𝙾𝚗𝚕𝚢 𝚄 (Complete)

By BlackRoseTK93

72.1K 5.6K 1.1K

*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့* More

Intro
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
FINAL

11

1.5K 145 28
By BlackRoseTK93

"Taeri"

အနောက်ကခေါ်လိုက်တဲ့အသံကြောင့် Taeri အရုပ်ခေါင်းကိုခေါင်းမှာပြန်စွပ်ဖို့လုပ်ချိန်အနောက်ကနေ အရုပ်ခေါင်းကိုဆွဲယူလိုက်တဲ့ Jungkook..Taeri အနောက်သို့လှည့်ကာ Jungkook ကိုကြည့်လာတဲ့မျက်ဝန်းတွေက မျက်သားလေးတွေရဲလို့နေသည်..

" Taeri ဟင့်အင်း Taehyung "

" မဟုတ်ဘူး ငါက Taeri နင် Taehyung ကိုတွေ့ချင်တာဆိုမနက်မှလာ သူမနက်မှအလုပ်ဆင်းမှာ"

ငိုချင်နေတဲ့မျက်ရည်တွေကိုထိန်းကာ စိတ်ကိုတင်းလို့ Taeri ကသူ့ပုံစံအတိုင်း ခက်ပျက်ပျက်သာ Jungkook ကိုပြန်ပြောလိုက်ပြီး Jungkook လက်ထဲကအရုပ်ခေါင်းကိုယူကာ ခေါင်းမှာစွပ်လို့ Jungkook ကိုနှုတ်ဆက်ကာလှည့်ထွက်သွားတဲ့ Taeri..

Jungkook တယောက်ဆိုင်နဲ့မလှန်းမကန်းလေးနားမှာ မက်တက်ရပ်လျက်ကြီးကျန်နေခဲ့တော့ သည်..

Jungkook pov: ငါပဲနားမလည်တာလား မင်းတို့နှစ်ယောက်ကခုထိ တယောက်ထဲလား.နှစ်ယောက်လား ငါလုံးဝစဥ်းစားမရတော့ဘူး

ဘာမှဝေခွဲမရကာ ထွက်သွားတဲ့လှုပ်စိလှုပ်စိအရုပ်လေးကိုခဏလောက်လှမ်းကြည့်နေပြီးမှသာ လှည့်ပြန်လာခဲ့တဲ့ Jungkook..

" ငါ့သားဒီရက်တွေအပြင်မသွားပါလား "

" စိတ်မပါလို့ပါ "

Jungkook တိုတိုနဲ့လိုရင်းသာပြောပြီး အပေါ်သို့တက်သွားတာကိုအောက်ကနေလိုက်ကြည့်နေမိသေးတဲ့ အမေဖြစ်သူ..အနောက်ကနေရောက်လာတဲ့ ကိုကြီးyoongi

" အမေ အမေ့သားဘာဖြစ်နေတာလည်း "

" မင်းညီကြည့်ရတာ အချစ်နာကျနေသလိုပဲ ဟိုမိန်းကလေးကများငြင်းလိုက်လို့လား တခါမှ အဲ့လိုမျက်နှာ အဲ့လိုအားလျော့နေတဲ့အသံမျိုး မင်းညီတသက်မကြားဘူးပါဘူး အမြဲတက်ကြွနေတဲ့ကလေးလေးက ခုတော့တကယ်ကိုနွမ်းလျနေတယ်သားကြီး"

" ငယ်သေးလို့ပါကြီးလာရင်အဆင်ပြေသွားလိမ့်မယ်အမေ စိတ်ပူမနေနဲ့ "

" ဘယ်သူ ဘာဖြစ်လို့လည်းကိုကြီး "

" မင်းညီဖြစ်နေတာ အလတ်ကောင်ရေ "

" Jungkook ဘာတွေလုပ်ပြန်ပြီလည်း "

