာခဲ့တာ…"

ပိုင်ဟောက်က ခေတ္တရပ်သွားပြီး သူတို့လောင်းခဲ့သည့်အလောင်းအစားကို အမှတ်ရသွားမိသည်။ သူက ဦးဆောင်၍ ဥက္ကဌ၏ ဓာတ်လှေကားဆီသို့ ဦးတည်သွားပြီး အလွန်သဘောကျစွာဖြင့် ပြုံးရယ်နေမိသည်။
“ အိုး…ဘယ်စာချုပ်ကို လက်မှတ်ထိုးခဲ့တာလဲ…”

ရွှယ်လင်၏ခြေလှမ်းများ တွန့်ဆုတ်သွားပြီး အနည်းငယ် မပျော်ရွှင်သည့်ပုံပေါက်သွားသည်။
“ ငွေရောင်အဆင့်ပါပဲ…. ”

ပိုင်ဟောက်က သူ့အသံကြောင့် ယခုအလောင်းအစားကို အနိုင်ရသွားသည်ဟု ပြောနိုင်သော်လည်း သူ့ညီငယ်က ငွေရောင်အဆင့်စာချုပ်ရရန် လုံလောက်သော ကြံ့ခိုင်မှုရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ မင်းဘယ်သူ့လက်အောက်မှာ လက်မှတ်ထိုးခဲ့တာလဲ…”

သူ့ညီကို လှောင်ပြောင်ရန်က ဦးစွာဖြစ်၍ စာချုပ်ကို မည်သို့ လက်မှတ်ရေးထိုးခဲ့သည်ကို သူ မမေးခဲ့ပေ။ အလွန်အလေးအနက်ထားတတ်သည်က သူ့စတိုင်မဟုတ်ပေ။ နောက်ဆုံးတွင် သူလုပ်ရန်က ကတိပြုထားပြီးသော ဆိုးရွားသည့် ကိစ္စဖြစ်သည်။

“ ကျီလွေ့ရှစ်ပါ…”
ပိုင်ဟောက်က ခေါင်းညိတ်လိုက်သည်။ ဓာတ်လှေကားပေါ်တွင်ခလုတ်ကို နှိပ်၍ လက်ထောက်ကို ဖုန်းခေါ်လိုက်သည်။

“ ကျီလွေ့ရှစ်ကို စိန်အဆင့်စာချုပ်နဲ့ ငါ့ရုံးခန်းဆီ လာခိုင်းလိုက်…ဟုတ်တယ်…ငါသူ့ကို လူတစ်ယောက်နဲ့လက်မှတ်ထိုးစေချင်တယ်… ”

ဖုန်းချလိုက်ပြီးနောက် သူက ရွှယ်လင့်ခေါင်းကိုပွတ်သပ်ကာ ပြောလိုက်သည်။
“ အခု မင်းက အလောင်းအစားကို နိုင်သွားပြီ…အဲ့ဒါကြောင့် ငါတို့ရဲ့ သဘောတူညီချက်အရ အစ်ကိုကြီးက မင်းအတွက် အကောင်းဆုံးအရာတွေကို ပြင်ဆင်ပေးမယ်….စာချုပ်အဆင့်ကို စိန်အဆင့်အဖြစ် ပြောင်းလဲပြီး ထုတ်လုပ်မှုကိုကူညီပေးမယ့် အဖွဲ့တစ်ဖွဲ့ကို စီစဉ်မယ်…”

ရွှယ်လင်က သူ့အား ထိုမျှ အရမ်းထိရောက်စွာ အားပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဥက္ကဌရုံးခန်းသို့ ဆွဲခေါ်သွားခံရသည်အထိ သူ့စိတ်များ ရှုပ်ထွေးနေဆဲပင်။ သူတို့ဓာတ်လှေကားမှ မထွက်မီ သူကအသိစိတ်ပြန်ကပ်ပြီး တွေးရသည်။
ငါ ပိုင်ဟောက်ကို စိတ်မညှို့ခဲ့ပါဘူး…သူက ညီအစ်ကိုစိတ်ပြင်းထန်နေတာလား….

