💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-23
"ဘာလည်း ဘယ်ကျောင်းဆရာမကိုစိတ်ဝင်စားနေပြန်ပြီလည်းနင်က"
"နိုး နိုး ငါအခုစိတ်ဝင်စားနေတာ ဒေါက်တာမလေး"
"အယ်"
ခေါက်ဆွဲပြုတ်တွေကိုပန်းကန်ထဲထည့်ပြီးသူမရှေ့ကိုလာချပေးကာ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီးထိုသို့ဆိုလာတော့ နေကြာစေ့စားနေရင်းမှလီလီဟာ ပြူးပြူးလေးကြည့်နေမိသည်။
"ဘယ်သူလည်းသိချင်လား"
သူ့ပန်းကန်ကိုပါယူပြီးလီလီရှေ့ကိုထိုင်လိုက်ကာမေးတော့
"ဖူးးးးးးး"
သူမေးတာကိုပြန်မဖြေပဲခေါက်ဆွဲပြုတ်အရည်ကိုဇွန်းရှည်နဲ့ခပ်ယူလိုက်ကာဖူးကနဲမှုတ်ပြီးသောက်လိုက်သည်။သူမေးတာကိုမသိချင်ယောင်ဆောင်နေသည့် ကောင်မလေးကိုပြုံးလျက်ကြည့်ပြီးထပ်မေးပြန်သည်။
"သိချင်လားလို့ ဟမ် လီလီ"
"အာ့ နင့်အကြောင်းလေ....နင် မိုးကိုစိတ်ဝင်စားနေတာမလား....အာ့ကြောင့် ငါနဲ့ဖုန်းပြောရင်မိုးကဖုန်းချဖို့ပြောရင် နင်အမြဲသူ့စကားနားထောင်တာမလား"
လီလီဟာဇွန်းကိုသူမလက်လေးနဲ့ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးနှုတ်ခမ်းလေးကို ထော်ကာ ထော်ကာ သူမစိတ်ထဲရှိတာကိုတွေးပြီး စွပ်စွဲလာတော့ ခမ်းမှာ ပါးစပ်အဟောင်းသားဖြစ်နေရသည်။
"ဟုတ်တယ်မလားးးး"
နောက်ဆုံးအသံဟာ ပုံမှန်ထက်ကျယ်ပြီးအော်လာတော့ သူမမျက်နှာလေးကိုသေချာကြည့်မိသည်။မျက်ရည်လေးတွေဝေ့ဝဲနေပြီး သူ့ကိုဂျိုကြည့်ကြည့်နေတော့ ပြဿနာက ကြီးပြီ ထင်သည်။သူမဘေးသို့ထသွားလိုက်ပြီးခုံတစ်ခုဆွဲယူကာယူထိုင်လိုက်သည်။
"မဟုတ်တာ ဘယ့်နှယ့်ပေါက်ကရတွေပြောနေတာတုန်း"
"ဘုတ်"
ဘုတ်ကနဲ သူ့ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ထုလာတော့ သူမလက်လေးကိုဖမ်းကိုင်လိုက်တာ
"ဘာလို့အဲ့လိုတွေထင်ရတာတုန်း"
"ဟင့် မဟုတ်လို့လား"
ပေါက်ကနဲကျလာသည့်မျက်ရည်စလေးကိုလက်မောင်းကအင်္ကျီစနဲ့ပွတ်သုပ်လိုက်ပြီး မေးတော့ ခွန်ခမ်းက သူမမျက်နှာလေးကို မေးစေ့ကနေဆွဲယူကာ သူနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။
"မဟုတ်ဘူး.....ယွန်းအဉ္ဇလီ"
"ဟမ်"
"ငါချစ်တာယွန်းအဉ္ဇလီလို့"
ခွန်ခမ်းတွေးထားတာက သူမကိုသေချာလေး ချစ်ခွင့်ပန်ဖို့စီစဉ်ထားပြီးသား...အခုကအစလေးသာဖော်ထားပြီး စကားကြောင်းလှမ်းထားရုံလောက်သာလုပ်မည်ပေါ့.....တွေးချင်ယာဇွတ်တွေးပြစ်လိုက်သည့်သူမကြောင့် ဗြုန်းစားကြီး ချစ်ရေးဆိုလိုက်ရသည်။
"ရှူးးးးး"
ခွန်ခမ်းရဲ့စကားကိုနားမလည်သလို မျက်ရည်စလေးစိုနေသည့်မျက်ခွံလေးကိုပုတ်ခတ် ပုတ်ခတ်လုပ်ကာကြည့်နေမိတော့ သူမရဲ့ပါးလေးကို ရှူးးးကနဲ နမ်းရှိုက်ခြင်းခံလိုက်ရသည်။
"ဒုတ် ချွမ် "
လန့်ပြီးအနောက်သို့ရုန်းလိုက်ရာ ခေါက်ဆွဲပြုတ်ပန်းကန်နဲ့ထိပြီးပန်းကန်ထဲကအရည်တွေဟာဘောင်ဘင်ခတ်သွားပြီးစားပွဲပေါ်သို့ဖိတ်စင်ကုန်သလို သူမအင်္ကျီလေးတွေကိုလည်းစွန်းကုန်ကာ သူမလက်ထဲကဇွန်းလေးဟာလည်းချွမ်ကနဲ ပါကေးပေါ်သို့ခုန်ဆင်းသွားခဲ့သည်။
"မှောက်ကုန်ပြီ ပူကုန်တော့မှာပဲ"
ခမ်းက ထိုင်နေရာမှ ထလိုက်ပြီးဘေလ်စင် ပေါ်က အဝတ်တစ်ခုကိုယူလိုက်ကာစားပွဲပေါ်ကဖိတ်စင်ကုန်သည်ကိုသုတ်လိုက်သည်။ပြီးနောက်သူမအင်္ကျီပေါ်စွန်းသွားသည့် အရည်စက် လေးတွေကိုပါသုပ်ပေးလိုက်ပြီးမှ သူမရှေ့ပြန်ထိုင်သည်။ထိုသည်အထိ လီလီဟာ ဒီအတိုင်းထိုင်နေတာမလို့ သူမလက်လေးနှစ်ဖက်ကိုသူ့လက်တွေနဲ့ဆုပ်ကိုင်လိုက်ပြီး
"တစ်ခုခုပြန်ပြောအုံးလေ"
ဘာလည်းသူမကချစ်ရေးဆိုခံလိုက်ရတာလား....ဒါမှမဟုတ်နားကြားများမှားသွားသလား.....
"ဟေ့....တစ်ခုခုပြန်ပြောအုံးဆို"
"ဟမ် ဟင် "
သူမလက်လေးကိုလှုပ်ခါကာမေးလိုက်မှ အတွေးလွန်နေသည်ကနေ အသိစိတ်ပြန်ကပ်လာကာ ဟင် ကနဲလုပ်လာသည်။
"မ မ မသိဘူး ငါ ငါပြန်တော့မယ်"
အတင်းတွေ ထနေတော့ ခွန်ခမ်းဟာ ဟက်ကနဲရယ်ကာ သူမလက်တွေကိုဖိချုပ်ထားပြီး ခုံပေါ်ပြန်ဆွဲချသည်။
"ပြန်လို့မရပါဘူး....မင်း အတွက်ကြက်ဥနှစ်လုံးတောင်ထည့်ထားပေးရတာ...မင်းမစားသွားရင် နှမြောစရာတွေဖြစ်ကုန်လမ့်မယ်"
ခေါက်ဆွဲပြုတ်ပန်းကန်ကိုညွှန်းပြကာဆိုလာတော့မျက်နှာလေးကိုမဲ့လိုက်ကာ ဟင့်ကနဲရှိုက်ပြသည်။
"ဟင့်"
"ချစ်တယ်....နောက်ကျမှ သေချာလေးပြန်ပြောမယ်....ကိုယ်ချစ်တာ မင်းဆိုတာပဲသိထားပေး"
"ပြန်ချင်ပြီလို့"
"အိုခေလေ ပြန်မယ်ဆိုလိုက်ပို့ပေးမယ်....အဖြေပြန်ပေးဖို့တော့စဉ်းစားထား....ထတော့"
သူမလက်လေးကိုဆွဲကာ ထ ထွက်တော့ လက်လေးကိုရုန်းခါမိပေမယ့်သူမလက်လေးဟာရုန်းထွက်လို့မရ။ရုတ်တစ်ရက်ကြီးပြောလာသည့်ခွန်ခမ်းကြောင့် သူမမှာဘာပြင်ဆင်ချိန်မှမရ....စိတ်ထဲမှာလည်း အလုံးကြီးခံနေသလို နှုတ်ခမ်းတွေကလည်း ဘာပြန်ပြောရမည်မသိ...တကယ့် တကယ့်ကိုမှ ဘာပြန်ပြောရမှာမှန်းမသိအောင်စိတ်တွေလှုပ်ရှားနေတာ....သူမကြားချင်တာထိုစကားပေမယ့်ချက်ချင်းလက်ငင်းကြီးကြားလိုက်ရတော့ ကြောက်သလိုလိုနဲ့ဘယ်လိုကြီးမှန်းကိုမသိတာ....