" လုပ်နေတာမဟုတ်ဘူးသားလတ် သားငယ်လေးက အချစ်နာကျနေသလိုပဲ မလန်းဆန်းဘူး "

" ဒါများအမေရယ် အမေသူငယ်ချင်း သမီးတွေနဲ့ အိမ်ထောက်ဖက်တွေ့ခိုင်းလိုက်ပေါ့ဘယ်ပြောရမလည်းအကြိုက်ပြောင်းသွားနိုင်တာပဲ "

" အေး သားလတ်ပြောတာဟုတ်သား "

အောက်မှာတော့ သူတို့ဘာသာအစီအစဥ်တွေချနေကြပေမယ့် အပေါ်ကတယောက်ကတော့အဝတ်အစားတောင်မလဲနိုင် အိပ်ယာပေါ် မှောက်လျက်ကြီးလှဲချကာ မျက်လုံးအဝိုင်းသားလေးနဲ့တနေရာထဲကိုစိုက်ကြည့်နေတာ အသေမျက်လုံးကြီးတွေလို..

Jungkook pov : ဆွဲလန်းမိတဲ့ မျက်ဝန်းညိုလေးက ပဟေဋိတွေအဲ့လောက်များမှန်းမသိခဲ့ဘူး အဲ့အဖြေကိုငါဖြေရှင်းနိုင်ပါ့မလား Taehyung ရယ်..

ဟူးးးးးး

မှောက်လျက်ကနေပက်လက်ကြီးလှန်လို့ မျက်နှာကျပ်ကိုကြည့်ရင်း လေပူတချက်မှုတ်ထုတ်လိုက်မိတော့သည်...ထိုညကအတွေးတွေနဲ့ ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိ Jungkook မနက်လင်းလာနော့ ညကအဝတ်အစားတောင်မလဲနိုင်အိပ်ပျော်သွားသည်ကိုသိတော့သည်..

" သားမနက်စာစားရအောင် "

" သားမစားတော့ဘူးအမေ "

" မစားလည်းပြောစရာရှိလို့လာထိုင်အုံး."

Jungkook အမေခေါ်လို့သာစားပွဲမှာထိုင်နေတာ စိတ်က ကြက်ကြော်ဆိုင်မှာရောက်နေပြီ သူ့တွေ့ချင်တာ Taeri မဟုတ် Taehyung ဆိုတာသူတညလုံးစဥ်းစားရင်းအဖြေထွက်လာခဲ့သည်..

" သား အမေသူငယ်ချင်း သမီးတွေနဲ့ Date ကြည့်ဖို့အမေစီစဥ်ထားတယ် "

" သားမတွေ့ချင်ဘူးအမေ "

" သားမင်းအရွယ်ကချစ်သူရည်းစားထားလို့ရပြီလေ သဘောကျတာလေးတွေ့ရင်လက်ထက်လို့ပါရနေပြီ "

" ကိုကြီးနဲ့ကိုလတ်ကရော ဘုန်းကြီးဝတ်မှာမို့လို့လားအမေ သူတို့နှစ်ယောက်ကိုအရင်ပေးတွေ့လိုက်ပါလားအမေရယ် "

" မင်းအကိုတွေကအလုပ်နဲ့ ယူထားကြတာလေ မင်းတယောက်ပဲအချစ်ကိုစိတ်ဝင်စားနေတာ "

" အချစ်ကိုစိတ်ဝင်စားတာက အမေသူငယ်ချင်းသမီးတွေနဲ့တွေ့ဖို့မဟုတ်ဘူး တခါထဲအမေရှင်းအောင်ပြောရရင် သား မိန်းကလေးတွေသဘောမကျဘူး "

" ဘာ!"