သူက လမ်းတစ်လျှောက်လုံး စကားမပြောနိုင်ဘဲ  စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသောမျက်နှာဖြစ်နေကြောင်းမြင်သောအခါ ပိုင်ဟောက်က သူ့မျက်နှာရှေ့တွင် လက်ကိုဝှေ့ယမ်းကာ သူ့အာရုံကို ပြန်ဆွဲဆောင်ရန်ကြိုးစားလိုက်သည်။
“ ယွဲ့ယွဲ့….”

ရွှယ်လင် မျက်တောင်ခတ်သွားသည်။
“ ကျွန်တော့်ကိုခေါ်နေတာလား… ”

ပိုင်ဟောက်က ခေါင်းညိတ်ပြပြီး ပြောသည်။
“ ပြီးခဲ့တဲ့ညက သူတို့မင်းကို ရွှယ်လေးလို့ခေါ်တယ်ဆိုတာငါကြားလိုက်တယ်… ”

ငါကမင်းကို သူများတွေသုံးတာထက် ပိုရင်းနှီးတဲ့ နာမည်ပြောင်လေး ခေါ်ချင်တာ…

ရွှယ်လင်က ပိုင်ဟောက်ကို ရှုပ်ထွေးသော အမူအရာနှင့် ကြည့်လိုက်သည်။ ထပ်မံ၍ သူက ထိုမူလခန္ဓာကိုယ်က ထိုကဲ့သို့သော ဝမ်းနည်းဖွယ်ဘဝတွင် နေထိုင်ခဲ့သည်မှာ အံ့သဩစရာမဟုတ်ကြောင်း ညည်းညူမိပြန်သည်။ သူက ထိုကဲ့သို့ ရွှေလက်ချောင်းမျိုးကို လက်လွှတ်ခဲ့ပေသည်။

အမှန်တွင် ပိုင်ဟောက်က စိတ်ကြည်လင်နေသောကြောင့် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်နေခြင်းပင်။ အကယ်၍ ယနေ့မနက်ပိုင်းတွင် သူ့အတွင်းရေးမှူးက ပိုင်ယွဲ့နိုင်ငံခြားသို့ပညာသွားသင်နေစဉ်နှစ်များအတွင်း ပိုင်ယွဲ့၏ လူမှုဆက်ဆံရေးနှင့် အဓိကဖြစ်ရပ်များအားလုံးကို ပြသခဲ့ခြင်းကြောင့် သူ့ညီလေးက တွေ့ရာလူနှင့် သူငယ်ချင်းမလုပ်ဖူးသည့်အပြင် မည်သည့်ယောက်ျား မိန်းမနှင့်မှ ရင်ခုန်စရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုမရှိခဲ့ကြောင်း သိခဲ့၍ဖြစ်သည်။ အကယ်၍ သူ့တွင် ကိုးလ်အမည်ရှိ သူငယ်ချင်းတစ်ဦး ရှိပါက ပိုင်ဟောက် စိတ်ထဲတွင် မကျေမချမ်းဖြစ်နေလိမ့်မည်။ ယခု သူ့စိတ်နေစိတ်ထားမှာ လွန်ခဲ့သည့်ညက စိတ်ဓာတ်ကျ၍ သေချင်စိတ်ပေါက်နေပုံနှင့် လုံးဝကွဲပြားနေသည်။ သူ၏ ဝမ်းမြောက်မှုအပြင် သူက ရွှယ်လင်နှင့် ပို၍ ရင်းနှီးနေခဲ့သည်ကအမှန်ပင်။