"ဒုန်း"
ဒုန်းကနဲကားတံခါးပိတ်သံကြားမှ သူမအသိတွေပြန်ဝင်လာသည်။
"ဟင် ကားပေါ်တောင်ရောက်သွားခဲ့ပြီလား"
သူမကိုတံခါးပိတ်ပေးပြီးကားရှေ့ကနေဖြတ်လျှောက်ကာသူမဘေးက ကားတံခါးဟာပွင့်သွားပြီး ခွန်ခမ်းဟာဝင်ထိုင်လာခဲ့သည်။ကားရှေ့ဘက်ပေါ်မှာ စီးကရက်ဘူးကိုတွေ့လိုက်တာမလို့ လီလီဟာ မျက်လုံးတွေမှေးကျဉ်းသွားပြီးကြည့်နေလိုက်တော့ ခွန်ခမ်းဟာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ထိုစီးကရက်ဘူးကိုဆွဲယူလိုက်ကာ သူ့ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်သည်။
အခုလိုကြီးပူပူနွေးနွေးနွေးရည်းစားစကားအပြောမခံထားရရင်တော့ ထိုစီးကရက်ဘူးနဲ့ပတ်သတ်ပြီးခွန်ခမ်းဆူခံရမည်မှာအသေအချာပေဖြစ်သည်။
ပေါင်သားဖွေးဖွေးလေးတွေပေါ်တင်ထားသည့် လက်သေးသေးသွယ်သွယ်လေးနှစ်ဖက်ဟာ အချင်းချင်းပွတ်တိုက်နေပြီး ကားပြတင်းဘက်ကိုမျက်နှာလွှဲထားသည်က လည်ပင်းလေးကိုလိမ်ကျစ်နေသည်။သူမရဲ့အခုလိုဖြစ်နေသည့်ပုံလေးဟာ သူ့အတွက်တော့ ချစ်စရာလည်းကောင်းသလိုရယ်စရာလည်းကောင်းနေသည်။ကားလေးဟာ သူမအိမ်ရှေ့ထိုးရပ်သွားသည်နှင့်ချက်ချင်းပဲကားတံခါးဖွင့်ဆင်းပြေးသည်။လျင်သည့်ခွန်ခမ်းဟာသူမလက်ကောက်ဝတ်လေးကိုလှမ်းဆွဲထားတော့ သူမခန္ဓာကိုယ်လေးဟာ ထိုင်ခုံပေါ်ပြန်လှန်ကျသွားရသည်။
"ငါကြားချင်တဲ့အဖြေကတစ်ခုထဲပဲ...လက်ခံတာပဲလိုချင်တယ်...ကြားလား လီလီ"
"....."
ဘာမှပြန်မဖြေလာပဲတစ်ဖက်သို့လှည့်ကာကျန်လက်တစ်ဖက်ကသူမမျက်နှာလေးကိုအုပ်ကိုင်ထားကာ သူမရှက်နေသည်ပေါ့....
"သွားတော့"
သူလက်ကိုလွှတ်ပေးလိုက်သည်နှင့် ပြေးထွက်သွားသည်ကအတော်လေးကိုမြန်ဆန်လေသည်။
"အဟက် ရှက်နေတာလေးက အသဲယားစရာလေး"
တစ်ဖက်ကသူ့အိမ်ကြီးသို့လှမ်းကြည့်လိုက်ပြီး လေပူတွေကိုမှုတ်ထုတ်ကာခေါင်းရမ်းလျက်ကားကိုမောင်းထွက်လာခဲ့လေတော့သည်။
_
_
_
_
_
"မမမှူး........ရေ"
နန်းယဉ်ပိုးထည်ဆိုင်ဆိုတဲ့ဆိုင်ထဲကိုဝင်လာသည်နှင့် ဆိုင်ရှင်မမရဲ့နာမည်ကိုသံရှည်စွဲကာခေါ်လာသည့် လီလီနဲ့မိုးကြောင့် အချင်းချင်းယှက်သွယ်ထားသည့်လက်နှစ်ဖက်က လွှတ်ထွက်သွားကြသည်။
"အယ် ကိုကြီး ဒီမှာဘာလုပ်နေတာတုန်း"
ဆိုင်ကြားထဲမှာတွေ့လိုက်ရသည့် ကိုကြီးကိုမြင် တော့လီလီကမေးလိုက်သည်ကြောင့် နှစ်ယောက်သား အိုးတို့အန်းတန်းဖြစ်ကာ မမှူးက မျက်နှာပျက်နေပြီး အမူအယာတွေကအစပျက်ယွင်းနေတော့ လီလီဟာ မျက်လုံးလေးကိုမှေးကျဉ်းလိုက်ပြီး အခြေအနေကိုသဘောပေါက်သွားရကာ
"ဟဲ ဟဲ နှစ်ယောက်သား ချိန်းတွေ့နေကြတာမလား"
"အာ မ မ မဟုတ်ပါဘူး ညီမလေးကလည်း"
"အင်း နင်ဘာတွေပေါက်ကရပြောနေတာတုန်းအငယ်မ"
"အဲ့ဆို ကိုကြီးက ဒီမှာဘာလုပ်နေတာတုန်း"
"ငါ အဝတ်စလာကြည့်တာ"
"ဘာရယ် ဟား ဟား ဟား ကိုကြီးကမိန်းကလေးအထည်ဆိုင်လာပြီး အဝတ်စလာကြည့်တာဆိုတော့ ဘာလည်းဂိုဏ်းပြောင်းတော့မလို့လား"
"ဒေါက်"
လီလီဟာ သိပေမယ့် တမင်ညစ်ကာပြောလာတော့ ကိုကြီးဟာ ချက်ချင်းပဲသူမရှေ့ရောက်ချလာပြီး ခေါင်းကိုလက်ဆစ်နဲ့ခေါက်ပြစ်သည်။
"အ နာတယ် ကိုကြီးရ"
"နင်ပြောတာက ဟုတ်မှမဟုတ်တာ....ငါ မေမေ့အတွက်လာဝယ်တာ"
"အံမယ် သိတတ်တဲ့သားလိမ္မာလေးပေါ့လေ...ဟဲ ဟဲလိမ္မာလက်စနဲ့ မီးကိုလည်းဝယ်ပေးလိုက်ပါလား...."