အမေကိုပြောပြီးထထွက်လာတဲ့ Jungkook.ကျန်ခဲ့တဲ့ အမေဖြစ်သူမှာတော့သူ့နားသူတောင်မယုံ အစကမိန်းကလေးတယောက်ကိုသဘောကျတယ်ဆိုပြီး ခုလိုကောက်ခါငင်ကာကြီး မိန်းကလေးတွေသဘောမကျဘူးလို့ပြောသွားတဲ့သားဖြစ်သူကြောင့် အမေဖြစ်သာမှာ နှလုံးရပ်လုမတက်..

" ဒါ ဒါဆို ငါ့သားငယ်က Gay မဖြစ်ဘူး မဖြစ်ဘူး ငါတို့မျိုးရိုးမှာဒါမျိုးမရှိဘူး မဖြစ်ဘူး!!!!"

Jungkook ကားကိုတနေရာရပ်လို့ ကြက်ကြော်ဆိုင်ရှိလာထွက်လာတော့ အဝေးကနေလှမ်းကြည့်ထဲကမတွေ့ရတဲ့ ဝတ်ဝံရုပ်လေး.. အနားရောက် တဲ့အထိလုံးဝရှာမတွေ့ သူရစ်သီရစ်သီရှာနေတော့ အနားကိုရောက်လာတဲ့ အခြားလက်ကမ်းစာစောင်ဝေသူတယောက်...

" အရုပ်ကိုရှာနေတာလား "

" ဗျာ အာ ဟုတ်ကဲ့ "

" Taehyung အလုပ်ထွက်သွားပါပြီ "

" ဘယ်လို "

" ဟုတ်တယ် မနေ့ကတရက်ပဲဆင်းပြီးအလုပ်ထွက်သွားတာ "

" ဟုတ်လား ကျေးဇူးပါ "

Jungkook ခြေလှမ်းတို့က ကားရှိရာစီသာလျှောက်လို့လာနေပေမယ့် စိတ်ကတော့အခြားတနေရာစီရောက်လို့နေသည်...

Jungkook pov: ငါကြောင့်များလား Taehyung

အဲ့လိုနဲ့တနေ့တနေ့ အတွေးတွေနဲ့ နေလာကာ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်တဲ့အထိဖြစ်လာပြီး တနေ့တနေ့ Taehyung ကိုပေးရမယ့်စာအုပ်လေးနဲ့ စာအုပ်ကြားထဲက won 3500 ကိုထုတ် ထုတ်ကြည့်ရင်းသာအချိန်တွေကုန်ဆုံးနေမိတော့သည်..

သူရဲ့လူရုံတယောက်ကိုလည်း မိဘတွေမသိအောင် Taehyung အကြောင်းကိုတိတ်တိတ်လေးစုံစမ်းခိုင်းထားတာလည်းဘာမှမထူး..

တနေ့ ညနေဘက်အလုပ်ကနေပြန်လာခဲ့တဲ့ Jungkook အိမ်ရှေ့တံခါးဝလည်းရောက်တော့ အမေဖြစ်သူကိုနှုတ်ဆက်နေရင်း မေ့လဲကျသွားတော့သည်..

အမေဖြစ်သူမှာ သူ့ရဲ့သားငယ်လေးလဲကျသွားတာလည်းမြင်ရော ငယ်သံပါအောင်အော်ဟစ်ခါ သားဖြစ်သူကိုပြေးပွေ့လိုက်သည်.အမေဖြစ်သူရဲ့ဆူးဝါးလို့တဲ့အသံကြောင့်တအိမ်လုံးရှိ ယောကျား နဲ့ သားနှစ်ယောက်အပြင် အိမ်အကူအလုပ်သမားတွေပါပြေးထွက်လာကြသည်..

" ယောကျား သားငယ် "

" ငါ့သားဘာဖြစ်တာလည်း အကြီးကောင်ဆေးရုံကားခေါ် အလတ်ကောင်မင်းညီကိုဆိုဖာပေါ်ပွေ့ချီလာခဲ့ "

ဆေးရုံကားရောက်လာတော့ အကိုလတ်Hoseok က Jungkook နဲ့အတူတူလိုက်လာခဲ့ပြီး မိဘနှစ်ပါးနဲ့ Yoongi ကအနောက်ကနေကားနဲ့လိုက်လာခဲ့သည်..