ရွှယ်လင်က တစ်ဖက်လူ၏ ဦးနှောက်တွင်ဖြစ်ပေါ်နေသော လှည့်ကွက်များနှင့် ပတ်သက်၍ မည်သည့်စိတ်ကူးမျှ မရှိပေ။ သူ ရောက်လာကစဥ်တည်းက ထိုလူ၏ ရုံးခန်းမှ ဆိုဖာပေါ်တွင်ထိုင်နေသည်။ ထို့ပြင် စိတ်ဗလာနှင့် ရှုပ်ထွေးနေသော ကျီလွေ့ရှစ်က သူ့ရှေ့သို့ စာချုပ်အသစ်တစ်ခု တင်ပေးလိုက်သည်ကို သူ လှမ်းကြည့်လိုက်သည်။

ပိုင်ဟောက်၏ မူလစကားလုံးများမှာ ထိုအတိုင်းပင်။
“ ဒါက ငါ့ညီလေးပါ…ပိုင်မိသားစုရဲ့ ဒုတိယသခင်လေးပဲ… သူနဲ့ စိန်အဆင့်စာချုပ်ကို လက်မှတ်ထိုးပေးပါ …မင်းအရင်က လက်မှတ်ရေးထိုးခဲ့တာကိုတော့ အပေါ်ယံအဖြစ်မှတ်ယူလို့ရတယ်… အနာဂတ်မှာ သူ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မင်းတာ၀န်ရှိသွားပြီ…. ဒါရိုက်တာက သူ့အဓိကအလုပ်ပဲ... အခု သူက ဘွဲ့ရဖို့အတွက် ရုပ်ရှင်ရိုက်ဖို့လည်း လိုနေပြီးတော့ ဘက်ပေါင်းစုံက အကူအညီလိုလိမ့်မယ်…. ငါ့အဖွဲ့ခေါင်းဆောင်က မင်းကိုဆက်သွယ်လိမ့်မယ်… ”

ကျီလွေ့ရှစ်- “…"

သူမက ထိုစကားများအားလုံးကို သီးခြားစီနားလည်ခဲ့သည်။
အားလုံးကို အတူတူချိတ်ဆက်လိုက်မှ  ဘာလို့ အဲ့လောက် ရှုပ်ထွေးနေရတာလဲ….

ဒုတိယသခင်လေးက ကြီးကျယ်ခမ်းနားသော ဂုဏ်သရေရှိ လူတစ်ယောက်ဖြစ်ပြီး အနောက်တံခါးအား ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာဖြတ်လျှောက်နိုင်ပေသည်။

🦊🦊🦊

IQ Teamရဲ့ promotionက ဒီနေ့ (30.4.24) နောက်ဆုံးပါရှင့် ည 12နာရီမတိုင်ခင် သွားဝယ်ရင် ဒီဈေးလေးတွေနဲ့ gpဝင်လို့ရဦးမှာပါ 🍀

ကုဟွိုက် ငွေလွှဲ 500/ ဘေ 1000

ရှစ်စွမ်း ငွေလွှဲ 1500/ ဘေ 2000

အန်းနဉ် ငွေလွှဲ 1700/ ဘေ 2000

ယွီနျန် ငွေလွှဲ 3000/ ဘေ 4000

ငါ့အမြီး ငွေလွှဲ 4000/ ဘေ 5000
( Paidမှာ Ch 166 Arc 11 ရောက်ပါပြီ )

လယ်စိုက်ကြမယ် ငွေလွှဲ 4500/ ဘေ 6000
( Paidမှာ Ch 75 Arc 2 ရောက်ပါပြီ )

Gpဝင်ချင်တဲ့သူလေးတွေက @Wakatoshi1732 ဒီtele accကို လာပေးကြပါရှင့် 🍀

Continue Reading

You'll Also Like

2.1K 110 4
Where a mafia group is trying to figure out how to lure their enemies to their base but they recently found one of their siblings so called Nishimura...
699K 58.5K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
5.5K 620 8
Book 1 အဆက်ပါ Author: 婻书 Novel Name: 豪门汪日常