"စဉ်းစားလေဆုတောင်းပေါ့"
ထိုမောင်နှမဟာ သူမ မှမခွဲရင်ထ သတ်တော့မည်ဆိုတာသိသည်ကြောင့်နန်းအယ်မှူးဟာ သူမကပဲ စကားဖြတ်လိုက်ရသည်။
"ညီမလေးတို့အထည်လာကြည့်တာလား"
"ဟုတ်တယ်လေ မမ....မနေ့ညက သမီး မမကိုလိုင်း ပေါ်ကနေပြထားတဲ့ပန်းပွင့်အဆင်လေးလေ...အဲ့ဒါလေးလာကြည့်တာ"
"အော် ဟိုဆင်တူလေးလား"
"ဟီး ဟုတ်ဟုတ်"
မိုးကောလီလီပါခေါင်းညိမ့်ပြတော့ မှူးဟာ သူမတို့ဆီသာအာရုံရောက်သွားပြီး စွမ်းပြည့်နောင်ဟာ လူပိုကြီးလိုဖြစ်လာခဲ့ရသည်။
"မှူးးးး"
"ရှင်"
မှူးနာမည်ကိုစောင့် အောင့်အောင့်ကြီးခေါ်လာတော့ မမှူးကောလီလီတို့ပါကိုကြီးကိုလှည့်ကြည့်လိုက်သည်။
"ကိုယ် မနက်ဖြန်မှအေးဆေးလာကြည့်တော့မယ်လို့ပြောမလို့...အခုပြန်တော့မယ်"
"အော် ဟုတ်ကဲ့ ရတယ် ကိုပြည့်"
"အဲ့ဆို ကိုယ်ပြန်မယ်နော် တာ့တာ"
"ဟုတ်ကဲ့"
"မြန်မြန်ပြန်ပါ ဖွန်အကြောင်လွန်ပြီး ထားခဲ့တဲ့ဆိုင်က ဆိုင်ကယ်တွေသူခိုးလက်ပါသွားမှ ထိုင်မငိုနဲ့"
"ကျစ် နင် အငယ်မ အိမ်ရောက်မှတွေ့မယ်"
"ဗြဲ"
လီလီဟာ အကိုဖြစ်သူကိုလျှာထုပ်ပြောင်ပြသည်ကြောင့်စွမ်းပြည့်နောင်ဟာ ဆိုင်ကယ်ပေါ်ကနေကျိန်းသွားသေးသည်ပင်.....
"မိုး ဒါလေးကြည့် ဒီအဆင်လေးလှတယ်နော်"
"အင်း ဟုတ်တယ်...ဒါလေးလှတယ်"
အဝါရောင်အောက်ခံပေါ်မှာ အဖြူရောင်ကံ့ကော်တွေကိုချည်ထိုးကာဆင်ယင်ထားသည်ကြောင့် ထိုအဆင်ထဘီလေးဟာအရမ်းလှသည်။ကံ့ကော်ပန်းကနေ အဝါရောင်ချည်ကြိုးလေးတွေပါတွဲလောင်းကျနေတော့ လူငယ်တွေအတွက်လုံးဝကွက်တိဖြစ်သည်။
"ဒါလေးဆင်တူယူရအောင်"
"အင်း ကောင်းတယ် ကောင်းတယ်"
မိုးကဆင်တူယူဖို့ပြောတော့ လီလီဟာ မဆိုင်းမတွထောက်ခံသည်။
"မမှူးရေ...တစ်ခြားအဆင်ငါးမျိုးလောက်ပြပေးပါအုံးလား....ငါးစုံလောက်လိုချင်တာမလို့"
"ဟုတ်ပြီ ဟုတ်ပြီ မမဆီမှာပိုးရုံထဲကအသစ်ရောက်ထားတာလေးတွေရှိတယ်...သူတို့ကတော့ပြောင်ပဲ...ဘာပွင့်ဖတ်မှတော့မပါဘူး...အသားလေးတော့ကောင်းတယ်မမပြပေးမယ်နော်"
"ဟုတ်ကဲ့"
မမှူးက အဝတ်ထည်တွေကိုပြပေးရန်အတွက်သူမကိုယ်တိုင်ပဲအထည်စီးတွေကိုရှာနေလေသည်။
"မမှူး ဒီနေ့ အလုပ်သမားတွေမရှိဘူးလား"
"ဟုတ်တယ် ညီမလေးရဲ့...တစ်ယောက်ကပြင်ဦးလွင်သွားမယ်ဆိုပြီးခွင့်ယူသွားတယ်တစ်ယောက်ကတော့ ဖျားနေတယ်လေ"
"အော်"
"ဒီမှာ ဒီအသားလေးတွေ...ဒါကတော့ ကိုက်ဖြတ်တွေပေါ့ကွာ"
"ဟဲ့ ဒါလေးတွေအရောင်လင်းတယ်နော် လီလီ...ငါတို့ဂျိုင်းပြတ်လေးတွေကိုရင်ဖုံးလေးချုပ်ဝတ်ရင်လှမယ်သိလား"
"အင်း နော်"
"ဂျောက်"
အထည်တွေကြည့်နေတုန်း ဂျောက်ကနဲတံခါးဖွင့်သံကြောင့်ထိုနေရာသို့အကြည့်ရောက်သွားပြန်သည်။ရှပ်အင်္ကျီအဖြူကိုဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ထားပြီးကားသော့ကိုရမ်းလျက်ဝင်လာသည့်ခွန်ခမ်းကိုတွေ့လိုက်တော့ လီလီဟာ ချက်ချင်းပဲမျက်နှာလွှဲလိုက်ပြီးအထည်ပုံထဲခေါင်းစိုက်ဝင်တော့မည့်အတိုင်းအသဲအသန်ကြည့်နေလေသည်။
"အာ မောင်လေး အထည်တွေကော"
"ကားထဲမှာပါတယ်....မမှူးယူခိုင်းတာတွေကများလို့ကျတော်နောက်ထပ်ကားတစ်စီးတောင်ထပ်ခေါ်ရတယ်"
"အင်း ဟုတ်တယ် မမဒီတစ်ခါမှာတာများသွားတယ်...ပိုးထည်တွေကအကုန်များသွားလို့လေ"
"ဟဲ့ လီလီ ဟိုမှာနင့်ခွန်ခမ်းလေ"
"အင်း တွေ့တယ်"
မိုးကလက်တို့ကာဆိုပေမယ့်လီလီက ခေါင်းမဖော်တမ်းပြန်ဖြေတော့ ခွန်ခမ်းဟာသူမဘေးဝင်ထိုင်လိုက်ပြီး
"လီလီ အထည်လာဝယ်တာလား"
"အွန်း"
"အာ မေ့နေတာ မေမေခိုင်းထားတာရှိသေးတာပဲ....မမှူးမနက်ဖြန်မှ သမီးပြန်လာခဲ့မယ်...မဟုတ်ရင်မေမေဆူနေတော့မှာ....မိုး ထ ထ မြန်မြန်ပြန်ရအောင်....ငါဝယ်စရာ လေးရှိသေးလို့"
မိုးလက်ကိုအတင်းဆွဲကာ သူမလွယ်အိတ်ကိုကောက်လွယ်ပြီး ထပြန်မည်ဆိုသည်ကြောင့် မမှူးကောမိုးပါကြောင်ကြည့်နေမိသည်။
"ဟဲ့ နင်ပြောတော့ အထည်သီးသန့်ကြည့်ချင်လို့သက်သက်လာတာဆို"
"အခုမဟုတ်တော့ဘူး ငါ့ကို မေမေခိုက်းထားတာရှိသေးတယ်...ပြန်မယ်ဆိုဟာ"
"အော် အေးအေး"
"မမှူးမနက်ဖြန်မှ သမီးတို့ပြန်လာခဲ့မယ်...အခုနကယူမယ့်ဟာတွေချန်ထားနော်...ပြန်လာယူမယ်"
"အော် အေးအေး"
ဆိုင်ထဲကနေအမြန်ပြေးထွက်သွားသည့်သူမကိုကြည့်ရင်းခွန်ခမ်းဟာ ဟက်ကနဲရယ်လိုက်သည်။ဒါနဲ့ဆိုသူ့ကိုရှောင်နေတာနှစ်ခါရှိပြီ...မနေ့ကကြတော့Oceanမှာတွေ့တာကိုတမင်မမြင်ချင်ယောင်ဆောင်သွားတာ...
"တွေ့ကြပြီပေါ့ကွာ......"