" လူနာက အရမ်းအားနည်းနေတယ် အဲ့တာကြောင့်ခုလိုလဲကျသွားတဲ့အခြေအနေထိကိုဖြစ်သွားတာပါ အားဆေးသွင်းပေးထားတယ် ကလေးက စိတ်ထိခိုက်စရာတွေများရှိနေလား.ဒီလိုအရွယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိဘနဲ့ချစ်သူကြားက ပြသနာတွေကြောင့် ခုလိုစိတ်ဖိစီးမှုတွေဖြစ်ကြတာ လူငယ်တော်တော်များများကြား Trend တခုလိုတောင်ဖြစ်နေပြီ "

" သားလေးမှာက ချစ်သူမရှိပါဘူး "

" မိဘတွေမသိတာလည်းဖြစ်နိုင်တာပဲ ဒါမှမဟုတ်အငြင်းခံရတာလည်းဖြစ်နိုင်တယ် "

" ဟာဆရာကလည်းကျွန်တော်ညီလေးရဲ့အခြေအနေကိုကြည့်ပါအုံးအငြင်းခံရစရာလား ဒီတိုင်းနေမကောင်းတာပါ "

တခုခုဆို အကြောမခံတဲ့ Hoseok ဒီကိစ္စကတခါထဲဖြေရှင်းရမယ့်အခြေအနေ သူ့ညီ Jungkook လိုလူမျိုးကိုဆော်ငြင်းကောင်ပုံစံမျိုးပြောနေတာတော့သူလုံးဝလက်မခံနိုင်ဘူးလေ..

" ဆရာကသဘောပြောပြတာပါ ကိစ္စအားလုံးက ကာရံကာရှင်လောက်တော့ဘယ်သူမှမသိနိုင်ပါဘူး"

ဆေးရုံမှာနှစ်ရက်လောက်ဆေးရုံတက်နေချိန် သူ့စီရောက်လာတဲ့သူ့ရဲ့လူရုံမိဘတွေအလစ်မှာ Taehyung ကိုရှာတွေ့ပြီဆိုတာပြောလိုက်ချိန်မှာ ချက်ချင်းဆိုသလိုပင် ကုတင်ပေါ်ထိုင်လိုက်ပြီးအမေအလစ်မှာချက်ချင်းပဲလက်ကဆေးထိုးပိုက်ကိုဆွဲဖြုတ်ကာဆေးရုံထဲကနေပြေးထွက်လာခဲ့တော့သည်..ဆေးရုံခန်းထဲ လူနာစောင့်နေတဲ့အမေဖြစ်သူမှဘာမှမသိလိုက်ခင်မှာပဲ သားဖြစ်သူအခန်းထဲမှာမရှိတော့ပါ..

" ဟဲ့ကလေး ဟဲ့ သားငယ် အတွင်းရေးမှုးချွဲ ဘယ်လိုဖြစ်တာလည်း "

" မသိပါဘူး သူဌေးကတော် ကျွန်တော်က သူဌေးလေးနေကောင်းပြီလားမေးလိုက်တာခုလိုထထွက်သွားတော့တာပဲ "

" လုပ်ကြပါအုံး စိတ်တွေဘာတွေလွတ်သွားတာလားမသိဘူး အတွင်းရေးမှူးချွဲသားနောက်အမှီလိုက်လေ ဘာတွေကြောင်ကြည့်နေတာလည်း "

" ဟုတ်ကဲ့ သူဌေးကတော် "

တမင်အချိန်ဆွဲပြီးမှလိုက်သွားတော့ ဘယ်မှီတော့မလည်း Jungkook က အတွင်းရေမှူးအဆင်သင့်ထားပေးထားတဲ့ကားနဲ့ထွက်လို့သွားပြီ...