"မမှူး ခနနေမှ မမှူးပးစ္စည်းတွေချပေးတော့မယ်...နောက်ကားကဟာအရင်ချထားလိုက် ကျတော်သွားစရာရှိလို့"
မမှူးမှာဘာမှတောင်အဖြေပြန်မပြောလိုက်ရချက်ချင်းကောက်ထွက်သွားပြန်သည့်မောင်ဖြစ်သူကြောင့် ဒီအတိုင်းသာကျန်ခဲ့ရလေသည်။
"အော် ဟယ် ဒီကလေးတွေတော့"
/
/
/
"တီ တီ တီ"
အရှေ့ကနေခပ်သွက်သွက်ခြေလျင်လျှောက်နေသည့်နှစ်ယောက်ကိုတွေ့တော့ကားဟွန်းကိုအဆက်မပြတ်တီးလိုက်ပြီးသူမတို့ဘေးသို့ထိုးရပ်လိုက်လေသည်။
"ခမ်း"
ကားပေါ်ကနေချက်ချင်းဆင်းလာပြီးလီလီ့လက်ကိုဆွဲယူလိုက်ကာ
"ကိုယ်နဲ့ခနလိုက်ခဲ့"
"အယ် မေမေခိုင်းထားတာရှိပါသေးတယ်ဆို"
"မိုး နင့်ဘာ့သာပြန်လို့အဆင်ပြေတယ်မလား...မဟုတ်ရင်လည်းငမြတ်နဲ့ဇော်ရှိုင်းခန့် တစ်ယောက်ယောက်ကိုလာခေါ်ခိုင်းလိုက်...ငါလီလီ့ကိုပြောစရာရှိလို့ ခနခေါ်သွားမယ်"
"အော် အေးအေး...ရတယ် ငါtaxiငှားပြန်လိုက်မယ်"
"အယ် မဟုတ်ဘူး ငါလည်းပြန်မှရမှာ"
"ကဲ ပါ လိုက်သွားလိုက်ပါအမရဲ့...သွား သွားခေါ်သွား"
ဘုမသိဘ မသိမိုးမြင့်မိုရ်ဟာ ပြုံးစိစိနဲ့အတင်းထည့်လွှတ်နေတော့ အောင်နှုတ်ခမ်းလေးကိုကိုက်ပြလိုက်ပြီးလက်ရွယ်ကာရန်လုပ်လျက်ခွန်ခမ်းတွန်းထဲလိုက်သည့်ကားထဲသို့ဝင်ထိုင်လိုက်ရသည်။
"တာ့ တာ"
"ဟွန့် ကောင်မစုတ်"
ကျိန်ဆဲနေတုန်းရှိသေးကားကဝူးကနဲမောင်းထွက်တော့ လီလီ့မှာရှေ့သို့ယိုင်သွားရပြီးခါးပတ်ကိုအမြန်ကောက်တပ်လိုက်ရသည်။
"ဘယ် ဘယ်သွားမလို့တုန်း"
"ကိုယ့် ကွန်ဒိုကိုလေ"
"ဟင့် ငါမလိုက်ဘူးနော်...နင့်အိမ်ဘာလိုက်လုပ်ရမှာလည်း"
"ဘာလိုက်လုပ်ရမှာလည်းဆိုတာ ပြီးရင်သိလိမ့်မယ်"
မျက်လုံးတစ်ဖက်မှိတ်ပြကာဆိုလာပြီးကားကိုအရှိန်တင်လိုက်တော့ လီလီ့မှာခါးပတ်ကြိုးကိုသာအားပြုဆုပ်ကိုင်ထားရသည်။
"ဆင်းလေ"
"ဟင် ငါ ငါ"
"ဘာလည်း ပွေ့ချီပြီးခေါ်သွားရမှာလား"
"ဟင့် မ ဟုတ်ဘူးလေ အဲ့လို"
"အဲ့ဆိုဆင်းလေ"
ပေကပ်ကပ်လုပ်နေသည်ကြောင့် ခါးပတ်ကြိုးကိုသူကိုယ်တိုင်ပဲဆွဲဖြုတ်လိုက်ပြီး သူမလက်သေးသေးလေးကိုတွဲကာသူ့အခန်းထဲရောက်သည်အထိခေါ်လာခဲ့သည်။အခန်းတံခါးpasswordနှိပ်လိုက်ပြီးဖွင့်သွားသည်နှင့်သူမကိုအရင်တွန်းထည့်ကာသူကအနောက်နေလိုက်ဝင်လေသည်။
"အယ် ခမ်း ဟင့်"
ဖိနပ်လေးချွတ်နေတုန်းရှိသေးသူမခါးကိုသိုင်းဖက်ကာအနောက်ကနေတိုးကာ တိုးကာလမ်းလျှောက်လာပြီး သူမရဲ့ဖြန့်ချထားသည့်ဆံပင်တွေကြားခေါင်းတိုးဝင်ကာshampooနှံ့သင်းသင်းကိုရှုရှိုက်လိုက်သည်ကြောင့် လီလီ့ခန္ဓာကိုယ်လေးမှာအေးဆက်သွားရပြီးတောင့်တင်းသွားခဲ့ရသည်။
"ဘာလို့ရှောင်နေတာလည်း"
"ဟင်"
"ကိုယ့်ကိုဘာလို့ရှောင်နေတာလည်းပြော"
လီလီဟာ မျက်နှာလေးကိုမအီမသာလေးလုပ်လိုက်ပြီး
"ဟို ဟို ရှက်လို့"
"အဟက်"
ခွန်ခမ်းက ခပ် ဟ ဟရယ်လိုက်ကာသူမပုခုံးနားထိခါးကိုင်းလိုက်ပြီးခေါင်းကိုအရှေ့သို့တိုးထွက်လိုက်ပြီး
"ဘာတွေရှက်နေတာလည်း အသဲလေးက"
"ဟာ မသိဘူးဟာ လွှတ် လွှတ်ပေး"
"မပြောရင်မလွှတ်ပေးဘူး"
"ဟင့် ခမ်း"
"ဗျာ"
အာသေတော့မှာပဲ...ဒီခွန်ခမ်းနဲ့တော့...ရှက်နေပါတယ်ဆိုမှဘာလို့ရှက်တာလည်းဆိုတော့ ဘာ်လိုပြောရတော့မှာလည်းလို့......
_
_
_
_
_
ရှင်လေးတို့ကြားချင်တဲ့အတိုင်းရည်းစားစကားတင်မဟုတ်ဘူး အဖြေပါဇွတ်တောင်းတော့မှာပါလို့....ကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်လျက်....အားလုံးကိုချစ်တဲ့အလွန်း။
.
.
.
.
.
.
.
.
.
.
.
.
.
Zawgyi
~~~~~~
💘ခ်ိဳၿမိန္မႈနဲ႔အခ်စ္စစ္💘
Part-23
"ဘာလည္း ဘယ္ေက်ာင္းဆရာမကိုစိတ္ဝင္စားေနျပန္ၿပီလည္းနင္က"
"ႏိုး ႏိုး ငါအခုစိတ္ဝင္စားေနတာ ေဒါက္တာမေလး"
"အယ္"
ေခါက္ဆြဲျပဳတ္ေတြကိုပန္းကန္ထဲထည့္ၿပီးသူမေ႐ွ႕ကိုလာခ်ေပးကာ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ၿပီးထိုသို႔ဆိုလာေတာ့ ေနၾကာေစ့စားေနရင္းမွလီလီဟာ ျပဴးျပဴးေလးၾကည့္ေနမိသည္။
"ဘယ္သူလည္းသိခ်င္လား"
သူ႕ပန္းကန္ကိုပါယူၿပီးလီလီေ႐ွ႕ကိုထိုင္လိုက္ကာေမးေတာ့
"ဖူးးးးးးး"
သူေမးတာကိုျပန္မေျဖပဲေခါက္ဆြဲျပဳတ္အရည္ကိုဇြန္း႐ွည္နဲ႔ခပ္ယူလိုက္ကာဖူးကနဲမႈတ္ၿပီးေသာက္လိုက္သည္။သူေမးတာကိုမသိခ်င္ေယာင္ေဆာင္ေနသည့္ ေကာင္မေလးကိုျပဳံးလ်က္ၾကည့္ၿပီးထပ္ေမးျပန္သည္။
"သိခ်င္လားလို႔ ဟမ္ လီလီ"
"အာ့ နင့္အေၾကာင္းေလ....နင္ မိုးကိုစိတ္ဝင္စားေနတာမလား....အာ့ေၾကာင့္ ငါနဲ႔ဖုန္းေျပာရင္မိုးကဖုန္းခ်ဖို႔ေျပာရင္ နင္အၿမဲသူ႕စကားနားေထာင္တာမလား"
လီလီဟာဇြန္းကိုသူမလက္ေလးနဲ႔ခပ္တင္းတင္းဆုပ္ကိုင္လိုက္ၿပီးႏႈတ္ခမ္းေလးကို ေထာ္ကာ ေထာ္ကာ သူမစိတ္ထဲ႐ွိတာကိုေတြးၿပီး စြပ္စြဲလာေတာ့ ခမ္းမွာ ပါးစပ္အေဟာင္းသားျဖစ္ေနရသည္။
"ဟုတ္တယ္မလားးးး"
ေနာက္ဆုံးအသံဟာ ပုံမွန္ထက္က်ယ္ၿပီးေအာ္လာေတာ့ သူမမ်က္ႏွာေလးကိုေသခ်ာၾကည့္မိသည္။မ်က္ရည္ေလးေတြေဝ့ဝဲေနၿပီး သူ႕ကိုဂ်ိဳၾကည့္ၾကည့္ေနေတာ့ ျပႆနာက ႀကီးၿပီ ထင္သည္။သူမေဘးသို႔ထသြားလိုက္ၿပီးခုံတစ္ခုဆြဲယူကာယူထိုင္လိုက္သည္။
"မဟုတ္တာ ဘယ့္ႏွယ့္ေပါက္ကရေတြေျပာေနတာတုန္း"
"ဘုတ္"
ဘုတ္ကနဲ သူ႕ရင္ဘက္ကိုလက္သီးဆုပ္ေလးနဲ႔ထုလာေတာ့ သူမလက္ေလးကိုဖမ္းကိုင္လိုက္တာ
"ဘာလို႔အဲ့လိုေတြထင္ရတာတုန္း"
"ဟင့္ မဟုတ္လို႔လား"
ေပါက္ကနဲက်လာသည့္မ်က္ရည္စေလးကိုလက္ေမာင္းကအက်ႌစနဲ႔ပြတ္သုပ္လိုက္ၿပီး ေမးေတာ့ ခြန္ခမ္းက သူမမ်က္ႏွာေလးကို ေမးေစ့ကေနဆြဲယူကာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။
"မဟုတ္ဘူး.....ယြန္းအၪၨလီ"
"ဟမ္"
"ငါခ်စ္တာယြန္းအၪၨလီလို႔"
ခြန္ခမ္းေတြးထားတာက သူမကိုေသခ်ာေလး ခ်စ္ခြင့္ပန္ဖို႔စီစဥ္ထားၿပီးသား...အခုကအစေလးသာေဖာ္ထားၿပီး စကားေၾကာင္းလွမ္းထား႐ုံေလာက္သာလုပ္မည္ေပါ့.....ေတြးခ်င္ယာဇြတ္ေတြးျပစ္လိုက္သည့္သူမေၾကာင့္ ျဗဳန္းစားႀကီး ခ်စ္ေရးဆိုလိုက္ရသည္။
"႐ွဴးးးးး"
ခြန္ခမ္းရဲ႕စကားကိုနားမလည္သလို မ်က္ရည္စေလးစိုေနသည့္မ်က္ခြံေလးကိုပုတ္ခတ္ ပုတ္ခတ္လုပ္ကာၾကည့္ေနမိေတာ့ သူမရဲ႕ပါးေလးကို ႐ွဴးးးကနဲ နမ္း႐ိႈက္ျခင္းခံလိုက္ရသည္။
"ဒုတ္ ခြၽမ္ "
လန္႔ၿပီးအေနာက္သို႔႐ုန္းလိုက္ရာ ေခါက္ဆြဲျပဳတ္ပန္းကန္နဲ႔ထိၿပီးပန္းကန္ထဲကအရည္ေတြဟာေဘာင္ဘင္ခတ္သြားၿပီးစားပြဲေပၚသို႔ဖိတ္စင္ကုန္သလို သူမအက်ႌေလးေတြကိုလည္းစြန္းကုန္ကာ သူမလက္ထဲကဇြန္းေလးဟာလည္းခြၽမ္ကနဲ ပါေကးေပၚသို႔ခုန္ဆင္းသြားခဲ့သည္။
"ေမွာက္ကုန္ၿပီ ပူကုန္ေတာ့မွာပဲ"
ခမ္းက ထိုင္ေနရာမွ ထလိုက္ၿပီးေဘလ္စင္ ေပၚက အဝတ္တစ္ခုကိုယူလိုက္ကာစားပြဲေပၚကဖိတ္စင္ကုန္သည္ကိုသုတ္လိုက္သည္။ၿပီးေနာက္သူမအက်ႌေပၚစြန္းသြားသည့္ အရည္စက္ ေလးေတြကိုပါသုပ္ေပးလိုက္ၿပီးမွ သူမေ႐ွ႕ျပန္ထိုင္သည္။ထိုသည္အထိ လီလီဟာ ဒီအတိုင္းထိုင္ေနတာမလို႔ သူမလက္ေလးႏွစ္ဖက္ကိုသူ႕လက္ေတြနဲ႔ဆုပ္ကိုင္လိုက္ၿပီး
"တစ္ခုခုျပန္ေျပာအုံးေလ"
ဘာလည္းသူမကခ်စ္ေရးဆိုခံလိုက္ရတာလား....ဒါမွမဟုတ္နားၾကားမ်ားမွားသြားသလား.....
"ေဟ့....တစ္ခုခုျပန္ေျပာအုံးဆို"
"ဟမ္ ဟင္ "
သူမလက္ေလးကိုလႈပ္ခါကာေမးလိုက္မွ အေတြးလြန္ေနသည္ကေန အသိစိတ္ျပန္ကပ္လာကာ ဟင္ ကနဲလုပ္လာသည္။
"မ မ မသိဘူး ငါ ငါျပန္ေတာ့မယ္"
အတင္းေတြ ထေနေတာ့ ခြန္ခမ္းဟာ ဟက္ကနဲရယ္ကာ သူမလက္ေတြကိုဖိခ်ဳပ္ထားၿပီး ခုံေပၚျပန္ဆြဲခ်သည္။
"ျပန္လို႔မရပါဘူး....မင္း အတြက္ၾကက္ဥႏွစ္လုံးေတာင္ထည့္ထားေပးရတာ...မင္းမစားသြားရင္ ႏွေျမာစရာေတြျဖစ္ကုန္လမ့္မယ္"
ေခါက္ဆြဲျပဳတ္ပန္းကန္ကိုၫႊန္းျပကာဆိုလာေတာ့မ်က္ႏွာေလးကိုမဲ့လိုက္ကာ ဟင့္ကနဲ႐ိႈက္ျပသည္။
"ဟင့္"
"ခ်စ္တယ္....ေနာက္က်မွ ေသခ်ာေလးျပန္ေျပာမယ္....ကိုယ္ခ်စ္တာ မင္းဆိုတာပဲသိထားေပး"
"ျပန္ခ်င္ၿပီလို႔"
"အိုေခေလ ျပန္မယ္ဆိုလိုက္ပို႔ေပးမယ္....အေျဖျပန္ေပးဖို႔ေတာ့စဥ္းစားထား....ထေတာ့"
သူမလက္ေလးကိုဆြဲကာ ထ ထြက္ေတာ့ လက္ေလးကို႐ုန္းခါမိေပမယ့္သူမလက္ေလးဟာ႐ုန္းထြက္လို႔မရ။႐ုတ္တစ္ရက္ႀကီးေျပာလာသည့္ခြန္ခမ္းေၾကာင့္ သူမမွာဘာျပင္ဆင္ခ်ိန္မွမရ....စိတ္ထဲမွာလည္း အလုံးႀကီးခံေနသလို ႏႈတ္ခမ္းေတြကလည္း ဘာျပန္ေျပာရမည္မသိ...တကယ့္ တကယ့္ကိုမွ ဘာျပန္ေျပာရမွာမွန္းမသိေအာင္စိတ္ေတြလႈပ္႐ွားေနတာ....သူမၾကားခ်င္တာထိုစကားေပမယ့္ခ်က္ခ်င္းလက္ငင္းႀကီးၾကားလိုက္ရေတာ့ ေၾကာက္သလိုလိုနဲ႔ဘယ္လိုႀကီးမွန္းကိုမသိတာ....