ညနေစောင်းကနေမောင်းလာလိုက်တာနောက်နေ့ဝေလီဝေလင်းမှရောက်လို့လာတဲ့ ဆိုးလ်နဲ့အတော်လေးအလှမ်းဝေးတဲ့တောရွာလေးတရွာ၊ ရွာထဲရောက်ဖို့ကိုအတော်လေးမောင်းယူရသေး တာကြောင့် Jungkook ရွာကိုရောက်တော့ မနက်လင်းနေပြီ..

ကားပေါ်ကဆင်းကာ သူ့ဖုန်းထဲမှာ Taehyung ကိုခိုးရိုက်ထားဘူးတဲ့ ဓာတ်ပုံလေးကိုပြကာရွာကထွက်လာတဲ့သူတွေကိုမေးကြည့်တော့..

" ခုချိန်လောက်ဆို Taehyung က ရွာကချောင်းမှာငါးဖမ်းနေလောက်ပြီ"

" ဗျာ ငါးဖမ်းတယ် "

" ဟုတ်တယ် ဒီရွာမှာက ဒီလိုပဲလေ "

" အဲ့ချောင်းကိုဘယ်လိုသွားရမလည်း "

ဆေးရုံဝတ်စုံတောင်မလဲရသေးတဲ့ Jungkookကို ရွာကလူကြီးတွေက အရူးတယောက်လိုကြည့်နေပြီး ရွာကချောင်းကိုလမ်းသာညွှန်ပေးကြတာ အကြည့်တွေကမယုံသင်ကာအရူးဆိုတဲ့အကြည့်တွေနဲ့သာ..

ရွာကလူတွေလမ်းညွှန်ပေးလိုက်တဲ့အတိုင်းရွာချောင်းရှိရာသို့ပြေးထွက်လာတော့ ချောင်းထဲမှာဘောင်းဘီလေးလိပ်လို့ ငါးမျှားတံနဲ့ငါးဖမ်းနေတဲ့ Taehyung ကိုလှမ်းမြင်တော့ တခါထဲချောင်းထဲကိုပြေးဆင်းသွားတဲ့ Jungkook..

ငြိမ်ငြိမ်လေးငါးဖမ်းနေပါတယ်ဆို ရေထဲတယောက်ယောက်ပြေးဆင်းလာတော့ဒေါသထွက်ကာ လှည့်ကြည့်လိုက်ချိန်မထင်ထားမှတ်တဲ့လူကြောင့် Taehyung မှာဘာမှတောင်မပြောနိုင် ကြည့်နေမိသည်..

" Taehyung "

ဆေးရုံဝတ်စုံဝမ်းဆက်နဲ့ လက်မှာလည်း ဆေးပလာစတာတောင်မခွာရသေးသလို ခုထိအားနည်းနေသေးတဲ့ Jungkook မျက်နှာကနှုတ်ခမ်းလေးတွေဖွေးလို့

" CEO "

Taehyung မျက်မှောင်တချက်ကျုတ်ကာ ငါးမျှားတံကိုသိမ်းလို့ ရေထဲကနေပြန်တက်သွားတော့..

"ထပ်ပြီးထွက်မပြေးပါနဲ့တော့ Taehyung ငါမင်းကိုရှာရတာအရမ်းပင်ပန်းနေပြီ"

Jungkook အပြောမှာ Taehyung တချက်လှည့်ကာ

"ပင်ပန်းရင်မရှာနဲ့လေ ဘယ်သူကရှာခိုင်းနေလို့လည်း "

Taehyung ရဲ့စကားကြောင့်နှစ်ဦးစလုံးတိတ် ဆိတ်စွာ တယောက်နဲ့တယောက်ကြည့်နေမိပြီး Taehyung ကပဲအရင်ကျောခိုင်းလို့လှည့်ထွက်လာချိန်