"ဒုန္း"
ဒုန္းကနဲကားတံခါးပိတ္သံၾကားမွ သူမအသိေတြျပန္ဝင္လာသည္။
"ဟင္ ကားေပၚေတာင္ေရာက္သြားခဲ့ၿပီလား"
သူမကိုတံခါးပိတ္ေပးၿပီးကားေ႐ွ႕ကေနျဖတ္ေလွ်ာက္ကာသူမေဘးက ကားတံခါးဟာပြင့္သြားၿပီး ခြန္ခမ္းဟာဝင္ထိုင္လာခဲ့သည္။ကားေ႐ွ႕ဘက္ေပၚမွာ စီးကရက္ဘူးကိုေတြ႕လိုက္တာမလို႔ လီလီဟာ မ်က္လုံးေတြေမွးက်ဥ္းသြားၿပီးၾကည့္ေနလိုက္ေတာ့ ခြန္ခမ္းဟာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး ထိုစီးကရက္ဘူးကိုဆြဲယူလိုက္ကာ သူ႕ေဘာင္းဘီအိတ္ကပ္ထဲထိုးထည့္လိုက္သည္။
အခုလိုႀကီးပူပူေႏြးေႏြးေႏြးရည္းစားစကားအေျပာမခံထားရရင္ေတာ့ ထိုစီးကရက္ဘူးနဲ႔ပတ္သတ္ၿပီးခြန္ခမ္းဆူခံရမည္မွာအေသအခ်ာေပျဖစ္သည္။
ေပါင္သားေဖြးေဖြးေလးေတြေပၚတင္ထားသည့္ လက္ေသးေသးသြယ္သြယ္ေလးႏွစ္ဖက္ဟာ အခ်င္းခ်င္းပြတ္တိုက္ေနၿပီး ကားျပတင္းဘက္ကိုမ်က္ႏွာလႊဲထားသည္က လည္ပင္းေလးကိုလိမ္က်စ္ေနသည္။သူမရဲ႕အခုလိုျဖစ္ေနသည့္ပုံေလးဟာ သူ႕အတြက္ေတာ့ ခ်စ္စရာလည္းေကာင္းသလိုရယ္စရာလည္းေကာင္းေနသည္။ကားေလးဟာ သူမအိမ္ေ႐ွ႕ထိုးရပ္သြားသည္ႏွင့္ခ်က္ခ်င္းပဲကားတံခါးဖြင့္ဆင္းေျပးသည္။လ်င္သည့္ခြန္ခမ္းဟာသူမလက္ေကာက္ဝတ္ေလးကိုလွမ္းဆြဲထားေတာ့ သူမခႏၶာကိုယ္ေလးဟာ ထိုင္ခုံေပၚျပန္လွန္က်သြားရသည္။
"ငါၾကားခ်င္တဲ့အေျဖကတစ္ခုထဲပဲ...လက္ခံတာပဲလိုခ်င္တယ္...ၾကားလား လီလီ"
"....."
ဘာမွျပန္မေျဖလာပဲတစ္ဖက္သို႔လွည့္ကာက်န္လက္တစ္ဖက္ကသူမမ်က္ႏွာေလးကိုအုပ္ကိုင္ထားကာ သူမ႐ွက္ေနသည္ေပါ့....
"သြားေတာ့"
သူလက္ကိုလႊတ္ေပးလိုက္သည္ႏွင့္ ေျပးထြက္သြားသည္ကအေတာ္ေလးကိုျမန္ဆန္ေလသည္။
"အဟက္ ႐ွက္ေနတာေလးက အသဲယားစရာေလး"
တစ္ဖက္ကသူ႕အိမ္ႀကီးသို႔လွမ္းၾကည့္လိုက္ၿပီး ေလပူေတြကိုမႈတ္ထုတ္ကာေခါင္းရမ္းလ်က္ကားကိုေမာင္းထြက္လာခဲ့ေလေတာ့သည္။
_
_
_
_
_
"မမမႉး........ေရ"
နန္းယဥ္ပိုးထည္ဆိုင္ဆိုတဲ့ဆိုင္ထဲကိုဝင္လာသည္ႏွင့္ ဆိုင္႐ွင္မမရဲ႕နာမည္ကိုသံ႐ွည္စြဲကာေခၚလာသည့္ လီလီနဲ႔မိုးေၾကာင့္ အခ်င္းခ်င္းယွက္သြယ္ထားသည့္လက္ႏွစ္ဖက္က လႊတ္ထြက္သြားၾကသည္။
"အယ္ ကိုႀကီး ဒီမွာဘာလုပ္ေနတာတုန္း"
ဆိုင္ၾကားထဲမွာေတြ႕လိုက္ရသည့္ ကိုႀကီးကိုျမင္ ေတာ့လီလီကေမးလိုက္သည္ေၾကာင့္ ႏွစ္ေယာက္သား အိုးတို႔အန္းတန္းျဖစ္ကာ မမႉးက မ်က္ႏွာပ်က္ေနၿပီး အမူအယာေတြကအစပ်က္ယြင္းေနေတာ့ လီလီဟာ မ်က္လုံးေလးကိုေမွးက်ဥ္းလိုက္ၿပီး အေျခအေနကိုသေဘာေပါက္သြားရကာ
"ဟဲ ဟဲ ႏွစ္ေယာက္သား ခ်ိန္းေတြ႕ေနၾကတာမလား"
"အာ မ မ မဟုတ္ပါဘူး ညီမေလးကလည္း"
"အင္း နင္ဘာေတြေပါက္ကရေျပာေနတာတုန္းအငယ္မ"
"အဲ့ဆို ကိုႀကီးက ဒီမွာဘာလုပ္ေနတာတုန္း"
"ငါ အဝတ္စလာၾကည့္တာ"
"ဘာရယ္ ဟား ဟား ဟား ကိုႀကီးကမိန္းကေလးအထည္ဆိုင္လာၿပီး အဝတ္စလာၾကည့္တာဆိုေတာ့ ဘာလည္းဂိုဏ္းေျပာင္းေတာ့မလို႔လား"
"ေဒါက္"
လီလီဟာ သိေပမယ့္ တမင္ညစ္ကာေျပာလာေတာ့ ကိုႀကီးဟာ ခ်က္ခ်င္းပဲသူမေ႐ွ႕ေရာက္ခ်လာၿပီး ေခါင္းကိုလက္ဆစ္နဲ႔ေခါက္ျပစ္သည္။
"အ နာတယ္ ကိုႀကီးရ"
"နင္ေျပာတာက ဟုတ္မွမဟုတ္တာ....ငါ ေမေမ့အတြက္လာဝယ္တာ"
"အံမယ္ သိတတ္တဲ့သားလိမၼာေလးေပါ့ေလ...ဟဲ ဟဲလိမၼာလက္စနဲ႔ မီးကိုလည္းဝယ္ေပးလိုက္ပါလား...."
"စဥ္းစားေလဆုေတာင္းေပါ့"
ထိုေမာင္ႏွမဟာ သူမ မွမခြဲရင္ထ သတ္ေတာ့မည္ဆိုတာသိသည္ေၾကာင့္နန္းအယ္မႉးဟာ သူမကပဲ စကားျဖတ္လိုက္ရသည္။
"ညီမေလးတို႔အထည္လာၾကည့္တာလား"
"ဟုတ္တယ္ေလ မမ....မေန႔ညက သမီး မမကိုလိုင္း ေပၚကေနျပထားတဲ့ပန္းပြင့္အဆင္ေလးေလ...အဲ့ဒါေလးလာၾကည့္တာ"
"ေအာ္ ဟိုဆင္တူေလးလား"
"ဟီး ဟုတ္ဟုတ္"
မိုးေကာလီလီပါေခါင္းညိမ့္ျပေတာ့ မႉးဟာ သူမတို႔ဆီသာအာ႐ုံေရာက္သြားၿပီး စြမ္းျပည့္ေနာင္ဟာ လူပိုႀကီးလိုျဖစ္လာခဲ့ရသည္။
"မႉးးးး"
"႐ွင္"
မႉးနာမည္ကိုေစာင့္ ေအာင့္ေအာင့္ႀကီးေခၚလာေတာ့ မမႉးေကာလီလီတို႔ပါကိုႀကီးကိုလွည့္ၾကည့္လိုက္သည္။
"ကိုယ္ မနက္ျဖန္မွေအးေဆးလာၾကည့္ေတာ့မယ္လို႔ေျပာမလို႔...အခုျပန္ေတာ့မယ္"
"ေအာ္ ဟုတ္ကဲ့ ရတယ္ ကိုျပည့္"
"အဲ့ဆို ကိုယ္ျပန္မယ္ေနာ္ တာ့တာ"
"ဟုတ္ကဲ့"
"ျမန္ျမန္ျပန္ပါ ဖြန္အေၾကာင္လြန္ၿပီး ထားခဲ့တဲ့ဆိုင္က ဆိုင္ကယ္ေတြသူခိုးလက္ပါသြားမွ ထိုင္မငိုနဲ႔"
"က်စ္ နင္ အငယ္မ အိမ္ေရာက္မွေတြ႕မယ္"
"ၿဗဲ"
လီလီဟာ အကိုျဖစ္သူကိုလွ်ာထုပ္ေျပာင္ျပသည္ေၾကာင့္စြမ္းျပည့္ေနာင္ဟာ ဆိုင္ကယ္ေပၚကေနက်ိန္းသြားေသးသည္ပင္.....
"မိုး ဒါေလးၾကည့္ ဒီအဆင္ေလးလွတယ္ေနာ္"
"အင္း ဟုတ္တယ္...ဒါေလးလွတယ္"
အဝါေရာင္ေအာက္ခံေပၚမွာ အျဖဴေရာင္ကံ့ေကာ္ေတြကိုခ်ည္ထိုးကာဆင္ယင္ထားသည္ေၾကာင့္ ထိုအဆင္ထဘီေလးဟာအရမ္းလွသည္။ကံ့ေကာ္ပန္းကေန အဝါေရာင္ခ်ည္ႀကိဳးေလးေတြပါတြဲေလာင္းက်ေနေတာ့ လူငယ္ေတြအတြက္လုံးဝကြက္တိျဖစ္သည္။
"ဒါေလးဆင္တူယူရေအာင္"
"အင္း ေကာင္းတယ္ ေကာင္းတယ္"
မိုးကဆင္တူယူဖို႔ေျပာေတာ့ လီလီဟာ မဆိုင္းမတြေထာက္ခံသည္။
"မမႉးေရ...တစ္ျခားအဆင္ငါးမ်ိဳးေလာက္ျပေပးပါအုံးလား....ငါးစုံေလာက္လိုခ်င္တာမလို႔"
"ဟုတ္ၿပီ ဟုတ္ၿပီ မမဆီမွာပိုး႐ုံထဲကအသစ္ေရာက္ထားတာေလးေတြ႐ွိတယ္...သူတို႔ကေတာ့ေျပာင္ပဲ...ဘာပြင့္ဖတ္မွေတာ့မပါဘူး...အသားေလးေတာ့ေကာင္းတယ္မမျပေပးမယ္ေနာ္"
"ဟုတ္ကဲ့"
မမႉးက အဝတ္ထည္ေတြကိုျပေပးရန္အတြက္သူမကိုယ္တိုင္ပဲအထည္စီးေတြကို႐ွာေနေလသည္။
"မမႉး ဒီေန႔ အလုပ္သမားေတြမ႐ွိဘူးလား"
"ဟုတ္တယ္ ညီမေလးရဲ႕...တစ္ေယာက္ကျပင္ဦးလြင္သြားမယ္ဆိုၿပီးခြင့္ယူသြားတယ္တစ္ေယာက္ကေတာ့ ဖ်ားေနတယ္ေလ"
"ေအာ္"
"ဒီမွာ ဒီအသားေလးေတြ...ဒါကေတာ့ ကိုက္ျဖတ္ေတြေပါ့ကြာ"
"ဟဲ့ ဒါေလးေတြအေရာင္လင္းတယ္ေနာ္ လီလီ...ငါတို႔ဂ်ိဳင္းျပတ္ေလးေတြကိုရင္ဖုံးေလးခ်ဳပ္ဝတ္ရင္လွမယ္သိလား"
"အင္း ေနာ္"
"ေဂ်ာက္"
အထည္ေတြၾကည့္ေနတုန္း ေဂ်ာက္ကနဲတံခါးဖြင့္သံေၾကာင့္ထိုေနရာသို႔အၾကည့္ေရာက္သြားျပန္သည္။႐ွပ္အက်ႌအျဖဴကိုဂ်င္းေဘာင္းဘီအနက္နဲ႔တြဲဝတ္ထားၿပီးကားေသာ့ကိုရမ္းလ်က္ဝင္လာသည့္ခြန္ခမ္းကိုေတြ႕လိုက္ေတာ့ လီလီဟာ ခ်က္ခ်င္းပဲမ်က္ႏွာလႊဲလိုက္ၿပီးအထည္ပုံထဲေခါင္းစိုက္ဝင္ေတာ့မည့္အတိုင္းအသဲအသန္ၾကည့္ေနေလသည္။
"အာ ေမာင္ေလး အထည္ေတြေကာ"
"ကားထဲမွာပါတယ္....မမႉးယူခိုင္းတာေတြကမ်ားလို႔က်ေတာ္ေနာက္ထပ္ကားတစ္စီးေတာင္ထပ္ေခၚရတယ္"
"အင္း ဟုတ္တယ္ မမဒီတစ္ခါမွာတာမ်ားသြားတယ္...ပိုးထည္ေတြကအကုန္မ်ားသြားလို႔ေလ"
"ဟဲ့ လီလီ ဟိုမွာနင့္ခြန္ခမ္းေလ"
"အင္း ေတြ႕တယ္"
မိုးကလက္တို႔ကာဆိုေပမယ့္လီလီက ေခါင္းမေဖာ္တမ္းျပန္ေျဖေတာ့ ခြန္ခမ္းဟာသူမေဘးဝင္ထိုင္လိုက္ၿပီး
"လီလီ အထည္လာဝယ္တာလား"
"အြန္း"
"အာ ေမ့ေနတာ ေမေမခိုင္းထားတာ႐ွိေသးတာပဲ....မမႉးမနက္ျဖန္မွ သမီးျပန္လာခဲ့မယ္...မဟုတ္ရင္ေမေမဆူေနေတာ့မွာ....မိုး ထ ထ ျမန္ျမန္ျပန္ရေအာင္....ငါဝယ္စရာ ေလး႐ွိေသးလို႔"
မိုးလက္ကိုအတင္းဆြဲကာ သူမလြယ္အိတ္ကိုေကာက္လြယ္ၿပီး ထျပန္မည္ဆိုသည္ေၾကာင့္ မမႉးေကာမိုးပါေၾကာင္ၾကည့္ေနမိသည္။
"ဟဲ့ နင္ေျပာေတာ့ အထည္သီးသန္႔ၾကည့္ခ်င္လို႔သက္သက္လာတာဆို"
"အခုမဟုတ္ေတာ့ဘူး ငါ့ကို ေမေမခိုက္းထားတာ႐ွိေသးတယ္...ျပန္မယ္ဆိုဟာ"
"ေအာ္ ေအးေအး"
"မမႉးမနက္ျဖန္မွ သမီးတို႔ျပန္လာခဲ့မယ္...အခုနကယူမယ့္ဟာေတြခ်န္ထားေနာ္...ျပန္လာယူမယ္"
"ေအာ္ ေအးေအး"
ဆိုင္ထဲကေနအျမန္ေျပးထြက္သြားသည့္သူမကိုၾကည့္ရင္းခြန္ခမ္းဟာ ဟက္ကနဲရယ္လိုက္သည္။ဒါနဲ႔ဆိုသူ႕ကိုေ႐ွာင္ေနတာႏွစ္ခါ႐ွိၿပီ...မေန႔ကၾကေတာ့Oceanမွာေတြ႕တာကိုတမင္မျမင္ခ်င္ေယာင္ေဆာင္သြားတာ...