"ငါ့နှလုံးသားက "

ကြားလိုက်ရတဲ့အဖြေကြောင့် လှည့်ထွက်သွားတဲ့ Taehyung ရဲ့ခြေလှမ်းတို့ရပ်တန့်သွားသည်.
ထပ်မှန်

" ငါ့နှလုံးသားရဲ့ စေညွှန်ရာအတိုင်းမင်းကိုလိုက်ရှာနေမိတာ ငါ့ဦးနှောက်က တားနေပေမယ့် ငါ့နှလုံးသားက မင်းကိုရှာဖို့တိုက်တွန်းနေတယ် ၊ Taehyung ငါ ငါမင်းကို မြတ်နိုးမိနေပြီ "

Jungkook ရဲ့စကားမှ Taehyung ရဲ့သံချေးကိုက်နေပြီးပျက်လုဆဲဆဲနှလုံးသားလေးကရင်ခုန်မှုလေးတခုအစပျိုးလို့သွားသည်..

BlackroseTK93
Taekookforever🐰🐯🐯

.....
နောက်အပိုင်းအတွက် စပွိုင်လာ ဟဲဟဲ

" နေ့လည်ထမင်းစားပြီးရင်ပြန်ပါတော့ CEO "

" မပြန်ဘူး "
.....

" ပြန်တော့!!!!"

" မင်းမှာဘာလျိုဝှက်ချက်တွေရှိနေလို့လည်း ငါ့ကိုပြောပြ "
.....

" အချစ်စစ် "
......

" အဲ့တာအကုန်လုံး ငါဖြေရှင်းပေးမယ် မင်းသာငါ့လက်ကိုမဖြုတ်လိုက်ပါနဲ့ Taehyung ငါ့နားမှာမင်းရှိနေမှဖြစ်မှာမို့လို့ပါ."
....

" ထွက်သွား "
.....

ကဲဘာဆက်ဖြစ်မယ်ထင်လည်း ..?
Taehyung ရဲ့လျို့ဝှက်ချက်ကဘာလည်း ..?

Love win all

ဇာတ်လမ်းကအကောင်းကြီးမဟုတ်ပေမယ့် ရှင်တို့အပျင်းတော့ပြေမှာပါ

zawgyi

"Taeri"









" စိတ်မပါလို့ပါ "













ဟူးးးးးး


" သားမနက်စာစားရအောင် "

" သားမစားတော့ဘူးအမေ "




" သားမတွေ့ချင်ဘူးအမေ "





" ဘာ!"




" အရုပ်ကိုရှာနေတာလား "

" ဗျာ အာ ဟုတ်ကဲ့ "


" ဘယ်လို "


" ဟုတ်လား ကျေးဇူးပါ "







" ယောကျား သားငယ် "













" ဟုတ်ကဲ့ သူဌေးကတော် "





" ဗျာ ငါးဖမ်းတယ် "






" Taehyung "


" CEO "






"ငါ့နှလုံးသားက "

ထပ်မှန်



BlackroseTK93
Taekookforever🐰🐯🐯

.....


" မပြန်ဘူး "
.....

" ပြန်တော့!!!!"

.....

" အချစ်စစ် "
......

....

" ထွက်သွား "
.....


Love win all


Continue Reading

You'll Also Like

2.3M 103K 53
Jungkook is a rare true blood alpha, the most possessive of his kind. Taehyung is a rare male omega who struggles to protect himself from other alpha...
2.1M 47K 16
"oh, so you know the cock and balls?" "no..." maybe, everyone needs a perfect sex education. and maybe, asking your neighbour was not the best choi...
3.7M 175K 35
[ completed ] -- TRANSLATION REQUESTS NOT ALLOWED. THANK YOU FOR UNDERSTANDING Where Jungkook tries to hide his relationship with Taehyung from...