"ေတြ႕ၾကၿပီေပါ့ကြာ......"
"မမႉး ခနေနမွ မမႉးပးစၥည္းေတြခ်ေပးေတာ့မယ္...ေနာက္ကားကဟာအရင္ခ်ထားလိုက္ က်ေတာ္သြားစရာ႐ွိလို႔"
မမႉးမွာဘာမွေတာင္အေျဖျပန္မေျပာလိုက္ရခ်က္ခ်င္းေကာက္ထြက္သြားျပန္သည့္ေမာင္ျဖစ္သူေၾကာင့္ ဒီအတိုင္းသာက်န္ခဲ့ရေလသည္။
"ေအာ္ ဟယ္ ဒီကေလးေတြေတာ့"
/
/
/
"တီ တီ တီ"
အေ႐ွ႕ကေနခပ္သြက္သြက္ေျခလ်င္ေလွ်ာက္ေနသည့္ႏွစ္ေယာက္ကိုေတြ႕ေတာ့ကားဟြန္းကိုအဆက္မျပတ္တီးလိုက္ၿပီးသူမတို႔ေဘးသို႔ထိုးရပ္လိုက္ေလသည္။
"ခမ္း"
ကားေပၚကေနခ်က္ခ်င္းဆင္းလာၿပီးလီလီ့လက္ကိုဆြဲယူလိုက္ကာ
"ကိုယ္နဲ႔ခနလိုက္ခဲ့"
"အယ္ ေမေမခိုင္းထားတာ႐ွိပါေသးတယ္ဆို"
"မိုး နင့္ဘာ့သာျပန္လို႔အဆင္ေျပတယ္မလား...မဟုတ္ရင္လည္းငျမတ္နဲ႔ေဇာ္႐ိႈင္းခန္႔ တစ္ေယာက္ေယာက္ကိုလာေခၚခိုင္းလိုက္...ငါလီလီ့ကိုေျပာစရာ႐ွိလို႔ ခနေခၚသြားမယ္"
"ေအာ္ ေအးေအး...ရတယ္ ငါtaxiငွားျပန္လိုက္မယ္"
"အယ္ မဟုတ္ဘူး ငါလည္းျပန္မွရမွာ"
"ကဲ ပါ လိုက္သြားလိုက္ပါအမရဲ႕...သြား သြားေခၚသြား"
ဘုမသိဘ မသိမိုးျမင့္မိုရ္ဟာ ျပဳံးစိစိနဲ႔အတင္းထည့္လႊတ္ေနေတာ့ ေအာင္ႏႈတ္ခမ္းေလးကိုကိုက္ျပလိုက္ၿပီးလက္႐ြယ္ကာရန္လုပ္လ်က္ခြန္ခမ္းတြန္းထဲလိုက္သည့္ကားထဲသို႔ဝင္ထိုင္လိုက္ရသည္။
"တာ့ တာ"
"ဟြန္႔ ေကာင္မစုတ္"
က်ိန္ဆဲေနတုန္း႐ွိေသးကားကဝူးကနဲေမာင္းထြက္ေတာ့ လီလီ့မွာေ႐ွ႕သို႔ယိုင္သြားရၿပီးခါးပတ္ကိုအျမန္ေကာက္တပ္လိုက္ရသည္။
"ဘယ္ ဘယ္သြားမလို႔တုန္း"
"ကိုယ့္ ကြန္ဒိုကိုေလ"
"ဟင့္ ငါမလိုက္ဘူးေနာ္...နင့္အိမ္ဘာလိုက္လုပ္ရမွာလည္း"
"ဘာလိုက္လုပ္ရမွာလည္းဆိုတာ ၿပီးရင္သိလိမ့္မယ္"
မ်က္လုံးတစ္ဖက္မွိတ္ျပကာဆိုလာၿပီးကားကိုအ႐ွိန္တင္လိုက္ေတာ့ လီလီ့မွာခါးပတ္ႀကိဳးကိုသာအားျပဳဆုပ္ကိုင္ထားရသည္။
"ဆင္းေလ"
"ဟင္ ငါ ငါ"
"ဘာလည္း ေပြ႕ခ်ီၿပီးေခၚသြားရမွာလား"
"ဟင့္ မ ဟုတ္ဘူးေလ အဲ့လို"
"အဲ့ဆိုဆင္းေလ"
ေပကပ္ကပ္လုပ္ေနသည္ေၾကာင့္ ခါးပတ္ႀကိဳးကိုသူကိုယ္တိုင္ပဲဆြဲျဖဳတ္လိုက္ၿပီး သူမလက္ေသးေသးေလးကိုတြဲကာသူ႕အခန္းထဲေရာက္သည္အထိေခၚလာခဲ့သည္။အခန္းတံခါးpasswordႏွိပ္လိုက္ၿပီးဖြင့္သြားသည္ႏွင့္သူမကိုအရင္တြန္းထည့္ကာသူကအေနာက္ေနလိုက္ဝင္ေလသည္။
"အယ္ ခမ္း ဟင့္"
ဖိနပ္ေလးခြၽတ္ေနတုန္း႐ွိေသးသူမခါးကိုသိုင္းဖက္ကာအေနာက္ကေနတိုးကာ တိုးကာလမ္းေလွ်ာက္လာၿပီး သူမရဲ႕ျဖန္႔ခ်ထားသည့္ဆံပင္ေတြၾကားေခါင္းတိုးဝင္ကာshampooႏွံ႔သင္းသင္းကို႐ႈ႐ိႈက္လိုက္သည္ေၾကာင့္ လီလီ့ခႏၶာကိုယ္ေလးမွာေအးဆက္သြားရၿပီးေတာင့္တင္းသြားခဲ့ရသည္။
"ဘာလို႔ေ႐ွာင္ေနတာလည္း"
"ဟင္"
"ကိုယ့္ကိုဘာလို႔ေ႐ွာင္ေနတာလည္းေျပာ"
လီလီဟာ မ်က္ႏွာေလးကိုမအီမသာေလးလုပ္လိုက္ၿပီး
"ဟို ဟို ႐ွက္လို႔"
"အဟက္"
ခြန္ခမ္းက ခပ္ ဟ ဟရယ္လိုက္ကာသူမပုခုံးနားထိခါးကိုင္းလိုက္ၿပီးေခါင္းကိုအေ႐ွ႕သို႔တိုးထြက္လိုက္ၿပီး
"ဘာေတြ႐ွက္ေနတာလည္း အသဲေလးက"
"ဟာ မသိဘူးဟာ လႊတ္ လႊတ္ေပး"
"မေျပာရင္မလႊတ္ေပးဘူး"
"ဟင့္ ခမ္း"
"ဗ်ာ"
အာေသေတာ့မွာပဲ...ဒီခြန္ခမ္းနဲ႔ေတာ့...႐ွက္ေနပါတယ္ဆိုမွဘာလို႔႐ွက္တာလည္းဆိုေတာ့ ဘာ္လိုေျပာရေတာ့မွာလည္းလို႔......
_
_
_
_
_
႐ွင္ေလးတို႔ၾကားခ်င္တဲ့အတိုင္းရည္းစားစကားတင္မဟုတ္ဘူး အေျဖပါဇြတ္ေတာင္းေတာ့မွာပါလို႔....ႀကိဳက္ႏွစ္သက္ၾကမယ္လို႔ေမွ်ာ္လင့္လ်က္....အားလုံးကိုခ်စ္တဲ့အလြန္း။